← Chapters

သွေးဝါးမျိုသူ

Vol. 55 Ch. 761

သွေးဝါးမျိုသူ

Vol. 55 Ch. 761

" ဘမ်း!"

‌ဆက်တိုက်ပေါက်ကွဲသံများသည် တောင်တန်းတောအုပ်အတွင်းပဲ့တင်ထပ်သွားခဲ့သည်။ သေမျိုးဧကရာဇ်အဆင့် မှော်ဝင်ရဝာနာ၏သက်ရောက်မှုအောက်တွင် ကောင်းကင်နန်းတော်၏တပည့်များအားလုံးသည် တောင်မခံနိုင်ကြ‌ဝောာ့ပါ။

ပထမပညာရှင်အနည်းငယ်ကသာ ပထမအားလိုင်းကို ကြံ့ကြံ့ခိုင်နိုင်ခဲ့ကြသည်။ သို့သော်လည်း သူတို့ကဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါသည်။ မြေပြင်ပေါ်သို့ပြိုလဲကျလျက် ပါးစပ်အပြည့်သွေးတစ်လုပ်အန်ထုတ်ကာ အမူအရာများက ဖြူဖျော့နေခဲ့သည်။

" ကောင်းကင်တာအိုမျိုးနွယ်စုတွေနဲ့ ပူးပေါင်းတယ်။ ငါသေဆုံးရရင်တောင် တစ်နေ့နေ့တော့မင်းလည်းငါ့လိုပဲ အဆုံးသတ်ရမှာ "

ဖုန်းရိ၏မျက်နှာဟာ မည်းမှောင်နေခဲ့သည်။ သူက ဖိုမင်ကိုစူးစိုက်ကြည့်လျက် အော်ဟစ်ပြောဆိုလိုက်သည်။

" ဟေ့ ကောင်းကင်တာအိုမျိုးနွယ်စုရဲ့ကာကွယ်မှုနဲ့ဆို ငါဘယ်လိုလုပ်သေဆုံးနိုင်မှာလဲ။ မင်းတို့ကသာသေရမဲ့လူတွေကွ"

အေးစက်စွာလှောင်ရယ်ပြီးနောက် ဖိုမင်ကဖုန်းရိနှင့်အဖွဲ့ကို ထူးမခြားနား‌စွာစိုက်ကြည့်ခဲ့သည်။ သူ့ကိုယ်တွင်းရှိ စွမ်းအားများသည် ပေါက်ကွဲထွက်လာခဲ့ကာ လက်ထဲရှိချိပ်စည်းထံသို့ စီးဆင်းဝင်ရောက်သွားခဲ့သည်။ ချိပ်စည်းသည် အနက်ရောင်သင်္ကေတများအဖြစ် ဆက်လက်ပေါက်ကွဲထွက်လာခဲ့သည်။ ယင်းနောက်လက်ဖဝါးကြီးတစ်စုံသည် ရုတ်တရက်ဖြစ်ပေါ်လာခဲ့ကာ ဖုန်းရိနှင့်အခြားသူများကို ချေမွရန်ထွက်ခွာလာခဲ့သည်။

လက်ဖဝါးကြီးများ၌ပါဝင်သော ကျယ်ပြောသည့်စွမ်းအင်ကိုခံစားခဲ့ရသည့်အခါ ဖုန်းရိတို့အားလုံးသည် စိတ်ပျက်အားလျော့သွားခဲ့ကြသည်။သူတို့ဟာ ပထမတိုက်ကွက်ကို ခွန်အားကုန်သုံး၍‌တောင့်ခံနိုင်ခဲ့သော်လည်း ဒုတိယတိုက်ကွက်သာကျဆင်းလာလျှင် ကျိန်းသေပေါက်သေဆုံးရပါလိမ့်မည်။

" ဘုံး! "

ဖုန်းရိနှင့်အခြားသူများ၏ စိတ်ပျက်အားလျော့နေသောအကြည့်များအောက်တွင် ၎င်းကြီးမားနက်မှောင်သည့် လက်ဖဝါးကြီးများသည် ခြွင်းချက်မရှိသက်ဆင်းလာခဲ့သည်။ ပေါက်ကွဲသံတရဆက်မြည်လာခဲ့၏။

ဖုန်းရိတို့သေဆုံးသွားသည်ကို တွေ့မြင်ခဲ့ရသည့်အခါ ဖိုမင်၏ကြမ်းတမ်းခက်ထန်သောမျက်နှာပေါ်တွင် ပျော်ရွှင်မှုအရိပ်အယောင်များရှိနေခဲ့သည်။ သူသာကောင်းကင်တာအိုမျိုးနွယ်စုနဲ့ မပူးပေါင်းခဲ့ပါက ဤကဲ့သို့အစွမ်းထက်သောခွန်အားကို အဘယ်မှာရရှိနိုင်မည်နည်း။

အတိတ်တွင် သူ့ဟာ ဖုန်းရိနှင့်အခြားသူများကိုသတ်ဖြတ်ရန် မဖြစ်နိုင်ခဲ့ပါ။ ‌သိူ့သော်လည်း ကောင်းကင်တာအိုမျိုးနွယ်စုနှင့်ပူးပေါင်းပြီးနောက် ထိပ်တန်းပါရမီရှင်များသည် သူ၏ရန်သူဖြစ်ရန်အဆင့်အတန်းမရှိတော့ပါချေ။ သူဟာလောကပါရမီရှင်များကြားတွင် ထိပ်ဆုံးဖြစ်ပေလိမ့်မည်။

တစ်ချိန်တည်းမှာပဲ သွေးမျှော်စင်၏နဝမအလွှာပေါ်တွင် သွေးရောင်အရိုးစုကြီးသည် ကောင်းကင်တာအိုမျိုးနွယ်စု၏စွမ်းအားထွက်ပေါ်လာသည်ကို အာရုံခံစားသိရှိခဲ့သည်။ သူ၏အနီရောင်မျက်ဝန်းကြီးများသည် အတားအဆီးများကို ဖြတ်ကျော်၍ စတုတ္ထအလွှာရှိ အခြေအနေကိုထွင်းဖောက်မြင်နိုင်ခဲ့သည်။

" စိတ်ဝင်စားစရာပဲ ကြည့်ရတာ ငါ့ရဲ့တာအိုရောင်းရင်းလေးတွေက ကောင်းကင်တာအိုမျိုးနွယ်စုကြီးကို ထိန်းချုပ်ပြီးပြီထင်တယ်"

" အချိန်ရောက်လာဖို့ သိပ်မကြာတော့ဘူး။ ဒီနတ်ဆိုးမြန်မြန်ပြုလုပ်မှဖြစ်မယ် "

ခက်ထန်ကြမ်းတမ်းသောအသံကြီးသည် သွေးမျှော်စင်၏နဝမအလွှာအတွင်း ပဲ့တင်ထပ်သွားခဲ့သည်။

" မေ့လိုက်‌တော့ ဒီနတ်ဆိုးကမင်းကိုကူညီပြီး ကျားကွက်စေ့တစ်စေ့ဖြစ်စေမယ်။ တစ်နေ့နေ့ကျရင် အသုံးပြုကောင်းပြုနိုင်တာပေါ့လေ "

၎င်းအော်ဟစ်သံကြီးနှင့်အတူ ခြောက်သွေ့၍ကွဲအက်နေသော လက်ကြီးသည် ရုတ်တရက်ဆန့်တန်းထွက်ပေါ်လာခဲ့သည်။ ၎င်းခြောက်သွေ့ကွဲအက်နေသော လက်ချောင်းများအတွင်းမှ သွေးရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာခဲ့ကာ အလွှာအသီးသီးကိုဖြတ်ကျော်၍ စတုတ္ထအလွှာတွင်ရှိနေသော ဖိုမင်၏ခန္ဓာကိုယ်ပေါ်သို့ကျရောက်သွားခဲ့သည်။

ဖိုမင်၏ခန္ဓာကိုယ်တစ်ခုလုံးသည် အဆက်မပြတ်ခါယမ်းသွားခဲ့သည်။ တစ်ချိန်တည်းတွင် ကြီးမားသောသတင်းအချက်အလက်များ သူ၏စိတ်အာရုံအတွင်းပေါက်ဖွားလာခဲ့သည်။ ၎င်းသတင်းအချက်အလက်များသည် အမှန်စင်စစ်မှာတော့ ပြိုင်ဘက်ကင်းသိုင်းပညာရပ်တစ်ခုဖြစ်သော သွေးဝါးမျိုခြင်းနတ်ဆိုးပညာရပ်ဖြစ်၏။

တစ်ကြိမ်တစ်ခါကျင့်ကြံလိုက်လျှင် သန်မာသောသူများ၏သွေးကိုဝါးမျိုစားသောက်နိုင်ကာ တစ်ဦးတစ်ယောက်၏ကျင့်ကြံမှုကို မြင့်မားတိုးတက်စေနိုင်သည်။

ဒါအပြင်၎င်းသိုင်းပညာရပ်သည် သူ၏ကိုယ်ပိုင်ပညာရပ်နှင့်ဆက်နွှယ်နေသလို ဖိုမင်တစ်ယောက်ခံစားခဲ့ရသည်။ ၎င်းသိုင်းပညာကိုကြည့်ရှုလိုက်သည်နှင့်တစ်ပြိုင်နက် ပါဝင်နေသောနိယာမများကို သူအားလုံးနားလည်သွားခဲ့သည်။ ဒါက ဖိုမင်ကိုစိတ်လှုပ်ရှားသွားစေခဲ့သည်။ သူဟာ ကောင်းကင်ဘုံ၏သားတော်စင်စစ်ဖြစ်ရပေလိမ့်မည်။

တစ်စုံတစ်ယောက်ကသူ့ကို ထိုပညာရပ်ပေးအပ်ခဲ့သည်ဆိုတာကိုတော့ သူလုံးဝမသိရှိခဲ့ပါ။ ၎င်းကသူနဲ့အတူ မွေးဖွားလာခဲ့ခြင်းဖြစ်လိမ့်မည်၊ ကြီးကျယ်သောအခွင့်အလမ်းကို တွေ့ဆုံခဲ့ရတာကြောင့် ပေါက်ဖွားလာခဲ့ခြင်းဖြစ်မည်ဟုသာ တွေးထင်ခဲ့သည်။

ဤပြိုင်ဘက်ကင်းသောပညာရပ်ကိုသာ ကျင့်ကြံပြီးလျှင် အဘယ်မျှလောက်အဆင့်ထိ သူမြင့်တက်သွားမလဲဆိုတာကို တွေးဆ၍မရနိုင်တော့ပါ။ သူဟာအနည်းငယ်‌တောင် သံသယမရှိခဲ့ချေ။

" ဒီပညာရပ်ကို သုံးကြည့်လိုက်တာပေါ့လေ"

သတ်ဖြတ်ခံလိုက်ရသော ပါရမီရှင်များထံမှ ထွက်ပေါ်လာသောသွေးအိုင်ကြီးကို ကြည့်ရှုလျက် သူ၏မျက်ဝန်းများသည် တောက်ပဝင်းဖြာသွားခဲ့သည်။

" ဝုန်း!"

သန်မာသောခွန်အားတစ်ရပ်သည် သူ့ကိုယ်တွင်းမှ ပျံ့လွင့်ထွက်ပေါ်လာခဲ့သည်။ သူဟာလက်ကိုရုတ်တရက်ဝှေ့ယမ်းလိုက်သည့်အခါ ထူးခြားဆန်းကြယ်သောသင်္ကေတများသည် ထွက်ပေါ်လာခဲ့၏။

များမကြာမီတွင် ၎င်းသွေးနီရောင်သင်္ကေတများသည် ရွေ့လျားသွားလာနေသောသွေးရောင်အငွေ့များကဲ့သို့ လေဟာပြင်တစ်လျှောက်သွားလာခဲ့ကြသည်။ ထူးဆန်းသည့်အရာမှာ ၎င်းသွေးနီရောင်သင်္ကေတများ ရွေ့လျားသွားသည့်နေရာတိုင်းရှိ သွေးမြူများသည် တစ်ခုပြီးတစ်ခုစုပ်ယူခြင်းခံခဲ့ရသည်။ များမကြာမီတွင် မူလကတောင်တစ်တောင်လုံးကို ဆွေးဆွေးနီစေခဲ့သော သွေးများအားလုံးသည် အစအနမကျန်အောင်ပျောက်ကွယ်သွားခဲ့သည်။

ဒါတင်မကသေးဘဲ ဖုန်းရိနှင့်အခြားသူများ၏ ကိုယ်ခန္ဓာများသည် သွေးရောင်သင်္ကေတများ၏ သွေးစုပ်ယူမှုပြီးနောက် ခြောက်ကပ်သွားခဲ့သည်။ ၎င်းတို့က မံမီရုပ်အလောင်းများကဲ့သို့ ဖြစ်လာခဲ့သည်။

ဤအခြေအနေကြောင့် ဖိုမင်၏အနောက်ဘက်တွင် မတ်တတ်ရပ်နေသော နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ပါရမီရှင်များသည် ခန္ဓာကိုယ်တစ်လျှောက်တစ်သိမ့်သိမ့်တုန်သွားခဲ့သည်။ သူတို့ဟာ ဖိုမင်၏စိတ်တိုဒေါသထွက်လွယ်သော အခြေအနေကိုသိတာကြောင့် မေးခွန်းအနည်းငယ်တောင် မမေးမြန်းရဲခဲ့ပါ။

သွေးများကိုစုပ်ယူပြီးသည့်နောက် ဖိုမင်ကလက်ကိုဆန့်တန်းလိုက်သည့်အခါ ၎င်းသင်္ကေတများသည် ဖိုမင်ထံသို့ပြန်၍ ရောက်ရှိလာခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်း၌ သင်္ကေတများသည် ဖိုမင်၏ခန္ဓာကိုယ်အတွင်းနစ်မြှုပ်ပျောက်ကွယ်သွားခဲ့ကာ ကြီးမားသောခွန်အားလှိုင်းကြီးကို ဖြစ်ပေါ်စေခဲ့သည်။

ခမ်းနားကြီးကျယ်သော ခွန်အားစွမ်းအင်ကိုခံစားရသည့်အခါ ဖိုမင်ဟာစိတ်လှုပ်ရှားသွားခဲ့သည်။ သူဟာ သွေးဝါးမျိုခြင်းမှော်ပညာရပ်ကို ချက်ချင်းအသုံးချခဲ့ကာ ခမ်းနားသောစွမ်းအားတို့ကို စတင်စုပ်ယူလိုက်ချေသည်။

" ခရက်!"

၎င်းစွမ်းအင်များကို အပြည့်အဝစုပ်ယူပြီးသည့်အခါ ကွဲအက်သံတစ်သံသည် သူ၏ကိုယ်ခန္ဓာအတွင်းမှ ထွက်ပေါ်လာခဲ့သည်။ ယင်းနောက် ဧကရာဇ်နယ်ပယ်၏ခမ်းနားသောစွမ်းအင်ကြီးသည် သူ၏ကိုယ်ခန္ဓာအတွင်းမှ ပျံ့လွင့်ထွက်ပေါ်လာခဲ့ကာ ပတ်ဝန်းကျင်ရှိလေဟာပြင်ပေါ် တစ်သိမ့်သိမ့်တုန်ခါသွားစေခဲ့သည်။

" ဟားဟား ငါဖိုမင်က လူငယ်မျိုးဆက်ရဲ့ အထွတ်အမြတ်ပါရမီရှင်ဖြစ်ဖို့ ကံတရားပါလာခဲ့တာပဲ"

သူ၏ကိုယ်ပိုင်ကျင့်ကြံမှုတိုးမြှင့်သွားခြင်းကြောင့် ဖိုမင်ကအရိုင်းဆန်စွာအော်ဟစ်ရယ်မောခဲ့သည်။ သူ၏ကိုယ်ခန္ဓာပေါ်တွင် တစ်လောကလုံးကို အမှုမထားသော မောက်မာမှုများရှိနေခဲ့သည်။

" သွားမယ်။ အဲဒီပါရမီရှင်တွေကို ထပ်ပြီးသွားရှာကြတာပေါ့"

ကျယ်လောင်စွာအော်ဟစ်ရယ်မောပြီးလျှင် ဖိုမင်ကလက်ကိုဝှေ့ယမ်းလျက် အော်ဟစ်ပြောဆိုလိုက်သည်။ သူဟာချိုမြိန်မှု၏အရသာကို ခံစားခဲ့ရတာကြောင့် ကိုယ်ပိုင်ခွန်အားတိုးတက်စေနိုင်သည့် အခွင့်အရေးကို လက်လွှတ်မခံချင်ခဲ့ပါ။

သွေးမျှော်စင်အတွင်း ဝင်ရောက်သွားပြီးနောက် ပါရမီရှင်များစွာကျရှုံးသွားခဲ့သော်လည်း အသက်ရှင်လျက်ရှိသော ပါရမီရှင်များကလည်း အများကြီးရှိနေသေးသည်။ ထိုပါရမီရှင်များက သိပ်ကိုအဖိုးတန်လွန်းပေသည်။ သူ၏ကိုယ်ပိုင်ခွန်အားကို တိုးတက်စေနိုင်သည်။ သူဟာ သွေးမျှော်စင်၌ လောင်ထျန်းဧကရာဇ်အဆင့်ကို ရောက်ရှိဖို့ မျှော်လင့်စောင့်စားနေခဲ့သည်။

လောင်ထျန်းဧကရာဇ်အဆင့်ကို သူရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် ဧကရာဇ်ဘုံလောကရှိ အထွတ်အထိပ်လူငယ်ပါရမီရှင်များအားလုံးက သူ့အတွက်ပမွှားတမျှ ဖြစ်သွားပေလိမ့်မည်။

ဖိုမင်၏ဦးဆောင်မှုအောက်တွင် နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ ပါရမီရှင်များသည် အ‌ကွာအဝေးတစ်ခုစီသို့ဦးတည်၍ သွားလာခဲ့ကြသည်။ သူတို့ဟာ နောက်ထပ်ပစ်မှတ်တစ်စုကို ရှာဖွေနေခဲ့သည်။

သွေးနီရောင်ဧကရာဇ်အဆင့်ကိုရောက်ရှိ၍ သေမျိုးဧကရာဇ်အဆင့်လက်နက်ကို ‌ထိန်းချုပ်ထားသည်ဖြစ်ရာ ဖိုမင်ကသွေးမျှော်စင်အတွင်းရှိ ပါရမီရှင်များအားလုံးကို မျက်ဝန်းထဲတောင် ထည့်မထားတော့ပါ။ သူတို့ကသူ၏ပြိုင်ဘက် မဟုတ်နိုင်ချေ။

တစ်ချိန်တည်းမှာပဲ သွေးမျှော်စင်၏တတိယအလွှာထဲ၌ ဝမ်ဖုန်းနှင့်အုပ်စုသည် လမ်းလျှောက်နေခဲ့ကြသည်။ မျှော်စင်၏တတိယအလွှာရှိ မြေမျက်နှာသွင်ပြင်သည် ဒုတိယအလွှာနှင့်အလားသဏ္ဍာန်တူသည်။ ထူးဆန်းသည်မှာ တတိယအလွှာသည် ပို၍အန္တရာယ်ကြီးလိမ့်မည်ဟု သူထင်ထားခဲ့သော်လည်း သုဿန်တစ်စပြင်အလား တိတ်ဆိတ်နေခဲ့သည်။ သူတို့လမ်းတွေအကြာကြီးလျှောက်ခဲ့သော်လည်း ဘယ်အန္တရာယ်ကိုမှ မတွေ့ဆုံခဲ့ရပါ။

All Chapters