← Chapters

မိုးကောင်းကင်ကိုယ်စားလှယ်၏ အကြောက်တရား

Vol. 47 Ch. 654

မိုးကောင်းကင်ကိုယ်စားလှယ်၏ အကြောက်တရား

Vol. 47 Ch. 654

ဘာသာပြန်- The Fate

ဝမ်ဖုန်းကိုယ်၌ကတောင် အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။

သာမန်ကြယ်စင်ဧကရာဇ်အဆင့်တစ်ယောက်ကို စွမ်းအားရှင်ကြီးက ကြောက်လန့်နေတာလား?။ ဒီမြင်ကွင်းက ဘယ်လောက်ပဲ ကြည့်ရှုပါစေ ရယ်စရာကောင်းနေသည်။

အချိန်တစ်ခုထိတိုင်အောင်ထိတ်လန့်သွားပြီးနောက် အရိုးစုသည် စောနက ဝမ်ဖုန်း၏ ကူကယ်ရာမဲ့နေသော မြင်ကွင်းကို ပြန်လည်အမှတ်ရသွားခဲ့သည်။ သို့သော်လည်း သူ၏ မီးခိုးရောင်မျက်ဝန်းများကတော့ ဝမ်ဖုန်းကို မြဲမြံစွာ စူးစိုက်ကြည့်နေခဲ့ကာ သူ့တစ်ကိုယ်လုံးကို ထွင်းဖောက် ကြည့်ရှုလိုဟန်တူ၏။

အရိုးစု၏ စူးရှသောအကြည့်များအောက်တွင် ဝမ်ဖုန်းသည် အကြောက်တရားကိုရေးရေးမျှ ခံစားခဲ့ရသည်။ ဒါကြောင့် သူသည် စနစ်၏ စွမ်းအားများကို လှုပ်ရှားစေခဲ့ကာ သူ့ကိုယ်သူ ခုခံကာကွယ်လိုက်သည်။

"ဟားဟားဟား..."

တစ်ခဏကြာသည့်အခါ အရိုးစု၏ နှုတ်ဖျားမှ ကျယ်လောင်သော ရယ်မောသံကြီး ထွက်ပေါ်လာခဲ့ကာ ခန်းမကြီးကို ခါယမ်းသွားစေခဲ့သည်။ ၎င်းအော်ဟစ်ရယ်မောသံကြီးသည် နတ်မိစ္ဆာတစ်ပါး၏ ရယ်သံကြီးကဲ့သို့ စူးရှကျယ်လောင်လှသည်။ ကြားယောင်မိသူများ၏ စိတ်နှလုံးကိုလည်း ယားယံထုံကျင်သွားစေခဲ့သည်။

ဤအချိန်တွင် အရိုးစုက အရမ်းကို ဟက်ဟက်ပက်ပက် ရယ်မောလိုက်တာကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကတောင် တုန်ယင်နေခဲ့သည်။ ဘယ်သူက သူဘာကို ရယ်မောနေမှန်း နားမလည်နိုင်ခဲ့ပါ။

သူသည် အရူးတစ်ယောက်လိုမျိုး အရူးအမူးရယ်မောနေခဲ့၏။

"ငါမျှော်လင့်မထားခဲ့ဘူး... ငါတကယ်ကြီး မျှော်လင့်မထားခဲ့ဘူး!"

"လောကကြီးမှာ ပြန်လည်ဝင်စားခြင်းက ကိုးကြိမ်ဆိုတာကိုက အဆုံးစွန်ထိအောင်ဖြစ်နေပြီ "

"ပြီးတော့မင်း.... မင်းကတော့ ဆယ်ကြိမ်မြောက် ပြည့်စုံတဲ့ ပြန်လည်ဝင်စားခြင်းကို ရယူနိုင်ခဲ့တယ်"

"ငါနဲ့ အခြားကောင်းကင်ဆရာတွေကို ထိတ်လန့်အောင်လုပ်နိုင်တဲ့လူဆိုတဲ့အတိုင်းပါပဲလေ!"

ရုတ်တရက်ဆိုသလို... အရိုးစု၏ ရယ်မောသံကြီးက ရပ်တန့်သွားခဲ့သည်။ သူ၏ မီးခိုးရောင်မျက်ဝန်းများက ဝမ်ဖုန်းကို စိုက်ကြည့်နေခဲ့ပြီး အေးစက်စွာပြောဆိုလိုက်သည်။

အဆိုပါအသံသည် ချီးမွမ်းနေဟန်တူသော်လည်း အဆုံးအစမဲ့ အေးစက်မှုများပါဝင်နေခဲ့သည်။ ခန်းမအတွင်းရှိ အပူချိန်သည် ရုတ်တရက် ထိုးကျသွားခဲ့သည်။ ရွှမ်ဝူနှင့် အခြားသူများသည် တုန်ယင်နေတာကို မရပ်တန့်နိုင်တော့ပါ ။အေးစက်သည့်အရှိန်အဝါများကြောင့် သူတို့စိတ်ဝိညာဥ်များကတောင် အချိန်မရွေး ကွဲကြေတော့မည်ကဲ့သို့ ဖြစ်နေခဲ့၏။

အရိုးစု၏ စကားများကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်း၏ နှလုံးသားက အရိုင်းဆန်စွာ ခုန်ပေါက်သွားခဲ့သည်။

ဆယ်ကြိမ်မြောက် ပြန်လည်ဝင်စားခြင်း...

ဒါက သူ့အကြောင်းလား...

သူ့မှာ တကယ်ကြီး ထိတ်လန့်ဖို့ကောင်းတဲ့ သရုပ်မှန်တစ်ခုရှိနေတာလား?။ သူတကယ်ပဲ ဆယ်ကြိမ်မြောက် ပြန်လည်ဝင်စားခြင်းကို တွေ့ကြုံခဲ့ရတာလား?။

အမှန်တကယ်မှာတော့... ဝမ်ဖုန်းသည် သူ့တွင် လျှို့ဝှက်ဆန်းကြယ်သော ဇာစ်မြစ်တစ်ခုရှိနေကြောင်း ခန့်မှန်းမိနေခဲ့သည်။ ဒီလိုမှမဟုတ်ရင် ယဲ့မုချင် ၊ သိချင်းနှင့် အကျဥ်းသားယန်လုံတို့က သူ့ကိုဘာ့ကြောင့်များ တစ်မူထူးခြားစွာ ဆက်ဆံရမှာလဲ။ ဒါ့အပြင် လျှို့ဝှက်ဆန်းကြယ်သော အရိုးစု၏ သဘောထားကလည်း သူ၏သာမန်မဟုတ်သော မူလဇာစ်မြစ်ကို ဖော်ပြနေခဲ့သည်။

ယဲ့မုချင်နှင့် ပထမဆုံးတွေ့ဆုံခဲ့ရချိန်၌ ယောင်္ကျားဟု အခေါ်ခံခဲ့ရခြင်းမှာ သူ၏ချောမောခံ့ညားသော ရုပ်ရည်ကြောင့်ဖြစ်သည်ဟု တွေးထင်ရလောက်သည်အထိ ဝမ်ဖုန်းက မရူးအသေးပါ။

ယဲ့မုချင်လို အမျိုးသမီးတစ်ယောက်က သူ့ရဲ့ အသွင်အပြင်ကြောင့်လောက်နဲ့ ဘာလို့များ ယောင်္ကျားလို့ခေါ်ရမှာလဲ?။ ဒါတွေအားလုံးက သူ့ရဲ့လျှို့ဝှက်ဆန်းကြယ်တဲ့ နောက်ခံကြောင့်ဖြစ်နေမှာကို ကြောက်လန့်မိတယ်။

ထိုအကြောင်းကိုတွေးမိခဲ့လိုက်သည့်အခါ ဝမ်ဖုန်းသည် အလွန်အမင်း စိတ်နှလုံးမသာမယာဖြစ်သွားခဲ့သည်။

သူသည် ယဲ့မုချင်နှင့် အချိန်ကာလကြာမြင့်စွာ မနေထိုင်ခဲ့ရသော်လည်း ထိုအမျိုးသမီးကို နက်နက်ရှိုင်းရှိုင်း ချစ်ကျွမ်းဝင်ခဲ့၏။ ယဲ့မုချင်က သူ့ကို တစ်စုံတစ်ယောက်ရဲ့ အစားထိုးအဖြစ် ဆက်ဆံနေမှာကို သူမလိုချင်ပါ။

သူဟာ ဝမ်ဖုန်းသာဖြစ်၏။ သူ၏အတိတ်က ဘယ်လိုပင်ဖြစ်ခဲ့ပါစေ လက်ရှိအချိန်၌ သူဟာဝမ်ဖုန်းသာဖြစ်ပါ၏။

သူဟာသူသာဖြစ်ပြီး သူ၏အတိတ်ကလည်း အတိတ်မျှသာဖြစ်၏။

သည့်မတိုင်ခင် ယဲ့မုချင်ရှိနေခဲ့စဥ်က သူဟာ ယဲ့မုချင်ကို မေးခွန်းတစ်ခုမေးမြန်းခဲ့လေသည်။ ထိုအချိန်က ယဲ့မုချင်သည် သူ့ကို စကားတစ်ခွန်းပြန်လည်ဖြေကြားခဲ့၏။ ဝမ်ဖုန်းနှလုံးသားအတွင်းရှိ မလိုလားမှုများကလည်း အပြည့်အဝပျောက်ကွယ်သွားခဲ့ရသည်။

"ကံတရားကို နတ်ဘုရားတွေက ဆုံးဖြတ်တယ်... ရှင်က ရှင်ပါပဲ ကျွန်မဒါကိုအမြဲတမ်းသိခဲ့ပါတယ်"

ထိုအချိန်က စကားများကို ပြန်ပြောင်းကြားယောင်လိုက်ရသည့်အခါ ဝမ်ဖုန်း၏ စိတ်အာရုံတစ်ခုလုံးသည် တုန်လှုပ်သွားခဲ့သည်။ ထိုအချိန်၌ပင် ဝမ်ဖုန်းသည် ထိုအမျိုးသမီးကို နက်နက်ရှိုင်းရှိုင်း ချစ်ကျွမ်းဝင်ခဲ့၏။

ယခုအချိန် အရိုးစု၏စကားသံကိုကြားလိုက်ရသည့်အခါ သူ့တွင် လျှို့ဝှက်ဆန်းကြယ်သော ဇာစ်မြစ်တစ်ခုရှိနေကြောင်း ပို၍သေချာသွားခဲ့သည်။

"ဘဝပေါင်းဆယ်ခုက ပြန်လည်ဝင်စားခြင်းကို ပြီးမြောက်စေခဲ့တယ်!"

"ဒီနတ်ဘုရားက တကယ့်ကိုသိချင်မိပါရဲ့... မင်းခန္ဓာကိုယ်ထဲမှာ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေလို့များ မိုးကောင်းကင်ကတောင် စည်းမျဥ်းတွေကို ချိုးဖြတ်ခွင့်ပေးခဲ့ရတာလဲ?"

ဝမ်ဖုန်း၏ စိတ်အာရုံက တုန်လှုပ်နေစဥ်တွင် အရိုးစုက ဝမ်ဖုန်းကို စူးစိုက်ကြည့်ခဲ့သည်။ သူ၏ မီးခိုးရောင်မျက်ဝန်းများက အဆက်မပြတ်လင်းလက်တောက်ပနေခဲ့၏။

ဘဝဆယ်ခု၌ ပြည့်စုံစွာ ပြန်လည်ဝင်စားခဲ့ခြင်း...!

ဤစကြဝဠာထုအတွင်း၌ ဘယ်သူတစ်ဦးတစ်ယောက်ကမှ ဆယ်ဘဝအထိ ပြန်လည်မဝင်စားခဲ့ဖူးပါ။ သို့သော်လည်း ဒီလူကတော့ အပြည့်အဝပြန်လည်ဝင်စားနိုင်ခဲ့၏။

ကောင်းကင်ဘုံ၏ နောက်ဆုံးအကန့်အသတ်မှာ ကိုးဘဝသာဖြစ်သည်။ မိုးကောင်းကင်လမ်းစဥ်၏အောက်တွင် ဘယ်သူကမှ ကောင်းကင်ဘုံကန့်သတ်ချက်ကို မကျော်ဖြတ်နိုင်ခဲ့ပါ။

စကြဝဠာအတွင်းရှိ ကျင့်ကြံသူအားလုံး ၊ ကြီးမြတ်သော ပုဂ္ဂိုလ်များကတောင် ပြန်လည်ဝင်စားခြင်း လမ်းစဥ်ကို ကိုးဆယ်ရာခိုင်းနှုန်းခန့်သာ နားလည်နိုင်ကြသည်။ ဘယ်တော့မှ တစ်ရာ ရာခိုင်နှုန်းအပြည့်နားမလည်နိုင်ကြပါ။ ဤသည်မှာ မိုးကောင်းကင်လမ်းစဥ်၏ စည်းမျဥ်းဖြစ်သည်။ မိုးကောင်းကင်က ဘယ်သူကိုမှ ကျော်ဖြတ်ခွင့်ပေးမှာမဟုတ်ပါချေ။

သို့ပါသော်လည်း ဒီလူကတော့ ဆယ်ဘဝအတွက် ပြည့်စုံသော ပြန်လည်ဝင်စားခြင်းကို ဖြတ်ကျော်ခဲ့သည်။ ဒီလူသာ ဒီ့ထက်မြင့်မြင့်ကို ရောက်ရှိသွားရင် ငါတို့လို မိုးကောင်းကင်ကိုယ်စားလှယ်တွေအတွက် အိပ်မက်ဆိုးကြီးဖြစ်လာမှာကို ကြောက်လန့်မိတယ်။ သူက ကောင်းကင်ရဲ့အဆင့်ကို ကျော်လွန်သွားပြီး မိုးကောင်းကင်ကိုတောင် ခြေဖဝါးအောက်မှာ ချနင်းလောက်တယ်။ ကြီးမြတ်တဲ့မဟာတာအိုရဲ့ မြင့်မြတ်တဲ့ ဆရာသခင်တစ်ပါး ဖြစ်လာနိုင်တယ်။

အရိုးစုသည် ဝမ်ဖုန်းက ဘယ်လိုဘယ်ပုံဖြင့် ပြည့်စုံသော ပြန်လည်ဝင်စားခြင်းကို အောင်မြင်နိုင်ခဲ့ကြောင်း သိရှိချင်မိ၏။ သူသာ ဆယ်ဘဝပြန်လည်ဝင်စားခြင်း၏ ပြည့်စုံမှုကို နားလည်နိုင်ခဲ့လျှင် သူကိုယ်တိုင်ကလည်း မိုးကောင်းကင်၏ အကန့်အသတ်ကိုဖြတ်ကျော်၍ ကြီးမြတ်သောလမ်းစဥ်၏ ဆရာသခင်တစ်ပါးဖြစ်လာနိုင်သည်။

အရိုးစု၏စကားများကိုကြားလိုက်ရသည့်အခါ ဝမ်ဖုန်းက ပြန်၍မဖြေကြားခဲ့ပေ။ အမှန်တကယ်မှာတော့ သူဟာ ဘယ်လိုဖြေကြားရမလဲ မသိခဲ့ခြင်းသာဖြစ်လေသည်။

"မင်းက တစ်ချိန်က အရမ်းကိုထိတ်လန့်ဖို့ကောင်းခဲ့တယ်!"

"ဒါပေမဲ့... အခုအချိန်မှာတော့ မင်းက ပုရွက်ဆိတ်တစ်ကောင်လို အားနည်းနေခဲ့ပြီ... အခုမှ အချုပ်အနှောင်က ကင်းလွတ်လာတဲ့ ဒီနတ်ဘုရားရဲ့ အသက်ရှုသံကိုတောင် တောင့်မခံနိုင်ခဲ့ပါလား"

အရိုးစုသည် ဝမ်ဖုန်းကိုလျစ်လျူရှုထားခဲ့ပြီး သူ့ဘာသာပြောဆိုလိုက်သည်။ သူ၏မျက်နှာထက်တွင် ရက်စက်သော အပြုံးတစ်ခုရှိနေခဲ့သည်။

"အရင်တုန်းက မင်းက ဒီနတ်ဘုရားကို ကြောက်လန့်အောင်ပြုလုပ်ခဲ့တယ်... အခုချိန်မှာတော့ ဒီနတ်ဘုရားက မင်းကို အကြောက်တရားအကြောင်းသိရှိခံစားစေရမယ်"

"ထန်ထန်xxx... က ဒီနတ်ဘုရားရဲ့ ခြေဖဝါးအောက်မှာ ကျဆင်းရတော့မှာပါလား"

"ဟားဟားဟား..."

ရေခဲတမျှအေးစက်သောအသံကြီးသည် အရိုးစုထံမှထွက်ပေါ်လာခဲ့သည်။ သူက ကောင်းကင်ကိုမော့ကြည့်လျက် ကျယ်လောင်၍ ထပ်မံ၍ ရယ်မောလိုက်ပြန်သည်။

အရိုးစုက ထန်ထန်ဟုဆိုသောအကြောင်း ပြောဆိုလိုက်သည့်အခါ ဝမ်ဖုန်းရော လီပိုင်တို့ကပါ နားစွင့်ထားလိုက်မိကြသည်။ ဝမ်ဖုန်း၏ နှလုံးသားက အရိုင်းဆန်စွာ ခုန်ပေါက်နေခဲ့သည်။ သူဟာ မိမ်ိ၏သရုပ်မှန်ကို သိရှိလိုသည်။

သို့ပါသော်လည်း အရိုးစုနှုတ်ဖျားမှ ထွက်လာခဲ့သည်များက မရှင်းလင်းသော စကားလုံးများသာဖြစ်နေခဲ့လေသည်။ အရိုးစုပြောဆိုလိုက်သောနာမည်ကို ရှင်းလင်းစွာကြားသိဖို့မဖြစ်နိုင်ခဲ့ပါ။

ဒါက ဝမ်ဖုန်းကိုအရမ်းစိတ်ပျက်သွားစေခဲ့သည်။

သူ့ရဲ့သရုပ်မှန်က အရိုးစုပြောတာထက် ပိုပြီး လျှို့ဝှက်ဆန်းကြယ်နေလိမ့်မယ်လို့ ဝမ်ဖုန်းတစ်ယောက် အကြမ်းဖျင်းမျှ ခံစားမိနေခဲ့သည်။

အားလုံးထဲမှာမှ ဝမ်ဖုန်းရောက်ရှိသွားခဲ့သော ဝိညာဥ်ကျေးရွာသည် သူ့ကိုလျှို့ဝှက်ဆန်းကြယ်သော ခံစားမှုတစ်ခု ပေးစွမ်းနေခဲ့သည်။ ဒါ့အပြင် အဋ္ဌမနှင့် နဝမညီအစ်ကိုများက ဟုန်မာန်နတ်ဘုရားနယ်ပယ်သည် စမှတ်တစ်ခုမျှသာဖြစ်သည်ကို ပြောဆိုခဲ့သေးသည်။ အဲ့ဒီဝိညာဥ်ကျေးရွာက ဘယ်လိုလုပ်သာမန်ဖြစ်နိုင်မှာလဲ။

ဝိညာဥ်ကျေးရွာက ထွက်ခွာလာပြီးနောက် သူ၏ကျင့်ကြံမှုက ရုတ်တရက်မိုးထိအောင်မြင့်တက်သွားခဲ့သည်။ ဒါကိုကြည့်ချင်းအားဖြင့် ဝိညာဥ်ကျေးရွာအတွင်းရှိလူများတွင် ကျင့်ကြံမှုမရှိခြင်းမဟုတ်ပဲ သူကသာ အာရုံမခံမိခဲ့ခြင်းဖြစ်၏။

"ဘုန်း!"

ဝမ်ဖုန်းက အတွေးလွန်နေစဥ်တွင် အရိုးစု၏ ရယ်မောသံကြီးက ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ သူက ဝမ်ဖုန်းကိုလှမ်းကြည့်လိုက်သည်။ အေးစက်သောအလင်းတန်းတစ်ခုသည် သူ၏ မီးခိုးရောင်မျက်ဝန်းများအတွင်းမှ ပြေးထွက်သွားခဲ့ကာ ဝမ်ဖုန်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို.ထိန်းကွပ်မရ တုန်ယင်သွားစေခဲ့သည်။

များမကြာမီတွင် ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားကြီးသည် အရိုးစု၏ ခန္ဓာကိုယ်မှ ထပ်မံ၍ ထွက်ပေါ်လာခဲ့ကာ ဝမ်ဖုန်းကို မြေပြင်ပေါ် ဖိနှိပ်ချခဲ့သည်။ ၎င်းကြောက်လန့်ဖွယ်ကောင်းသော စွမ်းအားကြီးသည် ဝမ်ဖုန်း၏ မျက်နှာတစ်ခုလုံးကို ပျက်ယွင်းသွားစေခဲ့ကာ အကြီးအကျယ် နာကျင်ခံစားရစေခဲ့သည်။

လီပိုင်နှင့်အခြားသူများ အပါအဝင် ရွှမ်ဝူတို့အုပ်စူသည်လည်း ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားကြီး၏ ဖိနှိမ်ခြင်းကို ခံခဲ့ရသည်။ တာအိုနန်းတော်နှစ်ခုအတွင်းရှိ ကျင့်ကြံဆင့်နိမ့်သော တပည့်များသည် ဤဖိအားအောက်တွင် တိုက်ရိုက်ကို ပေါက်ကွဲထွက်သွားကြသည်။

"ဘုန်း!"

"ရုတ်တရက်ဆိုသလို... အရိုးစုက အရှိန်အဝါကိုပြန်၍ ရုပ်သိမ်းလိုက်သည်။ ဝမ်ဖုန်းနှင့် အခြားသူများ စိတ်သက်သာရာရ၍ သက်ပြင်းချလိုက်မိစဥ်တွင် စွမ်းအားကြီးသည် ပြန်လည်၍ ထွက်ပေါ်လာခဲ့ကာ ဝမ်ဖုန်းတို့ကို ထပ်မံ၍ ဖိနှိပ်ခဲ့ပြန်သည်။!!

All Chapters