။သေမင်းကိုမျက်မြင်တွေ့ရခြင်း။
Vol. 14 Ch. 191
" မြန်မြန်လုပ် ၊ သူတို့ဖိနှိပ်ထားတာကို ချိုးဖောက်တော့မယ်။ "
ဝမ်ဖုန်း၏မျက်နှာအမူအယာမှာ ပြောင်းလဲသွားပြီး အလျင်အမြန်အော်ဟစ်ပြောဆိုလိုက်သည်။
ကွေ့ဖုန်းနှင့်အခြားသူများသာ တာအိုနက်နဲမှုအဆင့် ကျင့်ကြံခြင်းစွမ်းအားကို ပြန်လည်ရရှိသွားလျှင် ရှန်ရှန့်ကျုံဂိုဏ်းတစ်ဂိုဏ်းလုံးမှာ ကွေ့ဖုန်းတို့အုပ်စုအတွက် ပြိုင်ဘက်ဖြစ်နိုင်တော့မည်မဟုတ်ပါချေ။
" ဘုန်း ! "
ဝမ်ဖုန်း၏စကားဆုံးသွားသည်နှင့် ကျန်းစန်ဖုန်းနှင့်အခြားသူများသည် တစ်ယောက်ပြီးတစ်ယောက် သိုင်းကွက်ထုတ်ဖော်တိုက်ခိုက်လိုက်ကြသည်။ ဝမ်ဖုန်းသည်လည်းသူ၏အကောင်းဆုံးတိုက်ကွက်အား ထုတ်ဖော်တိုက်ခိုက်လိုက်ပေသည်။ တဒင်္ဂအတွင်းမှာပဲ ကြောက်မက်ဖွယ်စွမ်းအားကြီးများ ထပ်ဖန်ထပ်ခါထွက်ပေါ်လာပြီး စွမ်းအင်နိယာမများက ကမ္ဘာကြီးကိုတုန်ခါသွားစေခဲ့သည်။
ဒါဇင်ချီသောတိုက်မှုများထွက်ပေါ်လာပြီး စူးရှထက်မြတ်သော စွမ်းအင်အရှိန်အဝါများက လေထုကိုတိုက်ရိုက်ဆုတ်ဖြဲလိုက်သည်။ ထိုတိုက်ခိုက်မှုများမှာ အလွန်လျင်မြန်သောနှုန်းဖြင့် ကွေ့ဖုန်းနှင့်အခြားသူများကို ထိခတ်မိသွားသည်။
သို့ပါသော်လည်း အဆိုပါတိုက်ခိုက်မှုများက ကွေ့ဖုန်းနှင့်အခြားသူများကို ထိခိုက်မိတော့မည့်အချိန်တွင် ခမ်းနားကြီးကျယ်သောအရှိန်အဝါကြီးတစ်ခုက သူတို့ခန္ဓာကိုယ်၌ထွက်ပေါ်လာသည်။ထိုအရှိန်အဝါမှာ ဆန်းကျယ်ကပ်ဘေးအထွတ်အထိပ်အဆင့် အရှိန်အဝါပင်ဖြစ်တော့သည်။
ကွေ့ဖုန်းနှင့်အခြားသူများသည် တစ္ဆေမြူခိုးကောင်းကင်အကာအရံကို ထပ်မံထုတ်ဖော်လိုက်ပေသည်။ ထိုသို့ထုတ်ဖော်နေစဉ် တပြိုင်တည်းမှာပဲ သူတို့၏ကျင့်ကြံဆင့်များမှာလည်း ပို၍ပို၍သန်မာလာခဲ့ပေသည်။
ဘုန်း !
ကောင်းကင်ယံအပေါ်၌ ကျယ်လောင်သောပေါက်ကွဲသံကြီး မည်ဟည်းပဲ့တင်ထပ်သွားသည်။ ဝမ်ဖုန်းနှင့်အခြားသူများ၏တိုက်ခိုက်မှုများသည် တစ္ဆေမြူခိုးများကိုထိုးခွင်းသွားသော်လည်း ကွေ့ဖုန်းနှင့်အခြားသူများအပေါ် ယခင်ကလို ထိခိုက်စေခဲ့ခြင်းမရှိတော့ပေ။ ကွေ့ဖုန်းနှင့်သူ့လူများ၏ကျင့်ကြံဆင့်များမှာ ဆန်းကျယ်ကပ်ဘေး နှောင်းပိုင်းအဆင့်ကိုတောင်ရောက်ရှိနေခဲ့ပြီဖြစ်ရာ ဆန်းကြယ်ကပ်ဘေးအထွတ်အထိပ်အဆင့်သို့ရောက်ရှိရန် သီသီလေးသာလိုအပ်ပေတော့သည်။
ကမ္ဘာကြီးတစ်ခုလုံးအတွင်း၌ ပြင်းထန်သောစွမ်းအားအရှိန်အဝါများထွက်ပေါ်လာလျက် လေထုသည် အဆက်မပြတ် ယိမ်းခါလာခဲ့သည်။ ကွေ့ဖုန်းနှင့်သူလူများကိုဗဟိုပြုလျက် လေထုအတွင်း၌ အက်ကွဲကြောင်းများသည် ပျံ့နှံ့သွားခဲ့သည်။ ကောင်းကင်နှင့်မြေပြင်သည် အဆိုပါကြောက်မက်ဖွယ်ဖိအားကြီးအား ရင်ဆိုင်အံတုနိုင်ခြင်းမရှိသည့်ပုံ ပေါက်နေပေတော့သည်။
ဤမြင်ကွင်းကြောင့် ဝမ်ဖုန်းနှင့်သူ့လူများ၏ မျက်နှာအမူအယာများသည် ရုပ်ဆိုးအကျည်းတန်သွားခဲ့သည်။ဝမ်ဖုန်းသည် မြင့်မြတ်သောနိုးထမှုအခွင့်အရေးကို အသုံးပြုရန်တောင် စဉ်းစားလိုက်သည်။
ဝေါင်း ! ဝေါင်း !
ဒီအချိန်မှာပဲ ပြင်းထန်သောနဂါးဟိန်းသံများက ကမ္ဘာကြီးကိုတုန်ခါသွားစေခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော နဂါးစွမ်းအားကြီးတစ်ခုသည် လေထုအတွင်းပျံ့နှံ့သွားပြီး လူတိုင်းသည်ထိတ်လန့်ဖွယ်ကောင်းသောအရှိန်အဝါကို ခံစားလိုက်ကြရသည်။ ကွေ့ဖုန်းနှင့်သူ့လူများ၏အမူအယာသည်လည်း ရုတ်ချည်းပြောင်းလဲသွခဲ့သည်။
သူတို့ခံစားနေရသောဖိအားမှာ ပို၍ပင်ကြောက်လန့်ဖွယ်ကောင်းနေသည် ။ အဘယ့်ကြောင့်ဆိုသော် ထိုနဂါးစွမ်းအားကြီးမှာ သူတို့ကိုဦးတည်ထားသောကြောင့်ပင်ဖြစ်သည် ။ သူတို့ ခေါင်းမော့ကြည့်ရှုလိုက်သည့်အခါ သူတို့၏အကြည့်များက အတားအဆီးကိုဖြတ်သန်းလျက် ကောင်းကင်ယံအပေါ်ရှိ ပုံရိပ်သုံးခုကို တွေ့မြင်လိုက်ရသည် ။
" ရှန်ရှန့်ကျုံဂိုဏ်းကို ထိရဲတယ်တဲ့လား။ သေလိုက်တော့ ။ "
လေးနက်တည်ကြည်အက်ရှသောအသံသည် ကမ္ဘာလောကကြီးအတွင်း ပဲ့တင်ထပ်သွားခဲ့သည် ။ ထို့အသံကိုကြားလိုက်ရသည့်အခါ ဝမ်ဖုန်း၏မျက်နှာအမူအယာသည် အပျော်များဖြင့်ပြည့်နှက်သွားခဲ့သည် ။ နောက်ဆုံးတော့သူတို့ ရောက်လာခဲ့ချေပြီ !။
ဝေါင်း !
ထိုစကားဆုံးသည်နှင့်တပြိုင်နက် နဂါးဟိန်းသံကြီးကလည်း ထပ်မံထွက်ပေါ်လာခဲ့သည်။ ယင်းနောက် ကြီးမားသောရွှေရောင်နဂါးကြီးတစ်ကောင်၏ပုံရိပ်သည် တိမ်စိုင်များအတွင်း၌ ဝဲလွင့်လာခဲ့သည်။ ထိုနဂါးကြီး၏ တလက်လက်တောက်ပနေသာမျက်ဝန်းအိမ်များအတွင်း၌ အေးစက်သောသတ်ဖြတ်ခြင်းအရှိန်အဝါများ ရိပ်သန်းထွက်ပေါ်လျက်ရှိသည်။
ကွေ့ဖုန်းတို့အုပ်စုသည် နဂါးကြီး၏အကြည့်အား ရင်ဆိုင်တွေ့ကြုံလိုက်ရသည့်အခါ သူတို့သည် ရေခဲဂူကြီးတစ်ခုအတွင်းသို့ ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။ ထိုထိတ်လန့်ဖွယ်သတ်ဖြတ်မှုအရှိန်အဝါများကြောင့် သူတို့သည်ပင် ကြောက်ရွံ့ထိတ်လန့်မိသွားကြသည် ။
ရွှေရောင်နဂါးကြီး၏ဘေးနား၌ မှုန်ဝါးဝါးပုံရိပ်လေးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုသူသည် မီးခိုးရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး သူ့တွင်ထူထဲသောမျက်ခုံးများနှင့် ကြီးမားသောမျက်ဝန်းများရှိသည် ။ နှာတံမြင့်မြင့်နှင့် ကျယ်ပြောသောပါးစပ်ရှိကာ သူ၏မျက်နှာအမူအယာမှာ တရုတ်လူမျိုးတစ်ယောက်နှင့် လုံးဝတူညီနေပေသည်။
ဒါတင်မကသေးပဲ သူ၏ပတ်ပတ်လည်၌ ရွှေရောင်နဂါးရှစ်ကောင် အရိပ်သဏ္ဍာန်များကလည်း ရစ်ပတ်နေကြသည် ။ သူ့ခန္ဓာကိုယ်မှ နဂါးတစ်ကောင်၏ကြီးမြတ်မှုကဲ့သို့သော အရှိန်အဝါမျိုးထွက်ပေါ်နေကာ ကမ္ဘာကြီးအား သိမ့်သိမ့်တုန်သွားစေခဲ့သည် ။ ထိုလူထွက်ပေါ်လာသည်နှင့်တပြိုင်နက် လူတိုင်း၏စိတ်အာရုံအား ဆွဲဆောင်သွားလေသည် ။
" နဂါးလက်ဝါးဆယ့်ရှစ်ချက် ! "
ထွက်ပေါ်လာပြီးသည့်နောက် ရှောင်ဖုန်းသည် တုံ့ဆိုင်းနေခြင်းမရှိပဲ သူ၏အထူးစွမ်းအားကို ချက်ခြင်းပဲအသုံးချလိုက်သည် ။ သူ့ဘေးနားတွင်ရစ်သန်းနေသော ရွှေရောင်နဂါးရှစ်ကောင်၏အရိပ်များသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်ပတ်လိုက်ကြပြီး ကြီးမားသောရွှေရောင်နဂါးကြီးနှင့် ပေါင်းစည်းသွားကြသည်။
နဂါးရှစ်ကောင်၏ကောင်းချီးကိုရရှိပြီးနောက်တွင် ရွှေရောင်နဂါးကြီး၏စွမ်းအားများမှာ ပိုမိုကြောက်မက်ဖွယ်ကောင်းကာ ပိုမိုသန်မာလာခဲ့သည် ။ ထိုရွှေရောင်နဂါးကြီးသည် မြေပြင်ကိုငုံ့မိုးကြည့်ရှုလျက် စူးစူးရှရှဟိန်းဟောက်လိုက်ကြသည် ။
အရှိန်မှာအရမ်းကိုလျင်မြန်လွန်းလှသည်။ ဝမ်ဖုန်းနှင့်အခြားသူများသည် အလင်းတန်းလေးတစ်ချက်ကိုသာ တွေ့မြင်လိုက်ရပြီး များမကြာမီမှာပဲ ရွှေရောင်နဂါးကြီးသည် လူအားလုံး၏ရှေ့၌ ထွက်ပေါ်လာခဲ့သည် ။ ထိုနဂါးကြီးသည် ပါးစပ်ကျယ်လောင်စွာဖွင့်ဟထားကာ ဝါးမျိုတိုက်ခိုက်တော့မည်ကဲ့သို့ ဖြစ်နေခဲ့သည်။
ကွေ့ဖုန်းနှင့်အခြားသူများသည် ရွှေရောင်နဂါးကြီးပြေးဝင်လာသည်ကိုသာ တွေ့မြင်လိုက်ကြရသည်။ နဂါးကြီး၏အကြေးခွံတစ်ခုချင်းစီတိုင်းသည် ခမ်းနားကြီးကျယ်သောစွမ်းအားများကို ထုတ်လွှတ်လျက်ရှိသည် ။ နဂါးကြီး၏အမြီးတစ်ချက်ယိမ်းခါလိုက်သည့်အခါတိုင်းတွင် လေထုမှာပုံပျက်အက်ကွဲသွားရပေသည်။
ဘုန်း !
အံ့အားသင့်စရာမရှိပါပဲ ကွေ့ဖုန်းနှင့်အခြားသူများသည် ရွှေရောင်နဂါးကြီး၏ တိုက်ရိုက်ဝါးမျိုခြင်းကို ခံလိုက်ရသည်။ ကွေ့ဖုန်းနှင့်အခြားသူများကို ဝါးမျိုလိုက်ပြီးသည့်နောက်တွင် ရွှေရောင်နဂါးကြီးသည် ရပ်တန့်ခြင်းမရှိတော့ပဲ မြေကြီးပေါ်အရှိန်ပြင်းစွာရိုက်မိသွားခဲ့သည်။
ဘုန်း !
မြေစိုင်မြေခဲများသည် မုန်တိုင်းကြီးတစ်ခုတိုက်ခိုက်လိုက်သလိုမျိုး အရပ်မျက်နှာအသီးသီးသို့ လွင့်စင်ထွက်သွားခဲ့သည် ။ ကမ္ဘာကြီးတစ်ခုလုံးသည် အဆက်မပြတ် ပြင်းပြင်းထန်ထန်တုန်ခါနေလေသည်။ ဤတစ်ဒင်္ဂတွင် အနီးအနားရှိ တောင်ထိပ်များကတောင်မှ အက်ကွဲပြိုပျက်သွားကြရသည်။
ဝမ်ဖုန်းနှင့်အခြားသူများသည် အလွန်အမင်းထိတ်လန့်သွားကြကာ သူတို့သည် နောက်ဘက်သို့ခြေတစ်လှမ်းစီ ဆုတ်လိုက်မိကြပါတော့သည် ။ ထိုခမ်းနားကြီးကျယ်သောစွမ်းအားကြီးက ဝမ်ဖုန်းနှင့်အခြားသူများကို ခြိမ်းခြောက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရစေသည် ။
ကွေ့ဖုန်းနှင့်အခြားသူများ မတ်တပ်ရပ်နေခဲ့သောနေရာရှိမြေပြင်သည် ကြောက်လန့်ဖွယ်ကောင်းလောက်အောင် အက်ကွဲသွားခဲ့သည်။ အကြည့်တစ်ချက်ဖြင့်ပင် ကမ္ဘာကြီးက နှစ်ခြမ်းကွဲသွားပုံပေါ်နေလေသည် ။
" ဟာ ! "
ခပ်လှမ်းလှမ်းတစ်နေရာမှ စောင့်ကြည့်နေခဲ့ကြသော လေအင်ပါယာဘိုးဘေးငါးယောက်သည် လုံးဝကြောင်အသွားကာ အသက်ကိုပြင်းပြင်းရှုရှိုက်လိုက်မိသည်။ သူတို့သည် ရွှေရောင်နဂါးကြီးတိုးဝင်တိုက်ခိုက်လိုက်သော မြေပြင်မှဧရာမတွင်းနက်ကြီးကို ဗလာမျက်ဝန်းများဖြင့် ငေးစိုက်ကြည့်နေလိုက်ကြသည်။
ဖုန်းသွမ့်ဟန်၏ခန္ဓာကိုယ်တစ်ခုလုံးသည် လက်ရှိအချိန်တွင် မြေပြင်ပေါ်သို့ ပြိုလဲကျသွားလေသည်။ သူ၏အဝတ်အစားများမှာ စုတ်ပြဲနေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း သွေးများဖြင့်ဖုံးလွှမ်းနေခဲ့ကာ မျက်နှာအမူအယာမှာလည်း အလွန်အမင်း ထိတ်လန့်ကြောက်လန့်ဖွယ်ကောင်းနေလေသည် ။ နဂါးကြီးထွက်ပေါ်လာသည့်အခါ သူသည် ထွက်ပြေးလွတ်မြောက်ခွင့်တောင် မရခဲ့ပေ ။ နဂါးကြီးဆီမှ ပျံ့လွင့်ထွက်ပေါ်လာသောစွမ်းအားများက သူ့ကိုချက်ချင်းပဲဒဏ်ရာအပြင်းအထန် ရသွားစေခဲ့သည်။
အဆိုပါတိုက်ကွက်၏ခွန်အားမှာ တာအိုနက်နဲမှုအဆင့်ထိတောင် ရောက်ရှိနေပြီဟုဆိုနိုင်ပေသည်။
ရှင်းယောင်တောင်တန်းကြီးတစ်ခုလုံးသည် တိုက်ခိုက်မှုကြီးကြောင့် ပျက်စီးလုမတတ်ဖြစ်သွားစေခဲ့သည်။
" အရမ်းကို သန်မာလိုက်တာ ! "
လက်ရှိအချိန်တွင်ဝမ်ဖုန်းသည် အနည်းငယ်ထိတ်လန့်သွားပြီး တိုးညင်းသောလေသံဖြင့်ပြောဆိုလိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ စိတ်လှုပ်ရှားနေပေသည်။ ရှောင်ဖုန်း ဆိုတဲ့အတိုင်းပါပဲလား! ။
ကျန်းစန်ဖုန်းနှင့်အခြားသူများသည်လည်း ထိတ်လန့်သွားခဲ့ကြသည် ။ ရှောင်ဖုန်းမှာအလွန်အမင်းစွမ်းအားကြီးလာတာကြောင့် သူ့ကိုတွေ့မြင်လိုက်ရသည့်လူတိုင်း ထိတ်လန့်သွားကြမည်ဖြစ်သည်။ သူ၏ခွန်အားက အလွန်အမင်းသန်မာနေ၍ ကျန်းစန်ဖုန်းနှင့်အခြားသူများက ထိတ်လန့်သွားခြင်းမဟုတ်ပေ။ သူတို့ထိတ်လန့်သွားရသည့်အကြောင်းအရင်းမှာ ရှောင်ဖုန်း၏အရှိန်အဝါကြောင့်ဖြစ်သည်။ သူ့ထံမှမြင့်မြတ်သော ကိုယ်နေဟန်ထားနှင့်အရှိန်အဝါများထွက်ပေါ်နေပြီး ၎င်းအရှိန်အဝါများမှာ အလွန်အမင်းထိတ်လန့်ဖွယ်ကောင်းနေလေသည်။
သို့ပါသော်လည်းရှောင်ဖုန်းသည် လက်ရှိအချိန်တွင် ပျော်ရွှင်မှုကိုစိုးစဉ်းမျှမခံစားနေရပါ။ သူသည် လက်နှစ်ဖက်ကိုနောက်ပစ်လျက် လေထုထဲတွင်မတ်တပ်ရပ်နေပြီး မြေပြင်ပေါ်ရှိဧရာမအက်ကွဲကြောင်းကြီးကို သားရဲတစ်ကောင်လိုမျက်ဝန်းမျိုးဖြင့် စူးစူးရဲရဲငုံ့ကြည့်လိုက်သည် ။ သူ၏မျက်လုံးများက အတားအဆီးများကိုချိုးဖောက်လျက် လူငါးယောက်အား တွေ့မြင်လိုက်ရပုံပေါ်သည်။
ရှောင်ဖုန်း၏တိုက်ခိုက်မှုမှာ အလွန်အမင်းသန်မာသော်လည်း ကွေ့ဖုန်းနှင့်သူ့လူများကတော့ သေဆုံးသွားခြင်းမရှိပဲ ပြင်းပြင်းထန်ထန်သာ ဒဏ်ရာရသွားခဲ့သည်။
" ဒုတိယညီလေး ၊ မင်းမရီဒီယန်ခြောက်သွယ် ဆန်းကြယ်ဓားကွက်ကို အသုံးပြုလိုက်ပါ ။ ဒုတိယညီလေး မရီဒီယန်ခြောက်သွယ် ဆန်းကြယ်ဓားကွက်ကိုအသုံးပြုပြီးတာနဲ့ တတိယညီလေး ၊ မင်းကပိုင်မင်းနတ်သိုင်းကိုအသုံးပြုပြီး သူတို့ရဲ့စွမ်းအားတွေကိုစုတ်ယူလိုက်ပါ ။ "
ရှောင်ဖုန်းသည် သူ့နောက်ကျောဘက်ရှိ လူနှစ်ယောက်ကိုလှည့်ကြည့်လျက် ပြောဆိုလိုက်သည်။
သွမ့်ယိနှင့် ရှီကျူးတို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ခေါင်းညှိတ်လိုက်ကြပြီး ကောင်းကင်ပေါ်မှခုန်ဆင်းလာကြကာ မြေပြင်ပေါ်ရှိ ဧရာမအက်ကွဲကြောင်းကြီး၏အပေါ်၌ ရုတ်ချည်းထွက်ပေါ်လာကြသည်။
" မရီဒီယန်ခြောက်သွယ် ဆန်းကြယ်ဓားကွက် ! "
သွမ့်ယိသည် ခပ်ဖွဖွလှောင်ပြုံးပြုံးလိုက်ကာ သူ၏လက်ညှိုးအား ခြောက်ကြိမ်တစ်ဆက်တည်းထိုးညွှန်လိုက်သည်။ ပြိုင်ဘက်ကင်းဓားရောင်ခြည်ခြောက်ခုသည် တစ်ဆက်တည်းဆိုသလို ထွက်ပေါ်လာခဲ့သည်။ အဆိုပါဓားရောင်ခြည်၏ခွန်အားမှာ အလွန်အမင်းမြန်ဆန်လှပြီး မျက်တောင်တစ်ခတ်အတွင်းမှာပဲ ကွေ့ဖုန်းနှင့်အခြားသူများကို ထိခတ်မိသွားခဲ့သည်။
" ငါ-ိုး ! "
အလွန်အမင်းပြင်းထန်သော ဓားအလင်းတန်းခြောက်ခုကို တွေ့မြင်လိုက်ရသည့်အခါ ကွေ့ဖုန်းနှင့်အခြားသူများ၏မျက်နှာအမူအယာများက အလွန်အမင်းဒေါသထွက်နေကြသည်။
သူတို့၏ကျင့်ကြံဆင့်သည် လက်ရှိအချိန်တွင် ဆန်းကြယ်ကပ်ဘေး အထွတ်အထိပ်အဆင့်ထိသို့သာ ပြန်လည်စုဆောင်းရသေးသည်။ ရှောင်ဖုန်းသာအနည်းငယ်နောက်ကျသွားပါက သူတို့၏ကျင့်ကြံမှုသည် တာအိုနက်နဲမှုအဆင့်ထိတောင် ပြန်လည်မြင့်တက်သွားမှာဖြစ်သည်။ အဲ့ဒီ့အချိန်သို့သာရောက်ရှိသွားပါက ရှောင်ဖုန်းနှင့်အခြားသူများ မည်မျှသန်မာသည်ဖြစ်ပါစေ သူတို့၏ပြိုင်ဘက် ဖြစ်နိုင်တော့မည်မဟုတ်ပါ။
သနားစရာမှာ ရှောင်ဖုန်း၏အချိန်ကိုက်ရောက်ရှိလာမှုကြောင့် ယခုသူတို့ အဘယ်မှာလွတ်မြောက်နိုင်တော့မည်နည်း။
သူတို့သည် ပြင်းပြင်းထန်ထန်ဒဏ်ရာရနေကြပြီး သွမ်ယိထုတ်လွှတ်လိုက်သော ဓားအလင်းတန်းခြောက်ခုကိုတောင် မရှောင်ရှားနိုင်တော့ပေ။ သူတို့သည် သူတို့ကိုယ်တွင်းရှိ နိယာမစွမ်းအားများနှင့် ဆန်းကြယ်ချီစွမ်းအင်များကို အရူးအမူးလှည့်ပတ်လိုက်ကြပြီး ဓားအလင်းတန်းခြောက်ခုကိုခုခံရန် ကြိုးစားလိုက်ကြသည်။
" ပိုင်မင်းနတ်သိုင်း ! "
သို့ပါသော်လည်း ကွေ့ဖုန်းနှင့်အခြားသူများ သူတို့၏စွမ်းအားကိုထုတ်လွှတ်လိုက်သည်နှင့်တပြိုင်နက် အိပ်မက်ဆိုးကဲ့သို့သော အသံတစ်ခုကိုကြားလိုက်ရသည်။ သူတို့ထုတ်ဖော်လိုက်သောစွမ်းအားများမှာ တစ်စုံတစ်ခု၏ဆွဲဆောင်ခံလိုက်ရသလိုမျိုး အရပ်မျက်နှာတစ်ခုစီသို့ စုပ်ယူခံလိုက်ရပေသည်။
" အားးးး ! "
" မဟုတ်ဘူး ! "
ကွေ့ဖုန်းနှင့်အခြားသူများသည် ကျိန်ဆဲရန်သာအချိန်ရလိုက်ပြီး များမကြာမီတွင် ဓားအလင်းတန်းခြောက်ခု၏ထိုးဖောက်ခြင်းကို ခံလိုက်ကြရသည် ။ မယှဉ်သာလောက်အောင် စူးရှထက်မြသော ဓားအလင်းတန်းများသည် သူတို့၏ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားပြီး သူတို့၏စိတ်ဝိညာဉ်များကိုပင် အပိုင်းပိုင်းအစစ ပြတ်တောက်သွားစေခဲ့သည်။