← Chapters

ကောင်းကင်ဘုံမှ တစ်ဝက်အောင်နိုင်ခြင်း

Vol. 3 Ch. 35

ကောင်းကင်ဘုံမှ တစ်ဝက်အောင်နိုင်ခြင်း

Vol. 3 Ch. 35

"အကြီးအကဲ ကွေ့ရှုန်း ၊ ကျွန်တော် ဘာလုပ်ရမလဲ"

ဝမ်ဖုန်းနှင့် အခြားသူများက လှေကားပေါ်သို့ တက်သွားပြီးနောက်တွင် ရှောက်ချန်ဖုန့်သည် ထိတ်လန့်နေသည့်အကြည့်ဖြင့် တိုးတိုးလေးမေးလိုက်ပြီး ရှောက်ချန်ဖုန့်၏ တစ်ကိုယ်လုံးက တုန်ယီနေခဲ့သည်။ အထူးသဖြင့် ဝမ်ဖုန်း၏ နောက်ဆုံး ခြိမ်းခြောက်မှုက သူ့အား ပို၍ပင် တုန်လှုပ်စေခဲ့၏!

စစ်ဖန့်ခန်းမ၏အကြီးအကဲများသည်လည်း ကြောက်ရွံ့နေခဲ့ကြသည်။ ဆန်းကြယ်အင်ပါယာ အစောပိုင်းအဆင့် ဖြစ်သည့် ‌အကြီးအကဲ ကွေ့ရှုနပင် သူ၏ လက်မောင်းများကို ဓားဖြင့်ခုတ်ပိုင်းခံခဲ့ရပေသည်။ တော်ဝင်မင်းသားအထွတ်အထိပ်အဆင့်သာရှိသည့် သူတို့က ဝမ်ဖုန်းအား မည်သို့ခုခံနိုင်ပါမည်နည်း။ ကြောက်မက်ဖွယ်ရာပုဂ္ဂိုလ်တစ်ယောက်ပင်!!

ရှောက်ချန်ဖုန့်၏ ကြောက်လန့်နေသည့်အသွင်အပြင်အား မြင်တွေ့လိုက်ရသည့် ကျင့်ကြံသူများသည် သူတို့၏မျက်နှာထက်တွင်လည်း ပျော်ရွှင်မှုတစ်ခုထွက်ပေါ်လာခဲ့သည်။ ရှောက်ချန်ဖုန်းသည် စစ်ဖန့်ခန်းမ၏ သခင်လေးဖြစ်ပြီး သူ၏ အဆင့်အတန်းက သာမာန်ထက်ထူးခြားလေသည်။ သူသည် ယောင်ရီအင်ပါယာ၌ တော်ဝင်မိသားစု ကလေးများ၏ ဒုတိယဖြစ်လေသည်။

ထိုကဲ့သို့ ဂုဏ်သရေရှိသည့်သူများက ထိုကဲ့သို့ မခံမရပ်နိုင်အောင်ဖြစ်နေကြပြီး ဤသည်က ရှောက်ချန်ဖုန့်အား မော့ကြည့်ရန်လိုအပ်သည့် အောက်ခြေ၌ရှိသည့်သူတို့အား အလွန်ပျော်ရွှင်စေခဲ့သည်။ အထူးသဖြင့် ရှောက်ချန်ဖုန့်၏ ဂုဏ်သတင်းကဆိုးရွားနေသည့် အချိန်ဖြစ်လေသည်။

ခုနက သူတို့သည်လည်း ဝမ်ဖုန်းအား အထင်အမြင်သေးခဲ့သည်ကို မေ့လျော့သွားကာ ထိုအချိန်၌ ဝမ်ဖုန်းအား လေးစားကာ အလွန်အမင်းကြောက်လန့်နေခဲ့ကြသည်။

"မင်းမှာ ခန်းမသခင်ရဲ့ အသံလွှင့်အဆောင်ရှိတယ်မလား"

ရှောက်ချန်ဖုန့်၏ တုန်လှုပ်နေသည့် အသွင်အပြင်ကိုတွေ့ပြီး အကြီးအကဲ ကွေ့ရှုန်းသည် သူ၏ရင်ထဲမှ ဒေါသကိုဖိနှိပ်ကာ ညင်သာစွာပြောခဲ့သည်။

အရည်အချင်းမရှိသည့် ဤနန်းတော်သခင်လေးအတွက်ကြောင့်သာမဟုတ်ပါက သူက ဘယ်လိုလုပ် ဒီလိုအဆုံးသတ်နိုင်မှာလဲ? ဝမ်ဖုန်းအား မုန်းတီးနေစဉ်တွင် သူသည် ရှောက်ချန်ဖုန့်ကိုလည်း မုန်းတီးပေသည်။ သို့သော်လည်း ဒီတစ်ကြိမ်၌ ရှောက်ချန်ဖုန့် က မည်မျှပင် အရှက်ရခဲ့ပါစေ သူ၏အဆင့်အတန်းက ကွေ့ရှုံးအတွက် အဟန့်အတားတစ်ခုပင်!

သူ့အား တိတ်တဆိတ်မုန်းတီးနေလျှင်ပင် ရှောက်ချန်ဖုန့် အား ဆန့်ကျင်ရင်သတ္တိမရှိချေ။ သူက ရှောက်ချန်ဖုန့် နှင့် စစ်ဖန့် ခန်းမတစ်ခုလုံးအား ဝမ်ဖုန်းကို ကိုင်တွယ်ဖြေရှင်းရန် အသုံးချပေလိမ့်မည်!

သူက ဆန်းကြယ်အင်ပါယာအဆင့်သို့ ကျော်ဖြတ်ပြီးကတည်းက မည်သည့်နေရာသို့သွားသည်ဖြစ်စေ လေးလေးစားစား ဆက်ဆံမခံရတော့ပေ။ သူက ဘာလို့ ဒီလိုအဆုံးသတ်ရတာလဲ။

ဝမ်ဖုန်းအတွက်တော့ ချီမိန်ချွေရွှယ်၏ ခွန်အားကို ကြောက်လန့်သော်လည်း သူ့အား အရူးအမူး မုန်းတီးနေဆဲပင်။ ဝမ်ဖုန်း၏ အလောင်းအား အပိုင်း တစ်သောင်း ခုတ်ပိုင်းလိုက်ခြင်းကသာ သူ၏ မကျေနပ်မှုကို သက်သာစေနိုင်ပေမည်။ ဤသို့ပြုလုပ်ရန်အတွက် သူကိုယ်တိုင် ဘာမှမလုပ်နိုင်သည်ကို အကြီးအကဲ ကွေ့ရှုံး က သိထားပေသည်။ ဖြစ်နိုင်သည်မှာ စစ်ဖန့် ခန်းမတစ်ခုလုံးအပေါ်၌သာ မှီခိုနိုင်ပေသည်။

"ရှိတယ် ၊ အဖေက မသွားခင်တုန်းက အသံလွှင့်အဆောင်တစ်ခုကို ပေးခဲ့တယ်!"

အကြီးအကဲ ကွေ့ရှုန်း၏ စကားကိုကြားပြီး ရှောက်ချန်ဖုန့်က ခေါင်းငြိမ့်ခဲ့သည်။ အကြီးအကဲ ကွေ့ရှုန်း၏ ဆိုလိုရင်းကို သိနားလည်သည့်ပုံပင်။

"ခုချက်ချင်း ခန်းမသခင်ကို ဆက်သွယ်လိုက် ပြီးရင် ရှန်လင်မြို့က ဒီအရိုင်းအစိုင်းကောင်ကိုသတ်ဖို့ စစ်ဖန့် ခန်းမရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေကို ဦးဆောင်လာခဲ့ခိုင်းလိုက်! မဟုတ်ရင် ငါတို့အားလုံး သေသွားလိမ့်မယ်!"

အကြီးအကဲ ကွေ့ရှုန်း၏ မျက်လုံးထဲ၌ အလွန်တရာ မုန်းတီးမှုဖြင့် ပြည့်နှက်နေခဲ့သည်။

ရှောက်ချန်ဖုန့်ကသာလျှင် စစ်ဖန့်ခန်းမသခင်အား လှုပ်ရှားမှုကြီးတစ်ခုလုပ်ဆောင်ရန် လုပ်နိုင်ပေသည်။ တကယ်တော့ စစ်ဖန့် ခန်းမ၏ ခန်းမသခင်ပေ ရှောက်ချန်ဖုန့်ဟူသည့် သားတစ်ယောက်သာရှိပေသည်။ အရေးကြီးဆုံးအရာမှာ ရှောက်ချန်ဖုန့်၏ ဂုဏ်သတင်းက ဆိုးရွားသော်လည်း သူ၏ ကျင့်ကြံခြင်းက လုံးဝ မဆိုးရွားပေ!

ယေယင်ရီအင်ပါယာတစ်ခုလုံး၌ သူသည်လည်း ထိပ်တန်းအဆင့်ဝင်သူတစ်ဦးဖြစ်ပြီး စစ်ဖန့်ခန်းမ၏ အနာဂါတ်မျှော်လင့်ချက်ဟု သိကြလေသည်။

ထိုကဲ့သို့ အခြေအနေ၌ ရှောက်ချန်ဖုန့်သာ တစ်ခုခုဖြစ်သွားသည်နှင့်တစ်ပြိုင်နက် သူ၏ ချို့ယွင်းချက်ကို ကာကွယ်ရန်အတွက် ခန်းမသခင်က မည်မျှ အရူးအမူးဖြစ်နေမလဲဆိုသည်ကို အကြီးအကဲ ကွေ့ရှုန်းက တွေးကြည့်နိုင်ပေသည်။

"ဟုတ်ကဲ့ အဖေ့ကို အခုပဲဆက်သွယ်လိုက်ပါမယ်!" ဤသည်ကို ကြားသည့်အခါ၌ ရှောက်ချန်ဖုန့်သည် နောက်တစ်ကြိမ် ထပ်မံခံရသည်ဟု ခံစားရပြီး အလျင်စလိုပြောခဲ့သည်။ ထို့နောက် သူ၏အသိစိတ်ကို သိုလှောင်လက်စွပ်ထဲသို့ ပို့ကာ ရိုးရှင်းသည့် အသံလွှင့်အဆောင်အား သုံးခဲ့သည်။

"နောက်ထပ် ၊ ဘာလုပ်ရမလဲ"

စစ်ဖန့်နန်းတော်သခင်ထံသို့ သတင်းပို့ပြီးသည့် နောက်တွင် ရှောက်ချန်ဖုန့်သည် အကြီးအကဲ ကွေ့ရှုန်းအား ထပ်ကြည့်ကာ အော်ဟစ်၍မေးခဲ့သည်။

အကြီးအကဲ ကွေ့ရှုန်းသည် ဝမ်ဖုန်း၏ နောက်၌ရှိသည့် အားကောင်းသည့် ဓားသမားအား ခုခံနိုင်စွမ်းမရှိသော်လည်း နောက်ဆုံးတော့ သူက ဆန်းကြယ်အင်ပါယာအဆင့် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ပင်။ သူ၏ လက်မောင်းတစ်ဖက်အား ဆုံးရှုံးခဲ့ရလျှင်ပင် သူ၏ ခွန်အားက သာမန် တော်ဝင်မင်းသားအထွတ်အထိပ်အဆင့်ထက် မြင့်မားနေဆဲဖြစ်သည်။

"ခဏစောင့်ဦး!"

အကြီးအကဲ ကွေ့ရှုန်းသည် သက်ပြင်းတစ်ချက်ချခဲ့သော်လည်း ဘာမှမပြောခဲ့ပေ။ သူ၏ ခန္ဓာကိုယ်ထဲမှ ကြောက်ဖက်ဖွယ် ဓားဆန္ဒအား အတတ်နိုင်ဆုံး ဖိနှိပ်ရန် ကြိုးစားနေခဲ့သည်။

ချီမိန်ချွေရွှယ်၏ ဓားသည် သူ၏ လက်မောင်းကို ဖြတ်တောက်ပစ်ခဲ့ရုံသာမက သူ၏ ခန္ဓာကိုယ်အတွင်းသို့ ကြောက်မက်ဖွယ်ဓားဆန္ဒတစ်ခုကိုလည်း ထည့်သွင်းထားခဲ့ပြီး ခန္ဓာကိုယ်ထဲ၌ ဆက်တိုက်ဖျက်ဆီးနေခဲ့၏။ ကျင့်ကြံခြင်းကလည်း ထိန်းမထားနိုင်ချေ။

‌ဤအကြောင်းအားတွေးကာ အကြီးအကဲ ကွေ့ရှုန်းသည် ဝမ်ဖုန်းအား ပို၍ပင်သတ်ချင်လာခဲ့သည်!

"ကျွန်တော်က နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံမှာ မပါရတော့ဘူးလား" ရှောက်ချန်ဖုန့်က အော်၍မေးခဲ့သည်ယ နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံသည် ယောင်ရီအင်ပါယာအတွက် ကြီးကျယ်ခမ်းနားသည့် ပွဲတစ်ခုဖြစ်သည်။ အကယ်၍ ထိုပွဲအား လွှတ်သွားခဲ့ပါက နောက်တစ်ကြိမ်တက်ရောက်ရန် ထိုမျှမလွယ်တော့ချေ။ နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံ၏ စည်းမျဉ်းများက ကွဲပြားပေသည်။

"မင်းက သေချင်တယ်ဆိုရင် သွားပြီးတော့ ပြိုင်ချေ!" ရှောက်ချန်ဖုန့်၏ စကားကိုကြားပြီး အကြီးအကဲ ကွေ့ရှုန်းသည် ရှောက်ချောင်ဖုန့် ၏မေးခွန်းကိုကြားပြီး သူ့အား အရူးတစ်ယောက်ကဲ့သို့ကြည့်ကာ အသံနက်ကြီးဖြင့် အော်ပြောခဲ့သည်။

ဝမ်ဖုန်းနှင့်အခြားသူများက ဤနတ်ဆိုးချိပ်ပိတ်ခြင်း ညီလာခံ၌ ပါဝင်ရန် လာခဲ့ကြသည်ကို စဉ်းစားကြည့်စရာမလိုခဲ့ပေ။ ဝမ်ဖုန်းနှင့် အခြားဂိုဏ်းတပည့်များက မည်မျှအားကောင်းသည်ကို မသိသော်လည်း ဝမ်ဖုန်းဘေးမှ ဓားသမားကိုသာ မှီခိုနိုင်ပေသည်။ ကျွမ်းကျင်သူများက သူတို့ဂိုဏ်းတပည့်များ၏ ခွန်အားကို သုံးသပ်နိုင်ပေသည်။

ထို့အပြင် ရှောက်ချန်ဖုန့်သည် ဝမ်ဖုန်း၏ လက်ဖဝါးကြောင့်အပြင်းအထန်ဒဏ်ရာရခဲ့ပေသည်။ ဤသည်က အလစ်ငိုက်ဖမ်းတိုက်ခိုက်မှုတစ်ခုဖြစ်လျှင်ပင် ဝမ်ဖုန်း၏ခွန်အားက ရှောက်ချန်ဖုန့် ထက် ပို၍ အင်အားကြီးသည်ကို မြင်နိုင်ပေသည်။ နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံအား လက်လျော့ရန်နည်းလမ်းမရှိချေ။

နောက်ဆုံးတော့ နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံ၌ ဝမ်ဖုန်းနှင့်အခြားသူများ၏ အန္တရာယ်သာမက နတ်ဆိုးဆန်သည့် မကောင်းဆိုးဝါးများထံမှ အန္တရာယ်လည်းရှိပေသည်။

အကြီးအကဲ ကွေ့ရှုန်သည် ရှောက်ချန်ဖုန့်အား အာရုံမစိုက်ချင်တော့ဘဲ လှည့်ထွက်လာခဲ့သည်။ သူသည် ထိုကျင့်ကြံသူများ၏ ဝန်းရံခံထားရခြင်းကို အမှန်တကယ် မလိုချင်ခဲ့ပေ။ ယနေ့တွင် စစ်ဖန့်ခန်းမ၏အကြီးအကဲဖြစ်သည့် သူသည် လုံးဝ မျက်နှာပျက်ခဲ့လေပြီ!

အကြီးအကဲ ကွေ့ရှုန်း ၏အသံကိုကြားပြီး ရှောက်ချောင်ဖုန့်သည် တစ်ကိုယ်လုံးတုန်ယင်လာခဲ့ပြီး သူ၏မျက်နှာထက်၌ ကြောက်လန့်သည့်အရိပ်အယောင်ပေါ်လာခဲ့ပြီး အကြီးအကဲ ကွေ့ရှုန်းနောက်သို့ လျင်မြန်စွာလိုက်လာခဲ့၏!

အကြီးအကဲ ကွေ့ရှုန်း နှင့် အခြားသူများ ထွက်သွားသည်ကို တွေ့ပြီး ရှိနေသည့် အခြားသူများကလည်း သက်ပြင်းချခဲ့ကြသည်။ ယောင်ရီအင်ပါယာ၏ ထိပ်တန်း ဂုဏ်သရေရှိဂိုဏ်းတစ်ဂိုဏ်းဖြစ်သည့် စစ်ဖန့် ခန်းမ၏ သ‌ခင်လေးနှင့် ဆန်းကြယ်အင်ပါယာအဆင့် ဆရာသခင်များတွင် တစ်နေ့တွင် ကျဆုံးရမည့်အချိန်ရှိလာမည်ဟု ထင်မထားခဲ့ကြချေ။

.............

ဝမ်ဖုန်းနှင့်အခြားသူများက ချင်းယွမ်စံအိမ်၏ ပဉ္စမမြောက်အထပ်သို့ အကြီးအကဲ ချင်းရှန့်နောက်မှလိုက်လာကြသည့်အခါ၌ ဝမ်ဖုန်းသည် အံ့ဩသွားခဲ့သည်။

ပဉ္စမထပ်၌ ခန်းခတစ်ခုရှိပြီး ခန်းမပတ်ပတ်လည်၌ အကန့်များရှိသည်ကို တွေ့ခဲ့ရသည်။ ထိုအချိန်၌ ခန်းမထဲ၌ လူများဖြင့် ပြည့်နှက်နေပြီး တစ်ယောက်ချင်းစီအား အားကောင်းသည့် အရှိန်အဝါရှိသည့် လူတစ်ယောက်က ဦးဆောင်ထားခဲ့သည်။ သူတို့နောက်၌ ချောမောသည့် အမျိုးသားများနှင့် လှပသည့် အမျိုးသမီးတစ်စုက နောက်မှလိုက်လာခဲ့သည်။

"အကြီးအကဲ ချင်းရှန့် ကို နှုတ်ဆက်ပါတယ်။ တာအိုရောင်းရင်းတို့ကို နှုတ်ဆက်ပါတယ်။ အကြီးအကဲ ချင်းကျူး ကို နှုတ်ဆက်ပါတယ်!"

ဝမ်ဖုန်းနှင့် အခြားသူများပေါ်လာသည့်အခါ၌ သူတို့အားလုံးသည် မျက်နှာထက်တွင် ကြင်နာသည့်အပြုံးတစ်ခုအား ဆင်မြန်းကာ ဝမ်ဖုန်းနှင့် အခြားသူများအား နှုတ်ဆက်ခဲ့ကြသည်။

ဤမြင်ကွင်းကိုတွေ့ပြီး ဝမ်ဖုန်း၏ နှုတ်ခမ်းများက အနည်းငယ်ပြုံးခဲ့သည်။ သူသည် ပဉ္စမအထပ်သို့ အကြီးအကဲ ချင်းရှန့် နောက်မှ လိုက်လာရင်း အကြီးအကဲ ချင်းရှန့် ထံမှ လေ့လာခဲ့ပြီး ပဉ္စမထပ်တွင် ထိပ်တန်းဂိုဏ်းများ၏ စွမ်းအားကြီးပုဂ္ဂိုလ်များသာ ဝင်ရောက်နိုင်သည်ကိုသိခဲ့ရသည်။

အမှန်တကယ်တော့ သင့်လျော်သည့် အဟန့်အတားက သက်ရောက်မှုရှိနေဆဲပင်။ ထိုသို့မဟုတ်ပါက ယခုလို ယဉ်ကျေးနေကြမည်မဟုတ်ပေ!

"တာအိုရောင်းရင်းတို့ကို နှုတ်ဆက်ပါတယ်!" ဝမ်ဖုန်းသည် ဘဝင်မြင့်မနေဘဲ တူညီသည့် ကြင်နာမှုဖြင့် ပြုံးပြခဲ့သည်။ သူက ယောင်ရီအင်ပါယာနှင့် ရန်သူဖြစ်ရန် ရည်ရွယ်ထားပြီး ထိုလူများက သူ၏ ရန်သူဖြစ်လာရန် ဖြစ်နိုင်ချေရှိသော်လည်း သူတို့က မခွာပြဲရသေးပေ။

"အားလုံးပဲ ဒီတာအိုရောင်းရင်း က ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဝမ်ဖုန်း !" အကြီးအကဲ ချင်းရှန့် သည် သူ၏ အိုမင်းနေသည့် မျက်နှာထက်တွင် အပြုံးတစ်ခုဆင်မြန်းကာ ဝမ်ဖုန်းအား ညွှန်ပြပြီး မိတ်ဆက်ပေးခဲ့သည်။

"ဂိုဏ်းချုပ် ဝမ် က ငယ်ငယ်လေးနဲ့ ကိစ္စကြီးတစ်ခုကို တာဝန်ယူထားတာ။ တကယ်ကို အံ့အားသင့်စရာပါပဲ!"

"ဟုတ်ပါ့ဗျာ ၊ တာဝန်ယူနိုင်စွမ်းကတော့ သာမန်မဟုတ်ဘူးပဲ။ လူငယ်မျိုးဆက်တွေကြားထဲမှာ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အောင်မြင်မှုတွေက တကယ်ကို အားကျလောက်စရာပါပဲ!"

"ရှန်ရှန့်ကျုံဂိုဏ်းက ဘယ်မှာရှိလဲဆိုတာ မသိရပါလား။ အချိန်ရတဲ့အခါကျရင် သေချာပေါက် အလည်လာပါဦးမယ်"

အကြီးအကဲ ချင်းရှန့်၏ စကားများထွက်လာသည့်အခါ၌ ရှိနေသည့် ဂိုဏ်းများ၏ အင်အားကြီးပုဂ္ဂိုလ်များသည် ဝမ်ဖုန်းအား အပြုံးဖြင့် လာရောက် စကားပြောကြ‌လေသည်။ ထိုအပြုအမူအား အခြားသူများက တွေ့သွားပါက အလွန်ထိတ်လန့်သွားကြပေလိမ့်မည်။

ယောင်ရီအင်ပါယာ၏ ဂုဏ်သရေရှိဂိုဏ်းကြီးများမှ ဆန်းကြယ်အင်ပါယာအဆင့် စွမ်းအားကြီးပုဂ္ဂိုလ်များက ဝမ်ဖုန်းကဲ့သို့ လူငယ်လေးတစ်ယောက်အား ထိုသို့ ယဉ်ကျေးစွာဆက်ဆံနေခဲ့သည်။ မြင်သည့်သူတိုင်းက ထိတ်လန့်သွားကြမည်ကို စိုးရိမ်မိပေသည်။

"ကျုပ်ရဲ့ ရှန်ရှန့်ကျုံဂိုဏ်းက ရှင်းယောင်တောင်တန်းရဲ့ အပြင်ဘက်က တောင်ကြားထဲမှာရှိပါတယ်။ တကယ်လို့ အလည်အပတ်လာချင်တယ်ဆိုရင် ဒီဂိုဏ်းက အချိန်မရွေးကြိုဆိုပါတယ်!" ထိုစွမ်းအားကြီးပုဂ္ဂိုလ်များ၏ စကားများကို ကြားသည့်အခါ၌ ဝမ်ဖုန်းသည် ဖုံးကွယ်မထားခဲ့ဘဲ ချက်ချင်းပြုံးပြခဲ့သည်။

ဒီလူများက ရှန်ရှန့်ကျုံဂိုဏ်း၏ အ‌သေးစိတ်ကို သိချင်နေကြပေသည်။ သူက ဘာလို့ ဒီလူတွေကနေတစ်ဆင့် သူ့ရဲ့ ရှန်ရှန့်ကျုံဂိုဏ်းနာမည်ကို မဖြန့်ချင်ရမှာလဲ။

"ဟမ်? ဂိုဏ်းချုပ် ဝမ် ကျုပ်သိထားသလောက်တော့ ရှင်းယောင်တောင်တန်းရဲ့ အစွန်အဖျားမှာ ရှန်ရှန့်ကျုံဂိုဏ်းလိုမျိုး စွမ်းအားကြီးတဲ့ဂိုဏ်းတစ်ဂိုဏ်းမှမရှိပါလား။ ဂိုဏ်းချုပ် ဝမ် က ကျုပ် နှောင့်ယှက်မှာစိုးပြီး ဂိုဏ်းရဲ့ တည်နေရာအမှန်ကို ပြောဖို့ ငြင်းဆိုနေတာများလား" ဝမ်ဖုန်း၏ စကားများကို ကြားသည့်အခါ၌ ဆန်းကြယ်အင်ပါယာအဆင့်တစ်ယောက်က ရုတ်တရက်ပြောခဲ့သည်။

"ဟုတ်တယ်။ ဂိုဏ်းချုပ် ဝမ် ကျုပ်လည်း ရှင်းယောင်တောင်တန်းရဲ့ အစွန်အဖျားမှာ အချိန်အတော်ကြာ မနေဖူးပေမယ့် ရှင်းယောင်တောင်တန်းရဲ့ အပြင်ဘက်မှာ ရှိတဲ့ ဂိုဏ်းတွေအကြောင်း တော်တော်များများသိပါတယ်" တခြားတစ်ယောက်ကလည်း ပြောခဲ့သည်။

ဆန်းကြယ်အင်ပါအဆင့် တစ်ယောက်၏လက်မောင်းအား ဓားတစ်ချောင်းတည်းဖြင့် ဖြတ်လိုက်နိုင်သည့် ကြောက်မက်ဖွယ်ကောင်းသည့် လုပ်နိုင်စွမ်းရှိသည့် ဂိုဏ်းတစ်ဂိုဏ်းက အလွန်စွမ်းအားကြီးရပေမည်။ ရှင်းယောင်တောင်တန်း၏ အစွန်အဖျား၌ မည်ကဲ့သို့ ရှိနေနိုင်ပါမည်နည်း။ ထိုသို့ ရှိခဲ့ပါက သူတို့၏ ထိပ်တန်းဂိုဏ်းများက အချိန်အတော်ကြာကတည်းက ရှာတွေ့ခဲ့ပေလိမ့်မည်။

ဂိုဏ်းအသီးသီး၏ စကားများထွက်လာပြီးသည့်နောက်တွင် ချင်းရှန့်နှင့် ကျူးချင်းသည်လည်း ဝမ်ဖုန်း အားအာရုံစိုက်လာကာ သူတို့၏ မျက်လုံးထဲ၌ အလင်းတန်းများ ရှိနေခဲ့သည်။ သူတို့သည်လည်း ဝမ်ဖုန်း၏ အသေးစိတ်အချက်အလက်များ ဖြစ်စေ ၊ ရှန်ရှန့်ကျုံဂိုဏ်း၏ အသေးစိတ်အချက်အလက်များကိုဖြစ်စေ သိချင်ခဲ့ကြသည်...

ရှန်ရှန့်ကျုံဂိုဏ်းသည် အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး အလွန်တရာ စွမ်းအားကြီးကာ ချီမိန်ချွေရွှယ်တစ်ယောက်တည်းကပင် ထိုထိပ်တန်းဂိုဏ်းများအား အလွန်အမင်း မနာလိုဖြစ်စေရန် လုံလောက်ပေသည်။

ထိုလူများ၏ သံသယများကို ကြားပြီးနောက်တွင် ဝမ်ဖုန်းသည် ပြုံးကာ တံတွေးမြိုချခဲ့ပြီး လည်ချောင်းရှင်းကာ ကျယ်လောင်စွာအော်ပြောခဲ့သည် : "အားလုံးပဲ ၊ အရိုးသားဆုံးပြောကြပါစို့ ။ ကျုပ်ရဲ့ ရှန်ရှန့်ကျုံဂိုဏ်းက ရှေးဟောင်းဂိုဏ်းတစ်ခုဖြစ်ပါ။ လတ်တလောကမှ ပြန်လည်ထွက်ပေါ်လာခဲ့တာပါ။ ကျုပ်က နတ်ဆိုးချိပ်ပိတ်ခြင်း ညီလာခံ ဖွင့်ပွဲမှာ တပည့်တွေကို တက်ရောက်ဖို့ ခေါ်လာခဲ့ပြီး သူတို့ကို လေ့ကျင့်ဖို့ အခွင့်အရေးပေးချင်ရုံပါပဲ!"

"ရှန်ရှန့်ကျုံဂိုဏ်းရဲ့ မျိုးဆက်ငါးဆက်မြောက်ဂိုဏ်းချုပ်ကို ထုန်ထျန်းဂိုဏ်းချုပ်လို့ အမည်ရပြီး ထုံထျန်း(ဆန်းကြယ်သူတော်စင်)အခြေခံကျင့်ကြံခြင်းရှိပါတယ်။ သူက မိုးကောင်းကင်ကို ဆန့်ကျင်တဲ့အခါမှာ မိုးကောင်းကင်ရဲ့လက်မှာကျရှုံးခဲ့ပြီး ကောင်းကင်ကျိန်စာတိုက်ခံခဲ့ရတာကြောင့် ကျုပ်ရဲ့ ရှန်ရှန့်ကျုံဂိုဏ်းက ကောင်းကင်ရဲ့ ကျိန်စာကို ရှောင်ရှားဖို့ ပုန်းကွယ်နေခဲ့ရတယ်!"

"ရှန်ရှန့်ကျုံဂိုဏ်းက ပုန်းကွယ်နေခဲ့ရပေမယ့် ဂိုဏ်းကိုစီမံခန့်ခွဲဖို့ အမြဲတမ်းကြိုးစားနေခဲ့တာ။ ပြီးခဲ့တဲ့ ကာလကတည်းက ကျုပ်က ‌မိုးကောင်းကင်ရဲ့ ကျိန်စာကိုချိုးဖျက်ဖို့ ကြိုးစားနေခဲ့တယ်။ ကံကောင်းချင်တော့ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ မျိုးဆက်ကိုးဆက်မြောက်ဂိုဏ်းချုပ် ဖြစ်တဲ့ မဟာသူတော်စင် ချီထျန်းထွက်ပေါ်လာခဲ့ပြီး နောက်ဆုံးမှာ မိုးကောင်းကင်ရဲ့ ကျိန်စာကို ချိုးဖျက်နိုင်ခဲ့ပြီး ဂိုဏ်းက နေရောင်ကို ပြန်မြင်ခဲ့ရတယ်!"

"မဟာသူတော်စင်ကြီးကလည်း မိုးကောင်းကင်ရဲ့ ကျိန်စာကိုချိုးဖျက်ခဲ့တာကြောင့် သေဆုံးသွားခဲ့ပြီး ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရာထူးက လွှဲပြောင်းခဲ့ရတယ်။ ဒါက ဒီဂိုဏ်းရဲ့ နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံကိုပထမဆုံးအကြိမ်ပါဝင်တာပါ"

All Chapters