← Chapters

လင်းယွမ်ဂိုဏ်း

Vol. 1 Ch. 11

လင်းယွမ်ဂိုဏ်း

Vol. 1 Ch. 11

လင်းဖေးဝူ၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရာတွင် လီချင်းသည် လုံးဝ မတုန့်ပြန်ခဲ့ပေ။ ဟုတ်ပေသည်။ သူက တုန့်ပြန်ခဲ့လျှင်ပင် မလုပ်ဆောင်နိုင်ပေ။ သူက လင်းဖေးဝူ၏ တိုက်ခိုက်မှုကို တိုက်ရိုက်တောင့်ခံကာ သူ၏ မျက်နှာက နီရဲသွားခဲ့သည်။

"ဝုန်း!"

သူက ဇောက်ထိုးမိုးမျှော်လွှင့်ထွက်သွားကာ အဝေးရှိမြေပြင်ပေါ်သို့ ကျလာခဲ့ပြီး ထပ်ခိုးတစ်ခုလုံးအား တုန်ခါသွားစေခဲ့သည်။ သူက ပါးစပ်အပြည့် သွေးတစ်လုပ်ကို အန်ထုတ်ကာ လင်းဖေးဝူအားမယုံကြည်နိုင်စွာ ကြည့်ခဲ့သည်။

"ဆရာတူ ညီမလေး ၊ မင်း..."

လီချင်းသည် လင်းဖေးဝူက သူ့အား တိုက်ခိုက်မည်ကို မယုံကြည်နိုင်ပေ။ ဆရာတူ ညီမလေး က ဆရာတူအစ်ကိုရဲ့ နေရာကို တပ်မက်နေတာလား။ သူ့ကို သတ်ချင်နေတာလား။

အားလုံးသိကြသည့်အတိုင်းပင်၊ ဤအခိုက်အတန့်၌ လင်းဖေးဝူ၏ နှလုံးသားက ပို၍ပင် ထိတ်လန့်တုန်လှုပ်ခဲ့သည်။ သူမက လီချင်း၏ စကားများကို မဖြေဘဲ တီးတိုးရေရွတ်ခဲ့သည်။ "ဂိုဏ်းချုပ်က တကယ်ပဲ ငါ့ကိုမလိမ်ဘူးပဲ။ ဆရာတူ အစ်ကိုမှာ တကယ်ပဲ ‌ကြောက်စရာကောင်းတဲ့ ခန္ဓာကိုယ်ရှိတာပဲ!"

ခုနက တိုက်ခိုက်မှု၌ လင်းဖေးဝူသည် သူမ၏ ခွန်အားအလုံးစုံအား မသုံးဝံ့ခဲ့သော်လည်း သူမခွန်အား၏ ဆယ်ပုံတစ်ပုံကို သုံးထားခဲ့သည်။ ယခုတွင် သူမသည် ဆန်းကြယ်အကြီးအကဲအဆင့်၌ရှိသည့် သန်မာသည့် အကြီးအကဲတစ်ယောက်ဖြစ်ပြီး သူမ ခွန်အား၏ ဆယ်ပုံတစ်ပုံက သေမျိုးတစ်ယောက်အား အလွယ်လေးသတ်ပစ်နိုင်ရန် လုံလောက်ပေသည်။ ထိန်းချုပ်ထားမှုအောက်၌ ဤသည်က မတ်တပ်မထနိုင်အောင် ပြုလုပ်ရန် လုံလောက်ပေသည်။

သို့သော်လည်း လီချင်းက ‌ပါးစပ်အပြည့် သွေးတစ်လုပ်အန်ထုတ်ရုံသာဖြစ်ပြီး ဒယိမ်းဒယိုင်ထရပ်ခဲ့သည်။ သူက ဒဏ်ရာရသွားခဲ့သော်လည်း မပြင်းထန်ပေ။

"ဆရာတူအစ်ကို ဖေးဝူလုပ်တာက အစ်ကိုကောင်းဖို့အတွက်ပါ!" လင်းဖေးဝူသည် လီချင်းအား ညှိုးငယ်သည့် မျက်နှာဖြင့် ကြည့်ကာ သူမ၏ လှပသည့်မျက်နှာထက်တွင် အပြုံးတစ်ခု ဖြတ်ပြေးသွားကာ သူမက မျက်စိမှိတ်ပြီး ပြောင်ချော်ချော်ပြောခဲ့သည်။

? ? ?

မင်းငါ့ကိုရိုက်တာ ဒါမှမဟုတ် ဒါကိုလုပ်တာက ငါ့အတွက်တဲ့လား။

ဆရာတူညီမလေး ဝတဲ့သူတွေက ဘယ်လောက် ပါးနပ်ချက်ချာတယ်ဆိုတာ မသိဘူးလား!

မင်းရဲ့ အပြုအမူအရ မင်းက ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဆရာတူအစ်ကိုကြီးဆိုတဲ့ နေရာကို တပ်မက်နေပြီးတော့ နေရာလုဖို့ ဆရာတူအစ်ကိုကြီးကိုသတ်ချင်နေတာ အသိသာကြီးပဲ!

လီချင်းက လင်းဖေးဝူအား ညှိုးငယ်နေသည့်အကြည့်ဖြင့် ကြည့်ခဲ့သည်။သူက လက်ရှိအနေအထားအား မည်သို့ဖြေရှင်းရမလဲဆိုသည့် အကြောင်းကို တွေးတောနေခဲ့သည်။ ဂိုဏ်းချုပ်ကိုလိုက်ရှာခြင်းမှလွဲ၍ တခြားနည်းလမ်းမရှိပေ။ သို့သော်လည်း မသေမျိုးတမျှဖြစ်နေသည့် သူ၏ ဆရာတူ ညီမလေး လက်မှ မည်သို့ လွတ်မြောက်နိုင်ပါမည်နည်း။

"ဆရာတူအစ်ကို ၊ အစ်ကို့မှာ ပြိုင်ဘက်ကင်း ခန္ဓာရှိတယ်လို့ ဂိုဏ်းချူကပြောတယ်။ ကျွန်မက အစ်ကို့ကို မသတ်သရွေ့ အစ်ကို ရိုက်နိုင်သလောက်ရိုက်ခိုင်လိုက်တယ်!" လီချင်းက မေးခွန်းထုတ်နေဆဲဖြစ်သည်ကိုတွေ့ပြီး လင်းဖေးဝူက လျင်မြန်စွာပြောခဲ့သည်။

? ? ?

ပြိုင်ဘက်ကင်းခန္ဓာ?

ငါ ၊ လီချင်း က ဘာလို့မသိရတာလဲ။

"ငါတစ်ခုခုအမှားလုပ်ပြီး ဂိုဏ်းချုပ်ကို ရန်စမိတာလား" လီချင်းသည် လင်းဖေးဝူအား တစ်ချက်ကြည့်ကာ သိချင်စောဖြင့်မေးခဲ့သည်။

"အစ်ကို့မှာ တကယ်ပဲ ပြိုင်ဘက်ကင်းခန္ဓာကိုယ် ရှိတာ!" လင်းဖေးဝူသည် လီချင်း၏ စကားများကို ကြားသည့်အခါ၌ မနေနိုင်စွာ ရယ်ခဲ့ပြီး လေးနက်သည့်မျက်နှာဖြင့် ပြောခဲ့သည်။

"တကယ်လား"

"အတိအကျပဲ!"

"ငါကတကယ်ပဲ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ဖြစ်နိုင်လား" လင်းဖေးဝူ၏ အလွန်တရာလေးနက်သည့် အမူအရာအားတွေ့ပြီး လီချင်း၏ မျက်လုံးများက တောက်ပကာ တိတ်တဆိတ်ပြောခဲ့သည်။

"ဒါဆို ငါကဘာလို့ သေမျိုးဖြစ်နေတုန်းလဲ။ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်က သာမာန်ကာလျှံကာ ထမင်းစားရေသောက်လိုမျိုး လွယ်လွယ်ကူကူ မကျင့်ကြံသင့်ဘူးလား"

"ဘာလို့လဲဆိုတော့ အစ်ကို့ရဲ့ ပြိုင်ဘက်ကင်းခန္ဓာက အသက်မဝင်သေးလို့ပဲ!"

"ဘယ်လိုအသက်သွင်းရမှာလဲ"

"အရိုက်ခံရမှာ!"

? ? ?

အကယ်၍ လင်းဖေးဝူက လေးနက်သည့် အမူအရာမရှိပါက လီချင်းသည် လင်းဖေးဝူက သူ့အားဖျော်ဖြေရန် တမင်တကာကြိုးစားနေသည် သို့မဟုတ် သူ့အားရိုက်နှက်ရန်အတွက် သင့်လျော်သည့် ဆင်ခြေအားတမင်တကာရှာဖွေနေသည်ဟု သံသယဝင်ပေလိမ့်မည်။ တကယ်ပဲ ဆရာတူညီမလေးက ဆရာတူအစ်ကိုရဲ့ နေရာကို တပ်မက်နေတုန်းပဲလား?

"ဝုန်း!"

လီချင်းက ထိုအကြောင်းအား စဉ်းစားနေစဉ်တွင် လင်းဖေးဝူသည် ထိုနေရာသို့လာရသည့် ရည်ရွယ်ချက်ကို မမေ့ခဲ့ပေ။ သူမ၏ ပုံရိပ်က ဖျပ်ခနဲပျောက်သွားပြီး လီချင်း၏ ရှေ့‌၌‌ တစ်ခဏချင်းပေါ်လာပြီး ပါးရိုက်လိုက်ရာ လီချင်း၏ တစ်ကိုယ်လုံးက ရုတ်တရက် ထပ်မံလွှင့်ထွက်သွားပြီး ခပ်ဝေးဝေးရှိ မြေပြင်ပေါ်သို့ ကျသွားခဲ့သည်။

"ဆရာတူညီမလေး! ဂိုဏ်းချုပ်ကိုဘာလို့ မလာခိုင်းရတာလဲ" လီချင်းသည် ဆရာတူညီမလေးဖေးဝူထံမှ သေသည်အထိရိုက်နှက်ခံရမည်ဟု ခံစားခဲ့ရသည်။

"ဂိုဏ်းချုပ်က အစ်ကို့ကို မတော်တဆနဲ့ သေတဲ့အထိ ရိုက်နှက်မိမှာကို စိုးရိမ်တာမို့ ကျွန်မကို အရင်သွားခိုင်းလိုက်တာ! လင်းဖေးဝူသည် ရွှတ်နောက်နောက် ပြုံးကာ ညင်သာစွာပြောခဲ့သည်။

အကယ်၍ သူမ၏ လက်ထဲ၌ တစ်ဟုန်ထိုးထွက်နေသည့် ချီစွမ်းအင်များအား လျစ်လျူရှုထားပါက လင်းဖေးဝူ၏ ချိုမြိန်သည့်အပြုံးနှင့် သာယာသည့် အသံက လီချင်းအား ပြိုလဲသွားစေရန် လုံလောက်ပေသည်။

"အာ... ဆရာတူညီမလေး ၊ ညင်သာပါ ၊ သနားပါ!"

"တိုက်ခိုက်တာကိုရပ်လိုက်ပါတော့ ငါမခံနိုင်တော့ဘူးးးးး"

လီချင်းရှိသည့် ထပ်ခိုး၌ ရုတ်တရက် နားထောင်သူအား ငိုကြွေးစေရန် လုံလောက်သည့် တစ္ဆေငိုကြွေးသံနှင့် ဝံပုလွေဝူသံများထွက်ပေါ်လာခဲ့သည်။

လီချင်း၏ ထပ်ခိုးသို့ ရောက်ရှိရန်ဖြစ်လာပြီး လင်းဖေးဝူက အကောင်းဆုံးလုပ်ဆောင်နေသလားဆိုသည်ကိုကြည့်ရန် စီစဉ်ထားသည့် ဝမ်ဖုန်းသည် ငိုကြွေးသည့်အသံကိုကြားရပြီး သူ၏မျက်နှာထက်တွင် ကျေနပ်သည့် အပြုံးတစ်ခုထုတ်ဖော်လာခဲ့သည်။ ထိုကဲ့သို့ ဆရာတူညီမကောင်းတစ်ယောက်နှင့် အစ်ကိုဖြစ်သူအား ကူညီသည့် ညီမတစ်ယောက်နှင့်ဆိုလျှင် လီချင်းသည် သူ၏ ပြိုင်ဘက်ကင်းခန္ဓာကို အသက်သွင်းပြီး ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်‌ သေချာပေါက်ဖြစ်လာပေလိမ့်မည်။

စိတ်ကျေနပ်နေသည့် ဝမ်ဖုန်းသည် ပြန်လှည့်ကာ သူ၏ ဂိုဏ်းချုပ်ခန်းမသို့ ပြန်လာခဲ့သည်။

.............

ရှန်ရှန့်ကျုံဂိုဏ်းရှိရာ တောင်ကြားမှ မိုင်တစ်ထောင်ပင်မဝေးသည့်နေရာတွင် မြင့်မားသည့် တောင်ထွတ်တစ်ခုရှိ၏။

နန်းတော်အုပ်စုများရှိရာ နာမည်ကျော်ကြားသည့် လင်းယွမ်ဂိုဏ်းသည် ရှင်းယောင်တောင်တန်းများ၏ ပြင်ပနယ်မြေ၌ တည်ရှိပေသည်။ လင်းယွမ်ဂိုဏ်းသည် ယောင်ရီအင်ပါယာတစ်ခုလုံး၌ နာမည်ကျော်ကြားဆုံးမဟုတ်သော်လည်း ရှင်းယောင်တောင်တန်းများတစ်ဝိုက်တွင် ဂိုဏ်းကြီးတစ်ဂိုဏ်း‌ဖြစ်သည်။

ဤအခိုက်အတန့်၌ အပြောင်းအလဲသို့ဝင်ရောက်ခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည့် လင်းယွမ်ဂိုဏ်း၏ ဂိုဏ်းချုပ် ချန်ဖုန်းသည် ဂိုဏ်းချုပ်ပလ္လင်၌ထိုင်နေပြီး အောက်၌ရှိသည့် လင်းယွမ်ဂိုဏ်း၏ အကြီးအကဲများစွာကို လေးနက်သည့် အကြည့်ဖြင့်ကြည့်နေခဲ့၏!

"ဂိုဏ်းချုပ် နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံက စတော့မှာ ပြီးတော့ ချန်ရှင်းက ဆန်းကြယ်သောအကြီးအကဲအဆင့်ကို မချိုးဖျက်ရသေးဘူး။ ဒီတစ်ခေါက် ကျုပ်တို့ လင်းယွမ်ဂိုဏ်းက နတ်ဆိုးချိပ်ပိတ်ခြင်းစာရင်းကို မတက်လှမ်းနိုင်မှာ စိုးရိမ်မိတယ်!"

ထိုအသံက ခန်းမတစ်ခုလုံး ဟိန်းထွက်လာခဲ့သည်။

ခန်းမအတွင်း၌ရှိသည့် လင်းယွမ်ဂိုဏ်း၏ အကြီးအကဲများသည် ချိုးဝမ်ဖုန်း၏ စကားများကို ကြားသည့်အခါ၌ သူတို့၏ အမူအရာများက လေးနက်လာခဲ့ကြသည်။

"နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံက အရမ်းအရေးကြီးတယ်။ ကျုပ်တို့ ၊ လင်းယွမ်ဂိုဏ်းက ဘာပဲဖြစ်ဖြစ် ယှဉ်ပြိုင်ရမယ်။ ပြီးတော့ နတ်ဆိုးချိပ်ပိတ်ခြင်းစာရင်းက ကျုပ်တို့ကို ယောင်ရီအကယ်ဒမီ ကို ဝင်ရောက်နိုင်မလား ဆိုတာနဲ့ ပိုပြီးတောင် သက်ဆိုင်တယ်။ ကျုပ် ၊ လင်းယွမ်ဂိုဏ်းက အဲ့တာကို လွဲချော်လို့မဖြစ်ဘူး!"

ပထမအကြီးအကဲ ချိုးဝမ်ဖုန်း၏ စကားများကို ကြားပြီး ချန်ဖုန်းသည် အကြီးအကဲများအား တစ်ချက်ကြည့်ကာ ယုံကြည်ချက်ရှိသည့် အသံဖြင့်ပြောခဲ့သည်။

"ဒါပေမယ့်လည်း ဒီတစ်ခေါက် နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံကို ထုတ်ပြန်ခဲ့တဲ့သူက လူငယ်မျိုးဆက်တပည့်တွေကပဲ ဖြစ်နိုင်မယ်လို့ပြောတယ်။ အရင်ကနဲ့မတူဘဲ ကျုပ်တို့ လင်းယွမ်ဂိုဏ်းမှာ ဝိဉာဉ်အဆင့်အထွတ်အထိပ်ကိုရောက်ခဲ့တဲ့ ချန်ရှင်းက လွဲပြီး တခြား ဘယ်သူမှမရှိဘူး။ သိမ်မွေ့သွေးကြောအထွတ်အထိပ် တပည့်တွေက တခြားမောက်မာတဲ့ အဓိကဂိုဏ်းတွေနဲ့ ဘယ်လိုလုပ်ယှဉ်ပြိုင်နိုင်မှာလဲ"

ပထမအကြီးအကဲ ချိုးဝမ်ဖုန်း၏ မျက်နှာထက်တွင် ပူပန်ကြောင့်ကြသည့်အရိပ်အယောင်ပေါ်လာပြီး အလေးအနက်ပြောခဲ့သည်။

ဤသည်ကိုကြားပြီး ဂိုဏ်းချုပ် ချန်ဖုန်းအပါအဝင် ခန်းမအတွင်းရှိ လင်းယွမ်ဂိုဏ်း၏ အကြီးအကဲများစွာသည် ငြိမ်သက်သွားကြပြီး သူတို့၏ မျက်လုံးများတွင် လေးနက်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးလာခဲ့သည်။

ချန်ရှင်းသည် ချန်ဖုန်း၏ သားဖြစ်သည်။ သူက အသက် ၁၉ နှစ်အရွယ်၌ဝိဉာဉ်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိခဲ့သည်။ သူက လင်းယွမ်ဂိုဏ်းရှိ လူငယ်မျိုးဆက်များထဲ ပထမဆုံးဖြစ်သည်။ သူက အလွန် အရည်အချင်းရှိသည်ဟု ထင်ရသော်လည်းယောင်ရီ အင်ပါယာတစ်ခုလုံးနှင့် ကြည့်ပါက သူက ထိပ်တန်းပါရမီရှင်တစ်ယောက်ပင် မဟုတ်ချေ။

"အခုတစ်လော ‌ရှင်းယောင်တောင်တန်းတွေရဲ့ အစွန်အဖျားမှာ ဘာဖြစ်တာလဲ"

အခုလောလောဆယ်၌ သင့်တော်သည့် အဖြေတစ်ခုကိုမစဉ်းစားနိုင်သည့် ချန်ဖုန်းသည် မျက်စိတစ်မှိတ်အတွင်းမေးခဲ့သည်။

"ယောင်ဖုန်းမြို့တော်ထဲက လင်းမိသားစုက ချန်လင်မြို့စားအိမ်တော်ကြောင့် ဖျက်ဆီးခံခဲ့ရပါတယ်။ လင်းမိသားစု အကြီးဆုံး သခင်မလေးက ရှင်းယောင်တောင်တန်းတွေရဲ့ အစွန်အဖျားကိုထွက်ပြေးခဲ့ပြီး ချန်လင်မြို့စားအိမ်တော်ရဲ့ သခင်လေးဆီကနေ လိုက်ဖမ်းခံရတယ်။ ရလာဒ်ကိုတော့ မသိရသေးပါဘူး!"

ဤသည်ကိုနားထောင်ပြီးသည့်နောက်တွင် ပထမအကြီးအကဲ ချိုးဝမ်ဖုန်း၏ အမူအရာက ပြောင်းလဲသွားပြီး အသံထွက်လာခဲ့သည်။

"လင်းမိသားစုအရေးက ယောင်ရီအင်ပါယာရဲ့ အဆင့်မြင့်ကစားပွဲထဲမှာ ပါဝင်ပြီးတော့ ကျုပ်တို့ဝင်ပါနိုင်တဲ့ ကိစ္စမဟုတ်ဘူး။ လင်းမိသားစုရဲ့ အကြီးဆုံး သခင်မလေးအနေနဲ့ကတော့ သူမက အခု ကပ်ဘေးတစ်ခုပဲ။ ရန်စတဲ့သူတိုင်းက ကံကြမ္မာဆိုးရွားမယ်။ ငါ့ရဲ့ လင်းယွမ်ဂိုဏ်းက အဲ့ထဲမှာ ဝင်မပါရဘူး!"

ချန်ဖုန်းက မျက်မှောင်ကြုတ်ကာ အလေးအနက်ပြောခဲ့သည်။ ယောင်ရီအင်ပါယာရဲ့ မင်းသားတိုင်းက အနည်းဆုံး တော်ဝင်မင်းသားအဆင့်မှာရှိတဲ့ အင်အားကြီးတဲ့လူတွေပဲ။ ပြီးတော့ သူတို့လို သာမန်ဂိုဏ်းတွေက ရန်စနိုင်တဲ့အရာမဟုတ်ပေ။

"ဟုတ်ကဲ့...သိပါပြီ! အကြီးဆုံး သခင်မလေး လင်း က ရှင်းယောင်တောင်တန်းတွေရဲ့ အစွန်အဖျားကို ထွက်ပြေးသွားတဲ့အချိန်က ကျွန်တော်က လင်းယွမ်ဂိုဏ်းရဲ့ စုံစမ်းဖို့ တောင်းဆိုခဲ့ပေမယ့် ချန်လင်အိမ်တော်ရဲ့ သခင်လေး ပေါ်လာပြီးတဲ့နောက်မှာ ချန်လင်အိမ်တော်ရဲ့ သခင်လေးကို ရန်စမိခြင်းကနေ ရှောင်ရှားဖို့ လင်းယွမ်ဂိုဏ်းရဲ့ တပည့်တွေက ဆုတ်ခွာလာခဲ့ကြတယ်!"

"ကောင်းတယ်! ချန်လင်သခင်လေးက ပျော်တတ်ပေမယ့် သူက ချန်လင်မြို့စားနဲ့ အရမ်းတူတယ်။ သူ့မှာ ကောက်ကျစ်တဲ့ စိတ်နေစိတ်ထားရှိတယ်။ ရန်စမိတာနဲ့ချက်ချင်း အရိုးစားသန်ကောင်လို မောင်းထုတ်နိုင်မှာမဟုတ်ဘူး"

ပထမအကြီးအကဲ၏ စကားများကိုနားထောင်ပြီး ချန်ဖုန်းက ခေါင်းညိမ့်ကာပြောခဲ့သည်။

"အဲ့တာကလွဲပြီး တခြားကိစ္စမရှိဘူးလား"

"နောက်ထပ်ထူးဆန်းတာတစ်ခုရှိပါတယ်!"

"အိုး ? နားထောင်ပါရစေဦး!"

ချန်ဖုန်း၏ မျက်လုံးများက တောက်ပမှုဖြင့် တလက်လက်ထကာ သူ၏ မျက်လုံးများက ချိုးဝမ်ဖုန်းအပေါ်တွင် ခိုင်မြဲစွာကြည့်ကာ ပြောခဲ့သည်။

"မနေ့က ကျုပ်တို့ လင်းယွမ်ဂိုဏ်းကနေ မိုင်တစ်ထောင်တောင်မဝေးနဲ့ တောင်ကြားသေးလေးထဲမှာ ဆန်းကြယ်သောအကြီးအကဲတစ်ယောက်ရဲ့ အရှိန်အဝါရှိခဲ့တယ်။ ဂိုဏ်းကတပည့်တွေရဲ့ ပြောစကားအရ ဆန်းကြယ်သောအကြီးအကဲရဲ့အရှိန်အဝါက ခုမှ ချိုးဖျက်ခဲ့တာတဲ့!"

ချိုးဝမ်ဖုန်းသည် လျစ်လျူရှုမထားနိုင်ဘဲ လျင်မြန်စွာပြောခဲ့သည်။

" ရှင်းယောင်တောင်တန်းရဲ့ အစွန်အဖျားမှာ ဆန်းကြယ်‌ေသာအကြီးအကဲ အဆင့်ကို ချိုးဖျက်ဖို့ အခွင့်အရေးရခဲ့တဲ့ လူငယ်မျိုးဆက် ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတစ်ယောက်ဖြစ်နိုင်မလား"

ပထမအကြီးအကဲ ချိုးဝမ်ဖုန်း၏ စကားကိုကြားပြီး ချန်ဖုန်းက ထိတ်လန့်သွားကာ သူ၏ မျက်လုံးများက တောက်ပလာပြီး အလေးအနက်ပြောခဲ့သည်။

ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများမှ လွဲ၍ အပြင်ထွက်၍ အဆင့်ချိုးဖျက်မည့် အဓိကတပည့်များ မရှိပေ။ တကယ်တော့ ဆန်းကြယ်သောအကြီးအကဲအဆင့်သို့ အဆင့်ချိုးဖျက်ခြင်းက အလွန်အရေးကြီးပေသည်။

ထို့ကြောင့် မည်သည့် အဓိကတပည့်မဆို အဆင့်ချိုးဖျက်တော့မည်ကို သိသည်နှင့်ချက်ချင်း ဂိုဏ်းသို့သေချာပေါက် ပြန်လာပြီး စိတ်အေးအေးချမ်းချမ်းဖြင့် အဆင့်တက်နိုင်စေရန် ဂိုဏ်း၏ ကာကွယ်မှုကို တောင်းခံပေလိမ့်မည်။

"ကျွန်တော် မသိပါဘူး။ အဲ့ဒီအချိန်က တပည့်က စူးစမ်းဖို့ မချဉ်းကပ်ရဲခဲပေမယ့် အဲ့ဒီအရှိန်အဝါကို အဝေးကနေ ခံစားခဲ့ရပါတယ်!"

မဟာအကြီးအကဲ ချိုးဝမ်ဖုန်းက ခေါင်းခါကာပြောခဲ့သည်။

"ဒီလို ပါရမီရှင်မျိုးက ကျုပ်ရဲ့ ‌ရှင်းယောင်တောင်တန်းအစွန်အဖျားမှာ ပေါ်လာတယ်ဆိုကတည်းက ဒါက ငါ့ရဲ့ လင်းယွမ်ဂိုဏ်းအတွက် အခွင့်အရေးတစ်ခုပဲ။ ချန်ရှင်းရဲ့ အရည်အချင်းနဲ့ဆိုရင် ငါ့ရဲ့ လင်းယွမ်ဂိုဏ်းက အချိန်တိုအတွင်းမှာ အကူအညီအပြည့်အဝရခဲ့ရင်တောင်မှဆန်းကြယ်အကြီးအကဲအဆင့်ကို မချိုးဖျက်နိုင်မှာ စိုးရိမ်မိတယ်။ ဒါမှမဟုတ် ငါ့ရဲ့ လင်းယွမ်ဂိုဏ်းအတွက် အဆင့်တခုကို အရယူနိုင်ဖို့ ဒီ မရင်းနှီးတဲ့ ပါရမီရှင်ကို နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံမှာ ငါရဲ့ လင်းယွမ်ဂိုဏ်းရဲ့ နေရာမှာ ယှဉ်ပြိုင်ခိုင်းရမယ်!"

ချန်ဖုန်းသည် အလဟဿမတ်တပ်ရပ်ကာ သူ၏မျက်လုံးများက တောက်ပနေပြီး အလွန်စိတ်လှုပ်ရှားနေသည့် အသံဖြင့် ပြောခဲ့သည်။

ထို့အပြင် ခန်းမအတွင်းရှိ လင်းယွမ်ဂိုဏ်း၏ အကြီးအကဲများသည် သူတို့အားလုံးအား ထိတ်လန့်စေပြီး သူတို့အားလုံးက တောက်ပလာကြသည်!

"ဂိုဏ်းချုပ် ၊ သင့်တော်ပါတယ်!"

"ဟုတ်ပါတယ် ဆန်းကြယ်သောအကြီးအကဲအဆင့် လူငယ်မျိုးဆက်တစ်ယောက်အား ထိပ်တန်းပါရမီရှင်တစ်ယောက်ဟု မယူဆသော်လည်း နတ်ဆိုးချိပ်ပိတ်ခြင်း စာရင်း ၏ အမည်တစ်ခုကို ပိုင်ဆိုင်ရန် ဖြစ်‌နိုင်နေဆဲပင်။

"ဟုတ်တယ်။ ကျုပ်တို့ လင်းယွမ်ဂိုဏ်းကို ဘုရားမတာပဲ!"

ရှိနေသည့် အကြီးအကဲများသည် ဆန်းကြယ်သောအကြီးအကဲအဆင့်အား ချိုးဖျက်ခဲ့သည့် လူငယ်မျိုးဆက်က သူ၏ လင်းယွမ်ဂိုဏ်းတပည့်တစ်ယောက်ဖြစ်လာသကဲ့သို့ ဤအကြောင်းအား ပြောနေခဲ့ကြသည်။

"ဂိုဏ်းချုပ် ၊ အဲ့ဒီလူမှာ ဂိုဏ်းတစ်ခုရှိနေရင်ရော" ပထမအကြီးအကဲ ချိုးဝမ်ဖုန့်က ရှိနေသည့် အကြီးအကဲများလို ယုံကြည်စိတ်ချခြင်းမရှိဘဲ လေးနက်စွာမေးခဲ့သည်။

"တကယ်လို့ ဂိုဏ်းကြီးတစ်ဂိုဏ်းရဲ့ တပည့်ဖြစ်ရင် လက်လျှော့လိုက်တာပေါ့! တကယ်လို့ ဂိုဏ်းငယ်လေးက တပည့်ဖြစ်ရင် သူကိုအရင်ခေါ်လာခဲ့ ပြီးရင် သူ့ဂိုဏ်းကိုဖျက်ဆီးပြီး သူ့ကို ငါ့ရဲ့ လင်းယွမ်ဂိုဏ်းမှာ အပြီးချုပ်ထားရမယ်!"

ပထမအကြီးအကဲ၏ စကားကိုကြားပြီး ချန်ဖုန်း၏မျက်လုံးများက အကြင်နာတရားမဲ့မှုများဖြတ်ပြေးကာ အလေးအနက်ပြောခဲ့သည်။

ဤရက်စက်ကြမ်းကြုတ်သည့် ကျင့်ကြံ‌ေရးလော‌က၌ ရက်စက်ကြမ်းကြုတ်မှုမရှိပါက သင်က မည်သို့ ရပ်တည်နိုင်ပါမည်နည်း။

"ဟုတ်ကဲ့ပါ!" မဟာအကြီးအကဲ ချိုးဝမ်ဖုန်းသည် လက်အုပ်ချီကာ သူ၏မျက်နှာထက်တွင် မသက်မသာဖြစ်သည့် အရိပ်အယောင်မရှိသော်လည်း ထိုအစား ဖြစ်သင့်ဖြစ်ထိုက်သည်ကို ပြောခဲ့သကဲ့သို့ပင်။

ဤသည်က ရှန်းလန်တိုက်မကြီးထဲ၌ အလွန်ပုံမှန်ဖြစ်သည့် ကိစ္စမျိုးဖြစ်သည်။ တစ်ခါတစ်ရံတွင် ဂိုဏ်းငယ်လေးထဲ၌ မိုးကောင်းကင်အား ဆန့်ကျင်သည့် ကလေးများ ပေါ်ထွက်လာခြင်းက ကိစ္စကောင်းတစ်ခုမဟုတ်ဘဲ ကပ်ဘေးတစ်ခုဖြစ်လေသည်။

"ဒါကို မင်း ကိုယ်တိုင်လုပ်ပါ!" ချန်ဖုန်းသည် ချိုးဝမ်ဖုန်းအားတစ်ချက်ကြည့်ကာ တိုက်တွန်းခဲ့သည်။

All Chapters