မောက်မာသော ရှေးမျိုးနွယ်စု။
Vol. 11 Ch. 148
"လူတိုင်းလူတိုင်းက ဧကရာဇ်ကြီးဖြစ်နေတဲ့ ငါကိုယ်တော်ရဲ့ အဆင့်အတန်းက အရမ်းကို မြင့်မြတ်ပြီး တန်ခိုးအာဏာ ကြီးမားကြတယ်လို့ ထင်ကြတယ်"
"ဒါပေမယ့် ဒီဧကရာဇ်ကြီးကတောင် နေ့တိုင်းစိုးရိမ် ထိတ်လန့်နေရတယ်ဆိုတာကို သူတို့မသိဘူး ၊ တစ်နေ့နေ့မှာ အင်မော်တယ် ရှေးမျ်ိုးနွယ်စုက လူတွေက ငါကိုယ်တော်ရဲ့ နန်းတော်အထိ ရောက်လာပြီး ဘုရင်မနဲ့ မုယွင်ဖေးကို ခေါ်ဆောင်သွားမှာ ၊ ငါကိုယ်တော်တို့ ဘိုးဘေးစဥ်ဆက် အစဥ်အမြဲတည်ရှိခဲ့တဲ့ အင်ပါယာကြီးကို ဖျက်ဆီးသွားမှာကို ငါကိုယ်တော် နေ့တိုင်း စိုးရွံ့နေရတယ်"
လေဧကရာဇ်၏ စကားဆုံးသွားသည့် အခါမှာ လေဧကရီသည် ဧကရာဇ်၏ လက်ကို ခပ်ဖွဖွ ဆုပ်ကိုင်လိုက်ပြီး ချစ်ခြင်းမေတ္တာများ ပြည့်ဝနေသော မျက်ဝန်းများဖြင့် စူးစိုက်ကြည့်လိုက်သည်။
ဧကရီသည် မည်သည့်စကား တစ်ခွန်းကိုမျှ ထုတ်ဖော် ပြောကြားခြင်းမရှိသော်လည်း သူမသည် ယခုကဲ့သို့ ပြုလုပ်ရသည့်အပေါ် နောင်တတရား စိုးစဥ်းမျှ မရှိကြောင်းကို လေဧကရာဇ်အနေဖြင့် သိရှိလိုက်သည်။ သူတို့နှစ်ယောက်ဟာ တစ်ဦးကိုတစ်ဦး ချစ် ခင်မြတ်နိုးစွာ စူးစိုက်ကြည့်မိလိုက်ကြသည်။
ဝမ်ဖုန်း၏ အနောက်တွင် မတ်တပ်ရပ်နေသော နှစ်ထောင်ချီသက်တမ်းရှိသည့် FAကြီး မဟာနတ်ဆိုး ရွှမ်ရှ ၏ ရင်ထဲမှာတော့ မြှားပေါင်းတစ်သောင်း စူးစိုက်ခံလိုက်ရသလိုမျိုး ခံစားလိုက်ရပါသည်။ သူ၏ နှုတ် ခမ်းထောင့်စွန်းများဟာ တွန့်ကွေးသွား၏။ 'ငါ့ရဲ့ဝဋ် ကြွေးကလည်း မသေးလှပါလားနော်၊ ဂိုဏ်းမှာရှိတုန်း ကလည်း ဂိုဏ်းချုပ်နဲ့ ဂိုဏ်းချုပ်ကတော်တို့ ချစ် ကြည်နူးနေတာကို စောင့်ကြည့်နေခဲ့ရတယ် ၊ အခု လေအင်ပါယာကို ရောက်လာတော့လည်း အချစ်ငှက်နှစ်ကောင်နဲ့ ထပ်တွေ့နေရ ပြန်ပါပေကော။ '
" အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုတဲ့လား... သိပ်ကိုမောက်မာလိုက်တာ " ဝမ်ဖုန်းသည် သူ၏မျက်လုံး များကို မှေးကျဥ်းလိုက်ပြီး အမူအရာမဲ့စွာ ပြောကြားလိုက်သည်။
"ဟား.. သူတို့ရဲ့ မျက်လုံးထဲမှာ အင်မော်တယ်ရှေးမျိုးနွယ်စုရဲ့ သွေးမျိုးဆက် မရှိဘူးဆိုရင် မင်းဘယ် လောက်ပဲ ပါရမီရှိရှိ သူတို့အတွက်တော့ အကုန်လုံးဟာ ပုရွက်ဆိတ်တွေပါပဲ.." လေဧကရာဇ်သည် လှောင်ရယ် ပြောဆိုလိုက်သည်။ သူ၏ လေသံထဲ တွင် ဝမ်းနည်းမှု အရိပ်အယောင်များ ပါဝင်နေပါ သည်။
ဟိုးအတိတ်တစ်ချိန်က သူသည်လည်း ကြီးမြတ် သော လေအင်ပါယာကြီး၏ ပါရမီရှင်တစ်ယောက်ပဲ ဖြစ်သည်။ သူသည် ထျန်းလန်ဒေသကို သွားရောက်ခဲ့သည့် အချိန်မှာတောင် အလွန်အမင်းကျော်ကြား ခဲ့လေသည်။ သို့သော်လည်း သူ၏ ကျော်ကြားမှု ဂုဏ် သတင်းများမှာ အသုံးမကျ ဖြစ်ခဲ့ရသည်။
အချို့သော ရှေးဟောင်းမျိုးနွယ်စုကြီးများ၏ မျက် လုံးထဲတွင် ကျင့်ကြံရေးပါရမီ ဆိုသည်မှာ ဒုတိယသာ ဖြစ်ပြီး မြင့်မြတ်သော သွေးမျိုးဆက်ကသာ သူတို့ အလိုရှိသည့် ထိပ်တန်းဦးစားပေးပင် ဖြစ်သည်။
"မုယွင်ဖေးက မင်းတို့ရဲ့ သားတင်မကဘူး ငါတို့ ရှန်ရှန့်ကျုံ ဂိုဏ်းရဲ့ တပည့်လည်းဘဲ ဖြစ်တယ် ။ ဒါကြောင့်မလို့ ဒီဂိုဏ်းချုပ်က ကယ်တင်ရမယ် ။ ဘယ်သူ တစ်ဦးတစ်ယောက် ဘယ်အင်အားစုကမှ ငါတို့ရှန်ရှန့်ကျုံ ဂိုဏ်းရဲ့တပည့်ကို ထိခိုက်နာကျင်အောင် လုပ်လို့မရစေရဘူး.."
ဝမ်ဖုန်းသည် လေဧကရာဇ်၊ ဧကရီတို့အား စူးစိုက်ကြည့်လိုက်ပြီး ခေါင်းညိမ့်ကာ အလွန်လေးနက်သော လေသံဖြင့် ပြောဆိုလိုက်သည်။ သူသည် အင်မော်တယ်ရှေးမျိုးနွယ်စု ဟုခေါ်ဆိုသော မျိုးနွယ်စုကြီး အကြောင်းကို အနည်းငယ် သိလိုစိတ်ဖြစ်နေမိသည်။ ထိုမျိုးနွယ်စုကြီး၏ အဆင့်အတန်းမှာ လက်ရှိ သူထိပါးနိုင်သည့် အရာမျိုး မဟုတ်သေးပါပေ။ အဆိုပါ ရှေးဟောင်းမျိုးနွယ်စုကြီး၏ မင်းသမီးလေးဖြစ်သော လေဧကရီကတောင်မှ ဆန်းကြယ်သူတော်စင်ဆင့် အထွတ်အထိပ်တည်းဟူသော ကျင့်ကြံဆင့်ကြီးကို ပိုင်ဆိုင်ထားသည်။ ရှေးဟောင်းမျိုးနွယ်စုကြီး တစ်ခုလုံးဆိုပါက မည်မျှလောက်တောင် သန်မာအား ကောင်းလိုက်မည်နည်း။
ဤအကြောင်းကို တွေးမိလိုက်သည့်အခါ ဝမ်ဖုန်း၏ တစ်ကိုယ်လုံးသည် တုန်လှုပ်သွားပါသည်။
ချန်းလန်ဓါးဂိုဏ်းအတွက်ကတော့ သူတို့သည် သူ ၏တပည့်ကို ဖမ်းဆီးခေါ်ဆောင်သွားသည်သာမက စနစ်၏ တာဝန်လည်း ရှိနေသေးသည် ဖြစ်ရာ ထိုဓါးဂိုဏ်းကို လုံးဝ ဖျက်ဆီးပစ်ရပေလိမ့်မည်။
"ကျေးဇူးတင်ပါတယ်... ဂိုဏ်းချုပ်ဝမ်"
ဝမ်ဖုန်း၏ စကားများကို ကြားလိုက်ရသည့်အခါ ဧကရာဇ်နှင့် ဧကရီတို့၏ မျက်လုံးများအတွင်း ကျေး ဇူးတင်သည့် အရိပ်အယောင်များ ထင်ဟပ်လာသည် ။ သူတို့သည် ဝမ်ဖုန်းအား လေးလေးစားစား ဦးညွတ်လိုက်ကာ ပြောဆိုလိုက်သည်။
"ဒါပေမယ့် မုယွင်ဖေးက ငါတို့ဂိုဏ်းရဲ့ တပည့်ဖြစ် ရုံတင်မကဘူး မင်းတို့ရဲ့ သားတော်လည်း ဖြစ်တယ်။ဒါကြောင့်မလို့ မင်းတို့လည်း ပူးပေါင်းပါဝင်ပေးရမယ် " ဝမ်ဖုန်းသည် သူ၏စကားများကို ချက်ချင်း ပြောင်းလဲ ပြောဆိုလိုက်သည်။
သူ၏ ရှန်ရှန့်ကျုံဂိုဏ်းတွင် ချန်းလန်ဓါးဂိုဏ်းအား ရင်ဆိုင်ရန် လုံလောက်သည့် အင်အားရှိသော်လည်း သူဟာ အရူးတစ်ယောက်မဟုတ်ပါ။ တခြားသော သူတစ်ယောက်အတွက် စေတနာရှင်ကြီး လုပ်ပြီး လက်ကမ်းကူညီပေးနေသည့် လူစားမျိုးလည်းမဟုတ်ပါ ပေ။
အစကတော့ ဝမ်ဖုန်းသည် အေးအေးချမ်းချမ်းလေးသာနေပြီး ရှန်ရှန့်ကျုံဂိုဏ်း၏ ခွန်အားကို ထပ်မံတိုး မြှင့်ပြီးမှသာ ချန်းလန်ဓါးဂိုဏ်းနှင့် ရင်ဆိုင်ယှဥ်ပြိုင် ချင်ခဲ့သည်။ သို့သော်လည်း ချန်းလန်ဓါးဂိုဏ်းမှာ သေမင်းအား စတင်စိန်ခေါ်နေပြီ ဖြစ်လေရာ ဝမ်ဖုန်းသည် ဤကစားပွဲအတွင်းသို့ လေအင်ပါယာကိုပါ ဆွဲယူပြီး အဆုံးစွန်တိုင်အောင် ရင်ဆိုင်ယှဥ်ပြိုင်ရမည် ဖြစ်ပေသည်။
"ဒါက......"
ဘေဧကရာဇ်နှင့် ဧကရီတို့သည် တစ်ဦးကိုတစ်ဦးလှည့်ကြည့်မိလိုက်ကြသည်။ လေဧကရာဇ်သည် တစ်စုံ တစ်ခုကို ပြောချင်ခဲ့သော်လည်း ဝမ်ဖုန်းက ထပ်မံပြောဆိုလိုက်ပါသည်။
"ဒီဂိုဏ်းချုပ်က ခန္ဓာကိုယ်သန့်စင်ဖို့အတွက် မှော်ဝင်ဆေးဝါးကို ရှာတွေ့ပြီးပြီ ။ ဒီဆေးဝါးနဲ့သာဆိုရင် အရှင်မင်းကြီးရဲ့ ဒဏ်ရာတွေကို ကုသပေးနိုင်ရုံသာမက အရှင်မင်းကြီးကိုလည်း နောက်ထပ်တစ်ဆင့်ကို ရောက်ရှိသွားအောင် ပြုလုပ်ပေးနိုင်းလိမ့်မယ်" ဝမ်ဖုန်းသည် ပေါ့ပါးသောလေသံဖြင့် ပြောဆို လိုက်သည်။
"ဘာ..."
လေဧကရာဇ်သည် အံ့အားတသင့် ရေရွတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကပါ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်လာပေသည်။ လေဧကရာဇ်၏ ဘေးတွင်ရှိနေသော လေဧကရီသည်လည်း ဝမ်ဖုန်းကို ထိတ်လန့်နေသောအမူအရာဖြင့် စူးစိုက်ကြည့်မိလိုက်ပါသည်။
ဤသည်က မှော်ဝင်ဆေးဝါးဘဲ ဖြစ်သည်။ ဂိုဏ်းချုပ် ဝမ်က မှော်ဝင်ဆေးဝါးကို ဒီလောက်အချိန်တိုလေး အတွင်းမှာ ရှာတွေ့ခဲ့တယ်တဲ့လား?။
သူမ၏ အင်မော်တယ် ရှေးမျိုးနွယ်စုတွင် ဆိုလျှင်တောင်မှ မှော်ဝင်ဆေးဝါးတစ်ခုကို ရှာဖွေတွေ့ရှိဖို့ အတွက် အချိန်နှင့် လုံ့လဝီရိယများစွာ စိုက်ထုတ်ရမှာဖြစ် သည်။ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုတွင် ဆိုလျှင်တောင် မှော်ဝင်ဆေးဝါးများသည် အလွန်တရာ ရှားပါးသော ရတနာများ ဖြစ်ကြပါသည်။ ဝမ်ဖုန်းသည် သူ၏ လက်ဝါးကို ဖြန့်ပြလိုက်သည့်အခါ ရွှမ့်ဝူမှော်ဆေးဝါးသည် သူ့လက်ဖဝါးအတွင်း၌ ပေါ်ထွက် လာလေသည်။
"ဝှမ်....."
ဤထူးခြားဆန်းကြယ်သော မှော်ဝင်ဆေးဝါး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ခန်းမကြီးထဲတွင် ရှေးဆန်သော သားရဲကြီးတစ်ကောင်၏ ဟိန်းဟောက်သံလိုမျိုး အသံတစ်ခု ထွက်ပေါ်လာပါသည်။ ဒါ့အပြင် ခန်းမကြီးအတွင်းရှိ ချီစွမ်းအင်များမှာလည်း အလွန်အမင်း လှုပ်ရှားတတ်ကြွလာကာ ဝမ်ဖုန်းလက်ဝါးအတွင်းရှိ ရွှမ့်ဝူဆေးဝါးဆီသို့ စီးဆင်းဝင် ရောက်လာကြသည်။
ရွှမ့်ဝူဆေးဝါးမှာ ရွှမ့်ဝူသားရဲကြီး တစ်ကောင်နဲ့ ထိပ်တိုက်ရင်ဆိုင်နေရသလိုမျိုး ခမ်းနားကြီးကျယ် သော ချီစွမ်းအင်များ ထုတ်လွှတ်နေပေရာ ရှိနေကြသည့် လူတိုင်းလူတိုင်း၏ ခန္ဓာကိုယ်များသည်တောင် တုန်ရင်သွားကြသည်။ လေဧကရာဇ်သည် ဝမ်ဖုန်း၏ လက်ဖဝါးပေါ်တွင်ရှိနေသော ရွှမ့်ဝူမှော်ဆေး ဝါးအား စူးစူးရဲရဲ စိုက်ကြည့်လိုက်လေသည်။ သူ၏ အသက်ရှုသံများကတောင် အနည်းငယ် မတည်မငြိမ် ဖြသ်လာသည်။ ဤသည်မှာ သူ့ဘဝ သက်တမ်းတစ် လျှောက်လုံးတွင် မှော်ဝင်ဆေးဝါးအား ပထမဆုံးအကြိမ် ဖြင့် မျက်ဝါးထင်ထင် တွေ့မြင်ဖူးခြင်းပင် ဖြစ်ပါသည်။
အကြည့်တစ်ချက်ဖြင့်ပင် သူသည် ထိုဆေးဝါးထံမှ အကြည့်များကို မရုတ်သိမ်းနိုင်တော့ပါ။
သာမာန်မဟုတ် ထူးကဲလှပါဘိဟူသော လေဧကရီပင် မှော်ဝင်ဆေးဝါးထံမှ အကြည့်မလွှဲနိုင်တော့ပါချေ။
"ဂိုဏ်းချုပ်ဝမ်က မှော်ဆေးဝါးကို အသုံးပြုပြီး ဒီဧကရာဇ်ကို တစ်ကယ်ပဲ ကုသပေးချင်တာလား" အချိန်အတော်လေးကြာသည့်အခါမှ လေဧကရာဇ်သည် မှော်ဆေးဝါးထံမှ အကြည့်များကို အတင်းအ ကြပ် ရုတ်သိမ်းလိုက်ပြီး ဝမ်ဖုန်းအားစိုက်ကြည့်ကာ အလေးအနက် မေးမြန်းလိုက်သည်။
"ငါတို့အရင်က လုပ်ထားခဲ့တဲ့ သဘောတူညီချက်တွေကို ဖြည့်ဆည်းပေးမယ်ဆိုရင် ဒီမှော်ဝင်ဆေးဝါးက အရှင်မင်းကြီးရဲ့ ဟာပါပဲ" ဝမ်ဖုန်းသည် ပေါ့ပါး သောလေသံဖြင့် ပြောဆိုလိုက်သည်။
လေဧကရာဇ်၏ လက်အတွင်းရှိနေသော ကံကြမ္မာမျိုးစေ့မှာ ရွှမ့်ဝူမှော်ဆေးဝါးထက် မြောက်များစွာ ပိုမိုတန်ဖိုးရှိပါပေသည်။
"ဂိုဏ်းချုပ်ဝမ် ဒီလိုဖြင့်ရင် သစ်သားသေတ္တာလေးက ဂိုဏ်းချုပ်အပိုင် ဖြစ်သွားပါပြီ ။ ဂိုဏ်းချုပ်ဝမ်သာ ဒီဧကရာဇ်ကို ကုသပေးပြီးပြီဆိုရင် ဒီဧကရာဇ်က အင်ပါယာ ဘဏ္ဍာတိုက်ထဲကို သွားပြီး ဂိုဏ်းချုပ်ဝမ် အ လိုရှိတဲ့ ရတနာ(၃)မျိုးကို ယူဆောင်ပေးပါမယ်"
" ဒါ့အပြင် ဂိုဏ်းချုပ်ဝမ် ဒီဧကရာဇ်ကို အပြည့်အဝ ကုသပေးပြီးပြီဆိုရင် ဒီဧကရာဇ်က အင်ပါယာတစ်ခွင်လုံးမှာ ရှိတဲ့ လူငယ်မျိုးဆက်တွေ အားလုံးကို ရှန် ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းသားစုဝေးခြင်း ညီလာခံကျင်းပမယ့်အကြောင်း ၊ အရောက်လာဖို့အကြောင်း အမိန့်ပေးလိုက်ပါမယ် ။ပြီးတော့ ဒီစုဝေးပွဲကြီးကို ကြီးကြပ်စီစဥ်ပေးဖို့ ရွှမ်ယိကိုလည်း စေခိုင်းလိုက်ပါ့မယ် "
"ဒီဧကရာဇ်သာ အပြည့်အဝပြန်ကောင်းသွားပြီဆိုရင် ဒီဧကရာဇ်ကလည်း အင်ပါယာအကြီးအကဲ ငါးယောက်ကို ခေါ်ဆောင်ပြီး ဂိုဏ်းချုပ်ဝမ်နဲ့အတူ ချန်းလန်ဓါးဂိုဏ်းကို အတူထွက်ခွာပါ့မယ်။ ယွင်ဖေး ဖမ်းခေါ်ခံသွားရတာကို ဒီဧကရာဇ်က ကြည့်ရုံဘဲ ကြည့်ပြီး ဘာမှမလုပ်နိုင်ခဲ့ဘူး။ဒီအရှက်ရမှုတွေကို သွေးကြွေးနဲ့ ပြန်လည်ပေးဆပ်စေရမယ်"
လေဧကရာဇ်သည် သစ်သားသေတ္တာလေးအား အလျှင်အမြန်ထုတ်ပေးလိုက်ပြီး ဝမ်ဖုန်းအားကြည့်ကာ အလေးအနက်ပြောဆိုလိုက်သည်။
ဝမ်ဖုန်းသည် ခေါင်းညိမ့်လိုက်ပြီး ကောင်းကင်ချိပ်ပိတ်ခြင်းရတနာသေတ္တာလေးအား ယူဆောင်လိုက်သည်။ ထို့နောက်သူသည် ထိုရတနာသေတ္တာလေးအား စနစ်၏ နေရာလပ်အတွင်း သိမ်းဆည်းလိုက်ပြီး ရွှမ့်ဝူမှော်ဆေးဝါးအား လေဧကရာဇ်ထံသို့ ပေးအပ်လိုက်တော့သည်။
ဝမ်ဖုန်း၏ အနောက်တွင် မတ်တပ်ရပ်နေသော မဟာနတ်ဆိုးရွှမ်ရှသည် ဤမြင်ကွင်းကို တွေ့မြင်လိုက်ရသည့်အခါ သူ၏နှုတ်ခမ်းတစ်ခုလုံးက တွန့်ကွေးသွား ပါတော့သည်။
မဟာနတ်ဆိုးရွှမ်ရှ၏ မျက်ဝန်းထဲတွင် ရွှမ့်ဝူမှော်ဆေးဝါးနှင့် နှိုင်းယှဥ်ရပါက ဂိုဏ်းချုပ်ဝမ်နှင့် လေဧကရာဇ်တို့ကြားရှိ သဘောတူညီချက်မှာ ဘာမှတန်းဖိုးမရှိပါပေ။
ဂိုဏ်းချုပ်ဝမ်သည် ရွှမ့်ဝူမှော်ဆေးဝါးအား ယူဆောင်သွားပြီး ယောင်ရီဧကရာဇ်နှင့် တွေ့ဆုံပြီး သဘောတူညီချက်များကို ပြန်ပြောပြလျှင်တောင်မှ ယောင်ရီ ဧကရာဇ်အနေဖြင့် ငြင်းဆန်နိုင်မည်မဟုတ်ဘဲ သဘောတူလက်ခံပေးရမည်သာ ဖြစ်သည်။
မဟာနတ်ဆိုးရွှမ်ရှသည် ရှန်ရှန့်ကျုံဂိုဏ်း၏ စည်းစိမ်ဥစ္စာများကို နောင်အနာဂတ်တွင် သူ့အား စီမံခန့်ခွဲခွင့်ပေးပါရန် ဂိုဏ်းချုပ်အား ပန်ကြားရမည်ဟု တေးမှတ်ထားလိုက်လေသည်။ ဂိုဏ်းချုပ်ဝမ် လက်ထဲမှာသာဆိုရင် ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ရတနာတွေ တမဟုတ်ချင်း ကုန်ဆုံးသွားတော့မှာပဲ။ သို့သော်လည်း ဤအချိန်မှာတော့ မဟာနတ်ဆိုးရွှမ်ရှသည် တွေးတောနေရုံသာ တတ်နိုင်ပါတော့ သည်။
" ဂိုဏ်းချုပ်ဝမ် ကျုပ်တို့ စကြတော့မလား?"
လေဧကရာဇ်သည် ရွှမ့်ဝူမှော်ဆေးဝါးအား ယူဆောင်လိုက်ပြီး မိမိ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ တုန်ယင်နေပါသည်။ သူသည် ရွှမ့်ဝူဆေးဝါးအား ထိကိုင်လိုက်သည့် တခဏမှာပင် သူ့ကိုယ်တွင်းရှိ ချီစွမ်းအင်များမှာ အရူးအမူး ဗြောင်းဆန်လာပြီးလျှင် ကောင်းကင် ဘုံ ချို့ယွင်းချက် ကြီး(၅)ချက်၏ စွမ်းအားများက တောင်သူ့ခန္ဓာကိုယ်အတွင်းမှ အနည်းငယ် ဆုတ်ခွာသွားသည်ကို ခံစားရရှိလိုက်သည်။