← Chapters

ပေါကြွယ်ဝသော ဆုလဒ်များနှင့် ယဲ့ဟွမ်၏ထိတ်လန့်မှု။

Vol. 17 Ch. 233

ပေါကြွယ်ဝသော ဆုလဒ်များနှင့် ယဲ့ဟွမ်၏ထိတ်လန့်မှု။

Vol. 17 Ch. 233

လေပြေ တစ်ချက်ဝေ့ဝဲတိုက်ခတ်သွားသည်။ စုချင်းသည် မြေပြင်ပေါ်ရှိ မိုင်ထောင်ချီကျယ်သော ချိုင့်ဝှမ်းကြီးကို စူးစိုက်ကြည့်ရှုရင်း ထိတ်လန့်နေမိသည်။ ထို့နောက်မှသူမသည် ဝမ်ဖုန်းကို လှည့်ကြည့်ကာပြောဆိုလိုက်သည်။

"ဝမ်...ဂိုဏ်းချုပ်ဝမ် ရှင်..ရှင်နဲ့ရှန်ရှန့်ကျုံဂိုဏ်းက ဘာတွေလဲ..."

တာအိုဘိုးဘေးအထွတ်အထိပ်အဆင့်ရှိသော သူမသည်ပင် လက်ရှိတွင် ထိတ်လန့်နေမိပြီဖြစ်သည်။

"အကြီးအကဲစုကို ရိုးရိုးသားသားပြောရရင် ရှန်ရှန့်ကျုံဂိုဏ်းရဲ့ သမိုင်းကို ကျုပ်ကိုယ်တိုင်လည်းမသိဘူး... ရှန်ရှန့်ကျုံဂိုဏ်းတည်ရှိခဲ့တာ နှစ်ပေါင်းဘယ်လောက်ကြာပြီဆိုတာလည်း အတိအကျသိမထားဘူး ၊ ကျုပ်တို့ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ပထမမျိုးဆက် ဂိုဏ်းချုပ်ပန်ဂုက ကောင်းကင်နဲ့မြေပြင်ကို တုန်လှုပ်စေခဲ့ပြီး နှစ်ပေါင်းများစွာကြာအောင် အုပ်စိုးခဲ့တယ်ဆိုတာပဲ ကျုပ်သိထားတာ..."

"သနားစရာကောင်းတာက ပဥ္စမဂိုဏ်းချုပ် တုန်ထျန်းက ကျဆုံးသွားခဲ့တယ်... သူက မိုးကောင်းကင်ကို အံတုတိုက်ခိုက်ရင်း သူ့ရဲ့သားတော်တစ်ဝက်လောက်ကိုလည်း ဆုံးရှုံးသွားခဲ့တယ် ၊ ကျုပ်တို့ရဲ့ရှန်ရှန့်ကျုံဂိုဏ်းကြီး မိုးကောင်းကင်ရဲ့ ကျိန်စာသင့်ခြင်းကို ခံလိုက်ရတာပေါ့ဗျာ... ကံကောင်းထောက်မစွာနဲ့ နဝမမြောက်ဂိုဏ်းချုပ်နဲ့ သူ့လူတွေက မိုးကောင်းကင်ကို တဖန်အံတုရင်ဆိုင်နိုင်ခဲ့တယ် ၊ ဒီလိုနဲ့ဘဲ ကျုပ်တို့ရှန်ရှန့်ကျုံဂိုဏ်းကြီး တဖန်ပြန်နိုးထလာခဲ့ရတာပေါ့..."

"လက်ရှိရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ကျုပ်က ဂိုဏ်းချုပ်အဆက်ဆက်လက်ဆင့်ကမ်းခဲ့တဲ့ ရည်မှန်းချက်တွေကို သယ်ပိုးထားရတယ်... ဒါကလောကကြီးရဲ့ အကြွင်းမဲ့အာဏာရှင်ဖြစ်ဖို့မဟုတ်ပါဘူးဗျာ..၊ ကောင်းကင်နဲ့မြေပြင်တစ်ခွင်မှာရှိတဲ့ ကျင့်ကြံသူတွေအားလုံးရဲ့ သာယာဝပြောရေးနဲ့ ထာဝရရှင်သန်သူဖြစ်အောင် ကျင့်ကြံဖို့ပါပဲ..."

"ပထမဆုံးဂိုဏ်းချုပ်ပန်ဂုက တစ်ချိန်တုန်းက ပြောခဲ့ဖူးတယ်ဗျ... သူ့ရဲ့နာမည်ကို မြည်ကြွေးတမ်းတသူမှန်သမျှ ထာဝရအသက်ကို ပိုင်ဆိုင်စေရမယ်လို့ပေါ့..."

"အကြီးအကဲစု... အကြီးအကဲစုသာ ပြန်ရောက်သွားရင် အိမ်တော်သခင် ယဲ့ဟွမ်ကို ကျုပ်တို့ရှန်ရှန့်ကျုံဂိုဏ်းနဲ့ ပူးပေါင်းနိုင်မလားလို့ မေးပေးပါ ၊ ဒီကမ္ဘာကြီးထဲမှာ ရှန်ရှန့်ဂိုဏ်း မဖန်တီးနိုင်တဲ့ ထူးခြားဆန်းကြယ်မှုဆိုတာ မရှိဘူးလို့လည်း ပြောပေးပါဦး"

ဝမ်ဖုန်းသည် လက်နှစ်ဖက်ကို နောက်ပစ်မတ်တက်ရပ်လျက် ပြောဆိုလိုက်သည်။ သူ၏ မျက်လုံးများအတွင်း၌ လွမ်းဆွတ်တမ်းတမှု အရိပ်အငွေ့များရှိနေခဲ့ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း ထူးခြားဆန်းကြယ်သော ရင့်ကျက်မှုအရှိန်အဝါများက ဖုံးအုပ်ထားလေသည်။ သူ၏ ထူးမခြားနားသော အသံက စုချင်း၏ နားစည်များအတွင်း မိုးခြိန်းသံကြီးကဲ့သို့ ပဲ့တင်ထပ်သွားကာ သူမကို တုန်ယင်သွားစေခဲ့သည်။

"ဒင်... ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အကြီးအကဲရှောင်ဖုန်းမှ အစွန်းရောက်ဆီးနှင်းမြို့တော်ကို ဖျက်စီးခဲ့တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် ၊ ဂိုဏ်းအမှတ် ၁၃ သန်းနဲ့ တာအိုအဆင့် ကျပန်းဆင့်ခေါ်ခွင့် ၂၅ ကြိမ် ဆုချီးမြင့်လိုက်သည်"

"ဒင်... ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အကြီးအကဲတုံ့ဖန်းပုပိုင်မှ ယောင်ရီဂိုဏ်းကို ဖျက်စီးခဲ့တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် ဂိုဏ်းအမှတ် ၁၀ သန်းနဲ့ တာအိုအဆင့် ကျပန်းဆင့်ခေါ်ခွင့် အကြိမ် ၂၀ ဆုချလိုက်သည်"

"ဒင်...."

ဒီအချိန်မှာဘဲ စနစ်၏ အေးစက်စက်အသံက ဝမ်ဖုန်း၏ စိတ်အတွင်းထွက်ပေါ်လာခဲ့သည်။ ဝမ်ဖုန်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် စိတ်လှုပ်ရှားသွားလေသည်။ ဤသည်မှာ သူရခဲ့ဖူးသမျှထဲတွင် အများပြားဆုံး ဆုလဒ်များပဲဖြစ်သည်။

ထျန်းလန်မြောက်ပိုင်းဒေသရှိ အဓိကဂိုဏ်းကြီးငါးဂိုဏ်းကို ဖျက်စီးလိုက်ပြီးသည့်နောက်တွင် သူဟာ ဂိုဏ်းအမှတ် ၄၇ သန်းနှင့် တာအိုအဆင့် ကျပန်းဆင့်ခေါ်ခွင့် အကြိမ် ၉၀ ကိုဆုရရှိခဲ့လေသည်။

ဝမ်ဖုန်းသည် ထခုန်လုမတက် စိတ်လှုပ်ရှားနေမိသည်။ စနစ်ကို လက်ခံရရှိပြီးနောက်တွင် သူဟာ ဤမျှလောက်များပြားသည့် ကြွယ်ဝမှုပမာဏကို မရရှိခဲ့ဖူးသေးပေ။

"အကြီးအကဲစု... ဒီဂိုဏ်းချုပ်မှာ လုပ်စရာရှိသေးတယ် ကျုပ်သွားလိုက်ပါဦးမယ် ၊ အိမ်တော်သခင်ကို ရှန်ရှန့်ကျုံဂိုဏ်းနဲ့ ပူးပေါင်းဖို့အတွက် အကြီးအကဲစုအနေနဲ့ ဖျောင်းဖြပေးနိုင်ဖို့ ကျုပ်မျှော်လင့်တယ်ဗျာ... အဲ့သလိုဆိုရင် အနာဂတ်မှာ ခင်ဗျားတို့ရဲ့အောင်မြင်မှုတွေက အတိုင်းအဆမဲ့ဖြစ်ပါလိမ့်မယ် " စိတ်ကိုတည်ငြိမ်အောင် ဖိနှိပ်လိုက်ပြီးနောက် ဝမ်ဖုန်းသည် စုချင်းကို လက်သီးဆုပ်ဂါရဝပြုကာပြောဆိုလိုက်သည်။

"ရှောင်ဖုန်း... ဒီမှာနေခဲ့ပြီး အစွန်းရောက်ဆီးနှင်းမြို့တော်ရဲ့ ချမ်းသာကြွယ်ဝမှုတွေကို ရိတ်သိမ်းလိုက်ပါ ၊ အစွန်းရောက်ဆီးနှင်းမြို့တော်ပိုင်ဆိုင်ထားတဲ့ တာအိုသတ္တုသွေးကြောတွေကိုလည်း စုပ်ယူလိုက်ပါ..."

ဝမ်ဖုန်းသည် ရှောင်ဖုန်းကို အမိန့်ပေးလိုက်ပြီးနောက် ချီကျွမ်းရှင်းနှင့်အတူ ရှန်ရှန့်ကျုံဂိုဏ်းသို့ ပြန်သွားတော့သည်။

"စနစ်... ဂိုဏ်းကို အဆင့်ခြောက်ကို မြှင့်တင်ဖ်ို့ ဂိုဏ်းအမှတ်ငါးသန်းကို အသုံးပြုလိုက်ပါ" ဝမ်ဖုန်းသည် ရှန်ရှန့်ကျုံဂိုဏ်းကို ပြန်သွားနေရင်းမှ တိုးတိတ်စွာ ပြောဆိုလိုက်သည်။

"ဒင်... ဂိုဏ်းကိုအဆင့်ခြောက်သို့ မြှင့်တင်လိုက်ခြင်းအတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်..."

"ဒင်... ဂိုဏ်းကို အဆင့်ခြောက်သို့ မြှင့်တင်ပြီးပါပြီ...၊ အပြင်စည်းဂိုဏ်း အမြင့်ဆုံးဂိုဏ်းသားအရေအတွက်မှာ ၅ သိန်း ၊ အတွင်းစည်းဂိုဏ်း အမြင့်ဆုံးဂိုဏ်းသားအရေအတွက်မှာ ၅ သောင်းကို တိုးမြင့်သွားပါပြီ ၊ ဒါ့အပြင် လက်ရွေးစင်တပည့်များ ရာထူးကိုလည်း ဖွင့်လှစ်လိုက်ပါပြီ ၊ လက်ရွေးစင်တပည့်များ၏ အမြင့်ဆုံးကန့်သတ်ချက်မှ အယောက်တစ်ရာဖြစ်သည်"

ဝမ်ဖုန်းသည် ခေါင်းညိမ့်ပြီး တီးတိုးပြောဆိုလိုက်သည်။

"စနစ်... တာအိုအဆင့်ကို ရောက်ရှိပြီးတဲ့ တပည့်မှန်သမျှကို အတွင်းစည်းဂိုဏ်းသားတွေအဖြစ် သတ်မှတ်မယ် ၊ တာအိုအဆင့်ကိုမရောက်သေးတဲ့ တပည့်တွေကိုတော့ အပြင်စည်းဂိုဏ်းသားတွေ အဖြစ်သတ်မှတ်မယ်.. ဒါ့အပြင် လီချင်းလို တပည့်တွေကိုတော့ လက်ရွေး စင်တပည့်တွေလို့ သတ်မှတ်မယ်"

"ဒင်... သတ်မှတ်ချက်များ ပြီးဆုံးပါပြီ..."

ထိုအသံနှင့်အတူ ဝမ်ဖုန်းတို့နှစ်ယောက်သည်လည်း ရှန်ရှန့်ကျုံဂိုဏ်းသို့ ပြန်ရောက်လာပြီဖြစ်သည်။ သူဟာ လက်ကိုဝှေ့ယမ်းပြလိုက်ပြီး ချီကျွမ်းရှင်းကို ထွက်သွားဖို့ ပြောလိုက်သည်။

"စနစ်... စနစ်အဆင့်ကို ငါအခု မြှင့်တင်လို့ရမလား?" ဝမ်ဖုန်းသည် လင်းလက်တောက်ပနေသော မျက်လုံးများဖြင့် မေးမြန်းလိုက်သည်။

စနစ်ကို အဆင့်ခုနှစ်သို့ မြှင့်တင်ပြီးမှသာလျှင် သူသည် ထျန်းလန်အလယ်ပိုင်းဒေသသို့ အကြောက်တရားမရှိဘဲ ဝင်ရောက်နိုင်မည်ဖြစ်သည်။ ဒါ့အပြင် လင်းယွင်ယွမ်ကျဲလို့ခေါ်တဲ့ ပုဂ္ဂိုလ်ကိုလည်း နင်းခြေပစ်ရပေမည်။

"ဒင်... မမြှင့်တင်နိုင်သေးပါဘူး.. ပိုင်ရှင်က ယောင်ရီဂိုဏ်းတို့လိုမျိုး ရန်သူ့ဂိုဏ်းတွေကို ဖျက်စီးခဲ့ပေမယ့်လည်း ထျန်းလန်မြောက်ပိုင်းဒေသတစ်ခုလုံးရဲ့ ကံတရားကိုတော့ ရှန်ရှန့်ကျုံဂိုဏ်းက လက်ဝါးကြီး မအုပ်နိုင်သေးပါဘူး..."

ထွက်ပေါ်လာသော အေးစက်စက်အသံက ဝမ်ဖုန်း၏ မျက်နှာကို မဲမှောင်သွားစေခဲ့သည်။ လက်ရှိအချိန်တွင် ထျန်းလန်မြောက်ပိုင်းဒေသ၌ နောက်ဆုံးကျန်ရစ်သော ဂိုဏ်းကြီးဟူ၍ ယဲ့ရှန်းအိမ်တော်သာ ကျန်ရစ်တော့ပေသည်။ ကြည့်ရတာ ထျန်းလန်မြောက်ပိုင်းဒေသရဲ့ ကံကြမ္မာကို လက်ဝါးကြီးအုပ်ဖို့ဆိုလျှင် ယဲ့ရှန်းအိမ်တော်ကို သိမ်းသွင်းနိုင်မှ ရမည့်ပုံပေါ်သည်။

"ယဲ့ရှန်းအိမ်တော်သခင်ရဲ့ ရွေးချယ်မှုအပေါ်ကို မူတည်နေတာများလား?"

ဝမ်ဖုန်း၏ မျက်လုံးများသည် ကျဥ်းမြောင်းသွားပြီး တိုးညင်းစွာ ပြောဆိုလိုက်သည်။ သူဟာ ယဲ့ရှန်းအိမ်တော်အကြီးအကဲစုချင်း၏ နှလုံးသားအတွင်း၌ မျိုးစေ့တစ်ခုကို ချခဲ့ ထားပြီးသားဖြစ်သည်။ အဆိုပါမျိုးစေ့ဟာ အပင်ပေါက်နိုင်မလားဆို စောင့်ကြည့်ရပေလိမ့်မည်.....

........

စုချင်းသည် ယဲ့ရှန်းအိမ်တော်ဆီသို့ တွေဝေနေသော အမူအရာဖြင့် ပြန်လည်ရောက်ရှိလာသည်။ ဝမ်ဖုန်း၏ စကားများဟာ သူမ၏စိတ်အတွင်း၌ ပဲ့တင်ထပ် မြည်ဟည်းနေဆဲပင်။ သူမဟာ ယဲ့ရှန်းအိမ်တော်ကို ရောက်မှန်းမသိ ရောက်လာခဲ့ခြင်းဖြစ်သည်။

"စုချင်း... ဘာအကြောင်းကိစ္စရှိလို့လဲ?" နူးညံ့သော လေသံတစ်သံထွက်ပေါ်လာခဲ့ပြီး စုချင်းကို သတိပြန်လည်ရရှိသွားစေခဲ့သည်။ သူမခေါင်းမော့ကြည့်လိုက်သည့်အခါ သူမကို မျက်မှောင်ကြုတ်လျက် ခေါင်းငုံ့ကြည့်နေသော ယဲ့ဟွမ်ကို တွေ့လိုက်ရသည်။

"အိမ်တော်သခင်..."

စုချင်းသည် အလျှင်အမြန်စိတ်တည်ငြိမ်အောင်ပြုလုပ်လိုက်ပြီး ယဲ့ဟွမ်ကို လေးလေးစားစား ဂါရဝပြုလိုက်သည်။

"ငါမင်းကို လက်ဆောင်တစ်ခုပို့ပေးဖို့ပြောခဲ့တာပါ... မင်းဘာလို့ဒီပုံစံဖြစ်လာရတာလဲ? ၊ ရှန်ရှန့်ကျုံဂိုဏ်းက မင်းကို အနိုင်ကျင့်လိုက်တာလား?" ယဲ့ဟွမ်သည် မျက်မှောင်ကြုတ်ကာ ပြောဆိုလိုက်ပြီး မျက်ဝန်းများအတွင်း၌ အေးစက်စက်အလင်းတန်းတစ်ခုလည်း ဖြစ်ပေါ်လာခဲ့သည်။

"ဟင့်အင်း.... ရှန်ရှန့်ကျုံဂိုဏ်းက ကျွန်မကို အနိုင်မကျင့်ပါဘူး"

ယဲ့ဟွမ်၏ အမေးစကားကို ကြားလိုက်ရသည့်အခါ စုချင်းသည် ရှောင်ဖုန်း၏ လက်ဝါးချက်ကြီးကို ပြန်လည်သတိရသွားပြီး သူမ၏ ခန္ဒာကိုယ်ဟာ အထိန်းအကွပ်မရှိ တုန်ယင်လာတော့ပေသည်။

"မင်း.. ဒီအိမ်တော်အရှင်နဲ့ လိုက်ခဲ့စမ်း"

ယဲ့ဟွမ်သည် စုချင်းကိုနက်နက်ရှိုင်းရှိုင်းစိုက်ကြည့်လိုက်ပြီး ယဲ့ရှန်းအိမ်တော် အဓိကခန်းမကြီးအတွင်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်။

ယဲ့ဟွမ်ဟာ အမြင့်မားဆုံးနေရာ၌ ထိုင်လိုက်ပြီး အောက်ဖက်ရှိစုချင်းကို စိုင်ကြည့်ကာ နက်ရှိုင်းသော အသံဖြင့် မေးမြန်းလိုက်သည် "ဘာတွေဖြစ်နေတာလဲ?"

"အိမ်တော်သခင်.. ရှန်ရှန့်ကျုံဂိုဏ်းက အရမ်းကို သန်မာလွန်းတယ် ၊ နားမလည်နိုင်လောက်အောင် အရမ်းရမ်းကို သန်မာလွန်းတာ" စုချင်းသည် ယဲ့ဟွမ်ကို စိုက်ကြည့်ကာပြောဆိုလိုက်သည်။

"ဟမ်..."

ယဲ့ဟွမ်က စုချင်းကို အံ့အားတသင့် စိုက်ကြည့်လိုက်မိသည်။ ယဲ့ရှန်းအိမ်တော်တစ်ခုလုံးတွင် စုချင်းသည် သူမနောက်ကို အချိန်ကြာမြင့်စွာ လိုက်ပါခဲ့သူဖြစ်သည်။ စုချင်းကို သူမဟာ အကြွင်းမဲ့ယုံကြည်ထားပေသည်။ စုချင်း၏ ကျင့်ကြံမှုသည် တာအိုဘိုးဘေး အထွတ်အထိပ်အဆင့်ရောက်ရှိနေပြီဖြစ်ကာ သူမဟာ တည်ငြိမ်သော စိတ်ထားရှိသူလည်းဖြစ်သည်။ အခု စုချင်းက ပုံကြီးချဲ့ပြောဆိုနေတာလား?။

နားမလည်နိုင်လောက်အောင် အစွမ်းထက်တယ်.. ဟုတ်သလား?။

"တိုက်ကွက်တစ်ကွက်..."

"ဘာ...!"

"ရှန်ရှန့်ကျုံဂိုဏ်းရဲ့ စွမ်းအားရှင်က တိုက်ကွက်တစ်ကွက်တည်းနဲ့ အဓိကဂိုဏ်းကြီးလေးဂိုဏ်းရဲ့ မဟာအကြီးအကဲတွေကို ဖျက်စီးပစ်လိုက်တယ်"

"အို.."

စုချင်း၏ စကားများကိုကြားလိုက်ရသည့်အခါ ယဲ့ဟွမ်၏ မျက်နာအမူအရာသည် ပြောင်းလဲသွားသည်။ သူမ၏မျက်လုံးများအတွင်း၌ မသေချာမရေရာမှု အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။ သူမသည်လည်း အဓိကဂိုဏ်းကြီး ငါးဂိုဏ်းရှိ မဟာအကြီး အကဲများကို သတ်ဖြတ်နိုင်စွမ်းရှိပါပေသည်။ ရှန်ရှန့်ကျုံဂိုဏ်းက တာအိုဘိုးဘေးအဆင့်မှာ ပြိုင်ဘက်ကင်းဖြစ်နေလေသလော? ဒါမှမဟုတ် တာအိုဘုရင်အဆင့်ကိုတောင် ရောက်ရှိနေသလော။

သို့ပါသော်လည်း ဤမျှလောက်သောအတိုင်းအတာက အစဥ်အမြဲတည်ငြိမ်နေခဲ့သော စုချင်းကို စိတ်ဓာတ်ပျက်ပြားသွားစေရန်တော့ လုံလောက်လိမ့်မည်မဟုတ်ပေ။

"ဒါတင်မကသေးဘူး.. ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဝမ်ဖုန်းက စွမ်းအားရှင်ရှစ်ယောက်ကို အသုတ်လေးသုတ်ခွဲပြီး အရပ်လေးမျက်နှာကို စေလွှတ်ခဲ့တယ် ၊ သူတို့ကို ယောင်ရီဂိုဏ်းအပါအဝင် အဓိကဂိုဏ်းကြီးလေးဂိုဏ်းကို ဖျက်စီးဖို့စေလွှတ်ခဲ့တာ!"

"ဘာ...! ရှန်ရှန့်ဂိုဏ်းက ရူးသွားတာလား? အဓိကဂိုဏ်းကြီးလေးဂိုဏ်းကို ဖျက်စီးဖို့ လူရှစ်ယောက်ကိုပဲ လွှတ်လိုက်တာလား?.. ဒါက မောက်မာလွန်းတာပဲ!" ယဲ့ဟွမ်သည် အံ့အားတသင့်ရေရွတ်လိုက်မိသည်။ သူမဟာလည်း ထျန်းလန်မြောက်ပိုင်းဒေသရှိ ထိပ်တန်းစွမ်းအားကြီးပုဂ္ဂိုလ်များထဲမှ တစ်ယောက်ပဲဖြစ်သည်။ ဒီရှန်ရှန့်ကျုံဂိုဏ်း၏ လုပ်ရပ်က သူ့မကိုတောင် အလွန်အမင်းအံ့အားသင့်သွားစေခဲ့သည်။

"ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဝမ်ဖုန်းက စွမ်းအားရှင်နှစ်ယောက်နဲ့ ကျွန်မကို ခေါ်ဆောင်ပြီး အစွန်းရောက်ဆီနှင်းမြို့တော်ကို ကိုယ်တိုင်ကိုယ်ကျဖျက်စီးခဲ့သေးတယ်" စုချင်းသည် သူမ၏ ခေါင်းကိုမော့ကာ ယဲ့ဟွမ်ကိုစူးစိုက်ကြည့်လျက် ဖျော့တော့သော လေသံဖြင့်ပြောဆိုလိုက်သည်။

All Chapters