← Chapters

ဂိုဏ်းတူအစ်ကို ကျွန်မအပြစ်ရှိသလိုခံစားရပါတယ်။

Vol. 1 Ch. 10

ဂိုဏ်းတူအစ်ကို ကျွန်မအပြစ်ရှိသလိုခံစားရပါတယ်။

Vol. 1 Ch. 10

မည်သို့ပင်ဖြစ်စေ ယောင်ယွဲ့ကိုဆင့်ခေါ်ခဲ့ခြင်းအတွက် ဝမ်ဖုန်းကျေနပ်ပါ၏။ သူ၏ရှန်ရှန့်ကျုံဂိုဏ်းကြီး တိုးတက်ကြီးထွားလာသည်နှင့်အမျှ ဂိုဏ်းကိုစီမံခန့်ခွဲမှုသည်လည်း အရေးကြီးလှသည်။ ယောင်ယွဲ့သည် ကြီးမားသည့် ရိဟွားနန်းတော်ကို စီမံခန့်ခွဲနိုင်သူဖြစ်လေရာ စီမံခန့်ခွဲမှုအရည်အချင်းကို စိုးရိမ်ပူပန်ရန် မလိုအပ်တော့ပေ။

ယောင်ယွဲ့၏စိတ်သဘောထားသည် လျစ်လျူရှုတတ်ပြီး အထက်စီးဆန်တတ်သော်ငြား စနစ်၏ကန့်သတ်ချက်များ ရှိနေသည်ဖြစ်သောကြောင့် ဝမ်ဖုန်းသည် ယောင်ယွဲ့ကို ထိန်းချုပ်နိုင်မည့်ယုံကြည်ချက်ရှိသည်။

“ယောင်ယွဲ့ရဲ့စွမ်းရည်ဇယားကို စစ်‌ဆေးမယ်”

ဝမ်ဖုန်းမှ တုံ့ဆိုင်းခြင်းမရှိ ပြောခဲ့သည်။

“ဒင်! ယောင်ယွဲ့ရဲ့ စွမ်းရည်ဇယားက အောက်ပါအတိုင်းဖြစ်ပါတယ်:

အမည်: ယောင်ယွဲ့

ဂုဏ်ပုဒ်: တစ်လောလုံးတွင်အလှပဆုံးသော ရိဟွားနန်းတော်၏အရှင်သခင်

ကျင့်ကြံမှု: ဆန်းကြယ်အင်ပါယာ၏အစောပိုင်းအဆင့်

အထူးကျွမ်းကျင်မှု: မင်ယွီကုန်း၊ ပန်းများကို ကျောက်စိမ်းအဖြစ်သို့ ကူးပြောင်းခြင်း (အထွတ်အထိပ်အဆင့်)

ရွှမ်ပင်: အပြာရောင်သွေးမှနီစွေးစွာတောက်ပခြင်း (အထွတ်အထိပ်အဆင့်)”

ယောင်ယွဲ့၏စွမ်းရည်ဇယားကို ကြည့်ပြီးသည်တွင် ဝမ်ဖုန်းမှာ အံ့အားသင့်သွားရသည်။ ယောင်ယွဲ့သည် အဆင့်တစ်အမျိုးသမီးပညာရှင်ဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်ပါ၏။ အမှန်တကယ် စွမ်းအားကြီးမားလှသည်။ အရေးအကြီးဆုံးအချက်မှာ စနစ်မှဆင့်ခေါ် ထားသည့်ဇာတ်ကောင်များ၏ တိုက်ခိုက်မှုစွမ်းရည်သည် ကျင့်ကြံမှုတစ်ခုတည်းဖြင့် အခြေတည်ထားခြင်းမဟုတ်သည်ကို ဝမ်ဖုန်းသိပါ၏။ ယဲ့ကူချန်ပင်ဖြစ်စေ ချီမိန်ချွှေရွှယ်ပင်ဖြစ်စေ သူတို့၏တိုက်ခိုက်မှုစွမ်းရည်သည် သူတို့၏ကျင့်ကြံဆင့်ထက် များစွာသာလွန်၏။ ယောင်ယွဲ့သည်လည်း အတူတူပင်ဖြစ်သည်။

ဟူးး!

ဝမ်ဖုန်း၏သက်ပြင်းချသံနှင့်အတူ ခန်းမကြီး ရုတ်တရက်တုန်ခါလာခဲ့သည်။ ထို့နောက်တွင် အဖြူရောင်ဝတ်ရုံဖြင့် ပုံရိပ်တစ်ခုသည် အထက်မှ ဆင်းသက်လာ၏။ သူမ၏ဝတ်ရုံသည် လေဟုန်စီး‌နေသကဲ့သို့ တဖျတ်ဖျတ်လွင့်မျောနေလျက် ဆံနွယ်များသည် တိမ်စိုင်ကဲ့သို့ခံစားရသည်မှာ နတ်သမီးတစ်ပါးကဲ့သို့ ကျက်သရေတင့်တယ်လှပေသည်။

သူမ၏မျက်နှာကို မြင်လိုက်ရချိန်တွင် ဝမ်ဖုန်း အံ့အားသင့်သွား၏။ အချိန်ခဏမျှ ယောင်ယွဲ့၏မျက်နှာကို စကားလုံးများဖြင့် မဖော်ပြနိုင်ဖြစ်သွားရသည်။ ယောင်ယွဲ့မှာ ညို့ငင်နိုင်စွမ်းကြီးသော မှော်စွမ်းအင်တို့ဖြင့် မွေးဖွားလာခဲ့ခြင်းဖြစ်ပေမည်။

”ယောင်ယွဲ့ ဂိုဏ်းချုပ်ကို ဂါဝရပြုပါတယ်”

ထက်မြက်၍နူးညံ့သိမ်မွေ့သည့်အသံသည် ခန်းမထဲတွင် ပဲ့တင်ထပ်သွား၏။ နတ်သမီးကဲ့သို့လှပသည့်ပုံရိပ်လေးမှ မိမိကို အရိုအသေပေးနေသည်ကိုမြင်သောအခါ ဝမ်ဖုန်း၏စိတ်နှလုံးမှာ ဘဝင်မြင့်မှုအနည်းငယ်ကို ခံစားလိုက်ရ၏။

“အရမ်းယဉ်ကျေးနေဖို့ မလိုပါဘူး။ မင်းက ငါ့ရဲ့ဂိုဏ်းသားတစ်ဦးပဲလေ”

ဝမ်ဖုန်းသည် ယောင်ယွဲ့ကို ကြည့်၍ ခေါင်းငြိမ့်လျက်ဖြင့် ပြောခဲ့သည်။

ယဲ့ကူချန်နှင့် ချီမိန်ချွှေရွှယ်တို့သည် ဓားလက်နက်ကို စွဲလမ်းသူများဖြစ်ကြသည်။ ဓားလက်နက်ဟူသည် သွေးစွန်းရစမြဲဖြစ်သောကြောင့် သူနှင့်မလိုက်ဖက်ပေ။ သူသည် အားနည်းလွန်း၍ လက်ရှိတွင် မဟာနတ်ဆိုးရွှမ်ရှကိုပင် မကိုင်တွယ်နိုင်သေးချေ။

“ဟုတ်ကဲ့ ဂိုဏ်းချုပ်”

ယောင်ယွဲ့သည် လေးစားမှုဖြင့် ပြန်ပြောခဲ့သည်။ သူမ၏မျက်နှာသည်တော့ လှိုင်းရိပ်စိုးစဉ်းမျှ မထင်ဟပ်ဘဲ ခံစားချက်ကင်းမဲ့သည့်မျက်နှာအမူအရာအတိုင်း ရှိနေမြဲဖြစ်သည်။

ယောင်ယွဲ့၏အသံကိုကြားရသည်တွင် ဝမ်းဖုန်း တိတ်တဆိတ် သက်ပြင်းချမိ၏။ ယောင်ယွဲ့၏အသံသည် အေးစက်၍ခံစားချက်ကင်းမဲ့သော်ငြား နူးညံ့သိမ်မွေ့လှသည်။ သူမ၏မျက်နှာသည် အေးစက်ခက်ထန်နေလျှင်သော်မှ သူမ၏လှပ၍ စိတ်နှလုံးကိုကိုင်လှုပ်နိုင်သည့် အသံတစ်ခုတည်းဖြင့်ပင် လူတစ်ယောက်ကိုဆွဲဆောင်ရန် လုံလောက်ပေမည်။ လောကကြီးရှိယောက်ျားသားများအားလုံးမှ သူမကို လိုက်လံပိုးပန်းလျှင်သော်မှ သူမသည် အရေးစိုက်နေမည်မဟုတ်ချေ။

“မင်းအရင် ဆင်းသွားလိုက်ပါ။ ဂိုဏ်းပြင်ထွက်တဲ့အခါကျရင် မင်းက အခြွေအရံဖြစ်ပါလိမ့်မယ်”

ဝမ်ဖုန်းမှ ပြောခဲ့သည်။

ယောင်ယွဲ့သည် အလွန်တရာလှပ၍ စိတ်နှလုံးကိုကိုင်လှုပ်နိုင်ခဲ့သော်ငြား သူမသည် အေးစက်လွန်းသောကြောင့် ဝမ်ဖုန်းမှာ ကြက်သီးမွေးညင်းများ ထသွားရသည်။

“ဟုတ်ကဲ့ပါ”

ယောင်ယွဲ့သည် လေးစားမှုဖြင့်ပြန်လည်ဖြေဆိုခဲ့ပြီးနောက် သူမ၏ကျက်သရေလှပတင့်တယ်သည့်ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီးနောက်တွင် ခြေရာလက်ရာပင် မကျန်ရှိပါဘဲ ပျောက်ကွယ်သွားတော့သည်။

ယောင်ယွဲ့ထွက်သွားခဲ့အပြီးတွင် ဝမ်ဖုန်းသည် မိမိကိုယ်ကို စိတ်တည်ငြိမ်စေလျက် သူ၏ခန္ဓာကိုယ်နှင့်အကျွမ်းတဝင်ရှိပြီးဖြစ်သည့် ကျင့်ကြံဆင့်နှင့်စွမ်းရည်တို့ကို စတင်စစ်ဆေးခဲ့တော့သည်။

…..

ယောင်ယွဲ့သည် ဂိုဏ်း၏ ပင်မခန်းမထဲမှ ထွက်ခွာလာပြီးနောက်တွင် နေထိုင်ရန်ထပ်ခိုးခန်းတစ်ခန်းကို ရှာတွေ့ခဲ့သည်။ ထိုအခိုက်တွင် သူမ၏ဘေးခန်းမှ မဟာနတ်ဆိုးရွှမ်ရှ ထွက်လာခဲ့၏။

“ထူးဆန်းတယ်. ဒီရှန်ရှန့်ကျုံဂိုဏ်းက ရှေးဟောင်းလျှို့ဝှက်ဂိုဏ်းကြီး မဟုတ်ဘူးလား။ ဘာလို့ စွမ်းအားကြီးတဲ့သူ နည်းနည်းပဲရှိနေရတာလဲ။ တခြားသူတွေကရော? နည်းစနစ်ကျကျပြောရရင် ဒီလိုရှေးဟောင်းလျှို့ဝှက်ဂိုဏ်းကြီးမှာ ဒီလူနည်းနည်းပဲ ရှိမနေသင့်ဘူး”

မဟာနတ်ဆိုးရွှမ်ရှ၏မျက်နှာထက်တွင် သံသယများရိပ်ထင်သွားခဲ့လျက် တီးတိုးရေရွတ်ခဲ့သည်။

ဝမ်ဖုန်းသည် သူတို့နေထိုင်ရန်အခန်းကို ကိုယ်တိုင်ရွေးချယ်စေခဲ့သည်။ မဟာနတ်ဆိုးရွှမ်ရှသည်လည်း အားနာယဉ်ကျေးမနေဘဲ တစ်ခန်းပြီးတစ်ခန်း ရွေးချယ်ခဲ့သည်။ သေချာပေါက် အခန်းရွေးနေသည် ထင်ရသော်ငြား တကယ်တမ်းတွင် ရှန်ရှန့်ကျုံဂိုဏ်း၏ အသေးစိတ်အနေအထားကို လေ့လာစူးစမ်းနေခြင်းဖြစ်ပါ၏။ မဟာနတ်ဆိုးရွှမ်ရှအတွက် ထူးဆန်းနေခဲ့သည်မှာ ထိုအခန်းများအားလုံးသည် ဗလာဖြစ်နေခြင်းဖြစ်ပါ၏။

ရှန်ရှန့်ကျုံဂိုဏ်းသည် ရှေးဟောင်းလျှို့ဝှက်ဂိုဏ်းကြီးဖြစ်ပါလျှင် လူအနည်းငယ်သာ ရှိနေခြင်းမှာ မဖြစ်နိုင်ပေ။ ရှန်ရှန့်ကျုံဂိုဏ်းသည် ဗလာအဆောက်အဦးကြီးဖြစ်နေရုံမျှမက လူလည်း အနည်းငယ်သာရှိ၏။

ရှေးဟောင်းလျှို့ဝှက်ဂိုဏ်းကြီးဟူသည်ကို မဟာနတ်ဆိုးရွှမ်ရှသည် အနည်းငယ်သာ နားလည်ပါ၏။ ပုံမှန်အခြေအနေတွင် စစ်မှန်သည့်လျှို့ဝှက်ဂိုဏ်းကြီးတစ်ခုသည် ကမ္ဘာလောကကို ရှောင်ဖယ်ပုန်းကွယ်နေမည်ဆိုပါက ၊ဂိုဏ်း၏စွမ်းအားကြီးပုဂ္ဂိုလ်များသည် သက်တမ်းသုံးစွဲကုန်ခမ်းခြင်းကို လျှော့ချရန်အတွက် နှစ်ခြိုက်စွာအိပ်ပျော်နေကြမည်ဖြစ်သည်။ယင်းနောက်မှတစ်ဖန် ပြန်လည်သက်ဝင်ထမြောက်လာပေလိမ့်မည်။

ပြည်မကြီးတွင် သက်ဝင်လှုပ်ရှားနေဆဲဖြစ်သည့် ထိုသီးခြားဂိုဏ်းတော်များဟူသည် စစ်မှန်သည့်သီးခြားဂိုဏ်းများ မဟုတ်ကြပေ။

ထို့ပြင် ဤရှန်ရှန့်ကျုံဂိုဏ်းသည်လည်း မဟာနတ်ဆိုးရွှမ်ရှ၏အမြင်တွင် စစ်မှန်သည့်ရှေးဟောင်းလျှို့ဝှက်ဂိုဏ်းကြီး ဖြစ်ပုံရသည်။ ထို့ကြောင့် မဟာနတ်ဆိုးရွှမ်ရှသည် အနာဂတ်ကိုမျှော်လင့်ထား၏။ အဆုံးတွင်တော့ ဤရှန်ရှန့်ကျုံဂိုဏ်းသည် သူ့အား ထူးခြားသည့်ခံစားချက်တစ်မျိုးကို ပေးစွမ်းနေပေသည်။

မဟာနတ်ဆိုးရွှမ်ရှသည် စဉ်းစားတွေးခေါ်ရင်းဖြင့် ယောင်ယွဲ့၏အခန်းသို့ လျှောက်လာခဲ့သည်။ မဟာနတ်ဆိုးရွှမ်ရှသည် သူ၏အတွေးများကိုဖိနှိပ်လျက် ယောင်ယွဲ့ရှိရာအခန်းသို့ ဖြေးဖြေးချင်း ချဉ်းကပ်သွား၏။ ထို့နောက် စဉ်းစားမနေတော့ပါဘဲ တံခါးဖွင့်လိုက်သည်။

ဘုန်း!

မဟာနတ်ဆိုးရွှမ်ရှ၏လက်မှ အခန်းတံခါးကိုထိလိုက်သည်နှင့်တစ်ပြိုင်နက် အခန်းထဲမှ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ရုတ်ချည်းပေါ်ထွက်လာခဲ့သည်။ အခန်းတံခါးသည် အလိုအလျောက်ပွင့်သွားလျက် တောက်ပသည့်အလင်းတန်းနှင့်အတူ လက်ဝါးရိုက်ချက် တစ်ဆက်တည်းထွက်ပေါ်လာ၏။ မဟာနတ်ဆိုးရွှမ်ရှ၏မျက်လုံးများ၌ ထိတ်လန့်ခြင်းတို့ရိပ်ထင်သွားခဲ့ရပြီး လက်ဝါးရိုက်ချက်သည်လည်း စူးရှ‌ကျယ်လောင်စွာ ရိုက်ခတ်လာခဲ့သည်။

ဘုန်း!

သတိလက်လွတ်ဖြစ်သွားသည့် မဟာနတ်ဆိုးရွှမ်ရှသည် လက်ဝါးရိုက်ချက် တိုက်ရိုက်ထိမှန်သွားခဲ့လျက် တစ်ကိုယ်လုံးလွင့်ပျံထွက်သွားခဲ့ရာ အဝေးရှိကြမ်းပြင်ပင် ကွဲကြေသွာခဲ့ရသည်။ ကြမ်းပြင်တစ်ခုလုံးမှာ ရုတ်ချည်း အစိတ်စိတ်ကွဲကြေသွားခဲ့ပြီး မြေပြင်တုန်ခါသွား၏။

“နောက်တစ်ကြိမ်ထပ်ပြီး ကျူးကျော်ရဲရင် သေရလိမ့်မယ်”

အခန်းထဲမှ ခက်ထန်သိမ်‌ေမွ့သည့်အသံထွက်ပေါ်လာခဲ့ပြီး မဟာနတ်ဆိုးရွှမ်ရှ၏နားထဲတွင် ပေါက်ကွဲမြည်ဟီးသွားခဲ့သည်။ ထို့နောက်တွင် အခန်းတံခါးသည်လည်း အလိုအလျောက် ပြန်ပိတ်သွားခဲ့ကာ ပတ်ဝန်းကျင်တစ်ခုလုံးမှာ မည်သည့်အရာမျှ မဖြစ်ပျက်ခဲ့သည်ကဲ့သို့ ပြန်လည်တည်ငြိမ်သွားခဲ့သည်။

“ကျစ်! ထပ်ပြီး… ထပ်ပြီး ဆန်းကြယ်အင်ပါယာအဆင့် နောက်တစ်ယောက်လား”

မဟာနတ်ဆိုးရွှမ်ရှသည် ပါးစပ်အပြည့်သွေးတစ်ပွက် အန်ထွက်သွားရပြီး မျက်နှာသည်လည်း ဖြူဖျော့နေ၏။ သို့သော် ထိုဒဏ်ရာများကိုလျစ်လျူရှုလျက် ကြောက်ရွံ့ထိတ်လန့်သည့်အမူအရာဖြင့် အခန်းကိုသာ ငေးစိုက်ကြည့်နေခဲ့သည်။

မဟာနတ်ဆိုးရွှမ်ရှသည် ရှန်ရှန့်ကျုံဂိုဏ်း၏ စွမ်းအားကြီးပုဂ္ဂိုလ်များ တစ်ဦးပြီးတစ်ဦး အိပ်ပျော်သွားခဲ့ပြီး နိုးထမလာနိုင်သေးဟု တွေးထားခဲ့ပေသည်။ ‘ဒီတစ်ယောက်ကတော့ ငါနှောင့်ယှက်လိုက်လို့ နိုးသွားတာဖြစ်မှာ စိုးမိတယ်’

ထိုသို့တွေးမိသည်တွင် မဟာနတ်ဆိုးရွှမ်ရှမှာ နဖူး၌ချွေးစေးများ ထွက်လာခဲ့ရသည်။ ထိုအခန်းများကို တစ်ခန်းချင်းစီ လိုက်လံစူးစမ်းသည့်လုပ်ဆောင်ချက်သည် သေခြင်းတရားကိုဖိတ်ခေါ်‌ေနခြင်းဟု ခံစားလိုက်ရ၏။

ထိုသို့တွေးတောရင်းဖြင့် မဟာနတ်ဆိုးရွှမ်ရှမှာ ရှန်ရှန့်ကျုံဂိုဏ်းကို အစစ်အမှန်ကြောက်ရွံ့‌ရိုသေသွားတော့သည်။ အကြိမ်တိုင်းတွင် ဤနေရာ၌ ဆန်းကြယ်အင်ပါယာဆင့်စွမ်းအားကြီးပုဂ္ဂိုလ်များ ရှိနေ၏။ ထို့သို့သောဂိုဏ်းကြီးတွင် သူ့အနေဖြင့် ရိုးသားစွာနေထိုင်ခြင်းသည် ကောင်းမွန်ပေလိမ့်မည်။ သို့မဟုတ်ပါက စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးဦးကို အနှောင့်အယှက်ပြုမိရာမှ မည်သို့အသက်ထွက်သွားသည်ကိုပင် မသိလိုက်ရဘဲ ရှိချေတော့မည်။

ဤဂိုဏ်းမှာ မည်မျှသက်တမ်းရှိခဲ့ပြီ မသိပေ.. ဤရှန်ရှန့်ကျုံဂိုဏ်းတွင် ဆန်းကြယ်အင်ပါယာအဆင့်စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ဦးရှိနေပြီး ထို့ပြင် ဆန်းကြယ်အဓိပတိအဆင့်ပုဂ္ဂိုလ်များလည်းရှိနေနိုင်သည်ဟု မဟာနတ်ဆိုးရွှမ်ရှ ယုံကြည်ပါ၏။

မဟာနတ်ဆိုးရွှမ်ရှသည် သူ၏ဒဏ်ရာရထားသည့်ခန္ဓာကိုယ်ကို ကြည့်လျက် မျက်နှာထက်တွင် ခါးသက်သည့်အမူအရာ ထင်ဟပ်သွားရ၏။ သူ၏လက်ဝဲဘက်ရင်အုံတွင် ဓားဒဏ်ရာရှိနေပြီး လက်ယာဘက်ရင်အုံတွင်တော့ လက်ဝါးရာရှိနေသည်။ ‘ဘယ်လိုတောင် အရှက်ရတာလဲကွာ’

အဓိကအချက်မှာ မဟာနတ်ဆိုးရွှမ်ရှသည် ပြန်လည် မတိုက်ခိုက်ဝံ့ခြင်းဖြစ်သည်။ ထို့ကြောင့် ထောင့်လေးတွင် တိတ်တဆိတ် ပုန်းကွယ်နေလျက် ဒဏ်ရာများကိုသန့်စင်ကုသရန်သာ တတ်နိုင်ပေသည်။

ထိုအတွေးဖြင့် မဟာနတ်ဆိုးရွှမ်ရှမှာ ရုတ်ချည်းစိတ်ဓာတ်ကျသွားရသည်။ သူ အခန်းများကို ထပ်မံ မစူးစမ်းဝံ့ပါတော့ချေ။ ထို့ကြောင့် အမည်မရှိအခန်းတစ်ခုကို ကြုံသလိုရွေးချယ်၍ ဝင်နေလိုက်တော့သည်။

…..

နောက်တစ်နေ့တွင်

ဝမ်ဖုန်းသည် ဂိုဏ်းချုပ်ခန်းမထဲသို့ လင်းဖေးဝူကိုခေါ်ဆောင်၍ လေးနက်စွာပြော၏။

“ဖေးဝူ.. မင်း ဆန်းကြယ်အကြီးအကဲအဆင့်ကို ဝင်ရောက်နိုင်တာ မကြာသေးဘူး။ ပြီးတော့ မင်းရဲ့ကျင့်ကြံမှုကလည်း အားကောင်းခိုင်မာမှုမရှိသေးဘူး ဟုတ်တယ်မလား”

“ဟုတ်ပါတယ် ဂိုဏ်းချုပ်။ ဒါပေမဲ့ ဂိုဏ်းချုပ်မှာ ဖေးဝူရဲ့ကျင့်ကြံမှုခိုင်မာအားကောင်းလာစေဖို့အတွက် အစီအစဉ်တွေလုပ်ပြီးသွားပြီ မဟုတ်ပါလား”

လင်းဖေးဝူသည် ဝမ်ဖုန်းကို လေးစားစွာကြည့်လျက် သိမ်မွေ့စွာပြောခဲ့သည်။

“ဟုတ်တယ်။ ဒါပေမဲ့ ဒီဂိုဏ်းချုပ် ဒီတစ်ကြိမ်မင်းကိုခေါ်လိုက်တာက မင်းကိုအပ်နှံချင်တဲ့ ကိစ္စလေးရှိလို့ပဲ”

ဝမ်ဖုန်းသည် ခေါင်းငြိမ့်လျက်ဖြင့် ပြောခဲ့သည်။ သို့သော် စိတ်ထဲတွင် အံ့သြမိနေခဲ့၏။ ကြည့်ရသည်မှာ ယဲ့ကူချန်သည် လင်းဖေးဝူကို သူ၏တပည့်အဖြစ် အမှန်တကယ်လိုချင်နေပုံရသည်။ အမြဲလိုလို အခြားသူများကို မထီလေးစားဟန်ဖြင့် အထက်စီးဆန်သည့် ယဲ့ကူချန်သည် လင်းဖေးဝူကို စိတ်ရင်းဖြင့် ဆက်ဆံလေသည်။

“ဂိုဏ်းချုပ် ကျေးဇူးပြုပြီးပြောပါ.. ဖေးဝူ သေ‌ချာပေါက် စိတ်မပျက်စေရပါဘူး”

ဝမ်ဖုန်း၏စကားအဆုံးတွင် မျက်နှာလှလှလေးဖြင့်လင်းဖေးဝူသည် ရုတ်ချည်းလေးနက်မှုတို့ ထင်ဟပ်သွားလျက် အလျင်အမြန် ပြန်ပြောခဲ့သည်။

“အဲ့လောက်ကြီး လေးနက်တဲ့ကိစ္စမဟုတ်ပါဘူး။ ဒီဂိုဏ်းချုပ်က မင်းကို မင်းရဲ့ဂိုဏ်းတူအစ်ကိုလီချင်းကို ကူညီလေ့ကျင့်ပေးစေချင်တာပါ”

ဝမ်ဖုန်းသည် လက်ကိုခါယမ်းလျက် ပြော၏။

“အမ်း… ဂိုဏ်းချုပ် ဖေးဝူက ဆန်းကြယ်အကြီးအကဲအဆင့်မှာပဲ ရှိပါသေးတယ်။ ဘယ်လိုလုပ်ပြီး ဂိုဏ်းတူအစ်ကိုလီချင်းကို လေ့ကျင့်ဖို့သင်ပြပေးနိုင်မှာလဲ”

ဝမ်ဖုန်း၏စကားကြောင့် လင်းဖေးဝူမှာ အချိန်ခဏမျှ မင်တက်သွားခဲ့လျက် အံ့အားသင့်သွားခဲ့ရသည်။

“ဒီဂိုဏ်းချုပ်က မင်းကို လီချင်းနဲ့အတူ များများပိုလေ့ကျင့်စေချင်တယ်။ သေလုမျောပါး ရိုက်နှက်ပေးနိုင်ရင် အကောင်းဆုံးပဲ။ တကယ်ကြီး မသေသွားသ၍ မင်းစိတ်ရှိသလို သူ့ကိုရိုက်လို့ရတယ်”

“အဲဒါက… ဘာကို?”

ကနဦးတွင် လင်းဖေးဝူသည် ဝမ်ဖုန်း၏စကားကိုသဘောတူညီလိုက်နာလိုခဲ့သည်။ သို့သော် နားထောင်သည်နှင့်အမျှ တစ်ခုခုမှားယွင်းနေသည်ဟု ခံစားလာခဲ့ရပြီး သူမ၏ခန္ဓာကိုယ်သည်ပင် တုန်ရီလာရ၏။ ‘ဂိုဏ်းချုပ်က တပည့်တွေအပေါ်ကို ဒီလောက်ထိ ရက်စက်ရလား’

‘ဂိုဏ်းချုပ်မှာ လူတွေကိုအနိုင်ကျင့်တတ်တဲ့စွဲလမ်းမှု ရှိနေတာများလား’

ဝမ်ဖုန်းသည် တစ်ကိုယ်လုံးတုန်ယင်နေလျက် ပို၍ဖြူဖျော့လာသည့် လင်းဝူဖေး၏မျက်နှာလှလှလေးကိုကြည့်ရင်းဖြင့် ထိုကလေးမ နားလည်မှုလွဲသွားခဲ့ပြီးကို သိလိုက်ပေသည်။ ထို့ကြောင့် ရှင်းပြခဲ့သည်။

“မင်းရဲ့ဂိုဏ်းတူအစ်ကိုလီချင်းက သေမျိုးတစ်ယောက်ပဲ။ ဒါပေမဲ့ ရုပ်ခန္ဓာက သာမန်မဟုတ်ဘဲ ထူးခြားတယ်။ ဒါပေမဲ့ အဲ့ဒီ့ရုပ်ခန္ဓာက မနိုးထသေးဘူး။ သူ့ရဲ့ရုပ်ခန္ဓာနိုးထလာတာနဲ့ တကယ့်ကို လောကရဲ့အံ့ဖွယ်တစ်ရပ် ဖြစ်လိမ့်မှာ”

“အဲဒါကြောင့် မင်းရဲ့ဂိုဏ်းတူအစ်ကိုလီချင်းရဲ့ ရုပ်ခန္ဓာကိုနိုးထစေဖို့ဆိုရင် အပြင်ဘက်ကနေ လှုံ့ဆော်ပေးဖို့လိုတယ်”

ဝမ်ဖုန်း ရှင်းပြသည်ကို နားထောင်အပြီးတွင် လင်းဖေးဝူသည် ရုတ်ချည်းခေါင်းငြိမ့်ခဲ့၏။ သို့သော် အနည်းငယ် မချင့်မရဲဖြစ်နေဆဲပင်။

အဘယ်သို့သော ရုပ်ခန္ဓာဖွဲ့စည်းမှုမျိုးက နိုးထဖို့အတွက် အနိုင်ကျင့်နှိပ်စက်ပေးဖို့ လိုအပ်သည်တဲ့လဲ။

“မင်း မယုံရင် စမ်းကြည့်လို့ရတယ်။ သူ့ကို မသတ်မိသ၍ ဒဏ်ရာအပြင်းအထန်ရသွားခဲ့ရင်တောင်မှ မင်းရဲ့ဂိုဏ်းတူအစ်ကိုလီချင်းက နိုးထလာဖို့ အချိန်အရမ်းကြာမှာ မဟုတ်ပါဘူး”

“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်။ တပည့်ဖေးဝူ ဂိုဏ်းတူအစ်ကိုလီချင်းကို ကူညီပါ့မယ်”

ဝမ်ဖုန်းမှ ရှင်းပြပြီးပြီဖြစ်ရာ လင်းဖေးဝူသည် မတုံ့ဆိုင်းနေတော့ပေ။ ဝမ်ဖုန်းကို အရိုအသေပြုပြီးနောက် ခန်းမထဲမှ ထွက်လာခဲ့ပြီး လီချင်းကို သွားရှာခဲ့သည်။

လင်းဖေးဝူသည် ဝမ်ဖုန်းကို အပြည့်အဝယုံကြည်ပါ၏။ သို့သော် အကြောင်းအရာမှာ လွန်စွာထူးဆန်းနေလေရာ အရင်ဆုံး စမ်းကြည့်ရန်သာ ဆုံးဖြတ်ခဲ့သည်။ ဂိုဏ်းချုပ်၏စကား မှန်ကန်ပါလျှင် ဂိုဏ်းတူညီမလေးတစ်ယောက်အနေဖြင့် ဂိုဏ်းတူအစ်ကိုလီချင်း၏ ရုပ်ခန္ဓာနိုးထခြင်းကိုကူညီရန် အကောင်းဆုံးကြိုးစားမည်ဖြစ်သည်။

လင်းဖေးဝူ၏ ထွက်ခွာသွားသည့်နောက်ကျောကို ကြည့်ရင်းဖြင့် ဝမ်ဖုန်း၏မျက်လုံးတို့တွင် လေးနက်မှုတချို့ ဖြတ်ပြေးသွားခဲ့ပြီး တီးတိုးရေရွတ်လိုက်၏။

“လီချင်း မင်းခံနိုင်ရည်ရှိဖို့ မျှော်လင့်ပါတယ်။ မင်းရဲ့ရွှမ်လင်းလိပ်ခန္ဓာကို နိုးထစေနိုင်ပြီး မသေမျိုးဖြစ်လာတာနဲ့ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အကြီးဆုံးအစ်ကိုကြီးနေရာမှာ ခိုင်ခိုင်မာမာနေနိုင်ဖို့ မင်းအရည်အချင်းပြည့်မီသွားပြီ”

…..

“ဂိုဏ်းတူညီမလေးဖေးဝူက ဘာလို့အစ်ကို့ကို ရှာနေရတာလဲ”

လီချင်း နေထိုင်ရာအခန်း၌ ဖြစ်သည်။ လီချင်းသည် ရုတ်တရက် သူ့ရှေ့သို့ရောက်လာသည့် လင်းဖေးဝူအား ရှုပ်ထွေးသည့်အမူအရာဖြင့်ကြည့်လျက် မေးခဲ့သည်။

“ဂိုဏ်းတူအစ်ကို ပြစ်မှားမိပါပြီ”

လင်းဖေးဝူသည် လီချင်း၏အမေးကို မဖြေဘဲနှင့် လက်သီးကိုတင်းတင်းဆုပ်လျက် သိမ်မွေ့စွာပြောခဲ့သည်။ ထို့နောက် သူမ၏ခန္ဓာကိုယ်တွင်းမှ စွမ်းအင်များကိုစု‌စည်းလိုက်ပြီးနောက် ကျစ်လစ်သေးသွယ်သော လက်တစ်စုံသည် ဆန့်ထွက်လာခဲ့လျက် လီချင်းကို အရှိန်ပြင်းစွာ ရိုက်ခတ်သွားခဲ့သည်။

All Chapters