← Chapters

ယင် နှင့် ယန်

Vol. 2 Ch. 19

ယင် နှင့် ယန်

Vol. 2 Ch. 19

အလောင်းနှစ်လောင်းမှ သယ်‌ေဆာင်လာသည့် ဝမ်ဖုန်း၏ စကားများသည် လင်းယွမ်ဂိုဏ်း၏ တပည့်အားလုံးကို တုန်လှုပ်စေခဲ့သည်!

ဝမ်ဖုန်းသည် လင်းယွမ်ဂိုဏ်းရှိ တပည့်များအား စိတ်မဝင်စားစွာ တစ်ချက်ကြည့်ခဲ့သည်။ အစက သူသည် လင်းယွမ်ဂိုဏ်းတစ်ခုလုံးအား ဖျက်ဆီးကာ သူတို့အားလုံးကို သတ်ပစ်ချင်ခဲ့သော်လည်း လင်းယွမ်ဂိုဏ်းရှိ တပည့်တစ်ချို့က စိတ်ကောင်းရှိသည်ဟု ယူဆရပြီး တစ်ချို့က အလွန်ရက်စက်ပေ၏!

ထို့အပြင် ဒီနေရာရှိ လင်းယွမ်ဂိုဏ်းအနေဖြင့် စိတ်ထင့်ခြင်းမရှ်ိပေ။ အမြစ်ဖြတ်သုတ်သင်ရှင်းလင်းခြင်းမလုပ်လျှင်ပင် သူ၏ ရှန်ရှန့်ကျုံဂိုဏ်းအား ခြိမ်းခြောက်နိုင်သည့် အနေအထားမရှိချေ။ ဝမ်ဖုန်းသည် ထို့အတွက် ယုံကြည်ချက်ရှိလေ၏။

အကယ်၍ သူ၏ ရှန်ရှန့်ကျုံဂိုဏ်းအား ခြိမ်းခြောက်နိုင်မည်ဆိုပါက သူက သည်းမခံနိုင်လျှင်ပင် ဝမ်ဖုန်းသည် ကျူပင်ခုတ်ကျူငုတ်မကျန်သုတ်သင်ပစ်ပေလိမ့်မည်။

ထို့နောက် ဝမ်ဖုန်းသည် လင်းယွမ်ဂိုဏ်း၌ ဆက်မနေဘဲ ယောင်ယွဲ့ ၊ မဟာနတ်ဆိုးရွှမ်ရှ ၊ လီဟေးတို့နှင့် ထွက်လာခဲ့သည်။

"တကယ်လို့ လင်းယွမ်ဂိုဏ်းက မဖျက်သိမ်းခဲ့ဘူးဆိုတာကို စုံစမ်းလို့ရခဲ့မယ် ဒီကျောက်တုံးလိုပဲ ဖြစ်သွားရလိမ့်မယ်!"

စိတ်ဝင်စားမှုမရှိဘဲ ကြမ်းတမ်းရက်စက်သည့် စကားတစ်ခွန်းက ကမ္ဘာကြီးထဲ၌ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် အေးစက်သည့် အလင်းတန်းတစ်ခု ဖြစ်‌ကျော်သွားခဲ့ပြီး လင်းယွမ်ဂိုဏ်းအတွင်းရှိ ‌ဧရာမကျောက်တုံးကြီးက တစ်ခဏချင်းပင် အစိတ်စိတ်အမွှာမွှာခုတ်ပိုင်းခံခဲ့ရသည်။

လွင့်စဉ်ထွက်လာသည့် ကျောက်စရစ်ခဲများက လင်းယွမ်ဂိုဏ်းရှိ တပည့်များအား တုန်လှုပ်စေခဲ့သည်။ သူတို့လင်းယွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကပင် ထိုလူ၏ ပြိုင်ဘက်မဟုတ်ချေ။ ထိုတပည့်များက ဝမ်ဖုန်းအား မည်သို့ ခုခံနိုင်ပါမည်နည်း။

"ဒီလို ဖျက်သိမ်းလိုက်ရုံနဲ့ ဖြစ်နိုင်နေပါ့မလား"

မလိုလားမှုဖြင့် ပြည့်နှက်နေသည့် မျက်နှာနှင့် လင်းယွမ်ဂိုဏ်း၏ အကြီးအကဲတစ်ယောက်က ပြောခဲ့သည်။ သူ၏ မျက်လုံးထဲ၌ အန္တရာယ်ရှိသည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။

သူသည် ဝမ်ဖုန်းရှိနေစဉ်က မည်သည့်စကားမျှမဆိုဝံ့ခဲ့သော်လည်း ယခုတွင် ဝမ်ဖုန်းက အနီးနား၌ မရှိသည့်အတွက် သူက အနည်းငယ်ပို၍ တက်ကြွလာသည်မှာ သဘာဝကျပေသည်။ သူ၏ လင်းယွမ်ဂိုဏ်းက ထိုလူ့ထံမှ စကားလေးတစ်ခွန်းဖြင့် ပျောက်ကွယ်သွားရန် ဖြစ်နိုင်ပါမည်လော။ ထို့အပြင် ရှင်းယောင်တောင်တန်း အစွန်အဖျားပေါ်ရှိ ထိုလူများ၏ ဂုဏ်းသတင်းသည်လည်း ပုပ်သိုးသွားပေလိမ့်မည်။

ဟုတ်ပါသည်။ စကားထပြောခဲ့သည့် သူသည် လင်းယွမ်ဂိုဏ်းတွင် ဂိုဏ်းချုပ်ချန်ဖုန်း နှင့် မဟာအကြီးအကဲမှလွဲ၍ အင်အားအကြီးဆုံးပုဂ္ဂိုလ်ဟူသည့် အချက်တစ်ချက်ရှိပေသည်။ ထိုနှစ်ယောက်သည်ခုအချိန်တွင် ဒီနေရာ၌ မရှိကြပေ။ လင်းယွမ်ဂိုဏ်းအား မဖျက်သိမ်းခဲ့ပါက သူသည် လင်းယွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်အသစ်ဖြစ်လာရန် ဖြစ်နိုင်ချေများစွာရှိပေ၏!

"ငါက မဖျက်သိမ်းဘူးဆိုရင် ဘာဖြစ်မလဲ။ ဒီလို ၊ အကြင်နာတရားမဲ့တဲ့ စရိုက်နဲ့ဆိုရင် ငါက လင်းယွမ်ဂိုဏ်းကို ဆက်ပြီး ထိန်းသိမ်းထားမယ်ဆိုရင် အဲ့ဒီလူရဲ့ လက်စားချေတာတာကို သေချာပေါက်ခံရမှာပဲ။ အဲ့ဒီအချိန်ကျရင် ငါက သေချာပေါက်အဆုံးသတ်ရလိမ့်မယ်!"

လင်းယွမ်ဂိုဏ်း၏ နောက်ထပ် အကြီးအကဲတစ်ယောက်က ဆိုးရွားသည့်မျက်နှာထားဖြင့် ပြောခဲ့သည်။

လင်းယွမ်ဂိုဏ်း၏ အကြီးအကဲတစ်ယောက်အနေဖြင့် လင်းယွမ်ဂိုဏ်းအား ဖျက်သိမ်းရန် ဆန္ဒရှိသည့်သူ တစ်ဦးတစ်ယောက်မှမရှိကြချေ။ ထို့အပြင် လူသိများကျော်ကြားသည့် ဂိုဏ်းတစ်ခု၏ အဆင့်အတန်း မတူညီသည့် အဆင့်အတန်းပင်။

ထိုသို့မဟုတ်ပါက သူတို့၏ ဆန်းကြယ်အကြီးအကဲအဆင့် ကျင့်ကြံခြင်းသည် ယောင်ရီအင်ပါယာတစ်ခုလုံး၌ ကြည့်ပါက ဘာမှမဟုတ်ပေ။ ရှင်းယောင်တောင်တန်း၏ အစွန်အဖျား၌သာ လင်းယွမ်ဂိုဏ်း၏ မြေခွေး နှင့် ကျား၏ အောင်မြင်မှုကို မှီခိုနိုင်ခြင်း‌ဖြစ်လေသည်။

ထိုအကြီးအကဲ၏ စကားများထွက်လာသည့်အခါ၌ ‌ရောက်ရှိနေသည့် လင်းယွမ်ဂိုဏ်း၏ အခြားအကြီးများက တိတ်ဆိတ်သွားကြသည်။ ဟုတ်သည်။ သူတို့က မဖျက်သိမ်းချင်ရင်ရော ဘာဖြစ်မလဲ။ သူတို့က ထိုတစ်ယောက်အား မတားဆီးနိုင်ပေ။ အကယ်၍ လင်းယွမ်ဂိုဏ်းအား ဆက်လက်ထိန်းသိမ်းထားခဲ့ပါက ထိုတစ်ယောက် စာရင်းရှင်းသည့်အခါ၌ ‌မုချသေရပေလိမ့်မည်။

"အကြီးအကဲတို့ အနာဂါတ်မှာ အချိန်ကာလတစ်ခုရှိလာပါလိမ့်မယ်!"

တိတ်ဆိတ်နေသည့်အခိုက်အတန့်၌ လင်းယွမ်ဂိုဏ်း၏ တပည့်တစ်ချို့သည် အကြီးအကဲများအား အရိုအသေပေးကာ ကျယ်လောင်စွာအော်ပြောခဲ့ကြသည်။

ထိုတပည့်များသည် ဝမ်ဖုန်း၏ နောက်ဆုံးပိတ်ခြိမ်းခြောက်သည့်စကားများကို သည်းမခံနိုင်ခဲ့ကြချေ။ သူတို့၏ အမြင်‌၌ ထိုလူ၏ ခြိမ်းခြောက်မှုဖြင့် လင်းယွမ်ဂိုဏ်းအား ဖျက်သိမ်းရန်အကြောင်းပါလာခဲ့ပြီး ဆက်လက်နေထိုင်ခြင်းသည် အချိန်ဖြုန်းခြင်းသာဖြစ်လေသည်။

ထိုတပည့်များ၏ အသံထွက်‌လာပြီးသည့်နောက်တွင် ရှိနေသည့် လင်းယွမ်ဂိုဏ်း၏ တပည့်တစ်ချို့သည်လည်း တုန်လှုပ်သွားကြကာ လင်းယွမ်ဂိုဏ်းမှ ထွက်သွားရန် စိတ်ကူးများက တဖြည်းဖြည်းချင်း ကိန်းအောင်းလာခဲ့သည်။

"မင်းတို့က ငါ့ကို ဒီလင်းယွမ်ဂိုဏ်းမှာ ဒီလောက်တောင် မမြင်ချင်ကြဘူးလား။ အဲ့ဒီလူက ခြိမ်းခြောက်ရုံနဲ့ မင်းတို့က ချက်ချင်းထွက်သွားချင်နေကြတာလား"

ထိုအချိန်‌၌ လင်းယွမ်ဂိုဏ်း၏ အသန်မာဆုံးအကြီးအကဲသည် ထိုတပည့်များက မည်မျှစိုးရိမ်‌ေကြာင့်ကြနေသည်ကို မြင်ပြီး သူ၏ မျက်လုံးထဲ၌ အေးစက်သည့် ထေ့ငေါ့မှု ထွက်ပေါ်လာခဲ့သည်။

"ခင်ဗျား ထွက်မသွားဘူးဆိုရင် ဘာလို့ သိမ်းထားနေသေးတာလဲ။ အဲ့ဒီခြိမ်းခြောက်မှုနဲ့ လင်းယွမ်ဂိုဏ်းက ချေမှုန်းခံရဖို့ ကံတရားပါပြီးသားပဲ!"

အကြီးအကဲများ၏ စကားများကို နားထောင်ပြီး တပည့်တစ်ယောက်က မကြောက်မရွံ့ပြောခဲ့သည်။

ယခု လင်းယွမ်ဂိုဏ်းက ဖျက်ဆီးခံခဲ့ရပြီးဖြစ်ကာ ထိုအကြီးအကဲများက စိုးစဉ်းမျှအဆင့်အတန်းမရှိကြတော့ပေ။ ထို့အတွက်ကြောင့် ထွက်သွားလိုသည့်တပည့်များက ပို၍ ရဲဝံ့လာကြခြင်းပင်။

"ဘယ်လောက်တောင် သတ္တိကောင်းနေတာလဲ! ငါ က မင်းတို့လို တပည့်လေးတွေဆီက ဘယ်လိုလုပ်မေးခွန်းထုတ်တာခံရမှာလဲ" ထိုအကြီးအကဲက ရုတ်တရက် ဒေါသထွက်လာခဲ့ပြီး ဝမ်ဖုန်း၏ ခြိမ်းခြောက်မှုကြောင့် ဒေါသဖြင့်ပြည့်နှက်နေခဲ့သည်။ သူက လက်သီးအမှတ်အသားအား ဖွဲ့စည်းကာ ထိုတပည့်အား လက်သီးဖြင့် တရစပ်ထိုးနှက်လေ၏!

စွမ်းအားကြီးသည့် အားတစ်ခုက ထိုတပည့်အား တစ်ခဏတွင်းဖိနှိပ်ခံခဲ့ရသည်။ ထိုလက်သီးအမှတ်အသားက ထိုတပည့်၏ ခန္ဓာကိုယ်အား တိုက်ရိုက်ထိုးဖောက်သွားခဲ့၏။ ကြောက်မက်ဖွယ်စွမ်းအား ပေါက်ကွဲလာသည့်အခါ၌ ထိုတပည့်၏ ခန္ဓာကိုယ်သည်လည်း ပေါက်ကွဲသွားခဲ့ပြီး အသွေးအသားများက လွင့်စဉ်လာခဲ့သည်။ ထိုနေရာတစ်ဝိုက်က သွေးမိုးရွာသည်ဟု ထင်ရပေသည်။

ထိုကဲ့သို့ ပြောင်းလဲမှုသည် တခြားထွက်သွားချင်ခဲ့သည့် တပည့်များအား ကြောက်လန့်တကြားတုန်လှုပ်စေခဲ့၏။

"ဒီအကြီးအကဲက..."

"ချန်ဖုန်းဘယ်မှာလဲ"

ထိုအကြီးအကဲက တစ်ခုခုပြောတော့မည့် အခိုက်၌ လင်းရှောင်တောင်ထိပ်တစ်ခုလုံး ခေါင်းလောင်းသံကဲ့သို့ အသံတစ်သံထွက်လာခဲ့သည်။ ထို့နောက် လင်းရှောင်တောင်ထိပ်ပေါ်မှ အနက်ရောင် လူရိပ်များသည် များပြားလှသည့် လင်းယွမ်ဂိုဏ်းတပည့်များ၏ ထိတ်လန့်နေသည့် အကြည့်များအောက်၌ ရုတ်တရက်သက်ဆင်းလာခဲ့၏!

ထိုပုံရိပ်များသက်ဆင်းလာပြီး တစ်ပြိုင်နက် ကြီးမားသည့်တောင်ကြီးကဲ့သို့ ဖိအားတစ်ခုသည် လင်းရှောင်တောင်ထိပ်တစ်ခုလုံးအား ဖြန့်ကျက်ကာ လင်းယွမ်ဂိုဏ်း၏ တပည့်များစွာအား လုံးဝ တုန်လှုပ်စေခဲ့၏!

လင်းယွမ်ဂိုဏ်း၏ အကြီးအကဲအချို့သည် မျက်လုံးများ ဝိုင်းစက်သွားခဲ့ပြီး တစ်ကိုယ်လုံး တုန်လှုပ်နေခဲ့ကြသည်။ သူတို့၏ အမြင်၌ ထိုလူစုသည် ဆန်းကြယ်အကြီးအကဲအဆင့်အထက်၌ရှိသည့် စွမ်းအားကြီးပုဂ္ဂိုလ်များဖြစ်ကြကာ ဦးဆောင်လာသည့်သူက ပို၍ပင် ဆန်းကြယ်လေသည်။ အတိအကျပြောရန် လက်လှပေသည်။ အကြည့်တစ်ချက်ဖြင့်ပင် သူတို့၏ စိတ်ဝိဉာဉ်အား တုန်လှုပ်နိုင်ပေသည်။

"အရင်က ... စီနီယာ ၊ ကျုပ်ရဲ့ လင်းယွမ်ဂိုဏ်းကို ဘာလို့ရောက်လာတာလဲ မသိရပါလား"

လင်းယွမ်ဂိုဏ်း၏ အင်အားအကြီးဆုံး အကြီးအကဲက သန်မာထွားကျိုင်းသည့်လူကြီးအား လေးလေးစားစားအရိုအသေ‌ပေးခဲ့သည်။

ထိုနှိပ်ချပြီးလေးစားသမှုရှိသည့် အသွင်အပြင်မှာ ယခင်က သူ၏ ဂိုဏ်းတပည့်များအား တိုက်ခိုက်စဉ်ကကဲ့သို့ ကြမ်းတမ်းရိုင်းစိုင်းသည့်ပုံမပေါ်ဘဲ လုံးဝကွာခြားပေ၏။

"မင်းကချန်ဖုန်းလား"

ချန်လင်မြို့စား လင်ထျန်းရှုံ သည် ထိုအကြီးအကဲအား မထူးခြားစွာ တစ်ချက်ကြည့်ခဲ့ပြီး အလေးအနက်ပြောခဲ့သည်။

လင်းယွမ်ဂိုဏ်းသို့ သက်ဆင်းလာသည့် လူတစ်စုမှာ သူ့သားအတွက် လက်စားချေရန်လာခဲ့သည့် ချန်လင်အမတ် လင်ထျန်းရှုံ နှင့် သူ၏ ချန်လင်စစ်တပ်ပင်!

ယောင်ရီအင်ပါယာ၏ ဂုဏ်သရေရှိ မင်းသားတစ်ပါးအနေဖြင့် ချန်လင်မြို့စားသည် ရှင်းယောင်တောင်တန်းပေါ်သို့ ခြေချသည်မှာ ကြုံတောင့်ကြုံခဲဖြစ်သော်လည်း သူက ရှင်းယောင်တောင်တန်းအကြောင်း အတော်များများသိထားဆဲပင်။ သူ့သား၏ အသတ်ခံရမှုအားရှာဖွေချင်ပါက ဒီနေရာကိုသာ ရှာဖွေရမည်ကို သိထားပေသည်။

"မ...မဟုတ်ပါဘူး။ လင်းယွမ်ဂိုဏ်းရဲ့ ကြီးမြတ်သူ ချန်ဖုန်းက သေသွားပါပြီ!"

ချန်လင်မြို့စား၏ ခပ်တန်းတန်းပုံစံက ထိုအကြီးအကဲအား ပို၍ပင် ကြောက်လန့်စေကာ လျင်မြန်စွာပြောခဲ့၏။

"ဒီအရှင်က မင်းကိုမေးတယ်။ ငါ့သားကို ဘယ်သူသတ်တာလဲသိလား"

လင်းယွမ်ဂိုဏ်း၏ ဂိုဏ်းချုပ် သေဆုံးသည့် သတင်းအား ကြားပြီးသည့်နောက်တွင် ချန်လင်မြို့စားသည် စိတ်ရှုပ်သည့် အရိပ်အယောင်မရှိဘဲ တစ်ခါတည်းမေးမြန်းခဲ့သည်။

လင်းယွမ်ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်ခဲ့လျှင်ပင် လင်းယွမ်ဂိုဏ်းမျှလောက်က သူ၏ မျက်လုံးထဲသို့ လုံးဝ ဝင်နိုင်ပါမည်လား။ ချန်လင်မြို့စား၏ရှေ့၌ သူက ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ပင်။ထိုအချိန်၌ သူ့၏ ချစ်လှစွာသောသားအား သတ်သွားသည့်သူကိုသာ သိချင်နေပေသည်။

"ကျွန်တော်မသိပါဘူး။ စီနီယာရဲ့ သားက..."

"ဒီမြို့စား ၊ ယောင်ရီအင်ပါယာရဲ့ ချန်လင် မြို့စား ၊ ဒီမြို့စားရဲ့သား ၊ လင်ယွင်ရီ!"

"ဘယ်လို?"

"ဟွန့်!"

ချန်လင်မြို့စား၏ စကားများထွက်လာသည့်အခါ၌ ရှ်ိနေသည့် လင်းယွမ်ဂိုဏ်း၏ အကြီးအကဲများနှင့် တပည့်များသည် ချက်ချင်းပင် ချန်လင်မြို့စားအား ထိတ်လန့်စွာကြည့်ခဲ့ကြသည်။

ယောင်ရီအင်ပါယာ၏ ဂုဏ်သရေရှိမြို့စားမင်းက သူတို့၏ လင်းယွမ်ဂိုဏ်းသို့ ရောက်လာမည်ဟု မျှော်လင့်မထားခဲ့ကြချေ။

ရှင်းယောင်တောင်တန်း၌ သူတို့၏လင်းယွမ်ဂိုဏ်းက အရှင်သခင်ဟု ထင်ရကာ ဩဇာအာဏာရှိသော်လည်း ယောင်ရီအင်ပါယာရှိ ရာထူးကြီး အရာရှိများ၏ မျက်လုံးထဲ၌ သူတို့က ပုရွက်ဆိတ်များကဲ့သို့ပင်။ မင်းသားတစ်ပါးသာဖြစ်နေပါစေ လင်းယွမ်ဂိုဏ်းအား အလွယ်တကူဖျက်ဆီးရန် လုံလောက်ပေသည်။

သူတို့အား ပို၍ထိတ်လန့်စေသည့် အရာမှာ ချန်လင်မြို့စား၏ သားတော်အား သတ်ဝံ့သည့် တစ်ယောက်ပင်။ ဘယ်သူလဲ? ဘယ်သူက ဒီလောက် သတ္တိကောင်းတာလဲ။ မင်းသားတစ်ပါးရဲ့ သားကို သတ်ခဲ့တာက ဘယ်သူလဲ။

လင်းယွမ်ဂိုဏ်း၏ အကြီးအကဲသည် ထိတ်လန့်သွားပြီးနောက်တွင် သူ၏မျက်နှာက ညှိုးငယ်သွားပြီး ချီတုံချကာဖြစ်လာခဲ့သည်။ ထို့နောက် သူက ပြင်းပြင်းထန်ထန်အံကြိတ်ကာ သူ၏ မျက်လုံးများက တင်းမာသည့် အကြည့်တစ်ခုရှိနေပေသည်။

"အရှင် မြို့စား ၊ အရှင့်သားကို သတ်ခဲ့တဲ့သူကို ကျွန်တော်မျိုးသိပါတယ်!"

သူသည် ချန်လင် မြို့စားအား လေးလေးစားစားအရိုအသပေးကာ ကျယ်လောင်စွာအော်ပြောခဲ့ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ကြောက်ရွံ့မှုကြောင့် အနည်းငယ်တုန်ရီနေခဲ့သည်။

"ပြောစမ်း!"

ချက်ချင်းပင် အဆုံးအစမဲ့သည့် သတ်ဖြတ်လိုစိတ်များပါဝင်နေသည့် မိုးခြိမ်းသံကဲ့သို့ အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး လူအများအား ထုန်လှုပ်စေခဲ့သည်။

"အရင်က ကျွန်တော် ၊ လင်းယွမ်ကုန်းက သခင်လေးယွင် ရှင်းယောင်တောင်တန်းဆီကို ဝင်သွားတာကို တွေ့ခဲ့ပေမယ့် သခင်လေးယွင်ကို စိတ်အနှောင့်အယှက်မပေးဝံ့ခဲ့ပါဘူး။ ဒါပေမယ့် သခင်လေးယွင်က အဲ့ဒီလူကြောင့် ထိခိုက်ခံရမယ်လို့ ထင်မထားခဲ့ဘူး။ ဒါက အရမ်းကြီးလေးတဲ့ ရာဇဝတ်မှုတစ်ခုပါပဲ!"

"အဲ့ဒီလူက ကျွန်တော်ရဲ့ လင်းယွမ်ဂိုဏ်းကို အရင်ရောက်လာခဲ့ပြီး ချက်ချင်းပဲ ကျွန်တော့်လင်းယွမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ကို သတ်သွားခဲ့တယ်။ ရှင်းယောင်တောင်တန်းမှာ အရှင်သခင်ငယ်လေး ယွင်ရီကို သတ်ဝံ့ဖို့ ဖြစ်နိုင်ချေအရှိဆုံးသူက အဲ့ဒီလူပါပဲ!"

ထိုအကြီးအကဲ၏ ခေါင်းက မြေကြီးပေါ်သို့ ကျလုနီးပါးအထိ သူ၏ ရင်ထဲ၌ ပေါက်ဖွားလာခဲ့သည့် ထိတ်လန့်မှုအား အတင်းအကျပ်ချိုးနှိမ်ကာ ပြောခဲ့သည်။

"အဲ့ဒီလူက ဘယ်သူလဲ"

ချန်လင်မြို့စား၏ မျက်လုံးများက အေးစက်လာခဲ့ပြီး ပြတ်ပြတ်သားသားမေးခဲ့သည်။

သူက လင်းယွမ်ဂိုဏ်း အကြီးအကဲ၏ မရေရာမှုကို ဘယ်လိုလုပ်မမြင်ဘဲနေပါမည်လော။ သူသည် ထိုလင်းယွမ်ဂိုဏ်း၏ အကြီးအကဲက လင်းယွမ်ဂိုဏ်းချုပ်အတွက် လက်စားချေရန် သူ့အားအသုံးချချင်သည်ကို ပို၍ပင် သိထားသော်လည်း သူက လုံးဝဂရမစိုက်ခဲ့ချေ။ သူ့သားအား သတ်သွားသည့်သူကိုသာ ရှာဖွေချင်ခဲ့ပေ၏!

ထိုအကြီးအကဲပြောသည့်အတိုင်း လင်းယွမ်ဂိုဏ်းအား ရှင်းယောင်တောင်တန်းကြီးက ဝန်းရံထားပေသည်။ ထိုလူက ရောက်လာသည်နှင့်တစ်ပြိုင်နက် လင်းယွမ်ဂိုဏ်းချုပ်အား တစ်ခါတည်း သတ်ဝံ့ခဲ့ပေ၏။ ၎င်း၏ လုပ်ဆောင်မှုများက အဆင်အခြင်မဲ့ပြီး သူ၏ ချစ်လှစွာသော သားလေးအား သတ်ရန် ခွန်အားရှိသည်မြင်နိုင်ပေသည်။ ထို့ကြောင့် ထိုသူက သံသယအဖြစ်ဆုံးဖြစ်သည်။

ချန်လင်မြို့စားသည် သူ၏ရင်နှစ်သည်းချာသားလေးအား သတ်နိုင်သည့် မည်သည့် လူသတ်သမားကိုမဆို လက်လွတ်လိုက်ရခြင်းထက် အမှားအယွင်းဖြင့် သတ်ဖြတ်လိုက်ရန်ကိုသာ လိုလားပေသည်။

အဟုတ်ပင်။ ထိုလူက လူသတ်သမားမဟုတ်ခဲ့လျှင် လင်းယွမ်ဂိုဏ်း၏ အကြီးအကဲနှင့် လင်းယွမ်ဂိုဏ်းတစ်ခုလုံးပင် သူ၏ အမျက်ဒေါသကို ခံစားရပေလိမ့်မည်။

"အဲ့ဒီလူက ဘာနာမည်ကိုမှ ထုတ်မပြောခဲ့ဘူး။ သူက အရမ်းကို လျှို့ဝှက်တယ်။ သူ့ကို အရင်က ဒီရှင်းယောင်တောင်တန်းမှာ တစ်ခါမှမမြင်ဖူးဘူး! ဒါပေမယ့် အဲ့ဒီလူ ထွက်မသွားခင်မှာ လင်းယွမ်ဂိုဏ်းက ဖြိုခွင်းခံခဲ့ရတယ်။ ဖ်ြိုခွဲခံရခြင်းနဲ့ ကြီးမားတဲ့ ဂယက်ထမှုက အဲ့ဒီလူကို သေချာပေါက်ဦး‌တည်နေလိမ့်မယ်!"

ချန်လင်မြို့စား၏စကားများကို နားထောင်ပြီး အကြီးအကဲ၏ စိတ်ဓာတ်ကျနေသည့်မျက်နှာသည် ရွှင်မြူးလာခဲ့သည်။ သူက စိတ်လှုပ်ရှားမှုအား ချုပ်တည်းကာ သူ၏ အစီအစဉ်က အောင်မြင်သည်ကို မြင်ခဲ့ပြီးသကဲ့သို့ ပြောခဲ့သည်။

အောင်မြင်သည်နှင့် တစ်ပြိုင်နက် ထိုလူအားသတ်ရန် ချန်လင်မြို့စား၏ လက်အား သုံးနိုင်ရုံသာမက ချန်လင်မြို့စား၏ အဆင့်အတန်းမြင့်သည့် အခွဲသို့ တက်ရောက်ရန်လည်း ဖြစ်နိုင်ချေများ‌ပေသည်။

"ဟူး!"

သို့သော်လည်း ထိုလူက စိတ်ကူးယဉ်နေသည့် အခိုက် သူ၏ ခေါင်းက ‌ကိုယ်မှ လွတ်ထွက်သွားသည်ဟု ထင်ရကာ အသက်ရှူရန်မည်ည်အခွင့်အရေးမှ မရှိဘဲ ‌မြေပြင်နှင့် ပြင်းထန်စွာရိုက်မိသွားခဲ့သည်။

All Chapters