ခွာပြဲကြခြင်း
Vol. 32 Ch. 466
ရှေးဟောင်းတိုက်ပွဲမြေသို့ ပြန်ရောက်လာပြီးနောက် ထိုနေရာက မတည်မငြိမ်စပြုလာကြောင်း ဆူဇီမိုသည် ကောင်းစွာ သတိထားမိလာ၏။
ဆိုလိုသည်မှာ တစ်နှစ်တာက ကုန်ဆုံးတော့မည်ပင်။
ရွှမ်ထျန်းမြို့က အနည်းငယ် ဗလာကျင်းနေပြီး အရင်ကကဲ့သို့ ဟိုဟိုသည်သည် သွားလာသူများနှင့် စည်ကားခြင်း မရှိတော့ပေ။
ကျင့်ကြံသူအများစုမှာ ထွက်ခွာကုန်ကြပြီဖြစ်ပြီး အနည်းငယ်သာလျှင် ကျန်ရှိခဲ့လေတော့သည်။ သူတို့သည် အလောတကြီး အမူအယာများနှင့် သွားလာနေကြ၏။ ထိုသူများသည် ထွက်ခွာဖို့ ပြင်ဆင်နေကြသည်မှာ ထင်ရှားလေသည်။
ယန်ဆေးဂိုဏ်းစခန်းချရာ နေရာတွင် မည်သူတစ်ဦးတစ်ယောက်မှ ကျန်မနေခဲ့တော့ပေ။
ဆူဇီမိုသည် ရှောင်းနင်အခန်းရှိရာသို့ တန်းသွားလိုက်သောအခါ အနည်းငယ် လှည့်ပတ်ကြည့်ရှုပြီးနောက် သူမ၏ လက်ရေးနှင့် ကျောက်တုံးစားပွဲပေါ်သို့ ရေးခြစ်ထားသည့်စာကို တွေ့လိုက်ရ၏။
‘ကိုလေး.. ယန်ဆေးဂိုဏ်းက ထျန်းဟွမ်ကုန်းမြေတိုက်ကြီးရဲ့ အလယ်တိုက်မှာ တည်ရှိတယ်.. သူတို့ရဲ့ တည်နေရာရွေ့ပြောင်းခြင်းအမှတ်က ရွှမ်ထျန်းမြို့နဲ့ အလွန်တရာ ဝေးလှတဲ့အတွက် အစ်မထန်ယုတို့နဲ့အတူ ညီမလေးတော့ လိုက်သွားနှင့်ပြီ.. အသက်ရှည်ဆေးကို ညီမလေး ဖော်စပ်နိုင်တာနဲ့ ယန်တိုင်းပြည်ကို ပြန်လာပြီး အစ်ကိုကြီးကို သွားရှာမယ်.. ညဝိညာဉ်ရော ညီမလေးရော အဆင်ပြေပါတယ်.. လွမ်းမနေပါနဲ့’
‘ချစ်လှစွာသော ရှောင်းနင်’
လက်ရေးက ကြောင်ခြစ်သလို ဖြစ်နေပြီး ခပ်သော့သော့ ရေးထားခဲ့ပုံ ရလေသည်။
ဆူဇီမိုက ပြုံး၍ စာလုံးများကို လက်ဖြင့် ပွတ်သပ်လိုက်၏။
အဲ့ဒါက သာမန်ကာလျှံကာ လှုပ်ရှားမှုလေးသာ ဖြစ်သော်လည်း ကျောက်စားပွဲ၏ မျက်နှာပြင်က အလွှာလိုက် ကွာကျသွားပြီး စာလုံးများက ပျောက်ကွယ်သွားလေသည်။
ရွှမ်ထျန်းမြို့က မထွက်ခွာခင်က ဆူဇီမိုသည် ညဝိညာဉ်ကို ရှောင်းနင်နှင့်အတူ လိုက်သွားဖို့ ညွှန်ကြားခဲ့ပြီးသားဖြစ်၏။
ရှောင်းနင်က အဆင်ပြေတာကို သိပြီးနောက် ဆူဇီမိုသည် စိတ်အေးလက်အေး ဖြစ်သွားပြီး ဤမြို့မှာ ဆက်နေစရာ မလိုတော့ပေ။ သူသည် ကျိယောင်ရွှယ်နှင့် အခြားသူများ ကျင့်ကြံ၍ နေခဲ့ရာ လိုဏ်ဂူဆီသို့ တန်းပြီး ဦးတည်လိုက်လေသည်။
သူမကို ဆက်ဆက်ပြန်လာခေါ်မည်ဟု သူကတိပေးထားခဲ့လေသည်။
ဆူဇီမိုသည် လူတစ်ယောက်ကို ရုတ်တရက် သတိရသွားပြီး မျက်မှောင်ကြုတ်လိုက်မိ၏။
ကျွင်းဟောက်..
ထိုလူနှင့် ပတ်သတ်၍ သူ့မှာ သံသယများ ရှိသော်လည်း သက်သေပြစရာ မရှိခဲ့ပေ။
မထွက်ခွင်ကတော့ သူသည် ကျိယောင်ရွှယ်အား ထိုသူကို သေချာသတိထားဆက်ဆံဖို့ အထူးတလည် မှာကြားခဲ့လေသည်။
“ယောင်ရွှယ်အဆင်ပြေပါစေလို့ပဲ ငါဆုတောင်းရတော့မှာပဲ”
ဆူဇီမို၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းက ဖျတ်ကနဲ လက်လာပြီး သူ့နောက်ဘက်တွင် တောင်ပံတစ်စုံက ထွက်လာလေသည်။ သွေးချီများက ရုန်းကန်ထွက်လာပြီး သူသည် အရှိန်အဟုန်အပြည့်နှင့် ပျံသန်းလိုက်၏။
. . .
ရှေးဟောင်းတိုက်ပွဲမြေ၏ အစပ်တွင် မတ်စောက်သည့် တောင်တန်းတစ်ခု တည်ရှိလေသည်။
တောင်ခါးပန်းတွင် အမျိုးသားတစ်ယောက်က လိုဏ်ဂူတစ်ခုရှေ့၌ လက်နှစ်ဖက်ကို နောက်ပစ်ပြီး မတ်တပ်ရပ်နေ၏။ သူ့မှာ ချောမောလှပသော ရုပ်ရည်နှင့် မြင့်မြတ်သောအော်ရာက ရှိနေပြီး အမူအယာက ခက်ထန်နေကာ သူ့မျက်လုံးထဲတွင် အေးစက်မှုက ရံဖန်ရံကာဆိုသလို ပေါ်လာတတ်လေသည်။
ထိုသူမှာ မဟာရှအင်ပါယာ၏ မင်းသား သို့မဟုတ် အဇူရာနှင်းမြူလွှာဂိုဏ်းမှ ကျွင်းဟောက်ပင် ဖြစ်လေသည်။
သူသည် ယခင်က ကျိယောင်ရွယ်ကို ဒုက္ခသုက္ခခံ၍ အပန်းတကြီး လိုက်လံပိုးပန်းခဲ့သည်မှာ သူမ၏ မင်းသမီးဟူသော သရုပ်သကန်ကို အစောကြီးကတည်းက သိရှိထားခဲ့သောကြောင့် ဖြစ်လေသည်။
သူတို့နှစ်ယောက်၏ ဆက်ဆံရေးသာ တိုးတက်ကောင်းမွန်လာခဲ့လျှင် ထိုအခွင့်အရေးနှင့် သူမ၏ ဂုဏ်အဆင့်အတန်းကို အသုံးချ၍ သူသည် မဟာကျိုးအင်ပါယာ၏ နောက်ခံနှင့် အတွင်းသတင်းများကို နှိုက်နှိုက်ချွတ်ချွတ် သိလာရနိုင်လေသည်။
သို့သော်လည်း နှမြောဖို့ ကောင်းသည်မှာ ဤနှစ်များအတွင်း ကျိယောင်ရွှယ်သည် သူ့အပေါ် ဖာသိဖာသာဖြင့်သာ ဆက်ဆံခဲ့လေသည်။
ကျွင်းဟောက်သည် အနည်းငယ် မချင့်မရဲ ဖြစ်သော်လည်း သူက အလွန်တရာ လျှို့ဝှက်ကြံစည်တတ်ပြီး အလောတကြီး ရှိမနေခဲ့ပေ။
သို့သော်လည်း ဆိုးသည်မှာ ဂိုဏ်းပေါင်းစုံပြိုင်ပွဲ၌ မွန်းစတားဆန်ဆန် ကျင့်ကြံသူတစ်ယောက်က ပေါ်လာခဲ့ပြီး သူ့အတွက် ခြိမ်းခြောက်မှုအာရုံကို ပေးလာခဲ့လေသည်။
ကျိယောင်ရွှယ်သည် အဝါရောင်ဝတ်စုံကို ဝတ်ဆင်၍ ထိုလူ့အနားမှာ ရှိနေသည့်အခါ တောက်ပစွာ ပြုံး၍ မြူးထူးနေတတ်ပြီး ထိုမြင်ကွင်းက ကျွင်းဟောက်၏နှလုံးသားကို ဆူးချွန်တစ်ခုနှင့် ထိုးဆွနေသလိုပင်။
“ဆူဇီမို..”
သူသည် လက်သီးကို ဖြည်းဖြည်းချင်း တင်းကျပ်အောင်ဆုပ်ပြီး သူ့မျက်လုံးကို မှေးကျဉ်းလိုက်၏။
ထိုလူအပေါ် ကျိယောင်ရွှယ်၏ စိတ်နေသဘောထားက အခြားသူများနှင့် လုံးဝမတူပေ။ သူ့ကိုကြည့်သော သူမ၏ အကြည့်တစ်ချက်ကတောင် ကျွင်းဟောက်ကို မနာလိုအူတို ဖြစ်စေလေသည်။
ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်လာပြီးနောက် ဆူဇီမိုသည် ကြောက်စရာကောင်းသည့် နည်းလမ်းများကို ထုတ်ဖော်၍ ရန်သူများအားလုံးကို လွှမ်းမိုးခြယ်လှယ်စွာ ဖိနှိမ်ခဲ့ပြီး သူ့အစီအစဉ်များကို ထပ်မံ၍ ဖျက်ဆီးခဲ့လေသည်။
မဟာရှအင်ပါယာမှ ကျင့်ကြံသူများအားလုံးနီးပါးသည် အသတ်ခံခဲ့ရလေသည်။
ပိုဆိုးသည့် အချက်မှာ ဆူဇီမိုက သူ့ကို စတင်၍ သံသယဝင်လာခဲ့ခြင်းဖြစ်လေသည်။
ထိုအချိန်များအတွင်း ကျွင်းဟောက်သည် မတော်တဆ အမှားပြုမိမည်ကို စိုး၍ အင်မတန်မှ ထိန်းသိမ်းကွယ်ဝှက် ဂရုစိုက်၍ နေခဲ့ရ၏။
ထိုလူက သာမန်အချိန်များမှာဆိုလျှင် စာပေသမားလေးတစ်ယောက်လိုပုံရှိပြီး ရင်းနှီးဖော်ရွေစွာနှင့် တည်ငြိမ်သောအကြည့်တို့ ရှိလေသည်။
သို့သော်လည်း ထိုလူက သတ်ဖြတ်ဖို့အတွက် နည်းနည်းလေးမျှ ဝန်မလေးသည့်သူဖြစ်ကြောင်း ကျွင်းဟောက်ကောင်းကောင်းသိလေသည်။
သူ့ဘက်က အမှားလေးတစ်ခု ဖော်ပြမိသွားသည်နှင့် ထိုလူက သူ့ကို ရှင်းပြဖို့ အခွင့်အရေးတစ်ကြိမ်ပင် မပေးဘဲ သေချာပေါက် သတ်ပစ်ပေလိမ့်မည်။
နောက်ဆုံး ထိုနေ့မှာတော့ ဆူဇီမိုက ထွက်ခွာသွားခဲ့၏။
ထိုအခါမှသာ ကျွင်းဟောက်သည် စိတ်သက်သာရာရကာ အလုံးကြီးကျ၍ စိတ်အေးလက်အေး ဖြစ်သွားလေတော့သည်။
သို့သော်လည်း သိပ်မကြာလိုက်ပေ။ သူသည့် နောက်တစ်ဖန်ထပ်ပြီး စိတ်တိုဒေါသထွက်ရပြန်လေသည်။
လိုဏ်ဂူခန်းဝါထဲတွင် ကျောက်သားအခန်း ငါးခန်းရှိလေသည်။
ဆူဇီမိုသည် ထွက်ခွာမသွားခင် ပဥ္စမမြောက် ကျောက်သားအခန်း၏ အပြင်ဘက်၌ ဝင်္ကပါတစ်ခုကို ခင်းကျင်းထားခဲ့သေးလေသည်။
ထိုနေ့မှစ၍ ကျိယောင်ရွှယ်ကလည်း ထိုကျောက်သားအခန်းထဲကနေ လုံးဝ ထွက်မလာတော့ပေ။
ကျွင်းဟောက်သည် သူမကို ဘယ်လိုပင် ကြိုးစား၍ ဖိတ်ခေါ်ပါစေ၊ သူမသည် အမြဲတမ်း အကြောင်းတစ်ခုပြ၍ ငြင်းဆိုခဲ့သည်ချည်းသာ။
တစ်ချိန်တည်းမှာပင် သူမသည် မဟာကျိုးအင်ပါယာမှ ကျန်ရှိနေသေးသော အစောင့်နှစ်ယောက်ကလွဲလျှင် မည်သူ့ကိုမှ အထဲဝင်ခွင့်မပြုပေ။
“ယောင်ရွှယ်.. နင်ကပါ ငါ့ကို စပြီး သံသယဝင်နေပြီလား”
ကျွင်းဟောက်၏ အကြည့်က တဖျပ်ဖျပ် လှုပ်သွား၏။ သူ့အမူအယာက တဖြည်းဖြည်း အေးစက်လာပြီး တီးတိုးရေရွတ်လိုက်၏။
“နင်က ဒီလိုဆိုမှတော့လဲ နင်နဲ့ငါနဲ့ ခွာပြဲကြတာပေါ့”
သူသည် သိုလှောင်အိတ်ထဲကနေ စိတ်ဝိညာဉ်ကြိုးကြာတစ်ကောင်ကို ဆွဲထုတ်ပြီး ထိုအပေါ်တွင် စာအချို့ ရေးလိုက်၏။ ထိုအထဲသို့ စိတ်ဝိညာဉ်ချီကို ထိုးသွင်းလိုက်သောအခါ အဲ့ဒါက သူ၏ တောင်ပံများကိုခတ်၍ ပျံသန်းပျောက်ကွယ်သွားလေတော့သည်။
ကျွင်းဟောက်က လိုဏ်ဂူခန်းဝါထဲသို့ ပြန်လှည့်ဝင်ပြီး ပဥ္စမမြောက်အခန်းဆီသို့ ဦးတည်သွားလိုက်၏။
သူသိပ်ဝေးဝေး မသွားရသေးခင်မှာပင် ရောင်ဝါလင်းလက်တိမ်နန်းတော်မှ စစ်ယုထန်က သူ့အနားသို့ ချဉ်းကပ်လာလေသည်။
ထိုသူက အပြုံးနှင့် သူ့ကို နှုတ်ဆက်လိုက်၏။
“အစ်ကိုကျွင်းဟောက်.. နှစ်တစ်နှစ်က ကုန်တော့မယ်.. ကျုပ်တို့ ဘယ်အချိန် ထွက်ခွာကြမလဲ”
မရီးဒါန်ဖွင့်ဆေးလုံးကို စားသုံးပြီးနောက် စစ်ယုထန်သည် မရီးဒါန်ခြောက်ခု အခြေတည်အဆင့်သို့ ရောက်ရှိလာခဲ့၏။
ကျွင်းဟောက်က အခုဆို မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့်တစ်ယောက် ဖြစ်နေလေပြီ။
အပြုံးတုတစ်ခုနှင့်အတူ ကျွင်းဟောက်က ပြန်ဖြေလိုက်၏။
“ငါလဲ အခုပဲ အဲ့ဒါကို ဂျူနီယာညီမယောင်ရွှယ်နဲ့ သွားပြီးဆွေးနွေးမလို့.. မင်းလဲ လိုက်ခဲ့လေ”
“အင်း လိုက်ခဲ့မယ်”
စစ်ယုထန်ကလည်း မည်သည့်သံသယမှ မရှိဘဲ အလွယ်တကူ သဘောတူလိုက်၏။
ရှည်လျားသည် ဥမင်ကို ဖြတ်သန်းလာပြီးနောက် သူတို့နှစ်ယောက်သည် တစ်ဖက်တစ်ချက်စီမှာ အဟာကျိုးအစောင့်နှစ်ယောက် စောင့်ကြပ်နေကြသော ပဥ္စမြောက်အခန်းရှေ့သို့ ရောက်လာခဲ့ကြ၏။
ထိုအစောင့်နှစ်ယောက်စလုံးက မရီးဒါန်ခြောက်ခုအခြေတည်အဆင့်၏ အထွတ်အထိပ်မှာ ဖြစ်ကြလေသည်။
ရှေးဟောင်းတိုက်ပွဲမြေ၏ အလယ်ဗဟိုရှိ ကျင့်ကြံသူအများစုမှာ မရီးဒါန်ခုနှစ်ခု အခြေတည်ါအဆင့်များ ဖြစ်ကြပြီး ထိပ်သီးဂိုဏ်းများမှ ပြိုင်စံရှားအများစုမှာ မရီးဒါန်ရှစ်ခုအခြေတည်အဆင့်များ ဖြစ်ကြလေသည်။
သို့သော်လည်း တစ်ကယ်တမ်းမှာတော့ ရှေးဟောင်းတိုက်ပွဲမြေအတွင်းရှိ ကျင့်ကြံသူအများစုမှာ မရီးဒါန်ခြောက်ခု အခြေတည်အဆင့်များသာ ဖြစ်ကြလေသည်။
“မင်္ဂလာပါ.. တာအိုရောင်းရင်းတို့”
အစောင့်နှစ်ယောက်က လက်သီးဆုပ်လေးစားဟန်ပြ၍ နှုတ်ဆက်လိုက်ကြ၏။
ဒီနေရာမှာ သူတို့ငါးယောက်တည်း နေလာသည်မှာ ကြာလာပြီဖြစ်တာကြောင့် သူတို့သည် တစ်ယောက်ကိုတစ်ယောက် အတော်လေး ရင်းနှီးနေကြပြီဖြစ်၏။
ကျွင်းဟောက်၏ အကြည့်က ကျောက်သားတံခါးပေါ်မှာသာ အသေရှိနေပြီး အသံကျယ်ကျယ်နှင့် ပြုံးပြီး လှမ်းအော်လိုက်၏။
“ဂျူနီယာညီမယောင်ရွှယ်ရေ.. တစ်နှစ်က ကုန်တော့မယ်နော်.. တည်နေရာရွှေ့ပြောင်းအမှတ်ကို ငါတို့ အခုပဲ ပြန်ကြရအောင်”
ခဏနေပြီးနောက် ကျောက်သားအခန်းထဲမှ အလောတကြီး ရှိမနေသော အသံက ထွက်ပေါ်လာလေသည်။
“စီနီယာအစ်ကိုကျွင်း.. အဲ့လောက်လဲ လောစရာ မလိုသေးပါဘူး.. ဇီမိုက ပြန်လာခဲ့မယ်လို့ ကတိပေးသွားတယ်.. နောက်သုံးလေးရက်လောက် ထပ်စောင့်တော့ရော ဘာများ ထူးသွားမှာမို့လဲ”
ထိုအသံကို ကြားသောအခါ ကျွင်းဟောက်၏ အမူအယာက တောင့်ခဲသွား၏။ သူ၏ ခေါင်းကို အနည်းငယ် ငုံ့လိုက်သောအခါ သူ့အကြည့်က ခက်ထန်သွားပြီး သူ့မျက်နှာက ကြောက်စရာကောင်းလောက်အောင် ညိုပုပ်သွားလေသည်။
“သူ့ကို ဘာလို့ စောင့်နေမှာလဲ”
စစ်ယုထန်က လှောင်ရယ်လိုက်၏။
“အဲ့လူက အကောင်းအဆိုး နားမလည်ဘဲနဲ့ ရှေးဟောင်းတိုက်ပွဲမြေ အနက်ပိုင်းထဲကို ဝင်သွားခဲ့တာပဲ။ ဒီလောက်ကြာတာတောင် သူ့သတင်း ဘာမှ မကြားရမှတော့ သူက သေပြီးနေလောက်ပြီ”
ကျိယောင်ရွှယ်က ထူးမခြားနားလေသံနှင့် ပြန်ပြောလိုက်၏။
“ငါယုံတယ်.. သူက သေမှာမဟုတ်ဘူး.. သေချာပေါက် ပြန်လာလိမ့်မယ်”
“ခွီး..”
စစ်ယုထန်က သရောက်သလို ရယ်၍ ခေါင်းခါရမ်းလိုက်၏။
ဆူဇီမိုက သေသွားပြီဆိုတာ သူ့အတွက်တော့ သေချာလေသည်။
ကျွင်းဟောက်သည် လေများကို ရှူသွင်လိုက်၏။ သူ့ခေါင်းကို ပြန်မော့လိုက်သောအခါ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုက တစ်ဖန်ပြန်ပေါ်လာ၏။
“ဂျူနီယာညီမ.. အခုဆို ဆယ်ရက်စွန်းစွန်းပဲ ကျန်တော့တာလေ.. အဲ့လူကသာ ပြန်လာချင်ရင် ပြန်လာပြီးတာ ကြာနေရောပေါ့”
“ကျမတို့ ဒီကနေ တည်နေရောရွှေ့ပြောင်းအမှတ်ကို သွားဖို့ နှစ်ရက်ပဲ လိုတာလေ.. ကျမတို့ နောက်နှစ်ရက်သုံးရက်နေမှ သွားလဲ မီတာပဲ မဟုတ်ဘူးလား” ကျိယောင်ရွှယ်က အခိုင်အမာပင် ပြန်ဖြေလိုက်၏။
“အစ်ကိုကျွင်းဟောက်.. သူမလိုက်ဘူးဆိုလဲနေပေါ့.. ကျုပ်တို့ပဲ သွားကြရအောင်”
စစ်ယုထန်က နောက်တစ်ဖန် လှောင်ရယ်လိုက်၏။
“ကျုပ်တို့ရဲ့ လက်ရှိကျင့်ကြံမှုအဆင့်နဲ့ဆို.. တည်နေရာရွှေ့ပြောင်းအမှတ်ကို အေးဆေးရောက်အောင် သွားလို့ ရပါတယ်”
ကျွင်းဟောက်၏ မျက်နှာပေါ်ရှိ အပြုံးက ချက်ချင်းပျောက်ကွယ်သွားပြီး သူက အေးစက်သောအမူအယာနှင့် ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ယောင်ရွှယ်.. ငါ နင့်ကို နောက်ဆုံး အခွင့်အရေးတစ်ခု ပေးခဲ့ပြီးပြီ.. နင်က အဲ့ဒါကို မသိတတ်မှတော့ တစ်ဂိုဏ်းထဲသားချင်း သနားညှာတာမှုမရှိဘူးဆိုပြီး ငါ့ကို အပြစ်မတင်နဲ့တော့”
ထိုသို့ သူပြောလိုက်သည့်အချိန်တွင် လေထုက စတင်ပြီး ထူးဆန်းသွားလေသည်။
အစောင့်နှစ်ယောက်သည် မျက်မှောင်ကြုတ်၍ ကျွင်းဟောက်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ကြ၏။
စစ်ယုထန်သည်လည်း ကြောင်အသွား၏။
ကိစ္စများက စောစောကတင် ကောင်းနေပါလျက် ချက်ချင်းကြီး ဘာလို့ ထပြီး ပြောင်းလဲကုန်ပါလိမ့်။
နောက်ဆုံးအခွင့်အရေး.. သနားညှာတာမှုမရှိ.. တဲ့ ဘာကို ဆိုလိုတာပါလိမ့်။
ကျွင်းဟောက်က အထဲက အမျိုးသမီးကို ထွင်းဖောက်မြင်နေသည့်အလား ကျောက်တံခါးကို အေးစက်စွာ စိုက်ကြည့်၍ တစ်လုံးချင်း ပြောလိုက်၏။
“ယောင်ရွှယ်.. နင့်ဘက်က စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ.. နင်ဒီနေ့ ထွက်ခွာရမယ်.. နင့်ဘက်မှာ ရွေးချယ်ခွင့် မရှိတော့ဘူး”
“ကျွင်းဟောက် မင်းအဲ့ဒါ ဘာသဘောလဲကွ”
ကျွင်းဟောက်၏ ရန်လိုစိတ်ကို အာရုံခံမိသွားပြီး အစောင့်တစ်ယောက်က စိုးရိမ်စွာနှင့် ငေါက်လိုက်၏။
ကျောက်သားအခန်း အတွင်းထဲမှနေ၍ ကျိယောင်ရွှယ်က သက်ပြင်းချလိုက်၏။
“နင်နောက်ဆုံးတော့ ဆက်ပြီး ဟန်မဆောင်နိုင်တော့ဘူးပဲ”
“နင်က ငါ့ကို သံသယဝင်နေပြီဆိုမှတော့ ငါဆက်ပြီး ဟန်ဆောင်ဖို့ ဘယ်လိုတော့မလဲ”
ကျွင်းဟောက်က အလွယ်တကူ ဝန်ခံလိုက်၏။
“ဇီမို ငါ့ကို စပြီး သတိပေးတုန်းက ငါမယုံခဲ့သေးဘူး”
ကျိယောင်ရွှယ်က ခေါင်းခါလိုက်၏။
“ဒါပေမယ့်လို့.. ပြီးခဲ့တဲ့နှစ်ဝက်အတွင်း.. နင်က အကြောင်းတစ်ခုမဟုတ်တစ်ခုပြပြီး ငါ့ကို အပြင်ထွက်ဖို့ ခဏခဏလာဆွယ်နေတော့မှ ဇီမိုပြောတာ မှန်နေပြီဆိုတာ ငါသိလိုက်ရတယ်”
“တစ်ကယ်ပဲ.. ငါ့ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးပစ်ခဲ့တာက သူ့လက်ချက်ပဲကိုး"
ကျွင်းဟောက်သည် ကျိန်ဆဲကာ ကျောက်သားအခန်းကို လက်ညိုးထိုးပြီး လှောင်ရယ်လိုက်၏။
“ယောင်ရွှယ်.. သေလူတစ်ယောက် ချထားခဲ့တဲ့ ဝင်္ကပါနှစ်လွှာသုံးလွှာက နင့်ကို ကာကွယ်ပေးနိုင်မယ်လို့ ထင်နေတာလား”
“ဇီမို ပြောခဲ့ပြီးသား.. ဒီဝင်္ကပါကို ပျက်ဖျက်ဖို့ဆို မရီးဒါန်ရှစ်ခု အခြေတည်အဆင့်တစ်ယောက်တောင် ရက်အနည်းငယ်လောက် ကြိုးစားရလိမ့်မယ်တဲ့”
“ဒါပေမယ့်လို့.. သနားစရာကောင်းတာက နင်က အခုမှ မရီးဒါန်ခုနှစ်ခုအခြေတည်အဆင့်ပဲ ရှိသေးတာပဲ.. နင့်ရဲ့ ခွန်အားနဲ့ဆို ဒီဝင်္ကပါကို ဘယ်လိုမှ ပယ်ဖျက်နိုင်မှာ မဟုတ်ဘူး.. ကျွင်းဟောက် လက်လျော့လိုက်ပါဟာ.. အဲ့ဒါက ဇီမို ချန်ထားရစ်ခဲ့တဲ့ တစ်စုံတစ်ရာဆိုရင်တောင် နင်အဲ့ဒါကို ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး”
ယောင်ရွှယ်၏ စကားများကို ကြားသောအခါ ကျွင်းဟောက်သည် ဒေါသူပုန်ထ၍ စိတ်လွတ်သွားလေသည်။ သူသည် ဒေါသတကြီး သွားဖြီးလိုက်ပြီး သူ၏ လည်ပင်းကြောများက ထောင်ထကာ သူ့မျက်နှာက အရုပ်ဆိုးသွားလေသည်။
“ယောင်ရွှယ်.. ငါ အဲ့ဒီကျောက်တံခါးကို ဖျက်ဆီးပြီးတာနဲ့ နင့်ကို ငါ့ပေါင်ကြားမှာ ပျော်ပျော်ကြီး ခံစားခိုင်းဦးမယ်”
ထိုအချိန်တွင် လေးလံထိုင်းမှိုင်းသောခြေသံများက မြည်လာပြီး ခပ်လှမ်းလှမ်းကနေ ချဉ်းကပ်လာလေသည်။
ဖုန်း.. ဖုန်း.. ဖုန်း
လိုဏ်ဂူခန်းဝါတစ်ခုလုံးက တုန်ခါ၍ ဖုန်မှုန်များက အတောမသတ် ပြုတ်ကျလာ၏။ ချက်ချင်းပင် မရဏအော်ရာတစ်ခုက မွန်းကျပ်ဖွယ်ရာရနံ့နှင့်အတူ ပြေးဝင်ချလာလေသည်။