← Chapters

သံချပ်ကာအစိတ်အပိုင်းတစ်ခုကိုသတ်ပါ

Vol. 2 Ch. 23

သံချပ်ကာအစိတ်အပိုင်းတစ်ခုကိုသတ်ပါ

Vol. 2 Ch. 23

"သေချာလား"

အကြီးအကဲ လင်း၏ စကားများကိုနားထောင်၍ ချန်လင်မြို့စားသည် အလောတကြီး မတ်တပ်ထရပ်ပြီး အသံနက်ကြီးဖြင့် အော်ဟစ်လိုက်ရာ သူ၏ခန္ဓာကိုယ်၌ ပျံ့နှံ့နေသည့် ဖိအားသည် ခန်းမထဲရှိလေထုအား အေးခဲသွားစေခဲ့ပြီး အကြီးအကဲ လင်း အား တုန်လှုပ်စေခဲ့သည်။ ထိတ်လန့်သည့် အကြည့်တစ်ချက်ထွက်ပေါ်လာခဲ့၏။

"တကယ်...သေချာပါတယ်!"

အကြီးအကဲ လင်း သည် လျစ်လျူမရှုဝံ့ဘဲ တုန်ရီနေသည့် အသံဖြင့် ပြောခဲ့သည်။

"လင်းယီ!"

ချန်လင်မြို့စား၏ မျက်ဝန်းများက အေးစက်နေခဲ့ပြီး အသံနက်ကြီးဖြင့် အော်ဟစ်ခဲ့သည်။

"ဒီငယ်သားက ဒီမှာ ရှိပါတယ်!"

သူ၏ ခေါ်သံ ထွက်လာသည့် အခါ၌ ပုံရိပ်တစ်ခုသည် ခန်းမထဲ၌ တစ္ဆေတစ်ကောင်ကဲ့သို့ထွက်ပေါ်လာခဲ့ပြီး ချန်လင်မြို့စားအား အရိုအသေပေးခဲ့သည်။ သူ၏ ခန္ဓာကိုယ်သည် အပြောင်းအလဲသို့ဝင်ရောက်ခြင်း အထွတ်အထိပ်အဆင့်၏ ဖိနှိပ်သည့် အရှိန်အဝါဖြင့် ပြည့်နှက်နေခဲ့၏။

"ချန်လင်စစ်တပ်ကို ခေါ်ပြီး သေမလား ရှင်မလားမသိတဲ့အရာကို သတ်ဖို့ ဒီမြို့စားနောက်ကို လိုက်ခဲ့!"

ချန်လင်မြို့စားသည် အဆုံးအစမဲ့သည့် သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေခဲ့ပြီး ပြတ်ပြတ်သားသားပြောခဲ့သည်။

"ဟုတ်ကဲ့ပါ!"

အသံထွက်လာပြီးသည်နှင့် တစ္ဆေဆန်သည့် ပုံရိပ်က တစ်ဖန်ပျောက်ကွယ်သွားခဲ့သည်!

"လမ်းပြစမ်း ၊ အဲ့ဒီလူက ဒီအရှင်ရဲ့ သားကို သတ်တဲ့သူဖြစ်နေသရွေ့ ဒီအရှင်က မင်းတို့ လင်းယွမ်ဂိုဏ်းကို အမြဲတမ်းစိမ်းလန်းနေအောင် ထားပေးမယ်!"

ထို့နောက် ချန်လင်မြို့စားသည် အကြီးအကဲ လင်း အား တစ်ချက်ကြည့်ကာ ဂရုမစိုက်စွာပြောခဲ့သည်။

"အရှင့်ရဲ့ ဆန္ဒအတိုင်းပါ !"

ချန်လင်မြို့စား၏ စကားများကို နားထောင်ပြီး အကြီးအကဲ လင်း ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားသည့် အကြည့်တစ်ချက် ဖြစ်ပေါ်လာခဲ့ပြီး စိတ်လှုပ်ရှားမှုကြောင့် တုန်ရီကာ အလျင်မြန် အရိုအသေပေးခဲ့သည်။

ချန်လင်မြို့စား၏ စကားဖြင့် သူတို့၏ လင်းယွမ်ဂိုဏ်းက ထိပ်သို့ ရောက်ရှိရန်မှာ သေချာသလောက်နီးပါးဖြစ်သည့် ကိစ္စတစ်ခုဖြစ်ကာ သူတို့၏ လင်းယွမ်ဂိုဏ်းအား စော်ကားဝံ့သည့်သူက တစ်စစီချေမှုန်းခံရပေလိမ့်မည်။

ခန်းမထဲမှ ထွက်သွားသည့် ချန်လင်မြို့စားအားကြည့်ပြီး အကြီးအကဲ လင်း သည် စိတ်ကူးယဉ်နေခြင်းအား အလျင်စလိုရပ်တန့်ကာ နောက်မှလိုက်ခဲ့သည်။

အဓိကခန်းမ မှ ထွက်လိုက်သည်နှင့်တစ်ပြိုင်နက် အကြီးအကဲ လင်း သည် အဓိကခန်းမ၏ အရှေ့၌ သေသေသပ်သပ်ရပ်နေသည့် ချန်လင်စစ်တပ်အားတွေ့ပြီး သူတို့ထံမှ ပျံ့နှံ့နေသည့် ပြင်းထန်သည့် အစွမ်းသည် အကြီးအကဲ လင်း အား တုန်လှုပ်စေခဲ့သည်။

သူ၏ ကျင့်ကြံခြင်းက ဆန်းကြယ်အကြီးအကဲအဆင့်သာဖြစ်ပြီး ချန်လင်စစ်တပ်ရှိ တပ်မှူးတိုင်းသည်လည်း ဆန်းကြယ်အကြီးအကဲအဆင့်ဖြစ်လေသည်။ တော်ဝင်စစ်တပ်ဖြစ်ရန် ထိုက်တန်ပေ၏။

"အရှင်မြို့စားကိုကြည့်!"

ချန်လင်မြို့စားအား ‌တွေ့သည့်အခါ၌ များပြားလှသည့် ချန်လင်စစ်တပ်သည် သံပြိုင်အော်ဟစ်ခဲ့ကြသည်။ ကြောက်လန့်ဖွယ်ရာ အရှိန်အဟုန်က လင်းရှောင်တောင်ထိပ်တစ်ခုလုံးအား လှုပ်ခါသွားကာ လင်းယွမ်ဂိုဏ်း၏ တပည့်အားလုံးကို အထိတ်တလန့်ဖြစ်သွားစေကာ လင်းယွမ်ဂိုဏ်း၏ တပည့်များသည် ချန်လင်စစ်တပ်အား အားကျမှုဖြင့် လှည့်ကြည့်ခဲ့ကြသည်။

သူတို့သည် ဂိုဏ်းတပည့်များဖြစ်ကြသော်လည်း သူတို့၏ အဆင့်အတန်းက သာမာန်ကျင့်ကြံသူများထက်ပို၍ မြင့်မားလေသည်။ သို့သော်လည်း တော်ဝင်ရဲမက်များရှေ့၌ သူတို့သည် ပုရွက်ဆိတ်များကဲ့သို့ပင် ၊ နှိုင်းယှဉ်နိုင်ခြင်းမရှိပေ!

"သွားကြမယ်!"

ချန်လင်မြို့စားသည် ချန်လင်စစ်တပ်၏ ရဲမက်များကို တစ်ချက်ကြည့်ပြီး လက်ကိုဝှေ့ယမ်းကာ ကျယ်လောင်စွာပြောခဲ့သည်။

ထို့နောက် ချန်လင်မြို့စားသည် ချန်လင်စစ်တပ်အား ရှန်ရှန့်ကျုံဂိုဏ်းတည်ရှိရာ တောင်ကြားသို့ ဦးဆောင်လာခဲ့ပြီး အကြီးအကဲ လင်း က နောက်မှလိုက်လာခဲ့ပြီး ချန်လင်စစ်တပ်အား လမ်းပြခဲ့လေသည်။

..........

"ကောင်းတယ်!"

ထိုအချိန်၌ ဝမ်ဖုန်းသည် မဟာနတ်ဆိုးရွှမ်ရှ တည်ထောင်ထားသည့် ဂိုဏ်းဌာနအား စစ်ဆေးရန် ယောင်ယွဲ့အား ခေါ်ဆောင်လာခဲ့ပြီး သူ၏ မျက်နှာထက်တွင် အပြုံးတစ်ခုရှ်ိနေကာ ခေါင်းညိမ့်ပြီး ချီးကျူးခဲ့သည်။

အမှန်အားဖြင့် ထိုကိစ္စအား မဟာနတ်ဆိုး ရွှမ်ရှ ထံသို့ လွှဲပြောင်းပေးလိုက်ခြင်းက မှန်ကန်ပေ၏!

ထိုအချိန်၌ တောင်ကြားတစ်ခုလုံးသည် မဟာနတ်ဆိုးရွှမ်ရှကြောင့် မမှတ်မိနိုင်လောက်သည်အထိ ပြောင်းလဲသွားသည်ကို တွေ့ခဲ့ရသည်။ မဟာနတ်ဆိုးရွှမ်ရှသည် သက်ကယ်တဲလေးရှိရာ တောင်ကြားအလယ်၌ ရှန်ရှန့်ကျုံဂိုဏ်း၏ အဓိကခန်းမအဖြစ် မြင့်မားသည့် ခန်းမတစ်ခုအား တည်ဆောက်ထားခဲ့သည်။ ခန်းမအနောက်တွင် ခန်းမဆောင်များစွာရှိပြီး အဓိကခန်းမမှ တောင်ကြားအဝင်ဝအထိ ကျောက်စိမ်းများဖြင့် လုံးဝပြည့်နှက်နေသည့် ကောင်းကင်သို့သွားရာလမ်းတစ်ခုရှိလေသည်။

အဓိကခန်းမ၏ အရှေ့၌ ကြီးမားသည့် မြေကွက်လပ်တစ်ခုရှိပြီး ပတ်ဝန်းကျင်တောင်တန်းများ၌လည်း ကျောက်တုံးလှေကားများရှိ၏။ လမ်းတစ်ခုစီ၏ အဆုံး၌ ထပ်ခိုးတစ်ခုစီရှိကာ တောင်ကြားအဝင်ဝ၌ "ရှန်ရှန့်ကျုံ" ဟူသည့် စာလုံးသုံးလုံးဖြင့် ကြီးမားသည့် ကျောက်သားကဗျည်းတိုင်တစ်ခု စိုက်ထူ‌ထား၏။

ဂိုဏ်းဌာနတစ်ခုလုံးသည် ကမ္ဘာငယ်လေးဌာနချုပ်၏ အင်မော်တယ်လေထုရှိသည်ဟု မထင်ရသော်လည်း ခမ်းနားထည်ဝါလှပေသည်။ အနည်း‌ဆုံးတော့ ဝမ်ဖုန်းသည် ဤနေရာက လင်းယွမ်ဂိုဏ်းဟုခေါ်သည့် နေရာထက် များစွာပို၍ ခန့်ညားထည်ဝါသည်ဟု ခံစားရပေသည်။

မြင့်မြတ်ပြီး နှိမ့်ချတတ်ကာ ၊ ခပ်လျှိုလျှိုရှိမှုဖြင့် အနားသတ်ထားလေသည်။

ဝမ်ဖုန်း၏နောက်သို့လိုက်လာသည့် မဟာနတ်ဆိုးရွှမ်ရှသည် ဝမ်ဖုန်း၏ နှစ်ထောင်းအားရရှိသည့်အသံကို ကြားပြီး သူ၏ မျက်နှာထက်၌ ဂုဏ်ယူသည့်အရိပ်အယောင်တစ်ခုကို ထုတ်ဖော်ခဲ့‌သည်။ မရည်ရွယ်ဘဲဖြင့် မဟာနတ်ဆိုးရွှမ်ရှသည် ရှန်ရှန့်ကျုံဂိုဏ်းထံသို့ ပို၍ ခိုင်မာသထက် ခိုင်မာသည့် ခံစားမှုတစ်ခုရှိလာခဲ့သည်။ ဤအခိုက်အတန့်တိုင်အောင် ဝမ်ဖုန်း၏ နှစ်ထောင်းအားရမှုက သူ့အား ဂုဏ်ယူစေခဲ့လေသည်။

"အမ်?"

ထိုအချိန်တွင် ဝမ်ဖုန်းသည် ရုတ်တရက် မျက်မှောင်ကြုတ်ကာ အဝေးသို့ လှမ်းကြည့်ခဲ့ပြီး သူ၏ မျက်လုံးထဲ၌ အေးစက်သည့် အလင်းတစ်ခု ရှိနေခဲ့သည်။

တစ်ခဏမျှအကြာ၌ ယောင်ယွဲ့နှင့်မဟာနတ်ဆိုးရွှမ်ရှသည်လည်း တစ်ချိန်တည်းပင် ၎င်းအားခံစားခဲ့ကြရသည်။ သူတို့သည် ဝမ်ဖုန်းကြည့်နေသည့်ဘက်သို့ ကြည့်လိုက်ပြီး သူတို့၏ မျက်နှာထက်တွင် အေးစက်မှုအရိပ်အယောင်တစ်ခု ရှိနေခဲ့သည်။

သူတို့တွေကို တားဆီးဖို့ ဘာလို့ တပည့်တွေကို ချက်ချင်း မသွားခိုင်းရတာလဲ?

"အတူတူသွားကြည့်ရအောင်!"

ဝမ်ဖုန်းသည် လက်ကို ဝှေ့ယမ်းကာ အလေးအနက်ပြောခဲ့သည်။ သူက တောင်ကြားထဲမှ အရင်ဆုံး ထွက်လာခဲ့သည်။ သို့သော်လည်း မဟာနတ်ဆိုးရွှမ်ရှနှင့်ယောင်ယွဲ့က ကျန်မနေခဲ့ဘဲ လျင်မြန်စွာ လိုက်လာခဲ့ကြလေသည်။

ဝမ်ဖုန်းက မဟာနတ်ဆိုးရွှမ်ရှနှင့် ယောင်ယွဲ့တို့အား တောင်ကြားအဝင်ဝသို့ ခေါ်လာသည့်အချိန်၌ ထိုလူတစ်စုက တောင်ကြားအရှေ့သို့ ရောက်နေပြီဖြစ်သည်။

ထိုလူစုရောက်လာသည့်အခါ၌ သစ်တောတစ်ခုလုံးက တိတ်ဆိတ်သွားကာ အလုံးစုံသော မကောင်းဆိုးဝါးများသည် ထိတ်လန့်ဖွယ်လူသားများအဖွဲ့အား ရန်စမိမည်ကို စိုးရိမ်သည့်အတွက် အဝေး၌ ပုန်းအောင်းနေကြသည်။

"အရှင်မြို့စား ၊ အဲ့ဒီလူပါပဲ!"

ချန်လင်မြို့စား၏နံဘေး၌ရပ်နေသည့် လင်းယွမ်ဂိုဏ်း၏ အကြီးအကဲ လင်း သည် ဝမ်ဖုန်း၏ မျက်နှာအား တွေ့သည့်အခါ၌ ရုတ်တရက် အံ့အားသင့်စွာအော်ပြောခဲ့သည်။ ဝမ်ဖုန်း၏ မျက်လုံးများအားကြည့်ကာ သူ၏ မျက်နှာထက်တွင် သွေးရူးသွေးတန်း သတ်ဖြတ်လိုစိတ်နှင့် ပြုံးဖြဲဖြဲအမူအရာတစ်ခုရှိနေခဲ့သည်။

အကြီးအလဲ လင်း ၏ အမြင်၌ ယခုတွင် ချန်လင်မြို့စားက ဒီနေရာ၌ ရောက်လာခဲ့ပြီး ဝမ်ဖုန်းနှင့် အခြားသူများ၌ သေလမ်းတစ်လမ်းသာရှိလေသည်။ ဤနည်းအားဖြင့် သူက လင်းယွမ်ဂိုဏ်းချုပ်အတွက် လက်စားချေခဲ့သည်ဟု ယူဆနိုင်ပြီး လင်းယွမ်ဂိုဏ်းချုပ်နေရာ၌ စိတ်အေးသက်သာစွာ ထိုင်နိုင်ပေမည်။

အကြီးအကဲ လင်း က အံ့အားသင့်စွာပြောသည့်အခါ၌ ဝမ်ဖုန်းသည်လည်း အကြီးအကဲ လင်း အား သတိထားမိခဲ့ပြီး သူ၏ မျက်လုံးများက ရုတ်တရက် အေးစက်သွားခဲ့သည်။ ထိုအချိန်က သူသည် လင်းယွမ်ဂိုဏ်းအား အာရုံမစိုက်ခဲ့သော်လည်း လင်းယွမ်ဂိုဏ်း၏ အကြီးအကဲ ဖြစ်သူအား မှတ်မိနိုင်နေဆဲပင်။

သူ၏ ကြင်နာ‌မှုအနည်းငယ်က လင်းယွမ်ဂိုဏ်း၏ လူအများအား ကျေး‌ဇူးမတင်စေဘဲ ထိုအစား လက်စားချေရန်ဖြစ်လာစေခဲ့မည်ဟု မျှော်လင့်မထားခဲ့ချေ။

ဝမ်ဖုန်း၏ အကြည့်အား သတိထားမိကာ အကြည့်အကဲ လင်း သည် ဘဝင်မြင့်နေသည့် အပြုံးတစ်ခုအား ထုတ်ဖော်လာခဲ့၏။ သူသည် လက်ကို ဆန့်ပြီး သူ၏လည်ပင်းတစ်ဝိုက်တွင် ဝေ့ဝိုက်ကာ မင်းက သေတော့မှာ ဟု ထုတ်ဖော်ပြောဆိုနေခဲ့သည်။

"ပုရွက်ဆိတ်တွေက "ရှန်ရှန့်ကျုံ" ဆိုတဲ့ စကားလုံးကို နာမည်မှာ ဘယ်လိုလုပ်သုံးဝံ့သလဲဆိုတာကို ငါမသိဘူး! ဒါပေမယ့် ဒီအရှင်က မင်းကိုမေးမယ် ပုရွက်ဆိတ်တွေက ဒီအရှင်ရဲ့ သားကို သတ်ခဲ့သလား!"

အကြီးအကဲ လင်း ၏ စကားများကို နားထောင်ပြီး ချန်လင်မြို့စား၏ အကြည့်က အေးစက်လာခဲ့ပြီး ဝမ်ဖုန်းအား အေးစက်စွာမေးခဲ့ပြီး အဖက်မလုပ်သည့် အပြုအမူအား ဖုံးကွယ်ထားခြင်းမရှိခဲ့ပေ။

ဤတောင်ကြားထဲရှိ လင်ယွင်ရီ ၏ အသွင်အပြင်နှင့် ပေါင်းစပ်လိုက်ပါက ဤ ရှန်ရှန့်ကျုံဂိုဏ်းသည် သူ့သားအားသတ်ရန် ခွန်အားရှိနေဆဲဖြစ်သောကြောင့် အဆုံးအစမဲ့သည့် သတ်ဖြတ်လိုစိတ်သည် ချန်လင်မြို့စား၏ နှလုံးအိမ်၌ ပေါက်ဖွားလာခဲ့၏။ သူ၏အမြင်၌ ဤရှန်ရှန့်ကျုံဆိုသည့်ဂိုဏ်းအား သံသယအရှိဆုံးဖြစ်သည်။

သံသယရှိနေသရွေ့ သေဆုံးရပေမည်!

"ခင်ဗျားသားက ဘယ်သူလဲ ကျုပ်မသိဘူး"

ချန်လင်မြို့စား၏စကားများကို နားထောင်ပြီး ဝမ်ဖုန်းက ပေါ့ပေါ့ပါးပါးမေးခဲ့သည်။ ဝမ်ဖုန်းသည် ချန်လင်မြို့စား၏ အပြုအမူမှတစ်ဆင့် ဤတိုက်ပွဲက ရှောင်လွှဲ၍ ရမည်မဟုတ်သည်ကို သိထားလေသည်။

"ဒီအရှင်က ချန်လင်မြို့စား ၊ ဒီအရှင်ရဲ့သားက လင်ယွင်ရီ!"

ဝမ်ဖုန်းသည် ချန်လင်မြို့စား၏စကားကိုကြားသည့်အခါ၌ လန့်ဖျပ်သွားခဲ့သည်။ သို့သော်လည်း လင်းယွမ်ဂိုဏ်းမှ ထိုလူက ချန်လင်မြို့စားအတွက် လင်ယွင်ရီအား သတ်သည့်လူသတ်သမားအား မတော်တဆရှာဖွေပေးရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။

ဝမ်ဖုန်းက လင်ယွင်ရီအား ဘယ်လိုလုပ် မမှတ်မိဘဲနေနိုင်မှာလဲ။ လင်းဖေးဝူအား သူကိုယ်တိုင် သတ်ခွင့်ပေးခဲ့သည့် သူပင်!

"သေချာတာက မင်းတို့က ယုတ်ညံ့တဲ့ သူခိုးတွေပဲ။ မင်းတို့က ဒီအရှင်ရဲ့ သားကို သတ်ဝံ့ရင် ဒီအရှင်က မင်းတို့ကို တစ်စစီခုတ်ပိုင်းပစ်မယ်!"

ဝမ်ဖုန်း၏ တိတ်ဆိတ်နေမှုက ချန်လင်မြို့စားအား ဝမ်ဖုန်းက သူ၏ ရင်နှစ်သည်းချာသားရတနာအား သတ်ခဲ့သည့် လူသတ်သမားဟု ချက်ချင်းယုံကြည်သွားစေခဲ့ပြီး သူ၏ မျက်လုံးများက တစ်ခဏချင်း နီရဲလာကာ တစ်ကိုယ်လုံးမှ ကျောချမ်းဖွယ် လူသတ်လိုစိတ်ထွက်ပေါ်လာခဲ့သည်။

အရိုးခဲမတတ် အေးစက်သည့် သတ်ဖြတ်လိုစိတ်သည် အနီးပတ်ဝန်းကျင်ရှိအပူချိန်အား လျော့ကျစေခဲ့ပြီး ချန်လင်မြို့စား နံဘေး၌ ရှိသည့် အကြီးအကဲ လင်း က ခိုက်ခိုက်တုန်နေခဲ့သည်။

"ချန်လင် စစ်တပ် ၊ အသင့်ပြင်မယ်! ဒီမြို့စားကို နာခံပြီး ဒီရာဇဝတ်ကောင်ရှိတဲ့ဂိုဏ်းကို သုတ်သင်စမ်း!"

ချန်လင်မြို့စားသည် လက်ညှိုးထိုးကာ ဒေါသတကြီးအော်ဟစ်ခဲ့သည်။

"တိုက်!"

ချန်လင်မြို့စား၏ အသံထွက်ပေါ်လာသည့်အခါ၌ သူ့အနောက်၌ရှိသည့် ချန်လင်စစ်တပ်သည် အားလုံးအတူတကွ ချီတက်လာခဲ့ကြသည်။ ကြောက်လန့်ဖွယ်အရှိန်အဟုန်က ကမ္ဘာကြီးတစ်ခုလုံးအား တုန်လှုပ်စေခဲ့၏။

ထိုခံစားချက်သည် သူ့အပေါ်၌ ဧရာမတောင်ကြီးတစ်တောင် ဖိထားသကဲ့သို့ မွန်းကျပ်လုနီးနီးဖြစ်သည်။

ချန်လင်စစ်တပ်၏ စစ်သည်များစွာသည် ရုတ်တရက်သူတို့၏ ဓားများကို ဆွဲထုတ်ခဲ့ကြပြီး ကြမ်းကြုတ်သည့် အသက်ရှုံသံပြင်းပြင်းထွက်ပေါ်လာခဲ့သည်။ ထိုအချိန်၌ ချန်လင်စစ်တပ်တစ်တပ်လုံးသည် ၎င်း၏ပါးစပ်ကြီးအားဟကာ ကမ္ဘာကြီးထဲရှိ အရာအားလုံးကို ဝါးမျိုတော့မည့် ပြိုင်ဘက်ကင်း သားရဲတစ်ကောင်ကဲ့သို့ အလွန်ကြောက်စရာကောင်းလှ၏!

ချန်လင်မြို့စား၏ နောက်၌ ရပ်နေသည့် အကြီးအကဲ လင်း သည် သူ၏ အသံရှုသံအား ထိန်းချုပ်ထားကာ အသက်ပင်မရှုဝံ့ချေ။ ဒေါသပြင်းထန်နေသည့် ချန်လင်မြို့စားဖြစ်စေ ၊ ပေါက်ကွဲနေသည့် ချန်လင်စစ်တပ်ဖြစ်စေ အားလုံးက သူ့အား တုန်လှုပ်စေခဲ့သည်။

"လင်းယွမ်ဂိုဏ်းက ဒီဂိုဏ်းကို မတော်တဆရှာတွေ့ခဲ့လိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး။ ဟုတ်တယ်။ ဒီဂိုဏ်းက လင်ယွင်ရီ ကိုသတ်ခဲ့တာ!"

ချန်လင်မြို့စားက ဒေါသပြင်းထန်နေပြီး ချန်လင်စစ်တပ်မှစစ်သည်များက တစ်ယောက်ပြီးတစ်ယောက်ကြည့်နေလျှင်ပင် ဝမ်ဖုန်းသည် မည်သည့်ထိတ်လန့်မှုမျှ မပြခဲ့ပေ။ ထိုအစား သူသည် ဂရုစိုက်စရာမလိုသည့် ပုရွက်ဆိတ်တစ်ကောင်အား သတ်ခဲ့သလိုမျိုး အလေးမထားဘဲပြောခဲ့သည်။

"မင်းက သေချင်နေတာပဲ!"

ဝမ်ဖုန်း၏ ကိုယ်တိုင် ဝန်ခံချက်ကြောင့် ချန်လင်မြို့စားသည် ရုတ်တရက် ဒေါသပေါက်ကွဲကာ သူ၏ စိတ်သန္တာန်တစ်ခုလုံးက အမျက်ဒေါသဖြင့် ဖုံးလွှမ်းသွားလုနီးနီးပင်။ သူသည် ထပ်၍ သည်းမခံနိုင်တော့ဘဲ ရုတ်တရက် သူ၏ခန္ဓာကိုယ်မှ ထိတ်လန့်ဖွယ်စွမ်းအားတစ်ခု ထွက်ပေါ်လာကာ ကမ္ဘာကြီးအား ပြောင်းလဲစေခဲ့သည်။

ထိုအခိုက်အတန့်တွင် တော်ဝင်မင်းသားအလယ်အလတ်အဆင့် ကျင့်ကြံခြင်းက ရုတ်တရက် ပေါက်ကွဲလာခဲ့သည်။

ဝုန်း!

ရုတ်တရက် ချန်လင်မြို့စားသည် လက်ကိုဆန့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအားတစ်ခုက ကျယ်ကျယ်ပြန့်ပြန့်ဖြင့် တစ်ဟုန်ထိုးတက်လာခဲ့သည်။ ထိုအချိန်၌ ပတ်ဝန်းကျင်ရှိ မိုးမြေချီစွမ်းအင် က ဆွဲဆောင်ခံခဲ့ပြီး တစ်ခဏချင်းပင် ချန်လင်မြို့စား၏ လက်အတွင်း၌ စုဝေးလာခဲ့သည်။ ထိုအချိန်၌ များပြားသည့်လက်များသည် တောက်ပသည့် အလင်းတန်းများဖြင့် ပေါက်ကွဲထွက်လာခဲ့၏!

ဝုန်း!

ထို့နောက် ချန်လင်မြို့စားသည် ထပ်၍ တုံ့ဆိုင်းမနေတော့ဘဲ ရုတ်တရက်ပစ်လွှတ်လိုက်ရာ ကြီးကျယ်ခမ်းနားသည့် ချီစွမ်းအင်သည် တစ်ခဏချင်းမှာပင် ဧရာမ လက်ဝါးရာကြီးတစ်ခုအဖြစ်သို့ ဖွဲ့စည်းသွားခဲ့ပြီး ဝမ်ဖုန်းအား တရစပ်ပစ်ခတ်ခဲ့သည်။ ဤသည်မှာ ဝမ်ဖုန်းအား သေသည်အထိဖိနှိပ်ခြင်းဖြစ်သည်။

ထိုလက်ဝါးရာကြီးဖြတ်သန်းသွားသည့် နေရာတိုင်း၌ လေဟာနယ်အက်ကွဲကြောင်းများ ဖြစ်လာခဲ့သည်။ ၎င်း၏စွမ်းအားကို လှိမ့်လိုက်သည့် အခါ၌ ကမ္ဘာကြီးကအုံကြွလာခဲ့ပြီး ကောင်းကင်က မှုန်မှိုင်းလာခဲ့သည်။ ကောင်းကင်ယံ၌ တောက်ပနေသည့် ဧရာမလက်ဝါးရာကြီးတစ်ခုတည်းသာ ရှိနေခဲ့ပြီး ဝမ်ဖုန်းအား ဖိချေခဲ့သည်!

ချန်လင်မြို့စားသည် ဝမ်ဖုန်းအား ထိုမျှ မြန်မြန်ဆန်ဆန် သေခွင့်ပြုရန် မရည်ရွယ်ထားခဲ့ပေ။ သူ့အားမသေခင် ရူးသွပ်စွာတုန်လှုပ်သွားစေရန်အတွက် ဝမ်ဖုန်း၏ စိတ်နှလုံးအား တဖြည်းဖြည်းချင်း နှိပ်စက်ညှင်းပန်းချင်ပေသည်။ ထိုသို့မဟုတ်ပါက သူ၏သေဆုံးသွားရသည့် ကလေးနှင့် မည်သို့ ထိုက်တန်နိုင်ပါမည်နည်း။

ချန်လင်မြို့စား၏ ဘေး၌ ရပ်နေသည့် အကြီးအကဲလင်းသည် ဝမ်ဖုန်းနှင့် အခြားသူများအား ဖိချေလိုက်သည့် လက်ဝါးရာကြီးအား တွေ့ပြီး သူ၏ မျက်နှာထက်တွင် ကျေနပ်သည့်အရိပ်အယောင်ရှိနေခဲ့သည်။

သူခိုးက နောက်ဆုံးတော့ သေတော့မည်။

သူ၏ လင်းယွမ်ဂိုဏ်းက ဤဆိုးယုတ်သည့်သူခိုးထံမှ နောက်ထပ် ခြိမ်းခြောက်ခံရတော့မည်မဟုတ်ချေ။ သို့သော်လည်း သူသည် လင်းယွမ်ဂိုဏ်း၏ မူလဂိုဏ်းချုပ်အား သတ်ခဲ့သည့်အတွက် ထိုသူခိုးအား ကျေးဇူးတင်ရပေမည်။ မဟုတ်ပါက ယခု သူက ဘယ်လိုလုပ် ဂိုဏ်းချုပ်နေရာမှာထိုင်ပြီး ဦးဆောင်သူဇယားကို တက်နိုင်မှာလဲ။

All Chapters