ယုံတမ်းစကားအရ ပင်မနယ်မြေ၏ ချောင်ကျသည့်တစ်နေရာ၌ ရှန်ရှန်းကျုံးဟုခေါ်သည့် ဂိုဏ်းတစ်ဂိုဏ်းရှ်ိပေသည်။ ထိုနေရာ၌ မယုံကြည်နိုင်လောက်အောင်သန်မာသည့် ဆရာများ ၊ မရေမတွက်နိုင်အောင်များပြသည့် ကျင့်ကြံခြင်း အရင်းအမြစ်များ ၊ သင့်အား နတ်ဘုရားဖြစ်လာရန် ကူညီပေးနိုင်သည့် ကိုယ်ခန္ဓာနှင့် သွေးမျိုးဆက်၏ အစမှအဆုံးတိုင် ထောက်ပံ့မှုများရှိပေ၏။ သင် စိတ်ကူး၍ပင်မကြည့်နိုင်သည့် ထိုဂိုဏ်း၌ ဖြစ်မလာနိုင်သည့် မည်သည့်အံ့ဖွယ်ဖြစ်ရပ်မှမရှိပေ။ မရေမတွက်နိုင်အောင် အင်အားကြီးသည့် ဧကရာဇ်များက ထိုနေရာသို့ သွားရန် စုဝေးနေကြပြီး အင်မော်တယ်ဂိုဏ်းအား ကိုးကွယ်လိုကြသော်လည်း သူတို့က တောင်တံခါးဝ၏အရှေ့၌ ဒူးထောက်ကာ ဆင့်ခေါ်ခြင်းကို စောင့်မျှော်နေရန်သာ တတ်နိုင်ကြပေသည်။မရေမတွက်နိုင်သည့် နတ်သမီးများနှင့် သူတော်စင်များက တောင်တံခါးဝ၏အရှေ့၌ ရစ်ဝဲနေကြကာ ကြီးမြတ်သူ၏ ဇနီးသည် ဖြစ်လာရန် စိတ်အားထက်သန်နေကြသည်။

