ငါ ကုချိုးက မိုင်ကိုးသောင်းကို ခြေတစ်လှမ်းနဲ့ လှမ်းခဲ့ပြီ
Vol. 22 Ch. 304
ကုချိုးသည် နန်းတော်ကြီးအတွင်းမှ ထွက်ခွာလာသည့်အခါ နန်းတော်ကြီးတစ်ခုလုံးသည် ခြေရာလက်ရာမကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။ ကျုံးကျီနှင့် အခြားသူများကလည်း တိုက်ပွဲမြေပြင်ကို ရှင်းလင်းပြီးခဲ့ကြပြီဖြစ်ရာ ကုချိုးရှိရာဘက်သို့ အရောက်လာခဲ့ကြသည်။ သူတို့က လူငယ်မျိုးဆက်များအားလုံးကို မသတ်ခဲ့ကြပေ။ သို့သော်လည်း ရှန်ရှန့်ကျုံဂိုဏ်းနှင့် ရန်ငြိုးရှိနေသော ရှေးဟောင်းမျိုးနွယ်စုများမှ ပါရမီရှင်များကိုတော့ ပစ်မှတ်ထား သတ်ဖြတ်ခဲ့လေသည်။ ဟုတ်တာပေါ့.. အမှတ်တွေအကြောင်းကိုတော့ တွေးနေစရာကို မလိုပါဘူး။
"ညီငယ်လေး...ဘယ်လိုလဲ မင်းအမွေအနှစ်က်ို ရခဲ့ပြီလား?"
ကုချ်ိုးတစ်ယောက်ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကုကန်းချိုးက မစောင့်နိုင်တော့ဘဲ အလျှင်စလိုပြောလိုက်သည်။
ကုကန်းချိုး၏ စကားဆုံးသွားသည့်အခါ ကျုံးကျီနှင့်အခြားသူများကလည်း ကုချိုးကို လှမ်းကြည့်လိုက်ကြသည်။ သူတို့၏မျက်လုံးများထဲ၌ မျှော်လင့်ခြင်း အလင်းရောင်ခြည်များ ရှိနေခဲ့သည်။
ကုချိုးထံမှ သူတို့သည် အစွမ်းထက်သော အရှိန်အဝါတစ်ခုကို ခံစားနေကြရသည်။ ထို့အတွက်ကြောင့် သူတို့နှလုံးသားများအတွင်း၌ ခန့်မှန်းပြီကြလေပြီ။ သို့ပါသော်လည်း သူတို့က ကုချိုး၏ အတည်ပြုမှုကို ရယူလိုကြ၏။
"ကောင်းကင်ဘုံရဲ့ ကောင်းချီးပေးခြင်း ခံလိုက်ရပြီ ၊ ငါကုချိုးက မိုင်ကိုးသောင်းကို ခြေတစ်လှမ်းနဲ့ လှမ်းခဲ့ပြီ"
ကုချိုးသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် မတ်တက်ရပ်နေရင်း နက်ရှိုင်းသော မျက်ဝန်းတစ်စုံဖြင့် တိုးညင်းစွာ မြည်တမ်းလိုက်လေ၏။
"ဖက်...."
ရုတ်တရက်ထွက်ပေါ်လာသော အသံတစ်ခုက ကုချ်ိုး၏ မာန်မာနထောင်လွှားနေသော စိတ်အခြေအနေကို ဖျက်စီးပစ်လိုက်၏။
ကုကန်းချိုးက ကုချိုး၏ခေါင်းကို လက်တစ်ဖက်ဖြင့် ပိတ်ရိုက်လိုက်ခြင်းဖြစ်ပြီး မကျေမနပ်ဖြင့် ပြောလိုက်သည်။
"မင်းကို အမွေအနှစ်ရပြီလားလို့ ငါမေးနေတာလေ... မင်းဘာတွေလာပြီး ဟန်ဆောင်ပြနေတာလဲ? ၊ မင်းက အစ်က်ိုကြီးလား? ဘာလဲ?"
အစ်ကိုကြီးရေ ကျွန်တော်က အခု ကြယ်ကိုးပွင့် တာအိုနတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့်ဗျ... ၊ အစ်ကိုကြီး ဒီလိုသာဆက်လုပ်နေရင် အစ်ကိုကြီးကို မတော်တဆသတ်မိလိမ့်မယ်....။
ထိုမကြောင်းတွေးလိုက်ပြီးနောက် ကုချိုးက စိတ်ကို တည်ငြိမ်အောင် ပြုလုပ်လိုက်ပြီးမှ တက်ကြွစွာပြောဆိုလိုက်သည်။
"ရခဲ့ပြီ... ညီငယ်လေးကအခု ကြယ်ကိုးပွင့် တာအိုနတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့်မှာပဲ!..."
သူ၏ကျင့်ကြံမှုအကြောင်း အစ်ကိုကြီးကို ပြောပြရန်လိုအပ်သည်ဟု ကုချိုးတစ်ယောက် ခံစားလ်ိုက်ရသည်။ ထိုမှသာ အစ်ကိုကြီးက ဘာကိုမှ မလုပ်တော့မှာဖြစ်သည်။
ငါ... ကုချိုးက ကြယ်ကိုးပွင့် တာအိုနတ်ဘုရားပြီးပြည့်စုံခြင်းအဆင့်ပဲ။ ငါအခု မာန်မာနထောင်လွှားလို့ ရပြီမလား?...
"ဟူး....."
ကုချိုး၏စကားကို ကြားသည့်အခါ ကျုံးကျီနှင့်အခြားသူများက အသက်ပြင်းပြင်းရှူသွင်းမိလိုက်သည်။ သူတို့၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး ကုချိုးကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။
ဒီအချိန်တိုလေးအတွင်းမှာ ဂိုဏ်းတူအစ်ကိုကြီး ကုချိုးက တာအိုဧရာဇ်အလယ်အလတ်အဆင့်ကနေ ကြယ်ကိုးပွင့် တာအိုနတ်ဘုရားပြီးပြည့်စုံခြင်း အဆင့်ထ်ိကို ရောက်သွားတာလား?။
"ဖက်....."
"အံ့ဩစရာဘဲ... ညီငယ်လေးရေ... ငါတို့အနာဂတ်မှာ အပြင်ထွက်လုယက်ရင် လက်တစ်ဖက်လှုပ်ရှားဖို့ဘဲ လိုတော့မှာမလား..."
ကုကန်းချိုးက အရမ်းကိုစိတ်လှုပ်ရှားလာသည်။ သူက ကုချိုး၏ခေါင်းကို ဖက်ကနဲထပ်ရိုက်လိုက်ပြီး တောက်ပနေသော မျက်လုံးများဖြင့်ပြောလိုက်သည်။
ခင်ဗျားသာ ကျွန်တော့အစ်ကိုကြီးမဟုတ်ဘူးဆိုရင် လက်ညိုးလေးတစ်ချောင်း ညွှန်လိုက်တာနဲ့ အသက်ပျောက်သွားမှာနော်။
ကုချိုးက ကုကန်းချိုးကို မသိမသာ မျက်စောင်းထိုးလိုက်ပြီး တစ်ယောက်တည်း တီးတိုးတွေးတောလိုက်မိသည်။
ကျုံးကျီနှင့် အခြားသူများက အစမှာ ထိတ်လန့်နေခဲ့ကြသော်လည်း ကုကန်းချိုး၏ စကားကို ကြားလိုက်ရသည့်အခါ သူတို့၏ နှုတ်ခမ်းထောင့်များက တွန့်လိမ်သွားကြသည်။ ကောင်းပေစွ!... ကြယ်ကိုးပွင့် တာအိုနတ်ဘုရားပြီးပြည့်စုံခြင်းအဆင့်ထိ ရောက်နေတာတောင် မင်းတို့က လုယက်ဖို့ တွေးနေသေးတာလား?။
"သွားကြစို့... ညီငယ်လေး အစ်ကိုကြီး မင်းကို ပြောမယ်... မင်းအပြင်ထွက်တဲ့အခါ မင်းရဲ့ကျင့်ကြံမှုကို ဖုံးကွယ်ထားရမယ် ၊ နောက်တစ်ကြိမ် ဂိုဏ်းချုပ်ဒုက္ခရောက်နေတဲ့ အချိန်မှာ ရုတ်တရက်ထွက်ပြီး ဂိုဏ်းချုပ်အရှေ့မှာ မိမိုက်တဲ့အနေအထားနဲ့ ဝင်ကူညီလိုက်ပေါ့... ဒီလိုဆိုရင် ငါတို့နောက်တစ်ကြိမ် အပြင်ထွက်လုယက်တဲ့အခါ ဂိုဏ်းချုပ်တားရဲဦးမလားဆိုတာ စောင့်ကြည့်လိုက်ကြတာပေါ့"
ကုကန်းချိုးက ကုချိုး၏ ပုခုံးကိုဖက်လိုက်ပြီး တောက်ပနေသော မျက်ဝန်းတစ်စုံဖြင့် စိတ်လှုပ်ရှားစွာ တီးတိုးပြောလိုက်သည်။
"ဒါ.. အရမ်းကောင်းတာပဲ အစ်ကိုကြီး..."
ကုချိုး၏ မျက်လုံးများကလည်း လင်းလက်လာသည်။ သူက ကုကန်းချိုးကို လက်မထောင်ပြလိုက်ချေသည်။
"ဒင်! ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းသား ကုကန်းချိုးမှ အခြားသောလူငယ်ပါရမီရှင်များစွာကို သတ်ဖြတ်ခဲ့တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် ၊ ဂိုဏ်းအမှတ် သန်း ၅၀ နှင့် အန္တိမတာအိုအဆင့် ကျပန်းဆင့်ခေါ်ခွင့် ၃ ကြိမ် ဆုချလိုက်သည်"
"ဒင်! ချန်းလုံသိုင်းပြိုင်ပွဲ တာဝန်ကို ပြီးဆုံးအောင်မြင်သွားသည့်အတွက် ဂုဏ်ပြုပါတယ် ၊ အန္တိမတာအိုအဆင့် ကျပန်းဆင့်ခေါ်ခွင့် သုံးကြိမ်နှင့် ဂိုဏ်းအမှတ် သန်း ၃၀ ကို ဆုချလိုက်သည်"
"ဒင်! ရှန်ရှန့်ကျုံဂိုဏ်းသား ကုချိုးမှ ဆိတ်ငြိမ်ခြင်း ကောင်းကင်ဘုံနတ်ဆိုး နတ်ဘုရား၏ အမွေ အနှစ်ကို ရရှိခဲ့ပြီး ကြယ်ကိုးပွင့် တာအိုနတ်ဘုရားပြီးပြည့်စုံခြင်း အဆင့်ကိုရောက်ရှိသွားသည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် ၊ ကုချ်ိုးအတွက် သီးသန့်မှော်ဝင်ဆေးလုံးတစ်လုံး ဆုချလိုက်သည်"
ကုချိုးနှင့် အခြားသောသူများ လျှို့ဝှက်နယ်မြေအတွင်းမှ ထွက်လာကြစဥ်တွင် စနစ်၏ အသံ တစ်သီတစ်တန်းကြီးက ဝမ်ဖုန်း၏ စိတ်အာရုံအတွင်း ထွက်ပေါ်လာခဲ့သည်။ စနစ်၏ နောက်ဆုံးအသံကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်းတစ်ယောက် ကြောင်အသွားသည်။
ဘာတွေဖြစ်နေတာလဲ?......
ကုချိုးလို အရူးတစ်ယောက်က တစ်ကယ်ကြီး အမွေ အနှစ်ကို ရသွားတာလား? ။ ပြီးတော့အဲ့တာက ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံ နတ်ဆိုးနတ်ဘုရားရဲ့ အမွေအနှစ်တဲ့လား?...။ ဒါ့အပြင် သူက ဘယ်လိုဖြစ်ပြီး ကြယ်ကိုးပွင့် တာအိုနတ်ဘုရားပြီးပြည့်စုံခြင်း အဆင့်ကို ရောက်သွားရတာလဲ?
"စနစ်၊ ကုချိုးက ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံ နတ်ဆိုးနတ်ဘုရားရဲ့ အမွေအနှစ်ကို ရသွားပြီဆိုတော့ မုယွင်ဖေးအတွက်ကရော ဘယ်လိုလုပ်မလဲ?"
တစ်ခဏကြာစိတ်ရှုတ်ထွေးသွားပြီးနောက် ဝမ်ဖုန်းက လေးနက်စွာဖြင့် မေးမြန်းလိုက်သည်။
မုယွင်ဖေး၏ ပြဿနာကို ဝမ်ဖုန်းသည် နှလုံးသားအတွင်း၌ အမြဲတမ်းသိမ်းဆည်းထားခဲ့သည်။ သို့ပါသော်လည်း နတ်ဆိုးနတ်ဘုရား၏ အမွေအနှစ်ကို ကုချိုးတစ်ယောက် မတော်တဆရသွားလိမ့်မည်ဟုတော့ သူလုံးဝ တွေးမထားခဲ့ပေ။
"ဒင်၊ ယဲ့မုချင်၏ အကူအညီကြောင့် မုယွင်ဖေးက အကြပ်အတည်းကနေ လွတ်မြောက်ခဲ့ပါပြီ.."
မြတ်စွာဘုရား! ကောင်းလိုက်တာ... ငါ့မိန်းမက တစ်ကယ့်ကို အံ့ဖွယ်ပါလား...။
သူ့စိတ်အာရုံအတွင်းဖြစ်ပေါ်လာသော အေးစက်စက်အသံကြောင့် ဝမ်ဖုန်းသည် ခေါင်းကိုခါယမ်းလိုက်ကာ ခါးသီးစွာ ပြုံးလိုက်သည်။
"စနစ်၊ ကုချိုးအတွက် အထူးမှော်ဝင်ဆေးလုံးဆိုတာ ဘာလဲ?"
မုယွင်ဖေးအကြပ်အတည်းက လွတ်မြောက်သွားပြီဆ်ိုတာ သိလိုက်ပြီးနောက် ဝမ်ဖုန်းက စိတ်သက်သာရာရသွားပြီး လျှို့ဝှက်စွာ မေးလိုက်သည်။
"ဒင်၊ အထူးမှော်ဝင်ဆေးလုံး အင်မော်တယ်ဆေးလုံးက ကုချိုးအတွက် သီးသန့်ဖော်စပ်ပေးထားတာပါ ၊ အဲ့တာကို ကုချိုးတစ်ယောက်ပဲ အသုံးပြုလို့ရပါတယ်... သူ့ရဲ့လုပ်ဆောင်ပုံက ကြယ်ကိုးပွင့် တာအိုနတ်ဘုရားပြီးပြည့်စုံခြင်း အဆင့်က လူတစ်ယောက်ကို ထိုက်ရွှမ် ဒဏ္ဍာရီလာ နယ်မြေရဲ့ ပထမဆုံးအဆင့်ထိတိုင်အောင် ဘေးထွက်ဆိုးကျိုး တစ်စုံတစ်ရာမရှိဘဲ အဆင့်တက်ရောက်စေနိုင်ပါတယ်..."
ကောင်းလေစွ! ကုချိုးက နတ်ဆိုးရဲ့သားတော်လည်း ဖြစ်နေရုံတင်မကပဲ စနစ်ရဲ့ တရားမဝင်သားလည်း ဖြစ်နေတာကိုး.။
ကြယ်ကိုးပွင့်တာအိုနတ်ဘုရားပြီးပြည့်စုံခြင်း အဆင့်ကို ရောက်ပြီးတာတောင် မကြာသေးဘူး စနစ်က ပကတိနတ်မင်းအဆင့်ကို တက်လှမ်းနိုင်မယ့် ဆေး လုံးတစ်လုံး ဆုချလိုက်တယ်တဲ့လား။ ဝမ်ဖုန်းသည် ကုချိုး၏ ကောင်းမွန်သောကံတရားကို လေးစားအားကျနေမိသည်။
ဟွမ်.....
ဝမ်ဖုန်းတစ်ယောက် ကုချိုး၏ အခြေအနေကြောင့် အံ့အားသင့်နေစဥ်မှာဘဲ လျှို့ဝှက်နယ်မြေ ဂိတ်တံခါးသည် ရုတ်တရက်ဆိုသလို တုန်ခါလာသည်။ ထို့နောက် ကုချိုးနှင့် သူ့အဖွဲ့သည် လျှို့ဝှက်နယ်မြေ လျှို့ဝှက်နယ်မြေအတွင်းမှ ပထမဦးစွာ ထွက်လာကြသည်။ သူတို့ နောက်မှာ အသက်ရှင်ကျန်နေသေးသော လူငယ်ပါရမီရှင်များက အကြောက်တရားများပြည့်နေသော မျက်လုံးများဖြင့် တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။ သူတို့က ကုချိုးတို့အဖွဲ့ကို ကြောက်ကြောက်လန့်လန့် စိုက်ကြည့်နေပြီး အပြင်ထွက်လာတာနဲ့ တစ်ပြိုင်နက် သူတို့၏ ဂိုဏ်းရှိရာသို့ အပြေးလေးထွက်ခွာသွားလေသည်။
"ဂိုဏ်းချုပ်... ကျွန်တော်တို့အားလုံး ဂိုဏ်းချုပ်ရဲ့ ကြီးမားတဲ့ရည်မှန်းချက်ကို ဖြည့်ဆည်းနိုင်ခဲ့ပြီ... ၊ ချန်းလုံသိုင်းပြိုင်ပွဲရဲ့ ပထမဆုံး ၅ နေရာကို အနိုင်ရခဲ့ပါပြီ.."
ကုချိုးနှင့် သူ့အဖွဲ့ ထွက်လာလာချင်းမှာဘဲ သူတို့က ရိုသေလေးစားစွာ ဂါရဝပြုလိုက်ပြီး ပြောဆိုလိုက်သည်။
အမ်.....
ဝမ်ဖုန်းက ကုချိုးကို အနည်းငယ်သံသယဝင်နေသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ ဒီကောင့်ရဲ့ စိတ်နေစိတ်ထားနဲ့ဆိုရင် ကြယ်ကိုးပွင့် တာအိုနတ်ဘုရားပြီးပြည့်စုံခြင်း အဆင့်ကို ရောက်ပြီဆိုရင် ကြွားဝါနေရမှာ မဟုတ်ဘူးလား?။
ဝမ်ဖုန်းက ကုချိုးကို လေးနက်အဓိပ္ပါယ်များပါဝင်သည့် အကြည့်တစ်ချက်ကြည့်လိုက်ပြီး သူ၏လက်ကို ဆန့်တန်းလိုက်ကာဖြင့် ရယ်ကာမောကာ ဖြင့် ပြောဆိုလိုက်သည်။
"အရမ်းကောင်းတယ်.. မင်းတို့က ငါတို့ရှန်ရှန့်ကျုံဂိုဏ်းအတွက် ဒီတစ်ကြိမ်မှာ ဂုဏ်ဆောင်နိုင်ခဲ့ပြီ ၊ ဒီဂိုဏ်းချုပ်က ဉာဏ်အလင်းပွင့်ဖို့အတွက် တာအိုနန်းတော်ကို ဝင်ရောက်ခွင့် ဆုချမယ်"
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်..."
ဝမ်ဖုန်း၏ စကားကို ကြားလိုက်ရသည့်အခါ ကျုံးကျီတို့အုပ်စု အရမ်းကိုစိတ်လှုပ်ရှားသွားကြသည်။ သူတို့က အလျှင်အမြန် ဂါရဝပြုကာ ကျေးဇူးတင်လိုက်သည်။
၎င်းမှာ တာအိုနန်းတော်ဖြစ်သည်။ ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်သားများသည် တာအိုနန်းတော်အတွင်းသို့ ဉာဏ်အလင်းပွင့်ရန် ဝင်လိုကြသည်။ သို့ပါသော်လည်း တာအိုနန်းတော်အတွင်သို့ ဝင်ရောက်ရန် မလွယ်ကူကြပေ။ သူတို့ဟာ တာအိုနန်းတော်အတွင်းဝင်ရောက်ခွင့်ရဖို့အတွက် လုံလောက်သော ဂိုဏ်းအမှတ်များ ရှိရမှာဖြစ်သည်။
ဝမ်ဖုန်းက ကျုံးကျီနှင့်အခြားသူများကို ဆုချလိုက်သည့်အချိန်တွင် ဇာမဏီမျိုးနွယ်စုကဲ့သို့သော ရှေးဟောင်းမျိုးနွယ်စုကြီးများက သူတို့၏ မျိုးနွယ်စုများမှ လူငယ်ပါရမီရှင်များကို ရှန်ရှန့်ကျုံဂိုဏ်းက သတ်ဖြတ်လိုက်သည့်သတင်းကို သိလိုက်ရသည်။ သူတို့အားလုံး ဒေါသထွက်သွားကြသည်။ သို့ပါသော်လည်း အစောက ရှန်ရှန့်ကျုံဂိုဏ်း ထုတ်ဖော်ပြသလိုက်သော စွမ်းအားမှာ ကြီးမားလွန်းလှတာကြောင့် သူတို့ဟာ တိုက်ခိုက်ရဲခြင်းမရှိကြဘဲ ဒေါသများကို နှလုံးသားအတွင်း ဖိနှိပ်ထားရုံသာ တတ်နိုင်ခဲ့သည်။
ရှန်ရှန့်ကျုံဂိုဏ်း..... ငါ့ရဲ့ ဇာမဏီမျိုးနွယ်စုက မင်းတို့ကို အဆုံးစွန်ထိ တိုက်ခိုက်မယ်။
ဇာမဏီမျိုးနွယ်စု၏ ခေါင်းဆောင် ယဲ့ရှန်းယန်သည် ခေါင်းကို ငုံ့ထားကာ နှလုံးသားအတွင်း၌ ဟစ်ကြွေးလိုက်သည်။
ဤအချိန်တွင် ယဲ့ရှန်းယန်၏ နှလုံးသားက သွေးချင်းချင်း နီရဲနေပေပြီ။ ၎င်းတို့မှာ ထိပ်တန်းပါရမီရှင်များ ဖြစ်ကြသည်။ ထိပ်တန်းပါရမီရှင်များဟာ ဇာမဏီမျ်ိုးနွယ်စုရဲ့ အနာဂတ်ဖြစ်သည်။ ယခုအခါ သူတို့အားလုံး သေဆုံးကုန်ကြပြီ။ သူတို့ရဲ့ ဇာမဏီမျိုးနွယ်စုဟာ အချိန်ကာလ အတော်ကြာသည့်တိုင်အောင် ဦးမော့နိုင်တော့မှာ မဟုတ်ချေ။
ထိပ်တန်းပါရမီရှင်များကို ပြုစုပျိုးထောင်ပေးရန်ဆိုသည်က မလွယ်ကူလှပါချေ။ နက်ရှိုင်းသော အမွေအနှစ်များရှိသည့် ရှေးဟောင်းမျိုးနွယ်စုများ ဆိုလျှင်တောင်မှ ထိပ်တန်းပါရမီရှင်များကို ပြုစုပျိုးထောင်ပေးမည်ဆိုလျှင် အရင်းအမြစ်များစွာနဲ့ အချိန်ကာလများစွာ ရင်းနှီးမြှုပ်နှံကြရမည်သာ ဖြစ်သည်။
ဒီမျိုးနွယ်စုခေါင်းဆောင်က မယုံကြည်ဘူး... မင်းရဲ့ ရှန်ရှန့်ကျုံဂိုဏ်းက များစွာသော ရှေးဟောင်းမျိုးနွယ်စုတွေနဲ့ ထျန်းလန်ဒေသတစ်ခုလုံး ပေါင်းစည်းထားတဲ့ အင်အားစုကို တားဆီးန်ိုင်လိမ့်မယ်လို့ပေါ့။
ယဲ့ရှန်းယန်က ဝမ်ဖုန်းကို အမျက်ဒေါသကြီးစွာ စိုက်ကြည့်လိုက်ပြီး သူ၏နှလုံးသားအတွင်း၌ ဆုံးဖြတ် ချက်ချလိုက်သည်။ သူအိမ်ပြန်ရောက်ပါက များစွာသော အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုများနဲ့ ပူးပေါင်းမှာ ဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်သော အုပ်စုကြီးနှင့်လည်း အတူတကွပူးပေါင်းကာ ရှန်ရှန့်ကျုံဂိုဏ်းကို အမြစ်ဖြတ်ချေမှုန်းပစ်မည်။