← Chapters

ယွမ်

Vol. 42 Ch. 582

ယွမ်

Vol. 42 Ch. 582

ဘာသာပြန်-The Fate

ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်သည် လျို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နှက်လျက်ရှိသည်။ သင် ထိုအကြောင်းအရာကို အစစ်အမှန်နားလည်နိုင်မှသာလျှင် ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်၏ လျို့ဝှက်ဆန်းကြယ်မှုများကို အသိအမှတ်ပြုနိုင်မည် ဖြစ်သည်။

အဆုံးမရှိသော လျို့ဝှက်ဆန်းကြယ်မှုများသည် လန်လဲ့၏နှလုံးသားအတွင်း၌ တိုးပွားလာလျက်ရှိသည်။ သူဟာ ရေမြုပ်တစ်ခုလိုမျိုး အဆိုပါလျိုဝှက်ဆန်းကြယ်မှုများကို အရူးအမူးစုပ်ယူလျက်ရှိသည်။ ဤအချိန်၌ သူ၏ကျင့်ကြံမှုအဆင့်သည် ချန်ခွမ်းသူတော်စင်အထွတ်အထိပ်အဆင့်ကို ချိုးဖျက်သွားခဲ့ပြီးပြီဖြစ်ကာ ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်နဲ့ ခြေလှမ်းတစ်ဝက်မျှသာ ကွာဝေးတော့သည်။

အဖြူရောင်စိတ်ဝိညာဥ် မြူခိုး၊မြူငွေ့များသည် လန်လင်းခန္ဓာကိုယ်မှ ထွက်ပေါ်လျက်ရှိကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို နတ်ဘုရားတစ်ပါးကဲ့သို့ အဆုံးအစမဲ့သည့် ရောင်ဝါများကို ထင်ဟပ်စေခဲ့သည်။

" ထားလိုက်ပါတော့...မင်းက ဒီလူအိုကြီးရဲ့တပည့်ဖြစ်လူမှတော့ ဒီလူအိုကြီးကလည်းမင်းကို အဆုံးထိအောင် ကူညီရတော့မှာပေါ့။ "

ရှေးဟောင်းဘီလူးကြီး၏ နှုတ်ဖျားအတွင်းမှ တီးတိုးရေရွက်သံထွက်ပေါ်လာခဲ့ကာ သူ၏ကြီးမားသောခန္ဓာကိိုယ်ကြီးက အပြင်းအထန် တုန်ခါသွားခဲ့သည်။

" ဝေါင်း ..! "

" ဝေါင်း... ! "

နားကွဲလုမတတ်ကျယ်လောင်သော ဟိန်းဟောက်သံကြီးလေးခုသည် နေရာလွတ်တစ်ခုလုံး၌ ပဲ့တင်ထပ်သွားခဲ့ကာ ၎င်းက နေရာလွတ်နယ်မြေတစ်ခုလုံးကို အစိတ်စိတ်အမွှာမွှာ ပိုင်းဖြတ်တော့မည့်အလား ထင်မှတ်ရချေသည်။နဂါးကြီးလေးကောင်သည် ရှေးဟောင်းဘီလူးကြီး၏ခြေ၊လက်များကို တွယ်ချိတ်ထားခဲ့ကာ ၎င်းကို လှုပ်ရှားခြင်းမှ တားဆီးထားခဲ့သည်။

" ဟက်...ဒီလူအိုကြီးက ကံကောင်းထောက်မစွာနဲ့ လွတ်မြောက်နိုင်ခဲ့‌ေပမယ့် မင်းရဲ့ ချိတ်ပိတ်တားဆီးခြင်းကို ခံခဲ့ရတယ်။ဒီလူအိုကြီးရဲ့တပည့် ကြီးထွားလာခဲ့လို့ရှိရင် ဒီလူအိုကြီးက မင်းကိုလည်း အပိုင်းပိုင်း၊အစစ ချေမွပစ်မယ်ကွ...! "

ဘီလူကြီး၏ကြီးမားသော မျက်ဝန်းများအတွင်း၌ အေးစက်သောအလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့ကာ ၎င်း၏ခန္ဓာကိုယ်မှ အနက်ရောင်မြူခိုးမြူငွေ့များ ထွက်ပေါ်လာခဲ့သည်။အဆိုပါမြူခိုး၊မြူငွေ့များသည် နဂါးကြီးလေးကောင်၏တွယ်ကပ်မှုကို ဖောက်ထွင်းထွက်လျက် အေးမြသောအရှိန်အဝါများကို ပေါ်ထွက်စေခဲ့သည်။

" ဘုန်း...! "

အလင်းတန်းကြီးလေးခုက လန်လဲ့၏ခန္ဓာကိုယ်အတွင်းကို ဝင်ရောက်သွားသည်နှင့်တပြိုင်နက် လန်လဲ့ဟာ တစ်ကိုယ်လုံးတုန်ခါသွားခဲ့ပြီး ဝတ်ဆင်ထားသော နဂါးဝတ်ရုံဟာလည်း ရုတ်တရက်ပေါက်ကွဲထွက်သွားခဲ့ကာ လန်လင်း၏အဝတ်မပါသော ခန္ဓာကိုယ်ကို ဖော်ထုတ်ပြသခဲ့သည်။

၎င်းတို့ဟာ သူ၏ခြေလက်များအပေါ်၌ ရစ်ပတ်တွယ်တက်သွားခဲ့ကာ နဂါးသဏ္ဍာန်သင်္ကေတများကို ဖြစ်ပေါ်စေခဲ့သည်။၎င်းတို့က အင်မတန်မှ လျို့ဝှက်ဆန်းကြယ်ပြီး ထိတ်လန့်ဖို့ကောင်းလေသည်။

နဂါးလေးကောင်၏ပုံသဏ္ဍာန် သင်္ကေတများသည် လန်လဲ့၏ခန္ဓာကိုယ်တစ်ခုလုံးပေါ်၌ ကြီးမားသောနဂါးအရှိန်အဝါကို ဖြစ်ပေါ်စေခဲ့သည်။၎င်းက စစ်မှန်သောနဂါးဧကရာဇ်တစ်ပါး ရှင်သန်နေသကဲ့သို့ ဖြစ်နေခဲ့ကာ လူအများကို ထိတ်လန့်စေနိုင်သည်။

" ဝုန်း...! "

အလင်းတန်းကြီးလေးခု သူ၏ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားပြီး သိပ်မကြာခင်မှာပင် အတားအဆီးကို ဖြတ်ကျော်လိုက်သည့်အသံသည် လန်လဲ့၏ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်၏ အစွမ်းထက်သောအရှိန်အဝါများသည် လန်လဲ့ခန္ဓာကိုယ်အတွင်း၌ ပြည့်နှက်လျက် ရှိချေတော့သည်။

မျက်တောင်တစ်ခတ်အတွင်း၌ လန်လဲ့သည် ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်အတွင်းသို့ ဝင်ရောက်သွားခဲ့သော်လည်း သူ၏ကျင့်ကြံမှုက ဆက်လက်မြင့်တက်လျက်ရှိကာ ရပ်တန့်ခြင်းအလျင်း မရှိခဲ့ပါ။

ဒါတင်မကသေးဘဲ လန်လဲ့၏ခန္ဓာကိုယ်တစ်ခုလုံးသည် ပုံရိပ်ယောင်တစ်ခုအတွင်းသို့ ဆွဲသွင်းခံလိုက်ရသည်။ပုံရိပ်ယောင်အတွင်း၌ များပြားသောရန်သူများသည် လန်လင်းထံသို့ ပြေးလွှားလာခဲ့ကာ သူ့ကို ထပ်ခါထပ်ခါ သတ်ဖြတ်နေခဲ့သည်။ဤတိုက်ပွဲက လန်လင်း၏တိုက်ပွဲဝင်စွမ်းအားကို တိုးတက်လာစေခဲ့ကာ အခြေခံအုတ်မြစ်ကိုလည်း ပိုမို၍ ခိုင်မာလာစေခဲ့သည်။

ရှေးဟောင်းဘီလူးကြီးသည် အဘယ်သို့သောတည်ရှိမှုကြီးဖြစ်သည်ကို မသိရပါ။ သူဟာ အင်မတန်မှ တွေးခေါ်နိုင်စွမ်းရှိလေသည်။လန်လင်း၏ကျင့်ကြံမှုက မိုးထိအောင်မြင့်တက်သွားခဲ့ပါလျှင် သူ၏အခြေခံအုပ်မြစ် မခိုင်မမာဖြစ်မှာကို ကြိုတင်တွေးဆမိခဲ့တာကြောင့် သူဟာ လန်လင်းကို ပုံရိပ်ယောင်အတွင်းဆွဲသွင်းရင်း တိုက်ပွဲဝင်စွမ်းအားကို တိုးမြှင့်စေခဲ့သည်။

ထိုကဲ့သို့ ညဏ်ရည်ညဏ်သွေးက အင်မတန်မှ ထိတ်လန့်ဖို့ကောင်းလေသည်။

" ဝေါင်း....! "

ရှေးဟောင်းဘီလူးကြီး၏လှုပ်ရှားမှုက နဂါးကြီးလေးကောင်ကို အပြင်းအထန်အမျက်ဒေါသ ထွက်သွားစေခဲ့သည်။အော်ဟစ်သံကြီးလေးခုသည် နဂါးကြီးလေးကောင်၏ နှုတ်ဖျားမှ ထွက်ပေါ်လာခဲ့သည်။မျက်စိကျိန်းလောက်အောင်တောက်ပနေသော အလင်းတန်းကြီးလေးခုသည် နဂါးကြီးလေးကောင်၏ကြီးမားသော ခန္ဓာကိုယ်မှ ဖျာထွက်လျက်ရှိကာ ၎င်းအလင်းတန်းများက ဧရာမဘီလူးကြီး၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားခဲ့ကာ ဘီလူးကြီး၏စွမ်းအားများကို ဖိနှိပ်နေခဲ့သည်။

" အဟွတ်..အဟွတ်...! "

နဂါးကြီးလေးကောင်၏နဂါးအရှိန်အဝါများသည် ဧရာမဘီလူးကြီး၏ အမူအရာကို ပြောင်းလဲသွားစေခဲ့ကာ သူ၏နှုတ်ခမ်းထောင့်စွန်းမှ နီစွေးသောသွေးများ အန်ထွက်လာခဲ့ရသည်။ကြီးမားသောဖိနှိပ်အားက သူ၏ကြီးမားသေ ဧရာမခန္ဓာကိုယ်ကြီးကို အနည်းငယ်တုန်လှုပ်သွားစေခဲ့ကာ သူ၏အမူအရာကလည်း ပျက်ယွင်းသွားခဲ့ရသည်။

ရှေးဟောင်းဘီလူးကြီးထံမှ စွမ်းအင်များ ဆက်လက်ထွက်ပေါ်လာခြင်း မရှိတော့တာကြောင့် လန်လဲ့၏ကျင့်ကြံမှုကလဲ တဖြည်းဖြည်းဖြင့် ရပ်တန့်သွားခဲ့သည်။

သို့ပါသော်လည်း လန်လဲ့ဟာ နိုးထလာခဲ့ခြင်းမရှိသေးဘဲ ပုံရိပ်ယောင်အတွင်း၌ ဆက်လက်နစ်မြှပ်နေခဲ့သည်။

ရှေးဟောင်းဘီလူးကြီးသည် လန်လဲ့ကို စိတ်ပျက်လက်ပျက်ဖြစ်နေသောအမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။သူဟာ လန်လဲ့ကို ပို၍သန်မာအောင် ပြုလုပ်ပေးနိုင်စွမ်းရှိသော်လည်း နဂါးလေးကောင်၏ဖိနှိပ်မှုကြောင့် သူ၏စွမ်းအားများကို ဆက်လက်၍ မဖော်ထုတ်နိုင်တော့ပါ။

ဤမျှလောက်ကျင့်ကြံမှုကတောင် လန်လဲ့အတွက် ထိတ်လန့်ဖို့ကောင်းနေပါပြီလေ။ဒီဘီလူးအိုကြီးက အရမ်းအားနည်းနေတာကြောင့် သူ့ကို ဆက်လက်ပြီး မကူညီပေးနိုင်တော့ဘူး။

" အဲ့ဒီကောင်တွေ အခုချိန် ဘာများလုပ်နေကြမလဲ မသိဘူး။ "

ကြီးမားသောဘီလူးကြီးသည် မျက်ဝန်းများကို မှေးကျဥ်းလိုက်ပြီး သူ၏မျက်ဝန်းများက နေရာလွတ်နယ်မြေကိုဖောက်ထွက်၍ ကမ္ဘာလောကကြီးကို တွေ့မြင်လိုက်ရပုံပေါ်သည်။သူက စိတ်ခံစားချက်များ ပြည့်နှက်နေသောလေသံဖြင့် တီးတိုးရေရွက်လိုက်လေသည်။

" ကျေးဇူးတင်ပါတယ်..ဆရာ "

ရှေးဟောင်းဘီလူးကြီး၏ သက်ပြင်းချသံနဲ့အတူ လန်လဲ့ဟာလဲ ပုံရိပ်ယောင်အတွင်းမှ နိုးထလာခဲ့သည်။ဧရာမစွမ်းအားများကို ခံစားလိုက်ရသည့်အခါ သူ၏မျက်နှာက ဝင်းလက်တောက်ပလာခဲ့ကာ ဧရာမဘီလူးကြီးကို အလျင်စလိုဂါရဝပြု၍ ကျေးဇူးတင်လိုက်သည်။

ဤအချိန်၌ သူ၏နှလုံးသားဟာ တစ်လှပ်လှပ်ခုန်ယင်နေခဲ့လေသည်။ဧရာမဘီလူးကြီးက ထိတ်လန့်ဖို့ကောင်းကြောင်း သူသိထားခဲ့သော်လည်း ဤမျှလောက်အထိ ကြောက်လန့်ဖွယ်ကောင်းနေလိမ့်မည်ဟုတော့ သူတွေးတောမထားခဲ့ပါချေ။

အချိန်တိုလေးအတွင်း၌ သူဟာ ချန်ခွမ်းဧကရာဇ်အဆင့်မှ ဖြတ်သုန်းခြင်းဧကရာဇ်နယ်ပယ်သို့ ဖြတ်ကျော်ကာ တော်ဝင်ဧကရာဇ်အထွတ်အထိပ်အဆင့်အထိ တိုက်ရိုက်တက်ရောက်သွားခဲ့သည်။၎င်းမှာ ကျင့်ကြံဆင့်ကြီး (6)ခု တပြိုင်နက်တည်း မြင့်တက်သွားခဲ့ခြင်းဖြစ်၏။ ဒါကဘယ်လိုမျိုး ထိတ်လန့်ဖို့ကောင်းတဲ့ နည်းလမ်းပါလဲ။

အချိန်တစ်ခုထိကြာအောင် လန်လဲ့၏နှလုံးသားက ရှေးဟောင်းဘီလူးကြီးကို လေးစားလာမိသည်။သူဟာ အနည်းငယ်မျှသော မလေးစားမှုကို မပြုမူရဲတော့ပါ။

" မင်းက အရမ်းအားနည်းနေသေးတယ်။ တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် ကြီးပြင်းလာရမယ်။ "

ရှေးဟောင်းဘီလူးကြီးက လန်လဲ့ကို စိုက်ကြည့်လိုက်ပြီး တည်ကြည်စွာ ပြောဆိုလိုက်သည်။

ဒါကိုကြားတော့ လန်လဲ့၏နှလုံးသားက လှုပ်ခါသွားခဲ့ကာ အလျင်အမြန် တုန့်ပြန်ပြောဆိုလိုက်သည်။

 " ဟုတ်ကဲ့..ဒီတပည့်က ဆရာသခင်ရဲ့ မျှော်လင့်ချက်တွေအတိုင်း နေထိုင်ပါ့မယ်။ ကြိုးကြိုးစားစား ကျင့်ကြံအားထုတ်ပြီး ဆရာသခင်ကို ဒီနေရာက လွတ်မြောက်နိုင်အောင် အကောင်းဆုံးကြိုးစားပါမယ်။ "

" ဟက်....အသစ်မွေးဖွားလာတဲ့ကျားပေါက်က ခြင်္သေ့တွေကို မကြောက်ဘူးဆိုတာ အမှန်ဘဲကို " လန်လဲ့၏စကားကို ကြားလိုက်ရသည့်အခါ ရှေးဟောင်းဘီလူးကြီးက လှောင်ရယ်လိုက်ပြီး ခေါင်းကိုခါရမ်းလိုက်သော်လည်း လန်လဲ့၏စိတ်အားထက်သန်မှုကိုတော့ ဆက်လက်မဝေဖန်တော့ပါ။

သူဟာ အပြင်းအထန်ဒဏ်ရာရထားပြီး သူ၏ခွန်အားများကို ထိုပုဂ္ဂိုလ်၏ဓားအလင်းတန်းက ဖိနှိပ်ထားခဲ့သော်လည်း သူသာအလိုရှိပါက အားနည်းသောဟုန်မာန်နတ်ဘုရားနယ်ပယ်ကျင့်ကြံသူများကို သတ်ဖြတ်နိုင်သေးသည်။

သူ့လိုလူတစ်ယောက်ကတောင် ထိုပုဂ္ဂိုလ်ပိုင်ဆိုင်သော ဓားအလင်းတန်း၏ဖိနှိပ်ခြင်းကို ခံနေရသည်။လန်လဲ့တစ်ယောက်တည်းက သူ့ကို ဒီနေရာက ထွက်ခွာအောင် ကြိုးပမ်းပေးမယ်ဆိုရင် ဘယ်နှစ်နှစ်၊ဘယ်နှစ်လလောက်များ ထိုင်စောင့်နေရဦးမှာလဲ။

" ဒီဆရာက မင်းကို ပြောစရာရှိတယ် "

" ဆရာ..ကျေးဇူးပြုပြီး ပြောပါ "

ရှေးဟောင်းဘီလူးကြီး၏စကားကို ကြားလိုက်ရသည့်အခါ လန်လဲ့က လျစ်လျူရှူရဲခြင်းမရှိဘဲ လေးလေးစားစား ပြန်လည်ပြောဆိုလိုက်သည်။

" မင်း..အပြင်လောကမှာ ကျော်ဇောထင်ရှားပြီး ထူးခြားတဲ့နာမည်နဲ့ လူတွေကိုတွေ့ခဲ့ရင် ဒီလူအိုကြီးက ဒီနေရာမှာရှိတယ်ဆိုတာကို ပြောပြပြီး သူတို့ကို တံဆိပ်ပြားလေးကို လက်ဆင့်ကမ်းပေးပါ။ ဒီလိုဆိုရင် သူတို့တွေ နားလည်ကြပါလိမ့်မယ်။ "

" အဲ့ဒီလူတွေက မင်းရဲ့ ဂိုဏ်းတူဦးလေးတွေပဲ "

ကြီးမားသောဘီလူးကြီး၏ မျက်ဝန်းများအတွင်း၌ အလင်းတန်းတစ်ခုဖြတ်သန်းသွားခဲ့ပြီး တည်ငြိမ်စွာ ပြောဆိုလိုက်သည်။သူ၏ခမ်းနားသောအသံကြီးက မိုးခြိမ်းသံအလား လန်လင်း၏နှလုံးသားအတွင်း ပဲ့တင်ထပ်သွားခဲ့သည်။

" ကောင်းပါပြီ...ဒီတပည့်က သိပါပြီဆရာ "

လန်လင်းက လျစ်လျူမရှူရဲဘဲ အလျင်အမြန်ပြောဆိုလိုက်သည်။

" ဆရာ့ရဲ့နာမည်ကို ဒီတပည့် သိခွင့်ရနိုင်မလား။ "

တခဏကြာအောင်တွေးတောလိုက်ပြီးနောက် လန်လဲ့က ရှေးဟောင်းဘီလူးကြီးကို လေးလေးစားစား ဂါရဝပြုလိုက်ကာဖြင့် ကျယ်လောင်စွာ မေးမြန်းလိုက်သည်။

" ဒီလူအိုကြီးရဲ့နာမည်က 'ယွမ်' ပါ "

" ' ယွမ် ' လား..."

လန်လင်းဟာ သံဿယဝင်နေသောအမူအရာဖြင့် တီးတိုးရေရွက်လိုက်သည်။သူက ထိုကဲ့သို့ဟထူးဆန်းသည့်နာမည်ကို ကြားဖူးခြင်းမရှိပါ။သို့သော်လည်း သူဟာ ဆက်လက်မေးမြန်းရဲခြင်း မရှိခဲ့ပါချေ။

" ဒီလူအိုကြီးက မင်းရဲ့စိတ်ဝိညာဥ်ကို ကြိုးတစ်ချောင်းနဲ့ ဆက်နွယ်ထားပြီးပြီ။ဒါ့ကြောင့်မလို့ မင်းအပြင်လောကမှ အေးအေးဆေးဆေး စူးစမ်းလေ့လာနိုင်တယ်။ မင်းသေဆုံးသွားတာနဲ့တပြိုင်နက် ဒီလူအိုကြီးက မင်းရဲ့ပြိုကွဲနေတဲ့ဝိညာဥ်ကို အသုံးပြုပြီး မင်းကို ပြန်လည်ရှင်သန်အောင် ပြုလုပ်ပေးနိုင်တယ်။ "

" ဒါပေမဲ့ ဒီလူအိုကြီး သတိတော့ပေးချင်တယ်။ပြန်လည်ရှင်သန်ခြင်းက မိုးကောင်းကင်ကို ဆန့်ကျင်နေတဲ့အရာပဲ..ဒီလူအိုကြီးတောင်မှ နိုင်ထက်စီးနင်း အသုံးမပြုနိုင်ဘူး။ဒါ့ကြောင့်မလို့ အတတ်နိုင်ဆုံးတော့ မသေအောင် ကြိုးစားပေါ့ကွာ။ "

ရှေးဟောင်းဘီလူးကြီးက လန်လဲ့ကိုစိုက်ကြည့်လိုက်ပြီး တိုးညှင်းစွာ ရေရွက်လိုက်လေသည်။

All Chapters