← Chapters

ကျားပါးစပ်ထဲမှ အစာလုခြင်း(က)

Vol. 49 Ch. 747

ကျားပါးစပ်ထဲမှ အစာလုခြင်း(က)

Vol. 49 Ch. 747

ဤအခိုက်အတန့်မှာ တိတ်ဆိတ်ငြိမ်သက်နေသော ခေါင်းဆောင်နှင့် ရွှီချင်းမှလွဲလျှင် အရှေ့ပိုင်းဒေသ၏ ဘေးကင်းဇုန်ထဲမှ လူသားကျင့်ကြံသူအားလုံးသည် တုန်လှုပ်ခြောက်ခြားနေကြသည်။

သူတို့အများစုသည် တင်ပျဉ်ခွေလျက် တရားထိုင်နေကြကာ ဤနယ်မြေထဲတွင် ဖြစ်ပျက်နေသော ကိစ္စများကို မသိမြင်နိုင်ကြသလို စုံစမ်းနိုင်စွမ်းလည်း မရှိကြပေ။ သူတို့သည် အဖွဲ့လိုက်စုပေါင်းစွမ်းအားနှင့် အစီအရင်များ၏ စွမ်းအားကို အမှီပြု၍ သူတို့ကိုယ်သူတို့ ကာကွယ်နေကြရသည်။

နတ်ဘုရားများကြားမှတိုက်ပွဲတွင် သူတို့၏ အကြည့်တစ်ချက်သည် ဘဝအဆင့်အတန်း နိမ့်ကျသော တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို အမြစ်ဖြတ်ဖျက်ဆီးပစ်နိုင်သည်။ အကယ်၍ တစ်စုံတစ်ယောက်က တိုက်ရိုက်မကြည့်ဘဲ ခေါင်းဆောင်ကဲ့သို့သော နည်းလမ်းမျိုးဖြင့် ထောက်လှမ်းမည်ဆိုလျှင်တောင် ထိုသို့လုပ်ဆောင်ရန် တစ်စုံတစ်ယောက်၏ ဘဝအဆင့်အတန်းသည် မြင့်မားရမည် သို့မဟုတ် ထူးဆန်းသော ရတနာပစ္စည်းများကို ပိုင်ဆိုင်ထားရမည်။

သို့သော်လည်း ထူးဆန်းသော ရတနာပစ္စည်းများကို ဤနေရာရှိ လူသားစစ်သည်တော်တိုင်းက မပိုင်ဆိုင်ထားကြသည်မှာ ရှင်းလင်းသည်။ သို့ဖြစ်၍ ကျင့်ကြံသူအနည်းငယ်သာလျှင် ဤတိုက်ပွဲကို မျက်မြင်တွေ့နိုင်ကြသည်။

အင်မော်တယ်တားမြစ်နယ်မြေ၏ အပြင်ဘက် အကျဉ်းထောင်ဌာန၏ အတွင်းပိုင်းထဲရှိ ပြိုကွဲသွားသော အစီအရင်အနားမှာ နောက်ထပ်အဖွဲ့တစ်ဖွဲ့သည် စောင့်ဆိုင်းနေကြသည်။

သတ္တမမင်းသားသည် ထိုအဖွဲ့ထဲမှာ ပါရှိသည်။

လက်ထောက်ဒေသအကြီးအကဲ၊ ရုံးတော်သုံးခုမှ စစ်ဗိုလ်ချုပ်များနှင့် နန်းမြို့တော်၏ စစ်တပ်မှ အရေအတွက်များပြားသော ကျွမ်းကျင်ပညာရှင်များသည် မျက်နှာတည်ကြည်စွာ ရှိနေကြသည်။ အမှန်မှာတော့ အပြင်လောကရှိ လက်သည်းလေးခုရွှေရောင်နဂါးသည်ပင် လုံးလုံးအာရုံစိုက်နေသည်။

သူတို့အားလုံးသည် သူတို့အရှေ့မှ တွင်းနက်ကြီးကို ကြည့်နေကြသည်။

ထိုနေရာသည် ချိပ်ပိတ်ခံထားရပြီး အလင်းမှန်သားပြင်တစ်ချပ်ဖြင့် အစားထိုးခံထားရသည်။ အလင်းမှန်သားပြင်ပေါ်တွင် ပြသနေသော မြင်ကွင်းသည် နီလာနတ်သမီးနှင့် အင်မော်တယ်တားမြစ်နယ်မြေ နတ်ဘုရားမှလွဲ၍ တခြားမဟုတ်ပေ။

“ အရှင့်သား… အားလုံးက အစီအစဉ်တိုင်း သွားနေပါတယ် ”

“ အရှင်မင်းကြီးနဲ့ ပြည်တော်ဆရာသခင်ရဲ့ မှန်းဆထားတဲ့အတိုင်း နီလနတ်သမီးက နိုးလာတာနဲ့ချက်ချင်း အင်မော်တယ်တားမြစ်နယ်မြေက နတ်ဘုရားကို ဝါးမျိုဖို့ စိတ်အားထက်သန်နေပါတယ် ”

“ ဒုတိယအစီအစဉ်ကရော အဆင်ချောချောနဲ့ ပြီးဆုံးသွားမလားဆိုတာ သေချာတော့ မပြောနိုင်သေးပါဘူး… ဘာလို့လဲဆိုတော့ နီလာနတ်သမီးအတွက် အင်မော်တယ်တားမြစ်နယ်မြေက နတ်ဘုရားကို စုပ်ယူဖို့ အချိန်အကြာကြီး ယူရမှာမဟုတ်ပါဘူး… ပြီးတော့ တကယ်လို့ နီလာနတ်သမီးသာ အပြင်လောကကို ဆင်းသက်လာမယ်ဆိုရင် အဲ့ဒါက ဖုန်းဟိုင်ဒေသငယ်တစ်ခုလုံးကို ခြိမ်းခြောက်နိုင်ပါတယ် ”

ဝတ်ရုံနက်ခြုံထားသော ပုဂ္ဂိုလ်တစ်ယောက်သည် သတ္တမမင်းသား၏ ဘေးတွင် မတ်တတ်ရပ်နေလျက် စူးရှပြီး အေးစက်သော လေသံဖြင့် တိုးညင်းစွာ ပြောသည်။

ထိုသူ၏ စကားဆုံးသွားသည်နှင့် ဘေးပတ်ပတ်လည်ရှိ ဖုန်းဟိုင်ဒေသငယ်မှ ကျင့်ကြံသူအားလုံးသည် စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ခေါင်းငုံ့လိုက်ကြသည်။

သတ္တမမင်းသားသည် အလင်းမှန်သားပြင်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ ငါဒီကိုမလာခင် ခမည်းတော်က ငါ့ကို ဒီနေရာမှာ မင်းသေသွားမှာ မကြောက်ဘူးလားလို့ ခေါ်မေးခဲ့တယ်… အဲ့ဒီအခါမှာ ငါက လူသားမျိုးနွယ်ရဲ့ အကျိုးအတွက်ဆိုရင် ငါ့ကိုယ်ငါစတေးဖို့ ဝန်မလေးပါဘူးလို့ ပြန်ပြောခဲ့တယ် ”

“ တကယ်လို့ နီလာနတ်သမီးသာ အပြင်လောကကို ချိုးဖောက်ထွက်လာမယ်ဆိုရင် ငါ့စွမ်းအားက သူ့ကို တားဆီးနိုင်မှာ မဟုတ်ဘူး… ငါလည်း သေခြင်းကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူး… ငါကူယွဲ့ကျန်းကန်က ဖုန်ဟိုင်ဒေသငယ်နဲ့ အတူတကွ သေဆုံးဖို့ ဆန္ဒရှိတယ် ”

“ အဲ့ဒီအခါ ခမည်းတော်က ငါ့ကိုကြည့်ပြီး ပြောတယ်… သူပြောတာက တကယ်တော့ နတ်ဘုရားတွေဆိုတာ ငါတို့ထက် အဆင့်တစ်ဆင့်ပိုမြင့်တဲ့ သက်ရှိတွေပါပဲတဲ့… သူတို့ပြောတဲ့ အနန္တအသိဉာဏ်နဲ့ အနန္တတန်ခိုးဆိုတာ ငါတို့ထက် ပိုသန်မာတဲ့ သက်ရှိတွေအတွက်ပဲ ဖြစ်တယ် ”

“ ဒါကြောင့် ဗျူဟာသာရှိမယ်ဆိုရင် နတ်ဘုရားတွေကိုတောင် အသုံးချနိုင်တယ် ”

“ နီလာနတ်သမီးက သေချာပေါက် စိတ်ကျေနပ်မှာမဟုတ်ဘူး… ”

သတ္တမမင်းသားသည် နူးညံ့စွာ ပြောသည်။

ထိုအခိုက်အတန့်မှာ အင်မော်တယ်တားမြစ်နယ်မြေထဲတွင် ချည်မျှင်ထူထူနှင့်ဆင်တူသော နတ်ဘုရားသည် ဆက်လက်ရုန်းကန်နေသည်။ ၎င်းသည် ဆူးချွန်(၂၇)ချောင်းမှ မျက်စိကျိန်းစပ်လုနီးပါး ထွန်းလင်းတောက်ပသော ရွှေရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ ရွှေအရောင်အလင်းတန်းသည် ကောင်းကင်နှင့် မြေပြင်ကို အက်ကွဲစေနိုင်သော အဖျက်အစီးစွမ်းအားဖြင့် နီလာနတ်သမီး၏ သဏ္ဍာန်မဲ့လက်ဝါးကို ထိုးဖောက်ရန် ကြိုးစားနေသည်။

ဆူးချွန်(၂၇)ချောင်းမှ တစ်ခုစီကို ဝမ်ကူးကုန်းမြေ၏ အထွတ်အမြတ်ရတနာတစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။ သို့သော်လည်း နီလာနတ်သမီးနှင့် ရင်ဆိုင်ရသောအခါ သူတို့၏ ခုခံနိုင်စွမ်းသည် မလုံလောက်ပေ။ အကယ်၍ သူတို့က လက်ဝါးကြီးကို ထိုးဖောက်အောင် စွမ်းဆောင်နိုင်မည်ဆိုလျှင်တောင် နီလာနတ်သမီး၏ ဖမ်းဆုပ်မှုမှ လွတ်မြောက်ရန် မရုန်းထွက်နိုင်ကြပေ။

ထိုးဖောက်သံများနှင့် စွမ်းအားချင်းပွတ်တိုက်သံများကြားတွင် အင်မော်တယ်တားမြစ်နယ်မြေနတ်ဘုရား၏ ဟိန်းသံများသည် ဤလောကတစ်ခုလုံးထံသို့ ပဲ့တင်ထပ်သွားသည်။

အဝေးမှကြည့်လျှင် အင်မော်တယ်တားမြစ်နယ်မြေနတ်ဘုရားသည် သေကွင်းအမှတ်ကို တင်းကျပ်စွာ ဖမ်းဆုပ်ခံထားရသော မြွေတစ်ကောင်ပမာ နီလာနတ်သမီးဆီသို့ ဖြည်းဖြည်းချင်း ဆွဲခေါ်ခံနေရသည်။

၎င်းက တစ်ခါရုန်းကန်လိုက်တိုင်း ဟင်းလင်းပြင်သည် အက်ကွဲသွားသည်။ ၎င်းက တစ်ခါဟိန်းဟောက်လိုက်တိုင်း ဘေးပတ်ဝန်းကျင်မှ အရာအားလုံးသည် ပြိုလဲပျက်စီးသွားသည်။

ကောင်းကင်မြေပြင်နှစ်ခုစလုံး သက်ရောက်ခံလိုက်ရပြီး ဤဧရိယာတစ်ဝိုက်သည် အပျက်အစီးနယ်မြေသို့ ပြောင်းလဲသွားသည်။

ကျန်းစီယွမ်၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသော နီလာနတ်သမီးသည် ပါးစပ်ကို ကျယ်ကျယ်ဟလိုက်လေရာ ပါးစပ်ထောင့်က နားရွက်ထိ တတ်ချိတ်တော့မည့်ဟန် ရသည်။ ဤသည်မှာ အဆုံးမဲ့အကြောက်တရားပါဝင်ပြီး ခြောက်ခြားဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်သည်။

မရမတွေက်နိုင်သော ချွန်ထက်ထက်သွားများကြားတွင် ဆံချည်မျှင် အမြောက်အများဖြင့် ဖွဲ့စည်းထားသော လျှာကြီးသည် နီလာနတ်သမီး၏ ပါးစပ်ထဲမှ ရှည်ထွက်လာသည်။

ထိုလျှာကြီး၏ ထိပ်ဖျားတွင် အမျိုးသမီးမျက်နှာနှင့် ဆင်တူသော ဝေဝေဝါးဝါး မျက်နှာကြီးတစ်ခု ရှိသည်။ မျက်နှာကြီးသည် မျက်လုံးမှိတ်ထားသော်လည်း ဆာလောင်မွတ်သိပ်ခြင်းနှင့် လောဘရမ္မက်က သူ၏ အမူအရာအပေါ်မှာ ပေါ်လွင်ထင်ရှားသည်။

သွားရည်အများအပြားသည် လျှာအောက်ဖျားမှ မြေကြီးပေါ်သို့ ဒလဟော စီးကျသွားလေရာ ချိုင့်ခွက်ကြီးများ ထွက်ပေါ်လာကြသည်။

မြင်ကွင်းကျယ်မှ ကြည့်မည်ဆိုလျှင် ဤသည်မှာ ကျင့်ကြံသူများ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသော အထွတ်အမြတ်စွမ်းအား ဖြစ်သည်။ နတ်ဘုရားနှစ်ပါး၏ တိုက်ခိုက်မှုမှ ရွှေရောင်အလင်းတန်းနှင့် သွေးနီရောင်အလင်းတန်းက ထွက်ပေါ်လာနေသည်။ ထိုမှတဆင့် ရာနှင့်ချီသော ထောင်နှင့်ချီသော သောင်းနှင့်ချီသော နတ်ဘုရားအတတ်ပညာများသည် ဖြစ်တည်လာနေကြသည်။

သူတို့ဖြစ်တည်လာသည့်အခါတိုင်း မျက်စိတစ်မှိတ်အတွင်း နောက်ထပ်ပြန်မဖြစ်တည်လာခင် ချက်ချင်း ပြိုကွဲပျက်စီးသွားကြလိမ့်မည်။

နတ်ဘုရားအတတ်ပညာများသည် နတ်ဘုရားများအတွက်မူ သီးသန့်ထုတ်ဖော်နေရန် မလိုအပ်ပေ။ သူတို့က နတ်ဘုရားများ၏ လှုပ်ရှားမှုတိုင်းမှ အလိုအလျောက် ဖြစ်တည်လာနေကြသည်။

သို့သော်လည်း အသေးစိတ်အမြင်မှ ကြည့်မည်ဆိုလျှင် သူတို့သည် ရှေးဟောင်းသက်ရှိများဖြစ်ဟန် တူသည်။ တစ်ယောက်သည် ဝါးမျိုးချင်နေပြီး အခြားတစ်ယောက်သည် ဝါးမျိုခံရတော့မည့် အခြေအနေမှာ ရှိသည်။

နတ်ဘုရားတစ်ပါးထံမှ သူတို့မျှော်လင့်ထားသည့် မွန်မြတ်သန့်စင်သော ခံစားမှုသည် မရှိပေ။ သို့တိုင် ဤမြင်ကွင်းကို နည်းလမ်းအသီးသီးဖြင့် မြင်တွေ့နေရသော လူများအတွက်မူ မွန်မြတ်သန့်စင်သော ခံစားမှုက သူတို့၏ နှလုံးသားထဲမှာ တဖြည်းဖြည်း မြင့်တတ်လာနေသည်ဟု မခံစားရဘဲမနေနိုင်ပေ။

‘ မွန်မြတ်သန့်စင်သော ’ စကားလုံး၏ အဓိပ္ပာယ်သည် နတ်ဘုရားမျက်နှာပျက်ကြီး ဆင်းသက်လာပြီး နှစ်ပေါင်းမြောက်များစွာကြာပြီးနောက် မည်သူမှမသိလိုက်ဘဲ ပျက်စီးပျောက်ကွယ်သွားသည့်အလားပင်။

တစ်ချိန်တည်းမှာ ဤမြင်ကွင်းကို မြင်တွေ့နေရသော လူတိုင်း၏ အမြင်တွင် အင်မော်တယ်တားမြစ်နယ်မြေ နတ်ဘုရား၏ မေ့လျော့ခြင်းနတ်ဘုရားအခွင့်အာဏာသည် နီလာနတ်သမီး၏ တည်ရှိမှုအပေါ် သက်ရောက်မှုမရှိကြောင်း သိသာထင်ရှားသည်။

နတ်ဘုရားနှစ်ပါးကြားမှ စွမ်းအားကွာခြားမှုသည် အလွန်ခြားနားသည်။ ဤသည်မှာ ကလေးတစ်ယောက်က လူကြီးတစ်ယောက်နှင့် ရင်ဆိုင်နေရသည့်အတိုင်းပင်။

ယင်းသည် အင်မော်တယ်တားမြစ်နယ်မြေနတ်ဘုရားက အစွမ်းမထက်ခြင်းမဟုတ်ပေ။ ယင်းအစား နီလာနတ်သမီး၏ အဆင့်က အလွန်မြင့်မားနေခြင်းသာ ဖြစ်သည်။

အင်မော်တယ်တားမြစ်နယ်မြေနတ်ဘုရားက ဝါးမျိုခံရတော့မည့်အချိန် ၎င်း၏ မြွေပုံသဏ္ဍာန်အသွင်မှ ကြမ်းကြုတ်သော ဟိန်းသံကို ထုတ်လွှတ်လိုက်လေသည်။ နောက်အခိုက်အတန့်မှာ ၎င်းသည် သူ့ဘာသာ ပြိုကွဲသွားပြီး အစိတ်စိတ်အမွှာမွှာ ခွဲထွက်သွားရန် ရွေးချယ်လိုက်သည်။

All Chapters