← Chapters

ကျားပါးစပ်ထဲမှ အစာလုခြင်း(ဂ)

Vol. 49 Ch. 749

ကျားပါးစပ်ထဲမှ အစာလုခြင်း(ဂ)

Vol. 49 Ch. 749

နတ်ဘုရား၏ အိပ်စက်အနားယူရန် ကြာချိန်ကို အစားအစာ၏ ပမာဏဖြင့် ဆုံးဖြတ်သည်။

ရွှီချင်းနှင့် ခေါင်းဆောင်သည် မျက်လုံးမှ ထုတ်လွှတ်နေသော ဝေဝါးဝါးပုံရိပ်များမှတဆင့် ဤမြင်ကွင်းကို မြင်တွေ့ပြီးနောက် ကြီးမားသော တုန်လှုပ်ခြောက်ခြားမှုကို ခံစားသွားကြရသည်။

ဤနေရာမှ ထိခိုက်မပျက်စီးသွားသေးသော မျက်လုံးအားလုံးသည် ထွန်းလင်းတောက်ပသော သွေးနီအလင်းရောင်ဖြင့် နီလာနတ်သမီး၏ ကိုယ်ပွားဖြစ်လာသော ကျန်းစီယွမ်ထံသို့ အာရုံစိုက်လိုက်ကြသည်။

…..

အင်မော်တယ်တားမြစ်နယ်မြေ၏ ကောင်းကင်ပေါ်ရှိ အက်ကွဲကြောင်းများမှ ဖြစ်ပေါ်လာကြသော မှော်သင်္ကေတအများအပြားသည်လည်း တောက်ပလာကြသည်။

ကောင်းကင်တစ်ခွင်သည် အနီရောင်သို့ ပြောင်းလဲသွားပြီး စတင်လှည့်ပတ်လာသည်။

ယင်းက ပိုမိုမြန်ဆန်စွာ လှည့်ပတ်လာပြီး နောက်ဆုံးတွင် သွေးနီဝဲကတော့တစ်ခု ဖြစ်ပေါ်လာသည်။

ကျယ်လောင်သော မိုးထစ်ချုန်းသံများကြားတွင် လစန္ဒာတစ်ခုသည် ထိုဝဲကတော့ထဲတွင် မသဲမကွဲ ထွက်ပေါ်လာသည်။

ဤသည်မှာ အင်မော်တယ်တားမြစ်နယ်မြေ၏ ကောင်းကင်က အမည်မသိဘုံတစ်ခုဖြင့် ဆက်သွယ်သွားပြီး ထိုဘုံ၏ ကောင်းကင်ပေါ်တွင် အလွန်တရာကြီးမားသော လစန္ဒာတစ်ခုက ချိတ်ဆွဲတည်ရှိနေဟန် ရသည်။

ဤသည်မှာ အစစ်အမှန် အနီရောင်လဖြစ်သည်။

အနီရောင်လပေါ်တွင် ဒူးထောက်လျက် လက်နှစ်ဖက်ဖြင့် မျက်လုံးအုပ်ထားသော ရုပ်တုတစ်ခုရှိသည်။ ဤအခိုက်အတန့်မှာ ရုပ်တု၏ လက်များသည် အောက်ဘက်သို့ ဖြည်းဖြည်းချင်း ကျဆင်းလာနေသည်။

၎င်း၏ နှုတ်ခမ်းထောင့်သည် အပေါ်ဘက်သို့ တွန့်ကွေးသွားပြီး လောဘကြီးသော အမူအရာကို ထုတ်ဖော်လာသည်။

ဤသည်မှာ နီလာနတ်သမီး၏ အစစ်အမှန်ပုံစံ ဖြစ်သည်။

မီးစာကုန်းမြေဆီသို့ ဝင်ရောက်ပြီး အဆင့်မြင့်နတ်ဘုရားတစ်ပါးကို ဝါးမျိုရန် ၎င်း၏ ကိုယ်ပွားသက်သက်ဖြင့် မပြီးမြောက်နိုင်ကြောင်း သိသာသည်။ သို့ဖြစ်၍ နီလာနတ်သမီးက ထိုဘုံသို့ ကိုယ်တိုင်ဆင်းသက်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

အနီရောင်လပေါ်တွင် သူက မတ်တတ်ရပ်လိုက်သောအခါ သူ၏ ဘေးပတ်ပတ်လည်မှ လောကသည် သိသာသော အပြောင်းအလဲများ ဖြစ်ပေါ်လာသည်။ မြေပြင်သည် တုန်ခါသွားပြီး ကျယ်လောင်သော ဟိန်းသံတစ်သံက အရပ်မျက်နှာတစ်ခွင် ပဲ့တင်ထပ်သွားလေရာ ကဒ်ဘေးဖြစ်တော့မည့် နိမိတ်လက္ခဏာဖြစ်သည်။

နီလာနတ်သမီးသည် အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

ထိုခြေတစ်လှမ်းဖြင့် သူသည် အမည်မသိဘုံမှတဆင့် အချိန်၊ လေဟာနယ်နှင့် ဝဲကတော့ကို ဖြတ်ကျော်သွားပြီး နတ်ငါး၏ ရွှေရောင်မီးတောက်အောက်ရှိ ရှေးဟောင်းတွင်းပေါက်ထဲသို့ ဝင်ရောက်သွားသည်။

နီလာနတ်သမီး၏ အစစ်အမှန်ခန္ဓာကိုယ်က ပေါ်ထွက်လာသောအခါ ကျန်းစီယွမ်၏ ခန္ဓာကိုယ်ထဲမှ နိုးထလာပြီးသော ကိုယ်ပွားက စတင်ဝေဝါးလာသည်။ ထို့အတူ ၎င်း၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားတချို့သည် အဝေးသို့ ဆွဲယူခံလိုက်ရသည်။ သူ၏ ဦးခေါင်းထိပ်မှ သရဖူသည် စတင်ဝေဝါးလာပြီး မထင်မရှားဖြစ်လာသည်။

ကိုယ်ပွား၏ စွမ်းအားထက်ဝက်ကျော်ကို ပြန်လည်သိမ်းယူပြီးနောက် နီလာနတ်သမီး၏ မူလခန္ဓာကိုယ်သည် ရှေးဟောင်းတွင်းပေါက်၏ အနက်ရှိုင်းဆုံးအပိုင်းဆီသို့ လျှောက်ဝင်သွားပြီး မီးစာကုန်းမြေဆီသို့ ဆင်းသက်သွားသည်။

ရှေးဟောင်းတွင်းပေါက်သည် တုန်ယင်လာသည်။ နတ်ငါးက စူးရှသော အော်မြည်သံကို ထုတ်ဖော်လိုက်သောအခါ ဒေါသတကြီး ဟိန်းသံသည် တွင်းပေါက်ထဲမှ ပျံ့လွင့်ထွက်လာသည်။

မီးစာကုန်းမြေထဲတွင် မည်သို့ဖြစ်ပျက်နေကြောင်း မည်သူမှမသိရပေ။

သို့သော်လည်း ရွှေရောင်သွေးသည် ရှေးဟောင်းတွင်းပေါက်ထဲမှ အပြင်ဘက်သို့ ပန်းထွက်လာသည်။ ထို့နောက် တဂျွတ်ဂျွတ်ဝါးစားသံနှင့် ဒေါသတကြီး ဟိန်းသံသည် ကျယ်ပြောသော ဟင်းလင်းပြင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။

ထိုပဲ့တင်သံများသည် အင်မော်တယ်တားမြစ်နယ်မြေမှအစပြု၍ ဖုန်းဟိုင်ဒေသငယ်၊ သန့်စင်ရေလှိုင်းဒေသကြီးတစ်ခုလုံး၊ ကောင်းကင်နက်ဒေသကြီးတစ်ခုလုံးနှင့် နန်းမြို့တော်ဒေသကြီးထိပင် ပဲ့တင်ထပ်သွားသည်။

ယင်းက တခြားသော မျိုးနွယ်များ၏ ဒေသကြီးများထံသို့လည်း ပဲ့တင်ထပ်သွားသည်။

ထိုအသံသည် ဒေသကြီး(၄၀)ထက်မနည်း ပဲ့တင်ထပ်သွားသည်။

ဤအခိုက်အတန့်မှာ ဝမ်ကူးကုန်းမြေသည် တုန်ယင်လာသည်။

တစ်ချိန်တည်းမှာ ရွှေရောင်သွေးသည် ယင်ဟွမ်ပြည်နယ်၏ လီယုံကျောက်တိုင်အောက်မှ ဝေါခနဲ စီးထွက်လာသည်။

တူညီသော အဖြစ်အပျက်သည် တားမြစ်ပင်လယ်၏ အနက်ရှိုင်းဆုံးပိုင်းတွင် ဖြစ်ပေါ်လာသည်။ ထို့အပြင် ဝမ်ကူးကုန်းမြေ၏ ပြည်နယ်အသီးသီး၊ ဒေသငယ်အသီးသီးနှင့် ဒေသကြီးအသီးသီးတွင် ပြန့်ကျဲနေကြသော တစ္ဆေဂူများထံမှ ထိတ်လန့်ဖွယ်ကောင်းသော နတ်ဘုရားသွေးစွမ်းအားက ထွက်ပေါ်လာသည်။

မရေမတွက်နိုင်သော မျိုးနွယ်စုများသည် ထိတ်လန့်သွားကြပြီး သက်ရှိအားလုံးသည် တုန်ယင်သွားကြသည်။

ထို့အပြင် တားမြစ်ဇုန်နှင့် တားမြစ်နယ်မြေများသည် ဤအခိုက်အတန့်မှာ ကျတ်တီးနယ်မြေအလား တိတ်ဆိတ်သွားကြသည်။ နယ်မြေထဲမှ တည်ရှိမှုများသည် မည်သည့်အသံမှ မထွက်ဝံ့ကြချေ။

ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအာရုံအများအပြားသည် ဝမ်ကူးကုန်းမြေ၏ နေရာအများအပြားမှ ထွက်ပေါ်လာကြပြီး ဤနေရာကို အာရုံစိုက်လာကြသည်။

ကောင်းကင်ပေါ်ရှိ နတ်ဘုရားမျက်နှာပျက်ကြီးသည်ပင် အနည်းငယ် ခေါင်းလှည့်လိုက်ဟန် တူသည်။ သို့သော်လည်း ၎င်းသည် မျက်လုံးမဖွင့်ခဲ့ပေ။

သူတို့အာရုံစိုက်လာသော နေရာသည် ဝမ်ကူးကုန်းမြေ၏ အစွန်အဖျားတစ်နေရာမှ ဖုန်းဟိုင်ဒေသငယ် မဟုတ်ပေ။ ယင်းအစား မြေအောက်ထဲတွင် တည်ရှိနေဟန်ရသော မီးစာကုန်းမြေဖြစ်သည်။ သို့တိုင် ယင်းသည် အလွယ်တကူ ရှာတွေနိုင်သောအရာ မဟုတ်ချေ။

ဖုန်းဟိုင်ဒေသငယ်ထဲမှ အင်မော်တယ်တားမြစ်နယ်မြေသည်တော့ ဤပရမ်းပတာဖြစ်မှုအားလုံး၏ ဇစ်မြစ်ဖြစ်သော်လည်း ယင်းက အများကြီး အာရုံမစိုက်ခံရချေ။ နတ်ဘုရားတစ်ပါးကို ဝါးမျိုနေသော အဖြစ်အပျက်က ထိုနေရာတွင် ဖြစ်ပျက်နေသော်လည်း နတ်ဘုရားများ၏ ထွက်ပေါ်လာမှုနှင့် နှိုင်းယှဉ်လျှင် ယင်းက အလုံအလောက် ဆွဲဆောင်မှုမရှိသေးပေ။

ဤအခိုက်အတန့်မှာ နီလာနတ်သမီး၏ မူလခန္ဓာကိုယ်က မီးစာကုန်းမြေဆီသို့ ဆင်းသက်သွားပြီးနောက် ကျန်းစီယွမ်၏ ခန္ဓာကိုယ်ထဲ၌ ဝင်ပူးကပ်နေသော ကိုယ်ပွားသည် ခေါင်းလှည့်လိုက်သည်။ သူက သွားရည်တမြားမြားကျနေလျက် နတ်ငါးကို အကြမ်းပတမ်း ဝါးမျိုလိုက်သည်။

သူ၏ ခန္ဓာကိုယ်နေရာတွင် ဧရာမပါးစပ်ပေါက်ကြီးက အစားထိုးဖြစ်ပေါ်လာသည်။ သူ၏ အပေါ်မေးရိုးသည် ကောင်းကင်နှင့်ထိစပ်နေပြီး အောက်မေးရိုးသည် မြေကြီးနှင့် ထိစပ်နေသည်။ သူက နတ်ငါးကို တစ်လုပ်တည်းဖြင့် ဝါးမျိုလိုက်ပြီး တဂျွတ်ဂျွတ် ကိုက်ဝါးလိုက်သည်။ သူသည် ဆက်လက်ကိုက်ဝါးနေပြီး နည်းနည်းချင်းစီ မျိုချနေသည်။

ထို့အပြင် ကိုယ်ပွားသည် နတ်ငါးကို ဝါးမျိုပြီးနောက် ကောင်းကင်ပေါ်မှ အနီရောင်ဝဲကတော့ဆီသို့ ပြန်သွားရန် စတင်လုပ်ဆောင်သည်။

သူက နတ်ငါးကို လှည့်ပတ်နေသော ဝဲကတော့ထဲသို့ ဆွဲခေါ်သွားရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။

နီလာနတ်သမီး၏ အစာကို မည်သူမှမနှောင့်ယှက်ဝံ့ကြချေ။ ယင်းက ကိုယ်ပွားတစ်ခုသာဖြစ်ပြီး အစွမ်းအများစုက မူလခန္ဓာကိုယ်၏ ပြန်သိမ်းယူသွားခြင်းခံထားရသော်လည်း မည်သူမှ သူ့ကို အနှောင့်အယှက်မပေးဝံ့ကြချေ။

အင်မော်တယ်တားမြစ်နယ်မြေထဲမှ လူသားအများစုသည် စွမ်းအင်လှိုင်းများ၏ ရိုက်ခတ်မှုကြောင့် သတိမေ့သွားကြသည်။ သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဒြပ်နှောများ၏ ကျူးကျော်ဝင်ရောက်ခြင်းခံထားရပြီး အများစုသည် သေဆုံးသွားကြသည်။ နီလာနတ်သမီး၏ ကိုယ်ပွားနှင့်ပတ်သက်ပြီး မည်သည့်အတွေးမှ သူတို့ထံမှာ မရှိပေ။

အင်မော်တယ်တားမြစ်နယ်မြေ၏ ဝင်ပေါက်ရှေ့ရှိ သတ္တမမင်းသားနှင့် တခြားလူများသည်ပင် တိတ်ဆိတ်နေကြသည်။

ထိုအခိုက်အတန့်မှာ အပြောင်းအလဲတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ကိုယ်ပွား၏ မေးရိုးများက နတ်ငါး၏ ခန္ဓာကိုယ်တစ်ဝက်ကို ဝါးမျိုပြီးသည်နှင့် ဝဲကတော့ဆီသို့ ၎င်းကို ဆွဲခေါ်သွားနေစဉ် အက်ကွဲကြောင်းတစ်ခုသည် သွေးနီရောင်ကောင်းကင်ပေါ်မှာ ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုအက်ကွဲကြောင်းသည် သွေးနီရောင်ကောင်းကင်ပေါ်တွင် စိတ်ဝင်စားဖွယ်ကောင်းစွာ ထွက်ပေါ်လာသည်။ ယင်း၏ အရောင်သည် သွေးနီရောင်နှင့် လုံးလုံးခြားနားသည်။

ယင်းက အဖြူရောင်အလင်းဖြင့် ပေါက်ကွဲထွက်လာသည်။

ထိုအလင်းသည် နှင်းကဲ့သို့ ဖြူဖွေးသည်။ တောက်ပသော အဖြူရောင်အလင်းကြားထဲမှ လက်ကြီးတစ်ခုသည် ဆန့်တန်းထွက်လာသည်။

ယင်းသည် ပေတစ်ထောင်ရှည်လျားသော နှင်းဖြူဖြူလက်ဖြစ်သည်။

ယင်းက ကျောက်စိမ်းဖြူထံမှ ဖြစ်ပေါ်လာသည့်အလား နတ်ဘုရားတစ်ပါး၏ မွန်မြတ်သန့်စင်သော စိတ်ဆန္ဒကို ထုတ်လွှတ်နေသည်။

ကျောက်စိမ်းဖြူလက် ပေါ်ထွက်လာသည်နှင့် ဘေးပတ်ဝန်းကျင်သည် ချက်ချင်း ပုံပျက်တွန့်လိမ်လာပြီး စတင်ဝေဝါးလာသည်။ ကျောက်စိမ်းဖြူလက်ပိုင်ဆိုင်သော ဒြပ်နှောများသည် အရပ်မျက်နှာတစ်ခွင်သို့ ပျံ့နှံ့သွားသည်။ ယင်းက ကိုယ်ပွားကိုက်ထားသော နတ်ငါးကို ဖမ်းဆုပ်လိုက်သည်။

အဝေးတစ်နေရာတွင် ရွှီချင်းသည် ဤမြင်ကွင်းကို ခေါင်းဆောင်၏ လက်ဝါးပေါ်ရှိ မျက်လုံးမှတဆင့် မသဲမကွဲ မြင်လိုက်ရသည်။ ထိုအဖြစ်အပျက်ကို မြင်သွားသည်နှင့်တစ်ပြိုက်နက် ရွှီချင်း၏ နှလုံးသားထဲတွင် ကြီးမာသော လှိုင်းဂယက်များ ထွက်ပေါ်လာသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ထိုကျောက်စိမ်းဖြူလက်ကို ယခင်က မြင်ဖူးသောကြောင့် ဖြစ်သည်။

All Chapters