စစ်ထူကျယ်၏ ဖိတ်ခေါ်မှု
Vol. 38 Ch. 531
ဘာသာပြန်_ The Fate
မြင့်မြတ်သောမြို့တော်၏ ဖုန်းဟွာနန်းတော်ကြီးအတွင်း၌....
လီချင်းနဲ့အခြားသူများသည် ရှိနေခဲ့ကြပြီး ဝမ်ဖုန်းတို့ကို လီပိုင်က အတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။
ရှေ့မှောက်တွင်ရှိနေသော တိတ်ဆိတ်ငြိမ်သက်ကာ အမူအရာကောင်းများရှိနေကြသည့် လီချင်းတို့ကို တွေ့မြင်လိုက်ရသည့်အခါ ဝမ်ဖုန်းက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။
" မင်းတို့က ဒီတစ်ကြိမ်မှာ ကောင်းမွန်တဲ့အရာကို လုပ်ခဲ့ပြီး ငါတို့ရှန်ရှန်ကျုံဂိုဏ်းရဲ့ ဂုဏ်သတင်းကို တိုးတက်စေခဲ့ပြီ။ "
ဝမ်ဖုန်း၏ ချီးကျူးစကားကို ကြားလိုက်ရသည့်အခါ လီချင်းတို့အားလုံး စိတ်လှုပ်ရှားသွားကြသည်။ကုချိုးက ရယ်မောလျက် ပြောဆိုလိုက်သည်။
" ဒါဆိုရင် ဂိုဏ်းချုပ်က ဆုရော မချတော့ဘူးလား။ "
ဤသည်ကိုကြားတော့ ဝမ်ဖုန်းက ကုချိုးကို အပြုံးတစ်ဝက်ဖြင့် လှမ်းကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။
" မင်းထွက်သွားလို့ရပြီ ! "
ထိုစကားများကို ကြားလိုက်ရသည့်အခါ ကုချိုးက နှုတ်ခမ်းများကို မဲ့ရွှဲ့လိုက်ပြီး သူ့ဘာသာ တီးတိုးရေရွက်လိုက်သည်။ "သောက်ကျိုးနည်း...ငါကတော့ ရှန်ရှန်ကျုံဂိုဏ်းအတွက် အလုပ်တွေကြိုးစားခဲ့ရတာ...ဒါက ပြန်ရတဲ့ ဆုလာဒ်တဲ့လား "
" မင်းဘာပြောလိုက်တယ်? "
ဝမ်ဖုန်း၏မျက်နှာမှာ ဖြူဖျော့သွားပြီး နက်ရှိုင်းသောအသံဖြင့် မေးမြန်းလိုက်သည်။
" ဘာမှမဟုတ်ပါဘူး...ဂိုဏ်းချုပ်က အရမ်းထူးချွန်တယ်လို့ ပြောဆိုနေတာပါ။ "
ကုချိုးက ခေါင်းကို ထပ်ခါထပ်ခါ ခါရမ်းလိုက်ပြီး လေးလေးစားစားပြုံးပြလိုက်သည်။
ဝမ်ဖုန်းသည် ကုချိုးကို စူးစိုက်ကြည့်လိုက်ပြီး အပြစ်မတင်ဘဲ ပြန်လည်၍ ပြုံးရယ်လိုက်သည်။
ကုချိုးလို မွန်မြတ်မှုခုနှစ်ပါးစေတီအတွင်း ဝင်ရောက်သွားခဲ့သော ဂိုဏ်းတပည့်များအားလုံးသည် အကြီးအကျယ် တိုးတက်လာခဲ့ကြသည်။ကုချိုးတို့ဟာ မျက်ကန်းတစ်ယောက်လို ကြိုးစားလေ့ကျင့်နေတာထက်စာရင် ဤကဲ့သို့ အတွေ့အကြုံကောင်းများကို ပိုမို၍ လိုအပ်လေသည်။
ရှန်ရှန်ကျုံဂိုဏ်း၏ကမ္ဘာဘောလုံးလေးအတွင်းတွင် ကျင့်ကြံရေးအတွက် မြင့်မြတ်သောနေရာဌာနများစွာ ရှိကြသည်။ ကုချိုးတို့လို လက်ရွေးစင်တပည့်များအတွက် တားမြစ်မှုများလည်း မရှိပါ။သူတို့က စိတ်ပါဝင်စားသည့်အခါတိုင်းတွင် ဝင်ရောက်လေ့ကျင့်နိုင်လေသည်။
ထို့အတွက်ကြောင့် သူတို့ကို အတွေ့အကြုံများရရှိအောင် ပြုလုပ်ပေးခြင်းက ဘယ်ဆုလာဒ်ထက်မဆို များစွာသာလွန်ပါသည်။
" မင်းတို့ သွားလို့ရပြီ ! "
ဝမ်ဖုန်းက လီချင်းတို့ကို စိုက်ကြည့်လိုက်ပြီး လက်ကို ဝှေ့ရမ်းလျက် ပြောဆိုလိုက်သည်။
" ဟုတ်ကဲ့ပါ "
လီချင်းတို့ကလည်း လေးလေးစားစား ဂါရဝပြုလိုက်ပြီး ခန်းမကြီးအတွင်းမှ ချက်ချင်းထွက်ခွာသွားကြသည်။
လီချင်းတို့ထွက်သွားတာကို စိုက်ကြည့်လိုက်ပြီးနောက် ဝမ်ဖုန်းသည် လီပိုင်နှင့် ပြောဆိုဆွေးနွေးရင်းမှ လက်ရှိ မြင့်မြတ်သေားစန်းရိမြို့တော်၏ အကြောင်းအရာများကို နားလည်ခဲ့ရသည်။
..................
" ဂိုဏ်းတူအကိုကြီး အကိုကြီးတို့ရော မြင့်မြတ်တဲ့မြို့တော်မှာ လျှောက်မလည်ချင်ဘူးလား...ကျွန်တော်တို့တွေ စျေးဝယ်ကောင်းကောင်းမထွက်ရသေးဘူးလေ "
ခန်းမအပြင်ဖက်ကို ရောက်ရှိသွားပြီးနောက် ကုချိုး၏မျက်ဝန်းများမှာ လင်းလက်တောက်ပလာခဲ့ပြီး လီချင်းတို့ကို စိုက်ကြည့်လျက် ပြောဆိုလိုက်သည်။
" မေ့လိုက်တော့...သွားကြရအောင် "
လီချင်းက တခဏကြာအောင် စဥ်းစားလိုက်ပြီးနောက် လက်ကို ဝှေ့ရမ်းလျက် ပြောဆိုလိုက်သည်။
ထိုသို့ပြောလိုက်ပြီးနောက် လီချင်းက လှည့်၍ ထွက်ခွာသွားတော့သည်။သူ၏ဘေးနားတွင်ရှိနေသော ယန်ရှန်းကလည်း မသွားချင်ဘူးဟုပြောကာ အလျှင်စလို ထွက်ခွာသွားတော့သည်။လက်ရှိနေရာ၌ ကုချိုးနဲ့ ကုကန်းချိုးတို့နှစ်ယောက်သာ ကျန်ရစ်တော့သည်။
" အကိုကြီးရယ် ကျုပ်တို့နှစ်ယောက်ပဲ ရှိတော့တယ်နဲ့ တူတယ်။ ဘာပဲဖြစ်ဖြစ် သွားကြရအောင်လား "
ကုချိုးက ထွက်ခွာသွားသော လီချင်းတို့နှစ်ယောက်၏ ကျောပြင်များကို စူးစိုက်ကြည့်လိုက်ပြီး မျက်ဝန်းများကို မှေးကျဥ်းလျက် လေသံတိုးတိုးဖြင့် ပြောဆိုလိုက်သည်။
" ရည်မှန်းချက်ရှိလို့လား? "
ကုကန်းချိုး၏မျက်ဝန်းများမှာလဲ လင်းလက်သွားပြီး တည်ကြည်စွာ ပြောဆိုလိုက်သည်။
" ကျုပ်တို့မွန်မြတ်မှုခုနှစ်ပါးစေတီကို ဝင်တုန်းကလေ... စစ်ထူမိသားစုရဲ့ သခင်ငယ်လေးက အမူအရာမကောင်းတာကို တွေ့မြင်လိုက်ရတယ်။ ကျုပ်သူ့ကို သင်ခန်းစာ ပေးချင်တယ်ဗျာ " ကုချိုးက မျက်လုံးမှိတ်လိုက်ပြီး တိုးညှင်းစွာ ရေရွတ်လိုက်သည်။
" အဲ့ဒီကလေးက စစ်ထူမိသားစုကကွ...ရင်ဆိုင်ဖို့အတွက် ခဲယဥ်းလိမ့်မယ် "
" ဆုံးဖြတ်ချက်မချခင် မြင့်မြတ်တဲ့မြို့တော်ထဲကို အရင်ဆုံးသွားရောက်လှည့်ပတ်ကြတာပေါ့ကွာ "
ကုကန်းချိုးက တခဏကြာအောင် တွေးတောလိုက်ပြီးနောက် ပြောဆိုလိုက်သည်။
ယခုအချိန်တွင် ဂိုဏ်းချုပ်ဟာ ရောက်ရှိလာခဲ့ပြီဖြစ်သည်။သူဟာ သူတို့ကို အပြင်သွားရောက်ခွင့်ပြုခဲ့သော်လည်း ကုကန်းချိုးဟာ ဂိုဏ်းချုပ်ရှိနေသည့်အတွက် ပြဿနာများစွာ မရှာရဲသေးပါ။
" ကောင်းပြီ "
ကုချိုးကလည်း ခေါင်းညိတ်လိုက်ပြီး ကုကန်းချိုးနဲ့အတူ ဖုန်းဟွာနန်းတော်မှ ထွက်ခွာသွားခဲ့သည်။
ဧကရာဇ်စန်းရိ ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုခဲ့ရသော ဂုဏ်သရေရှိ ဧည့်သည်များဖြစ်သည်နဲ့အညီ တချို့သောတားမြစ်နေရာများမှလွဲ၍ ကုကန်းချိုးတို့သည် နန်းတော်ကြီးအတွင်း၌ စိတ်ရှိသလို ဝင်ထွက်သွားလာနိုင်ကြသည်။
တခဏအတွင်းမှာပင် သူတို့နှစ်ယောက်သည် နန်းတော်ကြီးများအတွင်းမှ ထွက်ခွာလာခဲ့ပြီး ပျားပန်းခပ်များ လှုပ်ရှားနေသော လမ်းကြောများရှိရာသို့ ရောက်ရှိလာခဲ့ကြသည်။
သို့ပါသော်လည်း သူတို့တွေ သွားရောက်မကြည့်ရှု့ရသေးခင်မှာ လူတချို့ရောက်ရှိလာပြီး တာဆီးတာကို ခံခဲ့ရသည်။
" မင်းတို့နှစ်ယောက် ငါရဲ့သခင်ငယ်လေးက မင်းတို့ကို အပေါ်ထပ်မှာ စကားပြောဖို့ ဖိတ်ကြားလိုက်တယ် "
ထိုပုဂ္ဂိုလ်များသည် ရိုးရှင်းသောဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး သံသယဝင်စရာကောင်းလှသည်။သူတို့ထံမှ ထုတ်လွှတ်နေသော အရှိန်အဝါများသည် ချန်ခွမ်းယွမ်အထွတ်အထိပ်၌ ရှိနေခဲ့ကြကာ မြင့်မြတ်သော မိသားစုကြီးတစ်စု၏ အစောင့်အရှောက်များ ဖြစ်နိုင်သည်။
ကုချိုးဟာ မျက်ဝန်းများကို မှေးကျဥ်းလိုက်ပြီး အစောင့်အရှောက်များကိုစိုက်ကြည့်လျက် အပြုံးတစ်ဝက်ဖြင့် ပြောဆိုလိုက်သည်။
" မင်းတို့ရဲ့ သခင်လေးကလား?...နာမည်ကိုတောင် မပြောရဲမှတော့ ငါတို့ညီအစ်ကိုနှစ်ယောက်ကို ဖိတ်ကြားဖို့ ဘယ်လိုလုပ်အဆင့်မှီပါ့မလဲ "
ကုချိုး၏ ရူးသွပ်နေသောစကားလုံးများက အစောင့်အရှောက်များ၏မျက်နှာကို မဲမှောင်သွားစေခဲ့သည်။သူတို့၏အရှိန်အဝါများမှာ ပိုမို၍ ပြင်းထန်လာခဲ့သည်။သို့ပါသော်လည်း သူတို့သခင်ငယ်လေး၏အမိန့်အကြောင်း ပြန်ပြောင်းတွေးမိလိုက်သည့်အခါ သူတို့ဟာ မကျေနပ်မှုများကို နှလုံးသားအတွင်း၌ မြိုသိပ်လိုက်ရသည်။
" ငါတို့ရဲ့သခင်ငယ်လေးက စစ်ထူမိသားစုရဲ့ ဒုတိယသခင်လေး စစ်ထူကျယ်ပါ "
ဦးဆောင်လာသောအစောင့်အရှောက်က နက်ရှိုင်းသောလေသံဖြင့် ပြောဆိုခဲ့ကာ သူ၏မျက်ဝန်းများအတွင်း၌ မနှစ်မြို့မှုများ ရှိနေခဲ့သည်။
မြင့်မြတ်သောမိသားစုကြီး လေးစုအနက် တစ်စုဖြစ်သော စစ်ထူမိသားစု၏သခင်လေးက ဒီလူနှစ်ယောက်ကို ကိုယ်တိုင်ကိုယ်ကျ ဖိတ်ကြားခဲ့သည်။သူတို့က မျက်နှာသာမပေးဘဲ ငြင်းပယ်ရဲတယ်တဲ့လား။ကုချိုးနဲ့ ကုကန်းချိုးတို့၏ သာမာန်မဟုတ်သော အဆင့်အတန်းနဲ့ ခွန်အားကြောင့်သာမဟုတ်ပါက သူတို့ဟာ ကြာမြင့်သောအချိန်ကာလကတည်းက ထရိုက်ပြီးပြီ ဖြစ်သည်။
အစောင့်အရှောက်၏စကားကို ကြားလိုက်ရသည့်အခါ ကုချိုးနဲ့ ကုကန်းချိုးတို့က ရှုပ်ထွေးနေသောအမူအရာများဖြင့် တစ်ယောက်မျက်နှာတစ်ယောက် လှမ်းကြည့်မိလိုက်ကြသည်။သူတို့က စစ်ထူမင်ကို လုယက်ရမလား၊ မလုယက်ရမလားဆိုတာ စဥ်းစားနေဆဲ ဖြစ်သည်။ဒါပေမဲ့ စစ်ထူမိသားစုရဲ့ ဒုတိယသခင်လေး စစ်ထူကျယ်က သူ့ဘာသာတံခါးဝကို ရောက်လာခဲ့တာလား။
" လမ်းပြပါ "
ကုချိုးက ပြုံးလိုက်ပြီး ချက်ချင်းပြောဆိုလိုက်သည်။
" ကျေးဇူးပြုပြီး! "
ကုချိုး၏စကားကို ကြားလိုက်ရသည့်အခါ စစ်ထူမိသားစု၏ အစောင့်အရှောက်သည် စိတ်သက်သာရာ ရသွားခဲ့သည်။
ခေါ်ဆောင်သွားသည့်နေရာမှာ ယန်ဟုန်အဆောက်အဦးဟု မည်တွင်ပြီး ၎င်းမှာ စစ်ထူမိသားစု၏ ပိုင်ဆိုင်မှုတစ်ခုဖြစ်သည်။သို့သော်လည်း အစဥ်အမြဲ လှုပ်ရှားတက်ကြွနေသော ယန်ဟုန်အဆောက်အဦးသည် ဤကနေ့မှာတော့ အင်မတန်မှ တိတ်ဆိတ်နေခဲ့ကာ ဘယ်ဧည့်သည်ကိုမှ မတွေ့မမြင်ရပါ။
သူတို့တွေ အဆောက်အဦး၏ အပေါ်ဖက်ကို ရောက်ရှိလာသည့်အခါ ကုချိုးနဲ့ကုကန်းချိုးတို့၏ မျက်ဝန်းများမှာ မှေးကျဥ်းသွားခဲ့ပြီး နှုတ်ခမ်းထောင့်စွမ်းမှ လှောင်ပြုံးများ ဖြစ်ပေါ်လာကြသည်။
စိတ်ဝင်စားစရာပါလား...ချိတ်ပိတ်တဲ့အစီအရင်ကိုတောင် ခင်းကျင်းထားသေးတယ်။
သူတို့ကို ဖိတ်ခေါ်လိုက်တဲ့လူက လူကောင်းမဟုတ်ဘူး။
ဒီလိုဆိုမှတော့ သူတို့လုယူတဲ့အခါမှာ လိပ်ပြာမသန့်စရာ မလိုတော့ဘူးလေ။
ဝဲလွင့်နေသော စိတ်အာရုံများနဲ့အတူ ကုချိုးတို့နှစ်ယောက်သည် စစ်ထူမိသားစုအစောင့်အရှောက်၏ ဇိမ်ခံအခန်းကြီးတစ်ခန်းသို့ ခေါ်ဆောင်သွားခြင်းခံလိုက်ရသည်။အခန်းကြီးအတွင်း၌ စစ်ထူကျယ်သည် ပထမနေရာ၌ ထိုင်နေခဲ့ပြီး ငယ်ရွယ်ချောမောသော လူငယ်လေးသုံးယောက်က သူ၏ဘေးနား၌ ထိုင်နေခဲ့ကြသည်။
ကုချိုးတို့ အခန်းအတွင်းသို့ ဝင်လာတာကို တွေ့မြင်ခဲ့ရသည့်အခါ စစ်ထူကျယ်နဲ့အခြားသူများသည် အတူတကွ မတ်တပ်ရပ်လိုက်ကြပြီး လက်သီးဆုပ်ဂါရဝပြုလျက် ပြုံးရယ်စွာ ပြောဆိုလိုက်ကြသည်။
" မင်းတို့နှစ်ယောက်ရဲ့နာမည်ကို ကျုပ်တို့ကြားထားတာ ကြာလှပါပြီ....ဒါပေမဲ့ ကိုယ်တိုင်ကိုယ်ကျတော့ မတွေ့မြင်နိုင်ခဲ့ဘူး။ ကျုပ်တို့တွေ မင်းတို့ကို မြင်လိုက်တာနဲ့တင်ကို ကြိုတင်သိရှိလိုက်ပါတယ်လေ။မင်းတို့က အမှန်တကယ်ကို ထူးချွန်ပြောင်မြောက်တဲ့ လူငယ်ပါရမီရှင်တွေပါပဲ။နဂါးနဲ့ ဇာမဏီငှက်တွေလိုပေါ့။ "
" မွန်မြတ်မှုခုနှစ်ပါးစေတီရဲ့ နဝမအလွှာကို ဖြတ်ကျော်နိုင်ခဲ့တဲ့ ဂန္တဝင်ပါရမီရှင်တွေလို့ မျှော်လင့်ထားတဲ့အတိုင်းပါပဲလား။"
စစ်ထူကျယ်တို့၏ ချီးကြူးမှုကို ကြုံတွေ့လိုက်ရသည့်အခါ ကုချိုးတို့သည် ဦးခေါင်းများကို မြင့်မြင့်မြှောက်လျက် ရှိနေခဲ့ကြသည်။ သူတို့ဟာ စစ်ထူကျယ်တို့ကိုတောင် သေချာစွာစိုက်ကြည့်ခြင်းမရှိဘဲ စားပွဲခုံသို့ ရုတ်တရက်သွားလိုက်ပြီး ထိုင်ချလိုက်ကာ ထူးမခြားနားစွာ ပြောဆိုလိုက်သည်။
" ပြောစမ်းပါဦး....ကျုပ်တို့ညီအစ်ကိုနှစ်ယောက်ကို ဖိတ်ခေါ်လိုက်ရတဲ့ အကြောင်းအရင်းက ဘာများလဲ "
ကုချိုး၏ မောက်မာလှသော အသွင်အပြင်က စစ်ထူကျယ်တို့၏အမူအရာများကို ပျက်ယွင်းသွားစေခဲ့သည်။
သူတို့၏အဆင့်အတန်းမှာ ထူးကဲလှပါသည်။သူတို့၏အရည်အချင်းမှာလည်းထိပ်တန်းဟုမဆိုနိုင်သော်ငြား ပထမတန်းစားပါရမီရှင်များ ဖြစ်နေကြဆဲသာ။ စစ်ထူမင်ဟာ မွန်မြတ်မှုခုနှစ်ပါးစေတီ၏ အဋ္ဌမအလွှာကို ဝင်ရောက်နိုင်ခဲ့ပြီး ကျန်လူများမှာတော့ သတ္တမအလွှာကို ရောက်ရှိနိုင်ခဲ့ကြသည်။
သူတို့အထဲမှာ ဘယ်သူကများ ချန်ခွမ်းကပ်ဘေးအဆင့်ကို မရောက်ရှိသေးလို့လဲ။ကုချိုးတို့လို ချန်ခွမ်းယွမ်အဆင့်သာသာနှစ်ယောက်က သူတို့ရဲ့အရှေ့မှာ မောက်မာရဲတာလား။ ဒါက တကယ့်ကို ရူးသွပ်နေတာပဲ။
" ဒီကနေ့ ကျုပ်တို့ မင်းတို့နှစ်ယောက်ကို ဖိတ်ခေါ်လိုက်ရတာက ပထမအနေနဲ့ လတ်တလောမှာ ကျော်ကြားလာတဲ့ ဂန္တဝင်ပါရမီရှင်နှစ်ယောက်ကို တွေ့မြင်ချင်လို့ပါ။ ပြီးတော့ လေးစားဂုဏ်ပြုချင်လို့။ ဒုတိယအနေနဲ့ကတော့ ကျုပ်တို့တွေက ရှေးဟောင်းအပျက်အစီးလွင်ပြင်တစ်ခုကို ရှာဖွေတွေ့ရှိထားတယ်။ဒါပေမဲ့ ကျုပ်တို့ရဲ့ခွန်အားက ချို့ယွင်းနေတာကြောင့် မင်းတို့နှစ်ယောက်ကို ဆင့်ခေါ်ပြီး အတူတကွစူးစမ်းဖို့ ဆုံးဖြတ်ခဲ့ရတာ။ "
စစ်ထူကျယ်က ပြန်လည်တည်ငြိမ်သွားခဲ့ပြီး အပြုံးတစ်ပွင့်ဖြင့် ကုချိုးတို့နှစ်ယောက်ကို ရှင်းပြလိုက်သည်။
သို့ပါသော်လည်း သူ၏မျက်ဝန်းအနက်ပိုင်း၌ရှိနေသော အရိပ်များမှာ ဆန့်ကျင်ဖက်ဖြစ်သော ခံစားချက်တို့ကို ဖော်ပြနေခဲ့သည်။
" ဒါဖြင့် ဘယ်လိုခွဲဝေယူကြမလဲ? "
ကုချိုးသည် စားပွဲခုံကို ခပ်သာသာပုတ်လိုက်ပြီး မေးမြန်းလိုက်သည်။တစ်ဖက်မှာလည်း ကုကန်းချိုး၏မျက်ဝန်းများအတွင်း၌ ရွှတ်နှောက်နှောက်အပြုံးတစ်ခု ရှိနေခဲ့သည်။ သူတို့နှစ်ယောက်ကို ရတနာအမဲလိုက်ဖို့အတွက် ဖိတ်ခေါ်ခဲ့တာလား။ဒီလူတွေက သူတို့ရဲ့ပြိုင်ဖက်မဖြစ်နိုင်မှာကို ကြောက်လန့်မိပါရဲ့။
သူတို့ရဲ့ အဓိကရည်ရွယ်ချက်က ဘာလဲဆိုတာကို စောင့်ကြည့်လိုက်ရအောင်။