ရာဇပလ္လင်။အသန်မာဆုံးသူသာ ရရှိမည်။
Vol. 44 Ch. 614
" မင်းတို့တွေ ဒီလောက်တောင်ပြောနေပြီဆိုမှတော့ ငါဘာများပြန်ပြောနိုင်ဦးမှာလဲကွာ "
လန်လင်းနှင့် ယန်ရှန်းတို့၏ပုံစံကို တွေ့မြင်လိုက်ရသည့်အခါ မဟာနတ်ဆိုးရွှမ်ရှ၏နှုတ်ခမ်းထောင့်များမှာ မြင့်တက်သွားခဲ့ပြီး ကူကယ်ရာမဲ့စွာ ပြောဆိုလိုက်သည်။
တခြားသောနည်းလမ်းမရှိတော့ပါချေ ။သူဟာ သူ၏လူများအနိုင်ကျင့်ခံရခြင်းကို မုန်းတီးလေသည်။ ဧကရာဇ်စန်းရိ၏သေခြင်းရှင်ခြင်းသည် သူနှင့်သက်ဆိုင်ခြင်းမရှိသော်လည်း လန်လင်းကတော့ ရှန်ရှန်ကျုံဂိုဏ်းသားတစ်ယောက်ဖြစ်၏!
" ကျေးဇူးတင်ပါတယ် အကြီးအကဲချုပ် "
မဟာနတ်ဆိုးရွှမ်ရှ၏စကားကို ကြားလိုက်ရသည့်အခါ လန်လင်းက အလောသုံးဆယ်ဂါရဝပြုလျက် ကျေးဇူးတင်လိုက်သည်။
" မလိုပါဘူး......မင်းကျေးဇူးတင်ချင်တယ်ဆိုရင် ယန်ရှန်းကိုပဲ ကျေးဇူးတင်ရမယ် "
မဟာနတ်ဆိုးရွှမ်ရှက လက်ကို ဝှေ့ရမ်းလျက် ပြောဆိုလိုက်သည်။
ထိုစကားကိုကြားသည့်အခါ မင်းသမီးလန်လင်းက ယန်ရှန်းကို ချက်ချင်းလှမ်းကြည့်လိုက်ပြီး သူမ၏လှပသောမျက်ဝန်းကလေးများအတွင်း၌ ချစ်ခင်နှစ်သက်မှုများ ရှိနေခဲ့သည်။သူမဟာ နှလုံးသားအတွင်းမှ ချစ်ခြင်းတရားများကို မထိန်းချုပ်ထားနိုင်တော့ဘဲ သူမကိုယ်သူမ ယန်ရှန်း၏လက်မောင်းများအတွင်းပြေးဝင်လျက် နုညံ့စွာ ပြောဆိုလိုက်သည်။
" ယန်ရှန်း ရှင်သာ ကျမကိုကူညီပေးမယ်ဆိုရင် ကျမလန်လင်းက ရှင့်ကို စိတ်မပျက်စေရပါဘူး။
ယန်ရှန်းဟာ များသောအားဖြင့် မျက်နှာတည်တည်ဖြင့်သာ နေထိုင်တတ်သော်လည်း ဤအချိန်၌တော့ လန်လင်းသည် ယန်ရှန်း၏နုညံ့နွေးထွေးသောဘက်ခြမ်းကို တွေ့မြင်ခဲ့ရသည်။သူမဘာသာတောင်မသိလိုက်ဘဲ ယန်ရှန်းထံမှနုညံ့မှုများ၏ ဆွဲဆောင်ခြင်းကို ခံခဲ့ရသည်။
ဤတစ်ကြိမ်တွင် သူမ၏ခမည်းတော်က အကျပ်အတည်းနဲ့ တွေ့ကြုံနေရသည်။ယန်ရှန်းသာ သူမကို တုံ့ဆိုင်းခြင်းမရှိ ကူညီပါက သူမသည်လည်း ယန်ရှန်းကို လက်မခံချင်စရာအကြောင်းမရှိပါ။
ယန်ရှန်းက လန်လင်းကို တင်းကြပ်စွာထွေးပိုက်လိုက်ပြီး နုညံ့စွာပြောဆိုလိုက်သည်။
" ကျုပ်၊ယန်ရှန်းက အသက်သေဆုံးသွားရင်တောင် မင်းလေးကို သစ္စာမဖောက်ပါဘူး။ "
ဤနုညံ့သောအသံကလေးသည် လန်လင်း၏စိတ်ရုံအတွင်း ပဲ့တင်ထပ်သွားလျက်ရှိကာ လန်လင်းသည် ယန်ရှန်းကို ပိုမို၍တင်းကြပ်စွာ ပွေ့ဖက်လိုက်သည်။
ဤမြင်ကွင်းကိုတွေ့မြင်လိုက်ရတော့ မဟာနတ်ဆိုးရွှမ်ရှ၏မျက်နှာကြီးမှာ မဲ့ရွှဲ့သွားခဲ့သည်။
သူကသာ အလုပ်ကြိုးစားရတဲ့သူပါနော်....ဘာဖြစ်လို့ ဒီကောင်ယန်ရှန်းကပဲ အကျိုးအမြတ်တွေကို ရနေတာလဲ။
ကောင်းကင်ကြီးက မတရားလိုက်တာ။
သွားမယ်....ဒီအရှင်သခင်က ဒီမှာ ဆက်ပြီးကြာကြာမနေနိုင်တော့ဘူး !
မဟာနတ်ဆိုးရွှမ်ရှသည် ပူဆွေးဝမ်းနည်းစွာဖြင့် ခေါင်းကိုခါယမ်းလိုက်ပြီး တစ်ကိုယ်တည်းတွေးတောလိုက်ကာ ဖုန်းဟွာနန်းတော်ကြီးအတွင်းမှ လျှပ်တပြတ် ပျောက်ကွယ်သွားတော့သည်။
ရှန်ရှန်ကျုံဂိုဏ်းကို သူနဲ့အတူဝင်ရောက်ခဲ့ကြသော လက်ရွေးစင်တပည့်များကတောင် ကြင်ယာဖက်များ အလျိုလျိုရရှိနေကြသည်။ ဒါပေမဲ့ သူ ၊မဟာနတ်ဆိုးကြီးရွှမ်ရှကတော့ တစ်ကိုယ်တည်း ဖြစ်နေတုန်းတဲ့လား။
သူနဲ့ပတ်သတ်ပြီး ဘာများမှားနေလို့လဲ။တွေးကြည့်စမ်းပါ....ကျုပ်ဆိုတဲ့မဟာနတ်ဆိုးကြီးနဲ့ပတ်သတ်ပြီး ဘာကများ မှားယွင်းနေလို့လဲ။
အဆင့်အတန်းအရဆိုပါက သူဟာ ရှန်ရှန်ကျုံအပြင်စည်းဂိုဏ်း၏ အကြီးအကဲချုပ်ဖြစ်သည်။သူ၏အဆင့်အတန်းမှာ များစွာသောလက်ရွေးစင်တပည့်များထက်တောင် အဆင့်အတန်းမြင့်မားကာ ရှန်ရှန်ကျုံဂိုဏ်းအကြီးအကဲများထက် တစ်ဆင့်သာနိမ့်ကျ၏။ရုပ်ရည်သွင်ပြင်အရဆိုပါကလည်း ဂိုဏ်းချုပ်မှလွဲ၍ သူ့ကိုဘယ်သူ့မှ ယှဥ်နိုင်မည်မထင်ပါ။ ကျင့်ကြံမှုအရဆိုပြန်လျှင်လည်း သူဟာ ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်၌ရှိနေပြီး မွန်မြတ်ဘုံလောကအတွင်း၌ အင်မတန်သန်မာသည့်လူဖြစ်၏။
သူနဲ့ပတ်သတ်ပြီး ဘာများချို့ယွင်းနေလို့လဲ။
အို.....ဧကရီမေသုရှားကို လွမ်းဆွတ်လိုက်လေရဲ့ကွာ!
နန်းတော်ကြီးအတွင်းမှ ထွက်ခွာလာခဲ့သော မဟာနတ်ဆိုးရွှမ်ရှသည် နှလုံးသားအတွင်းမှ တီးတိုးသက်ပြင်းချလိုက်မိသည်။ ဧကရီမေသုရှားကရော သူရဲ့အကြောင်းကို အခုနေများ တွေးနေလောက်လား။ ဖြစ်နိုင်တာက သူမ သူ့ကိုများ မေ့သွားပြီလား။
နက်ရှိုင်းစွာချစ်မိနေခြင်းကြောင့်သာမဟုတ်ပါက ဘယ်သူကများ တစ်ဖက်သတ်အချစ်ကို ကပ်တွယ်ချင်နေပါ့မလဲ။
အမျိုးအစားစုံလင်သော စိတ်ခံစားမှုများသည် မဟာနတ်ဆိုးရွှမ်ရှ၏နှလုံးသားအတွင်းမှ လှိုက်တက်လာခဲ့ကာ သူ၏အရှိန်အဝါကို ပိုမို၍ကြောက်လန့်ဖွယ်ကောင်းလာစေခဲ့သည်။ ပတ်ဝန်းကျင်ရှိ လေဟာပြင်သည် မဟာနတ်ဆိုးရွှမ်ရှ၏ခွန်အားကြောင့် တသိမ့်သိမ့်တုန်ယင်သွားခဲ့သည်။
ဝမ်းနည်းမှုတွေကို ခွန်အားအဖြစ် ပြောင်းလဲပစ်ရမယ် !
တစ်ဖက်သတ်အချစ်ဆိုတော့ရော ဘာဖြစ်သေးလဲ။နှလုံးသားကသာ လုံလောက်အောင်နွေးထွေးနေသရွေ့ ရေခဲတောင်ကြီးဆိုရင်တောင် အနှေးနဲ့အမြန် အရည်ပျော်လာမှာပဲလေ။
ဧကရီမေသုရှားက သူဆိုတဲ့ မဟာနတ်ဆိုးကြီးရွှမ်ရှတွက် ဖြစ်တည်လာခဲ့တာ!
စောင့်နေလိုက်စမ်းပါ...ယန်ရှန်း၊ ကုချိုး၊ ကုကန်းချိုး မင်းတို့ကောင်တွေ.... တနေ့မှာ ငါသာ ဧကရီမေသုရှားကို ရရှိသွားရင် မင်းတို့ကောင်တွေရဲ့ရှေ့မှာ လုံးဝကြီးကို ရှိုးထုတ်ပစ်လိုက်မယ် !
.............
ဧကရာဇ်စန်းရိရှိနေသော အိပ်ဆောင်၏အပြင်ဖက် ကောင်းကင်ယံတွင် ပထမမင်းသားသည် ခမ်းနားကြီးကျယ်သောအသွင်ဖြင့် လေဟာပြင်ထက်၌ မတ်တပ်ရပ်နေခဲ့သည်။ သူဟာ အိပ်ဆောင်ရှိရာသို့ တစ်လှမ်းပြီးတစ်လှမ်း တိုးကပ်လာခဲ့လေသည်။ ခြေတစ်လှမ်းခြင်းစီတိုင်းတွင် သူ့ထံမှ ပြင်းထန်သောအရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လျက်ရှိကာ ကမ္ဘာလောကကြီးကို အမှုန့်ချေတော့မည့်အလား ဖြစ်နေခဲ့၏။
" လန်လဲ့ ရပ်လိုက်ပါတော့ !"
တော်ဝင်ဦးရီးတော်များသည် လေဟာပြင်အတွင်း၌ ရုတ်တရက်ထွက်ပေါ်လာခဲ့ပြီး မနီးမဝေးတွင်ရှိနေသောလန်လဲ့နှင့် မျက်နှာချင်းဆိုင်လိုက်သည်။ ဦးရီးတော်များ၏ခေါင်းဆောင်က လန်လဲ့ကိုစိုက်ကြည့်ကာ တိုးညှင်းစွာ ပြောဆိုလိုက်သည်။
" ရပ်လိုက်ရမယ်...ဟုတ်လား...ဟား...ဟား....ဟား...."
ဦးရီးတော်၏စကားကိုကြားလိုက်ရသည့်အခါ လန်လဲ့က ဦးခေါင်းကိုမော့ကြည့်လျက် ကောင်းကင်ကိုစိုက်ကြည့်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။သူ၏ရယ်မောသံကြီးက ဘုံကိုးလွှာ၌ ပဲ့တင်ထပ်သွားခဲ့ကာ လူအများ၏နှလုံးအိမ်များကို တသိမ့်သိမ့်တုန်ယင်သွားစေခဲ့၏။
ခက်ထန်ကြမ်းတမ်းသော သူ၏ရယ်မောသံကြီးသည် တော်ဝင်ဦးရီးတော်များ၏အမူအရာများကို လေးနက်သွားစေခဲ့သည်။ အဆိုပါရယ်မောသံမှတဆင့် သူတို့အားလုံးသည် လန်လဲ့၏သန်မာသောပြစ်တင်မှုကို ခပ်ရေးရေးမျှ ခံစားခဲ့ရသည်။
ဒီကောင် ဒီလိုမျိုးလုပ်ရဲတာ အံ့သြစရာမရှိတော့ပါဘူး။ သူက ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်ကို ရောက်ရှိသွားတာကိုး။
တော်ဝင်ဦးရီးတော်များသည် မျက်ဝန်းများကို မှေးကျဥ်းလိုက်ပြီး လန်လဲ့ကိုအေးစက်စွာ စိုက်ကြည့်လိုက်သည်။ သာမန်အားဖြင့်ဆိုပါက တော်ဝင်မိသားစုအတွင်း၌ ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင်တစ်ယောက် ပေါ်ထွန်းလာခြင်းသည် ပွဲတော်ကြီးတစ်ခုပြုလုပ်ရလောက်သည်အထိ ကြီးကျယ်သောပျော်ရွှင်စရာကိစ္စကြီးဖြစ်လေသည်။ဒါပေမဲ့ အခုအချိန်၌တော့ ၎င်းက ကပ်ဘေးဒုက္ခဆိုးကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။
" ဦးရီးတော်တို့နဲ့ စစ်သူကြီးများ။ ခင်များတို့တွေ သေချာလည်းစဥ်းစားကြည့်ကြပါဦး။ "
" ရာဇပုလ္လင်ဆိုတာ သန်မာတဲ့လူတွေ ပိုင်ဆိုင်ရမယ့်အရာမဟုတ်လား။ ခမည်းတော်က အိုမင်းပြီး မစွမ်းဆောင်နိုင်တော့ဘူး။ ကံကောင်းစွာနဲ့ ဒီမင်းသားက နောင်တက်မဲ့ဧကရာဇ်ဖြစ်ဖို့ အရည်အချင်းတွေနဲ့ ပြည့်မှီတယ်။ "
" ခမည်းတော်က မပေးအပ်ဘူးဆိုရင် ဒီမင်းသားက ကိုယ်တိုင်ယူဆောင်ရလိမ့်မယ်။ "
လှောင်ပြောင်ရယ်မောနေသောအသံကြီးသည် ရုတ်တရက်ရပ်တန့်သွားခဲ့ပြီး ပထမမင်းသားက တော်ဝင်ဦးရီးတော်များကို စိုက်ကြည့်လျက် အေးစက်စွာ ပြောဆိုခဲ့သည်။ သူ၏မျက်နှာထက်တွင် ဘယ်အမူအရာမှရှိမနေဘဲ အရိုးခိုက်လောက်အောင်အေးစက်သည့် ကြမ်းကြုတ်ခြင်းများသာ ရှိနေခဲ့၏။
သူ၏အသံသည် နန်းဆောင်အတွင်းပဲ့တင်ထပ်သွားခဲ့ကာ မရေမတွက်နိုင်သောလူများကို တုန်ယင်သွားစေခဲ့သည်။ ထိုသူများဟာ အေးစက်သောစကားလုံးများကြောင့်သာမက ပထမမင်းသားစကားလုံးများအတွင်း၌ပါဝင်သော ပွင့်လင်းမြင်သာသည့်ပုန်ကန်မှုကြောင့် ထိတ်လန့်သွားရခြင်း ဖြစ်လေသည်။
ပထမမင်းသားက ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်ကို ရောက်ရှိသွားခဲ့ပြီလား။(သူ့ကိုယ်သူ ဧကရာဇ်လို့သုံးလိုက်လို့ပါ)
ဟာ...!
အံ့သြပင့်သက်ရှိုက်သံများသည် မွန်မြတ်သောမြို့တော်အတွင်း၌ ပဲ့တင်ထပ်သွားခဲ့သည်။ လူတိုင်းဟာ ဤမြင်ကွင်းကြောင့် ထိတ်လန့်နေမိသည်။ ပထမမင်းသားပုန်ကန်ရဲတာ အံ့သြစရာမဟုတ်တော့ပါဘူးလေ။ ကိုယ့်ဘက်က ဘယ်လောက် အင်အားများပြားနေပါစေ၊ ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ် ဧကရာဇ်တစ်ပါးရဲ့ ရှေ့မှောက်မှာတော့ ရင်ဆိုင်ဖို့က အဆင်မပြေ။
" တောက် ! "
အိပ်ခန်းဆောင်အတွင်း၌ အေးစက်သောစကားလုံးများကို ကြားသိလိုက်ရသည့်ဧကရာဇ်စန်းရိသည် ရုတ်တရက် ဒေါသပုန်ထသွားခဲ့သည်။ သူ၏မျက်ဝန်းများမှာ နီရဲနေခဲ့ပြီး သူ့မျက်နှာထက်၌ အမျက်ဒေါသ၏အရိပ်အယောင်များ ရှိနေလေသည်။
" အဟွတ် ! "
သန်မာသောအမျက်ဒေါသက ဧကရာဇ်စန်းရိကို ပါးစပ်အပြည့်သွေးတစ်လုတ် အန်ထုတ်လိုက်မိစေသည်။ သူအန်ထုတ်လိုက်သောသွေးများဟာ မှင်ရောင်ကဲ့သို့ မဲနက်နေလေသည်။ ဒါ့အပြင် သွေးနဲ့ထိတွေ့မိသွားသော မြေပြင်သည် ရုတ်တရက် ကြီးမားသောတွင်းပေါက်ကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။ အဆိပ်၏ပြင်းအားမှာ အင်မတန်မှ ထိတ်လန့်ဖို့ကောင်းနေတော့သည်။
" မကောင်းတော့ဘူး ! "
" အရှင်မင်းကြီး စိတ်ကို အေးအေးထားပါ ။"
ကြင်ယာတော်ယဲ့နှင့် အဖိုးအိုတို့၏အမူအရာမှာ ပြောင်းလဲသွားခဲ့ပြီး သူတို့က လက်များကို အလွန်လျှင်မြန်စွာ ဝှေ့ယမ်းလိုက်ကြသည်။ သူတို့ဟာ ကိုယ်တွင်းရှိစွမ်းအားများကို အပြင်းအထန်ထုတ်ဖော်လျက် ဧကရာဇ်စန်းရိ၏အဆိပ်ကို ဖိနှိပ်ရန် ကြိုးစားလိုက်ကြသည်။
ဒေါသဟာ နှလုံးသားကို တိုက်ခိုက်ခဲ့တာကြောင့် အဆိပ်များက အတွင်းအင်္ဂါရပ်ငါးခုစီသို့ ပိုမိုဝင်ရောက်သွားခဲ့သည်။
ဒီလိုသာဆက်ဖြစ်နေပါက သူတို့နှစ်ယောက်ဟာ ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်ဆိုရင်တောင် ဧကရာဇ်စန်းရိကို မကယ်တင်ပေးနိုင်မှာကို စိုးရိမ်မိပါရဲ့ !
" အရှင်မင်းကြီး.... အဲ့ဒီကောင်က အရှင်မင်းကြီးရဲ့ အမျက်ဒေါသနဲ့ မထိုက်တန်ပါဘူး။ "
" စိတ်ကိုအေးအေးထားပါ "
အဖိုးအိုက အလျှင်အမြန် ဖျောင်းဖြလိုက်သည်။
" ဒီဧကရာဇ် အဆင်ပြေပါတယ်။ "
" ဒီဧကရာဇ် သေမှာမဟုတ်ပါဘူး။ ကိုယ်တော် သူ့ကို ကျိန်းသေပေါက် မေးမြန်းရမယ်။ သူဘာကြောင့်များ ပုန်ကန်ရဲသလဲ ဆိုတာကိုပေါ့။ "
ဧကရာဇ်၏မျက်ဝန်းများမှာ အေးစက်ခက်ထန်နေခဲ့သည်။ သူဟာ အမျက်ဒေါသကို အပြင်းအထန် ဖိနှိပ်လိုက်ရသည်။ သူ၏ခန္ဓာကိုယ်ဟာလည်း ကြင်ယာတော်ယဲ့တို့နှစ်ယောက်၏ကုသမှုအောက်တွင် တဖြည်းဖြည်းချင်း ပြန်လည်၍ တည်ငြိမ်သွားခဲ့သည်။
" မောက်မာရဲတင်းလိုက်လေ ! "
" လန်လဲ့ မင်းက နတ်ဆိုးပဲ! "
အိပ်ဆောင်အပြင်ဖက်တွင် တော်ဝင်ဦးရီးတော်များက လန်လဲ့၏စကားကိုကြားလိုက်ရသည့်အခါ အမျက်ထွက်သွားကြသည်။ သူတို့က ကျယ်လောင်စွာ အော်ဟစ်မေးမြန်းလိုက်ရာ ကမ္ဘာလောကကြီးကတောင် တုန်ယင်သွားရ၏။
ထိုသို့အော်ဟစ်မေးလိုက်သည်နှင့်တပြိုင်နက် သူတို့ခန္ဓာကိုယ်ထံမှ ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်စွမ်းအားများ ပျံ့လွင့်ထွက်ပေါ်လာခဲ့ကာ နန်းတော်အပေါ်ဖက်ရှိ ကောင်းကင်ယံသည် အရောင်အသွေးပြောင်းလဲသွားခဲ့ရသည်။ ကောင်းကင်ကြီးတစ်ခုလုံးမှာ မဲမှောင်လာချေသည်။ မုန်တိုင်းကြီးနဲ့တူသော ပြင်းထန်သည့်စွမ်းအားအဟုန်သည် အရပ်လေးမျက်နှာသို့ တိုက်ခတ်သွားခဲ့ကာ မြင့်မားသောနန်းဆောင်ကြီးများကို တုန်ယမ်းသွားစေခဲ့သည်။
" ဒီဧကရာဇ်က ခင်များတို့ကို အညံ့ခံဖို့ အခွင့်အရေးတစ်ခုပေးမယ်။ အညံ့ခံမယ်ဆိုရင် ခင်များတို့ရဲ့အသက်ကို သက်ညှာပေးမယ် ! "
" ခင်များတို့က ခေါင်းမာနေမယ်ဆိုရင်တော့ ဒီဧကရာဇ်ကို ရက်စက်ခြင်းအတွက် အပြစ်မတင်နဲ့တော့။ "
ပြင်းထန်သောစွမ်းအားအဟုန်နဲ့ရင်ဆိုင်လိုက်ရသော်လည်း လန်လဲ့က ထူးမခြားနားစွာ ရှိနေခဲ့ပြီး တည်ငြိမ်အေးဆေးသောအသွင်ဖြင့် မတ်တပ်ရပ်နေခဲ့သည်။ သူ၏မျက်ဝန်းများက တော်ဝင်ဦးရီးတော်များကို စူးစိုက်ကြည့်လိုက်ကာ အေးစက်စွာ ပြောဆိုလိုက်လေသည်။