မျက်စောင်းထိုး၍ လူသတ်ခြင်း
Vol. 30 Ch. 408
ဘာသာပြန်- The Fate
သူတို့ဘာလို့ ရှန်ရှန်ကျုံဂိုဏ်းနဲ့ လာကြုံရတာလဲကွာ။
လီယွင်တို့သုံးယောက်မှာ ထိတ်လန့်သွားကြပြီး သူတို့၏ခန္ဓာကိုယ်များက အဆက်မပြတ်တုန်ခါလာကြသည်။ သူတို့က မဟာနတ်ဆိုးရွှမ်ရှကို စေ့စေ့တောင်စိုက်မကြည့်ရဲတော့ပါ။
သူတို့၏ ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းသည် ယွမ်ဟွားကောင်းကင်ဘုံတွင် အင်အားစုကြီးတစ်စုဖြစ်သော်လည်း ထိတ်တန်းဟုတော့ မဆိုနိုင်ပါ။ရှန်ရှန်ကျုံဂိုဏ်းက ထိပ်တန်းအင်အားစုခြောက်စုရဲ့ စွမ်းအားရှင်တွေကိုတောင် သတ်ဖြတ်လိုက်တာလေ။သူတို့ရဲ့ ဝူရှောင်းကောင်းကင်ဘုံဂိုဏ်းဆိုရင် ပြောမနေနဲ့တော့။
" ရူးအလိုက်တာ..."
" ဘယ်ချောင်ကမှန်းမသိ ထွက်လာတဲ့ ဂိုဏ်းသေးသေးလေးက အကြီးအကဲ သုံးယောက်ရှေ့မှာ စကားပြောရဲတယ်လား။ "
" ဒီအကြီးအကဲသုံးယောက်က ဘယ်သူတွေလဲဆိုတာ မင်းသိလား။ သူတို့က ယွမ်ဟွားကောင်းကင်ဘုံကြီးရဲ့ မြင့်မြတ်တဲ့ စွမ်းအားရှင်တွေပဲ။ "
" ခုချက်ချင်း ဒူးထောက်ပြီး တောင်းပန်ဖို့အကြံပေးတယ်။ ဒီလိုဆိုရင် အကြီးအကဲတွေက မင်းတို့ကို သနားညှာတာပြီး အလောင်းအပြည့်အစုံနဲ့ သေခွင့်ပေးလိမ့်မယ်။"
ယန်လဲ့အမတမြို့တော်၏ ဘိုးဘေးလဲ့မင်သည် လီယွင်တို့သုံးယောက်၏ အကြောက်တရားများကို သတိမပြုမိပါ။ မဟာနတ်ဆိုးရွှမ်ရှ၏ မောက်မာသောပုံစံကို တွေ့မြင်လိုက်ရသည့်အခါ သူက လျို့ဝှက်စွာ ပျော်ရွှင်လာခဲ့သည်။ သူ့နောက်ဆုံးမှာတော့ လီယွင်တို့သုံးယောက်၏အရှေ့တွင် မျက်နှာရအောင် ပြုလုပ်နိုင်တော့မည်။သူက ချက်ချင်းပဲ မဟာနတ်ဆိုးရွှမ်ရှကို အမိန့်ပေးသောလေသံဖြင့် အော်ငေါက်လိုက်သည်။
ထိုကဲ့သို့ ရိုင်းစိုင်းသည့်အပြုအမူက မဟာနတ်ဆိုးရွှမ်ရှကို မျက်လုံးထဲတောင် ထည့်မထားကြောင်း သိသာသည်။
အမှန်တကယ်တော့ မဟာနတ်ဆိုးထံမှ ထွက်ပေါ်နေသော အရှိန်အဝါသည် ဘိုးဘေးလဲ့မင်ကို ကြောက်လန့်စေခဲ့သည်။ ယခင်ကဆိုပါက သူသည် မဟာနတ်ဆိုးရွှမ်ရှကို ဒီလိုမျိုးပြောရဲမှာ မဟုတ်ပါ။အခုအချိန်မှာတော့ အကြီးအကဲလီယွင်တို့ရဲ့ အထောက်အပံ့ရှိနေပြီလေ။ သူဘာကို ကြောက်ရဦးမှာလဲ!?
ဟုတ်ပါပေသည်။ လူတိုင်းက လဲ့မင်နဲ့အတွေးတူကြမှာ ဖြစ်သည်။ အောက်ဘုံက ဂိုဏ်းလေးတစ်ဂိုဏ်းက အထက်ဘုံရှိ အင်အားစုကြီးတစ်စုကို ရင်ဆိုင်နိုင်လိမ့်မည်ဟု ဘယ်သူကမှ မထင်ကြပါ။
ဘိုးဘေးလဲ့မင်၏စကားဆုံးသွားသည့်အခါ လီယွင်တို့သုံးယောက်မှာ ရုတ်တရက်ကြောင်အသွားကြသည်။ သူတို့က ဘိုးဘေးလဲ့မင်ကို ထိတ်လန့်ခြောက်ခြားစွာ လှမ်းကြည့်လိုက်မိသည်။
သူဘယ်လိုလုပ် ပြောရဲတာလဲ။
ရှန်ရှန်ကျုံဂိုဏ်းက ဂိုဏ်းသေးသေးလေးတဲ့လား?
ယွမ်ဟွားကောင်းကင်ဘုံတစ်ခုလုံးကို တုန်လှုပ်အောင်ပြုလုပ်ခဲ့တဲ့ လျို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုကြီးကို ဂိုဏ်းသေးသေးလေးလို့ ပြောလိုက်တာလား?
လီယွင်တို့သုံးယောက်စလုံးသည် ခဲတောင့်သွားကြသည်။ဒါက ဝက်လို အသင်းသားပဲဟ။မဟာနတ်ဆိုးရွှမ်ရှရဲ့အရှေ့မှာ ငါတို့သုံးယောက် ကြောက်လန့်နေတာကို မင်းမမြင်ဘူးလား။ဒါတောင် ပေါက်တက်ကရ ပြောရဲသေးတာလား။
သခင်မလေးလဲ့ယွင်ရဲ့ ဘိုးဘေးအိုကြီးက ဝက်ခေါင်းလို ဦးနှောက်ပိုင်ရှင်ပဲ။မင်းသေချင်ရင်လဲ ကိုယ့်ဘာသာသေပေါ့။ ဘာဖြစ်လို့ ငါတို့ကို ဆွဲထည့်ရတာလဲကွာ။
လဲ့မင်၏မောက်မာထောင်လွှားသော အမူအရာကို တွေ့မြင်လိုက်ရသည့်အခါ မဟာနတ်ဆိုးရွှမ်ရှ၏နှုတ်ခမ်းများက တွန့်ကောက်သွားခဲ့သည်။အထင်အမြင်သေးအေပြုံးတစ်ခု သူ့နှုတ်ခမ်းပါးထက်၌ ဖြစ်ပေါ်လာသည်။သူက ဘိုးဘေးလဲ့မင်ကို စူးစူးနစ်နစ် စိုက်ကြည့်လိုက်သည်။ အဆိုပါအကြည့်က လဲ့မင်၏နှလုံးသားကို အရိုင်းဆန်စွာ ခုန်ပေါက်သွားစေခဲ့သည်။
ဘုန်း....
ပေါက်ကွဲသံကြီးဖြစ်ပါ်လာခဲ့ပြီး ယန်လဲ့အမတမြို့တော်၏ ဂုဏ်သရေရှိသော ဘိုးဘေးလဲ့မင်သည် သွေးမြူထုကြီးအဖြစ် ပေါက်ကွဲထွက်သွားခဲ့သည်။ သူဟာ ရုန်းကန်ရန်တောင် အချိန်မရလိုက်ပါ။
ထိုမြင်ကွင်းက ယန်လဲ့အမတမြို့တော်၏ စွမ်းအားရှင်များကို တုန်လှုပ်သွားစေရုံသာမက လုချင်းတို့အုပ်စုကိုလည်း ခြောက်ခြားသွားစေခဲ့သည်။သူတို့၏မျက်စိများမှာ ပြူးကျယ်နေကြပြီး မဟာနတ်ဆိုးရွှမ်ရှကို ငူငူငိုင်ငိုင်စိုက်ကြည့်နေမိသည်။
ဒါက.....ဒါက ရှန်ရှန်ကျုံဂိုဏ်းရဲ့ စွမ်းအားရှင်လား။
ကြောက်စရာကောင်းလိုက်တာ။
အန္တိမနတ်မင်းအထွတ်အထိပ်စွမ်းအားရှင်တစ်ယောက်ကို စိုက်ကြည့်ရုံနဲ့ သေစေလိုက်တာလား။
ကိုယ်ပိုင်မျက်လုံးဖြင့် တွေ့မြင်ရခြင်းမရှိပါက ဒီအကြောင်းကို ယုံအံ့မည်မထင်။
ချီမိန်ချွှေရွှယ်နှင့်အခြားသူများ၏နှုတ်ခမ်းများက တွန့်လိမ်သွားကြသည်။ သူတို့မတွေ့ရသေးတာ တစ်နှစ်ပဲရှိသေးတယ်။ဒီလူအိုကြီးရဲ့ခွန်အားက အရမ်းအစွမ်းထက်လာပါလား။
" အရှင် ...ဒါက နားလည်မှုလွဲတာပါ။ ကျုပ်ပြန်ရောက်သွားတဲ့အခါ ဂိုဏ်းချုပ်ကို ရှန်ရှန်ကျုံဂိုဏ်းဆီလာပြီး ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ခိုင်းလိုက်ပါ့မယ်။''
လီယွင်၏ခန္ဓာကိုယ်မှာ တုန်လှုပ်သွားပြီး သူက နှလုံးးအတွင်းမှ အကြောက်တရားများကို ဖိနှိပ်လိုက်ကာ မဟာနတ်ဆိုးရွှမ်ရှကို လေးလေးစားစား ဂါရဝပြုပြောလိုက်သည်။
ကပ်ဘေးကြီးကို အရင်ဦးဆုံးရှောင်ရှားရမယ်။ပြီးမှ ကျန်တာတွေကို ပြောကြတာပေါ့!
လက်ရှိတွင် ယွမ်ဟွားကောင်းကင်ဘုံ၏ ထိပ်တန်းအင်အားစုကြီးခြောက်စုသည် ခွန်အားစုဆောင်းနေကြသည်။သူတို့က ရှန်ရှန်ကျုံဂိုဏ်းကို သတ်ဖြတ်ရန် ပြန်ဆင်နေကြလေပြီ။
ယွမ်ဟွားကောင်းကင်ဘုံရှိ အင်အားစုအတော်များများဟာ ရှန်ရှန်ကျုံဂိုဏ်းကို ရန်မစရဲကြပါ။
သူတို့က ထိပ်တန်းအင်အားစုခြောက်စုနှင့်ရှန်ရှန်ကျုံဂိုဏ်းတိုက်ခိုက်မှာကို စောင့်ကြည့်ပြီး ရှန်ရှန်ကျုံဂိုဏ်း၏ခွန်အားကို အကဲဖြတ်ချင်ကြသည်။
ထို့အတွက်ကြောင့် လီယွင်ဟာလည်း အန္တရာယ်ကို တိမ်းရှောင်ရန် ရွေးချယ်ခဲ့သည်။
သူ၏နောက်တွင်ရှိနေကြသော ကျူဖုန်းနှင့် ဟွမ်ရွှယ်တို့က စကားမပြောကြသော်လည်း သူတို့၏အမူအရာများကလည်း ထပ်တူထပ်မျှ ယဥ်ကျေးပျူဌာနေကြသည်။ မဟာနတ်ဆိုးရွှမ်ရှ၏ရှေ့မှောက်တွင် သူတို့က မမောက်မာရဲတော့ပါ။
" ပြန်သွားမယ်....ဘယ်ကိုပြန်သွားမှာလဲ။ "
" ငါတို့ရဲ့ ရှန်ရှန်ကျုံဂိုဏ်းကို ရန်စပြီး ထွက်ခွာချင်သေးတာလား။"
မဟာနတ်ဆိုးရွှမ်ရှက လှောင်ရယ်လိုက်ပြီး သူ၏လက်ဖဝါးကြီးကို ဖြန့်လိုက်ကာ လေထုထဲ၌ ကြမ်းကြုတ်စွာ ဆွဲကုတ်လိုက်သည်။ကမ္ဘာကြီးတစ်ခုလုံးဟာ ပြောင်းလဲသွားခဲ့သည်။ကောင်းကင်ပေါ်တွင် တိမ်မဲများ အုပ်ဆိုင်းလာခဲ့ပြီး ခမ်းနားကြီးကျယ်သော စွမ်းအားများပါဝင်နေသည့် လက်ဖဝါးကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ၎င်းလက်ဖဝါးကြီးက လီယွင်တို့သုံးယောက်ကို ဖမ်းဆုပ်ထားလိုက်သည်။
လက်ဖဝါးကြီးနှင့်အတူ အဆုံးအစမဲ့သော ခြောက်ခြားဖွယ်အရှိန်အဝါကြီးက တွဲလျက် ပါလာခဲ့သည်။ထိုအရှိန်အဝါကြီးထွက်ပေါ်လာသည့်အခါ ရှိရှိသမျှလူတိုင်းသည် မလှုပ်ရှားနိုင်လောက်အောင် ခဲတောင့်သွားကြသည်။ လီလွင်သုံးယောက်စလုံးဟာ လေဟာပြင်ထဲ၌ ပိတ်မိသွားခဲ့ကြသည်။
သူတို့ခွန်အားအကုန်ထုတ်သုံးရင်တောင် ထိုဖိအားကြီးမှ မလွတ်မြောက်နိုင်ကြပါ။
" ထျန်း...ထျန်းကျုံအဆင့်စွမ်းအားရှင်လား"
လီယွင်တို့သုံးယောက်စလုံးသည် တုန်လှုပ်သွားကြပြီး မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။
သူတို့အားလုံးဟာ စိတ်ပျက်အားလျော့သွားကြသည်။သူတို့သည် ထျန်းယုအဆင့်စွမ်းအားရှင်များဖြစ်သည်။ ထျန်းကျုံအဆင့်စွမ်းအားရှင်ရဲ့ တိုက်ခိုက်မှုကို ဘယ်လိုလုပ် ခုခံနိုင်ပါ့မလဲ။ရှန်ရှန်ကျုံဂိုဏ်းက အင်အားစုကြီးခြောက်စုရဲ့ စွမ်းအားရှင်တွေကို သတ်ဖြတ်ခဲ့တာ မထူးဆန်းတော့ဘူး။ထျန်းကျုံအဆင့်စွမ်းအားရှင်တောင် သာမန်ကာ လျှံကာ ထွက်ပေါ်လာခဲ့သေးတယ်။
ဘုန်း........
ဧရာမလက်ဖဝါးကြီးရဲ့ ဖိညစ်မှုနဲ့အတူ လူအများ၏အကြည့်များအောက်တွင် သူတို့ကို ခြောက်ခြားစေခဲ့သော တည်ရှိမှုကြီးသုံးခုသည် သတ်ဖြတ်ခံလိုက်ရသည်။
ထျန်းယုအဆင့်ဆရာသခင်သုံးယောက်သည် သွေးမြူထုကြီးအဖြစ် ပြောင်းလဲသွားခဲ့ကာ ကမ္ဘာလောကထဲမှ ထွက်ခွာသွားခဲ့သည်။
အဆိုပါမြင်ကွင်းက ရှိရှိသမျှလူတိုင်း၏ နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။ယန်လဲ့အမတမြို့တော်ရဲ့ စွမ်းအားရှင်များမှာ ခြောက်ခြားသွားကြပြီး ထွက်ပြေးလွတ်မြောက်ချင်စိတ်တောင် မရှိကြတော့ပါ။
ဒီလိုတည်ရှိမှုကြီးရဲ့ အရှေ့မှာ သူတို့ ဘယ်ကိုများ ထွက်ပြေးနိုင်ဦးမှာလဲ။ယင်ဖုန်းအမတမြို့တော်၏စွမ်းအားရှင်များဖြစ်သော လုချင်းတို့ကတော့ အင်မတန်မှစိတ်လှုပ်ရှားနေကြ၏။ ရှန်ရှန်ကျုံဂိုဏ်းက ပိုမိုသန်မာလေလေ သူတို့အတွက် ပိုကောင်းလေလေပင် မဟုတ်ပါလော့။
မဟာနတ်ဆိုးရွှမ်ရှက အပြည့်အဝထိတ်လန့်နေကြသော သူများကို လှမ်းကြည့်လိုက်ပြီး ဝမ်းမြောက်ပျော်ရွှင်သွားသည်။တိုက်ပွဲကြီးပြီးနောက် သူက ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့သည်။ဒီလိုမှမဟုတ်ရင် အချိန်တိုအတွင်းမှာ ထျန်းကျုံအဆင့်ကို ဘယ်လိုလုပ် ရောက်နိုင်မှာလဲ။
ချီမိန်ရွှေချွှယ်တို့ရဲ့အရှေ့မှာ ပြိုင်ဘက်ကင်းချင်ယောင်ဘယ်လိုလုပ်ဟန်ဆောင်နိုင်ပါ့မလဲ။
မဟာနတ်ဆိုးရွှမ်ရှက ဖျက်ခနဲပျောက်ကွယ်သွားပြီး တုကုချိုးပိုင်တို့၏ အရှေ့၌ ပြန်ပေါ်လာခဲ့သည်။ သူက လက်ကို ဝှေ့ရမ်းလိုက်သည့်အခါ ကြီးကျယ်မြင့်မြတ်သော စွမ်းအားတစ်ရပ်သည် တုကုချိုးပိုင်တို့ထံ ဖုံးအုပ်သွားခဲ့ပြီး သူတို့၏ဒဏ်ရာများကို ကုသပေးလိုက်သည်။
ထျန်းကျုံအဆင့်စွမ်းအားရှင်၏ ကိုယ်တိုင်ကိုယ်ကျ ကုသပေးမှုကြောင့် တုကုချိုးပိုင်တို့သည် ဒဏ်ရာအပြင်းအထန်ရနေကြသော်လည်း မကြာခင်မှာ ပြန်လည်၍ သက်သာသွားကြသည်။
" နတ်ဆိုးအိုကြီး သခင်မနဲ့ အခြားသူတွေရော။ "
ဒဏ်ရာများသက်သာသွားပြီးနောက် ချီမိန်ရွှေချယ်တို့က မဟာနတ်ဆိုးရွှမ်ရှကို ကျယ်လောင်စွာ မေးမြန်းလိုက်သည်။
" သခင်မက မွန်မြတ်ဘုံလောကမှာ ကိစ္စတစ်ခု သွားရောက်လုပ်ကိုင်နေတယ်။ ကျုပ်က ဂိုဏ်းချုပ်ကို ကူညီဖို့ရောက်လာတာ။ အခု ဂိုဏ်းချုပ်ကို သွားတွေ့လိုက်အုန်းမေ။ " မဟာနတ်ဆိုးရွှမ်ရှက ပြောဆိုလိုက်သည်။
အစက သူဟာ အနည်းငယ်မပျော်မရွှင် ဖြစ်နေခဲ့သည်။ သို့ပေသော်ငြားလည်း ချီမိန်ရွှေချယ်တို့၏ ကျင့်ကြံမှုကို မြင်တွေ့လိုက်ရသည့်အခါ သူ၏ မပျော်ရွှင်မှုများဟာ ပျောက်ကွယ်သွားခဲ့သည်။ ဒါက သူတောက်ပရမဲ့အချိန် မဟုတ်ဘူးလား။
ဒါပေမဲ့လည်း ဧကရီမေသုရှားကို မတွေ့နိုင်တာကတော့ ဝမ်းနည်းစရာပင်။ သူ မေသုရှားကလေးကို လွမ်းဆွတ်နေပြီ။
ဒါက ဧကရီမေသုရှားနဲ့ သူမတွေ့ရတာ ငါးရက်မြောက်နေ့.... ငါ သူမကို အရမ်းလွမ်းလိုက်တာ။
" ဒီနေရာကို ငါတို့နဲ့ ထားခဲ့လိုက်ပါ။ဂိုဏ်းချုပ်ကို သွားကူညီလိုက်ဦး။ ဂိုဏ်းချုပ်က ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုကို ဆင်နွှဲနေတယ်။" ချီမိန်ရွှေချယ်က ခေါင်းညိမ့်လိုက်ပြီး လေးနက်စွာ ပြောဆိုလိုက်သည်။ ဒါကိုကြားတော့ မဟာနတ်ဆိုးရွှမ်ရှ၏ မျက်လုံးများမှာ ဝင်းလက်တောက်ပသွားသည်။ ကြီးကျယ်တဲ့တိုက်ပွဲကြီးလား။ ဒါက သူနတ်ဆိုးအိုကြီး တောက်ပရမဲ့အချိန် မဟုတ်ဘူးလား။ ကြိုးစားထား ရွှမ်ရှရေ!
မဟာနတ်ဆိုးက ချီမိန်ရွှေချယ်ကို ကျေနပ်အားရစွာ လှမ်းကြည့်လိုက်ပြီး ပုခုံးပုတ်ပေးလိုက်သည်။
" ကောင်းတယ်....ငါနတ်ဆိုးအိုကြီး မင်းကို အကြည့်မမှားခဲ့ဘူး။ "
စကားဆုံးသွားသည်နဲ့တစ်ပြိုင်နက် မဟာနတ်ဆိုးရွှမ်ရှရဲ့ပုံရိပ်ကလည်း လေထုအတွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
.......
တစ်ချိန်တည်းမှာပင် လီပိုင်၏ဖိနှိပ်မှုကို ခံခဲ့ရပြီးနောက် ယိယွမ်ဘုရားကျောင်း၏ ဘိုးဘေးသုံးယောက်သည် အင်တိုက်အားတိုက် တိုက်ခိုက်လာကြသည်။ သူတို့က ရှိရှိသမျှ ခွန်အားများကို ထုတ်ဖော်လိုက်ပြီး လီပိုင်တို့နှစ်ယောက်ကို တရစပ် တိုက်ခိုက်နေခဲ့သည်။ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားကြီးများသည် လျို့ဝှက်နယ်မြေတစ်ခုလုံးကို တုန်ခါစေခဲ့သည်။
တစ်ဖက်မှာ အမည်မဲ့ဓားသမားနှင့် အခြားသူများကတော့ တိုက်ပွဲ၌ အရေးနိမ့်နေကြသည်။ ရွှမ်ယွမ်မျိုးနွယ်စုမှ ထျန်းမိန်အထွတ်အထိပ်စွမ်းအားရှင် ကူညီမှုကြောင့်မဟုတ်ပါက အမည်ဓားသမာတို့သည် ရှုံးနိမ့်သွားတာ ကြာလောက်နေပြီ။
ထိုသို့ဆိုရင်တောင်မှ အမည်မဲ့ဓားသမားတို့အုပ်စုသည် ထျန်းမိန်အဆင့်စွမ်းအားရှင်များစွာကို ရွပ်ရွပ်ချွန်ချွန် တိုက်ခိုက်နေဆဲသာ။ သူတို့၏ ကျင့်ကြံမှုက အန္တိမနတ်မင်းအထွတ်အထိပ်၌သာ ရှိသော်လည်း သူတို့က လက်ရှိအခြေအနေအထိ တောင့်ခံထားနိုင်ခဲ့သည်။ ဒါက အမည်မဲ့ဓားသမားတို့ တိုက်ပွဲဝင်စွမ်းအား အဘယ်မျှလောက် ကြောက်မက်ဖွယ်ကောင်းကြောင်း ဖော်ပြနေခဲ့သည်။
ဝမ်ဖုန်း၏ဘေးနားတွင် မတ်တပ်ရပ်နေသော ယိုဝူမင်သည် အမည်မဲ့ဓားသမားတို့၏ တိုက်ခိုက်ရေးစွမ်းရည်ကို တွေ့မြင်လိုက်ရသည့်အခါ တုန်လှုပ်သွားခဲ့သည်။ ထိုကဲ့သို့စွမ်းဆောင်ရည်ကို သူကိုယ်တိုင်တောင် အရှက်ရမိပါ၏။
ရွှမ်ယွမ်မျိုးနွယ်စုရဲ့ ပါရမီရှင်ဖြစ်တဲ့ သူက ရှန်ရှန်ကျုံဂိုဏ်းရဲ့ အကြီးအကဲတွေကို မယှဥ်နိုင်ဘူးလား။ ဒီရှန်ရှန်ကျုံဂိုဏ်းကိုသာ ဆက်လက်ဖွံ့ဖြိုးခွင့်ပြုလိုက်ရင် ဘယ်လောက်တောင် ကြောက်မက်ဖွယ်ကောင်းလိမ့်မလဲ။
ကံကောင်းတာက အခုအချိန်မှာ ရှန်ရှန်ကျုံဂိုဏ်းက လုံလောက်အောင် မသန်မာသေးဘူး။ ဒါ့အပြင် သူ့ရဲ့ ထောင်ချောက်ထဲကို ကျရောက်နေခဲ့ပြီ။ ဒီလိုမှမဟုတ်ရင် အကျိုးဆက်တွေက မတွေးရဲစရာပဲ။
ယိုဝူမင်က ဘေးနားက ဝမ်ဖုန်းကို လှမ်းကြည့်လိုက်သည်။ သူ့မျက်ဝန်းထဲရှိ အရိပ်များမှာ ပျေက်ကွယ်သွားခဲ့ပြီး သူက လှောင်ပြုံးပြုံးလိုက်မိသည်။ဒီဝမ်ဖုန်းကတော့ နောက်ဆုံးအနိုင်ရသူက သူတို့ရဲ့ ရွှမ်ယွမ်မျိုးနွယ်စုဖြစ်လိမ့်မယ်ဆိုတာ တွေးမထားလောက်ဘူး။
ဘုန်း......
ကျယ်လောင်သောပေါက်ကွဲသံကြီးသည် ယိုဝူမင်၏စိတ်အာရုံကို ဆွဲဆောင်သွားခဲ့သည်။ အမည်မဲ့ဓားသမားက ခမ်းနားကြီးကျယ်သော ဓားကွက်တစ်ခုကို ထုတ်ဖော်လိုက်ပြီး ယိယွမ်ဘုရားကျောင်းဘက်မှ ထျန်းမိန်အဆင့်စွမ်းအားရှင်တစ်ယောက်ကို တိုက်ခိုက်လိုက်သည်။ ထိုစွမ်းအားရှင်ဟာ လွင့်စင်ထွက်သွားပြီး သူ၏လက်မောင်းတစ်ဖက်လည်း ပြတ်တောက်သွားခဲ့သည်။ အနီးအနားရှိ စွမ်းအားရှင်များအားလုံးမှာ ထိတ်လန့်ကြောင်အသွားကြသည်။
ဤသည်မှာ ရှန်းရွှမ်ဘုံလောက၏သမိုင်းတွင် ပထမဆုံးအနေဖြင့် အန္တိမနတ်မင်းအထွတ်အထိပ်စွမ်းအားရှင်တစ်ယောက်ကြောင့် ထျန်းမိန်အဆင့်စွမ်းအားရှင်တစ်ယောက် ထိခိုက်ဒဏ်ရာရခြင်း ဖြစ်လေသည်။ ငါတော့ဆုံးဖြတ်ပြီးပြီ! ဘာပဲဖြစ်ဖြစ် ဒီရှန်ရှန်ကျုံဂိုဏ်းကို အမြစ်ဖြတ်သုတ်သင်ပစ်ရမယ်!
ရှန်ရှန်ကျုံဂိုဏ်းရဲ့ စွမ်းအားရှင်တွေက ကြောက်စရာကောင်းလွန်းတယ်။ ဒီဂိုဏ်းကို ဆက်လက်ဖွံ့ဖြိုးခွင့် မပြုနိုင်ဘူး။
အမည်မဲ့ဓားသမားလို စွမ်းအားရှင်များက မကောင်းဆိုးဝါးများသာ ဖြစ်လေသည်။ သူတို့ဘယ်ကိုသွားသွား အင်အားစုကြီးများက သောင်းသောင်းဖျဖျကြိုဆိုကြမှာ ဖြစ်သည်။
သို့ပါသော်လည်း ရှန်ရှန်ကျုံဂိုဏ်းတွင် အမည်မဲ့ဓားသမားလို စွမ်းအားရှင်ပေါင်းများစွာ ရှိနေခဲ့သည်။ရှန်ရှန်ကျုံဂိုဏ်း၏ အကြီးအကဲတိုင်းလိုလိုက အဆင့်များဖြတ်ကျော်ပြီး ရန်သူများကို တိုက်ခိုက်နိုင်ကြသည်။ ယိုဝူမင်တစ်ယောက် ဘယ်လိုလုပ် မထိတ်လန့်ဘဲနေမလဲ။
သူ ရှန်ရှန်ကျုံဂိုဏ်းကို ဆက်လက်ရပ်တည်ခွင့် မပြုနိုင်တော့ဘူး။
htet