← Chapters

နီလာနတ်သမီး၏ ဆင်းသက်လာမှု(ဃ)

Vol. 49 Ch. 746

နီလာနတ်သမီး၏ ဆင်းသက်လာမှု(ဃ)

Vol. 49 Ch. 746

နီလာနတ်သမီး၏ နဖူးပေါ်မှ သွေးနီလအမှတ်အသားက အရောင်တောက်ပလာသည်နှင့် အနီရောင်အလင်းတန်းတစ်ခုသည် သူ၏ ကျောနောက်မှ ထွက်ပေါ်လာသည်။ ယင်းက အရှေ့သို့ ဆက်လက်ပျံ့နှံ့သွားကာ ကောင်းကင်ပေါ်တွင် သွေးပင်လယ်ကြီးတစ်ခုသို့ ပြောင်းလဲသွားသည်။ ရွှေရောင်အလင်းတန်း(၂၇)ခုက သွေးပင်လယ်ကြီးနှင့် တွေ့ဆုံသွားသောအခါ ကောင်းကင်နှင့် မြေပြင်သည် တုန်လှုပ်သွားပြီး သွေးနီဝဲကတော့(၂၇)ခုကို ဖြစ်ပေါ်လာစေသည်။

ဝဲကတော့များသည် အတားအဆီးမဲ့စွာ ဆက်လက် လှည့်ပတ်သွားကြသည်။ သို့သော်လည်း ယင်းတို့သည် ထိုးဖောက်မခံရပေ။ တစ်ဖက်တွင်တော့ ရွှေရောင်အလင်းတန်း(၂၇)ခုသည် အမြစ်ဖြတ်ဖျက်ဆီးခံလိုက်ရပြီး သွေးပင်လယ်၏ ဝါးမျိုခံလိုက်ရသည်။

မြေပြင်က အပေါ်သို့ ကြွတတ်လာနေစဉ် နတ်ဘုရားစိတ်ဆန္ဒထံမှ ကြောက်လန့်ခြင်းနှင့် ခြောက်ခြားခြင်းတို့ ပျံ့လွင့်ထွက်လာသည်။ နီလာနတ်သမီးက ပိုပြီးသွားရည်ကျလာသောအခါ သူ၏ မျက်လုံးထဲတွင် ဆာလောင်မွတ်သိပ်သော အရိပ်အယောင်နှင့် လောဘရမ္မက်တို့ ထွက်ပေါ်လာသည်။ ဤတစ်ခါ သူသည် အနည်းငယ် အားထည့်၍ ညာလက်ကိုမြှောက်လိုက်ပြီး တင်းတင်းကျပ်ကျပ် ဆုပ်လိုက်သည်။

နက်ရှိုင်းသော လျှိုမြောင်ငါးခုက မြေကြီးအောက်ထဲတွင် ပုန်းကွယ်နေသော နတ်ဘုရားနှင့် တွေ့ဆုံသွားသည့်အခါ ကမ္ဘာမြေသည် အက်ကွဲသံတစ်သံကို ထုတ်လွှတ်လိုက်သည်။

ထိုအခိုက်အတန့်မှာ ရွှေရောင်နှင့် အနီရောင်သည် တိုက်ခိုက်သွားသည်။ မြေပြင်သည် မရေမတွက်နိုင်သော အသွေးအသားများ၊ အပျက်အစီးနန်းတော်များနှင့် အကျိုးအပဲ့များဖြင့် အပေါ်သို့ မြှောက်တတ်လာသည်။ မြေကြီးအောက်တွင်ရှိနေသော နတ်ဘုရားသည် ဒေါသတကြီး ရုန်းကန်နေသည်။

ကျယ်လောင်သော ဟိန်းသံများကြားတွင် မြေပြင်သည် လှုပ်ခါသွားပြီး နီလာနတ်သမီး၏ နှုတ်ခမ်းထောင့်သည် အပေါ်သို့ ဆက်လက်ပင့်တတ်သွားသည်။ သူက ကြမ်းကြမ်းတမ်းတမ်း ဖမ်းဆုပ်လိုက်သည်။

ချက်ချင်းဆိုသလို ကီလိုမီတာ(၅၀၀)အတွင်းမှ မြေပြင်သည် လုံးလုံးပြိုလဲပျက်စီးသွားသည်။ ထိုသဏ္ဍာန်မဲ့လက်ဝါးကြီးသည် မြေကြီးအောက်မှာ ပုန်းကွယ်နေသော အင်မော်တယ်တားမြစ်နယ်မြေ နတ်ဘုရားကို လုံးဝဖမ်းဆုပ်လိုက်ပြီး အပေါ်သို့ ဆွဲထုတ်လိုက်သည်။

ကုန်းမြေက ပြိုလဲပျက်စီးသွားသည်နှင့် စပါးအုံးမြွေကြီးနှင့် အသွင်ဆင်တူသော အသွေးအသားနွယ်ပင်သည် မြေကြီးထဲမှ ဆွဲထုတ်ခံလိုက်ရသည်။ ၎င်း၏ ခန္ဓာကိုယ်သည် ကီလိုမီတာတစ်သောင်းကျော် ရှည်ထွက်လာသည်။

ကျယ်လောင်သော ပေါက်ကွဲသံများ ပျံ့လွင့်ထွက်လာသည့်အခါ ကီလိုမီတာတစ်သောင်းကျော်ရှည်လျားသော လျှိုမြောင်ရှည်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ကောင်းကင်သည် မည်းမှောင်သွားပြီး မရေမတွက်နိုင်သော အနီရောင်မိုးကြိုးသွားများသည် အရပ်မျက်နှာပေါင်းစုံသို့ ကျဆင်းသွားကြသည်။

ပေါက်ကွဲသံများကြားတွင် အင်မော်တယ်တားမြစ်နယ်မြေ နတ်ဘုရားက အပေါ်သို့ ဆွဲထုတ်ခံလိုက်ရသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပေသည်။ ၎င်းသည် မြွေတစ်ကောင် သို့မဟုတ် နဂါးတစ်ကောင်နှင့် ဆင်တူသည်။ သို့သော်လည်း ၎င်း၏ ကိုယ်ပေါ်တွင် အကြေးခွံများမရှိပေ။ ယင်းအစား ၎င်းသည် ခရမ်းနီအသွေးအသားဖြင့် ဖွဲ့စည်းထားသော ရှည်မျောမျောအကောင်တစ်ကောင်ပုံစံ ရှိသည်။

၎င်းသည် လူးလွန့်လှုပ်ရှားလျက် ရုန်းကန်နေလေရာ ၎င်း၏ နတ်ဘုရားခန္ဓာကိုယ်ပေါ်မှ ချွန်ထက်သော ဆူးချွန်များကို မည်သူမဆို သတိပြုမိလိမ့်မည်။ ထိုဆူးချွန်များသည် တစ်ခုနှင့်တစ်ခု ကီလိုမီတာ(၅၀၀)ခြားပြီး ရှိနေကြသည်။ ဆူးချွန်များသည် စုစုပေါင်း (၂၇)ခု ရှိသည်။

ဤသည်မှာ ထူထဲသော ချည်မျှင်တစ်ခုက အပ်(၂၇)ချောင်းဖြင့် ချည်နှောင်ခံထားရသကဲ့သို့ပင်။

၎င်းသည် အင်မော်တယ်တားမြစ်နယ်မြေထဲတွင် အိပ်စက်နေသော နတ်ဘုရားဖြစ်သည်။ ၎င်းသည် ခန္ဓာကိုယ်လူးလွန့်နေလျက် ကျယ်လောင်စွာ မြည်ဟိန်းနေစဉ် ဆူးချွန်(၂၇)ချောင်းဖြင့် သဏ္ဍာန်မဲ့လက်ဝါးကြီးဆီသို့ အလျှင်အမြန် ထိုးစိုက်လိုက်လေသည်။ သို့သော်လည်း ဆူးချွန်များသည် သဏ္ဍာန်မဲ့လက်ဝါးကြီးကို မထိုးဖောက်နိုင်ကြပေ။ သို့သော်လည်း ဆူးချွန်များ၏ လွှမ်းမိုးမှုကြောင့် သဏ္ဍာန်မဲ့လက်ဝါးကြီး၏ အနားသတ်မျဉ်းကြောင်းများကို အကြမ်းဖျဉ်းအားဖြင့် ရေးတေးတေး မြင်လာနိုင်သည်။

ထိုမြင်ကွင်းသည် သက်ရှိအားလုံးကို နှလုံးတုန်သွားစေရန် လုံလောက်သည်။

ကျင့်ကြံသူများ၏ အသိအမြင်တွင် ဤတိုက်ပွဲသည် ဒဏ္ဍာရီအဆင့် ဖြစ်သည်။ သို့ဖြစ်၍ သူတို့အနေဖြင့် ကြောက်ရွံ့ရိုသေမှုအား မခံစားရရန် အလွန်တရာခက်ခဲပေသည်။

မြေပြင်ပေါ်တွင် ဧရိယာအများအပြားသည် ကြီးမားသော အားလှိုင်းအတတ်အကျများ၏ ရိုက်ခတ်မှုဒဏ်ကို ခံစားသွားကြရသည်။ သို့သော်လည်း အရှေ့ပိုင်းဒေသသည် ထိခိုက်မှုအနည်းဆုံး ဖြစ်သည်။

ဤအကြောင်းအရင်းကြောင့် လူသားမျိုးနွယ်က အရှေ့ပိုင်းဒေသကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်မှာ ရှင်းလင်းသည်။ အရာအားလုံးသည် အစီအစဉ်အတွင်းထဲမှာသာ ရှိသည်။

ရွှီချင်းနှင့် ခေါင်းဆောင်၏ နှလုံးသည်လည်း အပြင်းအထန် တုန်လှုပ်နေကြသည်။ စောစောတုန်းက နီလာနတ်သမီး စတင်တိုက်ခိုက်သည်နှင့် ခေါင်းဆောင်သည် သူ၏ လက်ဖဝါးကို ဖွင့်လိုက်ပြီး အထဲမှ မျက်လုံးကို ထုတ်ဖော်လိုက်သည်။ အပြင်လောကရှိ မတူညီသော နေရာအသီးသီးမှ မျက်လုံးများမှတဆင့် ပြီးပြည့်စုံသော မြင်ကွင်းတစ်ခုက သူတို့နှစ်ယောက်အရှေ့မှာ ဖြစ်ပေါ်လာသည်။

ရွှီချင်းနှင့် ခေါင်းဆောင်သည် အရာအားလုံးကို အကြမ်းဖျဉ်းအားဖြင့် ရှင်းလင်းစွာ မြင်တွေ့သွားကြသည်။

သို့သော်လည်း နတ်ဘုရား၏ စွမ်းအားကြောင့် အပြင်လောကမှ ခေါင်းဆောင်၏ မျက်လုံးများသည် အစဉ်မပြတ် ယိုယွင်းပျက်စီးသွားကြသည်။ ထို့ကြောင့် မြင်ကွင်းသည် အလွန်တရာ ကြည်လင်ရှင်းလင်းခြင်းမရှိပေ။ အရှေ့ပိုင်းဒေသ၏ နယ်နိမိတ်ထဲမှ မျက်လုံးများသည်သာ ပိုပြီးမြင်နိုင်ကြသည်။

သို့ဖြစ်၍ မြင်ကွင်းက ဝေဝါးနေသည်မှာ လက်ခံနိုင်လောက်၏။

သို့သော်လည်း ယင်းသည် နီလာနတ်သမီးက မည်မျှကြောက်စရာကောင်းကြောင်း သူတို့အား ပိုပြီးနားလည်သွားစေရန် အဟန့်အတားမဖြစ်စေခဲ့ပေ။

သူတို့အတွက်တော့ အင်မော်တယ်တားမြစ်နယ်မြေ နတ်ဘုရားသည် ကောင်းကင်စွမ်းအားရှင်ဖြစ်ပြီး လှုပ်ခါရန် မည်သို့မှမဖြစ်နိုင်သည့် တည်ရှိမှုကြီး ဖြစ်သည်။ ၎င်း၏ အနားသို့ ချဉ်းကပ်သွားရုံမျှဖြင့် သေခြင်းကိုဖြစ်ပေါ်စေနိုင်သော တည်ရှိမှုကြီး ဖြစ်သည်။ သို့သော် နီလာနတ်သမီးသည်တော့ လက်ကလေးမြှောက်ရုံဖြင့် နတ်ဘုရားကို မြေကြီးထဲမှ ဆွဲထုတ်နိုင်ခဲ့သည်။

ထို့အပြင် ရုန်းကန်လှုပ်ရှားနေသော အင်မော်တယ်တားမြစ်နယ်မြေ နတ်ဘုရား၏ အခြေအနေကိုကြည့်ခြင်းအားဖြင့် နတ်ဘုရားနှစ်ပါးကြားမှ စွမ်းအားကွာခြားမှုသည် အတော်လေး ကြီးမားသည်။

“ ဝမ်ကူးကုန်းမြေက နတ်ဘုရားတွေက အရမ်းသန်မာကြတယ်… သူတို့က သက်ရှိအများကြီးရဲ့ နားလည်နိုင်စွမ်းထက်ကို ကျော်လွန်နေကြတယ်… ပြီးတော့ အဲ့ဒီတည်ရှိမှုတွေကို ကျင့်ကြံသူတွေက နတ်ဘုရားတွေလို့ သမုတ်ကျတယ်… သာမန်လူတွေအတွက်တော့ သူတို့က ဖန်တီးရှင်တွေပဲ ”

ခေါင်းဆောင်သည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ မျက်လုံးထဲ၌ ထူးဆန်းသောအလင်း ထွက်ပေါ်လာသောအခါ တီးတိုးရေရွတ်လိုက်သည်။

“ ဂျူနီယာညီလေး… အနီရောင်လကို ငါစားချင်တယ် ”

ဤသည်ကိုကြားသောအခါ ခေါင်းဆောင်၏ ဘေးမှ ရွှီချင်းသည် အံ့ဩသွားသည်။ သူသည် အရှိန်အဝါအားလုံးကို ချုပ်ထိန်းထားပြီး မည်သည့်အားလှိုင်းအတတ်အကျမှ မထုတ်လွှင့်မိအောင် ဂရုစိုက်နေသည်။

သို့သော်လည်း ယင်းက ထူးဆန်းသည်ဟု သူမခံစားရပေ။ မည်သို့ဖြစ်စေ သူသည် ခေါင်းဆောင်၏ ရူးမိုက်သော လုပ်ဆောင်မှုများကို အကြိမ်ပေါင်းများစွာ တွေ့ကြုံဖူးထားပြီး ဖြစ်သည်။

“ ကံကောင်းပါစေ ”

“ ဂျူနီယာညီလေး မင်းငါ့ကို ထောက်ပံ့ပေးမှာလား… ငါက ကိစ္စကြီးတစ်ခုကိုလုပ်ဖို့ စီစဉ်နေတာ… တကယ်တော့လေ အဲ့ဒါကို အရင်က ငါစီစဉ်ဖူးတယ်… ဒါပေမဲ့ ကံမကောင်းစွာဘဲ အဲ့ဒီဘဝမှာ ငါကျရှုံးသွားခဲ့တယ် ”

ခေါင်းဆောင်၏ မျက်လုံးထဲ၌ အလင်းရောင်တောက်ပလာသည်နှင့် သူက နှုတ်ခမ်းသပ်လိုက်သည်။

( ဘာသာပြန်သူ၏ မှတ်ချက်: ၁ကီလိုမီတာ= ၃၂၈၀.၈၄ပေ )

All Chapters