← Chapters

ဝါးတုတ်တံတစ်ချက်ဝှေ့ ၌ သတ္တိများပျက်သုန်းခြင်း

Vol. 21 Ch. 293

ဝါးတုတ်တံတစ်ချက်ဝှေ့ ၌ သတ္တိများပျက်သုန်းခြင်း

Vol. 21 Ch. 293

ဘုံး.....

သိုင်းကွက်ခင်းကျင်းလိုက်ပြီးနောက် ဝူတုန်ထျန်းသည် တုံ့ဆိုင်းမနေတော့ဘဲ လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။

ထိုလက်သီးချက် သက်ဆင်းလာသည့်အခါ နားကွဲလုမတတ် ကျယ်လောင်သော နဂါးဟိန်းသံတစ်သံသည် အရပ်လေးမျက်နှာသို့ ပျံ့နံ့သွားပြီး လောကတစ်ခွင်ကို တုန်လှုပ်စေခဲ့သည်။

အဆိုပါလက်သီးချက်သည် အရမ်းပြင်းထန်ပြီး နဂါးစွမ်းအားများကို သိုဝှက်ထားလေသည်။ နဂါးအရိပ်သည် လူအများကို လှည့်စားဖို့သာဖြစ်ပြီး အမှန်တစ်ကယ် သတ်ဖြတ်သည့်အကွက်က နဂါးဝမ်းဗိုက်အတွင်း၌ သိုဝှက်ထားသော.လက်သီးချက်တစ်ချက်ပဲ ဖြစ်ပေသည်။

လက်သီးချက်ထွက်ပေါ်လာသည့်အခါ နဂါးဟိန်းသံနှင့်အတူ ကောင်းကင်နှင့်မြေပြင်ဟာ တုန်လှုပ်သွားခဲ့ရသည်။

အဝေးရှိစောင့်နေသော ကျင့်ကြံသူများသည် အံ့ဩတုန်လှုပ်နေသော အမူအရာများဖြင့် ငေးစိုက်ကြည့်လိုက်ကြသည်။ ဝူတုန်ထျန်းနှင့်အတူ ပူးပေါင်းထားသော အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စု ၂ စု၏ ခေါင်းဆောင်များကတောင် ဤအချိန်တွင် ထိတ်လန့်သွားပြီး သူတို့၏ မျက်နှာထက်၌ ခါးသီးသော အပြုံးများရှိနေခဲ့ကြသည်။

တစ်ခါတစ်ရံတွင် လောကကြီးက နောက်ပြောင်ကျီစယ်လှပေသည်။ ဝူတုန်ထျန်း၏ ကျင့်ကြံမှုသည် သူတို့နှင့် အဆင့်တူသော်လည်း ဝူတုန်ထျန်း ထုတ်ဖော်ပြသလိုက်သော တိုက်ပွဲဝင်စွမ်းအားကတော့ သူတို့ကိုတောင် ထိတ်လန့်စေခဲ့လေသည်။ အချို့သောသူများအတွက်တော့ ကျင့်ကြံဆင့်ဆိုသည်က တိုက်ပွဲဝင်စွမ်းအားနှင့် တိုက်ရိုက်အချိုးကျမနေပေ။ သိုင်းပညာနဲ့ တာအိုလမ်းစဥ်ကို ဝင်ရောက်ခဲ့ပြီး နဂါးလက်သီးသိုင်းကို ဖန်တီးနိုင်ခဲ့သည်။ ရှေးဟောင်းဝူမျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သည့်အလျောက် ဝူတုန်ထျန်းသည် ဤလက်သီးချက်ကို အဆုံးစွန်ထိတိုင်အောင် လေ့ကျင့်ခဲ့လေသည်။ ကုမျိုးနွယ်စုခေါင်းဆောင် ဖော်ထုတ်ခဲ့သော ဒြပ်စင်ငါးပါး ရှေးဟောင်းတာအိုသတ်ဖြတ်ခြင်း အစီအရင်ကို​တောင် အဆိုပါလက်သီးချက်က ​ဖျက်စီးနိုင်လိမ့်မည်ဟု အခြားသောအင်မော်တယ်ရှေးဟောင်းမျိုးနွယ်စု ၂ စု၏ ခေါင်းဆောင်များက တစ်ပြိုင်တည်း တွေးမိလိုက်ကြသည်။

ဝူတုန်ထျန်း၏ တိုက်ပွဲဝင်စွမ်းအားက ကမ္ဘာကို တုန်လှုပ်စေခဲ့သော်လည်း ရှန်းယုမျိုးနွယ်နှင့် ကျိမျိုးနွယ်စုခေါင်းဆောင်တို့ကလည်း နောက်ကောက်ကျမနေခဲ့ကြပေ။

"ဝမ်ရှန်းဖေးယု!"

"ဆောင်းဦးမိုးစက်များ သက်ဆင်းခြင်း..."

မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်သည် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ကြပြီး ရှန်းယုမျိုးနွယ်စုခေါင်းဆောင်ထံမှ သိပ်သည်းသော ငှက်မွှေးများ ထွက်ပေါ်လာခဲ့သည်။ အဆိုပါငှက်မွှေးများသည် ဘာမှထူးခြားပုံမပေါ်သော်လည်း ၎င်းတို့ထံမှ ထုတ်လွှတ်နေသော အလင်းပြန်မှုသည် လူအများကို မသက်မသာ ခံစားရစေသည်။

ရှန်းယုမျိုးနွယ်စုခေါင်းဆောင် ဖန်တီးလိုက်သော ရာထောင်ချီသော ငှက်မွှေးများသည် ဓါးပေါင်းတစ်ထောင်အလား အားချင်းထံသို့ ပြေးဝင်သွားခဲ့သည်။ ငှက်မွှေးအစွန်းများမှ ထုတ်လွှတ်နေသော ထက်မြသည့်အရှိန်အဝါများသည် လေထုကို တိုက်ရိုက်ပိုင်းဖြတ်လိုက်လေသည်။

ကျိမျိုးနွယ်စုခေါင်းဆောင်၏ ခန္ဓာကိုယ်၌လည်း ရေစက်ရေပေါက်များ ဖြစ်ပေါ်လာခဲ့သည်။ အဆိုပါ ရေစက်ရေပေါက်များသည် ရာထောင်ချီသော ငှက်မွှေးများနှင့်အတူ ရောထွေးသွားခဲ့ပြီး အားချင်းထံသို့ ပြေးဝင်သွားခဲ့သည်။ ကျိမျိုးနွယ်စုခေါင်းဆောင် ဖော်ထုတ်လိုက်သော သာမန်ဆန်သည့် ရေစက်ရေပေါက်များ အတွင်း၌လည်း စိတ်ဝိညာဥ်ကို တုန်လှုပ်စေလောက်သည့် အံမခမ်းစွမ်းအားများ ပါဝင်နေခဲ့လေသည်။

ရှန်းယုမျိုးနွယ်စုနှင့် ကျိမျိုးနွယ်စုတို့သည် ရှေး ဟောင်းမျိုးနွယ်စုကြီးများ ဖြစ်ကြသည်။ ဒဏ္ဍာရီများအရ ရှန်းယုမျိုးနွယ်စု၏ ပထမဆုံးခေါင်းဆောင် သည် ဆန်းကြယ်သော ငှက်မွှေးများကို ဖန်တီးနိုင်ခဲ့ပြီး မိုးကောင်းကင်၏ သဘောတရားများကို နားလည်လာကာ ကမ္ဘာတစ်ခွင်ကျော်ကြားခဲ့သူဟု ဆိုသည်။ ဒါ့အပြင် ကျိမျိုးနွယ်စုသည်လည်း နွေဦး နွေ ၊ ဆောင်းဦးနှင့် ​ဆောင်းရာသီဆိုသည့် လေးရာသီကို ချုပ်ထိန်းနိုင်သော သဘာဝလွန်စွမ်းအားများကို ပိုင်ဆိုင်ထားကာ ဖူမျိုးနွယ်စု ၊ ဝူမျိုးနွယ်တို့ထက် တစ်ဆင့်သာ နိမ့်ကျလေသည်။

အဆိုပါခေါင်းဆောင် သုံးယောက်ထံမှ ထုတ်လွှတ် လိုက်သော စွမ်းအားများသည် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖျက်စီးလုမတတ် ဖြစ်နေခဲ့သည်။ စင်မြင့်ထက်ရှိ ကောင်းကင်ယံတွင် တိမ်စိုင်တိမ်လိပ်များ ထွက်ပေါ်လာခဲ့ကာ လျှပ်စီးများနှင့် မိုးချိန်းသံများ အဆက်မပြတ် မြည်ဟီးလာခဲ့သည်။ ကမ္ဘာကြီးဟာ ထိတ်လန့်ဖွယ်ဖိအားများကို အံမတုနိုင်တော့သည့်ပုံ ပေါ်လေသည်။ ခပ်လှမ်းလှမ်းတစ်နေရာမှ ချန်းဝူမြို့တော်ကြီးသည်လည်း အဆက်မပြတ်တုန်ခါနေခဲ့ကာ အချိန်မရွေး ပြိုကျသွားတော့မည့်အလား ထင်မှတ်ရပေသည်။

ဤမြင်ကွင်းကြောင့် ခပ်ဝေးဝေးတစ်နေရာမှာ တိုက်ပွဲကို စောင့်ကြည့်နေခဲ့သော ချန်းဝူမြို့တော်အရှင်သည် မျက်ရည်မထွက်ဘဲ ငိုချင်နေခဲ့၏။ နတ်ဘုရားများ တိုက်ခိုက်သည့်အခါ သာမန်လူသားများ ဒုက္ခခံစားကြရလေသည်။ သူ၏ကျင့်ကြံဆင့်က အားမနည်းသော်လည်း ကြောက်လန့်ဖွယ် ဖိအားကြီးအောက်တွင် သူကတောင်မှဘဲ ချန်းဝူမြို့တော်ကို ကာကွယ်နိုင်ခြင်း ရှိမှာမဟုတ်ပေ။ ကိုယ့်အသက်ကိုတောင် မကာကွယ်နိုင်မှတော့ မြို့တော်ကိုရော ဘယ်လိုလုပ်ကာကွယ်ရဦးမလဲ?။

ကံကောင်းထောက်မစွာဖြင့် ချန်းဝူမြို့တော်အတွင်းရှိ ကျင့်ကြံသူများအားလုံးသည် ထွက်ပြေးရှောင်တိမ်းသွားကြပြီဖြစ်သည်။ ဒီလိုမှမဟုတ်လျှင် မဟာဖြစ်တည်မှုကြီး လေးခု၏ တိုက်ပွဲအောက်တွင် ချန်းဝူမြို့တော် ဘယ်လောက်များများ ဆုံးရှုံးရမည်ကို ဘယ်သူကမှ ခန့်မှန်းနိုင်မှာ မဟုတ်ကြပေ။

စွမ်းအားရှင်ကြီး လေးယောက်တို့အနက် တစ်ယောက်ချင်းစီ၏ စွမ်းအားကတောင် ထျန်းလန်ဒေသတစ်ခုလုံးကို တုန်လှုပ်စေရန် လုံလောက်နေပြီဖြစ်သည်။ သူတို့လေးယောက်လုံး တစ်ပြိုင်တည်းတိုက်ခိုက်ပါက ဘယ်သူကများ ကြားဝင်ရဲမည်နည်း။

စောင့်ကြည့်နေသူများအကြားတွင် ဇာမဏီမျိုးနွယ်စု၏ခေါင်းဆောင် ယဲ့ရှန်းရန်သည် ကောင်းကင်နှင့်မြေပြင်ကို ဖျက်စီးလုမတတ်ဖြစ်နေခဲ့သော တိုက်ပွဲမြေပြင်၏ အလယ်ဗဟိုနေရာသို့ စူးစိုက်ကြည့်နေခဲ့ကာ သူ့မျက်နှာထက်၌ လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ရှန်ရှန့်ကျုံဂိုဏ်း၏ ခွန်အားဖြင့်ဆိုပါက အင်မော်တယ် ရှေးဟောင်းမျိုးနွယ်စုကြီး ၄ စုလုံးပူးပေါင်းတိုက်ခိုက်ရင်တောင် ဆုံးရှုံးမှု ကြီးကြီးမားမား တွေ့ကြုံရမှာဖြစ်သည်။ ဒီလိုဆိုပါက သူ့နောက်ကွယ်ရှိ အင်အားစုက ပုန်းကွယ်ရာမှ ထွက်ပေါ်လာသည့်အခါ ထျန်းလန်ဒေသတစ်ခုလုံး၌ ဘယ်သူကမှ တားဆီးနိုင်တော့မှာ မဟုတ်ပေ။

ဆရာသခင်ကို အညံ့ခံခြင်းက တစ်ကယ့်ကို ဉာဏ်ပညာကြီးမြတ်သော ရွေးချယ်မှု တစ်ခုဖြစ်လေသည်။ ယဲ့ရှန်းရန်သည် တိတ်တဆိတ် ဂုဏ်ယူဝမ်းမြောက်နေမိသည်။

ဤအချိန်တွင် တိုက်ပွဲမြေပြင်၏ အလယ်ဗဟိုနေရာ၌ ...

ကြောက်လန့်ဖွယ်ကောင်းသော တိုက်ခိုက်မှုကြီးသုံးခုနှင့် ရင်ဆိုင်လိုက်ရသော်လည်း အားချင်း၏ လှပသော မျက်နှာကလေးမှာ တည်ငြိမ်နေဆဲဖြစ်ပြီး သူမ၏ သေးသွယ်ဖျော့တော့သော လက်ချောင်းလေးများက ဝါးတုတ်တံကလေးကို တင်းတင်းကြပ်ကြပ်ဆုတ်ကိုင်လိုက်လေသည်။ သူမဟာ တစ်လှမ်းပြီးတစ်လှမ်း ရှေ့ထွက်လမ်းလျောက်လာခဲ့ကာ သူမခန္ဓာကိုယ်ထက်မှ ပြင်းထန်သော ဓါးဆန္ဒအရှိန်အဝါများ ကောင်းကင်ယံထိတိုင် မြင့်တက်သွားခဲ့သည်။ အလွန်အမင်းစွမ်းအားကြီးမားသော အားချင်းထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူမသည် ဝူတုန်ထျန်းနှင့် အခြားသောသူများ.ထုတ်လွှတ်လိုက်သော စွမ်းအားများကို ချက်ချင်းဖိနှိပ်လိုက်လေသည်။

များမကြာမှီတွင် အားချင်းသည် သူမလက်ထဲရှိ ဝါးတုတ်တံကလေးကို ဝှေ့ယမ်းလိုက်သည့်အခါ သိပ်သည်းသော ဓါးစွမ်းအင်အရှိန်အဝါများ ရုတ်ချည်း ထွက်ပေါ်လာခဲ့လေသည်။ ၎င်းဓါးစွမ်းအင် အရှိန်အဝါများသည် အားချင်းခန္ဓာကိုယ် ပတ်ပတ်လည်၌ ဝန်းရံထားကြပြီး အားချင်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ထက်မြသော ဓါးစွမ်းအင်နယ်မြေကြီးတစ်ခုက ဖုံးကာသွားခဲ့လေသည်။ သိပ်သည်းသော ဓါးစွမ်းအင်များသည် ကြီးမားသော ဓါးအလင်းတန်းကြီး သုံးခုအဖြစ် ပူးပေါင်းသွားကြပြီး ဝူတုန်ထျန်းတို့သုံးယောက်ကို ချိန်ရွယ်လိုက်လေသည်။

အဆိုပါ ဓါးစွမ်းအင် အလင်းတန်းကြီး သုံးခုထံမှ အလွန်အမင်းကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ပျံ့လွင့်ထွက်ပေါ်လာခဲ့သည်။.၎င်းအရှိန်အဝါများမှာ ကောင်းကင်ယံရှိ အမတများ၏ ပြစ်ဒဏ်ပေးမှုအလား ဖြစ်နေခဲ့ပြီး လူတိုင်းကို ထိန်းချုပ်မရ တုန်ယင်သွားစေခဲ့သည်။

ဤအချိန်တွင် ဝါးတုတ်တံလေးတစ်ချောင်းကို ကိုင်ဆောင်ထားသော အားချင်းကို လူအများသည် ကောင်းကင်ယံမှ ကမ္ဘာမြေသို့ ဆင်းသက်လာသည့် နတ်မိမယ်လေးတစ်ပါးအလား ခံစားလိုက်ကြရသည်။ သူမဟာ ဝူတုန်ထျန်းတို့သုံးယောက်၏ ကံကြမ္မာကို လာရောက်ဆုံးဖြတ်ခဲ့သည့်အလားပင်။

လူအများ၏ စောင့်ကြည့်နေသော မျက်ဝန်းများအောက်တွင် ဝူတုန်ထျန်းတို့သုံးယောက် ထုတ်ဖော်လိုက်သော တိုက်ကွက်များသည် အားချင်း၏ ဓါးအလင်းတန်းကြီး သုံးခုနှင့် ထိတွေ့မိသွားကြသည်။ နားကွဲလုမတတ် ကျယ်လောင်သော ပေါက်ကွဲသံကြီးသည် အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားသည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများသည် အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားသည့်အခါ အမည်မသိသတ္တုရိုင်းများဖြင့် ပြုလုပ်ထားသော တိုက်ပွဲစင်မြင့်ကြီးကတောင် တိုက်ရိုက်အက်ကွဲသွားခဲ့လေသည်။ ၎င်းမှာ စိစိညက်ညက်ကျေသွားခဲ့ပြီး မိုးကောင်းကင်နှင့် ကမ္ဘာမြေအကြားမှာ ထာဝရပျောက်ကွယ်သွားခဲ့တော့သည်။ အကာအရံအစီအရင်ကြီးသည်လည်း စက္ကူတစ်စအလား ဆုတ်ဖြဲခံလိုက်ရကာ မြေပြင်တစ်ခုလုံးကလည်း သိမ့်သိမ့်တုန်သွားခဲ့သည်။

နှစ်ပေါင်းမရေမတွက်နိူင်အောင် တည်ရှိခဲ့သော ချန်းဝူမြို့ကြီးသည်လည်း အပျက်အစီးလွင်ပြင်အဖြစ်သို့ ချက်ချင်းကူးပြောင်းသွားခဲ့သည်။ မဟာအကာအကွယ်အစီအရင်ကြီးကို ထုတ်ဖော်ခဲ့သည်တောင်မှ ချန်းဝူမြို့တော်သည် မဟာပုဂ္ဂိုလ်ကြီးလေးယောက်၏ တိုက်ပွဲ၌ မရပ်တည်နိုင်ခဲ့ပေ။

ဘုံး.....

မရေမတွက်နိုင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။ အားချင်း၏ ဓါးအလင်းတန်းသည် ဝူတုန်ထျန်း၏ နဂါးလက်သီးတိုက်ကွက်နှင့် ထိတွေ့မိသွားလေသည်။ ထိတ်လန့်ခြောက်ခြားဖွယ်ရာ ထက်မြသော ဓါးစွမ်းအင်သည် နဂါးရိပ်ကို တိုက်ရိုက်ဆုတ်ဖြဲပစ်လိုက်ပြီး နတ္ထိအခြေအနေသို့ ပျောက်ကွယ်သွားစေခဲ့သည်။ နဂါးအရိပ်တွင် ဖုံးကွယ်ထားခဲ့သော လက်သီးအလင်းတန်းသည်လည်း ဓါးအလင်းတန်၏ အပိုင်းပိုင်းအစစ ဖြတ်တောက်ခြင်းကို ခံလိုက်ရကာ ဓါးအလင်းတန်းသည် ဝူတုန်ထျန်းထံသို့ ဆက်လက်ပြေးဝင်သွားခဲ့သည်။

ရှန်းယုမျိုးနွယ်စုနှင့် ကျိမျိုးနွယ်စုခေါင်းဆောင်တို့ ထုတ်ဖော်တိုက်ခိုက်ခဲ့သည့် စွမ်းအားတို့ကမူ ဓါးအလင်းတန်းကို အသက်ရှုစာ တစ်ရှိုက်စာတောင် မတားဆီးနိုင်ခဲ့ဘဲ ချက်ချင်းဖျက်စီးခံလိုက်ရသည်။ ရာထောင်ချီသော ရေစက်ရေပေါက်များနှင့် ငှက်မွှေးအတောင်ကလေးများသည် ကြယ်မှုန်လေးများအလား တစ်စစီ​ကြေကွဲပျောက်ကွယ်သွားခဲ့ရလေသည်။

အန္တိမထက်မြတ်မှုအရှိန်အဝါများကို သယ်ဆောင်ထားခဲ့သော ဓါးအလင်းတန်းနှစ်တန်းသည် ရေစက်ရေပေါက်များနှင့် ငှက်မွှေးတောင်များကို တိုက်ရိုက်ပိုင်းဖြတ်သွားခဲ့ပြီး အလွန်မြန်ဆန်သောနှုန်းထားဖြင့် မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်ထံ ဆက်လက်တိုးဝင်သွားခဲ့သည်။ အဆိုပါဓါးအလင်းတန်းကြီးကြောင့် ကောင်းကင်ကြီးတောင် ထက်ပိုင်းပြတ်သွားပုံပေါ်လေသည်။

ဤမြင်ကွင်းကိုတွေ့မြင်လိုက်ရသည့်အခါ ဝူတုန်ထျန်းတို့သုံးယောက်၏ အမူအရာများသည် ပြောင်းလဲသွားခဲ့သည်။ ကြယ်ခြောက်ပွင့်အထွတ်အထိပ် တာအိုနတ်ဘုရားသုံး​ယောက် ပူးပေါင်တိုက်ခိုက်ပါက ကုတောက်ကိုသတ်ဖြတ်နိုင်ခဲ့သော အားချင်းကတောင် ခုခံနိုင်မှာ မဟုတ်ဘူးလို့ သူတို့ထင်ခဲ့ကြသည်။

ပြောရပါလျှင် သူတို့သုံးယောက်လုံးသည် သာမန်ကြယ်ခြောက်ပွင့်အထွတ်အထိပ် တာအိုနတ်ဘုရားများ မဟုတ်ကြပါချေ။ သူတို့တစ်ယောက်ချင်းစီတိုင်းသည် အလွန်အမင်းအစွမ်းထက်လှပြီး ကြယ်ခုနှစ်ပွင့် တာအိုနတ်ဘုရားများနှင့်တောင် နှိုင်းဆနိုင်စွမ်းရှိကြသည်။ သူတို့သုံးယောက် ခွန်အားပူးပေါင်းလိုက်ခြင်းက တစ်သုံးခါပေါင်း သုံးဆိုသော ဖြစ်စဥ်လောက် ရိုးဆင်းခြင်းမရှိပါပေ။

သို့ပါသော်လည်း သူတိူ့ခွန်အားကုန်သုံး ထုတ်လွှတ်ခဲ့သော အထူးစွမ်းအားများက်ိုတောင် အလွယ်တကူဖျက်စီးနိုင်သည်အထိ အားချင်းက သန်မာနေလိမ့်မည်ဟုတော့ တွေးထင်မထားခဲ့ကြပေ။ ဒိအမျိုးသမီးမှာ ဘယ်လောက်မြင့်မားတဲ့ ကျင့်ကြံမှုမျိုးရှိနေတာလဲ?။

All Chapters