← Chapters

ရှေးဟောင်းဓားလက်နက်။

Vol. 2 Ch. 22

ရှေးဟောင်းဓားလက်နက်။

Vol. 2 Ch. 22

“ယန်ရှီစန်း ဂိုဏ်းချုပ်ကိုဂါရဝပြုပါတယ်”

ယန်ရှီစန်း၏နှုတ်ဖျားမှ အေးစက်အက်ကွဲနေသည့်အသံထွက်ပေါ်လာ၏။ ယန်ရှီစန်း၏မျက်လုံးအကြည့်များ သူ့ထံသို့ ကျရောက်လာသည်တွင် ဝမ်ဖုန်းမှာ သတ်ဖြတ်လိုသောအငွေ့အသက်များ ပြည့်နှက်နေသည့်ဓားတစ်ချောင်းဖြင့် မိမိအား ချိန်ရွယ်ထားသည်ကဲ့သို့ ခံစားလိုက်ရသည်။ ဝမ်ဖုန်းမှာ မထိန်းချုပ်နိုင်စွာ တုန်ယင်သွားရ၏။

“အရမ်းယဉ်ကျေးဖို့မလိုပါဘူး”

ဝမ်ဖုန်းသည် လက်ကိုဆန့်ထုတ်လျက် ခေါင်းငြိမ့်၍ စိတ်ကျေနပ်စွာဖြင့် ပြောခဲ့သည်။

ဝမ်ဖုန်း၏စကားဆုံးသည်တွင် ယန်ရှီစန်းသည် ဆိတ်ငြိမ်စွာ မတ်တပ်ရပ်လာခဲ့၍ စကားမပြောတော့ချေ။

ယန်ရှီစန်း၏အခြေအနေကိုမြင်သည်တွင် ဝမ်ဖုန်း၏နှုတ်ခမ်းများ အနည်းငယ်တွန့်ကွေးသွား၏။ ဝမ်ဖုန်းသည် ယန်ရှီစန်းနှင့် ချီမိန်‌ချွှေရွှယ်တို့ ဓားသမားနှစ်ဦးမှာ အေးစက်မောက်မာစေဦးတော့ သူတို့ကို ဆင့်ခေါ်နိုင်ခဲ့ခြင်းအတွက် အလွန်ဝမ်းမြောက်မိပါသည်။ သူတို့မှ ရှန်ရှန့်ကျုံဂိုဏ်းတပည့်များကို သင်ကြားပေးရန် ဝမ်ဖုန်း မျှော်လင့်ထား၏။

ချီမိန်ချွှေရွှယ်နှင့် ယန်ရှီစန်းတို့မှ တပည့်လက်ခံရန် ဦးစွာပြောလာခဲ့ပါလျှင် အလွန်ကောင်းပေမည်။ နှမြောဖွယ်ကောင်းလှပါ၏…။ ဝမ်ဖုန်း ခေါင်းခါယမ်းလိုက်သည်။ ထိုစိတ်ကူးမှ လက်တွေ့ဖြစ်လာရန်မှာ နှစ်၊လ မည်မျှကြာမြင့်လိမ့်မည် မသိနိုင်ချေ။

“ဂိုဏ်းထဲမှာ ဓားသိုင်းပညာရှင်နှစ်ဦးရှိတယ်။ မင်းသူ့တို့ကို သွားရှာလို့ရတယ်”

ယန်ရှီစန်းကိုကြည့်လျက် ဝမ်ဖုန်း တီးတ်ိုးပြောခဲ့သည်။

ယန်ရှီစန်း၊ ယဲ့ကူချန်နှင့် ချီမိန်ချွှေရွှယ်တို့၏ ပညာပြိုင်ခြင်းကို ဝမ်ဖုန်း မျှော်လင့်နေမိ၏။

“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”

ဝမ်ဖုန်း၏စကားအဆုံးတွင် ယန်ရှီစန်း၏မျက်လုံများ အရောင်လက်သွားလျက် တီးတိုးပြန်ပြောခဲ့၏။

ပြောပြီးသည်နှင့်တစ်ပြိုင်နက် ယန်ရှီစန်းသည် လှုပ်ရှားမှုတစ်ခုနှင့်အတူ ခန်းမအတွင်းမှ ရုတ်ချည်းပျောက်ကွယ်သွားခဲ့သည်။

“ဟိုကလေးလီချင်း ဘယ်လိုအခြေအနေရှိလဲ မသိ”

ဝမ်ဖုန်းသည် မေးစေ့ကိုပွတ်သပ်လျက် မျက်နှာထက်တွင် နောက်ပြောင်ကျီစယ်ဟန်အပြုံးတို့ဖြင့် ရေရွတ်လိုက်သည်။

ဝမ်ဖုန်းအတွက်တော့ လီချင်းသည် အံ့ချီးဖွယ်တစ်ရပ်ဖြစ်နေဆဲဖြစ်၏။ လီချင်း၏ရုပ်ခန္ဓာ အပြည့်အဝနိုးထလာခဲ့ပါလျှင် ‌ဆန်းကြယ်အင်ပါယာအဆင့် ပြန်လည်ဝင်စားသူလီဟေးသည်ပင် အရည်အချင်းအရာ၌ လီချင်းနှင့် ယှဉ်ပြိုင်နိုင်တော့မည် မဟုတ်ချေ။

ထိုအတွေးဖြင့် ဝမ်ဖုန်းသည် လီချင်းမှ လင်းဖေးဝူထံတွင် အရိုက်ခံနေရသည့်အခြေအနေကို သွားရောက်ကြည့်ရှုရန် ဆန္ဒဖြစ်ထွန်းလာခဲ့၏။

ဘုန်း!

ဘုန်းဟူသော ပေါက်ကွဲသံကြီးသည် ဝမ်ဖုန်းကို မျက်ခုံးပင့်သွားစေခဲ့ပြီး မျက်နှာထက်တွင် အနေခက်သည့်အပြုံးမျိုး ဖြစ်တည်သွားရ၏။ တစ်စုံတစ်ရာဖြစ်ပျက်လိမ့်မည်ဟု သူမျှော်လင့်ထားခဲ့သော်ငြား ဤမျှ လျင်မြန်စွာဖြစ်ပျက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါချေ။

ဝမ်ဖုန်းမှာ ဂိုဏ်းချုပ်ခန်းမဆောင်မှ အလျင်အမြန်လှုပ်ရှား၍ အသံလာရာနောက်သို့ လိုက်သွားခဲ့သည်။

နေရာသို့ရောက်ရှိသောအခါ မျက်စိရှေ့ရှိမြင်ကွင်းကြောင့် ဝမ်ဖုန်း၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးတက်သွားခဲ့သည်။ ယန်ရှီစန်းနှင့် ချီမိန်ချွှေရွှယ်တို့သည် အထက်လေဟာပြင်၌ မျက်နှာချင်းဆိုင်အကြည့်ချင်းဆုံနေကြသည်။ သူတို့၏ခန္ဓာကိုယ်မှလည်း ဓားအရှိန်အဝါများဖြာထွက်နေ‌သည်မှာ တောက်ပနေ၏။ နတ်ဓားနှစ်လက်မှ အချင်းချင်းဆန့်ကျင်တိုက်ခိုက်နေခြင်းကဲ့သို့သော မြင်ကွင်းမျိုးဖြစ်သည်။

ဘေးတစ်ဖက်တွင် ယဲ့ကူချန်သည်လည်း ဓားအရှိန်အဝါများဖြာထွက်လျက် ယန်ရှီစန်းကို စိုက်ကြည့်နေခဲ့သည်။ ယဲ့ကူချန်၏ ထိုမောက်မာသည့်မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှုအရိပ်အယောင်အချို့ ဖြတ်ပြေးန၏။ သူ၏လက်တွင်ကိုင်ဆောင်ထားသည့် ဓားသည်လည်း အနည်းငယ်တုန်ခါနေပေသည်။ ၎င်းမှာ ထိပ်တန်းပြိုင်ဘက်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ခြင်း၏ စိတ်လှုပ်ရှားမှုတစ်မျိုးဖြစ်ပေမည်။

လီဟေးနှင့် ယောင်ယွဲ့သည်တော့ မြေပြင်၌သာ ရပ်နေခဲ့သည်။ ယောင်ယွဲ့၏မျက်နှာမှာ ခံစားချက်မရှိသည့်အမူအရာ ရှိနေမြဲဖြစ်၏။ လီဟေးသည်တော့ အနည်းငယ် အံ့အားသင့်နေလျက် ကောင်းကင်ယံရှိ ဓားနှစ်ချောင်းကို မလွတ်တမ်းအာရုံစိုက်ကြည့်နေခဲ့သည်။

ဆန်းကြယ်အင်ပါယာအဆင့် အရည်အချင်းမျှသာဖြစ်ပါလျှင် လီဟေးသည် ထိုသို့မျက်နှာအမူအရာမျိုး ထုတ်ဖော်ပြလိမ့်မည်မဟုတ်ချေ။ ယန်ရှီစန်းနှင့် ချီမိန်ချွှေရွှယ်တို့နှစ်ဦးလုံးသည် မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင်သော ခံစားချက်ကို ပေးစွမ်းနေ၏။ ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် စွမ်းအားမြင့်ပုဂ္ဂိုလ်သည် ဓားနှစ်လက်၏ယှဉ်ပြိုင်မှုတွင် ရင်ခုန်စိတ်လှုပ်ရှားသွားရသည်။

“ဒီရှန်ရှန့်ကျုံဂိုဏ်းက တကယ်ပဲ ဘယ်လိုဂိုဏ်းမျိုးလဲ။ ဒီလိုဓားသိုင်းပညာရှင်တွေ အများကြီးရှိနေတယ်”

လီဟေးသည် ကောင်းကင်ထက်ရှိ ပုံရိပ်နှစ်ခုကိုကြည့်လျက် မျက်လုံးများတောက်ပနေခဲ့သည်။ ထို့နောက်တွင် မကွာဝေးလှသည့်နေရာရှိ ယဲ့ကူချန်မှလည်း ဓားအရှိန်အဝါကို ပြင်းထန်စွာထုတ်လွှတ်လိုက်သည်တွင် လီဟေး၏နှလုံးအိမ်မှာ ပို၍အရှိန်ပြင်းစွာ ခုန်လှုပ်သွားရ‌တော့သည်။

သန့်စင်မွန်မြတ်သော ရှေးဟောင်းဓားလက်နက်သည် အန္တိမစွမ်းအင်အာဏာဖြင့်မြင့်မြတ်၏။ လူနှင့်နတ်ဘုရားများ၏ ဆည်းကပ်ခြင်းကို ခံရ၏။ ဓားသိုင်းပညာကို ဆည်းပူးလိုပါက အချို့သော အရည်အချင်းပြည့်မီသည့်ကျင့်ကြံသူများအနေဖြင့် လေ့လာဆည်းပူးနိုင်၏။ သို့သော် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိရန်မှာမူ မလွယ်ကူပေ။

ချီမိန်ချွှေရွှယ်၊ ယန်ရှီစန်းနှင့် ယဲ့ကူချန်တို့သည် ဓားသိုင်းပညာရပ်တွင် အထွတ်အထိပ်အဆင့်ရောက်ရှိပြီးသည့် ပညာရှင်သိုင်းသမားများဟု လီဟေး ခံစားမိသည်။ ဖြစ်နိုင်သည်မှာ လက်ရှိတွင် သူတို့၏ကျင့်ကြံဆင့်သည် ဆန်းကြယ်အင်ပါယာအဆင့်၌ဖြစ်ပြီး နောက်ထပ်အဆင့်တစ်ခုသို့ထိုးဖောက်နိုင်ခဲ့ပါလျှင် ထိုမြင့်မားသည့်ဓားသိုင်းကျင့်ကြံမှုအဆင့် တစ်ခုတည်းဖြင့်ပင် ကမ္ဘာလောကကို ကိုင်လှုပ်နိုင်ပေလိမ့်မည်။

မလှုပ်မယှက် အကြည့်ချင်းဖလှယ်နေသည့် ချီမိန်ချွှေရွှယ်နှင့် ယန်ရှီစန်းတို့နှစ်ဦးသားသည် တစ်ပြိုက်နက် ဓားဆွဲထုတ်လိုက်ကြသည်။ ကောင်းကင်ယံမှာ ရုတ်ချည်းတုန်လှုပ်သွားခဲ့လျက် စွမ်းအားကြီးမားလှသော ဓားနှစ်လက်၏ရောင်ခြည်မှာ ကောင်းကင်ယံကိုဆုတ်ဖြဲလိုက်သည့်အလား ဖြန့်ကျက်သွား၏။ ကောင်းကင်ထက်ရှိ ယှဉ်ပြိုင်တိုက်ခိုက်မှုမှာ ပြင်းထန်လှသည်။

ကနဦးတွင် ပြိုင်ဘက်ကင်းဓားနှစ်လက်၏ရောင်ခြည်သည် မခံနိုင်လောက်အောင် ဖြန့်ကျက်နေခဲ့လျက် ခဏအကြာတွင် ပေါက်ကွဲသွားခဲ့ကာ အန္တိမဓားစွမ်းအင်များ ဖြာထွက်လာခဲ့သည်။ ထိုအန္တိမဓားစွမ်းအင်သည် အနီးဝန်းကျင်ရှိမြေပြင်ကို ကွဲအက်သွားစေခဲ့ပြီး ကျောက်စရစ်ခဲများ လွင့်စင်လာခဲ့ရာ လီဟေးမှာ အမြန်ရှောင်တိမ်းလိုက်ရသည်။

အန္တိမဓားစွမ်းအင်ဖြာထွက်လာသည့် တစ်ခဏတွင် လင်းရောင်ခြည်တန်းတစ်ခု ဖြတ်သန်းသွားရာ ချီမိန်ချွှေရွှယ်၏ဆံခြည်တစ်မျှင်ကိုပါ ပြတ်တောက်သွားစေခဲ့သည်။

ဓားထုတ်ထားကြပြီးသော်ငြား နှစ်ဦးသားသည် ဓားကိုနောက်တစ်ကြိမ် အသုံးမပြုကြသေးချေ။ ဓားများကိုဆွဲကိုင်လျက် တစ်ဦးကိုတစ်ဦး နီးကပ်စွာ ကြည့်နေကြသည်။

မကွာဝေးလှသည့်နေရာတွင် ကြည့်နေသည့်ဝမ်ဖုန်းသည် ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွား၏။ ဝမ်ဖုန်းသည် ဓားသိုင်းကို လေ့ကျင့်ဖူးခြင်းမရှိသော်ငြား သူ၏ကိုယ်ထဲတွင် ယဲ့ကူချန်နှင့် ချီမိန်ချွှေရွှယ်တို့၏ ထူးကဲစွမ်းရည်များ အနည်းငယ်စိမ့်ဝင်‌ထားသောကြောင့် ဓားသိုင်းပညာရပ်ကို အနည်းငယ်နားလည်ပါ၏။

ယန်ရှီစန်းနှင့် ချီမိန်ချွှေရွှယ်၏တိုက်ပွဲသည် ထိုဓားနှစ်လက်တွင် ဓားသိုင်းပညာ၏စစ်မှန်ခြင်းများ ပါဝင်နေသည့်အလား ဝမ်ဖုန်းကို လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်မျိုး ဖြစ်ပေါ်စေ၏။

ဝမ်ဖုန်းမှ ခေါင်းခါယမ်းလိုက်သည့်အချိန်ခဏတွင် ယန်ရှီစန်းနှင့် ချီမိန်ချွှေရွှယ်တို့ ပျောက်ကွယ်သွား၏။ ယဲ့ကူချန်လည်း ပျောက်ကွယ်သွားခဲ့သည်။ ခြေရာလက်ရာဟူ၍ မြေပြင်ရှိ ဓားရာများသာ ကျန်ရစ်ခဲ့ပေသည်။

ယန်ရှီစန်းနှင့် ချီမိန်ချွှေရွှယ်တို့ ပျောက်ကွယ်သွားခြင်းကို ဝမ်ဖုန်း မအံ့ဩမိပါ။ နှစ်ဦးသားသည် တိုက်ကွက်တစ်ကွက်သာ ထုတ်ခဲ့ကြသော်ငြား သူတို့၏စစ်မှန်သည့်ဓားသိုင်းပညာကို ကိုယ်စားပြုသွားခဲ့သည်။ ကျင့်ကြံဆင့်အရ ချီမိန်ချွှေရွှယ် ရှုံးနိမ့်ခဲ့၏။ သို့သော် ဓားသိုင်းပညာတွင် ချီမိန်ချွှေရွှယ် မရှုံးနိမ့်ခဲ့ပေ။

တကယ်တမ်းတွင် ဝမ်ဖုန်းသည် ယန်ရှီစန်းနှင့် ယဲ့ကူချန်၏ယှဉ်ပြိုင်မှုကို ကြည့်ချင်သေး၏။ သူတို့နှစ်ဦးလုံး၌ လွန်စွာထူးခြားပြောင်မြောက်သည့် ဓားသိုင်းစွမ်းရည်များရှိကြသည်။ သူတို့နှစ်ဦး၏ယှဉ်ပြိုင်မှုသည် နှစ်ဦးလုံးအတွက် အကျိုးဖြစ်ထွန်းနိုင်ပေသည်။

ထို့နောက်တွင် ဝမ်ဖုန်း လီဟေးအား လှည့်ကြည့်ခဲ့၏။ သို့သော် စကားမပြောခဲ့ပေ။ ရှင်းပြ၍မရနိုင်သည့် အဓိပ္ပာယ်အချို့ မျက်လုံးတွင်ဖြတ်ပြေးသွားခဲ့ပြီး လှုပ်ရှားမှုတစ်ချက်ဖြင့် ခြံဝင်းထဲမှ ဝမ်ဖုန်း ပျောက်ကွယ်သွားခဲ့သည်။ ခြံဝင်းထဲတွင် လီဟေးတစ်ယောက်သာ ကျန်ရှိခဲ့လေသည်။

အားလုံးထွက်သွားပြီနောက်တွင် လီဟေးသည် မြေပြင်ရှိအက်ကွဲကြောင်းကို ထိတွေ့ကြည့်ခဲ့ရာ တိပသည့်အစွန်းဖျားကြောင့် စိတ်နှလုံးခုန်လှုပ်သွားရပြန်၏။ သူ၏အရင်ဘဝ၌ပင် ထိုမျှထိပ်တန်းအဆင့် ဓားသိုင်းပညာရှင်များကို မမြင်တွေ့ခဲ့ဖူးပါချေ။

လီဟေး ကနဦးတွင်တွေးထားခဲ့သည်မှာ ဤရှန်ရှန့်ကျုံဂိုဏ်းသည် အမှီအခိုကင်းလွတ်သည့်ဂိုဏ်း‌ငယ်လေးဟူ၍ ဖြစ်သည်။ သို့သော် ဤရှန်ရှန့်ကျုံဂိုဏ်းသည် သူ၏အတွေးအမြင်တို့ကို တစ်ကြိမ်ပြီးတစ်ကြိမ် ဆန်းသစ်မှုများ ပြသပေးနေလေရာ လီဟေးမှာ ဤဂိုဏ်းအကြောင်းကို ပို၍ပို၍ စူးစမ်းသိမြင်လိုစိတ်များ တိုးပွားလာရသည်။

…..

ဝမ်ဖုန်း ဂိုဏ်းချုပ်ခန်းမဆောင်သို့ ပြန်ရောက်လာခဲ့၏။ သို့ရာတွင် ချီမိန်ချွှေရွှယ်နှင့် ယန်ရှီစန်းတို့၏ နှောင့်ယှက်မှုကြောင့် လီချင်းကိုသွားကြည့်မည့်ကိစ္စရပ်ကို မေ့လျော့သွားခဲ့ရကြောင်း သတိရသွားခဲ့သည်။

“ထားလိုက်ပါတော့။ ဖေးဝူရှိနေတာပဲ။ လီချင်းအဆင်ပြေမှာပါ။ လီချင်းရဲ့သေမျိုးကျင့်ကြံမှုနဲ့ဆို အချိန်ခဏတော့ ပြင်းထန်တဲ့ရိုက်ချက်တွေကို ခံယူဖို့မသင့်တော်သေးဘူး။ အချိန်ခဏတော့ လင်းဖေးဝူပဲ သူ့ကိုတိုးတက်အောင်လုပ်ပေးတာ ကောင်းပါတယ်”

ဝမ်ဖုန်းသည် မေးစေ့ကိုပွတ်သပ်လျက် စက္ကန့်အနည်းငယ်မျှ တွေးတောလိုက်သည်။

“စနစ် ဂိုဏ်းအမှတ်တစ်သောင်းကို ထီလက်မှတ်ဆယ်ခုနဲ့ လဲလှယ်လိုက်ပါ။ ခုချက်ချင်းပဲ ထီလက်မှတ်ကိုစဖွင့်လိုက်တော့!”

ထို့နောက် ဝမ်ဖုန်း စိတ်ထဲမှ‌ေပြာလိုက်၏။ သူ့တွင် ဂိုဏ်းအမှတ်လေးသောင်းကျော်ရှိသည်။ များပြားသည့်ပမာဏဖြစ်ရာ သူကောင်းကောင်း အသုံးပြုသင့်ပေသည်။

“ဒင်! ယန်ရှီစန်းရဲ့ကျင့်ကြံမှုအခြေခံ ဆယ်ပုံတစ်ပုံကို ရရှိခြင်းအတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်”

“ဒင်! ယန်ရှီစန်းရဲ့ချီစွမ်းအင်နဲ့ လူသတ်ဓား၁၅လက်ကိုရရှိခြင်းအတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်”

“ဒင်!.....”

ဝမ်ဖုန်း၏စကားဆုံးသည်နှင့်တစ်ပြိုင်နက် စနစ်၏အေးစက်သည့်အသံသည် သူ၏စိတ်ထဲတွင် ရုတ်ချည်းထွက်ပေါ်လာခဲ့သည်။

ဝမ်ဖုန်းသည် စိတ်ကျေနပ်မှုကြောင့် ပြုံးပျော်နေ၏။ ဤတစ်ကြိမ် ဆယ်ကြိမ်ဆက်တိုက်မဲနှိုက်ခြင်းတွင် ယန်ရှီစန်း၏ လူသတ်ဓား၁၅လက်မှလွဲ၍ ကျန်သည့်အရာများမှာ ယန်ရှီစန်းနှင့် အခြားသူများ၏ ကျင့်ကြံမှုများဖြစ်သည်။

“စနစ်ရေ ဒီပိုင်ရှင်ကို လူသတ်ဓား၁၅လက်နဲ့ ကောင်းချီးပေးစမ်းပါဦး”

ဝမ်ဖုန်းမှ တုံ့ဆိုင်းမှုမရှိ ပြောလိုက်၏။

ဝမ်ဖုန်း၏စကားသံနှင့်အတူ ကြီးမားကြောက်မက်ဖွယ်သောမှတ်ဉာဏ်တစ်ခု ဝမ်ဖုန်း၏စိတ်ထဲတွင် ရုတ်ချည်းထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ ယန်ရှီစန်းမှ ‌လူသတ်ဓား၁၃လက်ကို လေ့ကျင့်နေသည့်မြင်ကွင်းနှင့် လူသတ်ဓား၁၃လက်မှ ‌တိုးတက်လာသည့်ဖြစ်စဉ်များ၊ လူသတ်ဓား၁၄လက်အဆင့်၊ ၁၅လက်အဆင့်သို့ တိုးတက်ပြောင်းလဲလာသည့်ဖြစ်စဉ်များ ဖြစ်သည်။

အချိန်အတော်ကြာမြင့်ပြီးနောက်တွင် ဝမ်ဖုန်း မျက်လုံးပြန်ဖွင့်လိုက်ရာ သူ၏မျက်လုံးမှ အလင်းတစ်စ လင်းလက်သွား၏။ ထိုအလင်းတန်းသည် လေဟာပြင်ကိုဖြိုခွင်းလျက် သူ၏ခန္ဓာကိုယ်မှ ဓားအရှိန်အဝါများ ဖြာထွက်တောက်ပနေခဲ့သည်။

“ယန်ရှီစန်းကတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ”

ဝမ်ဖုန်း သက်ပြင်းအသာချလိုက်သည်။ ယန်ရှီစန်း၏လူသတ်ဓား၁၅လက်ကို ရယူပြီးနောက်တွင် ယန်ရှီစန်း၏ဓားသိုင်းအပေါ် ရူးသွပ်မှုကို ဝမ်ဖုန်း နားလည်သွားခဲ့၏။

ယခုတွင် ဝမ်ဖုန်း၌ စစ်မှန်သည့်ဓားသိုင်းပညာရှင်တစ်ဦး၏ ထက်မြက်မှုရှိနေပြီဖြစ်သည်။ ဓားသိုင်းပညာရှင်သုံးဦး၏ ထူးကဲသာလွန်သည့်စွမ်းရည်အချို့ကို ရယူပြီးသည်တွင် ဝမ်ဖုန်း၌ ယဲ့ကူချန်နှင့် အခြားသူများကဲ့သို့ ကြောက်မက်ထိတ်လန့်ဖွယ် ဓားသိုင်းကျင့်ကြံဆင့်မျိုး မရှိသော်ငြား ဝမ်ဖုန်းသည်လည်း ဓားသိုင်းပညာရှင်တစ်ဦးဖြစ်ပါ၏။

“ကျင့်ကြံရေးအ‌ခြေခံ ထည့်သွင်းပေးပါ”

ထို့နောက်တွင် ဝမ်ဖုန်း ဆက်ပြောခဲ့သည်။

ဝမ်ဖုန်း၏အသံဆုံးသည်နှင့်တစ်ပြိုင်နက် လေဟာပြင်မှ ကြောက်မက်ဖွယ်အသံကြီး ထွက်ပေါ်လာခဲ့ပြီး ဝမ်ဖုန်း၏ခန္ဓာကိုယ်သို့ ဦးတည်ဝင်ရောက်သွားခဲ့သည်။ ဝမ်ဖုန်း၏ကျင့်ကြံဆင့်မှာ ထပ်မံမြင့်တက်သွားခဲ့လျက် ချက်ချင်းပင် ဆန်းကြယ်အင်ပါယာ၏အထွတ်အထိပ်အဆင့်သို့ တက်လှမ်းသွားခဲ့လေသည်။

“စနစ် တခြားကျင့်ကြံမှုတွေကို ယဲ့ကူချန်ကိုပေးလိုက်တော့”

သူ၏တစ်ဟုန်ထိုးမြင့်တက်နေသည့် ကျင့်ကြံမှုစွမ်းအင်များကို ခံစားရင်းဖြင့် ဝမ်ဖုန်း စိတ်ကျေနပ်စွာ ပြောလိုက်သည်။

ဤတစ်ကြိမ်တွင် သူ၏ကျင့်ကြံဆင့်သည် ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်သို့ တက်လှမ်းသွားခဲ့သည်။ သူ့အတွက် တချို့တဝက် အသုံးပြုခဲ့ပြီး တချို့တဝက်ကျန်ရှိနေလေရာ ယဲ့ကူချန်ကိုပေးရန် ဆုံးဖြတ်ခဲ့သည်။

ဝမ်ဖုန်း၏စကားဆုံးသည်နှင့်တစ်ပြိုင်နက် ချီမိန်ချွှေရွှယ်နှင့် ယန်ရှီစန်း၏ဓားသိုင်းပညာကို အခန်းထဲတွင်လေ့လာနေသည့် ယဲ့ကူချန်သည် ထိတ်လန့်သွားခဲ့ပြီး ထိတ်ထိတ်ပျာပျာဖြင့် ကိုယ်တွင်းချီစွမ်းအင်များကို လည်ပတ်စေခဲ့သည်။ အချိန်ခဏကြာပြီးနောက်တွင် ယဲ့ကူချန်၏ကျင့်ကြံဆင့်သည် ဆန်းကြယ်အင်ပါယာ၏အစောပိုင်းအဆင့်သို့ တိုးမြင့်သွားခဲ့သည်။

“ဒင်! ယဲ့ကူချန်ရဲ့ကျင့်ကြံဆင့်က ဆန်းကြယ်အင်ပါယာအစောပိုင်းအဆင့်ကို ရောက်ရှိသွားပါပြီ”

သူ၏စိတ်ထဲမှထွက်ပေါ်လာသည့် အေးစက်သည့်အသံသည် ဝမ်ဖုန်းကို စိတ်ကျေနပ်မှုကြောင့် ခေါင်းတငြိမ့်ငြိမ့်ဖြစ်စေသည်။ ယခုတွင် သူ၏ရှန်ရှန့်ကျုံဂိုဏ်း၏ အကြီးအကဲလေးဦးလုံးသည် ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံသူများ ဖြစ်သွားကြလေပြီ။

ထို့နောက်တွင် ဝမ်ဖုန်းသည် ထီလက်မှတ်များကို ဆက်လက်မသုံးတော့ပေ။ ထိုအစား ပေါင်းစည်း၍ သူ၏တစ်ဟုန်ထိုးမြင့်တက်နေသည့်ကျင့်ကြံမှုကို ကျွမ်းကျင်ပိုင်နိုင်သည်အထိ လေ့ကျင့်ခဲ့သည်။ တိုးတက်မှုမှာ ကြီးမားလွန်းသောကြောင့် အခြေခံမတည်မငြိမ်ဖြစ်ရန် လွယ်ကူနိုင်၏။

…..

ဝမ်ဖုန်း ကျင့်ကြံမှုမြှင့်တင်နေစဉ်တွင်ဖြစ်သည်။

လင်းယွမ်ဂိုဏ်းခန်းမဆောင် အပြင်ဘက်တွင် မြို့စားချန်လင်၏ တာဝန်ပေးအပ်ခံရသည့် အကြီးအကဲလင်သည် လေးစားစွာဖြင့် မတ်တပ်ရပ်လျက် မြို့စားချန်လင်၏ ခေါ်ဆိုခြင်းကို စောင့်ဆိုင်းနေခဲ့သည်။

“ဝင်လာခဲ့”

အရေးမထားဟန်အသံသည် ခန်းမဆောင်မှ ထွက်ပေါ်လာခဲ့ရာ အကြီးအကဲလင်မှာ တုန်ရီသွား၏။ အကြီးအကဲလင်သည် ဝတ်ရုံကို သပ်သပ်ရပ်ရပ်ပြင်ဆင်လိုက်ပြီး တည်ကြည်လေးနက်ဟန်ဖြင့် ဘုရားသခင်ကိုဝတ်ပြုမည့်အလား ခန်းမဆောင်ထဲသို့လျှောက်သွားခဲ့သည်။

“မြို့စားအရှင်ကို ဂါဝရပြုပါတယ်”

ခန်းမဆောင်သို့ ဝင်ရောက်ခဲ့သည့်အချိန်မှစ၍ အကြီးအကဲလင်သည် မြို့စားချန်လင်ကို တိုက်ရိုက်မကြည့်ရဲချေ။ ချက်ချင်း အရိုအသေ‌ပြုလျက် နှုတ်ဆက်လိုက်၏။

“ဘာကိစ်စလဲ”

“ကျွန်တော်တို့လင်းယွမ်ဂိုဏ်းတပည့်တွေက တောင်ကြားထဲမှာ ခမ်းနားတဲ့အဆောက်အဦးတစ်ခု ပေါ်ပေါက်လာတာကို ရှာတွေ့ခဲ့ပါတယ်။ အဲဒါက ရှန်ရှန့်ကျုံဂိုဏ်းလို့အမည်ရတဲ့ဂိုဏ်းရဲ့ နေရပ်ဖြစ်ပါတယ်။ မြို့စားသခင်လေးယွင်ရီ နောက်ဆုံးရှိနေခဲ့တဲ့နေရာကလည်း အဲဒီ့တောင်ကြားဖြစ်ပါတယ်”

“ဒါပေမဲ့ သခင်လေးယွင်ရီ တောင်ကြားမှာရှိနေခဲ့စဉ်က အဲဒီ့တောင်ကြားမှာ အဲဒီ့ရှန်ရှန့်ကျုံဂိုဏ်းလို ထူးဆန်းတဲ့ဂိုဏ်းမျိုး မရှိသေးပါဘူး”

မြို့စားချန်လင်၏အမေးစကားကို ကြားသည်နှင့်တစ်ပြိုင်နက် အကြီးအကဲလင်သည် အချိန်မဆွဲဝံ့စွာ အလျင်အမြန် ဖြေကြားခဲ့သည်။

All Chapters