← Chapters

ယောင်ယွဲ့ကို အီစီကလီလုပ်ဖို့ ၊ သေခြင်းတရားက သက်သာတယ်

Vol. 2 Ch. 17

ယောင်ယွဲ့ကို အီစီကလီလုပ်ဖို့ ၊ သေခြင်းတရားက သက်သာတယ်

Vol. 2 Ch. 17

ဝမ်ဖုန်းတို့သုံးယောက်၏ နောက်ကျောအားကြည့်ရင်း လီဟေး၏ နက်မှောင်နေသည့် မျက်ဝန်းအတွင်း၌ခပ်ဖျော့ဖျော့အလင်းတစ်ခုဖြတ်ပြေးသွားကာ ဝမ်ဖုန်းတို့ သုံးယောက်နောက်သို့ တိတ်တဆိတ်လိုက်လာခဲ့လေသည်။

လီဟေး၏ နောက်ယောင်ခံလိုက်ခြင်းကို သိရှိပြီး ဝမ်ဖုန်း၏ နှုတ်ခမ်းများက ကွေးညွှတ်သွားခဲ့သော်လည်း လီဟေးအား လူဆိုးဂိုဏ်းအတွင်းသို့ဆွဲထည့်ရန် အလျင်မလိုခဲ့ပေ။ လင်းယွမ်ဂိုဏ်း၏အရေးကိစ္စအား ကိုယ်တွယ်ပြီးသည့်နောက်မှ လီဟေးနှင့် အေးအေးဆေးဆေးပြောဆိုပေမည်။

.............

ချန်ရှင်းသည် ယနေ့တွင် အလွန် ဝမ်းနည်းပူဆွေးနေလေ၏။လင်းယွမ်ဂိုဏ်း၏ အစ်ကိုအကြီးဆုံးဖြစ်သည့် သူသည် ယနေ့တွင် အကြီးအကဲများစွာ၏ ရှေ့မှောက်၌ သူ၏ ဖခင်ထံမှ ဆူပူကြိမ်းမောင်းခံခဲ့ရပေသည်။ သူက ဆန်းကြယ်အကြီးအကဲအဆင့်သို့ အဆင့်ချိုးဖျက်နိုင်ရန် အပတ်တကုတ်မကြိုးစားသည့်အတွက် လင်းယွမ်ဂိုဏ်းက မကြာမီကျင်းပတော့မည့် နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံ၌ အလွန်အင်မတန် အရှက်ရစေသည့်အခြေအနေနှင့် ရင်ဆိုင်ရပြီး ဦးဆောင်မည့် တပည့်မရှိဟု ပြောဆိုကာ ကြိမ်းမောင်းခံခဲ့ရပေသည်။

ချန်ရှင်းသည် လင်းယွမ်ဂိုဏ်း၏ အဓိကလမ်းမကြီးပေါ်တွင် သူ၏ နောက်လိုက်များဖြင့် လျောက်လှမ်းလာနေခဲ့၏။ သူ၏ သုန်မှုန်နေသည့် အရိပ်အယောင်များသည် လင်းယွမ်ဂိုဏ်းရှိ တပည့်များစွာက သူ့အားရှောင်ကြဉ်သွားစေခဲ့သည်။ ထိုအချိန်၌ အမြော်အမြင်ရှိသည့် မည်သူမဆို ချန်ရှင်း၏ လက်ရှိအခြေအနေအားသိမြင်နိုင်ပြီး သူ့အား မထိဝံ့ကြချေ။

"အစ်...အစ်ကိုကြီး.....!"

ထိုအခိုက်အတန့်တွင် မသေချာသည့် ပြောဆိုမှုက ချန်ရှင်း၏ မပျော်မရွှင်ဖြစ်နေသည့် စိတ်နှလုံးအား ပို၍ပင် စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။ သူသည် ဘေး၌ရှိသည့် တပည့်၏ ခေါင်းကို ရိုက်ကာ အော်ဟစ်ကြိမ်းမောင်းခဲ့သည်။

"တောက် ၊ ဖြည်းဖြည်းပြောစမ်းပါ..."

အရိုက်ခံရသည့် တပည့်က စိတ်မဆိုးဝံ့ဘဲ အရှေ့သို့ လက်ညှိုးထိုးပြကာ " အစ်ကိုကြီး ၊ ကြည့်လိုက်ပါဦး!"

"ဖြောင်း!"

"ငတုံး ကိုကြည့် ၊ ဒီလင်းယွမ်ဂိုဏ်းမှာ ငါ့ရဲ့ သမာသမတ်ကျတဲ့ မျက်လုံးတွေနဲ့ ကြည့်ဖို့ ထိုက်တန်တဲ့သူ ဘယ်သူရှိလဲ"

ချန်ရှင်းသည် ထိုတပည့်အား ထပ်ရိုက်ကာ ကြိမ်းမောင်းခဲ့သည်။ သို့သော်လည်း ထိုသို့ပြောရင်းဖြင့် ထိုတပည့်ညွှန်ပြသည့် ဘက်သို့ ကြည့်နေဆဲပင်!

၎င်းအားကြည့်ပြီးနောက် ချန်ရှင်းသည် တစ်ခဏမျှ မင်သက်သွားခဲ့ပြီး သူ၏ မျက်လုံးထဲ၌ မကောင်းသည့် အရိပ်အ‌ယောင်များထွက်ပေါ်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက စိတ်လှုပ်ရှားကာ တုန်ယင်လာခဲ့၏။

ဒီကမ္ဘာကြီးထဲမှာ ဒီလောက်လှတဲ့ မိန်းမတစ်ယောက်ဘယ်လိုလုပ်ရှိနိုင်မှာလဲ?

ချန်ရှင်းသည် ဆောက်တည်ရာမရသည့် မျက်နှာဖြင့် တီးတိုးရေရွတ်ကာ သူ့ရှေ့တွင်လှုပ်ရှားနေသည့် ကိုယ်လုံးလေးသည် သူ၏ မျက်လုံးထဲရှိအရာအားလုံးအား သိမ်းပိုက်ထားသည့်အလား အင်မတန်လှပသည့် ပုံရိပ်လေးအောက်တွင် သူ၏ မျက်လုံးများက တခြားမည်သည်ကိုမျှ မမြင်နိုင်တော့ချေ။ ထိုအချိန်၌သူသည် ထိုမိန်းမအား သူ၏ ရ

င်ခွင်ထဲ၌သာ ဆွဲသွင်းထားချင်လေတော့သည်။

သူသည် ဝတ်ရုံကို ဆွဲဆန့်ပြီး သူ့မျက်နှာကို ပွတ်သပ်ကာ နူးညံ့သိမ်မွေ့ပြီး ဖော်ရွေသည့်အပြုံးကို ထုတ်ဖော်ရင်း မိန်းမလှလေးဆီသို့ လျောက်လှမ်းလာခဲ့သည်။

"ဒီဂျူနီယာညီမလေးက ဘယ်ကိုသွားမလို့လဲမသိဘူး။ ဒီလူက လင်းယွမ်ဂိုဏ်းရဲ့ အကြီးဆုံးအစ်ကိုကြီးပါ။ တကယ်လို့ ဂျူနီယာညီမလေးမှာ တစ်ခုခုလုပ်စရာရှိတယ်ဆိုရင် မင်းအနေနဲ့ ဒီလူ့ကို ပြောပြလိုက်ပါ။ ဒီအစ်ကိုကြီးက လင်းယွမ်ဂိုဏ်းထဲမှာ ဘယ်ကိစ္စကိုမဆို ဖြေရှင်းပေးနိုင်တယ်!"

ဝမ်ဖုန်းသည် သူ့ရှေ့၌ရှိသည့် သောက်ကျိုးနည်းမျက်နှာနှင့် ချန်ရှင်းအားကြည့်ရင်း သူ၏ နှုတ်ခမ်းထောင့်များက အနည်းငယ်တွန့်ချိုးသွားခဲ့သည်။

ယောင်ယွဲ့ကို ရန်စဖို့ သူ့မှာ အသက်ဘယ်နှစ်သက်ရှိနေလို့လဲ?

ဝမ်ဖုန်း၏ နောက်၌ရှိသည့် မဟာနတ်ဆိုးရွှမ်ရှသည် ချန်ရှင်းအား သနားသည့်အကြည့်ဖြင့်ကြည့်ကာ သူရင်ဆိုင်နေရသည့် သူက မည်သည့်လူစားမျိုးဖြစ်သည်ကို မသိမည်အား စိုးရိမ်နေပေသည်။

"ဖြောင်း!"

ချန်ရှင်း၏ မျက်လုံးများသည် ယောင်ယွဲ့အားစိုက်ကြည့်ကာ သူ၏မျက်လုံးများထဲ၌ မယုံကြည်နိုင်သည့် ခံစားမှုတစ်ခုဖြတ်ပြေးသွားခဲ့သည်။ သို့သော်လည်း သူ၏ ‌ဖော်ရွေလှသည့် အပြုံးအောက်တွင် ထိုအကြောင်းကြောင့် သူ့အား ကြောင်အသွားစေရမည်ဟု မျှော်လင့်မထားခဲ့ပေ။ သို့သော်လည်း ထိုစိတ်အားထက်သန်နေသည့် အမျိုးသမီးက သူ့အား အမှန်တကယ်ပင် ပါးရိုက်ခဲ့ပေ၏!

ဝုန်း!

ချန်ရှင်း၏ တစ်ကိုယ်လုံးသည် ဤရိုက်ချက်ကြောင့် ချက်ချင်းလွင့်ထွက်သွားပြီး ခပ်လှမ်းလှမ်းရှိ မြေကြီးနှင့် ရိုက်မိသွားကာ မြေပြင်တစ်ခုလုံးအား အစိတ်စိတ်အမွှာမွှာဖြစ်သွားပြီး ကျောက်စလစ်ခဲများ လွင့်စဉ်လာကာ သွေးများ အဆက်မပြတ်ထွက်လာခဲ့၏။

"အစ်ကိုကြီး!"

"သတ္တိကောင်းလိုက်တာ ၊ ငါ့ရဲ့ ဂိုဏ်းတူအစ်ကိုကြီး ကို ဘယ်လိုလုပ် နာကျင်အောင် လုပ်ရဲရတာလဲ!"

"မင်းသေချင်နေတာပဲ!"

ထို‌ကဲ့သို့ပြောင်းလဲမှုက ရုတ်တရက်ဖြစ်ပေါ်လာသောကြောင့် ချန်ရှင်း၏ နောက်လိုက်များသည် ထိုအချိန်မှသာလျှင် တုန့်ပြန်နိုင်ခဲ့ကြသည်။ ထိုနှစ်ယောက်သည် ချန်ရှင်း၏နံဘေးသို့ ကမန်းကတန်းပြေးသွားကာ သူ့အား မတ်တပ်ထရန်ကူညီ‌ခဲ့ကြသည်။ တခြားသူများသည် ယောင်ယွဲ့အား စိုက်ကြည့်နေစဉ်တွင် သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးက ချက်ချင်းလက်ငင်း အားအင်ပြည့်ဝလာခဲ့ကြသည်။ တစ်ဟုန်ထိုးတက်လာကြကာ ချန်ရှင်းလှဲချရန်အတွက် ယောင်ယွဲ့အား ဖမ်းဆီးပေးချင်နေကြသည်။

" ငါ့ကို ... ဒီလို ... လုပ်ဝံ့တယ်... အရှက်မရှိလိုက်တာ...!"

သူ့တပည့်နှစ်ယောက်၏ ကူညီပေးခြင်းအားခံနေရသည့် ချန်ရှင်းသည် ထိုအချိန်၌ အမျက်ခြောင်းခြောင်းထွက်နေပြီး ယောင်ယွဲ့အား ဒေါသတကြီးစိုက်ကြည့်ကာ ဗလုံးဗထွေးပြောခဲ့သည်။

လင်းယွမ်ဂိုဏ်း၌ သူက တစ် ဟု ပြောပါက နှစ် ဟု ပြောရဲသည့်သူမရှိချေ။ ထိုအမျိုးသမီးက သူ့အား ထိုသို့ ဆက်ဆံခြင်းမှာ အမှန်တကယ်ကို သေခြင်းတရားအား ဖိတ်ခေါ်နေခြင်းပေ! သူက သခင်ငယ်လေး ဖြစ်ချင်သော်လည်း ကိစ္စများက ထိုသို့ ဖြစ်လာပါက သူ့အား အပြစ်မတင်လေနှင့်!

"ငါ့ကို...လွတ်...အဲ့ဒီမိန်းမကိုဖမ်းစမ်း၊ ဒီ ဒီလူက သူမကို အသက်ရှင်ခွင့်ပေး ပြီးတော့ မသေစေနဲ့!"

ချန်ရှင်းက ထိုစကားအားခက်ခက်ခဲခဲပြောကာ ယောင်ယွဲ့အားစိုက်ကြည့်ရင်း သူ၏ပါးကနာကျင်နေလျှင်ပင် ထိုမျှလှပသည့်မိန်းမက သူ့ကြောင့် ဖျက်ဆီးခံရမည်ကို တွေးရင်း စိတ်လှုပ်ရှားနေခဲ့သည်။

"ဟုတ်ကဲ့ပါ ၊ အစ်ကိုကြီး!"

ချန်ရှင်း၏စကားများကိုကြားပြီးနောက် သူ၏ နောက်လိုက်တစ်ချို့သည် အလျင်စလိုဖြင့် တလေး‌တစားပြောပြီး ယောင်ယွဲ့အား ပြီတီတီမျက်နှာထားများနှင့် ကြည့်ကာ အေးအေးဆေးဆေး ဝိုင်းထားခဲ့ကြသည်။

" ဒီထက်ပိုပြီး သည်းမခံနိုင်တော့ဘူး။ ထပ်ပြီး သည်းမခံနဲ့တော့!"

သူ၏ပတ်ဝန်းကျင်၌ အအေးဓာတ်ကို ဆက်တိုက် ခံစားလိုက်ရပြီး ဝမ်ဖုန်းသည် ကူကယ်ရာမဲ့စွာဖြင့် ခိုက်ခိုက်တုန်နေရင်း အသာအယာသက်ပြင်းချခဲ့သည်။

ထိုသူများက ကိုယ့်သေတွင်းကိုယ် ဖိတ်ခေါ်နေခြင်းဖြစ်ကာ သူ့အားအပြစ်မတင်နိုင်ပေ! ယောင်ယွဲ့၏ ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့်ပင် သူသည် ယောင်ယွဲ့အား ကိုယ်ထိလက်ရောက်မစော်ကားဝံ့ပေ။ ထိုလူများက တကယ်ပင် ကြမ်းတမ်းရမ်းကားကြပေ၏။

"ယောင်ယွဲ့ ၊ မင်း ပေါ့ပေါ့ပါးပါးအီစီကလီလုပ်နိုင်မလား?"

ဝုန်း!

ဝမ်ဖုန်း၏ အသံထွက်လာသည့်အခါ၌ ချက်ချင်းပင် ယောင်ယွဲ့၏ ခန္ဓာကိုယ်မှ အရိုးခိုက်အောင်အေးခဲသည့် အငွေ့အသက်တစ်ခုထွက်လာခဲ့ပြီး အနီးပတ်ဝန်းကျင်ရှိလေထု၏ အပူချိန်အား သုည ဒီဂရီသို့ ကျဆင်းသွားစေကာ ရှိနေသည့်သူတိုင်းအား ခိုက်ခိုက်တုန်စေခဲ့၏!

ထို့နောက် ချက်ချင်းပင် ယောင်ယွဲ့၏ သွယ်လျသည့်လက်ကလေးသည် လက်သီးဆုပ်ကာ လမ်းကြောင်းအချို့အား ပေါ့ပေါ့ပါးပါး ခြေရာခံကာ တစ်ခဏအတွင်းပင် အလင်းတန်းအချို့က တစ်ဟုန်ထိုးဖြတ်ကျော်သွားခဲ့ကြသည်။

ဝိုင်းထားကြသည့် ထိုတပည့်များသည် ယောင်ယွဲ့ထံမှ တားမြစ်ခံလိုက်ရကာ သူတို့၏ မျက်လုံးများက ဝိုင်းစက်နေပြီး အသက်တစ်ရှိုက်ရှူထုတ်ရင်း ခေါင်းတစ်ချို့က မြေကြီးပေါ်သို့ လိမ့်သွားခဲ့ကြသည်။

ဗုန်း!

အစက စိတ်လှုပ်ရှားနေသည့် ချန်ရှင်းသည် မြေကြီးပေါ်သို့လိမ့်သွားသည့် ခေါင်းများအား မြင်သည့်အခါ၌ ‌ထိတ်လန့်သွား‌သဖြင့် မြေကြီးပေါ်သို့ ဖင်ထိုင်ကျသွားခဲ့သည်။

သူက စက်ဆုပ်ဖွယ်ကောင်းသည့် သူတစ်ယောက်သာဖြစ်ပြီး သူတို့က အရမ်းသန်မာသည့် သူများဟု မပြောနိုင်သော်လည်း သူတို့သည်လည်း လင်းယွမ်ဂိုဏ်းရှိ ဝိဉာဉ်အစောပိုင်းအဆင့် တပည့်များဖြစ်ကြလေသည်။ သူတို့က ထိုမျှ အလွယ်တကူအသတ်ခံခဲ့ရပေ၏။ ထိုတပည့်များ မည်သည့်အချိန်က အသတ်ခံလိုက်ရသလဲဆိုသည်ကို သူပင် မသိခဲ့ချေ။ သူဘယ်လိုလုပ်ခဲ့တာလဲ။ မကြောက်ဘူးလား။

"မင်း... ငါ့ရဲ့လင်းယွမ်ဂိုဏ်းကတပည့်တွေကို ဘယ်လိုလုပ် သတ်ဝံ့ရတာလဲ" အလွန်အမင်း ကြောက်လန့်မှုသည် ချန်ရှင်းအား အပြင်းအထနာကျင်မှုကြောင့် ဗလုံးဗထွေးဖြစ်နေသည့် ပြသနာအားကျော်လွှားနိုင်စေခဲ့ပြီး အံ့အားသင့်စွာပြောဆိုခဲ့လေသည်။

ဟူး!

သို့သော်လည်း ချန်ရှင်း၏ အာမေဋိတ်သံထွက်ပေါ်လာသည့်အခိုက်တွင် အလင်းတန်းတစ်ခုသည် သူ၏ လည်ပင်းအားဖြတ်သွားခဲ့ပြီး သူ၏ လည်ပင်းမှ သွေးများပန်းထွက်လာခဲ့၏။ ချန်ရှင်း၏ မျက်လုံးများသည် ပြူး‌ကျယ်နေကာ ချက်ချင်း လဲကျသွားခဲ့သည်။

သူက သူ၏ နယ်မြေအတွင်း၌ အသတ်ခံရလိမ့်မည်ဟု ဘယ်တုန်းကမှ ‌တွေးမထားခဲ့ပေ။ သူက လင်းယွမ်ဂိုဏ်း၏ တပည့်ကြီးတစ်ယောက်ဖြစ်သည်။ သူ၏ အနာဂါတ်ကတောက်ပနေကာ မည်သို့ သေဆုံးနိုင်ပါမည်နည်း။

ကံမကောင်းစွာဖြင့် နောင်တရရန်မှာ ချန်ရှန်းအတွက် ‌အရမ်းနောက်ကျသွားခဲ့လေပြီ။ သူ၏ အသိစိတ်က အမှောင်ထုအတွင်းသို့ ဝင်ရောက်သွား‌ခဲ့လေပြီ။

"ဟေး! ဂိုဏ်းတူအစ်ကို ချန် က တကယ်ကြီး အသတ်ခံလိုက်ရတာလား"

"ဘုရားရေ ၊ ဒီမိန်းမက အရမ်းမောက်မာတာပဲ။ ငါတို့ရဲ့ လင်းယွမ်ဂိုဏ်းထဲမှာ လင်းယွမ်ဂိုဏ်းရဲ့ ဂိုဏ်းတူအစ်ကိုကြီးကို သတ်ဖို့ သတ္တိရှိတယ်လား"

"ကိစ္စတစ်ခုဖြစ်သွားပြီ။ ချန်ရှင်းသေတာကိုသိတဲ့အခါကျရင် ဂိုဏ်းချုပ်က ဒေါသဖြစ်လိမ့်မယ်!"

"သေလား ရှင်လား ဆိုတာ ငါမသိဘူး။ ငါတို့ရဲ့ လင်းယွမ်ဂိုဏ်းထဲမှာ ဒီလောက်မောက်မာနေတာ ဒီလူတွေရဲ့ ကံကြမ္မာက အတော်ကို သနားစရာကောင်းတာပဲ!"

ထိုအချိန်၌ ခပ်လှမ်းလှမ်းမှ ကြည့်နေကြသည့် လင်းယွမ်ဂိုဏ်း၏ တပည့်များသည် အံ့အားသင့်စွာ ပြောဆိုနေခဲ့ကြသည်။ တစ်ချို့က ယောင်ယွဲ့၏ အထက်စီးဆန်မှုကို တွေးရင်း ဒေါသထွက်နေကြပြီး တစ်ချို့က ချန်ရှင်း၏ သေဆုံးမှုက လင်းယွမ်ဂိုဏ်းတစ်ခုလုံး၌ သေချာပေါက် ဝရုန်းသုန်းကားဖြစ်မည်ကို တုန်လှုပ်နေကြပေသည်။ ချန်ရှင်း၏ အလောင်းရှိ မျက်လုံးထဲတွင် နက်ရှိုင်းသည့် အမုန်းတရားရှိနေခဲ့သည်။

ထိုတပည့်များကြားမှ တစ်ချို့က တုန်လှုပ်ကာ ရုတ်တရက် ထွက်ပြေးသွားခဲ့ကြသည်။

ထိုလင်းယွမ်ဂိုဏ်းတပည့်များ၏ ထိတ်လန့်မှု ၊ ကြောက်လန့်မှုများနှင့် နှိုင်းယှဉ်ပါက ဝမ်ဖုန်း နှင့် မဟာနတ်ဆိုးရွှမ်ရှ တို့က အလွန်တရာ တည်ငြိမ်ပေ၏။ သူတို့က ယောင်ယွဲ့အား ‌ကိုယ်ထိလက်ရောက်စော်ကားဝံ့ကြပေသည်။ သူတို့အတွက် သေခြင်းတရားဆုလာဒ်က ကသာလျှင် အကောင်းဆုံးအရာဟု ယူဆပေသည်။ ယောင်ယွဲ့က မည်မျှရက်စက်သလဲဆိုသည်ကို ဝမ်ဖုန်းက သိထားပေသည်။

ထို့အပြင် ဝမ်ဖုန်းနှင့် အခြားသူများ၏ အနောက်၌ ရှိသည့် ‌လီဟေးသည် ထိုအချိန်၌ အလွန်စိတ်လှုပ်ရှားနေခဲ့ပြီး ယောင်ယွဲ့၏မျက်လုံးထဲ၌ အလွန်တောက်ပသည့် အလင်းတန်းတစ်ခုရှိနေခဲ့သည်။

"ရှင်းယောင်တောင်တန်းရဲ့ အစွန်အဖျားမှာ ဒီလိုလူတွေရှိတယ်လား။ သူ့နောက်မှာ လောကငယ်အဆင့် (ဆန်းကြယ်အင်ပါယာအဆင့်) ဆရာသခင်တစ်ယောက်ရှိတယ်!"

လီဟေးသည် ဝမ်ဖုန်းအား နက်ရှိုင်းသည့် မျက်ဝန်းတစ်စုံဖြင့် စိုက်ကြည့်ကာ သူ၏ စိတ်ထဲ၌ တီးတိုးရေရွတ်ခဲ့သည်။

ယခင်က ယောင်ယွဲ့သည် အနည်းငယ်မျှသော အသက်ရှူသံကို မထုတ်ဖော်ခဲ့သည့်အတွက် သူက ယောင်ယွဲ့၏ ကျင့်ကြံခြင်းအား မမြင်ခဲ့ပေ။ သို့သော်လည်း ယခုတွင် ယောင်ယွဲ့သည် ချန်ရှင်းနှင့် အခြားသူများအား သတ်ဖြတ်ကာ သူ့အား သိရှိခွင့်ပေးခဲ့လေသည်။ ထို့ကြောင့် သူက ယောင်ယွဲ့၏ ကျင့်ကြံခြင်းအရှ်ိန်အဝါအား ခံစားခဲ့ရပေသည်။

(တိုက်ခိုက်လိုက်လို့ ကျင့်ကြံဆင့်ပေါ်လာတာ)

ဤသည်က လီဟေး အား ဝမ်ဖုန်းနှင့် အခြားသူများ၏ ဇာစ်မြစ်ကို အလွန်တရာ သိချင်လာစေခဲ့သည်။ သူက လင်းယွမ်ဂိုဏ်းတွင် အချိန်အတော်ကြာ ပုန်းလျှိုးကွယ်လျှိုးနေထိုင်ခဲ့ပြီး လင်းယွမ်ဂိုဏ်းနှင့် ရှင်းယောင်တောင်တန်း၏ အစွန်အဖျားတစ်ခုလုံး၌ပင် လောကငယ်အဆင့် (ဆန်းကြယ်အင်ပါယာ) စွမ်းအားကြီးပုဂ္ဂိုလ်များမရှိသည်ကို ကောင်းစွာသိထားပေ၏...

ထို့အပြင် ဤသေးငယ်သည့်နေရာ၌ လောကငယ်အဆင့် (ဆန်းကြယ်အင်ပါယာအဆင့်) ဆရာသခင်များသည် တစ်ဖက်လူအား လွှမ်းမိုးချုပ်ကိုင်ရန် လုံလောက်ပေသည်။ ယောင်ရီအင်ပါယာဖြစ်နေလျှင်ပင် ဆန်းကြယ်အင်ပါယာအဆင့် ဆရာသခင်တစ်ယောက်အား ယဉ်ယဉ်ကျေးကျေးရှိရပေမည်။ သို့သော်လည်း ယခုတွင် ထိုဆရာသခင်များသည် ဝမ်ဖုန်း၏ ဘေး၌ လေးလေးစားစား နာခံနေကြပေ၏။

ထိုကဲ့သို့ ထူးဆန်းသည့် အခြေအနေက လီဟေးအား စိတ်လှုပ်ရှားစေခဲ့သည်။

"ဒီလူက ရှေး‌ဟောင်းမိသားစုကြီးတစ်ခုက ကလေးတစ်ယောက်များလား" လီဟေးသည် မျက်မှောင်ကြုံ့ကာ ဝမ်ဖုန်းအား နက်နက်နဲနဲကြည့်ရင်း တိတ်တဆိတ်ခန့်မှန်းခဲ့သည်။

"ငါ့သားကို ထိဝံ့တာ ဘယ်သူလဲ"

ထိုအခိုက်အတန့်တွင် ကမ္ဘာကြီးတစ်ခုလုံးအား တုန်ခါသွားစေသည့် ကြိမ်းဝါးသံတစ်ခုသည် အရပ်မျက်နှာအနှံ့သို့ထွက်ပေါ်လာခဲ့၏။

ထို့နောက် ချက်ချင်းပင် လေထဲမှ လူတစ်ချို့ ဆင်းသက်လာခဲ့ပြီး ဝမ်ဖုန်းနှင့် တခြားသူများရှေ့တွင် ရပ်ခဲ့ကြသည်။

"ချန်ရှင်း ငါ့သား!"

လင်းယွမ်ဂိုဏ်းချုပ် ချန်ဖုန်းသည် ထိုနေရာသို့ ဆင်းသက်ပြီးသည်နှင့် တစ်ပြိုင်နက် မြေကြီးပေါ်တွင် လဲနေသည့် ချန်ရှင်းအားတွေ့ကာ သူ၏တစ်ကိုယ်လုံးက ပြင်းထန်စွာ တုန်ယင်လာခဲ့သည်။ သူက တုန်လှုပ်နေခဲ့ပြီး ချန်ရှင်းရှိရာသို့ ဖြည်းညှင်းစွာ လျောက်သွားကာ ကြီးမားသည့်လက်တစ်စုံဖြင့် ချန်ရှင်းအား ညင်သာစွာ ထွေးပိုက်ခဲ့၏။

သူ၌ သားတစ်ယောက်သာ ရှိပေ၏! မနက်ခင်းက သူ့အား ပြင်းထန်စွာပြစ်တင်ကြိမ်းမောင်းခဲ့သော်လည်း ၎င်းမှာ နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံ၏ ဖိအားက သူ့အား ကသိကအောက်ဖြစ်စေသောကြောင့်ပင်! တကယ်တော့ ချန်ဖုန်းသည် သူ့သား၏ ကျင့်ကြံခြင်းအား အလွန်ကျေနပ်အား‌ရနေဆဲပင်!

‌သို့သော်လည်း တစ်ခဏအတွင်းမှာပင် သူက ချန်ရှင်းနှင့် ခွဲခွာရလိမ့်မည်ဟု ထင်မထားခဲ့ပေ။

"ငါ့သားကို သတ်လိုက်တာ မင်းလား"

ချန်ဖုန်းသည် ရုတ်တရက်‌ခေါင်းမော့ကာ အလွန်ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များတောက်လောင်နေသည့် ကျားမျက်လုံးတစ်စုံဖြင့် ယောင်ယွဲ့အား စိုက်ကြည့်ခဲ့သည်။ အင်အားကြီးသည့် အစွမ်းဖြင့် ပြည့်နှက်နေသည့် တုတ်ခိုင်သန်မာသည့် ခန္ဓာကိုယ်သည် ပတ်ဝန်းကျင်ရှိလေထုအား အနည်းငယ်တုန်ခါစေခဲ့၏။

ချန်ဖုန်းသည် ရူးသွပ်နေသည့် ခြင်္သေ့တစ်ကောင်ကဲ့သို့ လင်းယွမ်ဂိုဏ်း၏ များပြားလှသည့် တပည့်များအား တုန်လှုပ်စေခဲ့သည်။ ဤသည်မှာ သူတို့ဂိုဏ်းချုပ်အား ထိုသို့ ရူးနှမ်းသည့် အခြေအနေ၌ ပထမဆုံးအကြိမ်မြင်ဖူးကြခြင်းဖြစ်သည်။ ထိုသွေးနီရောင်မျက်လုံးများက လူအများအား ဆိုးကျိုးဖြစ်စေမည်ဟု ထင်ရကာ တိုက်ရိုက်မကြည့်ဝံ့ကြချေ။

ချန်ဖုန်း၏ မေးခွန်းထုတ်ခြင်းနှင့် ကြမ်းကြုတ်သည့် သတ်ဖြစ်လိုစိတ်အား ရင်ဆိုင်ရာတွင်လည်း ယောင်ယွဲ့က ဂရုမစိုက်သည့်ပုံပေါ်နေဆဲပင်။ သူမက ချန်ဖုန်းအား ကြည့်ပင်မကြည့်ခဲ့ဘဲ ဝမ်ဖုန်း၏ ဘေး၌ လက်ပိုက်ကာ တိတ်တဆိတ်ရပ်နေခဲ့သည်။

"သေခြင်းတရားကို ဖိတ်ခေါ်နေတာပဲ!"

ယောင်ယွဲ့၏ အထင်သေးသည့် သဘောထားကို မြင်ပြီးနောက်တွင် အပြင်းအထန်ဒေါသထွက်နေပြီဖြစ်သည့် ချန်ဖုန်းသည် ထပ်၍သည်းမခံနိုင်တော့ဘဲ သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သည့်စွမ်းအားများ ပေါက်ကွဲထွက်လာခဲ့၏!

All Chapters