← Chapters

လုယက်ခြင်း၏ဘုရင်

Vol. 22 Ch. 296

လုယက်ခြင်း၏ဘုရင်

Vol. 22 Ch. 296

ဝမ်ဖုန်းက အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စု လေးစု၏ စွမ်းအားရှင်များကို သုတ်သင်ပစ်လိုက်သည်နှင့် တစ်ချိန်တည်းတွင် လျှို့ဝှက်နယ်မြေအတွင်း၌ ကုချိုးနှင့် ကုကန်းချိုးတို့သည် လျှိုမြောင်ကြီးတစ်ခုအတွင်း၌ သက်တောင့်သက်သာ လမ်းလျှောက်နေကြသည်။ 

ဤလျှို့ဝှက်နယ်မြေကို ဒဏ္ဍာရီလာ ကြယ်ကိုးပွင့်တာအိုနတ်ဘုရားတစ်ပါးက ဖန်တီးခဲ့ခြင်းဖြစ်ကာ ရှေဟောင်းအမွေအနှစ်များစွာ ပါဝင်နေပေသည်။ ဤလျှို့ဝှက်နယ်မြေသည် ထျန်းလန်ဒေသတစ်ခုလုံးနှင့် နှိုင်းယှဥ်ပါက အလွန်အမင်းသေးငယ်သော်လည်း ၎င်းအတွင်းရှိ နေရာလွတ်မှာ ကီလိုမီတာသန်းချီ ကျယ်ဝန်းလေသည်။ ဤသည်ကို ကမ္ဘာငယ်လေးတစ်ခုဟူ၍တောင် ခေါ်၍ရလေသည်။ 

"အစ်ကို... ကျုပ်တို့ဒီလိုလုပ်တာ မှန်ရဲ့လား?" ကုချိုးသည် လမ်းလျှောက်နေရင်းမှ လေသံတိုးတိုးဖြင့် ပြောဆိုလိုက်သည်။

"ဒီအကြံအစည်ကို ဦးဏှောက်ကို အသားကုန်ခြစ်ထုတ်ပြီးမှ ရန်သူတွေကို ဆွဲဆောင်ဖို့ ဒီအစ်ကိုကြီးက ဗျူဟာခင်းခဲ့တာကွ... အလုပ်ဖြစ်လိမ့်မယ်လို့ မင်းထင်လား?" ကုကန်းချိုးသည် ကုချိုးကိုကြည့်ကာ လှမ်း၍ပြောဆိုလိုက်သည်။

"ကျိန်းသေပေါက် အလုပ်ဖြစ်မှာပေါ့..." ကုချိုးက ခေါင်းကို လျှင်မြန်စွာ ခါယမ်းလိုက်ပြီး ပြောဆိုလိုက်သည်။

သူတို့လျှို့ဝှက်နယ်မြေအတွင်း ဝင်ရောက်လာပြီးသည့်နောက်တွင် ကုချိုးတို့ ညီနောင်နှစ်ယောက်သည် နေရာဒေသတစ်ခွင်ကို လှည့်လည်သွားလာခဲ့သည်။ တာအိုဧကရာဇ်အဆင့် ကျင့်ကြံခြင်း စွမ်းအားအပါ အဝင် အဆမတန်မြင့်မားသော တိုက်ပွဲဝင်စွမ်း အားကို အားကိုးလျက် သူတို့သည် လျှို့ဝှက်နယ်မြေအ တွင်း၌ များစွာသော လူငယ်ပါရမီရှင်များကို ဓါးပြ တိုက်ခဲ့လေသည်။

ထို့အတွက်ကြောင့် ကုချိုးတို့ညီနောင်နှစ်ယောက်၏ အမည်နာမများသည် လျှို့ဝှက်နယ်မြေကြီးတစ်ခုလုံး၌ လုယက်ခြင်းဘုရင်ဟူ၍ ကျော်ကြားလာခဲ့၏။

ဟုတ်ပါပေသည် ၊ ကုချိုးတို့ညီနောင်နှစ်ယောက် ကျော်ကြားလာရသည့် အကြောင်းရင်းမှာ သူတို့လုယက်ခဲ့သော ထိပ်တန်းပါရမီရှင်များကြောင့်သာ ဖြစ်သည်။ ပို၍အရေးကြီးသည်က အဆိုပါညီနောင်နှစ်ယောက်သည် အမှတ်များကို ဓါးပြတိုက် လုယူရုံသာမက လူငယ်မျိုးဆက်များ ပါလာခဲ့ကြသော ချမ်း သာကြွယ်ဝမှုများကိုပါ ဓါးပြတိုက်ခဲ့သည်။

အမှတ်များကို ဓါးပြတိုက်သည်ဆိုပါက အဆင်ပြေပါသေးသည်။ သို့ပါသော်လည်း အဝတ်များကိုတောင် ချွတ်၍ လုယက်ခဲ့သည်။ ကုချိုးညီနောင်နှစ်ယောက်၏ ဓါးပြတိုက်ခြင်း ခံရသူများသည် သေဆုံးမသွားကြသော်လည်း အဝတ်ဗလာဖြစ်နေခဲ့သည်။ သူတို့ဟာ အရေးကြီးသော နေရာများကို ဖုံးကွယ်ထားသည့် အဝတ်အပိုင်းအစလေးများသာ ကျန်ရစ်ခဲ့သည်။ ဤသည်က ရှက်ဖွယ်လိလိပင်။

ထိပ်တန်းလူငယ်ပါရမီရှင်များသည် သူတို့ဘဝသက် တမ်းတစ်လျှောက်လုံး၌ ထိုမျှလောက်ထိ အရှက်မရဖူးပေ။

ထို့အတွက်ကြောင့် ကုချိုးတို့ညီနောင်နှစ်ယောက်သည် နာမည်ကျော်ကြားလာသလို တစ်ချိန်တည်းမှာပဲ လူမုန်းများလာခဲ့သည်။ ကုချိုးတို့ညီနောင်နှစ်ယောက်၏ လုယက်ခြင်းခံလိုက်ရသော လူငယ်မျိုး ဆက်များသည် အသက်မသေဆုံးသော်လည်း အရှက်ဖြန်းဖြန်း ကွဲခဲ့ရသည်။ သူတို့အတွက်တော့ သေဆုံးရတာကတောင်မှ ပိုကောင်းပေလိမ့်မည်။

ကုချိုးတို့ညီအစ်ကိုနှစ်ယောက် ပိုမိုလုယက်လေလေသူတို့ညီနောင်နှစ်ယောက်ကို လူငယ်မျိုးဆက်များက ပိုမိုမုန်းတီးလေလေဖြစ်သည်။ သူတို့က တဖြည်း ဖြည်းလူစုမိလာကြပြီး နောက်ဆုံးမှာတော့ ဒါဇင်ချီသော ထိပ်တန်းပါရမီများ စုမိလာကြသည်။ သူတို့အုပ်စုကြီးထဲတွင် တာအိုဧကရာဇ် ၁၀ ယောက်တောင်ပါဝင်လေသည်။ အဆိုပါ ထိပ်တန်းလူငယ်မျိူးဆက်များသည် လျှို့ဝှက်နယ်မြေအတွင်း၌ အရူးအမူး လှည့်လည်သွားလာခဲ့ကြပြီး ကုချိုးတိုညီနောင်နှစ်ယောက်ကို လက်စားချေရန် လိုက်လံရှာဖွေကြတော့သည်။ 

အဝတ်ဗလာဖြင့် လူတစ်စု လျှို့ဝှက်နယ်မြေအတွင်း လှည့်လည်သွားလာနေကြတာကို တွေ့မြင်လိုက်ရသည့်အခါ ကျန်သောလူတစ်စုကလည်း ပြပွဲကောင်းကြည့်ရှုရန်နှင့် ကုချိုးတို့ညီနောင်နှစ်ယောက်ထံမှ အမှတ်များကို လုယူရန်အတွက် ၎င်းအုပ်စုကြီးနောက် တစ်စတစ်စ လိုက်ပါသွားခဲ့သည်။

ထိုလူအုပ်စုမှာ အရမ်းစွမ်းအားကြီးမားလှပြီး အဆိုပါသတင်းကလည်း ကုချိုးတို့ ညီနောင်နှစ်ယောက်၏ နားအထိတောင် ပျံ့နှံ့သွားသည်။ ညီနောင်နှစ်ယောက်သည် သူ့တိုကိုယ်သူတို့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခြင်းမရှိဘဲ ပိုလို့တောင်မောက်မာ ထောင် လွှားလာကြသည်။ သို့ပါသော်လည်း ၎င်းညီနောင်နှစ်ယောက်မှာ အရူးများတော့ မဟုတ်ကြပါပေ။ သူတို့က ဤအခွင့်အရေးကို အသုံးပြု၍ လျှို့ဝှက်နယ်မြေအတွင်းရှိ လူငယ်မျိုးဆက်များကို အနိုင်ကျင့်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ဒါက... ပြပွဲကောင်းတစ်ခုပဲကွ...

အဆိုပါနည်းဗျူဟာကို အစ်ကိုကြီးဖြစ်သူ ကုကန်းချိုးမှ ကိုယ်တိုင်ကိုယ်ကျ စဥ်းစားဆုံးဖြတ်ခဲ့ခြင်းပင်။ 

ကုချိုးညီနောင်နှစ်ယောက်ကို ငါးစာအဖြစ် အသုံးပြုပြီးနောက် လူတိုင်းလှုပ်ရှားလာကြသည့်အချိန်တွင် အမှောင်ထုအတွင်း၌ ပုန်းကွယ်နေသော ဖူမျိုးနွယ်စုနှင့် ကျုံးကျီတို့က ထွက်ပေါ်လာမှာဖြစ်သည်။ ယင်းနောက် သူတို့က ပူးပေါင်း၍ လူငယ်မျိုးဆက်များကို တိုက်ခိုက်လုယက်ကြမည်။ အဆိုပါလူငယ်မျိုးဆက်များ ရောက်လာသည့်အခါ သူတို့ ဘယ် လောက်လူများပါစေ အားလုံးကျရှုံးကြရမှာပင်။

ညီအစ်ကိုနှစ်ယောက်သည် လမ်းလျှောက်ရင်းမှ ပို၍ပို၍ မောက်မာလာကြသည်။ သူတို့၏ ခြေလှမ်းများမှာ ပိုမိုသွက်လက်လာကြပြီး သူတို့ဟာ ခေါင်းကို မြင့်မြင့်မော့လျက် လက်များကိုလည်း လေထုအတွင်း၌ ဝှေ့ယမ်းနေကြသည်။ ၎င်းမောက်မာသော စိတ်နေသဘောထားက ကျုံးကျီနှင့် အခြားသောလူများ၏ နှုတ်ခမ်းထောင့်စွန်းများကို တွန့်ကွေးသွားစေခဲ့သည်။ သူတို့သာ တစ်ဖွဲ့တည်းမဟုတ်ပါက သူတို့လည်းပဲ ကုချိုးတို့ညီနောင်နှစ်ယောက်ကို တိုက်ခိုက်ချင်နေမှာပဲ ဖြစ်တော့သည်။

တစ်ချိန်တည်းမှာပဲ လျှိုမြောင်ကြီးနှင့် မိုင်တစ်ရာလောက်ကွာဝေးသော တောအုပ်ကြီးထဲတွင် ဒါဇင်ချီသော လူများထွက်ပေါ်လာကြသည်။ သူတို့၏ ခန္ဓာ ကိုယ်ပေါ်မှာ အဆုံးအစမဲ့သော သတ်ဖြတ်ခြင်း အရှိန်အဝါများ ရှိနေခဲ့ပြီး သူတို့ခန္ဓာကိုယ်ကိုတော့ သစ်ရွက်သစ်ခက်များဖြင့် ဖုံးကာထားခဲ့သည်။ သူတို့အားလုံးက ကုချိုးတို့ညီနောင်နှစ်ယောက်၏ လုယက်ခြင်းခံလိုက်ရသော လူငယ်ပါရမီရှင်များပင်။

"အဲ့ဒီသတင်းက အမှန်ပဲလား?... အဲ့ဒီလူယုတ်မာနှစ်ကောင် တစ်ကယ်ပဲလျှိုမြောင်ထဲမှာ ရှိနေတာလား?.. " ကျိယွင်သည် ခက်ထန်စွာ မေးမြန်းလိုက်ပြီး ပြင်းထန်သော သတ်ဖြတ်ငွေ့များက သူမ၏ လှပသော မျက်နှာလေးထက်မှ ပေါ်ပေါက်လာခဲ့သည်။ သူမက ဘယ်တုန်းကမှ ဒီလောက်အရှက်မရဖူးခဲ့ပေ။

သူမလို လှပနုနယ်သော အမျိုးသမီးလေးသည် ယောင်္ကျားရင့်မာကြီးနှစ်ယောက်၏ လုယက်ခြင်းကို ခံခဲ့ရသည်။ လုယက်ရာ၌လည်း အမှတ်များ ပိုက်ဆံများကို လုယက်ရုံသာမက အဝတ်များကိုပါ လုယက်ခံလိုက်ရချေသည်။ သူမဟာ ကျိမျိုးနွယ်စုမှ ထိပ်တန်းအလှပဂေး ၁၀ ယောက်အနက် တစ်ယောက်အပါဝင်ဖြစ်သည်။ သူမသည် ထျန်းလန်ဒေသတစ်ခုလုံး၌ ထိပ်တန်းအလှနတ်မိမယ် ၁၀ ယောက်စာရင်း၌ မပါဝင်သော်လည်း သူမ၏ ကိုယ်ပိုင်မျိုးနွယ်စုမှာတော့ ထိပ်တန်းအလှနတ်သမီးလေးသာ။ သူမ၏ ကျင့်ကြံဆင့်ကလည်း တာအိုဧကရာဇ်အဆင့်ကို ရောက်ရှိနေခဲ့သည်။ 

အဆိုပါအရူးညီနောင်က ကျိယွင်ကို ကြီးကြီးမားမား အရှက်ကွဲစေခဲ့သည်။ ကုညီနောင်လုယက်ခဲ့စဥ်က အမျိုးသမီးငယ်လေးသည် အဝတ်ဗလာဖြင့် ရပ်နေခဲ့လေသည်။ သူမ၏ ရင်သားများမှာလည်း အလွန်သေးငယ်နေသည့်အပြင် ထိုညီနောင်က တစ်ချက်တောင် လှည့်မကြည့်ခဲ့ပါချေ။ 

ထိုအချိန်က အားမတန်မာန်လျော့ ခဲ့ရ၍သာမဟုတ်ပါက ကျိယွင်သည် အဆိုပါညီနောင်နှစ်ယောက်၏ ပါးစပ်များကို လုံးဝကို ဆွဲဖြဲပစ်ချင်ခဲ့သည်။ 

ထိုအကြောင်းပိုတွေးတွေးလေလေ ကျိယွင်တစ်ယောက် ပိုမိုဒေါသထွက်လာလေလေပင်။ အလျှင်အမြန် သစ်ရွက်သစ်ခက်များကို ဖုံးလွှမ်းလိုက်ပြီးနောက် သူမက လူယုတ်များ လုယက်ခံလိုက်ရသော ထိပ် တန်းလူငယ်မျိုးဆက်များအဖွဲ့နှင့် ပူးပေါင်းလိုက်ကာ ထိုညီနောင်နှစ်ယောက်ကို အပိုင်းပိုင်းအစစ ဖြတ်တောက်ပစ်ရန် စီစဥ်ခဲ့သည်။ 

"အမှန်ပါကွ.... သူတို့နှစ်ယောက်ကို ဒီလျှိမြောင်ကြီးထဲမှာ တစ်ယောက်ယောက်က တွေ့ခဲ့ရတယ်... သူတို့အဲ့ဒီနေရာမှာ ရှိရှိမရှိရှိ ငါတို့ ဒီလျှိုမြောင်ကြီးကို ပတ်ပတ်လည်အရင်ဦးဆုံး ဝိုင်းရံ ပိတ်ဆို့ရမယ် ၊ အဲ့ဒီညီ အစ်ကို နှစ်ယောက်က ငါတို့ကို ကြီးကြီးမားမား အရှက်ရစေခဲ့တယ်... သူတို့ကို လွယ်လွယ်ကူကူ သေခွင့်မပေးနိုင်ဘူး"

"ဟုတ်တယ်... အဲ့ဒီညီအစ်ကို နှစ်ယောက်ကို ကမ္ဘာပေါ်မှာ အရက်စက်ဆုံး နည်းလမ်းနဲ့ အ​ပြစ်ပေးရမယ်..."

ထိပ်တန်းလူငယ်မျိုးဆက်များသည် တစ်ယောက် တစ်ပေါက် ပြောဆိုလာခဲ့ကြကာ သူတို့၏ မျက်လုံးများမှာ စွေးစွေးနီနေခဲ့ကြသည်။ တောအုပ်အတွင်းရှိ လေထု၏ အပူချိန်သည် သုညမှတ်ထိအောင် ထိုးကျသွားခဲ့ပုံပေါ်တယ်။

ထိုလူငယ်မျိုးဆက်များတွင် ကျိယွင်အပါအဝင် စုစုပေါင်း လူ ၃၅ ယောက်ပါဝင်သည်။ ဤတို့အထဲမှ ဆယ်ယောက်သည် တာအိုဧကရာဇ်အဆင့် စွမ်းအားရှင်များ ဖြစ်ကြပြီး ၂၅ ယောက်မှာ တာအိုဧကရာဇ်အထွတ်အထိပ်အဆင့် စွမ်းအားရှင်များဖြစ်ကြသည်။ ထိုကဲ့သို့သော ခွန်အားက လျှို့ဝှက်နယ်မြေတစ်ခုလုံးကို ထိတ်လန့်စေရန် လုံလောက်ပေသည်။ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုများမှ ထိပ်တန်းလူငယ်မျိုးဆက်များကတောင် သူတို့ရှေ့ကို ရောက်လာသည့်အခါ အလွယ်တကူ ရန်မစရဲကြတော့ပေ။

ကုချိုးတို့ညီနောင်နှစ်ယောက် လုယက်ခံလိုက်ရသော လူငယ်မျိုးဆက်များသည် လူငယ်မျိုးဆက် အုပ်စုများအနက် လူအများဆုံးပဲ ဖြစ်သ​ည်။ အစက သူတို့နောက်ကိုလိုက်၍ ပြပွဲကောင်းကြည့်ရှုချင်ကြသော လူငယ်ပါရမီရှင်လေးများ ရှိခဲ့သည်။ သို့ပါသော်လည်း ထိုလူများ၏ ခန္ဓာကိုယ်ကိုတောင် သစ်ရွက်သစ်ခက်များဖြင့် ဖုံးလွှမ်းနေကြရတာဖြစ်သည်။ ဒါက တစ်ကယ့်ကို အရှက်ရဖွယ်ပင်။ ထို့အတွက်ကြောင့် သူတို့က ဘယ်မှာ ကြည့်ရှုခွင့်ပေးနိုင်မည်နည်း။

သူတို့သည် လိုက်လံကြည့်ရှုလာသော လူငယ်မျိုးဆက်များကို မောင်းထုတ်လိုက်ကြသည်။ ဒါ့အပြင် သူတို့ရင်ထဲ၌ ရှိနေသော ကုချိုးတို့ ညီနောင်နှစ်ယောက်အပေါ် အမုန်းတရားများက ပိုမိုများပြားလာခဲ့သည်။ 

သို့ပါသော်လည်း တစ်ဆင့်စကား တစ်ဆင့်နားကြားပြီးနောက် လျှို့ဝှက်နယ်မြေတစ်ခုလုံး၌ အဆိုပါသတင်းသည် ပျံ့နှံ့သွားခဲ့သည်။ မိုင်ထောင်ကျော် အကွာအဝေး၌လည်း လူတစ်စုရှိနေခဲ့သည်။ အဆိုပါလူတစ်စုသည် လုယက်ခံလိုက်ရသော လူငယ်မျိုးဆက်များ အုပ်စုကို မျက်စိဒေါက်ထောက် စောင့်ကြည့်နေခဲ့ကြသည်။ ကုချိုးတို့နှစ်ယောက်နှင့် အဆိုပါလူငယ်အုပ်စုတို့ တိုက်ခိုက်ကြသည်ကို အခွင့်ကောင်းယူ၍ သူတို့က အသီးအပွင့်များကို ခူးဆွတ်ရန် ပြင်ဆင်နေကြခြင်းပင်။ 

လူငယ်ပါရမီရှင်များစွာကို လုယက်ခဲ့သော လုယက်ခြင်းဘုရင်ဖြစ်တဲ့အတွက်ကြောင့် ကုချိုးတို့ညီနောင်နှစ်ယောက်၏ ခန္ဓာကိုယ်ပေါ်၌ ကြောက်မက်ဖွယ်ကောင်းလောက်သော အမှတ်ပမာဏရှိနေလိမ့်ပေမည်။ ဒါက လျှို့ဝှက်နယ်မြေအတွင်းရှိ လူငယ်မျိုးဆက်များကို ရူးနှမ်းသွားစေနိုင်သည်။

"သွားကြ... လျှိုမြောင်ကြီးကို ဝိုင်းရံလိုက်ကြ ၊ ဒီတစ်ကြိမ်မှာ အဲ့ဒီအရူးးနှစ်ကောင်ကို လုံးဝမလွတ်စေနဲ့ ကမ္ဘာအဆုံးထိလိုက်ပြီး အဲ့ဒီညီနောင်ကို လက်စားချေရမယ်... ငါတို့တွေ အတူတကွ အလုပ်လုပ်ကြရမယ်"

ကျိယွင်သည်သည် သူမ၏ ခန္ဓာကိုယ်ကောက် ကြောင်းအလှက်ို လျစ်လျူရှူလျက် လက်ကိုဝှေ့ယမ်းလိုက်ကာ ခက်ထန်စွာဖြင့် ပြောဆိုလိုက်သည်။ 

သို့ပါသော်လည်း အုပ်စုအတွင်းရှိ လူငယ်ပါရမီရှင်လေးများသည် ကျိယွင်ကို စိုက်ကြည့်လိုစိတ်တောင်မရှိခဲ့ကြပေ။ သူတို့က ရန်သူတော်ကြီးနှစ်ယောက်ဖြစ်သော ကုချိုးတိုညီကိုနှစ်ယောက်ကို အပိုင်းပိုင်းအစစဖြတ်တောက်လိုသည့် ဒေါသများဖြင့်သာ ပြည့်နှက်နေခဲ့ကြသည်။ ပြိုင်ဘက်ကင်းအလှလေးတစ်ယောက် သူတို့အရှေ့တွင် ရှိနေတာတောင်မှ ဂရုမစိုက်အားကြပေ။

အဲ့ဒီညီအစ်ကိုနှစ်ယောက် ဆိုးဆိုးရွားရွား သေဆုံးရမယ်...။

All Chapters