နတ်ဆိုးချိပ်ပိတ်ခြင်း ညီလာခံ
Vol. 1 Ch. 13
ဤအခိုက်အတန့်၌ ချိုးဝမ်ဖုန်းသည် သူ့ရှေ့၌ရှိသည့် သက်ကယ်တဲအား အေးစက်သည့် အကြည့်ဖြင့် လှောင်ရယ်စွာကြည့်ခဲ့သည်။ ရှင်းယောင်တောင်တန်း၏ အစွန်အဖျားတွင်ရှိသည့် ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်သည့် သူ၏ လင်းယွမ်ဂိုဏ်းကပင် "ရှန်ရှန့်ကျုံ" ဟူသည့် အမည်ကို မပေးဝံ့ပေ။
ဂိုဏ်း၏ ဌာနချုပ်အဖြစ် သက်ကယ်တဲများအားအသုံးပြုထားသည့် ဤနေရာက ထိုကဲ့သို့ ကြီးမားသည့် ခံယူချက်ကို ဘယ်လိုတောင် လုပ်ဆောင်ဝံ့တာလဲ။ ငါဘယ်လို နေထိုင်ရမလဲ ဒါမှမဟုတ် ဘယ်လိုသေဆုံးရမလဲ ဆိုတာ တကယ်မသိတော့ဘူး!
သို့သော်လည်း ဤအချိန်၌ ချိုးဝမ်ဖုန်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အချည်းနှီးရပ်နေခဲ့သည်။ အလွန်ကြောက်မက်ဖွယ်ကောင်းသည့် မျက်ဝန်းတစ်စုံက သူ့အားစိုက်ကြည့်နေသည်ဟု ခံစားရကာ သူ၏ ခြေဖဝါးက ငရဲသို့ တစ်ဝက်ရောက်နေသည်ဟုပင် ခံစားရပေသည်။
ဝုန်း!
ထို့နောက် ချက်ချင်းပင် ချိုးဝမ်ဖုန်း၏ ကြောက်လန့်တကြားဖြစ်နေသည့် အကြည့်အောက်၌ သက်ကယ်တဲအတွင်းမှ လက်ဝါးရာတစ်ခု ပစ်လွှတ်လိုက်ပြီး သူပင်မရှောင်နိုင်သည့် အလွန်ထိတ်လန့်ဖွယ်ရာ အရှိန်ဖြင့် ထွက်လာခဲ့ပေ၏!
ဝုန်း!
ကြောက်မက်ဖွယ်ရာ အားတစ်ခုပေါက်ကွဲလာပြီး ချိုးဝမ်ဖုန်းသည် ချက်ချင်းလွှင့်ထွက်သွားကာ ခပ်ဝေးဝေးရှိ မြေပြင်ပေါ်သို့ ကျလာခဲ့သည်။ မြေပြင်တစ်ခုလုံးက ကွဲအက်သွားပြီး ကျောက်စလစ်ခဲများ လွင့်စဉ်သွားကာ လူပုံသဏ္ဌာန်ချိုင့်တစ်ခု ဖြစ်လာခဲ့သည်။
"အဟွတ် ၊ အဟွတ်!"
ချိုးဝမ်ဖုန်းသည် ပါးစပ်ထောင့်မှ သွေးများဖြင့်ချောင်းဆိုးကာ ကြောင်တောင်တောင်ဖြင့် ချိုင့်ထဲမှ တွားသွားတက်လာခဲ့ပြီး ထိတ်လန့်နေသည့် အကြည့်ဖြင့် မော့ကြည့်လိုက်ရာ သက်ကယ်တဲအတွင်းမှ အေးအေးဆေးဆေးထွက်လာသည့် လူသုံးယောက်ကို ရုတ်တရက်တွေ့ခဲ့ရသည်။
ခေါင်းဆောင်က ဘရိုကိတ်ဝတ်စုံအား ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်ဖြစ်ပြီး ဘယ်ဘက်တွင် ပုံစံအမျိုးမျိုးဖြင့် ပြိုင်ဘက်ကင်းအလှလေးတစ်ယောက်ဖြစ်ပြီး ညာဘက်တွင် မျက်နှာ၌ အနက်ရောင်စင်းကြောင်းများ ကန့်လန့်ဖြတ်နေပြီး အလွန်တရာ ကြောက်စရာကောင်းသည့် တုတ်ခိုင်သန်မာသည့်လူတစ်ယောက်ဖြစ်သည်။
ထိုလူသုံးယောက်မှာ ဝမ်ဖုန်း ၊ ယောင်ယွဲ့ နှင့် မဟာနတ်ဆိုးရွှမ်ရှတို့ပင်။
ဝမ်ဖုန်းသည် ပြင်းပြင်းထန်ထန်ဒဏ်ရာရနေသည့် ချိုးဝမ်ဖုန်းအားကြည့်ပြီး ခေါင်းခါကာ ညင်သာစွာသက်ပြင်းချခဲ့သည်။ ဝမ်ဖုန်း ဤကဲ့သို့ သေသလား ရှင်သလား မသိရသည့် လူတစ်ယောက်အား ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်သည်။
ချိုးဝမ်ဖုန်း၏ ထေ့ငေါ့ပြောဆိုသည့် စကားများကို ကြားသည့်အခါ၌ သူနှင့် ယောင်ယွဲ့က သက်ကယ်အတွင်း၌ ပေါ်လာရုံမျှသာရှိသေးသည်။ ဝမ်ဖုန်းက ဒေါသမထွက်နိုင်ခင်မှာပင် သူ့ဘေး၌ရှိသည့် ယောင်ယွဲ့က လက်ဝါးဖြင့်ရိုက်ချခဲ့ပြီး ယခုအခြေအနေဖြစ်လာရခြင်းပင်။
ဝမ်ဖုန်းသည် ချိုးဝမ်ဖုန်းကဲ့သို့ အဆင့်အတန်းမရှိသည့် လူတစ်ယောက်အတွက် ယောင်ယွဲ့အား အပြစ်မတင်ပေ။ မရိုက်နှက်နိုင်ပေ။ သူက သတ်ပစ်ခဲ့လျှင်ပင် ကျေနပ်ပေသည်။ သူတည်ထောင်ထားသည့် ရှန်ရှန့်ကျုံဂိုဏ်းအား စော်ကားဝံ့သည့် မည်သူ့ကိုမှ သည်းမခံနိုင်ချေ။
ထိုအချိန်တွင် ဝမ်ဖုန်း၏ နောက်၌ရှိသည့် မဟာနတ်ဆိုးရွှမ်ရှသည်လည်း ချိုးဝမ်ဖုန်းအား အေးစက်စွာကြည့်နေခဲ့လေသည်။ အကယ်၍ ခုနက ယောင်ယွဲ့က မလှုပ်ရှားခဲ့ပါက သူက မုချ လှုပ်ရှားပေလိမ့်မည်။ သူက ရှန်ရှန့်ကျုံ ဂိုဏ်စအား ယာယီ တစ်နှစ်သာဝင်ရောက်သော်လည်း ဤလျှို့ဝှက်ဆန်းကြယ်သည့်ဂိုဏ်း၏ မဟာနတ်ဆိုး ဖြစ်နေသရွေ့ ရှန်ရှန့်ကျုံဂိုဏ်းအား မည်သူကမှ စော်ကားလို့မရပေ!
ထို့အပြင် သူက ရှန်ရှန့်ကျုံဂိုဏ်းသို့ ဝင်ရောက်ခဲ့သည့်အချိန်ကြာလာသည်နှင့်အမျှ ရှန်ရှန့်ကျုံဂိုဏ်း၏လျှို့ဝှက်ချက်များနှင့်ပို၍ ထိတွေ့ကာ ရှန်ရှန့်ကျုံဂိုဏ်း၌ နေထိုင်လိုသည့် စိတ်ကူးက မဟာနတ်ဆိုးရွှမ်ရှ၏ နှလုံးအိမ်၌ ပေါက်ဖွားလာခဲ့ပေသည်။
ယခုအချိန်ထိတိုင်အောင် မဟာနတ်ဆိုးရွှမ်ရှသည် ရှန်ရှန့်ကျုံဂိုဏ်း၏ နောက်ခံကိုမသိရသေးပေ။ ရှန်ရှန့်ကျုံဂိုဏ်းနှင့် တခြားပုန်းကွယ်နေသည့် လောကဂိုဏ်းများသည် မဟာနတ်ဆိုးရွှမ်ရှ၏ ပူးပေါင်းခြင်းနှင့် ထိုက်ထန်ပေသည်။
"မင်းတို့ကဘယ်သူတွေလဲ။ ဘာလို့ငါကို တိုက်ခိုက်ရတာလဲ"
ချိုးဝမ်ဖုန်းသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ နာကျင်မှုအား တောင့်ခံကာ သူ၏ နှလုံးအိမ်အတွင်း၌ တုန်လှုပ်နေပြီး ဝမ်ဖုန်းနှင့်အခြားသူများအား စိုက်ကြည့်ကာ မေးခွန်ထုတ်ခဲ့သည်။
သူက ယောင်ယွဲ့၏ လက်ဖဝါးကြောင့် အပြင်းအထန်ဒဏ်ရာရထားသော်လည်း ခုနက ယောင်ယွဲ့၏ လက်ဖဝါး၌ ပါဝင်သည့် ကျင့်ကြံခြင်းအရှိန်အဝါကို သတိမမူမိခဲ့ချေ။ ထို့ကြောင့် သူက သတိလွတ်သွားခဲ့ပြီး ဝမ်ဖုန်းနှင့် တခြားသူများအား အငိုက်ဖမ်းတိုက်ခွင့်ပေးလိုက်ရသည်ဟု ထင်ခဲ့သည်။
ထိုအချိန်၌ ချိုးဝမ်ဖုမ်းက အရမ်းဒေါသထွက်နေသည်မှာ သဘာဝကျပေသည်။ လင်းယွမ်ဂိုဏ်း၏ မဟာအကြီးအကဲဖြစ်သည့် သူက အလစ်ငိုက်တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာအပြင်းအထန်ရခဲ့ရသည်။ ဤအကြောင်းသာ အပြင်သို့ပြန့်သွားပါက သူမျက်နှာပျက်ရမည်သာ။ ထို့အပြင် သူက လင်းယွမ်ဂိုဏ်း၏ မဟာအကြီးအကဲပင်။ ဒီလူတစ်စုက သူ့ကို ဘယ်လိုလုပ်တိုက်ခိုက်ရဲရတာလဲ။ လင်းယွမ်ဂိုဏ်းက ရွှံ့နွံတွေလို့ ထင်နေတာလား။
အဟုတ်ပင်။ ချိုးဝမ်ဖုန်းသည် ဝမ်ဖုန်းနှင့်အခြားသူများက တိုက်ခိုက်ခဲ့သည်ဟုထင်ခဲ့သော်လည်း ထိုလူတစ်စုက သူ့အား အပြင်းအထန်ရိုက်နှက်ရန် မလွယ်ကူပေ။ ချိုးဝမ်ဖုန်းက မေးခွန်းထုတ်နေသော်လည်း သူ၏ လေသံက အနည်းငယ်အားနည်းနေပေသည်။
အကယ်၍ ဂိုဏ်းတစ်ဂိုဏ်း၏ အထောက်အပံ့ရထားသည့် လင်းယွမ်ဂိုဏ်းကြောင့်သာမဟုတ်ပါက သူက တိုက်ခိုက်ခံရလျှင်ပင် သူ့နှာခေါင်းသူဖိထားကာ အသိအမှတ်ပြုပေလိမ့်မည်။ တကယ်တော့ ထိုအချိန်၌ သူက ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး တစ်ဖက်က အရေအတွက်များကာ စွမ်းအားကြီးပေသည်။ ဤသည်ကို ချက်ချင်းအရှုံးမပေးဘဲ နောက်ပိုင်းမှ လက်စားချေမည့် သူရဲကောင်းဟု ခေါ်ပေသည်။ ထို့သို့လုပ်ရန် မဖြစ်နိုင်ပေ!
သို့သော်လည်း သူက လင်းယွမ်ဂိုဏ်း၏ အကြီးအကဲတစ်ယောက်ဖြစ်ပြီး လင်းယွမ်ဂိုဏ်းက ရှင်းယောင်တောင်တန်း၏ အစွန်အဖျား၌ရှိသည့် ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်သည်ဟူသည့် အချက်က ချိုးဝမ်ဖုန်းအား ယုံကြည်မှုတစ်ချို့ ထည့်ပေးခဲ့လေသည်။ သူက လင်းယွမ်ဂိုဏ်း၏ နာမည်အား ထုတ်ပြောလိုက်သည်နှင့် ထိုလူတစ်ခုက သူ့အား မုချ တိုက်ခိုက်ဝံ့မည်မဟုတ်ပေ။
ရှင်းယောင်တောင်တန်း၏ အစွန်အဖျားသည် သူ၏ လင်းယွမ်ဂိုဏ်း၏ ပိုင်နက်နယ်မြေဖြစ်သည်။ သူ၏ လင်းယွမ်ဂိုဏ်းက ၁ ဟုပြောသည်နှင့် မည်သူကမှ ၂ ကို မပြောဝံ့ကြချေ။
"ဒီနေရာက မင်းရဲ့ဂိုဏ်းလား။ မင်းက အပြောင်းအလဲသို့ ဝင်ရောက်ခြင်းအဆင့်ကို ရောက်တာနဲ့ မင်းကိုယ်မင်း ကိုယ်ပိုင် ဂိုဏ်းထောင်လို့ရပြီထင်နေတာလား။ ကျစ် ကျစ် ၊ ဒီခေတ်မှာ မဟာနတ်ဆိုးထက်ပိုပြီး ရူးမိုက်တဲ့သူတွေရှိမယ်လို့ထင်မထားခဲ့ဘူး!"
ချိုးဝမ်ဖုန်း၏ စကားများကို ကြားပြီး ဝမ်ဖုန်း၏ဘေး၌ရပ်နေသည့် မဟာနတ်ဆိုးရွှမ်ရှက ထေ့ငေါ့စွာပြောခဲ့သည်။
ဝမ်ဖုန်းက လက်ကိုဝှေ့ယမ်းလိုက်ပြီး မဟာနတ်ဆိုးရွှမ်ရှက သူ၏ ခနဲ့တဲ့တဲ့စကားများကို ဘေးချိတ်ကာ သူ၏ မျက်နှာအား တည်တည်တံ့တံ့ဖြစ်စေကာ ဝမ်ဖုန်း၏ ဘေး၌ရပ်နေစဉ်တွင် ဝမ်ဖုန်းသည် ချိုးဝမ်ဖုန်းအား မျက်မှောင်ကြုံ့ကာ ငုံ့ကြည့်ရင်း အလေးအနက်ပြောခဲ့သည်။
"မင်း ၊ မင်းရဲ့ နာမည်ကဘာလဲ။ ဘာလို့ ငါ့ရဲ့ ရှန်ရှန့်ကျုံ ဂိုဏ်းကို စော်ကားရတာလဲ"
"ရှန်ရှန့်ကျုံဂိုဏ်းလား။ မင်းက အဲ့ဒီ ဂိုဏ်းသေးသေးလေးကလား"
ဝမ်ဖုန်း၏ စကားများကို နားထောင်ပြီး ချိုးဝမ်ဖုန်း၏ အမူအရာက အေးစက်သွားပြီး သူက မရည်ရွယ်ဘဲ ပြောလိုက်မိသည်။ သူ့အား ခိုးကြောင်ခိုးဝှက်ဖြင့် တိုက်ခိုက်ကာ ဒဏ်ရာအပြင်းအထန်ရစေခဲ့သည့် သူက သခင်က သူနှင်ထုတ်ခဲ့သည့် ဂိုဏ်းငယ်လေးတစ်ခု၏ အဖွဲ့ဝင်ဖြစ်နေမည်ဟုထင်မထားခဲ့ပေ။
ဘယ်လိုဖြစ်နိုင်မှာလဲ။ ဂိုဏ်းဌာနချုပ်အဖြစ် သက်ကယ်တဲသာရှိသည့် ဂိုဏ်းငယ်တစ်ခု၌ ထိုသို့ အင်အားကြီးသည့် ပုဂ္ဂိုလ်တစ်ယောက် မည်သို့ ရှိနိုင်ပါမည်နည်း။ သူ့အား အလစ်ငိုက်တိုက်ခိုက်ပြီး ဒဏ်ရာအပြင်းအထန်ရစေနိုင်သည့် သူက အနည်းဆုံး ဆန်းကြယ်သော အကြီးအကဲအထွတ်အထိပ်အဆင့် စွမ်းအားကြီးပုဂ္ဂိုလ်များ သို့မဟုတ် ဉာဏ်အလင်းပွင့်ခြင်းအဆင့် တည်ရှိမှုပင် ဖြစ်ရပေမည်။
"သူ့ကိုခေါ်ခဲ့!"
ဝမ်ဖုန်းသည် မျက်မှောင်ကြုတ်ပြီး လက်ကိုဝှေ့ယမ်းကာ အချက်ပြခဲ့သည်။ ဒီအချိန်မှာပင် ထိုလူက ခပ်ညံ့ညံ့လူတစ်ယောက်ဖြစ်နေဆဲဖြစ်ပြီး တကယ်ကို သန့်ရှင်းရန်လိုအပ်ပေသည်။
"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်! ကျစ် ကျစ် ဂိုဏ်းချုပ်ရဲ့ရှေ့မှာ ငါ့ရဲ့ ရှန်ရှန့်ကျုံဂိုဏ်းကို အရှက်ခွဲဝံ့တယ်။ သေမလား ရှင်မလားဆိုတာတော့ ငါလည်းမသိဘူး!"
ဝမ်ဖုန်း၏ စကားများကိုနားထောင်ပြီး မဟာနတ်ဆိုးရွှမ်ရှ က အေးစက်သွားခဲ့သည်။ ထို့နောက် ချိုးဝမ်ဖုန်းအားကြည့်ပြီး အံကြိတ်ကာ လက်သီးဆုပ်ပြီး ချိုးဝမ်ဖုန်းရှေ့သို့ လျောက်လာခဲ့သည်!
"မင်း ဘာတွေလုပ်နေတာလဲ။ ဘဝင်မြင့်လိုက်တာ။ ငါက လင်းယွမ်ဂိုဏ်းရဲ့ မဟာအကြီးအကဲပဲ! တကယ်လို့ ငါ့ကို ဖမ်းမယ်ဆိုရင် ငါရဲ့ လင်းယွမ်ဂိုဏ်းက မင်းကို ရှင်လျက်နဲ့ သေအောင်လုပ်လိမ့်မယ်!"
သို့သော်လည်း မဟာနတ်ဆိုး ရွှမ်ရှသည် ချိုးဝမ်ဖုန်း၏ ပြစ်တင်ကြိမ်းမောင်းမှုအား လုံးဝ လျစ်လျူရှုထားခဲ့သည်။နှစ်မီတာကျော်ရှည်လျားသည့် သူက အပြင်းအထန်ဒဏ်ရာရနေသည့် ချိုးဝမ်ဖုန်းအား ကြက်ကလေးငှက်ကလေးတစ်ကောင်ကဲ့သို့ မကာ သူ့အား ဆယ်မီတာသို့ တရွတ်ဆွဲသွားခဲ့သည်။
"လင်းယွမ်ဂိုဏ်းကဘာလဲ။ ငါဘယ်တုန်းကမှ အကြားဖူးဘူး။ ငါ့ရဲ့ ရှန်ရှန့်ကျုံဂိုဏ်းရှေ့မှာ ပြက်ရယ်ပြုရဲတဲ့ဂိုဏ်းတစ်ခုပဲ။ သေရတာ သနားစရာမဟုတ်ဘူးပဲ!"
ချိုးဝမ်ဖုန်းအနေဖြင့် မဟာနတ်ဆိုးရွှမ်ရှ၏ ကြီးမားသည့်လက်ကြီးဖြင့် ဆွဲထုတ်ခံရသည့်အခါ၌ သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များအား အရူးအမူးလှည့်ပတ်ကာ မဟာနတ်ဆိုးရွှမ်ရှ၏ ကြီးမားသည့်လက်ကြီးမှ လွတ်မြောက်ရန်ကြိုးစားနေခဲ့သည်။ သို့သော်လည်း သူက လွတ်မြောက်သွားသည်ဟု ခံစားရသည့်အတွက် သူ၏မျက်နှာက ပြင်းထန်စွာပြောင်းလဲသွားခဲ့သည်။ မဟာနတ်ဆိုးရွှမ်ရှ၏ ကြီးမားသည့်လက်ကြီးဖြင့် ထိပြီးသည့်နောက်တွင် မည်သည့်လှိုင်းတံပိုးမှမဖြစ်ဘဲ ပင်လယ်အတွင်းသို့ ဝင်ရောက်သွားသည့် ရွှံ့ကဲ့သို့ပင်။
ဝုန်း ! ဝုန်း ! ဝုန်း
တစ်ခဏအတွင်းမှာပင် တောင်ကြားအတွင်း၌ ကြိမ်းဝါးသံတစ်ခုထွက်ပေါ်လာပြီး တိုးလျသည့် ငိုကြွေးသံများထွက်ပေါ်လာခဲ့သည်။
"မ...မလုပ်ပါနဲ့။ ငါ ...ငါပြောပါမယ်!"
သူတို့ကြားနိုင်ရုံမျှတိုးလျသည့် စကားများကို ကြားပြီး ဝမ်ဖုန်းသည် လက်ယမ်းကာ မဟာနတ်ဆိုးရွှမ်ရှအား ရပ်တန့်ရန် အချက်ပေးခဲ့သည်။
မဟာနတ်ဆိုးရွှမ်ရှသည် ဤအခြင်းအရာကို မြင်ပြီး ချိုးဝမ်ဖုန်းအား ဝမ်ဖုန်းရှေ့သို့ ပြန်ဆွဲခေါ်လာခဲ့ပြီး မြေပြင်တစ်ခုလုံး သွေးများစွန်းထင်းသွားခဲ့သည်။
သူ့ရှေ့၌ရှိသည့် ဝက်ခေါင်းနှင့်တူသည့် ချိုးဝမ်ဖုန်းအားကြည့်ပြီး ဝမ်ဖုန်းသည် တိုက်ရိုက်ကြည့်ရန်မတတ်နိုင်ဘဲ ညင်သာစွာ သက်ပြင်းချကာ "တကယ်လို့ ဘာလို့ ဒီလိုလုပ်တာလဲဆိုတာသိရင် ဒီဂိုဏ်းရဲ့စကားလုံးတွေကို နာနာခံခံနဲ့ ဖြေပေးမှာပေါ့။ အဲ့တာက ဒီလို ထိခိုက်ရတာထက် အဆင်ပြေလိမ့်မယ်။ ဘယ်လိုတောင် ဈေးပေါတဲ့အရိုးလဲ!"
မင်းက ငါ့ကို စကားပြောဖို့ အခွင့်အရေးပေးခဲ့တာလား။
ငါက မရည်ရွယ်ဘဲ ပြန်ပြောမိရုံပါပဲ။ ပြီးတော့ ငါက ဒီလိုအရိုက်ခံရတယ်။ ငါကဘာပြောရမှာလဲ။
ဝမ်ဖုန်း၏ စကားများကို နားထောင်ပြီး ချိုးဝမ်ဖုန်းသည် သူ၏ စိတ်အတွင်း၌ အသည်းအသန်အော်ဟစ်နေခဲ့သည်။ သို့သော်လည်း ဝက်ခေါင်းကဲ့သို့ ဖူးယောင်နေသည့် သူ၏ မျက်နှာဖြင့်သာ ဒေါသထွက်နိုင်ပြီး စကားမပြောနိုင်တော့ပေ။
"ဂိုဏ်းချုပ်က မေးနေတယ် မြန်မြန်ဖြေလေ!"
ချိုးဝမ်ဖုန်းက မကျေမနပ်ညည်းညူနေဆဲဖြစ်သည်ကို တွေ့ပြီး မဟာနတ်ဆိုးရွှမ်ရှသည် စိုက်ကြည့်ကာ ချိုးဝမ်ဖုန်းအား ခေါင်းရိုက်ခဲ့သည်။ ဤရိုက်ချက်က ချိုးဝမ်ဖုန်းအား အသက်ရှုခွင့်ပေးခဲ့လေသည်။
မဟာနတ်ဆိုးရွှမ်ရှ၏ ရိုက်ချက်က အပျော်သဘောမဟုတ်ပေ။ သူက ချိုးဝမ်ဖုန်း၏ ခန္ဓာကိုယ်အား အနည်းငယ်ကုသရန် သန့်စင်သည့် စွမ်းအားတစ်ခုကိုလည်း ပို့လွှတ်ပေးခဲ့လေသည်။ ထိုသို့မဟုတ်ပါက ချိုးဝမ်ဖုန်း၏ အခြေအနေအရ စကားပြောလိမ့်မည်မဟုတ်ပေ။
"ကျုပ်နာမည်က ချိုးဝမ်ဖုန်းပါ။ ရှင်းယောင်တောင်တန်းရဲ့ အစွန်အဖျားမှာ အကြီးဆုံးဂိုဏ်းတစ်ဂိုဏ်းဖြစ်တဲ့ လင်းယွမ်ဂိုဏ်းရဲ့ မဟာအကြီးအကဲတစ်ယောက်ပါ။ အရင်က ဒီတောင်ကြားမှာ ထွက်ပေါ်လာခဲ့တဲ့ ဆန်းကြယ်သောအကြီးအကဲ အဆင့်ရဲ့အရှိန်အဝါကို စူးစမ်းလေ့လာဖို့ ရောက်လာခဲ့တာပါ!"
"ဟမ်? မင်းက ဘာလို့ ဆန်းကြယ်သော အကြီးအကဲအဆင့် အရှိန်အဝါကို စုံစမ်းနေရတာလဲ"
ချိုးဝမ်ဖုန်း၏ စကားကို နားထောင်ပြီး ဝမ်ဖုန်းက မျက်မှောင်ကြုတ်ကာ မေးခဲ့သည်။ အဲ့ဒီ ဆန်းကြယ်အကြီးအကဲအဆင့်ရဲ့ အရှိန်အဝါက အရင်က ဆန်းကြယ်သော အကြီးအကဲအဆင့်ကို အဆင့်တက်သွားတဲ့ လင်းဖေးဝူရဲ့ အရှိန်အဝါပဲမဟုတ်လား။
ဦးနှောက်မရှိလုပ်ဆောင်သည့် အဆင့်အတန်းမရှိသည့် ပါးစပ်ပိုင်ရှင်ဟုထင်ခဲ့သော်လည်း ထိုသူက သူပို၍ စိတ်ဝင်စားနေသည့် သူ၏ ရှန်ရှန့်ကျုံဂိုဏ်း၏တပည့်နှင့် ဆက်စပ်နေလိမ့်မည်ဟုထင်မထားခဲ့ပေ။
"နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံက စတင်တော့မှာ။ ကျုပ်တို့ လင်းယွမ်ဂိုဏ်းမှာ ဆန်းကြယ်အကြီးအကဲအဆင့် တပည့်မရှိတာကြောင့် နတ်ဆိုးချိပ်ပိတ်ခြင်းစာရင်းမှာ အောင်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ကျုပ်က အပြင်ထွက်ပြီးတော့ အရည်အချင်းရှိတဲ့တပည့်တွေရှာပြီးတော့ သူတို့ကို ဂိုဏ်းကို ပြန်ခေါ်သွားဖို့ပဲတတ်နိုင်တယ်!"
ဝမ်ဖုန်းနှင့် ရင်ဆိုင်ရသည့် အခါတွက် ချိုးဝမ်ဖုန်းသည် မေးခွန်းအား မကွယ်ဝှက်ထားရဲဘဲ ပွင့်ပွင့်လင်းလင်းပြောခဲ့သည်။
သူသည် မဟာနတ်ဆိုးရွှမ်ရှထံမှ အရိုက်ခံရခြင်းအား အမှန်တကယ်ကြောက်ရွံ့ပေသည်။ ဤထိုးနှက်ချက်က သူ၏ခန္ဓာကိုယ်အား တိုက်ခိုက်ရုံသာမက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးနှင့် စိတ်ဝိဉာဉ်အား နှိပ်စက်နေသည့် တူတစ်လက်နှင့်ပိုတူပေသည်။
"နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံ? နတ်ဆိုးချိပ်ပိတ်ခြင်းစာရင်း? အဲ့ဒါကဘာလဲ?"
ဤသည်ကို နားထောင်ပြီး ဝမ်ဖုန်းက အံ့အားသင့်စွာမေးခဲ့သည်။
"မသိဘူးလား?"
ဝမ်ဖုန်း၏ မသေချာမရေရာသည့် အသံကို ကြပြီး ချိုးဝမ်ဖုန်းက ကြောင်အသွားခဲ့သော်လည်း တစ်စက္ကန့်မျှကြာပြီးသည့်နောက်တွက် တစ်ဖန်ထပ်၍ သဘောပေါက်သွားခဲ့သည်။ထိုကဲ့သို့ မောက်မာပြီး ရိုင်းပြသည့် ဂိုဏ်းငယ်လေးများက နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံအား မသိသည်မှာ အံ့အားသင့်စရာမဟုတ်ပေ။
"ပြောစမ်းပါ!" မဟာနတ်ဆိုး ရွှမ်ရှက စိမ်းစိမ်းဝါးဝါးကြည့်ကာ အော်ခဲ့သည်။
မဟာနတ်ဆိုးရွှမ်ရှ၏ အော်သံက ချိုးဝမ်ဖုန်းအား တုန်လှုပ်စေကာ သူက ကမန်းကတန်းပြောခဲ့သည်။
"နတ်ဆိုးချိပ်ပိတ်ခြင်း ညီလာခံက ယောင်ရီအင်ပါယာရဲ့ တော်ဝင်မိသားစုက ဦးဆောင်ပြီး ယောင်ရီအင်ပါယာတစ်ခုလုံးက ဂိုဏ်းတွေအားလုံးတွေ့ဆုံကြတာပါ။ ကြီးကျယ်တဲ့ အခမ်းအနားတစ်ခုပါ!"
"နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံက လွန်ခဲ့တဲ့ နှစ်တစ်ထောင်က ယောင်ရီအင်ပါယာတစ်ခုလုံးကို ဖျက်ဆီးခဲ့တဲ့ မဟာနတ်ဆိုးရွှမ်ရှကို ထိန်းချုပ်ဖို့ ကျင်းပကြတာပါ! ဘာလို့လဲဆိုတော့ မဟာနတ်ဆိုးရွှမ်ရှက အရမ်းကြောက်စရာကောင်းပြီး သူ့ကို ချိပ်ပိတ်ထားတာတောင်မှ သူ့ရဲ့ စစ်မှန်တဲ့ နတ်ဆိုးစွမ်းအင်က လွတ်မြောက်နေဆဲမို့လို့ပဲ။ ဆန်းကြယ်ဘုရားကျောင်းရဲ့ မဟာနတ်ဆိုးရွှမ်ရှကို ချိပ်ပိတ်ထားတဲ့နေရာက သူ့ရဲ့ လွတ်မြောက်နေတဲ့ နတ်ဆိုးစွမ်းအင်ရဲ့ သက်ရောက်ခံခဲ့ရတယ်!"
"နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံအတွက် ယောင်ရီအင်ပါယာက နတ်ဆိုးစွမ်းအင်တွေသက်ရောက်ခံခဲ့ရတဲ့ မကောင်းဆိုးဝါးတွေကို သတ်ဖြတ်ဖို့ အင်ပါယာအတွင်းမှာရှိတဲ့ အင်အားကြီးတဲ့ဂိုဏ်းတွေအားလုံးကို စုစည်းပါတယ်။ ဒါမှ မဟာနတ်ဆိုးရွှမ်ရှရဲ့ အစွမ်းက အားနည်းသွားမှာ!"
"ဒါပေမယ့် ဒီတစ်ခေါက် အမိန့်ကို ထုတ်ပြန်ခဲ့တဲ့သူက လူငယ်မျိုးဆက်တပည့်တွေကိုပဲ သွားခွင့်ပြုခဲ့ပါတယ်။ ဒါကြောင့် အခု ဂိုဏ်းတွေအားလုံးက နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံမှာ ပထမဆုံးနေရာကို အနိုင်ရဖို့ရာအတွက် ဂိုဏ်းအတွင်းမှာ ကမန်းကတန်းကျင့်ကြံနေကြပြီး တောထဲမှာ ပါရမီရှင်တွေကို ရှာဖွေနေကြတာ!"
ချိုးဝမ်ဖုန်း၏စကားများကို ကြားပြီး ဝမ်ဖုန်း၏မျက်လုံးများသည် အလွန်တရာ တဖိတ်ဖိတ်တောက်နေပြီး သူ့ဘေးရှိ တုန်လှုပ်နေသည့် မဟာနတ်ဆိုးရွှမ်ရှအား နက်နက်နဲနဲ တစ်ချက်ကြည့်လိုက်သည်!