← Chapters

မဟာတိုက်ပွဲ စလေပြီ

Vol. 32 Ch. 475

မဟာတိုက်ပွဲ စလေပြီ

Vol. 32 Ch. 475

အပြင်ဘက်တောအုပ်တွင် သွေးကျီးကန်းများက ပိုမို စုဝေးလာပြီး ဆန်းကြယ်တောင်ထွတ်အထက်တွင် အမိန့်ဆန်ဆန် ရစ်ဝဲလာကြ၏။ သူတို့က အနက်ရောင်ဝဲကတော့ကြီးတစ်ခုပုံစံ စုဖွဲ့၍ ကောင်းကင်တစ်ခွင် ပြည့်နေ၏။

အဲ့ဒါက အလွန်တရာကို ဖိအားပေးနေလေသည်။

ဆန်းကြယ်တောင်ထွတ်ပေါ်သို့ အမှောင်ထုက ကျရောက်နေပြီး သူတို့နေရောင်ကို မမြင်ရသည်မှာ သုံးရက်ရှိသွားလေပြီ။

ဤနေ့၌ ခပ်ဝေးဝေးတွင် မြောက်များလှစွာသော သတ်ဖြတ်လိုစိတ်များနှင့်အတူ ဖုန်မှုန့်များက တလိပ်လိပ်တက်လာ၏။ သွေးကျီးကန်းနန်းတော်မှ ကျင့်ကြံသူစစ်တပ်ကြီးက ချီတက်လာလေပြီ။

ပြီးခဲ့သည့်နှစ်များအတွင်း သွေးကျီးကန်းနန်းတော်၏ လွှမ်းမိုးမှုက ကျယ်ပြန့်ခဲ့ပြီး သူတို့ဂိုဏ်း၏ နေရာယူမှု အကျယ်အဝန်းက လျှင်မြန်စွာ ကြီးထွားလာခဲ့၏။ ယခုအခါ သူတို့ကို ဆဋ္ဌမမြောက်ဂိုဏ်းကြီးအဖြစ် သတ်မှတ်လို့ ရနေလေပြီ။

သွေးကျီးကန်းနန်းတော်သခင်၏ နည်းလမ်းများက ရက်စက်ကြမ်းကြုတ်တာရယ်၊ သူ၏ တိုက်ခိုက်ရည်က အလွန်တရာ ကြောက်စရာကောင်းလှတာရယ် ပေါင်းလိုက်သောအခါ များစွာသော ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများသည် သူ့ထံတွင် တစ်ယောက်ပြီးတစ်ယောက် အညံ့ခံလာကြ၏။

သွေးကျီးကန်းနန်းတော်၏ လက်ရှိခွန်အားက ဂိုဏ်းကြီးငါးဂိုဏ်းစလုံးထက်ကို သာလွန်နေလေပြီ။

ဆန်းကြယ်တောင်ထွတ်ဂိုဏ်းချုပ်လင်းယွမ်က လေထဲသို့ ခုန်တက်လိုက်ပြီး သုန်မှုန်နေသော အမူအယာနှင့် လှမ်းကြည့်လိုက်၏။

သွေးကျီးကန်းနန်းတော်မှ စစ်တပ်သည် သိပ်သည်းပြည့်ကျပ်နေပြီး ကျင့်ကြံသူပေါင်း တစ်သောင်းလောက် ရှိလေသည်။

သူတို့ကြားထဲတွင် နိုးထိဝိညာဉ်က အယောက်တစ်ရာ၊ ရွှေအမြုတေက အယောက်တစ်ထောင်ကျော်ရှိပြီး ကျန်သူများအားလုံးမှာ အခြေတည်အဆင့်များ ဖြစ်ကြလေသည်။ ချီစုဖွဲ့စစ်သည်တော်က လုံးဝ မပါပေ။

ဤအဆင့်တိုက်ပွဲတွင် ချီစုဖွဲ့စစ်သည်တော်များက လုံးဝ သုံးစားလို့ မရပေ။ မည်သည့်ဓါးပျံတစ်လက်၊ စိတ်ဝိညာဉ်တိုက်ကွက် သို့မဟုတ် တိုက်ပွဲမှ ထွက်ပေါ်လာသော တုန်ခါလှိုင်းတစ်ခုကတောင် ချီစုဖွဲ့စစ်သည်တော်များကို သေဆုံးသွားစေဖို့ လုံလောက်လေသည်။

သွေးကျီးကန်းနန်းတော်၏ ကြီးမားသည့်စစ်တပ်ကြီးရှေ့တွင် သွေးရောင်ဝတ်သက်လတ်ပိုင်းရွယ်လူတစ်ယောက်က မတ်တပ်ရပ်နေ၏။ သူ့မျက်လုံးများက အေးစက်နေပြီး အထဲတွင် အစိမ်းဖျော့ဖျော့အရောင်က တောက်နေလေသည်။ သူကတော့ သွေးကျီးကန်းနန်းတော်သခင်ပင် ဖြစ်လေသည်။

နန်းတော်သခင်က သူ့လက်ကို ဝေ့ရမ်းပြီး အေးစက်စွာ ကြေညာလိုက်၏။

“အကုန်လုံးကို သတ်.. တစ်ယောက်မှ ချမ်းသာမပေးနဲ့”

တစ်ချိန်တည်းမှာပင် ဆန်းကြယ်တောင်ထွတ်သခင်လင်းယွမ်က လက်ပြပြီး အော်လိုက်၏။

“ဂိုဏ်းက ပျက်သုန်းတော့မယ့်ဆဲဆဲ အချိန်တော့ ရောက်လာပြီ.. ကိုယ့်လူတို့ ရှိသမျှ အစွမ်းကုန်ထုတ် တိုက်ခိုက်ရင်း ငါတို့ဂိုဏ်းရဲ့ နောက်ဆုံး ဂုဏ်သိက္ခာကို ပြလိုက်ကြတာပေါ့”

သူတို့အတွက် အခြားထွက်ပေါက် မရှိတော့တာကို ဆန်းကြယ်တောင်ထွတ်မှ လူတိုင်း သိထားကြလေသည်။

ဝုန်း.. ဝုန်း.. ဝုန်း..

အနောက်ဘက်တောင်ကုန်းမှာ ကြီးမားသည့် ကန်အားဖြင့် ကျောက်သားတံခါးများက တစ်ခုပြီးတစ်ခု ပွင့်ထွက်သွားပြီး ကြောက်စရာကောင်းသည့်အော်ရာများက ထွက်ပေါ်လာလေသည်။

တံခါးပိတ်ကျင့်ကြံနေကြသော ဆန်းကြယ်တောင်ထွတ်မှ နိုးထဝိညာဉ်များသည် တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြ၏။

ဂိုဏ်းချုပ်လင်းယွမ်၏ ဦးဆောင်မှုအောက်တွင် နိုးထဝိညာဉ်တစ်ရာနှင့် ရွှေအမြုတေတစ်ထောင်နီးပါးက စုဖွဲ့လိုက်ကြ၏။

အရေအတွက်အားဖြင့် သူတို့က သွေးကျီးကန်းနန်းတော်နှင့် နှိုင်းယှဉ်လို့ ရလေသည်။ သူတို့၏ အံ့မခန်း အခြေခံအုတ်မြစ်ကို ပြသလာလေသည်။

သို့သော်လည်း ဆန်းကြယ်တောင်ထွတ်၏ တင်းကျပ်သောစည်းကမ်းများဖြင့် ဂိုဏ်းသားလက်ခံခြင်းနှင့် တန်လင်းတောင်ကြားတိုက်ပွဲကြောင့် အခြေတည်အဆင့်များကတော့ သိပ်မရှိလှဘဲ အားလုံးပေါင်းမှ နှစ်ထောင်ကျော်ကျော်လောက်သာ ရှိလေသည်။

မဟာတိုက်ပွဲက စတင်သည်နှင့် သူတို့၏ အခြေတည်အဆင့်ကျင့်ကြံသူများက သေချာပေါက် အရေးနိမ့်ပေတော့မည်။

တစ်ကယ်တော့ တိုက်ပွဲ၏ နောက်ဆုံးရလဒ်က အခြေတည်အဆင့်များနှင့် ဆုံးဖြတ်မည် မဟုတ်သလို၊ ရွှေအမြုအဆင့်များ သို့မဟုတ် နိုးထဝိညာဉ်အဆင့်များနှင့်လည်း မဟုတ်ပေ။

နောက်ဆုံးအဆုံးအဖြတ်က မူလနတ္ထိပညာရှင်များအကြားက တိုက်ပွဲရလဒ် ဖြစ်လေသည်။

အ.. အ..အ..

မရေမတွက်နိုင်သော သွေးကျီးကန်းများက နားကွဲမတတ် အော်မြည်၍ ကျိုင်းကောင်အုပ်များကဲ့သို့ ဆန်းကြယ်တောင်ထွတ်ကျင့်ကြံသူများဆီသို့ ပြေးဝင်ချလာလေသည်။

ရုတ်တရက်..

ဆန်းကြယ်တောင်ထွတ်အတွင်းမှ စွမ်းပကားကြီးမားသော အော်ရာတစ်ခုက ပေါက်ကွဲထွက်ပေါ်လာပြီး နားကွဲလောက်သည့်အော်သံကြီးက ကပ်ပါလာလေသည်။

ပုံရိပ်တစ်ခုက တံခါးပိတ်ကျင့်ကြံရာမှ ရုန်းထွက်လာပြီး အနီရောင်ခေါင်းမွေးနှင့်အတူ ကြောက်စရာကောင်းသော သားရဲအော်ရာက ဖြာထွက်နေ၏။ သူမမှာ ရူးသွပ်သောစွမ်းအားတစ်ခုနှင့် ထက်ရှသောအကြည့်တို့ ရှိသော်လည်း သူမက အလှပဂေးတစ်ဦး ဖြစ်လေသည်။

“စီနီယာကြိုးကြာ”

“စီနီယာကြိုးကြာက တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီကွ"

ဆန်းကြယ်တောင်ထွတ်မှ အားပေးချီးမြှောက်သံများက ထွက်ပေါ်လာပြီး လူများက ပျော်ရွှင်အားတက်သွားကြ၏။

အင်မော်တယ်ကြိုးကြာအိုကြီးက ဝင်ရောက်လာသော မရေမတွက်နိုင်သည့် သွေးကျီးကန်းများကို ကြည့်ပြီး သူမ၏ မျက်လုံးများက တောက်ပလင်းလက်လာ၏။ သူမ၏ နဖူးမှ လျှို့ဝှက်ဆန်းကြယ်သော တုန်ခါလှိုင်းများက ပြန့်ထွက်လာပြီး သူမ၏ ပါးစပ်ကို ရုတ်တရက် ဖွင့်လိုက်သောအခါ ပြင်းထန်အားကောင်းသည့် မီးတောက်စီးကြောင်းများက ပစ်လွင့်ထွက်လာလေသည်။

ရွှစ်..

မီးတောက်စီးကြောင်းများက ပြန့်ကွဲထွက်သွားပြီး ပေတစ်ရာအမြင့်အထိရောက်ကာ ကောင်းကင်တစ်ဝက်ကို လောင်ကျွမ်းပြာချပစ်လိုက်၏။

မရေမတွက်နိုင်သော သွေးကျီးကန်းများသည် အသံတစ်ချက်တောင် မထွက်နိုင်ဘဲ ပြာအဖြစ်သို့ ပြောင်းလဲသွားလေသည်။

“ဟမ့်”

သွေးကျီးကန်းနန်းတော်သခင်က အေးစက်စွာ ငေါက်ငမ်း၍ လေထဲသို့ ပျံတက်လိုက်၏။ အတွေးတစ်ချက်နှင့်အတူ သွေးရောင်အရိုးတောင်ဝှေးတစ်ချောင်းက သူ့လက်ထဲမှာ ပေါ်လာပြီး ၎င်း၏ ထိပ်ဖျားမှာ အရိုးခေါင်းတစ်ခုရှိကာ မကောင်းဆိုးဝါးဆန်သောအော်ရာတစ်မျိုးက ဖြာထွက်နေလေသည်။

“သွေးအင်းကျိန်စာ"

သူ၏ သွေးရိုးတောင်ဝှေးကို ဝေ့ရမ်း၍ နန်းတော်သခင်က အမျိုးအမည် မသိရသော မန္တန်တစ်ခုကို ရွတ်ဆိုလိုက်သောအခါ လေဟာနယ်ထဲသို့ ကြောက်စရာကောင်းသည့် စွမ်းအင်များက တလိပ်လိပ်တက် ဖြာထွက်သွား၏။

အရိုးခေါင်း၏ မျက်လုံးအိမ်ထဲမှ သွေးရောင်အလင်းစီးကြောင်းနှစ်ခုက ပစ်လွင့်ထွက်လာ၏။

အဲ့ဒါက အသက်ရှိသည့်အလား အရိုးခေါင်းက သူ့ပါးစပ်ကိုဟ၍ အစိမ်းရောင်အလင်းစီးကြောင်းတစ်ခုကို မှုတ်ထုတ်လိုက်၏။

သွေးရောင်အလင်းနှင့် အစိမ်းရောင်အလင်းက ရောနှောသွားပြီး လတ်ဆတ်သော သွေးတစ်စက်အဖြစ် ပြောင်းလဲသွားလေသည်။

ထိုသွေးစက်က အင်မော်တယ်ကြိုးကြာအိုကြီး၏ ဦးခေါင်းထက် ရောက်သောအခါ ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး လျှို့ဝှက်ဆန်းကြယ်သော အင်းကွက်များအဖြစ် ချိတ်ဆက်၍ ပြန့်ကားသွားလေသည်။ အဲ့ဒါက တဖြည်းဖြည်း ကျဆင်းလာပြီး အင်မော်တယ်ကြိုးကြာအိုကြီးကို လွှမ်းခြုံလာ၏။

ဇီ... ဇီ..

သွေးအင်းကွက်များက သွေးရောင်အလင်းစက်ဝန်းတစ်ခုအဖြစ် ဖွဲ့စည်းသွားပြီး အင်မော်တယ်ကြိုးကြာအိုကြီး၏ ခန္ဓာကိုယ်နှင့် ထိတွေ့တိုင်း မီးခိုးများက အူထွက်လာလေသည်။

နောက်ဆုံးမှာတော့ အဲ့ဒါက အင်မော်တယ်ကြိုးကြာအိုကြီး၏ ရှပ်အင်္ကျီကို တိုက်စားသွားပြီး သူမ၏ ဖြူဆွတ်သော အသားအရေပေါ်တွင် လောင်ကျွမ်းရာများကို ပေါ်လာစေ၏။

“ကော်း”

အင်မော်တယ်ကြိုးကြာအိုကြီးက အော်မြည်လိုက်ပြီး သူမ၏ သွေးချီများက ပေါက်ကွဲထွက်ပေါ်လာ၏။ ချက်ချင်းပင် သူမ၏ ခန္ဓာကိုယ်နှင့် အသားများက ပြန့်ကားသွားပြီး သူမ၏ အရိုးတည်ဆောက်ပုံများကလည်း ပြောင်းလဲကာ အသွင်ပြောင်းလာလေသည်။

လူတိုင်း၏ ရှေ့မှောက်မှာတင် သူမက ပေပေါင်းများစွာ ဗျက်ကျယ်သော ဧရာမကြမ်းကြုတ်ငှက်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး သူမ၏ တောင်ပံများနှင့်အတူ ထပျံဖို့ အဆင့်သင်ဖြစ်နေလေသည်။

အင်မော်တယ်ကြိုးကြာတစ်ကောင်လိုမျိုး ကြမ်းကြုတ်ငှက်ကြီးသည် သူမ၏ ဦးခေါင်းတွင် အနီရောင်များ စွန်းထင်းနေပြီး သူမ၏ ခန္ဓာကိုယ်က အစိမ်းရောင်ဖြစ်၏။ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ပါးလွှာသိပ်သည်းသည့် မီးတောက်တစ်လွှာက ကခုန်နေပြီး သူမ၏ နှုတ်သီးက နီရဲကာ ဆယ်ပေအပြည့် ရှည်လျားလေသည်။

“ဟမ့်”

သွေးကျီးကန်းနန်းတော်သခင်၏ အမူအယာက ပြောင်းလဲသွားပြီး တီးတိုးရေရွတ်လိုက်၏။

“ဪ.. ဒါဆို မင်းရဲ့အစ်အမှန်ပုံစံက တစ်ကယ်ပဲ မူလသွေးမျိုးဆက်ကြမ်းကြုတ်ငှက်တစ်ကောင်ပေါ့လေ”

အင်မော်တယ်ကြိုးကြာအိုကြီးက လေထဲသို့ ပျံတက်လိုက်ပြီး သူမ၏ ကိုယ်ပေါ်ရှိ မီးတောက်များက တောက်ပစွာ လောင်ကျွမ်း၍ သွေးကျိန်စာ၏ စွမ်းအားကို တွန်းထုတ်ပစ်လိုက်၏။ သူမ၏ ဧရာမခန္ဓာကိုယ်ကြီးက တိမ်လွှာများကြားသို့ ပျံတက်သွားပြီး အားကောင်းသော သတ်ဖြတ်လိုစိတ်နှင့်အတူ မြေပြင်ပေါ်ရှိ နန်းတော်သခင်ကို ငုံ့ကြည့်နေ၏။

“ခွိ ခွိ.. မင်းရဲ့ အထွတ်အထိပ်အချိန်တုန်းကဆိုရင်တော့ ငါ့ကို ခြိမ်းခြောက်နိုင်လောက်ပါရဲ့.. ဒါပေမယ့် အခုတော့ မင်းက မီးစာကုန်ဆီခမ်းခါနီး တောကောင်တစ်ကောင်ထက် ဘာမှ မပိုပါဘူးကွာ”

နန်းတော်သခင်က လှောင်ရယ်၍ ခုန်တက်လိုက်၏။ တစ်ခဏအတွင်း သူက တိမ်ကြားထဲသို့ တိုးဝင်၍ ပျောက်ကွယ်သွားလေသည်။

အဲ့ဒါက နိုးထဝိညာဉ်များပင် မရောက်နိုင်သော အမြင့်ဖြစ်လေသည်။

ရွှေအမြုတေများသည် ကောင်းကင်ထက်သို့ ပျံတက်နိုင်သော်လည်း သူတို့ရောက်နိုင်သည့်အမြင့်က ပေတစ်ရာထိသာ ဖြစ်လေသည်။

သူတို့၏ အမြုတေဝိညာဉ်နှင့်ဆိုလျှင်တောင် နိုးထဝိညာဉ်အဆင့်များသည် ပေနှစ်ထောင်အမြင့်လောက်ထိသာ ပျံတက်နိုင်ကြ၏။

ဆန်းကြယ်တောင်ထွတ်အောက်ခြေတွင် မဟာတိုက်ပွဲက စတင်လာလေပြီ။

သွေးကျီးကန်းနန်းတော်သခင်နှင့် အင်မော်တယ်ကြိုးကြာအိုကြီးသည် စတင်တိုက်ခိုက်လိုက်ကြပြီး ထွက်ပေါ်လာသော တုန်လှုပ်ချောက်ချားဖွယ်ရာ စွမ်းအင်လှိုင်းများက အနီးနားရှိ မူလနတ္ထိအဆင့်အချို့၏ စိတ်အာရုံကို ဆွဲဆောင်သွားလေသည်။

ဂိုဏ်းကြီးလေးဂိုဏ်းမှ စစ်တပ်များကလည်း မူလနတ္ထိပညာရှင်များ၏ ဦးဆောင်မှုဖြင့် ဆန်းကြယ်တောင်ထွတ်ဆီသို့ ချီတက်လာကြလေပြီ။

“ဟမ့်”

“အဲ့ဒီတောကောင်အိုကြီးက တော်တော်လျှိုထားတာပဲ.. ကြည့်စမ်း သူက ရှေးဟောင်းခေတ်က မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင် ပီဖန့် ဖြစ်နေတာပဲ”

ပီဖန့်က မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်ဖြစ်ပြီး အစား စားစရာ မလိုဘဲ မီးတာအိုကို ကျင့်ကြံလေသည်။

ဒဏ္ဍာရီများအရဆိုလျှင် ပီဖန့်က ဖီးနစ်မျိုးနွယ်၏ မျိုးဆက်သွေးကို သယ်ဆောင်ထားပြီး အလွန်တရာ ကြမ်းကြုတ်လေသည်။

ပီဖန့်သည် အင်မော်တယ်ကြိုးကြာနှင့် အလွန်တရာဆင်တူပြီး သူတို့၏ ကွာခြားချက်မှာ သူတို့၏ ဦးခေါင်းအကျယ်က တစ်ပေတိတိ ကွာလေသည်။

“တော်သေးတာပေါ့.. ငါတို့ဘက်မှာ သွေးကျီးကန်းနန်းတော်သခင် ရှိနေလို့.. မဟုတ်ရင် ငါတို့လေးယောက်ပေါင်းတောင် အဲ့ဒီတောကောင်အိုကြီးကို မနိုင်လောက်ဘူး”

“ဟုတ်တယ်.. ပီဖန့်က အခု တော်တော်အိုနေလို့.. နောက်ပြီး ငါကြားတာ သွေးကျီးကန်းနန်းတော်သခင်က ကမ္ဘာဦးမျိုးနွယ်ကိုးစုထဲက တစ်စုဝင်တဲ့.. အဲ့လိုဆို ပီဖန့်က သူ့ရဲ့ အထွတ်အထိပ်အခြေအနေမှာ ရှိနေရင်တောင် နန်းတော်သခင်ကို မယှဉ်နိုင်လောက်ဘူး”

“သွားကြစို့.. ငါတို့ သွေးကျီးကန်းနန်းတော်သခင်ကို အရင်ကူပြီး အဲ့ဒီတောကောင်အိုကြီးကို အမြန်ဆုံး သတ်ကြရအောင်”

မူလနတ္ထိပညာရှင်လေးယောက်သည် စကားအနည်းငယ် ပြောဆို၍ လေထဲသို့ ပျံတက်ကာ ပျောက်ကွယ်သွားလေသည်။

ဂိုဏ်းကြီးလေးဂိုဏ်းမှ စစ်တပ်များက ဆန်းကြယ်တောင်ထွတ်သို့ ရောက်လာဖို့ သိပ်ကြတော့မည် မဟုတ်ပေ။

All Chapters