လောကမှာ နံပါတ် ၁
Vol. 1 Ch. 9
မဟာနတ်ဆိုးရွှမ်ရှ အကြောင်း အနည်းငယ်သိပြီးသည့်နောက်တွင် ဝမ်ဖုန်းသည် သူ့အကြောင်းအား ဆက်ပြီး မသိလိုတော့ပေ။
နှစ်တစ်နှစ်က အလွန်တိုတောင်းသည်ဟု ထင်ရသော်လည်း အင်မတန်ရှည်လျားပေသည်။ မဟာနတ်ဆိုးရွှမ်ရှ က အမှန်တကယ် ဆိုးယုတ်ပါက သူ့အားဖော်ထုတ်ရန် လုံလောက်ပေသည်။
ဝမ်ဖုန်းသည် သူက မဟာနတ်ဆိုး ရွှမ်ရှအား မချေမှုန်းနိုင်သည့် အကြောင်းကို လုံးဝမစိုးရိမ်ပေ။ အကယ်၍ မဟာနတ်ဆိုးရွှမ်ရှက ၎င်း၏ အထွတ်အထိပ်သို့ ဒီနှစ်အတွင်း ပြန်လည်ရရှိခဲ့လျှင်ပင် သူက ရှန်ရှန့်ကျုံဂိုဏ်း၏ တိုးတက်မှုကို ပို၍ အားကောင်းလာအောင်သာ လုပ်ဆောင်ပေမည်။ ဝမ့်ဖုန်းက ယုံကြည်မှုရှိနေဆဲပင်။
ဝမ်ဖုန်းက လက်ကို ယမ်းကာ "သွားကြစို့!"
? ? ?
"ဂိုဏ်းချုပ် ၊ ဘယ်ကိုသွားရမှာလဲ"
ဝမ်ဖုန်း၏ အသံထွက်လာပြီးသည့်နောက်တွင် လင်းဖေးဝူ နှင့် လီချင်း က ပဟေဠိဖြစ်နေသည့် အကြည့်ဖြင့် ရုတ်တရက်ပြောခဲ့ကြသည်။
ရှန်ရှန့်ကျုံဂိုဏ်းတစ်ခုလုံးက ဒီသက်ကယ်တဲရဲ့အရှေ့မှာပဲမဟုတ်ဘူးလား။
"မင်းတို့ကို ငါ့တို့ဂိုဏ်းရဲ့ အစစ်အမှန်ဌာနချုပ်ကို ခေါ်သွားမယ်!" ဝမ်ဖုန်းသည် လီချင်း နှင့် လင်းဖေးဝူ အား စိုက်ကြည့်ကာ သူ၏ ရှန်ရှန့်ကျုံဂိုဏ်းက အစုတ်အပြတ်ဂိုဏ်းတစ်ခုမဟုတ်ဘဲ သူကသာ နှိမ့်ချသည့် သူတစ်ယောက်ဖြစ်ကြောင်း ဂုဏ်ယူစွာပြောခဲ့သည်။
ဤသည်ကိုကြားပြီး လီချင်းနှင့် လင်းဖေးဝူသည် ဗြုန်းခနဲ ထိတ်လန့်သွားကြပြီး သူတို့၏ မျက်လုံးများက အလွန်တောက်ပလာခဲ့ကြသည်။
သူတို့က နောက်ဆုံးတော့ အစစ်အမှန် ရှန်ရှန့်ကျုံဂိုဏ်းကို တွေ့ရဖို့ သွားနေကြတာလား။
မဟာနတ်ဆိုးရွှမ်ရှသည်လည်း မျှော်လင့်ချက်အရိပ်အယောင်တစ်ခု ထုတ်ဖော်လာခဲ့သည်။ အမှန်တော့ သူက ပုန်းကွယ်နေသည့် ရှေးဟောင်းဂိုဏ်းတစ်ခုအား မတော်တဆရန်စမိခဲ့ခြင်းဖြစ်သည်။ ထိုသို့မဟုတ်ပါက သက်ကယ်တဲတစ်ခုအရှေ့၌ တော်ဝင်မင်းသားအဆင့် ဆရာသခင်တစ်ယောက်နှင့် လောကငယ်အဆင့် ဆရာသခင်တစ်ယောက် ဘောက်မဲ့ကြောင့်ထွက်ပေါ်လာရအံ့နည်း?
ဤအခိုက်အတန့်တွင် မဟာနတ်ဆိုးရွှမ်ရှသည်လည်း သူ၏ စိတ်ထဲ၌ မျှော်လင့်ချက်များ ပေါက်ဖွားလာခဲ့သည်။ သူသည်လည်း ရှန်ရှန့်ကျုံဂိုဏ်းဟူသည်က မည်သည့် ပုန်းကွယ်နေသည့် ဂိုဏ်းလဲ ဆိုသည်ကို သိချင်ပေသည်။
နောက်တွင် ဝမ်ဖုန်းသည် လူအုပ်အား သက်ကယ်တဲအတွင်းသို့ ဦးဆောင်ဝင်လာခဲ့သည်။ သေးငယ်သည့် သက်ကယ်တဲက ချက်ချင်း ပြည့်ကျပ်သွားခဲ့သည်။ လင်းဖေးဝူ ၊ လီချင်း နှင့် မဟာနတ်ဆိုးရွှမ်ရှ တို့သည် ဝမ်ဖုန်းအား မျှော်လင့်တကြီးကြည့်နေခဲ့ကြသည်။
"ပွင့်စေ!"
လူသုံးယောက်၏ မျှော်လင့်တကြီးအကြည့်အောက်တွင် ဝမ်ဖုန်း၏ အမူအရာသည် အနည်းငယ် တောင့်တင်းလာပြီး တိုးလျသည့် ဟိန်းဟောက်သံတစ်ခုနှင့်အတူ သူ၏လက်ထဲ၌ ခရမ်းရွှေရောင်သတ္ထုပြား တစ်ခုထွက်ပေါ်လာခဲ့သည်။ ထိုသတ္ထုပြားသည် အလွန်ဆန်းကြယ်သည့် သင်္ကေတများဖြင့် ထွင်းထုထားကာ အရှေ့ဘက်ခြမ်းတွင် အမတမျိုးနွယ်အတွက် စာလုံးကြီးနှစ်လုံးဖြင့် ထွင်းထုထားပြီး အနောက်ဘက်ခြမ်းတွင် ဂိုဏ်းချုပ်၏ အမိန့်အတွက် စာလုံးကြီးနှစ်လုံးဖြင့် ထွင်းထုထားပေ၏!
ဟမ်!
ဤသတ္ထုပြားထွက်ပေါ်လာသည့်အခါ၌ သက်ကယ်တဲအတွင်းရှိလေထုက ရုတ်တရက် တုန်ခါလာခဲ့သည်။ ထို့နောက် လူသုံးယောက်၏ ထိတ်လန့်နေသည့် အကြည့်များအောက်တွင် ဟင်းလင်ပြင်တံခါးတစ်ချပ်က သက်ကယ်တဲအတွင်း၌ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
"ဒီရှန်ရှန့်ကျုံဂိုဏ်းက ဘယ်လိုဂိုဏ်းမျိုးလဲ။ ဌာနချုပ်က လျှို့ဝှက်နယ်မြေထဲမှာပဲ!"
မဟာနတ်ဆိုးရွှမ်ရှသည် ဟင်းလင်ပြင်တံခါးကို မြင်သည့်အခါ၌ သူ၏ မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်သည့် အကြည့်တစ်ချက်ထွက်ပေါ်လာခဲ့ပြီး သူ၏ စိတ်ထဲ၌ မုန်တိုင်းတိုက်နေခဲ့သည်။
ဂိုဏ်းဌာနချုပ်ကို လျှို့ဝှက်နယ်မြေထဲမှာ တည်ဆောက်နိုင်တဲ့ ဒီဂိုဏ်းက ဘယ်လိုကြောက်စရာကောင်းတဲ့ ပုန်းကွယ်နေတဲ့ လောကဂိုဏ်းတစ်ခုလဲ။
ရှန်းလန်တိုက်ကြီးအတွင်း၌ လျှို့ဝှက်နယ်မြေက အလွန်ရှားပါးလေသည်။ လောကငယ်အဆင့်၌ ရှိသည့် စွမ်းအားကြီးပုဂ္ဂိုလ်များသာ လျှို့ဝှက်နယ်မြေကိုဖွင့်နိုင်ပေသည်။ လျှို့ဝှက်နယ်မြေ တစ်ခုထွက်ပေါ်လာသည့် အချိန်တိုင်း၌ မုန်တိုင်းတစ်ခုဖြစ်တည်လေသည်။ အဘယ်ကြောင့်ဆိုသော် ဆန်းကြယ်သည့်နယ်မြေက လောကငယ်အဆင့်၌ရှိရန်ဖြစ်နိုင်ချေများသောကြောင့်ဖြစ်သည်။ အင်အားကြီးသူက ချန်ထားခဲ့သည့် ရတနာများကိုပင် အမွေဆက်ခံရနိုင်ပေသည်!
ဤသည်က ကျင့်ကြံသူများအား အရူးအမူးဖြစ်စေရန်လုံလောက်ပေသည်။ သို့သော်လည်း မဟာနတ်ဆိုးရွှမ်ရှသည် ထိုရှန်ရှန့်ကျုံဂိုဏ်းက လျှို့ဝှက်နယ်မြေတစ်ခုအား တိုက်ရိုက်ပိုင်ဆိုင်ထားလိမ့်မည်ဟု ထင်မထားခဲ့ချေ။
ထိုအံ့ဖွယ်ရှန်ရှန့်ကျုံဂိုဏ်းက အနည်းဆုံးတော့ ဆန်းကြယ်အင်ပါယာအဆင့် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က တည်ထောင်ထားသည့် ဂိုဏ်းတစ်ဂိုဏ်းဟု အဓိပ္ပါယ်ရကာ ထိုအံ့ဖွယ်အမတဂိုဏ်း၌ ဆန်းကြယ်အင်ပါယာအဆင့်၏ အမွေအနှစ်များရှိသည်ဟုလည်း အဓိပ္ပါယ်ရပေသည်။
(ဆန်းကြယ်အင်ပါယာအဆင့်က လောကငယ်အဆင့်ကိုပဲပြောတာပါ)
မဟာနတ်ဆိုးရွှမ်ရှသည် တစ်ခဏမျှ စဉ်းစားနေပြီး ထိုအမတဂိုဏ်းအား ဝင်ရောက်ခဲ့ခြင်းက အရှက်တကွဲဖြစ်ခြင်းမဟုတ်ဟု ရုတ်တရက် ခံစားခဲ့ရသည်။ သို့သော်လည်း အခွင့်အလမ်းတစ်ခု ၊ လောကငယ်အဆင့်၏ အမွေအနှစ် ၊ အကယ်၍ သူသာ ရနိုင်မယ်ဆိုပါက သူက....
ဟင်းလင်းပြင်တံခါးပွင့်လာသည့်နောက်တွင် ဝမ်ဖုန်းက အရင်ဆုံးဝင်ရောက်ခဲ့ပြီး ယဲ့ကူချန် နှင့် ချီမိန်ချွေရွယ်က နောက်မှလိုက်ဝင်ကာ တုန်လှုပ်နေသည့် လူသုံးယောက်ကလည်း သတိဝင်ကာ ဟင်းလင်းပြင်တံခါးအတွင်းသို့ လျင်မြန်စွာဝင်ရောက်လာခဲ့ကြသည်။
ဟင်းလင်းပြင်တံခါးအတွင်းသို့ ဝင်ရောက်ပြီးသည့်နောက်တွင် ဝမ်ဖုန်းသည် မြင်ကွင်းက ရုတ်တရက်ပြောင်းလဲသွားသည်ကို ခံစားခဲ့ရသည်။ ထို့နောက် သူနှင့် ယဲ့ကူချန်က လွင်ပြင်တစ်ခုပေါ်၌ ပေါ်လာခဲ့ကြသည်။
ဝမ်ဖုန်းသည် မျက်ခုံးပင့်ပြီး မော့ကြည့်ကာ သူ၏ စိတ်ထဲ၌ ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။ ထိုအခိုက်အတန့်တွင် ဝမ်ဖုန်း၏ နောက်၌ပေါ်လာသည့် ရွှမ်ရှတို့သုံးယောက်သည်လည်း မင်သက်သွားကြ၏!
ရှေ့မှာ မီတာ ဒါဇင်နဲ့ချီတဲ့ ခမ်းနားထည်ဝါလှတဲ့ ကျောက်တံခါးကြီးကို မြင်ရတယ်။
ကျောက်တံခါးကြီးတစ်ချပ်လုံးက မီတာပေါင်းရာချီ မြင့်မားပေသည်။ အပေါ်ရှိတိမ်များက ဖုံးအုပ်နေပြီး အလယ်၌ "ရှန်းရှန့်ကျုံ" ဟူသည့် ခရမ်းရောင်စာလုံးကြီးအား ထွင်းထုထားသည်။ ၎င်းသည် မြင့်မားစွာထောင်မတ်နေပြီး သာမန်ထက်ထူးခြားသည့် အသွင်အပြင်ရှ်ိလေသည်။
ဟုတ်ပါသည်။ မဟာနတ်ဆိုးရွှမ်ရှအား ထိတ်လန့်တုန်လှုပ်စေရန် ဤအရာတစ်ခုတည်းက မလုံလောက်ပေ။ ကျောက်တံခါးကြီး၏အနောက်၌ အဖြူရောင်ကျောက်စိမ်းလှေကားတန်းကြီးရှိ၏။ ထိုလှေကားများက လေထဲ၌ ပေါလောပေါ်နေပေသည်။ ကောင်းကင်ယံ၌ တိမ်တိုက်များကြားတွင် ပုန်းကွယ်နေသည့် ခမ်းနားထည်ဝါသည့် နန်းတော်များစွာရှိသည်။
ပထမဆုံးအကြည့်၌ ၎င်းသည် အမတနတ်ဘုရား၏ စံအိမ်ဟု ထင်ရပြီး အကြည့်တစ်ချက်ဖြင့်ပင် နှလုံးသားအား တုန်လှုပ်သွားစေရန် လုံလောက်ပေသည်။
ဤကျောက်တံခါးကြီး၏ အောက်တွင်ရပ်နေရင်း တစ်ချိန်က လောကငယ်အထွတ်အထိပ်အဆင့်သို့ရောက်ရှိခဲ့သည့် မဟာနတ်ဆိုးရွှမ်ရှသည်ပင် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ခံစားနေရပေသည်။ သူသည် အဝေးရှိ နတ်ဘုံတမျှလှပဆန်းကြယ်သည့် နေရာ၌ တည်ရှိနေသည့် ရှန်ရှန့်ကျုံဂိုဏ်းအားကြည့်ကာ ရိုးသားစွာသက်ပြင်းချခဲ့သည်။
"အမတ(ရှန်ရှန့်ကျုံ)ဂိုဏ်း ၊ မသေမျိုးလောကမှာ နာမည်အတိုင်း ထိုက်တန်ပါပေတယ်!"
ဤနေရာ၌ တုန်လှုပ်ခြင်းမရှိသည့် သူများမှာ ယဲ့ကူချန် နှင့် ချီမိန်ချွေရွှယ်ဖြစ်သည်။ နှလုံးသားထဲ၌ ဓားများရှိနေသည့် ထိုလူနှစ်ယောက်၏ မျက်လုံးထဲ၌ ဓားမှလွဲ၍ အရာအားလုံးက တိမ်တိုက်တစ်ခုပင်!
တစ်ခဏအကြာတွင် ဝမ်ဖုန်းက မျက်မှောင်ကြုတ်ခဲ့သည်။ ဤဂိုဏ်းတည်နေရာက အလွန်တရာ တောက်ပနေပုံပေါ်သော်လည်း တစ်ခုခုလွဲချော်နေသည်ဟု အမြဲခံစားနေရသည်။
အိုး... ဟုတ်တာပေါ့ ချီစွမ်းအင်။
လေထုက အပြင်ဘက်ကမ္ဘာထက် ပိုပြီးတော့ သိပ်သည်းသင့်တယ်။
သို့သော်ငြားလည်း ဝမ်ဖုန်းသည် သူ၏ ဂိုဏ်းတည်နေရာရှိ ချီစွမ်းအင်က အလွန်ပါးလွှာကာ အပြင်ဘက်ရှိ သာမန်နေရာများ၌ရှိသည့် ချီစွမ်းအင် ပါဝင်မှုလောက်ပင် မကောင်းပေ။
"စနစ် ဒီကမ္ဘာငယ်လေးထဲက ဂိုဏ်းဌာနချုပ်မှာရှိတဲ့ ချီစွမ်းအင်က ဘာဖြစ်တာလဲ"
ဝမ်ဖုန်းသည် မျက်မှောင်ကြုတ်ပြီး တိတ်တဆိတ်မေးမြန်းခဲ့သည်။ ကျင့်ကြံသူများက ချီစွမ်းအင်များအား အဓိက စုပ်ယူကာ သူတို့ကိုယ်သူတို့ ခွန်အားကြီးလာစေရန် လုပ်ဆောင်ကြပေသည်။ ချီစွမ်းအင် ပါဝင်မှုက ကျင့်ကြံသူများအတွက် အလွန်အရေးပါပေ၏။ အကယ်၍ ဤကမ္ဘာလေးထဲရှိ ဂိုဏ်းဌာန၏ ချီစွမ်းအင်ပါဝင်မှုက ဤအဆင့်၌သာရှိပါက ရှန်ရှန့်ကျုံဂိုဏ်းအားလျင်မြန်စွာတိုးတက်လာစေရန် မည်သို့ လုပ်ဆောင်နိုင်ပါမည်နည်း။
"ဒင် ဒီကမ္ဘာငယ်လေးထဲက ဂိုဏ်းဌာနက စနစ်က ဖန်တီးထားတာဖြစ်ပြီး ချီစွမ်းအင်သွေး ကြောတွေ အထဲမှာ မပါရှိပါဘူး။ ရှန်းလန်တိုက်ကြီးရဲ့ အထက်မှာရှိတဲ့ လျှို့ဝှက်နယ်မြေတွေအကုန်လုံးက လောကငယ်အဆင့်ရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ဖန်တီးထားတာပါ။ ပုံမှန်ဆိုရင် လောကငယ်အဆင့် စွမ်းအားကြီးပုဂ္ဂိုလ်တွေက အဲ့တာတွေကို ဖမ်းဆီးထားလိမ့်မယ်။ သင် ဖန်တီးထားတဲ့ လျှို့ဝှက်နယ်မြေထဲမှာရှိတဲ့ ချီစွမ်းအင်ပါဝင်မှုကို သိပ်သည်းလာစေဖို့ ချီစွမ်းအင် သွေးကြောတွေကိုဖမ်းယူပြီး လျှို့ဝှက်နယ်မြေနဲ့ ပေါင်းစပ်ပါ!"
"တကယ်လို့ သင်က လျှို့ဝှက်ဌာနမှာရှိတဲ့ ချီစွမ်းအင်ပါဝင်မှုကို တိုးလာစေချင်တယ်ဆိုရင် ဆန်းကြယ်အင်ပါယာအဆင့်(လောကငယ်)ကို အဆင့်ချိုးဖျက်ပြီးတဲ့နောက်မှာ ပေါင်းစပ်ရမယ့် ချီစွမ်းအင်သွေးကြောတွေကို ဖမ်းဆီးပြီး ဂိုဏ်းနဲ့ပေါင်းစည်းရမယ်။ ဒါမှမဟုတ်ရင် သင်ဟာ ကံကောင်းထောက်မစွာနဲ့ ချီစွမ်းအင်သွေးကြော ထီဆုပေါက်ခဲ့မယ်ဆိုရင်လည်း အသုံးပြုလို့ရပါတယ်။
သူ၏ စိတ်အတွင်း၌ထွက်ပေါ်လာသည့် အေးတိအေးစက်အသံသည် ဝမ်ဖုန်းအား သူ့ကို ဖျတ်ခနဲကြည့်ကာ အတော်လေး ပြောစရာစကားမဲ့စေခဲ့သည်။ သူ၏ လက်ရှိအခြေအနေဖြင့် လောကငယ်အဆင့်သို့ အဆင့်ချိုးဖျက်ရန်မှာ အရမ်းလွယ်ကူပေလိမ့်မည်။ သူက ချီစွမ်းအင်သွေးကြောများ ပေါက်ဖို့ ထီများကို ဆက်တိုက်ဖောက် ပြီး ဂိုဏ်းဌာနအတွင်းရှ်ိ ချီစွမ်းအင်ပါဝင်မှုကို တိုးမြှင့်ရမည်ဟု ပြောနေသည်။
သောက်ကျိုးနည်း စနစ်သည် သူ့ဂိုဏ်း၏ ပိုင်ဆိုင်မှုများကို ဂုတ်သွေးစုပ်ရန် ဖြစ်ပေါ်လာခြင်းဖြစ်ရမည်!
ဝမ်ဖုန်းသည် ခေါင်းခါကာ ဂိုဏ်းဌာနအတွင်းရှိ ချီစွမ်းအင်ပါဝင်မှုပြသနာအား ခဏဘေးချိတ်ထားခဲ့သည်။ သူက နောက်ထပ် ထီဆု၌ ချီစွမ်းအင်သွေးကြောအား ပေါက်ရန် သူ၏ ကံကြမ္မာက အလုံအလောက် ကောင်းမွန်ရန်သာ မျှော်လင့်နိုင်ပေသည်။
မိုးမြေ၏ သဘာဝဆင့်ကဲဖြစ်စဉ်မှ ဆင်းသက်လာသည့် ချီစွမ်းအင် သွေးကြောများသည် မိုးမြေ ၏ အနှစ်သာရဖြစ်သည်။ ၎င်းတို့၌ အဆုံးအစမဲ့သည့် ချီစွမ်းအင်များပါရှိလေသည်။ တိကျသည့် နေရာတစ်ခုသို့ ပေါင်းစပ်လိုက်သည်နှင့် ချက်ချင်း ထိုနေရာရှိ ချီစွမ်းအင်ပါဝင်မှုက အဆပေါင်းများစွာတိုးတက်လာနိုင်ပေသည်။ထို့ကြောင့် ရှန်းလန်တိုက်ကြီး၌ ဂိုဏ်းက ပို၍ အင်အားကြီးလေလေ ၎င်း၌ ရှိသည့် ထူးခြားစွမ်းအင်သွေးကြောများက ပိုများလေလေ ၊ပို၍ အဆင့်မြင့်လာလေလေ ဖြစ်သည်။
ချီစွမ်းအင်သွေးကြောများက ဂိုဏ်းတစ်ခု၏ အခြေခံအုတ်မြစ်ဟု ခေါ်နိုင်ပေ၏!
ဝမ်ဖုန်းသည် လူတိုင်းနှင့်အတူ ရှေ့သို့ လျောက်လှမ်းလာခဲ့ပြီး အဖြူရောင်ကျောက်စိမ်းလှေကားပေါ်သို့ ဖြည်းညှင်းစွာတက်လှမ်းကာ နန်းတော်ကြီးများရှိရာသို့ လျောက်လှမ်းလာခဲ့သည်။ အဖြူရောင်ကျောက်စိမ်းလှေကားပေါ်သို့ ခြေချရင်း လင်းဖေးဝူ နှင့် လီချင်းသည် အလွန်စိတ်လှုပ်ရှားခဲ့ကြသည်။ သူတို့က ဘာမှမရှိခြင်း၏ အလယ်၌ ရှိနေသကဲ့သို့ သူတို့၏ မျက်နှာများက အင်မတန်လေးနက်နေခဲ့သည်။
မဟာနတ်ဆိုးရွှမ်ရှပင်လျှင် အဖြူရောင်ကျောက်စိမ်းလှေကားပေါ်သို့ တက်လှမ်းရင်း အနည်းငယ် ထိန်းချုပ်ခံရသည်ဟု ခံစားခဲ့ရသည်။ သူက မသေမျိုးများနေထိုင်ရာနေရာတစ်ခုသို့ သွားနေသည်ဟု ခံစားခဲ့ရသည်။ ပို၍ အထပ်မြင့်လာလေ မမြင်နိုင်သည့် ဖိအားတစ်ခုအား ပို၍ ခံစားနိုင်လေဖြစ်သည်။ ထိုကဲ့သို့ ကောက်ကျစ်သည့် နတ်ဆိုးတစ်ကောင်အား ဘဝင်မမြင့်နိုင်စေရန်ဖြစ်သည်။
တစ်ခဏမျှကြာပြီးသည့်နောက်တွင် ဝမ်ဖုန်းနှင့် အခြားသူများသည် မီတာတစ်ထောင်ခန့်မြင့်မားသည့် ခမ်းနားလှသည့် ခန်းမကြီးတစ်ခုထဲသို့ ရောက်လာကြသည်။
ဤဧရာမနန်းတော်ကြီး၏ ပတ်ပတ်လည်၌ များပြားသည့် ထပ်ခိုးများစွာရှိပေသည်။ ထပ်ခိုးများက ကြီးမားပြီး သေးငယ်ကြသည်။ ထိုထပ်ခိုးများက ဤခန်းမလောက်ထိတ်လန့်စရာမကောင်းသော်လည်း ၎င်းတို့သည်လည်း ဆန်းကြယ်သည့် ရှေးဟောင်းအငွေ့အသက်ဖြင့် ပြည့်နှက်နေပေသည်။
"ဒီထပ်ခိုးတွေ ၊ မင်းတို့နေထိုင်ဖို့ စိတ်ကြိုက်ရွေးနိုင်တယ်။ နေစရာရွေးပြီးတဲ့အခါကျရင် ငါ့ရဲ့ရှန်ရှန့်ကျုံဂိုဏ်းတည်နေရာကိုလည်း တစ်ချက်ကြည့်နိုင်တယ်။ ဒါပေမယ့် တစ်ချို့တားမြစ်နယ်မြေတွေရှိတယ်။ မဝင်ကြနဲ့!" ဝမ်ဖုန်းသည် ထိုအထပ်များကို ညွှန်ပြကာ ပြောခဲ့သည်။
ဤအခိုက်အတန့်၌ သူ၏ဂိုဏ််းအတွင်း၌ ထိုမျှလူများစွာရှိပေသည်။ ဤဂိုဏ်းက အရမ်းကြီးမားပြီး သဘာဝကျစွာဖြင့် ပို၍ ပေါ့ပေါ့ပါးပါးရှိပေသည်။ ဂိုဏ်းကကြီးထွားလာသည့်အခါ၌ အရာအားလုံးအား စည်းကမ်းသတ်မှတ်ရပေမည်။
"ဟုတ်ကဲ့ပါ ၊ ဂိုဏ်းချုပ်!"
မဟာနတ်ဆိုးရွှမ်ရှ ၊ လင်းဖေးဝူ နှင့် လီချင်း သည် ဝမ်ဖုန်း၏ စကားများကို ကြားပြီး ချက်ချင်းပင် အရိုအသေပေးကာ ကျယ်လောင်စွာပြောခဲ့ကြသည်
ရှန်ရှန့်ကျုံဂိုဏ်း၏ ထိတ်လန့်ဖွယ်ရာကိုတွေ့ပြီးသည့်နောက်တွင် မဟာနတ်ဆိုးရွှမ်ရှသည် အစက တွန်းအားပေးခံခဲ့ရပြီး ယခုတွင် သူက ရှန်ရှန့်ကျုံဂိုဏ်းသို့ ဝင်ရောက်ခဲ့ရသည်ဟူသည့် အချက်ကို မသိစိတ်အလျောက် တဖြည်းဖြည်းချင်း လက်ခံလာခဲ့သည်။
ဤဂိုဏ်းသို့ ခြေချပြီးသည်နှင့်တစ်ပြိုင်နက် ထိုဂိုဏ်းက အင်မတန် ကြောက်မက်ဖွယ်ကောင်းသည့် ကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ယောက်က ဖန်တီးထားသည်ကို တွေ့နိုင်ပေသည်။
ထို့နောက် ဝမ်ဖုန်းသည် သူ့ရှေ့၌ရှိသည့် ဧရာမနန်းဆောင် ကြီးဆီသို့ တန်းတန်းမတ်မတ်ထွက်လာခဲ့သည်။
ဝမ်ဖုန်းသည် ဧရာမ နန်းဆောင် အတွင်းသို့ ဝင်ရောက်ပြီးသည့်နောက်တွင် ယဲ့ကူချန် နှင့် ရှီးမန်ချွေရွှယ်သည်လည်း ဖြတ်ခနဲပျောက်ကွယ်သွားကာ ဧရာမနန်းဆောင် ကြီးနှင့် နီးကပ်သည့် ထပ်ခိုးနှစ်ခုအတွင်း၌ ပေါ်လာခဲ့ကြသည်။ ဘယ်တစ်ဖက် ၊ ညာတစ်ဖက်ဖြင့် ဧရာမနန်းဆောင် အတွင်းရှိ ဝမ်ဖုန်းအား စောင့်ရှောက်နေကြသည်။
မဟာနတ်ဆိုးရွှမ်ရှတို့သုံးယောက်သည်လည်း စိတ်လှုပ်ရှားနေပုံပေါ်ကာ သူတို့၏ ကိုယ်ပိုင်ထပ်ခိုးများကို စတင်ရွေးချယ်ခဲ့ကြသည်။
.............
နန်းတော်၏တံခါးအားဖွင့်ပြီးသည့်နောက်တွင် ဝမ့်ဖုန်းသည် ရုတ်တရက် သူ၏ မျက်နှာအားတိုက်ခတ်နေသည့် ရှေးကျမှုနှင့် ဘဝ၏ ကံကြမ္မာအလှည့်အပြောင်းကို ခံစားခဲ့ရသည်။ သူသည် ခန်းမတစ်ခုလုံးအား လှည့်ပတ်ကြည့်လိုက်ပြီး ခန်းမအတွင်းရှိ အမြင့်ဆုံးနေရာ၌ ခမ်းနားထည်ဝါသည့် ပလ္လင်တစ်ခုကိုတွေ့ခဲ့ရသည်။ ခန်းမထဲ၌ ဘယ်ဘက်တွင် ထိုင်ခုံ ဆယ်ခုံ ၊ ညာဘက်တွင် ထိုင်ခုံဆယ်ခုံ ဖြင့် ထိုင်ခုံ နှစ်ဆယ်ရှိသည်။ ထိုထိုင်ခုံများက အလွန်ကြီးမားသော်လည်း ၎င်းတို့သည် ဤကြီးမားသည့် ခန်းမကြီး၏ နေရာ ဆယ်ပုံတစ်ပုံကိုသာ ယူထားဆဲဖြစ်သည်။
ဝမ်ဖုန်းသည် ရှေ့သို့ တက်လှမ်းပြီး အမြင့်ဆုံးပလ္လင်တွင်ထိုင်ကာ ခန်းမတစ်ခုလုံးအားကြည့်ရင်း သူ၏စိတ်ထဲ၌ ဂုဏ်ယူသည့် ခံစားချက်တစ်ခု ရုတ်တရက်ဖြစ်လာခဲ့သည်။ တစ်နေ့၌ သူသည် ဤခန်းမအား ဆန်းကြယ်အင်ပါယာအဆင့် စွမ်းအားကြီး ပုဂ္ဂိုလ်များဖြင့် ပြည့်နှက်စေလိုပေသည်။
ထို့နောက် ဝမ်ဖုန်းက တိတ်တဆိတ်ပြောခဲ့သည်။
"စနစ် ကျပန်းဆင့်ခေါ်ခြင်းအခွင့်အလမ်းကိုသုံးမယ်!"
"ဒင် ၊ ဆင့်ခေါ်ခြင်းအတွက်
ရိဟွားနန်းတော်ရဲ့အရှင်သခင်ကို ဆင့်ခေါ်မိတဲ့အတွက် ဂုဏ်ယူပါတယ်။ သူမရဲ့စွမ်းရည်ဇယားကို စစ်ဆေးမလားလို့ မေးပါရစေ"
ဝမ်ဖုန်းသည် သူ၏စိတ်ထဲ၌ ထွက်ပေါ်လာသည့်အေးစက်စက်အသံကြောင့် တုန်လှုပ်သွားခဲ့သည်။ သူက နတ်ဘုရားရော တစ္ဆေပါ ဖြစ်သည့် ကမ္ဘာကြီး၏ အလှပဆုံးလူတစ်ယောက်ကို ဆင့်ခေါ်မိမည်ဟု ထင်မထားခဲ့ပေ။
ဝမ်ဖုန်းသည် မနေနိုင်စွာဖြင့် ယောင်ယွဲ့ ၏ လူသားတန်ဖိုးကို အသံထွက်ပြောခဲ့သည် : အဲ့တာက နတ်ဘုရားတစ်ပါးဖြစ်ပြီး တစ္ဆေတစ်ယောက်ပဲ။ ဒါပေမယ့် လူမဟုတ်ဘူး!
ဝမ်ဖုန်းသည် စနစ်မှ ဆင့်ခေါ်သည့် လူများက သူ့အားထိခိုက်စေမည်မဟုတ်သည်ကို သိထားသော်လည်း သူက ယောင်ယွဲ့ အား ရင်ဆိုင်ရာတွင် အနည်းငယ်ကြောင့်ကြနေပေသည်။