ပျက်သုန်းမှုသွေးစက် နှင်းပန်း
Vol. 37 Ch. 515
ဘာသာပြန်- The Fate
ကုချိုးဟာ ဤအချိန်၌ ကောင်းမွန်စွာ နားလည်သွားခဲ့သည်။စိတ်ဝိညာဥ်ဖွေရှာခြင်းသည် လူတို့၏စိတ်ဝိညာဥ်ကို အမှန်တကယ် စစ်ဆေးဆုံးဖြတ်နိုင်ပြီး လူအများ၏ ပုံသဏ္ဍာန်အား ရောင်ပြန်ဟပ်နိုင်သည်။သို့ပေသော်ငြားလည်း ခံစားချက်များကတော့ လူတို့၏ နှလုံးသားအတွင်း၌သာ တည်ရှိပါသည်။လူတို့၏ခံစားချက်များမှာ အရှုပ်ထွေးအဆန်းကြယ်ဆုံးဖြစ်သည်။ထိပ်တန်းရုပ်သေးပညာရှင်များကတောင် လူသားတစ်ယောက်ရဲ့ ခံစားချက်များနဲ့ ထပ်တူညီမျှသော ပုံတူတစ်ခုကို ထွင်းထုနိုင်မှာ မဟုတ်ပါ။
ရုပ်သေးရုပ်က ဘယ်လောက်ပဲ ပြီးပြည့်စုံပါစေ နောက်ဆုံးမှာတော့ ရုပ်သေးရုပ်တစ်ရုပ်သာ ဖြစ်သည်။ရုပ်သေးရုပ်ထဲကို လူသားတစ်ယောက်ရဲ့ စိတ်ဝိညာဥ်ပေါင်းစပ်လိုက်ရင်တောင်မှ အခြားတစ်ယောက်၏ ခံစားချက်များကိုတော့ နားလည်သိရှိနိုင်မှာ မဟုတ်ပါ။
အဘယ့်ကြောင့်ဆိုသော် လူသားတို့၏ စိတ်ခံစားချက်များသည် မတူကွဲပြားသောနည်းလမ်းများဖြင့် ဖြစ်တည်လာခြင်းဖြစ်ပြီး စိတ်ဝိညာဥ်တစ်ခုတည်း ဖြစ်ပေါ်လာရခြင်း မဟုတ်တော့ကြောင့်သာ။ ဒါ့အပြင် ရုပ်သေးရုပ်ရဲ့ကိုယ်ထဲက လူသားတစ်ယောက်ရဲ့စိတ်ဝိညာဥ်ကို ပြီးပြည့်စုံစွာ သယ်ဆောင်မထားနိုင်ချေ။ထို့အတွက်ကြောင့် ခံစားချက်များဆိုပါက ပြောနေစရာတောင် မလိုတော့ပါ။
စက်ရုပ်များကို အချစ်က ဘာလဲဆိုတာ မေးကြည့်ပါလေ။သူတို့က ဉာဏ်ပညာကြီးမားတဲ့ ဆိုရိုးစကားများစွာကို ထုတ်ဖော်ပြောဆိုပါလိမ့်မယ်။သူတို့က လူကြီးလူကောင်းတစ်ယောက်လိုမျိုး ထောင်သောင်းချီတဲ့ အချစ်စကားများကို ပြောကြားနိုင်သော်လည်း အချစ်ရဲ့စစ်မှန်တဲ့ ခံစားချက်ကိုတော့ ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်ပါဘူး။
ထို့အတွက်ကြောင့် နဝမအလွှာအစောင့်အရှောက်ကလည်း လက်ရှိ၌ ကုချိုး၏ခံစားချက်များကို နားမလည်နိုင်ခဲ့ပါ။၎င်းက သေဆုံးနေသော စက်ပစ္စည်းတစ်ခုလိုမျိုး နေရာမှာတင် ကြောင်အလျက် ရှိနေခဲ့သည်။ကုချိုး၏စကားလုံးများသည် မိုးခြိမ်းသံကြီးကဲ့သို့ ရုပ်သေးရုပ်၏စိတ်ဝိညာဥ်အတွင်း ထင်ဟပ်လျက်ရှိနေခဲ့သည်။
" တကယ့်ကို ထိတ်လန့်အံ့သြဖို့ ကောင်းလိုက်တာ "
သီးခြားနန်းတော်ကြီးအတွင်း၌ ကြီးမြတ်သောဧကရာဇ်စန်းရိသည် ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး သူ့မျက်နှာထက်၌ လေးစားအားကျမှုများ ရှိနေခဲ့သည်။ ဤသည်မှာ ကုချိုးကို သူလွန်လွန်ကြူးကြူးချီးကျူးခဲ့သည် ပထမအကြိမ်ပဲ ဖြစ်တော့သည်။သူဟာ မြင့်မြတ်သောစန်းရိအင်ပါယာ၏ ဧကရာဇ်ဖြစ်လာပြီးသည့်နောက်တွင် မွန်မြတ်မှုခုနှစ်ပါးစေတီကို ဖြတ်ကျော်နေကြသော မရေမတွက်နိုင်သည့် လူငယ်ပါရမီရှင်များကို စောင့်ကြည့်လေ့လာခဲ့သည်။
သူ၏ အချစ်ဆုံးသမီးတော် မင်းသမီးလန်လင်းကိုတောင် စောင့်ကြည့်ခဲ့ပါသည်။သို့သော်လည်း ဘယ်သူကမှ သူ့ကို လွန်ကဲစွာ အံ့သြသင့်အောင် မပြုလုပ်နိုင်ခဲ့ပါ။
ကုချိုး၏ဂိုဏ်းကသာ မင်းသမီးလန်လင်းနှင့် ဆက်စပ်နေ၍ မဟုတ်လျှင် သူဟာ ကုချိုးကို အင်ပါယာအတွင်းသို့ မရရအောင် ဆွဲခေါ်မိပေလိမ့်မည်။
သူဟာ ကုချိုးကို မြင့်မြတ်သောစန်းရိအင်ပါယာကြီး၏ အစိတ်အပိုင်းတစ်ခု ကျိန်းသေပေါက် ဖြစ်စေချင်သည်။ထိုကဲ့သို့ပါရမီရှင်တစ်ယောက်ကို သူ့လို ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်၌ ရှိနေသာ ပုဂ္ဂိုလ်ကြီးတစ်ယောက်က ကိုယ်တိုင်ကိုယ်ကျ လမ်းပြလိုက်ပါလျှင် ကုချိုး၏ကံတရားဟာ လုံးဝကို မခန့်မှန်းနိုင်အောင် တိုးတက်သွားလိမ့်မည်။သူကိုယ်တိုင်ကတောင် ကုချိုးကို နောင်တစ်ချိန်၌ လက်လှမ်းမိနိုင်တော့မှာ မဟုတ်ချေ။
မြင့်မြတ်သော ဧကရာဇ်စန်းရိ၏ ဘဝသက်တမ်းတစ်လျှောက်၌ ဤမျှလောက်အထိ လေးစားအားကျရသော ပါရမီရှင်တစ်ယောက်ကို မတွေ့ခဲ့ဖူးပါ။
သူ၏ဘေးနားတွင်ရှိနေသော လူအိုကြီး၏ အိုမင်းနေသော မျက်ဝန်းများအတွင်း၌လည်း အံ့သြသင့်ထိတ်လန့်နေသော အကြည့်တစ်ခု ရှိနေခဲ့သည်။သူတို့လို ကျင့်ကြံမှုအဆင့်ဖြင့်ဆိုပါက တော်တန်ရုံကိစ္စများ၌ အံ့သြဝမ်းမြောက်ကြမည်မဟုတ်သော်လည်း ကုချိုးထုတ်ဖော်ပြသခဲ့သော အလားအလာမှာ အင်မတန်မှ ကြောက်လန့်ဖွယ် ကောင်းနေခဲ့သည်။
မြင့်မြတ်သောဧကရာဇ်စန်းရိကတောင် လက်ရှိကုချိုးနားလည်နေသောအရာကို သဘောပေါက်ရန်အတွက် မွန်မြတ်မှုခုနှစ်ပါးစေတီထဲကို နှစ်ကြိမ်တိတိ ဝင်ရောက်ခဲ့ရသည်။ ယင်းနောက်မှာ သူဟာ နဝမအလွှာကို ဖြတ်ကျော်နိုင်ခဲ့ပြီး မွန်မြတ်ဘုံလောက တစ်ခုလုံးအတွင်း၌ မွန်မြတ်မှုခုနှစ်ပါးစေတီ၏ နောက်ဆုံးအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့သော ထိပ်တန်းပါရမီရှင် တစ်ယောက်ဖြစ်လာခဲ့သည် !
သို့သော်လည်း မွန်မြတ်မှုခုနှစ်ပါးစေတီထဲကို ပထမဆုံးအကြိမ်ဝင်ရောက်ခဲ့သည့် ကုချိုးဟာ အမှန်တရားကို အစစ်အမှန်သဘောပေါက်နိုင်ခဲ့သည်။သူဟာ မွန်မြတ်မှုခုနှစ်ပါးစေတီ၏ နဝမအလွှာကို ဖြတ်ကျော်နိုင်ပေတော့မည်။
စေတီ၏ နဝမအလွှာအတွင်း၌.............
ကုချိုးသည် ကောင်းကင်ယံအတွင်း၌ မတ်တပ်ရပ်နေခဲ့ပြီး သူ၏ခန္ဓာကိုယ်မှာ ပြင်းပြသောအရှိန်အဟုန်များကို ထုတ်ဖော်လျက်ရှိသည်။ ခမ်းနားကြီးကျယ်သော စွမ်းအားများသည် သူ၏ပတ်လည်၌ လျို့ဝှက်ဆန်းကြယ်သော သင်္ကေတများအဖြစ် ဖွဲ့တည်လျက် ပျံသန်းနေကြကာ သူ့ကို လူ့လောကအတွင်းရှိ နတ်ဘုရားတစ်ပါးကဲ့သို့ ထင်ဟပ်စေခဲ့သည်။
ကုချိုး၏မျက်ဝန်းများအတွင်း၌ တောက်ပသောအလင်းရောင်တစ်ခု ရှိနေခဲ့ပြီး သူ၏လက်များဟာ အဆက်မပြတ်လှုပ်ရှားနေခဲ့သည်။သူ့လက်များ၏ လှုပ်ရှားမှုနဲ့အတူ ပတ်ပတ်လည်ရှိ လျို့ဝှက်ဆန်းကြယ်သော သင်္ကေတများကလည်း စည်းချက်ကျကျ လိုက်ပါလှုပ်ရှားလာခဲ့သည်။
တဖြည်းဖြည်းဖြင့် လျို့ဝှက်ဆန်းကြယ်သော သင်္ကေတများသည် လိုက်ကာကြီးကဲ့သို့ လှိုင်းသဏ္ဍာန်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ကုချိုး၏အနောက်ဖက်၌ ဝဲလွင့်နေခဲ့ကာ တောက်ပသောအရှိန်အဟုန်ကို ထုတ်ဖော်လျက်ရှိနေသည်။ ၎င်းက နဝမအလွှာတစ်ခုလုံးကို ဖုံးကာထားပြီး တစ်ဖက်ရှိ အစောင့်အရှောက်ကိုတောင် တသိမ့်သိမ့်တုန်လှုပ်သွားစေခဲ့သည်။
" ဘုန်း...! "
ကုချိုးဟာ လက်ကို ပုတ်ခတ်လိုက်သည့်အခါ လျို့ဝှက်ဆန်းကြယ်သော ကောင်းကင်လိုက်ကာကြီးသည် ရုတ်တရက် ပြေးထွက်သွားခဲ့သည်။၎င်းက လှိုင်းထန်သော ပင်လယ်ပြင်ကဲ့သို့ အင်မတန်ပြင်းထန်လှပြီး ထိတ်လန့်ဖွယ်ကောင်းသော သတ်ဖြတ်မှုစိတ်ဆန္ဒများကို သိုဝှက်ထားကာ နဝမအလွှာအစောင့်အရှောက်ထံသို့ ပြေးဝင်သွားခဲ့သည်။
ဤအချိန်၌ လှိုင်းလုံးများဟာ အဆုံးအစမဲ့ဖြစ်နေခဲ့ပြီး ကုချိုး၏ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားများသည် ကောင်းကင်လိုက်ကာကြီးအတွင်းသို့ စီးဆင်းဝင်ရောက်လျက်ရှိကာ လိုက်ကာကြီး၏စွမ်းအားကို အားဖြည့်ပေးနေခဲ့သည်။
နဝမအလွှာတစ်ခုလုံးသည် စွမ်းအားလှိုင်းလုံးကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပုံပေါ်ကာ ပြင်းထန်သောဖိအားတစ်ရပ်သည် အလွှာတစ်ခုလုံးကို တုန်လှုပ်စေခဲ့ပြီး အချိန်မရွေးပြိုကျတော့မည်ကဲ့သို့ အက်ကွဲကြောင်းများ ဖြစ်ပေါ်စေခဲ့သည်။ ဒါက တကယ့်ကို ထိတ်လန့်ဖွယ်ကောင်းလှပါသည်။
" ဘုန်း..! "
လျို့ဝှက်ဆန်းကြယ်သော ကောင်းကင်လိုက်ကာကြီးသည် နဝမအလွှာအစောင့်အရှောက်ကို ဖုံးအုပ်လိုက်သည့်အခါ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအင်ဖိအားကြီးကလည်း အစောင့်အရှောက်ကိုယ်ပေါ်သို့ သက်ဆင်းသွားခဲ့သည်။ သူဟာ ကောင်းကင်လိုက်ကာကြီးကို ဖျက်စီးရန် တတ်စွမ်းသမျှ နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့သော်လည်း အဆုံးမှာတော့ အသုံးမဝင်ခဲ့ပါ။
သူထုတ်ဖော်ခဲ့သော တိုက်ကွက်မှန်သမျှသည် ရေပူဖောင်းတစ်ခုကဲ့သို့ ကောင်းကင်လိုက်ကာကြီး၏ ရှေ့မှောက်၌ အက်ကွဲပျောက်ကွယ်သွားရကာ သူ၏ခန္ဓာကိုယ်က ကောင်းကင်လိုက်ကာကြီး၏ ရှေ့မှောက်၌ အကာအကွယ်မဲ့တည်ရှိလျက် ရှိ၏။
" ဘုန်း...! "
တစ်နာရီ၏ လေးပုံတစ်ပုံကြာမြင့်သည့်အခါ နဝမအလွှာတစ်ခုလုံးကို ဖြတ်သန်းတိုက်ခတ်သွားသော ကျယ်လောင်သည့် ပေါက်ကွဲသံကြီးနဲ့အတူ အစောင့်အရှောက်ဟာလည်း အရိပ်တစ်ခုအဖြစ် ပေါက်ကွဲသွားခဲ့ပြီး နဝမအလွှာအတွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
" ငါ အချိန်တွေအများကြီးကို သုံးဖြုန်းခဲ့ရတယ်။ ဆုလဒ်ကသာ ဒီသခင်လေးကို မကျေနပ်စေဘူးဆိုရင် ဒီသခင်လေးက မင်းတို့ရဲ့ မွန်မြတ်မှုခုနှစ်ပါးစေတီတစ်ခုလုံးကို ဆုတ်ဖြဲပစ်မယ်ကွ "
ကုချိုးသည် လေဟာပြင်မှ သက်ဆင်းလာခဲ့ပြီး အလင်းတန်းများအဖြစ် ပြောင်းလဲသွားခဲ့သော နဝမအလွှာမှ အစောင့်အရှောက်ကို စိုက်ကြည့်လျက် ရေရွက်ပြောဆိုလိုက်သည်။သူ၏အသံသည် နဝမအလွှာအတွင်း၌ ပဲ့တင်ထပ် မြည်ဟီးသွားခဲ့သည်။
ကုချိုး၏စကားလုံးများသည် ဧကရာဇ်စန်းရိနဲ့ လူအိုကြီးတို့၏ မျက်နှာများကို မဲ့ရွဲ့သွားစေခဲ့သည်။ သူတို့ဟာ ကုချိုး၏အလွန်အမင်းမောက်မာသော ပုံစံကို ပြောစရာစကား ကင်းမဲ့စွာ စိုက်ကြည့်နေမိကြသည်။
" ဒီကလေးက တကယ် လေလုံးထွားရဲတာပဲ "
" သူရရှိခဲ့တဲ့ အခွင့်အရေးကတောင် မနာလိုစရာကောင်းနေပြီလေ။ ဒါကိုတောင် မကျေနပ်နိုင်သေးဘူးလား။ "
ဧကရာဇ်စန်းရိသည် မောက်မာထောင်လွှားသော ကုချိုး၏ပုံရိပ်ကို စိုက်ကြည့်လိုက်ပြီး ခေါင်းခါလျက် ပြုံးရွှင်စွာဖြင့် မာန်မဲလိုက်သည်။
သာမန်လူများသာ မွန်မြတ်မှုခုနှစ်ပါးစေတီကို ဖျက်စီးချင်သည်ဟု ပြောဆိုလာပါက ဧကရာဇ်စန်းရိက သေတဲ့အထိ ရိုက်နှက်ပေလိမ့်မည်။သို့ပါသော်လည်း လက်ရှိကုချိုးကတော့ သူလေးစားအားကျရသော လူငယ်ပါရမီရှင်တစ်ယောက် ဖြစ်ချေသည်။
" အရှင်မင်းကြီး တောင်ဝင်မင်းသမီးရဲ့ အနောက်မှာရှိနေတဲ့ ဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့တာက ဒီကလေးကို ခေါ်ယူသွတ်သွင်းခြင်းထက် ပိုပြီးတော့ ကောင်းမွန်ပါတယ်။ " ဤအချိန်တွင် ဧကရာဇ်စန်းရိ၏ ဘေးတွင်ရှိနေသော လူအိုကြီးသည် လေးနက်သောအဓိပ္ပါယ်များဖြင့် ပြောဆိုလိုက်သည်။
" မစိုးရိမ်ပါနဲ့။ ဒီဧကရာဇ်က တစ်ရာတန်တဲ့ ပစ္စည်းအတွက် တစ်ထောင်တန်ကို မဆုံးရှုံးစေရပါဘူး။ " ဧကရာဇ်စန်းရိက ခေါင်းညိတ်လိုက်ပြီး တည်ကြည်စွာ ပြောဆိုလိုက်သည်။
မွန်မြတ်မှုခုနှစ်ပါးစေတီ၏ နဝမအလွှာအတွင်း၌ !
" ဂုဏ်ယူဝမ်းမြောက်ပါတယ်။ နဝမအလွှာကို ဖြတ်ကျော်ခဲ့တဲ့အတွက် ပျက်သုန်းမှုသွေးစက် နှင်းပန်းကို ရရှိခဲ့ပါတယ်။ "
နဝမအလွှာအစောင့်အရှောက်ကို ကုချိုးက အနိုင်ယူလိုက်ပြီး မကြာခင်တွင် အေးစက်သောအသံသည် နဝမအလွှာအတွင်း၌ ပဲ့တင်ထပ်သွားခဲ့သည်။ ၎င်းအသံက ကုချိုးကို ထိတ်လန့်စေရုံသာမက ဧကရာဇ်စန်းရိကိုလည်း ခြောက်ခြားသွားစေခဲ့သည်။
" အဲ့တာက ပျက်သုန်းမှုသွေးစက် နှင်းပန်းလား။"
ဧကရာဇ်စန်းရိ၏ မျက်ဝန်းများမှာ မှေးကျဥ်းသွားပြီး လေးနက်စွာ ပြောဆိုလိုက်သည်။
မွန်မြတ်မှုခုနှစ်ပါးစေတီအတွင်းရှိ ဆုလာဒ်များမှာ ကြုံရာကျပန်းပေးအပ်ခြင်းဖြစ်သည်။ကိုးလွှာမြောက်ကို ဖြတ်ကျော်ပြီး၌ ရရှိသည့်ဆုလာဒ်များမှာ အရက်ရောဆုံးဖြစ်ပါသည်။၎င်းဆုလာဒ်များကို အင်ပါယာကြီးခုနှစ်ခုက အတူတကွစုပေါင်းလျက် လွန်ခဲ့သည့်နှစ်ပေါင်းများစွာက ထည့်သွင်းခဲ့ကြခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့် မျိုးဆက်ပေါင်းများစွာ ကြာမြင့်ပြီဟု ပြောဆိုနိုင်သည်။
ဒါ့အတွက်ကြောင့် လက်ရှိခုနှစ်ပြည်ထောင်၏ မင်းဧကရာဇ်များကတောင် မွန်မြတ်မှုခုနှစ်ပါးစေတီအတွင်းရှိ ရတနာပစ္စည်းများကို တိတိပပသိရှိထားခြင်း မရှိပါ။
ပျက်သုန်းမှုသွေးစက်နှင်းပန်းသည် ပျက်သုန်းမှုဧကရာဇ်နယ်ပယ်၏ အထွတ်အမြတ်ရတနာပစ္စည်း ဖြစ်၏။ ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ် စွမ်းအားရှင်များကိုတောင် မနာလိုဖြစ်အောင် စွမ်းဆောင်နိုင်ပါသည်။
ပျက်သုန်းမှုသွေးစက် နှင်းပန်းကိုသာ စားသုံးလိုက်ပါက ၎င်းက ပျက်သုန်းမှုဧကရာဇ်အဆင့်ရှိသော ကျင့်ကြံမှုစွမ်းအားများကို ပိုမို၍ တိုးတက်သွားစေနိုင်ပြီး သူတို့၏သွေးမျိုးဆက်ကို ပို၍သိပ်သည်းလာစေကာ ရုပ်ခန္ဓာကိုလည်း ပိုမိုအားကောင်းစေသည်။ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်အောက်က ပုဂ္ဂိုလ်များသာ ၎င်းကို စားသုံးလိုက်ပါက ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်အထိ ရောက်ရှိနိုင်သည့် အခွင့်အရေးတစ်ရပ်ကို လက်ခံရရှိမှာ ဖြစ်သည်။
တချိန်တည်းမှာပင် ထိုသူရဲ့ ကိုယ်ပိုင်ရုပ်ခန္ဓာဟာလည်း နှင်းပန်း၏အဆုံးစွန်သော စွမ်းအားဖြင့် သိပ်သည်းပေးခြင်းကိို ခံရမှာ ဖြစ်သည်။
ချန်ခွမ်းသူတော်စင်အဆင့်ကို ရောက်ရှိသွားပြီးနောက် ပျက်သုန်းခြင်းဧကရာဇ်နှင်းပန်း၏ ဖွဲ့တည်ပေးခြင်းခံရသော ရုပ်ခန္ဓာဖြင့်ဆိုပါက ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်၏အောက်တွင် ပြိုင်ဖက်ကင်းဖြစ်နေပြီးဟု ပြောဆိုနိုင်သည် !