လွယ်ကူသော သတ်ဖြတ်ခြင်း
Vol. 50 Ch. 696
"ဘုန်း!"
ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ ခြောက်ခြားဖွယ် စွမ်းအင်လှိုင်းတို့သည် အရပ်လေးမျက်နှာသို့ ပျံ့လွင့်လျက် တောင်ကြားလေးတစ်ခုလုံးကိုဖျက်ဆီးခဲ့သည်။ မြေပြင်၌ ကြီးမားသောပေါက်ကွဲရာများကြွင်းကျန်ရစ်သည်။
ဖိုဟွေ့၏ခန္ဓာကိုယ်သည် ဓားအလင်းတန်း၏တိုက်ရိုက်ထွင်းဖောက်ခြင်းကိုခံခဲ့ရကာ မြေပြင်ပေါ်တွင်သံတစ်ချောင်းနှင့်ရိုက်ခတ်ခံထားရသလို မြဲမြံစွာကပ်တွယ်လျက်ရှိ၏။
၎င်းဓားအလင်းတန်းသည် အင်မတန်ခြောက်ခြားဖွယ်ဖြစ်၍ အရှိန်နှုန်းမှာမြန်ဆန်လှသည်။ အကာအကွယ်ဒိုင်းကြီးပျက်စီးသွားပြီးနောက် ဖိုဟွေ့သည်တုံ့ပြန်ခဲ့သေးသော်လည်း တားဆီးရန်ကားနောက်ကျသွားခဲ့၏။
"အဟွတ်!"
ဖိုဟွေ့သည်တွင်းပေါက်အတွင်းမှ တွယ်တက်လာခဲ့ကာ ပါးစပ်အပြည့်သွေးတစ်လုတ်ကိုအန်ထွက်ခဲ့သည်။ သူ၏ခန္ဓာကိုယ်ဟာ သနားချင်စရာဖြစ်နေခဲ့ပြီး ရင်ဘတ်ပေါ်တွင် ဧရာမအပေါက်ကြီးတစ်ပေါက်ရှိနေခဲ့ကာ သွေးများက စမ်းချောင်းစီးပြိုသကဲ့သို့ယိုစီးလျက်ရှိ၏။ ဝတ်ရုံတစ်ခုလုံးမှာဆွေးဆွေးနီနေခဲ့ချေသည်။
"ဘယ်လိုကြောင့်ဖြစ်နိုင်မှာလဲ။?"
"မင်းဘယ်သူလဲ"
ဖိုဟွေ့၏မျက်ဝန်းသူငယ်အိမ်များမှာ လှုပ်ရှားလျက်ရှိကာ အမူအရာသည်မယုံကြည်နိုင်ဖြစ်နေခဲ့သည်။ သူဟာလေထုအတွင်းမှ ရုတ်တရက်ထွက်ပေါ်လာသောပုံရိပ်ကို မြဲမြံစွာစူးစိုက်ကြည့်လျက် အံ့အားသင့်စွာ မေးမြန်းခဲ့သည်။
သူသည် လောင်ထျန်းဧကရာဇ် အထွတ်ထိပ်စွမ်းအားရှင်ဖြစ်ပါသည်။ ဒါကိုတောင် ဒီပုဂ္ဂိုလ်ရဲ့ တိုက်ကွက်တစ်ကွက်ကို မတားဆီးနိုင်ခဲ့ဘူးလား။ ဒါကအဘယ်သို့သော အရာမျိုးပါလိမ့်။
ဝမ်ဖုန်းတွင် အစစ်အမှန်ဧကရာဇ်တစ်ပါးကဲ့သို အရှိန်အဝါရှိမနေကြောင်း ဖိုဟွေ့ရှင်းရှင်းလင်းလင်းသိသည်။ ဆိုလိုတာက ဝမ်ဖုန်းသည် အစစ်အမှန်ဧကရာဇ်နယ်ပယ်ကို မရောက်သေးပါ။ သို့သော်လည်းထိုကဲ့သို့လူတစ်ယောက်က တိုက်ကွက်တစ်ကွက်ဖြင့် သူ့ကို အပြင်းအထန် ဒဏ်ရာရစေခဲ့သည်။ သူအဘယ်ကြောင့် မထိတ်လန့်ဘဲနေရမည်နည်း။
နတ်ဆိုးဗုဒ္ဓကျောင်းတော် တစ်ခုလုံးကိုကြည့်ပါလျှင်တောင် သူ့လိုအစစ်အမှန်ဧကရာဇ်စွမ်းအားရှင်ကို ဓားတစ်ကွက်ဖြင့် အပြင်းအထန် ဒဏ်ရာရစေနိုင်သူမှာ များများစားစားမရှိ။
"ဝုန်း!"
ဖိုဟွေ့၏ရေရွတ်ပြောဆိုသံကိုကြားတော့ ဝမ်ဖုန်း၏မျက်ဝန်းများမှာ အနည်းငယ်မှေးကျဉ်းသွားလျက် မျက်ဝန်းအိမ်အတွင်း၌အေးစက်သော အလင်းတန်းတစ်ခု ပေါက်ဖွားလာခဲ့သည်။ ဤသည်ကား လူအများကိုတုန်ယင်ခြောက်ခြားစေနိုင်၏။
"ဘုန်း!"
တဆက်တည်းဆိုသလို အရိုးခိုက်အောင်အေးစိမ့်သည့် သတ်ဖြတ်လိုစိတ်သည် ဝမ်ဖုန်း၏ကိုယ်ခန္ဓာမှ မွေးဖွားလာခဲ့သည်။ အဆိုပါသတ်ဖြတ်လိုစိတ်၏ထွက်ပေါ်လာခြင်းသည် ဖိုဟွေ့၏ခန္ဓာကိုယ်ကိုထိန်းချုပ်မရ တုန်လှုပ်စေခဲ့သည်။ သူဟာအကြောက်တရားတို့ပြည့်နှက်နေသောမျက်ဝန်းဖြင့် ဝမ်ဖုန်းကိုစူးစိုက်ကြည့်လျက် အသနားခံနေခဲ့သည်။
ဤအချိန်တွင် ဖိုဟွေ့က ဝမ်ဖုန်းကို ယှဉ်ပြိုင်တိုက်ခိုက်လိုသည့် စိတ်ဆန္ဒကိုတောင်ဆုံးရှုံးခဲ့ရသည်။
"ဘုန်း!"
ဝမ်ဖုန်းသည် ရွှမ်ကျိဓားကို လက်အတွင်းကိုင်ဆောင်လျက် ခန္ဓာကိုယ်အတွင်းရှိစွမ်းအင်းများကို ဓားအတွင်းသို့အရူးအမူးထည့်သွင်းးလိုက်သည်။ ခမ်းနားသောစွမ်းအင်တို့သည် ဓားကိုယ်ထည်ကို ခါရမ်းလာစေခဲ့သည်။ တစ်ချိန်တည်းမှာပဲ ပတ်ပတ်လည်ဝန်းကျင်ရှိ စွမ်းအင်များသည် ၎င်းဓား၏ဆွဲစုခြင်းကိုခံခဲ့ရကာ မျက်တောင်တစ်ခုအတွင်း၌ စွမ်းအင်လေပွေတစ်ခု ပေါက်ဖွားခဲ့သည်။ ပိုမိုများပြားသော စွမ်းအင်များ စုရုံးလာသည်နှင့်အမျှ ရွှမ်ကျိဓားကလည်းပိုမိုမြန်ဆန်စွာ ခါရမ်းလာခဲ့သည်။ အဆုံးအစမဲ့သော ဓားစွမ်းအင်တို့သည် ကောင်းကင်နှင့်ကမ္ဘာမြေကို ပိုင်းဖြတ်တော့မည့်အလား တည်ရှိလျက်ရှိသည်။ ဝန်းကျင်ရှိလေဟာပြင်သည် တစ်ခုပြီးတစ်ခုအက်ကွဲလျက် ပင့်ကူအိမ် ကဲ့သို့အက်ကွဲကြောင်းများကိုဖြစ်တည်စေခဲ့သည်။!!
"ဘုန်း!"
ဖိုဟွေ့၏ခြောက်ခြားနေသော အကြည့်အောက်တွင် ဝမ်ဖုန်းကိုင်ဆောင်ထားသောရွှမ်ကျိဓားသည် တဖြေးဖြေးနိမ့်ဆင်းလာခဲ့သည်။ စွမ်းအင်မုန်တိုင်း၏အလယ်ဗဟိုတွင်ရှိသော ဧရာမဓားအလင်းတန်းသည် ဖိုဟွေ့ထံရုတ်တရက်ကျဆင်းလာခဲ့၏!
"ရွှပ်!"
ဓားအလင်းတန်းဖြတ်သန်းသွားသည့်အရာတိုင်းတွင် ရှိရှိသမျှအရာအားလုံးဆုတ်ဖြဲခံခဲ့ရသည်။ ထက်မြသောဓားသည် လောကကိုထက်ပိုင်းဖြတ်ခဲ့၏။
"ဘုန်း!"
ဖိုဟွေ့၏မျက်ဝန်းများဟာ ခြောက်ခြားလျက်ရှိသည်။ သူဟာ အကြောက်တရားကို ထိန်းချုပ်လျက် ကိုယ်တွင်းရှိ စွမ်းအင်များကိုလှည့်ပတ်လိုက်ကာ ဓားအလင်းတန်းကို ခုခံရန်ပြင်ဆင်ခဲ့သည်။ သို့သော်လည်း စွမ်းအင်များကိုမလှည့်ပတ်နိုင်ရ သေးခင်မှာတင် သူ၏ခန္ဓာကိုယ်က ဓားအလင်းတန်း၏ ဖြတ်ပိုင်းခြင်းကို ခံခဲ့ရသည်။ အဆုံးအစမဲ့သော ဓားစွမ်းအင်များသည် သူ၏ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားခဲ့ကာ သူ၏ဇီဝ(အသက်)ဓာတ်တို့ကို အကြွင်းမဲ့ဖျက်ဆီးခဲ့သည်။
လောင်ထျန်းဧကရာဇ် စွမ်းအားရှင်များသည် သန်မာသော ဇီဝဓာတ်ကိုပိုင်ဆိုင်ထားသည်။ ထိုသို့သော သူများကိုသတ်ဖြတ်ရန်မလွယ်ကူပါ။ သို့သော်လည်း ဝမ်ဖုန်းတွင် မြင့်မြတ်သော မှော်ရတနာရွှမ်ကျိဓားရှိသည် ဖြစ်ရာ လောင်ထျန်းဧကရာဇ်အဆင့်စွမ်းအားရှင်များကို အလွယ်တကူသတ်ဖြတ်နိုင်သည်။
ထိုသူ၏ဇီဝဓာတ်က အဘယ်မျှလောက်သန်စွမ်းပါစေ။ အစစ်အမှန်မြင့်မြတ်သော လက်နက်၏တိုက်ခိုက်မှုနှင့်ရင်ဆိုင်ရသည့်အခါ ကူကယ်ရာမဲ့နေခဲ့သည်။ ထက်မြသော မှော်ဝင်လက်နက်၏အစွန်းသည် ၎င်း၏ဇီဝဓာတ်များကိုအပြီးအပိုင်ဖျက်ဆီးလျက် ဖိုဟွေ့ကိုအပြည့်အဝအဆုံးသတ်ခဲ့သည်။
"မဟုတ်ဘူး!"
စွမ်းအင်မုန်တိုင်း၏ အလယ်ဗဟိုမှ တုန်လှုပ်စရာကောင်းသော ဟစ်ကျွေးသံကြီး ထွက်ပေါ်လာခဲ့သည်။ ၎င်းသံကို ကြားမိသူမှန်သမျှသည် အကြောက်တရားတို့ဖြင့် ဖုံးလွမ်းသွားမှာဖြစ်၏။ အဆိုပါ စိတ်ဓာတ်လျော့ကျနေသော အသံကြီးသည် စွမ်းအင်မုန်တိုင်းပေါက်ကွဲသွားပြီးနောက် အရပ်လေးမျက်နှာသို့ ပျံ့လွင့်သွားခဲ့သည်။
ဖိုဟွေ့ကတော့ အရိုးတစ်စတောင်မကျန်ရစ်ဘဲ သတ်ဖြတ်ခံခဲ့ရသည်။ သူ၏အစအနတို့ကိုရှာဖွေ၍တောင် မဖြစ်နိုင်တော့ပါ။
"ထင်း ၊လောင်ထျန်းဧကရာဇ်အထွတ်အထိပ် စွမ်းအားရှင်တစ်ယောက်ကို သတ်ဖြတ်ခဲ့တဲ့အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်။ဂိုဏ်းအမှတ် ၁. ၅ ထရီလီယမ်ကို လက်ခံရရှိပါတယ်။ ဒါအပြင် ဧကရာဇ်နယ်ပယ်အဆင့်မြင့်ဆင့်ခေါ်ခွင့် ၃ကြိမ်ကိုလည်းရရှိပါတယ်။"
ဝမ်ဖုန်းသည် စိတ်အာရုံအတွင်းရှိ အေးစက်သောအသံကို လျစ်လျူရှုထားခဲ့ကာ မျက်ဝန်းများကိုမှေးလျက် အဝေးတစ်နေရာသို့ ရုတ်တရက်ကြည့်ရှုခဲ့သည်။ တစ်စုံတစ်ရာကို ခံစားခဲ့ရသည့်အလား သူ့၏ပုံရိပ်ဟာ အပြီးတိုင်ပျောက်ကွယ်သွားခဲ့သည်။ သူဟာ ကိုယ်တွင်းရှိစွမ်းအင်များကို အဆုံးစွန်ထိအောင် ဖိနှိပ်ထားခဲ့တာကြောင့် ကမ္ဘာလောကအတွင်းမှ ပျောက်ကွယ်သလားဟုတောင် ထင်မှတ်ရ၏။
"ဝှမ်.."
ဝမ်ဖုန်း ဖုံးကွယ်လိုက်ပြီးမကြာခင်မှာပဲ လူပုဂ္ဂိုလ်နှစ်ယောက်သည် လေဟာပြင်ကိုစုတ်ဖြဲလျက်ထွက်ပေါ်လာခဲ့သည်။ သူတို့ဟာရှေ့မှောက်တွင်ရှိနေသော ခြောက်ခြားစရာတိုက်ပွဲမြေပြင်ကို စိုက်ကြည့်လျက် အမူရာတို့မှာ ပျက်ယွင်းသွားခဲ့သည်။
ထိုပုဂ္ဂိုလ်နှစ်ယောက်သည် နတ်ဆိုးဗုဒ္ဓကျောင်းတော်မှ ဖိုဝူနှင့် ဖိုစီတို့ဖြစ်ကြသည်။ သူတို့ဟာလည်း လောင်ထျန်းဧကရာဇ်အထွတ်အထိပ် စွမ်းအားရှင့်ဖြစ်ပါ၏။
"သေစမ်းကွာ!"
ဖိုဝူက အော်ဟစ်လိုက်သည်။ ပြင်းထန်သောစွမ်းအင်များသည် သူ၏ခန္ဓာကိုယ်ကိုရစ်ပတ်လျက် ဝန်းကျင်ရှိအရာအားလုံးကိုပေါက်ကွဲဖျက်ဆီးခဲ့သည်။
သူ၏နတ်ဆိုးဗုဒ္ဓကျောင်းတော်မှ နောက်ထပ်လောင်ထျန်းဧကရာဇ်အထွတ်အထိပ် စွမ်းအားရှင်ကြွေလွင့်သွားရပြန်သည်။
ဒါကနတ်ဆိုးဗုဒ္ဓကျောင်းတော်၏ မျက်နှာကို အဆုံးစွန်ထိတိုင် ဖြတ်ရိုက်လိုက်ခြင်းဖြစ်ပေ၏။
ဖိုဝူ၏ဘေးတွင် မတ်တက်ရပ်နေသော ဖိုစီကလည်း အရမ်းကိုတုန်လှုပ်နေခဲ့ပါသည်။ သို့သော်လည်း တစ်ချိန်တည်း၌ သူတို့၏နှလုံးသားထဲတွင် တုန်လှုပ်မှုတစ်ခု ရှိနေခဲ့သည်။ သူတို့ဟာတိုက်ပွဲမြေပြင်၏ အရှိန်အဝါကိုလက်ခံရရှိပြီး၊ အချိန်တိုကလေးအတွင်း၌ အပြေးအလွှားလာခဲ့ခြင်းဖြစ်သည်။ ၎င်းဟာ တစ်နာရီ၏လေးပုံတစ်ပုံခန့်သာ ကြာခဲ့ပါသည်။ သို့သော်လည်း ထိုအချိန်အတွင်း၌ ဖိုဟွေ့ဟာ သေဆုံးခဲ့ရသည်လော?
ဒါက အရမ်းကို ကြောက်စရာမကောင်းလွန်းပေဘူးလား။ ဖိုဟွေ့ဟာ လောင်ထျန်းဧကရာဇ်အထွတ်အထိပ်၌ ရှိပြီး ၎င်း၏ခွန်အားဟာ သူတို့ထက် လျော့နည်းခြင်းမရှိပါ။ သို့သော်လည်း အချိန်တိုအတွင်း သတ်ဖြတ်ခံခဲ့ရ၏။ ဤသည်မှာ ပုရွတ်ဆိတ်တို့ကို ဖိချေသတ်ဖြတ်ခြင်းနှင့်တောင် တူနေသည် မဟုတ်ပါလော။
အဘယ်သို့သော တည်ရှိမှုကများ ဖိုဟွေ့ကို ရိုးရှင်းသေသပ်စွာ သတ်ဖြတ်နိုင်ပါသနည်း။
သူတို့ကို ပို၍ထိတ်လန့် တုန်လှုပ်သွားစေခဲ့သည်မှာ တိုက်ပွဲမြေပြင်အတွင်း၌ သူတို့သည် ဖိုဟွေ့၏ပြန့်ကျဲသွားသောအရှိန်အဝါကို မခံစားရရုံသာမက သတ်ဖြတ်လိုက်သော ပုဂ္ဂိုလ်၏အရှိန်အဝါကိုတောင် အာရုံခံမရခဲ့ပါ။
သတ်ဖြတ်ခဲ့သည် ပုဂ္ဂိုလ်မှာ အရမ်းကို သန်မာလွန်းတာကြောင့် အရှိန်အဝါအနည်းငယ်တောင်မကြွင်းကျန်ရစ်ခဲ့ပါချေ။!