← Chapters

တာအိုနန်းတော်ကြီး ပြိုကျပြီ။

Vol. 48 Ch. 670

တာအိုနန်းတော်ကြီး ပြိုကျပြီ။

Vol. 48 Ch. 670

"ဘုန်း!"

မရှင်သန်နိုင်လောက်အောင် ခြောက်ခြားဖွယ်ကောင်းသော အရှိန်အဝါကြီးသည် အရှေ့တိုင်းဧကရာဇ်ထိုက်ရိ၏ ခန္ဓာကိုယ်မှ ပျံ့လွင့်ထွက်ပေါ်လာခဲ့သည်။ ၎င်းအရှိန်အဝါကြီး ထွက်ပေါ်လာသည့်အခါ ထျန်းရွှမ်တာအိုနန်းတေည်ကြီး၏ ကြမ်းပြင်သည် ပေါက်ကွဲထွက်သွားခဲ့သည်။ မနီးမဝေးတစ်နေရာတွင် ရှိနေသော ကျောက်စိမ်းဖြူနန်းတော်ကြီးကလည်း အဆက်မပြတ် ခါယမ်းလာခဲ့၏။

ရုတ်ချည်းဆိုသလို လျှို့ဝှက်ဆန်းကြယ်သော မှော်ဝင်သင်္ကေတများသည် ‌အရှေ့တိုင်းဧကရာဇ်ထိုက်ရိ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။ ၎င်းသင်္ကေတများသည် အရှေ့တိုင်းဧကရာဇ်ထိုက်ရိ၏ ပတ်ပတ်လည်ကို ဝန်းရံလိုက်ကာ ဧကရာဇ်ထိုက်ရိကို ကောင်းကင်ကိုးဘုံမှ ဆက်းသက်လာသော မသေမျိုး ဆရာသခင်တစ်ပါးအလား အထင်မှတ်မှားစေခဲ့သည်။ ၎င်းက ဝမ်ဖုန်းအပေါ်တွင်လည်း ကြီးမားသော သက်ရောက်မှုတစ်ခု ရှိခဲ့ပါ၏။

"ကျွီး!"

အရှေ့တိုင်းဧကရာဇ်ထိုက်ရိက လက်နှစ်ဖက်ကို ခါယမ်းလိုက်သည့်အခါ ၎င်းလျှို့ဝှက်ဆန်းကြယ်သော သင်္ကေတများသည် အစီအစဉ်တကျ ရွှေ့လျားသွားခဲ့သည်။ မရှေးမနှောင်းပင် ဧရာမခေါင်းလောင်းကြီးသည် အရှေ့တိုင်းဧကရာဇ်ထိုက်ရိ၏ ဦးခေါင်းအပေါ်၌ ထွက်ပေါ်လာခဲ့သည်။

"ဒင်း..ဒေါင်...!"

ခေါင်းလောင်းကြီး၏ ပုံရိပ်ထွက်ပေါ်လာသည့်အခါ ခေါင်းလောင်းမြည်သံများသည် ထျန်းရွှမ်တာအိုနန်းတော်၏ နယ်နိမိတ်အတွင်း ပဲ့တင်ထပ်သွားခဲ့သည်။ ထျန်းရွှမ်တာအိုနန်းတော်ကိုတောင် ထွင်းဖောက်၍ ၎င်းခေါင်းလောင်းမြည်သံကြီးသည် ကမ္ဘာလောကအသီးသီးသို့ ပျံ့နှံ့သွားခဲ့သည်။ စကြာဝဠာထုအတွင်းရှိ ကမ္ဘာလောကအသီးသီး၌ နေထိုင်ကြသော ကျင့်ကြံသူများသည် ထိတ်လန့်ချောက်ချားကုန်၏။

ထျန်းရွှမ်တာအိုနန်းတော် အမွေအနှစ်နယ်မြေအတွင်း၌ လေပြင်းများနှင့် မိုးကြိုးများသည် ကွန့်မြူးနေခဲ့သည်။ ကောင်းကင်အထက်၌ ထူးခြားဆန်းကြယ်သော လက္ခဏာရပ်များ ပြည့်နှက်နေသည်။ မိုးခြိမ်းသံကြီးများကလည်း ကမ္ဘာလောကကို ဆက်တိုက်မြည်ဟီးထွက်ပေါ်နေခဲ့ကာ

စွမ်းအင်လှိုင်းလုံးများကလည်း မျက်စိနှင့်တွေ့မြင်နိုင်သည်အထိ တဝုန်းဝုန်း ရွေ့လျားနေခဲ့သည်။

ဧကရာဇ်ထိုက်ရိသည် လေထုအတွင်း၌ မတ်တပ်ရပ်နေခဲ့သည်။ သူ၏မျက်ဝန်းများအတွင်း၌ စိတ်ဝိဉာဉ်ကို ထွင်းဖောက်နိုင်သော အလင်းတန်းတစ်ခု တောက်ပနေခဲ့သည်။ သူ၏ဝင်သက်နှင့် ထွက်သက်တို့၌ အစွမ်းထက်သော စွမ်းအားများ ကိန်းဝပ်နေ၏။ သူ၏ရွှေရောင်ဆံနွယ်များကလည်း သူရဲကောင်းဆန်သော ပုံစံဖြင့် ဝဲပျံနေခဲ့သည်။

ခေါင်းအစ ခြေအဆုံး သူ့တွင်ပြိုင်ဘက်ကင်းသော အရှိန်အဝါများ ရှိနေသည်။ သူ့ခန္ဓာကိုယ် ပတ်ပတ်လည်၌လည်း ရွှေရောင်မီးကွင်းကြီးတစ်ခု ရှိနေခဲ့သည်။ ပူပြင်းတောက်လောင်သော အရှိန်အဝါကြီးသည် နေမင်းတစ်စင်းသက်ဆင်းလာသည့်အလား ကျဆင်းလာခဲ့ကာ ၎င်းစွမ်းအင်သည် လျှို့ဝှက်ဆန်းကြယ်၍ ခန့်မှန်းရ ခက်နေခဲ့သည်။

ဤအချိန်၌ အရှေ့တိုင်းဧကရာဇ်ထိုက်ရိ၏ ခန္ဓာကိုယ်၌ ဖြစ်ပေါ်လာသော မှင်သက်စရာအပြောင်းအလဲများသည် ယုံနိုင်ဖွယ်တောင် မရှိခဲ့ပါ။

ဝမ်ဖုန်းကတောင် အရှေ့တိုင်းဧကရာဇ်ထိုက်ရိသည် အရမ်းအစွမ်းထက်နေလိမ့်မည်ဟု ထင်မထားခဲ့ပါချေ။ အရှေ့တိုင်းဧကရာဇ်ထိုက်ရိထံ၌ အရမ်းအစွမ်းထက်သော ရတနာပစ္စည်းဖြစ်သည့် ပျက်ဆီးခြင်းနာရီရှိနေကြောင်းကို ဝမ်ဖုန်းက သိထားပါသည်။ သို့သော်လည်း အရှေ့တိုင်းဧကရာဇ်ထိုက်ရိက အထွတ်အထိပ်အခြေအနေမှာ ရှိမနေတာ‌ကြောင့် ပျက်ဆီးခြင်းနာရီကို အသုံးပြုနိုင်လိမ့်မည်ဟု ဝမ်ဖုန်းက ထင်မထားခဲ့ပါ။ ကြည့်ရတာ ဧကရာဇ်ထိုက်ရိကို သူအထင်အမြင်သေးခဲ့တာပဲ။ သူဟာ ရှေးဟောင်းကမ္ဘာလောကရဲ့ နံပါတ်တစ် သူတော်စင်ဖြစ်ဖို့ ထိုက်တန်ပါတယ်လေ။

ကောင်းကင်အထက်ရှိ ဧရာမမျက်နှာကြီး၏ မျက်လုံးသူငယ်အိမ်များကတောင် ခါယမ်းသွားခဲ့သည်။ ၎င်းဧရာမမျက်ဝန်းများအတွင်း၌ မယုံကြည်နိုင်သော အမူအယာများ ရှိနေခဲ့သည်။

"မိုးကောင်းကင်ကြီးကိုတောင် ဒီဧကရာဇ်က ပုန်ကန်ရဲခဲ့တာ။ မင်းလောက်ကတော့များ"

အရှေ့တိုင်းဧကရာဇ်ထိုက်ရိ၏ နှုတ်ဖျားမှ ကျယ်လောင်သော ဟိန်းဟောက်သံကြီးထွက်ပေါ်လာခဲ့ကာ ထျန်းရွှမ်တာအိုနန်းတော်ကြီး တစ်ခုလုံးကို ခါယမ်းသွားစေခဲ့သည်။ အစွမ်းထက်သော အရှိန်အဝါသည် အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားခဲ့သည်။

"ဘုန်း!"

အရှေ့တိုင်းဧကရာဇ်ထိုက်ရိသည် ခန်းမှန်းရခက်သော အရှိန်အဝါတစ်ခုကို ဖော်ထုတ်ခဲ့သည်။ မရှင်သာနိုင်လောက်သော စွမ်းအားအရှိန်အဟုန်သည် ထျန်းရွှမ်တာအိုနန်းတော်ကြီးကို လှုပ်ကိုင်ပစ်လိုက်သည်။

ရွှေရောင်တိမ်တိုက်များသည် အရှေ့တိုင်းဧကရာဇ်ထိုက်ရိ၏ ကိုယ်တွင်းမှ ပျံသန်းထွက်ခွာလာခဲ့သည်။ ၎င်းတို့သည် ရှေးဟောင်းဓားများအဖြစ် ပြောင်းလဲသွားခဲ့ကာ လေဟာနယ်ကို အက်ကွဲစေလောက်သော အရှိန်အဝါကို ဖော်ထုတ်နေခဲ့သည်။

အရှေ့တိုင်းဧကရာဇ်ထိုက်ရိကို ဗဟိုပြု၍ စွမ်းအားများသည် မိုင်တစ်သောင်းပတ်ပတ်လည်၌ ကွန့်မြူးနေခဲ့သည်။ ထျန်းရွှမ်တာအိုနန်းတော်အတွင်း ရှိနေသော တောင်တန်းကြီးများသည် ဤစွမ်းအင်၏ အရှိန်အဝါကို မတောင့်ခံနိုင်သည်ဖြစ်ရာ တစ်ခုပြီးတစ်ခု အပိုင်းပိုင်းပြတ်တောက်သွားခဲ့သည်။

ကမ္ဘာလောကကြီးသည် ဖျက်ဆီးခံနေရသည့်အလား ဖြစ်နေခဲ့သည်။ မနီးမဝေးရှိ တောင်ထိပ်များသည် တစ်ခုပြီးတစ်ခု ပြိုကျလာခဲ့သည်။ ဤမြင်ကွင်းက အင်မတန်ခြောက်ခြားဖွယ် ကောင်းပါ၏။

"ဘုန်း!"

ဧကရာဇ်ထိုက်ရိသည် သူ၏မျက်ဝန်းများကို မှေးကျဉ်းလိုက်ပြီး ကောင်း‌ကင်ပေါ် ရုတ်တရက် ပျံတက်သွားခဲ့သည်။ သူသည် ဧရာမရှေးဟောင်းနာရီကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည့်အလား ဖြစ်နေခဲ့ကာ သူ၏ ပတ်ပတ်လည်တွင် ပျက်ဆီးခြင်း၏ အရိပ်အယောင်များက ဝဲပျံနေခဲ့သည်။ သူဟာ ပြိုင်ဘက်ကင်းအမူအယာဖြင့်ရှိနေသော ဧရာမမျက်နှာကြီးထံ တည့်တည့်တိုးဝင်သွားခဲ့သည်!

"ဘုန်း!"

မိုးကောင်းကင်သည် ပြိုကျနေ၏!

ခြောက်ခြားစရာကောင်းသော ရွှေရောင်စွမ်းအားများသည် လေအဟုန်နှင့်အတူ ရောထွေးနေခဲ့ကာ ထျန်းရွှမ်တာအိုနန်းတော်အတွင်း ပျံ့နှံ့သွားခဲ့သည်။ ကောင်းကင်ကြီးသည် အဆိုပါ ခြောက်ခြားဖွယ်စွမ်းအားအောက်တွက် ဖိနှိပ်ခံခဲ့ရသည်။ ဝမ်ဖုန်းကတောင် ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားကြောင့် အဝေးကို လွင့်စင်ထွက်သွားခဲ့သည်။

စနစ်၏ အကာအကွယ်ကြောင့် မဟုတ်ပါက ၎င်းဖိအားအောက်တွင် ဝမ်ဖုန်းသည် အစိတ်အစိတ်အမွှာမွှာ ပြတ်တောက်သွားပေလိမ့်မည်။

"ဘုန်း!"

အရှေ့တိုင်းဧကရာဇ်ထိုက်ရိ၏ အမူအယာကို တွေ့မြင်လိုက်ရသည့်အခါ ကောင်းကင်အထက်ရှိ ဧရာမမျက်နှာကြီးကလည်း ပြင်းထန်သော အရှိန်အဝါကို ဖော်ထုတ်ခဲ့သည်။ ဧရာမမျက်နှာကြီးသည် ရုတ်တရက်ဆိုသလို ဧရာမလှံတစ်ချောင်းအဖြစ် ပြောင်းလဲသွားခဲ့သည်။ ၎င်းလှံတံကြီးသည် ကောင်းကင်နှင့်ကမ္ဘာမြေအကြားရှိ သက်ရှိတို့၏ သေဆုံးခြင်းကို ဆုံးဖြတ်ပေးတော့မည့်အလား မြဲမြံစွာ ရပ်တည်နေခဲ့သည်။

ကမ္ဘာလောကကြီးသည် ပြင်းထန်သော သတ်ဖြတ်ငွေ့များဖြင့် ဖုံးလွှမ်းခံခဲ့ရသည်။ လူအများသည် တဆတ်ဆတ် တုန်လှုပ်နေကြရ၏။

"ဘုန်း!"

ဝမ်ဖုန်း၏ ထိတ်လန့်နေသော အကြည့်အောက်တွင် အရှေ့တိုင်းဧကရာဇ်ထိုက်ရိ၏ အသွင်ပြောင်းလဲထားသော ပျက်ဆီးခြင်းနာရီကြီးနှင့် ဧရာမမျက်နှာကြီးမှ အသွင်ပြောင်းလဲထားသော ကောင်းကင်ဘုံလှံတံကြီးတို့သည် ပွတ်တိုက်မိသွားခဲ့သည်။

ဤအခိုက်အတန့်တွင် ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။ ကမ္ဘာလောကကြီးသည် နားကွဲလုမတတ် ‌ကျယ်လောင်သော ပေါက်ကွဲသံများဖြင့် ပြည့်နှက်နေချေသည်။

ကောင်းကင်ယံအထက်တွင် မီးပွင့်လုမတတ် စွမ်းအင်လှိုင်းများ ပွတ်တိုက်နေခဲ့သည်။ သူတို့နှစ်‌ယောက်သည် ကမ္ဘာလောကကြီးတစ်ခုလုံးကို ဖျက်ဆီးချင်နေသည့်အလား ဖြစ်နေခဲ့ကာ ပတ်ပတ်လည်ရှိ အရာအားလုံးကို ချေမွဖျက်ဆီးခဲ့လေသည်။ ဝမ်ဖုန်း၏ ခန္ဓာကိုယ်ကတောင် အကွာအဝေး အတိုင်းအ‌ဆ မသိရသောနေရာအထိ လွင့်စင်ထွက်သွားခဲ့သည်။

ဝမ်ဖုန်းတို့ဝင်ရောက်ခဲ့သော ကျောက်စိမ်းဖြူနန်းတာ်ကြီးမှလွဲ၍ ထျန်းရွှမ်တာအိုနန်းတော်၏ နယ်နိမိတ်အတွင်း၌ရှိသော အရာအားလုံးသည် ဖျက်ဆီးခံခဲ့ရသည်။ ကျောက်စိမ်းဖြူနန်းတော်ကြီးကတောင် အဆက်မပြတ် ခါယမ်းနေခဲ့သည်။

ယင်း‌နောက် ဝမ်ဖုန်း၏ ကြောက်လန့်နေသော အကြည့်အောက်တွင် ကျောက်စိမ်းဖြူနန်းတော်ကြီးသည် အဖြူရောက်အလင်းတန်းတစ်ခု ပြောင်းလဲသွားခဲ့ကာ ဝမ်ဖုန်းဟ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ ထို့နောက် ၎င်းက ဝမ်ဖုန်း၏ ဒန်တျန်အတွင်း၌ ကိန်းအောင်းနေခဲ့သည်။

သို့သော်လည်း လက်ရှိ ဝမ်ဖုန်းသည် သူ့ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသော ကျောက်စိမ်းဖြူနန်းတော်ကြီးကို မစူးစမ်းနိုင်သေးပါ။သူ၏မျက်ဝန်းများက ကောင်းကင်အထက်၌ရှိနေသော ထိတ်လန့်ဖွယ်မြင်ကွင်းကိုသာ စူးစိုက်ကြည့်နေခဲ့၏။

"ဘုန်း ဘုန်း"

ပေါက်ကွဲသံကြီးများသည် ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။ ပျက်ဆီးခြင်းနာရီကြီးနှင့် ကောင်းကင်ဘုံလှံတံကြီးတို့သည် အဆက်မပြတ် ပွတ်တိုက်မိနေခဲ့သည်။ မသေမျိုးများ၏ အရောင်အဝါများသည် ထွန်းလင်းတောက်ပနေခဲ့ကာ မြင့်မြတ်သော စွမ်းအားလှိုင်းများသည် အရာအားလုံးကို စေ့စေ့ညက်ညက်ကြေအောင် တိုက်စားသွားခဲ့သည်။

သူတို့နှစ်ယောက်သည် တစ်ဦးနှင့်တစ်ဦး ဝေးကွာလိုက်၊ နီးကပ်လိုက် ဖြစ်နေခဲ့သည်။ ဤအချိန်တွင် တာအိုနန်းတော်ကြီးကလည်း ဆက်လက်၍ ကြေကွဲပျက်ဆီးနေခဲ့၏။

ဝမ်ဖုန်း၏ နှလုံးသားသည် ထိတ်လန့်တုန်ယင်သွားခဲ့သည်။ သူသည် ကိုယ်တွင်းရှိစွမ်းအားများကို အဆက်မပြတ် ရွေ့လျားစေလိုက်သည်။ တိုက်ပွဲသာ ဤသို့ဆက်လက်ဖြစ်ပွားနေလျှင် ဒီထျန်းရွှမ်တာအိုနန်းတေည်ကြီးသည် သေချာပေါက် ဖျက်ဆီးခံလိုက်ရလိမ့်မည်။ ထိုအချိန်ရောက်ပါက လျှို့ဝှက်နယ်မြေပြိုကွဲခြင်းမှ ဖြစ်ပေါ်လာသော လေဟာပြင်အပြောင်းအလဲသည် သူ့ကို အမည်မသိကမ္ဘာလောကတစ်ခုဆီသို့ ပစ်လွှတ်လိုက်မှာဖြစ်သည်။ ထို့အတွက်ကြောင့် သူဟာ အကာအကွယ်များကို စတင်ဆောင်ရွက်ရတော့သည်။

ဤအချိန်တွင် ဝမ်ဖုန်းသည် ကမ္ဘာလောက၏ အထွတ်အထိပ်၌ ရပ်တည်နေသော စွမ်းအားရှင်များ၏ ခြောက်ခြားဖွယ်ကောင်းမှုကို တွေ့မြင်ခဲ့ရသည်။

ဝမ်ဖုန်းသည် မတွေးဆဘဲ မနေနိုင်တော့ပါ။ ဒီလိုဆိုရင် စစ်မှန်တဲ့ ကောင်းကင်ကိုယ်စားလှယ်တစ်ယောက်ရဲ့စွမ်းအားက ဘယ်လောက်တောင် အစွမ်းထက်မှာလဲ။ အားနည်းနေသော အရိုးစုလို ကောင်းကင်ကိုယ်စားလှယ်ကို သတ်ဖြတ်နိုင်ခဲ့သည့်အတွက် သူဟာ ကံတရားကို ကျေးဇူးတင်ရပါလိမ့်မည်။

"ချိုးဖျက်စေ!"

ဝမ်ဖုန်းက ထိတ်လန့်နေသည့်အချိန်တွင် အရှေ့တိုင်းဧကရာဇ်ထိုက်ရိ၏ ဟိန်းဟောက်သံကြီးသည် ထျန်းရွှမ်တာအိုနန်းတော်ကြီးတစ်ခုလုံး၌ ထွက်ပေါ်လာခဲ့သည်။ ဧရာမပျက်ဆီးခြင်းနာရီကြီးသည် ရုတ်တရက် ရွှေရောင်အလင်းတန်းများဖြင့် ပြိုကွဲသွားခဲ့ကာ ဝမ်ဖုန်း၏မျက်လုံးများသည်လည်း ဘယ်အရာကိုမှ မသိမြင်နိုင်တော့ပါ။

များမကြာမီတွင် ဝမ်ဖုန်းသည် သူ့ဆီသို့ပြေးဝင်လာသော ခန့်မှန်း၍မရနိုင်သော စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်သည် လွင့်စင်ထွက်သွားခဲ့ပြီး ထိတ်လန့်ဖွယ်ကောင်းသော ဖိအားကြီးသည် စနစ်၏ အကာအကွယ်စွမ်းအားကို တစ်စစီ ဖျက်ဆီးပစ်လိုက်သည်။

အစွမ်းထက်သော စွမ်းအားသည် ဝမ်ဖုန်း၏ခန္ဓာကိုယ်ကို တိုက်ရိုက်ထွင်းဖောက်သွားခဲ့ကာ ဝမ်ဖုန်းကို အပြင်းအထန် ဒဏ်ရာရစေခဲ့သည်။ သွေးတစ်လုတ် အန်ထုတ်လိုက်ရခြင်းနှင့်အတူ ဝမ်ဖုန်းသည် ချက်ချင်းကို မေ့မြောသွားခဲ့သည်။

ဝမ်ဖုန်းမေ့မြောသွားပြီးနောက် ထျန်းရွှမ်တာအိုနန်းတော်ကြီးသည် ယင်းတို့၏မျက်မှောက်တွင် အစိတ်စိတ်အမွှာမွှာ ဖြတ်တောက်ခြင်းခံခဲ့ရသည်။ အဆုံးမဲ့သော လေဟာပြင်သည် ပျက်ဆီးသွားခဲ့သည်။ ဧရာမမျက်နှာကြီးနှင့် အရှေ့တိုင်းဧကရာဇ်ထိုက်ရိတို့နှစ်ယောက်၏ တိုက်ပွဲသည်လည်း ပျောက်ကွယ်သွားခဲ့သည်။

တောက်ပသော အလင်းတန်းတစ်ခုကို ထုတ်လွှတ်နေသော ဝမ်ဖုန်းတစ်ယောက်တည်းကသာ အာကာသလေဟာပြင်အတွင်း၌ ဝဲလည်နေရင်း ကမ္ဘာတစ်ခုအတွင်းသို့ ပို့ဆောင်ခံခဲ့ရသည်!

All Chapters