← Chapters

ကျန့်ကွမ်းဟန် ၁၉ ပြည်နယ်

Vol. 2 Ch. 21

ကျန့်ကွမ်းဟန် ၁၉ ပြည်နယ်

Vol. 2 Ch. 21

"ရွှမ်ရှ ၊ မင်း ဒီနေရာကို အချိန်တစ်ခုအထိ စောင့်ကြပ်ပြီးတော့ ငါ့ရဲ့ ရှန်ရှန့်ကျုံဂိုဏ်းအတွက် သတင်းတစ်ချို့ရှာခဲ့!"

ထို့နောက် ဝမ်ဖုန်းသည် ထီလက်မှတ်တစ်စောင်ကံစမ်းပြီးဆင့်ခေါ်လိုသည့် ဆန္ဒအား ထိန်းချုပ်ကာ မဟာနတ်ဆိုးရွှမ်ရှအား ပြောခဲ့သည်။

ယခုတွင် သူ၏ ရှန်ရှန့်ကျုံဂိုဏ်းက ကမ္ဘာငယ်လေးထဲ၌ တည်ရှိပြီး အပြင်ဘက်၌ မည်သူမျှမရှိပါက နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံကဲ့သို့သော သတင်းများက ပိတ်ဆို့ခံရပေလိမ့်မည်။ လင်းယွမ်ဂိုဏ်း၏ မဟာအကြီးအကဲက ဒီနေရာသို့ ရောက်လာခဲ့သည့် အခွင့်အရေးကြောင့်သာမဟုတ်ပါက သူသည် ထိုကဲ့သို့ ကြီးကျယ်ခမ်းနားသည့် ပွဲတစ်ပွဲအား သိရှိလိမ့်မည်မဟုတ်ချေ။ များပြားလှသည့် အခွင့်အရေးများကို လွဲချော်သွားပေလိမ့်မည်။

သူ၏ဂိုဏ်းအတွင်းရှိ တပည့်များအား သေချာပေါက် သန်မာစေနိုင်သည့် စနစ်တစ်ခုရှိသော်လည်း တိုက်ခိုက်ရန်အခွင့်အရေးက တိုက်ခိုက်နေရဆဲဖြစ်သည်။

"ဟုတ်ကဲ့ပါ ၊ ဂိုဏ်းချုပ်!"

ဤစကားကို ကြားပြီး မဟာနတ်ဆိုးရွှမ်ရှသည် လျစ်လျှူမရှုဝံ့ဘဲ လေးလေးစားစားပြန်ဖြေခဲ့၏။

မဟာနတ်ဆိုးရွှမ်ရှ၏ သဘောထားကိုတွေ့ပြီး ဝမ်ဖုန်းသည် ကျေနပ်အားရစွာဖြင့် ခေါင်းညိမ့်ခဲ့သည်။ မဟာနတ်ဆိုးရွှမ်ရှနှင့် တစ်ခဏမျှ ပြောဆိုဆက်ဆံပြီးသည့်နောက်တွင် သူသည် မဟာနတ်ဆိုးရွှမ်ရှက ယောင်ရီအင်ပါယာအား ဖျက်ဆီးခဲ့သည့် နတ်ဆိုးဟု မည်သို့မျှမမြင်နိုင်ပေ။ စကားပြောကောင်းသလား။ လေးစားသမှုရှိပါ့။ လုံးဝ မမောက်မာပေ!

ထို့နောက် ဝမ်ဖုန်းသည် ယောင်ယွဲ့နှင့် လီဟေးအား ကမ္ဘာငယ်လေး ဂိုဏ်းဌာနချုပ်သို့ ခေါ်‌လာခဲ့သည်။ လီဟေးသည် ကမ္ဘာငယ်လေးအတွင်း၌တည်ရှိသည့် ရှန်ရှန့်ကျုံဂိုဏ်း၏ ဌာနချုပ်အားတွေ့သည့်အခါ၌ ထိတ်လန့်သွားကာ မျက်လုံးများဝိုင်းသက်လာခဲ့သည်။

အထူးသဖြင့် ရှန်ရှန့်ကျုံဂိုဏ်းတည်ရှိသည့် ကမ္ဘာငယ်လေး၏ ကြီးမားမှုကို ခံစားရသည့် အခါ၌ သူ၏ စိတ်ထဲ၌ ပို၍ပင် တုန်လှုပ်လာခဲ့သည်။ ဆန်းကြယ်အင်ပါယာအဆင့်၌ရှိသည့် အင်အားကြီးသည့်သူတစ်ယောက်က ကမ္ဘာငယ်လေးအား ဖန်တီးနိုင်သော်လည်း သူ၏ယခင်ဘဝက ကမ္ဘာကြီး၏ စွမ်းအားကြီးပုဂ္ဂိုလ်ဖြစ်သည့် အဆန်းကြယ်အင်ပါယာ အထွတ်အထိပ်အဆင့်၌ရှိခဲ့သည့် သူပင်လျှင် ထိုကဲ့သို့ ကြီးမားကာ ပြီးပြည့်စုံသည့် ကမ္ဘာငယ်တစ်ခုအား ဖန်တီးနိုင်စွမ်းမရှိသည်မှာ သေချာပေသည်။

လီဟေးသည် ရှန်ရှန့်ကျုံဂိုဏ်း၏ အမွေအနှစ်ကြောင့် အပြင်းအထန်တုန်လှုပ်သွားခဲ့ပြီး သူ၏စိတ်ထဲ၌ ရှန်ရှန့်ကျုံဂိုဏ်းအား လျော့တွက်ထားခြင်းကလည်း အလားတူပင် တုန်လှုပ်သွားခဲ့သည်။

ဖြစ်နိုင်သည်မှာ ဤရှန်ရှန့်ကျုံဂိုဏ်းက မည်သူမျှမသိသည့် ပုန်းကွယ်နေသည့် ရှေးဟောင်းဂိုဏ်းတစ်ခုပင်! လီဟေးသည် သူ့ဘာသူတွေးတောရင်းဖြင့် ဝမ်ဖုန်းအပေါ်၌လည်း အမြင်ပြောင်းလဲမှုရှိခဲ့ပေသည်။

ထိုကဲ့သို့ ပုန်းကွယ်နေသည့်ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်ဖြစ်လာခြင်းမှာ ဝမ်ဖုန်းသည် အပေါ်ယံတွင် ထင်ရသလောက် သေချာ‌ပေါက် မရိုးရှင်းပေ။ ထို့အပြင် ဝမ်ဖုန်းက သူ၏ အရာအားလုံးကို သိပေသည်။ အဆန်းကြယ်အင်ပါယာ အထွတ်အထိပ်အဆင့်၏ ပြန်လည်ဝင်စားသူတစ်ယောက်ဖြစ်သည့် လီဟေး၏ စိတ်အတွင်း၌ ဝမ်ဖုန်းက မတွေးတတ်အောင်ဖြစ်လာခဲ့သည်။

"မင်းနေထိုင်ဖို့ ထပ်ခိုးတစ်ခုကို မင်းစိတ်တိုင်းကျရှာဖွေလိုက်။ မင်းရဲ့ အထက်မှာ ဂိုဏ်းတူအစ်ကို တစ်ယောက် နဲ့ အစ်မ တစ်ယောက်ရှိတယ်။ ပြီးကျရင် မင်းတို့ကို တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက်ပေးမယ်!"

ဝမ်ဖုန်းသည် လီဟေးအား တိမ်တိုက်များနှင့် မြူခိုးများ ရစ်သိုင်းနေသည့် ထပ်ခိုးကို လက်ညှိုးထိုးပြကာ‌ ပြောခဲ့သည်။

လီဟေးသည် ခေါင်းညိမ့်ပြီး ငြိမ်နေခဲ့သည်။ သူသည် ရှန်ရှန့်ကျုံဂိုဏ်းအား ဝင်ရောက်ခဲ့သည်ဟူသည့် အချက်အား လက်ခံထားပြီးဖြစ်ကာ ရှန်ရှန့်ကျုံဂိုဏ်း၏ အံ့မခန်းမှုများက သူ့အား ရှန်ရှန့်ကျုံဂိုဏ်းကို အပြင်းအထန်စိတ်ဝင်စားစေခဲ့သည်။

ဤသည်ကို တွေ့ပြီး ဝမ်ဖုန်းသည် လီဟေးအားလျစ်လျူရှုကာ ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းချုပ်ခန်းမသို့ တိုက်ရိုက်လျောက်လှမ်းလာခဲ့၏။ ယောင်ယွဲ့သည် လီဟေးအား ပေါ့ပေါ့ပါးပါးတစ်ချက်ကြည့်လိုက်ပြီး သူမက လှုပ်ရှားလိုက်သည်နှင့် ‌ချက်ချင်း ပျောက်ကွယ်ခဲ့‌သည်။

"ရှန်ရှန့်ကျုံဂိုဏ်း?. 'ထာဝရရှင်သန်သူ' ဆိုတဲ့ စကားလုံးကို နာမည်တစ်ခုအဖြစ် အသုံးပြုရဲတယ်။ ဒါပေမယ့် ဒီဧကရာဇ်က ဒီဂိုဏ်းထဲမှာ ရှိတဲ့ လျှို့ဝှက်ဆန်းကြယ်မှုကို မြင်ချင်စမ်းပါဘိ!" လီဟေးသည် မျက်မှောင်ကြုံ့ကာ ဝမ်ဖုန်းထွက်သွားသည်ကို စောင့်ကြည့်ရင်း တီးတိုးရေရွတ်ခဲ့၏။

(ရှန်ရှန့်ကျုံရဲ့အဓိပ္ပါယ်က ထာဝရရှင်သန်သူ ပါ။)

စကားသံထွက်ပေါ်လာသည့်အခါ၌ လီဟေးသည်လည်း လှုပ်ရှားလိုက်ပြီး ဝတ်ပြုခရီးသွားသည့် လှေကားကဲ့သို့ ကောင်းကင်သို့တက်ကာ ရှန်ရှန့်ကျုံဂိုဏ်းဆီသို့ လျောက်လှမ်းခဲ့သည်။

............

ဝမ်ဖုန်းသည် ဂိုဏ်းချုပ်ခန်းမသို့ ရောက်သည်နှင့်တစ်ပြိုင်နက် သူက စိတ်မရှည်စွာ ပြောခဲ့သည်။

"စနစ် ၊ ဒီဂိုဏ်းချုပ်ရဲ့ စွမ်းရည်ဇယားကို ကြည့်မယ်!"

"ဒင် ၊ ပိုင်ရှင်ရဲ့ ပိုင်ဆိုင်မှုဇယားက အောက်ပါအတိုင်းပါ:

ပိုင်ရှင် : ဝမ်ဖုန်း

ကျင့်ကြံခြင်း : လောကငယ် အထွတ်အထိပ်အဆင့်(ဆန်းကြယ်အင်ပါယာအဆင့်)

ရုပ်ခန္ဓာ : မရှိ

သွေးမျိုးဆက် : မရှိ

ဆန်းကြယ်အရည်အချင်း : ကောင်းကင်အပြင်ဘက်၌ ပျံသန်းနေသည့် အမတအရှင် ၊ မင်ယွီကုန်း ၊ ဟွာကွမ်းခန်းဒို

ဂိုဏ်း : ရှန်ရှန့်ကျုံ

ဂိုဏ်းရမှတ် : 43800

မပြီးဆုံးသေးသည့် တာဝန် : တပည့်အသစ်ဆယ်ယောက်စုဆောင်းခြင်း (4/10)!"

သူ၏ စွမ်းရည်ဇယားအားကြည့်ရင်းဖြင့် ဝမ်ဖုန်းသည် စိတ်ကျေနပ်စွာခေါင်းညိမ့်ပြီး ထပ်ပြောခဲ့သည်။

"ရှန်ရှန့်ကျုံဂိုဏ်းရဲ့ စွမ်းရည်ဇယားကို စစ်ဆေးမယ်!"

"ဒင် ၊ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ စွမ်းရည်ဇယားမှာ အောက်ပါအတိုင်းဖြစ်ပါတယ်:

ဂိုဏ်း : ရှန်ရှန့်ကျုံ

ဂိုဏ်းအဆင့် : ပထမတန်းစား

ဂိုဏ်းချုပ် ( တစ်ဦးတည်းသာ): ဝမ်ဖုန်း(လောကငယ် အစောပိုင်းအဆင့်)

အကြီးအကဲများ(ငါးဦးအထိ) : ယဲ့ကူချန် (တော်ဝင်မင်းသားအထွတ်အထိပ်အဆင့်) ၊ ချီမိန်ချွေရွှယ်(လောကငယ်အလယ်အလတ်အဆင့်) ၊ ယောင်ယွဲ့ (လောကငယ်အစောပိုင်းအဆင့်)

တပည့်များ ( ဆယ်ယောက်အထိ) : လီချင်း (လျှို့ဝှက်ဆန်းကြယ်သည့် ရွှမ်လင်းလိပ်မသေမျိုးရုပ်ခန္ဓာအားပိုင်ဆိုင်ထားသူ) ၊ လင်းဖေးဝူ (ဆန်းကြယ်အကြီးအကဲအစောပိုင်းအဆင့်) ၊ လီဟေး ( ဧကရာဇ် ရွှယ် ၏ ပြန်လည်ဝင်စားခြင်း) ၊ မဟာနတ်ဆိုးရွှမ်ရှ။

ဂိုဏ်းတည်နေရာ : ကမ္ဘာငယ်လေး!"

ရှန်ရှန့်ကျုံဂိုဏ်း၏ စွမ်းရည်ဇယားကို ကြည့်ရင်း ဝမ်ဖုန်းက တိတ်တဆိတ်သက်ပြင်းချခဲ့သည်။ ဂိုဏ်းအား ဒုတိယတန်းစားအဆင့်အထိ အဆင့်တိုးမြှင့်နိုင်စေရန်အတွက် တပည့်အသစ်များအား မြန်မြန်ဆန်ဆန်စုဆောင်းရန် လိုအပ်သည်ဟု ထင်ရပေသည်။ ထိုသို့မဟုတ်ပါက ဆင့်ခေါ်ခြင်းအခွင့်အရေးအား ရရှိလျှင်ပင် အားကြီးသူအားဆင့်ခေါ်နိုင်မည်မဟုတ်ပေ။

ယခုတွင် သူသည် ဤကမ္ဘာသို့ ရောက်လာခါစကလောက် မရှက်တော့ပေ။ ရှန်ရှန့်ကျုံဂိုဏ်းသို့ ဝင်ရောက်ရန် လူအများအား စိတ်တိုင်းကျဆွဲခေါ်နိုင်ပေသည်။ သူ၏ ရှန်ရှန့်ကျုံဂိုဏ်းရှိဂိုဏ်းသားအရေအတွက်က နည်းပါးသော်လည်း ခွန်အားက လုံးဝ အားမနည်းပေ။

ပေါက်ကွဲမည်ဆိုလျှင်ပင် လုံလောက်ပေသည်။ ယောင်ရီအင်ပါယာတစ်ခုလုံး တုန်ခါသွားပေမည်။

ထို့ကြောင့် ဝမ်ဖုန်းသည် ပို၍ ဇီဇာကြောင်လာခဲ့ပြီး တပည့်စုဆောင်းရေးက အရမ်း သာမာန်ကာလျှံကာမဟုတ်တော့ပေ။ သူသည် ထီလက်မှတ်အားကံစမ်းပြီး တပည့်များ၏ အရည်အချင်းများအား တိုးမြှင့်စေနိုင်သည့် သွေးမျိုးဆက်နှင့် ရုပ်ခန္ဓာကို ရရှိနိုင်သော်လည်း သူ၏ အရင်းအမြစ်များကို ပေါ့ပေါ့တန်တန်မပေးခဲ့ပေ!

ဝမ်ဖုန်းအတွက် တပည့်စုဆောင်းရေးက ပထမဦးစားပေးဖြစ်ပြီး ပင်ကိုယ်စွမ်းရည်က နောက်မှလိုက်လာခြင်းဖြစ်သည်။ ဉပမာအားဖြင့် သူစုဆောင်းခဲ့သည့် တပည့်သုံးယောက်ထဲတွင် သူတို့၏ ပင်ကိုယ်စွမ်းရည်က ကမ္ဘာကြီးထဲ၌ လွှမ်းမိုးနိုင်ရမည်ဟု မပြောဝံ့သော်လည်း အကြီးဆုံးတပည့် လီချင်း၏ ပင်ကိုယ်စွမ်းရည်ကသာလျှင် မသွေးရသေးသည့်ဓားတစ်လက်ဖြစ်သည်။

လင်းဖေးဝူ နှင့် လီဟေး ကဲ့သို့ တခြားသူများက စိတ်ဓာတ်မာကျောသည့် သူများပင်! လေးယောက်မြောက်တပည့်အနေဖြင့် လတ်တလောတွင် စနစ်က မဟာနတ်ဆိုး ရွှမ်ရှ အားဆုံးဖြတ်‌ထားသော်လည်း တကယ်တမ်း‌တော့ ဝမ်ဖုန်းက မဟာနတ်ဆိုး ရွှမ်ရှ အား ရှန်ရှန့်ကျုံဂိုဏ်း၏ တပည့်အဖြစ်သတ်မှတ်ရန် ရည်ရွယ်ချက်မရှိသေးပေ။ သို့သော်လည်း သူက မဟာနတ်ဆိုးရွှမ်ရှအား မည်သည့်ရာထူးပေးရမည်ကို မစဉ်းစားရသေးသောကြောင့် တာဝန်ပေးထားခဲ့ခြင်းပေ။

ထို့အပြင် လက်ရှိတွင် ရှန်ရှန့်ကျုံဂိုဏ်း၌ အကြီးအကဲရာထူးက သုံးဦးသာလျှင်ရှိပြီး အကြီးအကဲများ၏ ရာထူးက အလွန်အရေးပါပေသည်။ ဝမ်ဖုန်းသည် အကြီးအကဲရာထူးအား ဆင့်ခေါ်ထားသည့် စွမ်းအားကြီးပုဂ္ဂိုလ်ကိုသာ အပ်နှင်းပေမည်။ဝမ်ဖုန်းသည် မဟာနတ်ဆိုးရွှမ်ရှအား အလုံအလောက် ယုံကြည်မှုမရှိပေ။

"ဂိုဏ်းရဲ့ဌာနချုပ်က ဒီကမ္ဘာငယ်လေးထဲမှာ ရှိပြီးတော့ ကန့်သတ်ချက်တွေအမြဲရှိနေသလိုပဲ!"

ဝမ်ဖုန်းသည် မေးအားပွတ်ကာ သူ့ဘာသူတွေးတောခဲ့၏။

လတ်တလောတွင် ဤကမ္ဘာငယ်လေးထဲရှိ နည်းပါးနေသေးသည့် ချီစွမ်းအင်အား အသာထားလို့ ၎င်းက ‌ကောင်းမွန်သည့် ကျင့်ကြံခြင်းပတ်ဝန်းကျင်ကောင်းတစ်ခု ဖွဲ့စည်းရန်ပင် မဖြစ်နိုင်ချေ။ ဤကမ္ဘာငယ်လေး၏ ဂိုဏ်းဌာနချုပ်သတင်းအား ပိတ်ပင်ထားခဲ့သောကြောင့် ဝမ်ဖုန်းက အတော်လေး မကျေမနပ်ဖြစ်နေပေသည်။

ထိုအကြောင်းအား စဉ်းစားပြီးသည့် နောက်တွင် ဝမ်ဖုန်းသည် သက်ကယ်တဲတည်ရှိရာတောင်ကြားထဲ၌ နောက်ထပ် ရှန်ရှန့်ကျုံဂိုဏ်းတစ်ခုတည်ထောင်ရန် ဆုံးဖြတ်ခဲ့သေးသည်။ နောက်ပိုင်းတွင် သူ၏ ရှန်ရှန့်ကျုံဂိုဏ်းက အပြည့်အဝတိုးတက်လာခဲ့သောကြောင့် ဤကမ္ဘာငယ်လေး ဂိုဏ်းဌာနချုပ်အား ရှန်ရှန့်ကျုံဂိုဏ်း၏ အတွင်းဂိုဏ်းအဖြစ် ၊ သက်ကယ်တဲတည်ရှ်ိသည့် တောင်ကြားအား ရှန်ရှန့်ကျုံဂိုဏ်း၏ အပြင်ဂိုဏ်း အဖြစ်သတ်မှတ်နိုင်ခဲ့ခြင်းပင်!

ယခင်က သူသည် ကမ္ဘာငယ်လေး ဂိုဏ်းဌာနချုပ်အား ရရှိခဲ့ပြီး ထိုအကြောင်းအား လုံးဝစဉ်းစားခြင်းအလျင်းမရှိဘဲ စိတ်လှုပ်ရှားစွာ ဝင်လာခဲ့၏။ ယခုတွင် ရှန်ရှန့်ကျုံဂိုဏ်းက ပို၍ အင်အားကြီးသထက်ကြီးမားလာသောကြောင့် ဝမ်ဖုန်းသည် သူ၏ အိပ်မက်ဖြစ်သည့် ရှန်ရှန့်ကျုံဂိုဏ်း၏ အ‌စီအစဥ်အသေးစိတ်ကို စဉ်းစားသင့်သည်မှာ သဘာဝကျပေသည်။ သို့သော်လည်း ဤရှန်ရှန့်ကျုံဂိုဏ်းအား ကောင်းကင်ဘုံနှင့် ကမ္ဘာကြီးထဲ၌ ပထမတန်းစားဂိုဏ်းတစ်ဂိုဏ်းအဖြစ်သို့ တိုးတက်လာစေရန် မည်သို့ အလောတကြီးလုပ်ဆောင်နိုင်ပါမည်နည်း။

ဤအကြောင်းအားတွေးပြီး ဝမ်ဖုန်းသည် တုံ့ဆိုင်းမနေဘဲ ယောင်ယွဲ့အား ချက်ချင်းခေါ်ခဲ့ပြီး တောင်ကြားထဲ၌ ရှန်ရှန့်ကျုံဂိုဏ်း၏ ဌာနချုပ်အား တည်ထောင်ထားသည့် အကြောင်းကို မဟာနတ်ဆိုးရွှမ်ရှအား ပြောပြပေးရန် သူ့အား တောင်းဆိုခဲ့သည်။ ဤနည်းဖြင့်သာလျှင် ရှန်ရှန့်ကျုံဂိုဏ်းကို ပို၍ ကျယ်ကျယ်ပြန့်ပြန့် သိနိုင်ပေသည်။ ဒီကမ္ဘာငယ်လေးထဲ၌ ၎င်းက လျှို့ဝှက်ချက်ဖြစ်သော်လည်း ရှန်ရှန့်ကျုံဂိုဏ်း၏ တိုးတက်မှုအတွက်တော့ အတားအဆီးများပင်!

ဝမ်ဖုန်း၏ ဆန္ဒအားရရှိခဲ့ပြီး ယောင်ယွဲ့သည် ဂိုဏ်းချုပ်ခန်းမမှ ချက်ချင်းထွက်ခွာခဲ့၏!

ယောင်ယွဲ့၏နောက်ကျောအားကြည့်ရင်းဖြင့် ဝမ်ဖုန်း၏ မျက်လုံးများက တောက်ပမှုအနည်းငယ်ဖြင့် တဖျပ်ဖျပ်လက်နေခဲ့ပြီး မဟာနတ်ဆိုးရွှမ်ရှက မည်သည့်ဂိုဏ်းဌာနချုပ်မျိုးအား တည်ဆောက်မလဲဆိုသည်ကို စောင့်မျှော်နေ‌ပေသည်။

ဂိုဏ်းတစ်ခုလုံး၌ ဝမ်ဖုန်းသည် မဟာနတ်ဆိုးရွှမ်ရှမှတစ်ပါး အခြားသင့်တော်သည့် သူအား အမှန်တကယ် မစဉ်းစားနိုင်ခဲ့ပေ။ ယေဘုယျအားဖြင့် ဓားအရူးနှစ်ယောက်ဖြစ်သည့် ယဲ့ကူချန် နှင့် ချီမိန်ချွေရွှယ်တို့အား ထည့်တွက်ရန် မဖြစ်နိုင်ပေ။ ယောင်ယွဲ့က သင့်တော်နိုင်သော်လည်း ဝမ်ဖုန်း၌ ယောင်ယွဲ့၏ အေးစက်ပြီး အထက်စီးဆန်သည့် ပုံစံက သူ့ဂိုဏ်းဌာနချုပ်အား အသိအမှတ်မပြုနိုင်လောက်အောင် ဖြစ်စေမည်ဟူသည့် စိုးရိမ်မှုတစ်ချို့ရှိလေသည်။

ဤအကြောင်းအားစဉ်းစားပြီးသည့် နောက်တွင် ဝမ်ဖုန်းသည် မဟာနတ်ဆိုးရွှမ်ရှက အသင့်တော်ဆုံးဟု ခံစားခဲ့ရပေသည်။ တကယ်တော့ မဟာနတ်ဆိုးရွှမ်ရှသည် အရည်အချင်း အလုံအလောက်ရှိပြီး ဗဟုသုတကျယ်ပြန့်ကာ ဂိုဏ်းဌာနချုပ်တစ်ခုအား မည်သို့ တည်ထောင်ရမည်ကို သိထားပေ၏!

ဒုတိယအနေဖြင့် မဟာနတ်ဆိုးရွှမ်ရှ၌ လုံလောက်သည့် ကျင့်ကြံခြင်းအဆင့်ရှိပြီး ယခုအချိန်၌ သူက တော်ဝင်မင်းသားအထွတ်အထိပ်အဆင့်သို့လည်း ရောက်ရှ်ိပြီးဖြစ်လေသည်။ ၎င်းသည် ကမ္ဘာကြီးအား ပြောင်းလဲခြင်းကဲ့သို့ ကြောက်စရာမကောင်းသော်လည်း ဂိုဏ်းဌာနချုပ်တစ်ခုတည်ထောင်ရန် နည်းလမ်းများရှိနေဆဲပင်!

"စနစ် ၊ ကျပန်း ဆင့်ခေါ်ခြင်းအခွင့်အလမ်းကို သုံးမယ်!"

ထို့နောက် ဝမ်ဖုန်းက တိတ်တဆိတ်ပြောခဲ့ပြီး သူ၏ မျက်ဝန်းထဲ၌ မျှော်လင့်စောင့်စားခြင်းအရိပ်အယောင်တစ်ခုရှိနေခဲ့၏!

"ဒင် ၊ ယန်ရှီစန်း ကို ဆင့်ခေါ်ခဲ့တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ စွမ်းရည်ဇယားကို စစ်ဆေးပါမလား!"

သူ၏စိတ်သန္တာန်၌ ထွက်ပေါ်လာသည့် အေးစက်စက်အသံက ဝမ်ဖုန်းအား တုန်လှုပ်စေခဲ့သည်။ ထိုသူက မိုးကြိုးကဲ့သို့ ဓားနတ်ဆိုးတစ်ယောက်ဖြစ်သည်။ ဓားသခင် လေးယောက်ရှ်ိလေသည် : ဓားနတ်ဘုရား ချီမိန်ချွေရွှယ် ၊ ဓားအင်မော်တယ် ယဲ့ကူချန် ၊ ဓားဧကရာဇ် ရှဲ့ရှောင်ဖုန်း ၊ ဓားနတ်ဆိုး ယန်ရှီစန်း!

သူသည် ဆရာသခင်လေးယောက်ထဲမှ သုံးယောက်အား ဆင့်ခေါ်ခဲ့လေ၏။ ဝမ်ဖုန်းသည် သူ၏ ရှန်ရှန့်ကျုံဂိုဏ်းက ထိုခမ်းဒိုဆရာသခင်လေးဦးအား အတူတကွစုစည်းနိုင်ပြီး ဤတခြားကမ္ဘာ၌ သူတို့၏ နာမည်များ ပဲ့တင်ထပ်စေနိုင်သည့် နေ့တစ်နေ့အား မျှော်လင့်နေခဲ့သည်။

"စစ်ဆေးမယ်!"

ဝမ်ဖုန်းက တုံ့ဆိုင်းခြင်းမရှိ ခေါင်းညိမ့်ခဲ့သည်။

"ဒင် ၊ ယန်ရှီစန်းရဲ့ စွမ်းရည်ဇယားကအောက်ပါအတိုင်းဖြစ်ပါတယ်:

အမည် : ယန်ရှီစန်း

ကျင့်ကြံခြင်း : လောကငယ်အထွတ်အထိပ်အဆင့်

ဆန်းကြယ်သောအစွမ်းအား : သေမင်းတမန်ဓား၁၅ချောင်းဓားသိုင်း (အဆင့်မြင့်)

သိုင်းပညာ : ပုလဲသွယ်ဆယ်သုံးပါးဓားသိုင်း(zun)!

ယန်ရှီစန်း၏ စွမ်းရည်ဇယားအားကြည့်ပြီး ဝမ်ဖုန်းသည် အထိတ်တလန့်ဖြစ်ကာ စကားပြောမထွက်နိုင်ဘဲ စိတ်ထဲ၌ ပြောခဲ့၏ : ဓားချီက မိုင်ပေါင်း ၃၀၀၀၀ ကို ဖြတ်သန်းသွားပြီး ဓားအလင်းက ပြည်နယ် ၁၉ ခုကို အေးစက်သွားစေသည် !

တကယ်တော့ ဝမ်ဖုန်း၏ စိတ်ထဲရှိ အဓိကကျသည် ဓားသခင် လေးယောက်ထဲ၌ ယန်ရှီစန်းက အင်အားအကြီးဆုံးဖြစ်သည်။

အမှန်တော့ ဓားနတ်ဆိုး ယန်ရှီစန်း နှင် ဓားဧကရာဇ် ရှဲ့ရှောင်ဖုန်းတို့ကြားက တွေ့ဆုံမှုသည် ဓားနတ်ဘုရား ချီမိန်ချွေရွှယ် နှင့် ဓားအင်မော်တယ် ယဲ့ကူချန် တို့ကြားက တွေ့ဆုံမှုနှင့် ဆင်တူလေသည်။ ခမ်းနားကြီးကျယ်ဆုံးတိုက်ပွဲပင်!

ယဲ့ကူချန်ကဲ့သို့ ယန်ရှီစန်းသည် သူ၏ သေမင်းတမန်ဓား၁၅ချောင်းဓားသိုင်း အားထုတ်ဖော်သည့်အခါ၌ ရှဲ့ရှောင်ဖုန်းအား သတ်နိုင်သော်လည်း စေတနာကောင်းသောကြောင့် ၎င်းအား ဖြတ်တောက်ရန်သာ ရွေးချယ်ခဲ့ပြီး ကြောက်မက်ဖွယ်ရာဓားသိုင်းအား ဖျက်ဆီးခဲ့လေသည်။

ယန်ရှီစန်း၏ သေမင်းတမန်ဓား၁၅ချောင်းဓားသိုင်းနှင့် ယဲ့ကူချန်၏ အင်မော်တယ်များပျံသန်းခြင်းက ဘယ်ဟာက ပို၍ အားကောင်းသလား ပို၍အားနည်းသလားဆိုသည်ကို မသိပေ။ သို့သော် သူက ကြောက်မက်ဖွယ် သေမင်းတမန်ဓား၁၅ချောင်းဓားသိုင်းဖြင့် နောက်ထပ် သေမင်းတမန်ဓား၁၆ချောင်းဓားသိုင်း ၊ သေမင်းတမန်ဓား၁၇ချောင်းဓားသိုင်း ကိုပင် ဖန်တီးနိုင်ပေသည်။

ဝမ်ဖုန်းသည် ယန်ရှီစန်း၏ ဓားစွမ်းရည်အား သံသယမရှိချေ!

ဟင်း!

ဝမ်ဖုန်းက ချင့်ချိန်စဉ်းစားနေသည့်အခိုက်၌ ဂိုဏ်းချုပ်ခန်းမ၏ လေထုက တုန်ခါလာခဲ့သည်။ ထို့နောက် လေဟာနယ်ထဲမှ အနက်ရောင်ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုပုံရိပ်ပေါ်လာသည့်အခိုက်၌ ဝမ်ဖုန်းသည် အထီးကျန်ဆန်ကာ မြင့်မြတ်သည့် အရှိန်အဝါကို ရုတ်တရက်ခံစားခဲ့ရသည်။ လူကို မမြင်ရသော်လည်း အထက်စီးဆန်သည့် ဓားတစ်လက်အား မြင်ရပေသည်။

ထိုပုံရိပ်ပေါ်တွင် ရိုးတွင်းခြင်ဆီအတွင်းသို့ ထိုးဖောက်ဝင်ရောက်နေသည့် လျစ်လျူရှုခြင်း နှင့် ပင်ပန်းနွမ်းနယ်မှုများ ရှိသည်။ သို့သော်လည်း အလွန်ပြင်းထန်သည့် လူသတ်အရှိန်အဝါက ဝမ်ဖုန်းအား အနည်းငယ် တုန်လှုပ်စေခဲ့သည်။

ယန်ရှီစန်း၏ အေးစက်မှုသည် ယဲ့ကူချန် ၊ ချီမိန်ချွေရွှယ်တို့နှင့် ကွာခြားပေသည်။ လူပေါင်းများစွာအား သတ်ဖြတ်ခဲ့သည့် အေးစက်မှုကဲ့သို့ပင်။

All Chapters