← Chapters

ပုရွက်ဆိတ်က တိုင်တောင်ကို ဝင်တိုက်ခြင်း။

Vol. 45 Ch. 630

ပုရွက်ဆိတ်က တိုင်တောင်ကို ဝင်တိုက်ခြင်း။

Vol. 45 Ch. 630

မင်းသားလန်လဲ့၏မျက်နှာပေါ်တွင် ရွှတ်နောက်နောက်အပြုံးတစ်ခုရှိနေခဲ့ကာ ပြင်းထန်သောအရှိန်အဝါသည် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေခဲ့သည်။ ဒါက မွန်မြတ်သောမြို့တော်အတွင်းရှိ ကျင့်ကြံသူများအားလုံးကို တုန်လှုပ်သွားစေခဲ့၏။

သူဟာ ရာဇပုလ္လင်နဲ့နီကပ်ရသည့်အခြေအနေကို ဘယ်တုန်းကမှ မခံစားခဲ့ရပါ။ သူ၏ခမည်းတော် ဤမျှလောက်ထိ အကူကညီမဲ့နေသည့်မြင်ကွင်းကိုလည်း ဘယ်တုန်းကမှ မတွေ့မြင်ဖူးခဲ့။

အတိတ်တွင် သူသည် ခမည်းတော်ကို အစဥ်အမြဲမော်ကြည့်လျက် ဝပ်တွားခဲ့ရသည်။ ဤကနေ့မှာတော့ သူ၏ခမည်းတော်သည် ရှေ့မှောက်၌ ကူကယ်ရာမဲ့ ဖြစ်နေလေပြီ။ ဒါက လန်လဲ့ကို မာနဝင့်ကြွားလာစေခဲ့သည်။

တော်ဝင်ခမည်းတော်သည် သူ့အပေါ် အစဥ်အမြဲ အထင်သေးခဲ့၏။ သူဟာ မြင့်မြတ်သောတော်ဝင်မိသားစု၏ အကြီးဆုံးသားတော်ဖြစ်သော်လည်း ရာဇပုလ္လင်သည် အခြားသောအမျိုးသမီးတစ်ယောက်လက်သို့ ကျရောက်လုမတတ် ဖြစ်ခဲ့ရသည်။

ဤသည်က မင်းသားလန်လဲ့၏နှလုံးသားကို အမျက်ဒေါသတို့ဖြင့် ပြည့်နှက်စေခဲ့သည်။ သူသာ ဆရာသခင်ကို မတွေ့ရှိခဲ့ရလျှင် သူဟာလည်း ရာဇပုလ္လင်ကို ဘဝတစ်သက်လုံး ပိုင်ဆိုင်ခွင့်ရမှာ မဟုတ်ပါ။

ဧကရာဇ်စန်းရိ၏မျက်ဝန်းများသည် ရဲရဲနီနေခဲ့ပြီး လေထုအထက်၌ရှိနေသော မင်းသားလန်လဲ့ကို အမျက်ဒေါသတို့ဖြင့် စူးစိုက်ကြည့်နေခဲ့သည်။ သူ့ကိုယ်တွင်းရှိ အဆိပ်၏ထကြွမှုသည် သူ၏မျက်နှာအမူအရာကို ဖြူဆုတ်သွားစေခဲ့သည်။ သူ၏နှုတ်ခမ်းထောင့်မှလည်း အနက်ရောင်အဆိပ်သွေးများ ကျဆင်းလျက်ရှိသည်။

" ဒီနတ်ဆိုးက အကြားအမြင်များပြားပေမဲ့ မင်းလောက်မိုက်မဲတဲ့လူကို မတွေ့မြင်ဖူးဘူး! "

" သားအဖသံယောဇဥ်ကိုမှမထောက်၊ သစ္စာတရားကို မလေးစားဘဲ တန်ခိုးအာဏာအတွက်နဲ့ မင်းရဲ့လက်တွေကို ညစ်စွန်းခံခဲ့ပြီ။ ဒါက တကယ့်ကို သနားစရာပါလား။ "

လူတိုင်းစိတ်ပျက်အားလျော့နေသည့်ကာလတွင် လှောင်ပြောင်ရယ်မောသံကြီးသည် နန်းတော်တစ်ခွင် ပျံ့နှံ့သွားခဲ့သည်။ ဤသည်က ရှိနေကြသောလူများအားလုံးကို ထိတ်လန့်သွားစေခဲ့သည်။ သူတို့ဟာ အသံလာရာဖက်သို့ လှမ်းကြည့်လိုက်မိ၏။

မူလက ဂုဏ်ယူဝင့်ကြွားနေသော မင်းသားလန်လဲ့၏အပြုံးဟာ ပျောက်ကွယ်သွားခဲ့သည်။ သူ၏အမူအရာက ချက်ချင်းခက်ထန်၊ အေးစက်သွားခဲ့သည်။ သူဟာ သတ်ဖြတ်ငွေ့များကိုဖော်ထုတ်လျက် အသံလာရာဖက်သို့ စူးစိုက်ကြည့်လိုက်၏။ ကမ္ဘာလောကအတွင်းရှိအပူရချိန်သည် သုညမှတ်ထိ ကျဆင်းသွားခဲ့ရသည်။

အဆိုပါလှောင်ပြောင်ရယ်မောသံကြီးသည် မဟာနတ်ဆိုးရွှမ်ရှထံမှ ထွက်ပေါ်လာခြင်း ဖြစ်၏။

ဤအချိန်တွင် သူဟာ ယိုင်နဲတဲ့ခန္ဓာကိုယ်ကိုသယ်မလျက် မတ်တပ်ရပ်နေခဲ့ကာ သနားစဖွယ် ကောင်းနေခဲ့သည်။သို့သော်လည်း သူ၏ခန္ဓာကိုယ်ပေါ်တွင် ပြင်းထန်သောနတ်ဆိိုးစွမ်းအားများ ရှိနေခဲ့၏။ အစွမ်းထက်သောနတ်ဆိုးစွမ်းအားများသည် နန်းတော်တစ်ခွင် ပျံ့လွှင့်တိုက်ခတ်လာခဲ့ကာ ကောင်းကင်နှင့်ကမ္ဘာမြေပြင်သည် အရောင်၊အသွေး ပြောင်းလဲသွားခဲ့ရသည်။

" ဂိုဏ်းချုပ်က အံ့ချီးဖွယ်ပါလား။ "

" အခုက ကျုပ်နတ်ဆိုးအိုကြီး ကမ္ဘာလောကကို ထိတ်လန့်စေရမယ့်အချိန်ပဲ! "

မဟာနတ်ဆိုးရွှမ်ရှသည် လျို့ဝှက်စွာ ပျော်ရွှင်နေခဲ့သည်။ သူ၏မျက်ဝန်းများက မင်းသားလန်လဲ့ကို စူးစိုက်ကြည့်နေခဲ့သည်။ သူ၏မျက်နှာထက်တွင် အကြောက်တရားဟူ၍ ရှိမနေခဲ့ပါ။ အစွမ်းထက်သောစွမ်းအားများသည် မဟာနတ်ဆိုးရွှမ်ရှကို အဆုံးအစမဲ့ ယုံကြည်မှုရှိစေခဲ့သည်။

သူဆိုသည့်မဟာနတ်ဆိုးရွှမ်ရှသည် ရှန်ရှန်ကျုံဂိုဏ်းကို ဝင်ရောက်ပြီးချိန်မှစ၍ အခုလောက်ထိ ဆိုးဆိုးရွားရွား အရိုက်နှက် မခံရဖူးပေ။

ကျိန်းသေပေါက် လက်စားချေရမယ်။

ဒီလိုဆိုးသွမ်းတဲ့ကောင်လေးကို ဘေးဒုက္ခဆိုတာဘာလဲ ပြလိုက်ရတာပေါ့။

နှလုံးသားအတွင်းရှိ အမျက်ဒေါသများ ပေါက်ကွဲထွက်ပေါ်လာခြင်းနဲ့အတူ မဟာနတ်ဆိုးရွှမ်ရှ၏အရှိန်အဝါသည် ပို၍ပို၍ အားကောင်းလာခဲ့ကာ သူ့ပတ်ဝန်းကျင်ရှိလေထုဟာလဲ ပုံပျက်လာခဲ့ရသည်။

ကြီးမားသောစွမ်းအားအရှိန်အဝါသည် ကြင်ယာတော်ယဲ့နဲ့အဖိုးအိုတို့ကို ထိတ်လန့်ခြောက်ခြားသွားစေခဲ့သည်။ မဟာနတ်ဆိုးရွှမ်ရှက ဒီလိုထိတ်လန့်ဖွယ်ကောင်းသည့်အရှိန်အဝါမျိုး ထုတ်ဖော်နိုင်လိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ ထင်မထားခဲ့ပါ။

ဒဏ်ရာအနာတရများအရာတွင် မဟာနတ်ဆိုးရွှမ်ရှသည် သူတို့ထက် ပို၍ ဆိုးရွားပါ၏။ ကျင့်ကြံရေးအရာ၌လည်း သူတို့ဟာ ဘုံနန်းရှင်ဧကရာဇ်၌ ရှိနေသည်။ သို့သော်လည်း မဟာနတ်ဆိုးရွှမ်ရှကတော့ မူလဧကရာဇ်၌သာ ရှိနေခဲ့သည်။ သို့ပေသည့် ဇွဲလုံ့လအရာ၌တော့ သူတို့ဟာ မဟာနတ်ဆိုးကြီးရွှမ်ရှထက် များစွာနိမ့်ကျနေခဲ့ပါ၏။

ရှန်ရှန်ကျုံဂိုဏ်းရဲ့စွမ်းအားရှင်တွေအားလုံးက ဒီလိုပဲ သန်မာကြတာလား။

မူလဧကရာဇ်အဆင့်စွမ်းအားရှင်တစ်ယောက်က ဒဏ်ရာအပြင်းအထန်ရပြီးတာတောင် ဒီလောက်ကြောက်ဖို့ကောင်းတဲ့စွမ်းအားကို ဖော်ထုတ်နိုင်သေးတာလား။

မယုံနိုင်စရာကောင်းတယ် !

" ပုရွက်ဆိတ်လေး....ဒီဧကရာဇ်က မင်းကို အချိန်အကြာကြီး သည်းခံခဲ့ပြီးပြီ။ "

" သေခြင်းကို ဖွေရှာနေမှတော့ ဒီဧကရာဇ်ကလည်း ဖြည့်စည်းပေးရမှာပေါ့။ "

လေထုအထက်တွင် လန်လဲ့သည် မဟာနတ်ဆိုးရွှမ်ရှကို စူးစိုက်ကြည့်လျက် ရုတ်တရက် ဟစ်ကြွေးပြောဆိုလိုက်သည်။ သူ၏ခန္ဓာကိုယ်၌ မီးတောင်ကြီးကဲ့သို့ အမျက်ဒေါသတို့ ပြည့်နှက်နေခဲ့သည်။ အေးစက်၍ပြင်းထန်သော သတ်ဖြတ်ခြင်းအရှိန်အဝါများသည် အဆက်မပြတ် ထွက်ပေါ်လာခဲ့လေသည်။

မဟာနတ်ဆိုးရွှမ်ရှက အလွန်အမင်းခေါင်းမာသော်လည်း သူကတော့ မဟာနတ်ဆိုးရွှမ်ရှကို အထင်ကြီးခြင်း မရှိပါ။

စောနက သူ၏တိုက်ခိုက်မှုများသည် ခွန်အားအကုန် သုံးခဲ့ခြင်းမဟုတ်ပါချေ။ သူသည် ခွန်အားတချို့ကို ထိန်ချန်ထားခဲ့တာကြောင့် မဟာနတ်ဆိုးရွှမ်ရှက နာမည်ကောင်းရသွားခဲ့သည်။

သို့သော်လည်း အခုအချိန်မှာတော့ မြင့်မြတ်သောစန်းရိအင်ပါယာ၏ဝှက်ဖဲများအားလုံးသည် ပေါ်ထွက်လာခဲ့ပြီ ဖြစ်၏။ ထို့အတွက်ကြောင့် သူဟာ စိုးရိမ်နေစရာ မလိုတော့ချေ။ သူ၏ခွန်အားကုန်ကိုအသုံးပြု၍ မူလဧကရာဇ်နယ်ပယ်၌သာရှိနေသော မဟာနတ်ဆိုးရွှမ်ရှကို လွယ်လင့်တကူ သတ်ဖြတ်နိုင်လေ၏။ ဒါက ကစားတာထက်တောင် လွယ်ကူမနေဘူးလား။

ထိုသို့ပြောဆိုလိုက်ပြီးနောက် မင်းသားလန်လဲ့၏လက်ဖဝါးများသည် တောက်ပသောနေမင်းအလား အရောင်၊အဝါ ကျိန်းစပ်လာခဲ့သည်။ လေထုအထက်၌ စုစည်းတည်ရှိနေသော လက်ဖဝါးရာကြီးများသည် ပိုမိုသန်မာ၍ ခြောက်ခြားဖွယ်ကောင်းလာခဲ့သည်။

တောင်ကြီးငါးတောင်နဲ့တူသော လက်ချောင်းငါးချောင်းကို သယ်ဆောင်ထားခဲ့သည့် ဧရာမလက်ဖဝါးကြီးသည် ကောင်းကင်ကြီးတစ်ခုလုံးကို ဖုံးအုပ်ထားခဲ့ကာ နေအလင်းရောင်ကို မှိန်ဖျော့သွားစေခဲ့၏။

ခြောက်ခြားဖွယ်ကောင်းသောအရှိန်အဝါသည် လူအများ၏ခန္ဓာကိုယ်များကို ထိန်းကွပ်မရ တုန်ယင်သွားစေ၏။

စန်းရိအင်ပါယာ၏ မွန်မြတ်သောမြို့တော်သည် ရှေဧကရာဇ်များဖန်တီးခဲ့သော ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ် လက်နက်ကြီးတစ်ခုဖြစ်သော်လည်း ဤထိတ်လန့်ဖွယ်ကောင်းသော ဖိအား၏လက်မှောက်တွင် အဆက်မပြတ် ခါယမ်းနေခဲ့ရသည်။ ၎င်းက ဤဖိအားကို သည်းမခံတော့သည့်အလား ဖြစ်ပျက်နေခဲ့၏။

" အလဟသတ် မောက်မာနေတဲ့ ခွေးစုတ်လေး "

" မင်းငါ့ကို လုပ်ခဲ့တာတွေအတွက် အခုပြန်ပြီး ပေးဆပ်ရမယ်.....ကွ ! "

" ဒီဧကရာဇ်ကို ဆယ့်ရှစ်ကြိမ်တိတိ မြေပေါ်အမှောက်သိပ်ခဲ့တယ်။ ပြီးတော့ အကြိမ်ပေါင်းရှစ်ထောင်တိတိ တိုက်ခိုက်ခဲ့တယ်။ ဒီဧကရာဇ်ရဲ့ဘဝမှာ ဒီလောက်ထိ အရှက်မရဖူးဘူး။ "

" မင်း....အဆိုးရွားဆုံးသေခြင်းနဲ့ သေဆုံးစေရမယ် "

မဟာနတ်ဆိုးရွှမ်ရှ၏မျက်ဝန်းများသည် သွေးနီရောင် တောက်ပလာခဲ့သည်။ သူသည် ကောင်းကင်ထက်သို့ တစ်လှမ်းပြီးတစ်လှမ်း တက်လှမ်းသွားခဲ့ကာ အမျက်ဒေါသတို့ပြည့်နေသော အသံနက်ကြီးဖြင့် ပြောဆိုလိုက်သည်။

ဒီလူက ဘာလို့ဒီလောက်တောင် ရှင်းရှင်းလင်းလင်းမှတ်မိနေရတာလဲ။

မွန်မြတ်သောမြို့တော်အတွင်းရှိ ကျင့်ကြံသူများအားလုံးမှာ ဆွံ့အနေခဲ့ရသည်။ ၎င်းမှာ ကမ္ဘာမြေပြိုကွဲလုမတတ်ဖြစ်နေသည့် အလေးအနက် တိုက်ပွဲတစ်ခုဖြစ်သော်လည်း သူတို့ဟာ မဟာနတ်ဆိုးရွှမ်ရှ၏စကားလုံးများကြောင့် အော်ဟစ်ရယ်မောလုမတတ် ဖြစ်နေရသည်။

" ဘုန်း....! "

မဟာနတ်ဆိုးရွှမ်ရှသည် မင်းသားလန်လဲ့၏မျက်နှာချင်းဆိုင်၌ ရပ်တန့်လိုက်သည်။ ထူထပ်များပြားသော မှော်စွမ်းအင် မြူခိုးများသည် သူ၏ပတ်လည်၌ ဝဲလွင့်နေခဲ့ကာ မီးခိုးရောင်တိမ်တိုက်ကြီးကဲ့သို့ ဖြစ်နေခဲ့သည်။ ၎င်းသည် စိတ်ပျက်အားလျော့ခြင်းများနဲ့ ဆိုးရွားသောစွမ်းအားများကို သယ်ဆောင်ထားခဲ့ချေသည်။

မြင့်မားသောနတ်ဆိုးရုပ်ထုကြီးတစ်ခုကလည်း မဟာနတ်ဆိုးရွှမ်ရှ၏နောက်ကျောဖက်၌ ပေါ်ထွက်လာခဲ့ကာ သူ့ကို ပြိုင်ဖက်ကင်း နတ်ဆိုးတစ်ပါးကဲ့သို့ ဖြစ်သွားစေခဲ့သည်။ သူ့ခန္ဓာကိုယ်မှထုတ်လွှတ်နေသောအရှိန်အဝါများကလည်း မင်းသားလန်လဲ့နဲ့ ရင်ဆိုင်နိုင်သည်အထိ မြင့်တက်လာခဲ့သည်။

" နတ်ဆိုးတစ်သောင်းလမ်းစဥ် ! "

မိုးခြိမ်းသံကဲ့သို့ အော်ဟစ်သံကြီးသည် မဟာနတ်ဆိုးရွှမ်ရှ၏နှုတ်ဖျားမှ ထွက်ပေါ်လာခဲ့သည်။ သမုဒ္ဒရာကြီးနဲ့တူသော နတ်ဆိုးစွမ်းအားများသည် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့ကာ မဟာနတ်ဆိုးရွှမ်ရှလက်များ၏ လှုပ်ရှားမှုနဲ့အတူ လေထုအတွင်း ကခုန်ရွေ့လျားသွားခဲ့၏။

တချိန်တည်းမှာပင် မဟာနတ်ဆိုးရွှမ်ရှ၏နောက်ကျောဖက်တွင်ရှိသော မြင့်မားသည့်နတ်ဆိုးရုပ်ထုကြီးကလည်း လှုပ်ရှားလိုက်လေသည်။၎င်းရုပ်ထုကြီးသည် ပြိုကွဲသွားခဲ့ပြီး အနက်ရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားခဲ့ကာ မဟာနတ်ဆိုးရွှမ်ရှခန္ဓာကိုယ်နဲ့ ပေါင်းစပ်လိုက်လေသည်။ဤသည်က မဟာနတ်ဆိုးရွှမ်ရှ၏စွမ်းအားကို ပို၍ကြောက်လန့်ဖွယ် ကောင်းလာစေခဲ့သည်။

မဟာနတ်ဆိုးရွှမ်ရှလက်များအထက်၌ အနက်ရောင်မှော်သင်္ကေတများ ရှိနေခဲ့သည်။ သူ၏လက်များသည် အနက်ရောင်တွင်းပေါက်ကြီးနှစ်ခုကဲ့သို့ ဖြစ်နေခဲ့ကာ ပိန်းပိန်းအောင်နက်မှောက်သော အလင်းတန်းများကို ထုတ်လွှတ်နေခဲ့သည်။ အကြည့်တစ်ချက်ဖြင့်ပင် ၎င်းက လူအများ၏စိတ်ဝိညာဥ်ကို ဝါးမြိုနိုင်သည်အထိ ကြောက်လန့်ဖွယ် ကောင်းနေ၏။

All Chapters