← Chapters

ရွှေအမြုတေများနှင့် တိုက်ခိုက်ခြင်း

Vol. 32 Ch. 480

ရွှေအမြုတေများနှင့် တိုက်ခိုက်ခြင်း

Vol. 32 Ch. 480

ပကတိသက်ရှိကန်းလန်သည် ချွေးစေးများ ထွက်လာ၏။

သူသည် နောက်ပိုင်း-ရွှေအမြုတေအဆင့်ဖြစ်ပြီး သူ၏ ရွှေအမြုတေနယ်မြေကို ထုတ်ဖော်ပြီးတာတောင် သူသည် ဆူဇီမိုထုတ်ဖော်လိုက်သော လျှို့ဝှက်ပညာရပ်တစ်ခုကို ယှဉ်နိုင်ရုံသာရှိ၏။

ယမန့်မနှစ်တုန်းက အတွေ့အကြုံနုနယ်၍ မိုက်မဲသည့် စာပေသမားလေးသည် သူ၏ ထိန်းချုပ်မှုနှင့် မျှော်မှန်းထားမှုများမှ လွတ်ထွက်လာပြီဖြစ်ကြောင်း ပကတိသက်ရှိကန်းလန်သည် ပထမဆုံးအကြိမ် စတင်ခံစားလာရ၏။

ဂိုဏ်းပေါင်းစုံပြိုင်ပွဲတုန်းက ဆူဇီမိုသည် နံပါတ်တစ်နတ်ပန်းပဲဆရာဟူသော သူ၏ ဂုဏ်ထူးကို အသုံးချ၍ သူ့ကို ဖိနှိမ်ပြီး အရှက်ခွဲနိုင်ခဲ့၏။

သို့သော် ယခုအခါ ဤစာပေသမားလေးက တိုက်ခိုက်မှုခွန်အားအရာမှာပါ သူနှင့် ယှဉ်လာနိုင်လေပြီ။

သူတို့နှစ်ယောက်အကြား ကျင့်ကြံမှုအဆင့်က အဆင့်ကြီးတစ်ဆင့်နီးပါး ကွာဟလေသည်။

ဟိုအရင် မြို့ငယ်လေးမှာတုန်းက ပကတိသက်ရှိကန်းလန်သည် ဆုံးဖြတ်ချက်အမှားတစ်ခုကို ပြုလုပ်ခဲ့မိကြောင်း ဝန်ခံရပေတော့မည်။

အချိန်က နောက်ပြန်သွားလို့မရသလို ဤကမ္ဘာပေါ်မှာ နောင်တအတွက် ကုသနိုင်သည့် ဆေးမရှိပေ။ ယခုအချိန်တွင် သူ့အတွက် တစ်ခုတည်းသော ထွက်ပေါက်မှာ သူ့မှာရှိသမျှ အရာတိုင်းကို အသုံးချပြီး ဆူဇီမိုကို ကြိုးစား၍ သတ်ဖြတ်ဖို့ပင်။

“သူ့ကို ဆက်ပြီး ကြီးထွားခွင့်ပေးလို့ မရတော့ဘူးပဲ” ပကတိသက်ရှိကန်းလန်သည် စိတ်ထဲကနေ ကြိတ်ပြီး ရေရွတ်လိုက်၏။

ရုတ်တရက် အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ စီမာကျီ၏ အသံက ထွက်ပေါ်လာ၏။

“ဒီကောင်လေးက အခုပဲ သူ့ရဲ့ လျှို့ဝှက်ပညာရပ်ကို ထုတ်သုံးထားတာ.. နောက်ခဏနဲ့ သူအဲ့ဒါကို ထပ်ပြီး ထုတ်နိုင်မှာ မဟုတ်ဘူး”

အဇူရာနှင်းမြူလွှာဂိုဏ်းမှ ရွှေအမြုတေတစ်ယောက်ကလည်း အော်လိုက်၏။

“အမှန်ပဲ.. အားလုံးပဲ ဘာမှ မကြောက်ကြနဲ့”

ထိုလူက သူ့စကားကို ဆုံးအောင် မပြောနိုင်သေးခင်မှာပင် ဧရာမတောင်ကြီးက သူ့ခေါင်းပေါ် ရောက်ရှိလာသည့်အလား သူ့အမြင်အာရုံက မှောင်မည်းလာလေသည်။ ကြောက်မက်ဖွယ်အော်ရာနှင့်အတူ အဲ့ဒါက ရုတ်တရက် ပြိုကျလာလေသည်။

တောင်အောက်ရှိ ရွှေအမြုတေဆယ်ယောက်ကျော်သည် ထိုတောင်ထွတ်ကို ဖျက်ဆီးပစ်ချင်သည့်အလား တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လိုက်ကြ၏။

ချွမ်း ချွမ်း.. ချွမ်း..

စိတ်ဝိညာဉ်လက်နက်များက တစ်ခုပြီးတစ်ခု ပြန်ကန်ထွက်လာ၏။

မရေမတွက်နိုင်သော စိတ်ဝိညာဉ်တိုက်ကွက်များက တောင်ထွတ်ကို ရိုက်ခတ်၍ တဝုန်းဝုန်းအသံများက ထွက်ပေါ်လာသော်လည်း တောင်ထွတ်၏ အရှိန်က လျော့ကျမသွားဘဲ ဆက်လက်ကျဆင်းလာ၏။

ရွှေအမြုတေများသည် ကြောက်လန့်တကြား ဖြစ်လာကြပြီး အလောတကြီးနှင့် ထွက်ပြေးဖို့ ကြိုးစားလိုက်ကြ၏။ သို့သော်လည်း သနားဖို့ကောင်းစွာနှင့် သူတို့က နောက်ကျသွားလေပြီ။

ဘုန်း!

နားပင်းလောက်သည့်အသံကြီးက မြည်ဟည်းသွား၏။

လေဟာနယ်က အတောမသတ် လှုပ်ခါသွားလေသည်။

ရွှေအမြုတေဆယ်ယောက်ကျော်သည် ဖိချေခြင်း ခံလိုက်ရပြီး အသားပျော့ဖတ်များအဖြစ် ပြောင်းလဲကာ လူရုပ်သူရုပ်ပင် မပေါ်တော့ပေ။

“ဒါက...”

“မူလစိတ်ဝိညာဉ်လက်နက်”

“သူ့မှာ တစ်ကယ်ကြီး မူလစိတ်ဝိညာဉ်လက်နက် ရှိတာပဲ”

အာမေဋိတ်သံများက ဆက်တိုက်ထွက်ပေါ်လာပြီး လူတိုင်း၏ အကြည့်များက ထိုရွှေရောင်တောက်ပနေသော ချိတ်စည်းကြီးပေါ်သို့ ရောက်ရှိသွားလေသည်။

ထိုဧရာမချိတ်စည်းကြီးက လေးထောင့်စပ်စပ်နှင့် ရွှေရောင်ရှိပြီး အသက်ဝင်နေသည့်အလား နဂါးတစ်ကောင်၏ ပုံစံကို ထိုအပေါ်မှာ ထွင်းထုထားလေသည်။ အဲ့ဒါက လူသားဧကရာဇ်နန်းတော်ကနေ ဆူဇီမို ရရှိလာခဲ့သော ရစ်ခွေနဂါးချိတ်စည်း ဖြစ်လေသည်။

ဆူဇီမိုက ညင်သာစွာ ပြန်ခေါ်လိုက်သောအခါ ရစ်ခွေနဂါးချိတ်စည်းကြီးက ကျုံ့ဝင်သွားပြီး သူ့လက်ဖဝါးထဲသို့ ပြန်ရောက်သွား၏။

ပကတိသက်ရှိကန်းလန်၊ စီမာကျီနှင့် အခြားသော ရွှေအမြုတေများအားလုံး၏ မျက်နှာသည် လောဘရမ္မက်ဖြင့် နီမြန်းလာ၏။ သူတို့သည် ဆူဇီမို၏ လက်ဖဝါးထဲက ရွှေရောင်ချိတ်စည်းလေးကို စိုက်ကြည့်ပြီး အသက်ရှူရသည်ပင် ခက်ခဲလာကြ၏။

မဟာကျိုးအင်ပါယာတွင် မူလစိတ်ဝိညာဉ်လက်နက်လို ရတနာများက ပေါ်မလာခဲ့သည်မှာ နှစ်ပေါင်းရာချီခဲ့လေပြီ။

“ကြည့်ရတာ မင်းက ရှေးဟောင်းတိုက်ပွဲမြေမှာ အတော်လေး အကျိုးမြတ်များခဲ့ပုံပဲ”

ပကတိသက်ရှိကန်းလန်က အေးစက်စွာ ပြောလိုက်၏။

“အဲ့ဒါလဲ ကောင်းတာပဲ.. မင်းကိုသတ်ပြီးသွားရင် မင်းဆီမှာ ရတနာနဲ့ လျှို့ဝှက်ပညာရပ်တွေ ဘယ်လောက်များရှိလဲ ကြည့်ရသေးတာပေါ့”

“ရတနာတွေက အခုငါ့လက်ထဲမှာပဲ.. အဲ့ဒါတွေကို သုံးဖို့ဆိုရင် မင်းတို့မှာ အသက်ရှိသေးဖို့တော့ လိုတာပေါ့”

ဆူဇီမိုက လှောင်ရယ်၍ ဘယ်ဘက်လက်ဖြင့် ရစ်ခွေနဂါးချိတ်စည်းကို မထား၏။ အဲ့ဒါက စိတ်ဝိညာဉ်အင်းကွက်ခြောက်ခုနှင့်အတူ တဖျတ်ဖျတ်တလက်လက် တောက်ပလာပြီး သူက ခြစ်ခြစ်တောက်ပူနေသော နေတစ်စင်းကို သယ်ဆောင်ထားသည်နှင့် တူနေလေသည်။

သူ့ညာဘက်လက်က သိုလှောင်အိတ်ကို ပုတ်လိုက်သောအခါ သွေးနီရောင်ဆေဘာကြီးတစ်လက်က သူ့လက်ဖဝါးထဲသို့ ရောက်လာ၏။

ဓါးသွားက တုန်ခါ၍ သွေးရောင်အင်းကွက်ငါးခုက တောက်ပလာ၏။ သွေးရောင်အလင်းက ပြန့်ကားလာပြီးနောက် ညှီစို့စို့သွေးရနံ့က ထွက်လာလေသည်။ အဲ့ဒါက ပကတိစိတ်ဝိညာဉ်လက်နက်-သွေးသောက်သူ ဖြစ်လေသည်။

“ကန်းလန် သေဖို့ပြင်ထားလိုက်တော့”

ဆူဇီမို၏ အကြည့်က မီးတုတ်တစ်ခုလို လောင်ကျွမ်းလာပြီး အော်လိုက်၏။ ဘယ်ဘက်လက်က ချိတ်စည်းကိုမ၊ ညာဘက်လက်က ဆေဘာကိုကိုင်ကာ.. သူသည် အားကောင်းသော အော်ရာနှင့်အတူ ပကတိသက်ရှိကန်းလန်ဆီသို့ ပြေးဝင်ချသွားလေသည်။

ရာပေါင်းများစွာသော ရွှေအမြုတေများနှင့် ရင်ဆိုင်နေရသော်လည်း ဆူဇီမိုက နောက်ဆုတ်ရမည့်အစား ရှေ့သို့တက်ချသွားလေသည်။

ရွှမ်ယီနှင့် အခြားသူများကလည်း အကြည့်ချင်းဖလှယ်၍ အားမာန်တက်ကြွစွာနှင့် ရှေ့သို့ ချီတက်လိုက်ကြ၏။ သူတို့သည် ဆူဇီမိုအပေါ် ယုံကြည်မှုထား၍ သူ၏ ဝန်ထုပ်ဝန်ပိုးများကို တတ်နိုင်သမျှ ခွဲဝေယူကြရပေမည်။

“မင်းကတော့ သေချင်နေတာပဲ”

တောင်ပိုင်းတောင်တန်းဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက်သည် တုတ်ရှည်တစ်ချောင်းကို ကိုင်စွဲ၍ သွေးချီများကို ထုတ်ဖော်ကာ ဆူဇီမို၏ ဦးခေါင်းကို ချိန်ရွယ်လိုက်၏။

ဝေါ..

ဆူဇီမိုက သူ့မျိုးဆက်သွေးကို လှည့်ပတ်လိုက်သောအခါ ဆူနာမီအသံက ထွက်ပေါ်လာ၏။

ရွှစ်..

သူက ဝင်ရောက်လာသော တုတ်ချောင်းကို ကြည့်တောင်မကြည့်ဘဲ လက်ပြန်တွက်၍ တန်ပြန်စီးကြောင်းတိုက်ကွက်ကို ထုတ်ဖော်လိုက်၏။

တောင်ပိုင်းတောင်တန်းဂိုဏ်းမှ ကျင့်ကြံသူ၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွားပြီး သူ့နှလုံးက တုန်လှုပ်မှုဖြင့် ဒိန်းကနဲ ခုန်သွားလေသည်။

ဆေဘာအားက သူ့စိတ်အခြေအနေအပေါ် သက်ရောက်၍ သူ၏ လှုပ်ရှားမှုက ခဏမျှ လျော့ကျသွားလေသည်။

“ဖြီး”

သွေးများက ဖြာထွက်လာ၏။

ထိုလူသည် ခါးလယ်ကနေ နှစ်ပိုင်းပြတ်ထွက်သွားပြီး သူ၏ ကိုယ်တွင်းအင်္ဂါများက ထွက်ကျလာကာ ညှီစို့စို့အနံ့ကို ထုတ်ပေးလာလေသည်။

ရွှီး..

အလင်းတစ်ခုက လေထုကို ဖြတ်သန်း၍ ချက်ချင်းရောက်ချလာ၏။

လှည့်ပင်မကြည့်ဘဲ ဆူဇီမိုက ချိတ်စည်းကြီးကို မြှောက်၍ ဝင်ရောက်လာသော ဓါးပျံကို တွန်းထုတ်လိုက်၏။

တစ်ချိန်တည်းမှာပင် သူသည် တသိမ့်သိမ်တုန်၍ သူ့အရှိန်က လျော့ကျသွား၏။

ရွှမ်ယီနှင့် အခြားသူများက ရွှေအမြုတေများ၏ တစ်စိတ်တစ်ပိုင်းကို ထိန်းပေးထားသော်လည်း ဆူဇီမိုကို တစ်ချိန်တည်းမှာ တိုက်ခိုက်နေကြသော ရွှေအမြုတေပေါင်းက တစ်ရာကျော်ရှိကာ ကောင်းကင်မှာ စိတ်ဝိညာဉ်တိုက်ကွက်များနှင့် အဆောင်များက တဖျတ်ဖျတ်တလက်လက်နှင့် ပြည့်နှက်နေ၏။

ချွမ်း.. ချွမ်း.. ချွမ်း..

ဆူဇီမိုသည် ဘယ်ဘက်လက်က ချိတ်စည်းကြီးကို လှည့်ပတ်၊ ညာဘက်လက်က တည်ငြိမ်ပင်လယ် ငါးကွက်ကို ထုတ်ဖော်ကာ ဝင်ရောက်လာသော ဓါးပျံများနှင့် စိတ်ဝိညာဉ်တိုက်ကွက်များကို လက်ခံခုခံနေ၏။

ဖုန်း.. ဖုန်း.. ဖုန်း..

သူသည် နောက်သို့ ဆက်တိုက်ဆုတ်လိုက်ရပြီး သူ့အင်္ဂါများက ပြင်းထန်စွာ လှုပ်ခါကာ နေရာများပင် ရွေ့ကုန်ကြ၏။

“ဖွီး”

ဆူဇီမိုသည် သွေးများကို ထွေးထုတ်လိုက်ရ၏။

စီမာကျီက ရယ်မောလိုက်၏။

“ဆူဇီမို.. စောစောက ထုတ်ဖော်လိုက်တဲ့ လျှို့ဝှက်ပညာရပ်ကလွဲရင် မင်းက ဘာမှ မဟုတ်ပါဘူးကွာ”

“ဟီးဟီး”

ပကတိသက်ရှိကန်းလန်ကလည်း လှောင်ရယ်လိုက်၏။

“မင်းက မူလစိတ်ဝိညာဉ်လက်နက်အစွမ်းနဲ့ အလယ်အလတ်-ရွှေအမြုတေတွေကို သတ်နိုင်ရင်တောင် ဘာပဲဖြစ်ဖြစ် မင်းက အခြေတည်အဆင့်ပါပဲကွာ.. နောက်ပိုင်း-ရွှေအမြုတေတွေနဲ့ ပကတိရွှေအမြုတေတွေရဲ့စွမ်းအားကို မင်းဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ပါဘူးကွာ"

ပကတိသက်ရှိကန်းလန်က အေးစက်စွာ ဆက်လက်ရယ်မောလိုက်၏။

ဆူဇီမိုက ယိမ်းယိုင်မသွားပေ။

ပကတိသက်ရှိကန်းလန်ပြောတာက မမှားပေ။

သို့သော်လည်း သူက အင်မော်တယ်လမ်းစဉ်ရော သားရဲလမ်းစဉ်ကိုပါ လျှောက်လှမ်းနေသည့်သူဖြစ်၏။

သူ၏ သားရဲသွင်ပြင်ကို မပြောင်းလျှင်တောင် ဆူဇီမို၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးက အဆင့်တူမှာရှိသော ကျင့်ကြံသူအားလုံးကို ချေမှုန်းပစ်ဖို့ လုံလောက်လေသည်။

ဆူဇီမိုသာ အနားကပ်နိုင်ပါက ပကတိရွှေအမြုတေဆိုလျှင်တောင် သေခြင်းတရားမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

အနီးကပ်တိုက်ခိုက်ခြင်းမှာ သူက ပြိုင်ဘက်ကင်းလေသည်။

အခြားသူများသာ ဒဏ်ရာရရှိလျှင် အဲ့ဒါက သူတို့၏ တိုက်ခိုက်ရည်အပေါ် သေချာပေါက် အကျိုးသက်ရောက်ပေလိမ့်မည်။

သို့သော်လည်း ဆူဇီမို၏ ကိုယ်ကာယက အလွန်တရာ သန်မာပြီး သူ၏ ပြန်လည်သက်သာကောင်းမွန်နိုင်စွမ်းက တုန်လှုပ်ဖွယ်ရာကောင်းလေသည်။

အသက်သုံးလေးရှိုက်စာအတွင်း ဆူဇီမို၏ ဒဏ်ရာအများစုက သက်သာပျောက်ကင်းသွားလေပြီ။

“ဟဟ ဟားဟား”

ဆူဇီမိုက အားပါးတရ ရယ်မောနေရင်း သူ့အရွတ်များနှင့် အရိုးများမှ အသံဗလံများက ထွက်ပေါ်လာ၏။ ဒဏ်ရာများ ရရှိပြီးနောက် သူ့အော်ရာက လျော့ကျမသွားသည့်အပြင် ပိုမိုသန်မာအားကောင်းလာပြီး သူ့မျက်လုံးထဲရှိ အလင်းရောင်က ပိုမိုသိပ်သည်းလာလေသည်။ သူက လူသားများကို အစိမ်းလိုက်ဝါးမျိုတော့မည့် ရှေးကျသော သားရဲတစ်ကောင်နှင့် တူလာလေသည်။

All Chapters