← Chapters

မှော်စွမ်းအင်သံနက်တုတ်ရှည်။

Vol. 2 Ch. 24

မှော်စွမ်းအင်သံနက်တုတ်ရှည်။

Vol. 2 Ch. 24

“ရဲတင်းလိုက်တာ”

ဝမ်ဖုန်း၏ရင်အုံသို့ လက်ဖဝါးရိုက်ချက် ကျရောက်တော့မည်တွင် ကျယ်လောင်သည့်အော်ဟစ်သံတစ်ခု ရုတ်တရက်ထွက်ပေါ်လာခဲ့၏။ ‌ထို့နောက် ဝမ်ဖုန်း၏ဘေးဘက်မှ ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။

'ဘာကြီးပေါက်ကွဲသွားတာတုန်း!’

သူ၏မျက်နှာထက်တွင် ဒေါသရိပ်ထင်လာခဲ့လျက် ရုတ်တရက် လက်ကိုဆန့်ထုတ်လိုက်သည်။ ခမ်းနားပြင်းထန်လှသည့်ချီစွမ်းအင်များသည် လက်ဖဝါးပြင်ထက်တွင် ရုတ်ချည်း စုစည်းသွားလျက် ထိုလက်ဖဝါးကို ရှေ့သို့ရိုက်ထုတ်လိုက်ရာ ကြောက်မက်ဖွယ်စွမ်းအင်သည် အရှိန်အဟုန်ဖြင့် တိုးထွက်လာခဲ့ပြီး လက်ဝါးရိုက်ချက်ကို ဖြိုခွင်းသွားခဲ့ကာ ကြယ်စင်အလင်းရောင်များကဲ့သို့ ပြောင်းလဲသွားပြီးနောက် လေထုတွင် ပျောက်ကွယ်သွားခဲ့သည်။ ထိုမြင်ကွင်းမှာ ကောင်းကင်တွင် မီးရှူးမီးပန်းဖောက်ခွဲသည်ကဲ့သို့ မျက်စိပသာဒရှိလှသည်။

သို့သော် ထိုမြင်ကွင်းသည် ချန်လင်မြို့စားကို မျက်လုံးများ မှေးကျဉ်းသွားစေခဲ့လျက် မယုံကြည်နိုင်သည့်မျက်နှာအမူအရာဖြင့် အံ့အားသင့်စွာပြောလာခဲ့သည်။

“တော်ဝင်မင်းသားအဆင့်ရဲ့အထွတ်အထိပ်!”

ချန်လင်မြို့စားသည် ရှင်းယောင်တောင်တန်း၏နယ်စွန်နယ်ဖျားရှိ ဂိုဏ်းငယ်လေးတွင် တော်ဝင်မင်းသားအဆင့်ကျင့်ကြံသူရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထို့ပြင် ထိုသူမှာ သူ၏ချစ်လှစွာသောသားဖြစ်သူကို သတ်ခဲ့သည့်လူသတ်သမားဖြစ်၏။

ထိုအခိုက်အတန့်တွင် ချန်လင်မြို့စားနောက်ရှိ ချန်လင်စစ်တပ်သည် အံ့ဩမင်တက်သွားကြကုန်သည်။

ယောင်ရီအင်ပါယာ၏စစ်သည်များအနေဖြင့် ချန်လင်စစ်တပ်၏စစ်သည်များစွာတို့သည် ဆန်းကြယ်အကြီးအကဲအဆင့် ရှိကြသော်ငြား သူတို့၏အသိပညာဗဟုသုတသည် သာမန်ဆန်းကြယ်အကြီးအကဲကျင့်ကြံသူများနှင့် ယှဉ်နိုင်စွမ်းမရှိပေ။

သူတို့၏အုပ်ချုပ်သူ ချန်လင်မြို့စားသည် ယောင်ရီအင်ပါယာတွင် အဆင့်အတန်းတစ်ခု ရှိကောင်းရှိနိုင်ပါ၏။ သို့သော် တကယ်တမ်းတွင် ယောင်ရီအင်ပါယာ၏ စစ်မှန်သည့်အထက်တန်းစားပုဂ္ဂိုလ်ဟု သတ်မှတ်၍မရနိုင်ပါချေ။

ပုံမှန်အခြေအနေများတွင် ယောင်ရီအင်ပါယာ၏ထိပ်တန်းဂိုဏ်းများ၌သာ ထိုမျှသော စွမ်းအားမြင့်ပုဂ္ဂိုလ်ကြီးများရှိတတ်၏။ သို့သော် ယခု၌ ရှင်းယောင်တောင်တန်း၏အပြင်ဘက်နယ်ဖျားဓဒသရှိ ဂိုဏ်းငယ်လေးတစ်ခုတွင် စွမ်းအားမြင့်ပုဂ္ဂိုလ်ကြီးများရှိနေသည်ဖြစ်ရာ ချန်လင်စစ်သည်များကို အကြီးအကျယ် အံ့အားသင့်စေခဲ့သည်။

ချန်လင်မြို့စားဘေးတွင်ရပ်နေသည့် အကြီးအကဲလင်သည်လည်း တုန်လှုပ်နေပါ၏။ လင်းယွမ်ဂိုဏ်းကို စော်ကားပြုမူခဲ့သူသည် တော်ဝင်မင်းသားအထွတ်အထိပ်အဆင့်ရှိ ကြောက်မက်ဖွယ်တည်ရှိမှုဖြစ်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပါ။ ကြိုတင်သိထားခဲ့ပါလျှင် ဝမ်ဖုန်းနှင့် အခြားသူများကို အပြစ်ပြုစော်ကားရဲမည် မဟုတ်ပါချေ။

ချန်လင်မြို့စားသည်ပင် တော်ဝင်မင်းသားအဆင့်၏အလယ်အလတ်သာ ရှိ၏။

“တော်ဝင်မင်းသားအထွတ်အထိပ်အဆင့်ဆိုတော့ရော ဘာဖြစ်လဲ။ ငါမြို့စားရဲ့ချစ်လှစွာသောသားကို သတ်ရဲတယ်ဆိုမှတော့ ဒီမြို့စားက ဘယ်လိုနည်းလမ်းပဲ သုံးရပါစေ မင်းတို့သေချာပေါက် တန်ကြေးပြန်ပေးဆပ်ရစေမယ်”

ခဏမျှ အံ့အားသင့်နေခဲ့ပြီးနောက် ချန်လင်မြို့စား၏မျက်လုံးများမှာ ခက်ထန်သည့်အကြည့်များသို့ ပြောင်းလဲသွား၏။ အံကိုကြိတ်လျက် အသံနက်ဖြင့်ပြောခဲ့သည်။

သားကိုသတ်သည့်အတွက် လက်စားချေခြင်းကို ဖယ်ထုတ်၍မရပေ။

မဟာနတ်ဆိုးရွှမ်ရှ၏ကျင့်ကြံဆင့်သည် ချန်လင်မြို့စားကို ကြောက်စိတ်ဝင်စေခဲ့သော်ငြား ချန်လင်မြို့စား တစ်ဦးတည်းရှိနေခြင်းမဟုတ်ပေ။ သူ၏နောက်တွင် ချန်လင်စစ်တပ်ကြီးတစ်ခုလုံးနှင့် ယောင်ရီအင်ပါယာကြီးရှိသည်။

“ချန်လင်စစ်တပ် ဒီမြို့စားနဲ့အတူ သားရဲကောင်ကို ချေမှုန်းမယ်!”

ချန်လင်မြို့စားသည် လက်တစ်ဖက်ကိုမြှောက်၍ပြောလိုက်၏။ သူ၏ခန္ဓာကိုယ်မှာ ခမ်းနားကြီးကျယ်သောအရှိန်အဝါများ ဖြာထွက်နေပေသည်။ ချန်လင်မြို့စား၏ခမ်းနားကြီးကျယ်မှုသည် ကမ္ဘာလောကတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပြီး စွမ်းဆောင်ရည်ရှိသောစွမ်းအင်သည် လေဟာပြင်ကို ညင်သာစွာ တုန်ခါသွားစေခဲ့သည်။

“ဟုတ်ကဲ့!”

ချန်လင်စစ်တပ်သည်လည်း ကျယ်လောင်စွာ ဖြေကြား၏။ အဟုန်သည် အချင်းမိုင်တစ်ရာတိုင် တုန်လှုပ်သွားစေခဲ့လျက် စစ်သည်အားလုံးသည် သူတို့၏ရက်စက်ကြမ်းကြုတ်သောအရှိန်အဝါကို ထုတ်ဖော်ပြသနေကြသည်။

ထိုအခိုက်တွင် ချန်လင်မြို့စားနှင့် ချန်လင်စစ်တပ်သည် တစ်သားတည်းဖြစ်သွားသည့်အလား ခံစားရ၏။ ကြောက်မက်ဖွယ်အရှိန်အဝါသည် မဟာနတ်ဆိုးရွှမ်ရှကို အတင်းအကြပ် တောင့်ခံထားရစေသည်။

ချန်လင်မြို့စားနှင့် ချန်လင်စစ်တပ်၏ ကြောက်မက်ဖွယ်စွမ်းအားကို ရင်ဆိုင်ရသည်တွင် မဟာနတ်ဆိုးရွှမ်ရှ၏မျက်နှာမှာ ကြောက်ရွံ့သည့်အရိပ်အယောင်ဟူ၍ စိုးစဉ်းမျှ ရှိ‌မနေခဲ့ပါချေ။ ထိုအစား ပြုံးဖြဲဖြဲမျက်နှာအမူအရာကိုသာ လုပ်ပြလာ၏။ မဟာနတ်ဆိုးရွှမ်ရှသည် ‌ဝမ်ဖုန်း၏အမိန့်ကို စောင့်ဆိုင်းနေခြင်းဖြစ်ပါ၏။

လွန်ခဲ့သည့်နှစ်ပေါင်းတစ်ထောင်ခန့်တွင် ယောင်ရီအင်ပါယာကြီးကို ကိုင်လှုပ်ခဲ့သည့် မဟာနတ်ဆိုးကြီးတစ်ပါးအနေဖြင့် မဟာနတ်ဆိုးရွှမ်ရှသည် ယောင်ရီအင်ပါယာ၏စွမ်းအားကို သတိထားနေမြဲဖြစ်သည်။ သူတစ်ဦးတည်းဖြင့် ဖိနှိပ်ခြင်းမပြုနိုင်မည့် ယောင်ရီအင်ပါယာကြီးတစ်ခုလုံး၏နောက်ခံကို ပို၍ကြောက်ရွံ့၏။

တော်ဝင်မင်းသားတစ်ပါးကို သတ်ဖြတ်ခြင်း၏အကျိုးဆက်ကို ရွှမ်ရှကောင်းကောင်းသိပါ၏။ ချန်လင်မြို့စားသည် ယောင်ရီအင်ပါယာ၏ ထိပ်တန်းအရှင်သခင် မဟုတ်သော်ငြား ချန်လင်မြို့စားကို သတ်လိုက်ပါလျှင် ယောင်ရီအင်ပါယာကြီးတစ်ခုလုံးကို ကိုင်လှုပ်လိုက်သည်ကဲ့သို့ ဖြစ်သွားလိမ့်မည်သာဖြစ်သည်။ သို့ဖြစ်ပါက သူ၏ရန်သူဟောင်းကြီးသည် ပို၍‌ဒေါသပုန်ထပေတော့မည်။

သူ၏ရန်သူဟောင်းကြီး၏စိတ်နေသဘောထားကို ရွှမ်ရှ ကောင်းစွာနားလည်ပါ၏။ သူ၏ရန်သူဟောင်းကြီးသည် တွန့်တိုသော်ငြား မျက်နှာကောင်းယူတတ်သည်။ ချန်လင်မြို့စားသာ ဤနေရာတွင် အမှန်တကယ် သေဆုံးသွားခဲ့ပါလျှင် မကြာသည့်အချိန်တွင် ဤရှင်းယောင်တောင်တန်း၏နယ်ဖျားဒေသသည် ယောင်ရီအင်ပါယာ၏ဖျက်ဆီးခံရလိမ့်မည်ဟု မဟာနတ်ဆိုးရွှမ်ရှ တပ်အပ်ပြောနိုင်၏။ ယောင်ရီအင်ပါယာစစ်တပ်ကြီး ဝန်းရံလာပေလိမ့်မည်။

ထို့ပြင် ရှန်ရှန့်ကျုံဂိုဏ်းသည်လည်း ဒုက္ခတောထဲသို့ ကျရောက်သွားပေမည်။ ထို့ကြောင့် မဟာနတ်ဆိုးရွှမ်ရှသည် မိမိ၏သဘောဆန္ဒဖြင့် မဆုံးဖြတ်ရဲပေ။

သို့သော် ရှန်ရှန့်ကျုံဂိုဏ်း၏အင်အားကို မဟာနတ်‌‌ဆိုးရွှမ်ရှ ယုံကြည်ပါ၏။ ယောင်ရီအင်ပါယာမှ ရှန်ရှန့်ကျုံဂိုဏ်းကို ဖျက်ဆီးရန်မှာ အလွန်အမင်း လွယ်ကူနေလိမ့်မည်မဟုတ်ပေ။ မဟာနတ်ဆိုးရွှမ်ရှ၏ စိတ်နှလုံး၌ပင် ယောင်ရီအင်ပါယာမှာ အားနည်းသည်ဟူသော အတွေးရှိရာ ရှန်ရှန့်ကျုံဂိုဏ်းနှင့် ဖက်ပြိုင်ပါလျှင် ဖျက်ဆီးခံလိုက်ရမည်မှာ ယောင်ရီအင်ပါယာသာ ဖြစ်ပေရော့မည်။

ထိုခံစားချက်သည် အကြောင်းမဲ့ ‌ခိုင်မာသထက် ခိုင်မာလာ၏။ ၎င်းမှာ ရှန်ရှန့်ကျုံဂိုဏ်းကဲ့သို့ ရှေးဟောင်းလျှို့ဝှက်ဂိုဏ်း၏ ကြောက်မက်ဖွယ်အကောင်းဆုံးနှင့် ခက်ခဲနက်နဲသည့်စွမ်းအားဖြစ်သည်။ မည်သူမျှ ဂိုဏ်း၏အင်အားကို ခန့်မှန်းနိုင်စွမ်းမရှိချေ။

“သတ်လိုက်!”

မဟာနတ်ဆိုးရွှမ်ရှ၏ မေးခွန်းထုတ်လိုသောအကြည့်ကို သတိထားမိသည်ဖြစ်ရာ ဝမ်ဖုန်း၏မျက်နှာထက်တွင် အကြင်နာကင်းမဲ့မှုများ ထင်ဟပ်သွားလျက် အရေးမထားဟန် ‌ပြောခဲ့သည်။

ဆုံးဖြတ်ချက်မပြတ်သားခြင်းသည် ကပ်ဘေးအန္တရာယ်ကို ဆောင်ကြဉ်းတတ်၏။

ဝမ်ဖုန်းသည် လင်းယွမ်ဂိုဏ်း၏အမှားမျိုးကို ထပ်မံ မပြုလုပ်လိုပေ။ လင်းယွမ်ဂိုဏ်းကို ဖျက်ဆီးခဲ့ပါလျှင် ချန်လင်မြို့စားမှ သူတို့ကို ရှာဖွေတွေ့ရှိရန် လွယ်ကူနိုင်မည်မဟုတ်ပေ။

ထို့ပြင် သူနှင့် ချန်လင်မြို့စားကြားရှိ ရန်ငြိုးသည် ဖြေရှင်းနိုင်ရန်မရှိချေ။ ချန်လင်မြို့စားကို လွှတ်ပေးလိုက်ပါလျှင် ပိုများသည့် ပြဿနာများကိုသာ ဆောင်ကြဉ်းလာပေလိမ့်မည်။ ချန်လင်မြို့စားကို ချက်ချင်းသတ်လိုက်ပါလျှင်လည်း ပြဿနာများ ဆောင်ကြဉ်းလာမြဲဖြစ်လိမ့်မည်။ သို့သော် ယခုကဲ့သို့ မမြန်ဆန်နိုင်ပေ။

“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်!”

ဝမ်ဖုန်း၏အရေးမထားဟန်အသံကိုကြားသောအခါ မဟာနတ်ဆိုးရွှမ်ရှ၏မျက်နှာထက်တွင် အပြုံးဖြစ်ထွန်းသွားလျက် ပြန်ပြောခဲ့သည်။

ထို့နောက် မဟာနတ်ဆိုးရွှမ်ရှသည် ချန်လင်မြို့စားကို ရုတ်ချည်း စိုက်ကြည့်ခဲ့လျက် သူ၏တစ်ကိုယ်လုံးမှာ ပြင်းထန်သည့်သတ်ဖြတ်လိုသည့်အငွေ့အသက်များ လွှမ်းခြုံနေခဲ့သည်။ ထိုသတ်ဖြတ်လိုသည့်အငွေ့အသက်ကြောင့် ချန်လင်မြို့စားမှာ တစ်ကိုယ်လုံး တုန်ရီသွားရ၏။

ဘုန်း!

မဟာနတ်ဆိုးရွှမ်ရှသည် ရှေ့သို့တိုး၍ တစ်စုံတစ်ရာကို ဆွဲယူသည့်ဟန်ပြုလိုက်ရာ သိပ်သည်းစွာထွင်းထုထားသည့် ကြီးမားသည့်သံနက်‌တုတ်ရှည်တစ်ခု လေဟာပြင်တွင် ထွက်ပေါ်လာ၏။ မဟာနတ်ဆိုးရွှမ်ရှသည် ရုတ်တရက် အသက်ရှူနှုန်းပြောင်းလဲသွားလျက် လူများကို အငမ်းမရဝါးမြိုစားသုံးတော့မည့် သားရဲကြီးတစ်ကောင်ကဲ့သို့ အလွန်အမင်း ကြမ်းကြုတ်ခက်ထန်လာခဲ့သည်။

မဟာနတ်ဆိုးရွှမ်ရှ၏ပြောင်းလဲမှုသည် ဝမ်ဖုန်းကို ဘေးသို့လှည့်ကြည့်စေခဲ့သည်။ ဝမ်ဖုန်းသည် မဟာနတ်ဆိုးရွှမ်ရှ၏လက်ထဲရှိ ကြီးမားသည့်တုတ်ရှည်ကို သေချာကြည့်နေခဲ့သည်။ ထိုသံတုတ်ရှည်သည် မရိုးရှင်းဟု သူ၏အလိုလိုသိစိတ်မှ ပြောနေ၏။

“ရွှမ်တိမှော်စွမ်းအင်တုတ်!! မင်းက ရွှမ်…”

မဟာနတ်ဆိုးရွှမ်ရှ၏လက်ထဲရှိ သံတုတ်ရှည်ကို မြင်လိုက်ရသည်တွင် ချန်လင်မြို့စား၏မျက်နှာအမူအရာမှာ ရုတ်ချည်းပြောင်းလဲသွား၏။ ချန်လင်မြို့စားသည် ကြောက်လန့်တကြား အော်ဟစ်လာ၏။ သို့သော် အသံမဆုံးမီ၌ပင် မဟာနတ်ဆိုးရွှမ်ရှ၏ ကြောက်မက်ဖွယ်တိုက်ခိုက်မှုကို ခံစားလိုက်ရသည်။

မဟာနတ်‌ဆိုးရွှမ်ရှသည် သံနက်တုတ်ရှည်ကို ကိုင်ဆောင်လျက် ခန္ဓာကိုယ်မှစွမ်းအင်များကို ထိုသံတုတ်ရှည်ထဲသို့ အလျင်အမြန် ပေးပို့စီးဆင်းစေခဲ့သည်။ သံနက်တုတ်ရှည်သည် အဆက်မပြတ် တုန်ခါလာခဲ့ပြီးနောက် အနက်ရောင်အလင်းဖြာထွက်လာခဲ့သည်။

ဘုန်း!

မဟာနတ်ဆိုးရွှမ်ရှသည် သံတုတ်ရှည်ကို ပြင်းပြင်းထန်ထန် လှုပ်ယမ်းလိုက်ရာ ရှည်လျားသည့်စွမ်းအင်လမ်းကြောင်းဖြင့် ကြောက်မက်ဖွယ်စွမ်းအားများ ဖြာထွက်လာခဲ့သည်မှာ လေဟာပြင်ကြီး နှစ်ခြမ်းကွဲသွားသည့်အလား ထင်မှတ်ရသည်။ ထိုစွမ်းအင်သည် ချန်လင်မြို့စားနှင့် အခြားသူများကို ရိုက်ခတ်သွား၏။

“အတူတိုက်ကြ!”

မဟာနတ်ဆိုးရွှမ်ရှ၏ ပြင်းထန်သည့်ရိုက်ချက်ကို မြင်တွေ့လိုက်သည်နှင့် ချန်လင်မြို့စားသည် သူ၏မှန်းဆတွေးတောမှုကို ဖိနှိပ်လိုက်ပြီး ကျယ်လောင်စွာအော်ပြောခဲ့၏။

ခန္ဓာကိုယ်တစ်ခုလုံးမှ ခမ်းနားလှသည့်စွမ်းအင်များ ပေါက်ကွဲထွက်လာခဲ့ပြီး အင်အားကြီးမားသည့် စွမ်းအင်လှိုင်းကြီးများ ချန်လင်မြို့စား၏လက်ထဲတွင် ပေါ်ထွက်လာခဲ့သည်။

ချန်လင်မြို့စားနှင့် ချန်လင်စစ်တပ်သည် အပြည့်အဝ တစ်သားတည်းဖြစ်သွားခဲ့ကြ၏။ ချန်လင်စစ်တပ်တစ်ခုလုံး၏ စွမ်းအင်ထည့်သွင်းပေးခြင်းကို ခံယူထားသည့်ချန်လင်မြို့စားမှာ အသက်ရှူသွင်း၊ရှူထုတ်ခြင်းပင်လျှင် ပို၍ပို၍ ကြောက်မက်ဖွယ်ဖြစ်လာခဲ့ပြီး သူ၏မူလကျင့်ကြံဆင့်ထက် များစွာတိုးတက်သွားခဲ့လျက် မဟာနတ်ဆိုးရွှမ်ရှနှင့် ကျင့်ကြံဆင့်တူသွားခဲ့သည်။

ကျင့်ကြံဆင့်မြင့်တက်ခြင်းနှင့်အတူ ချန်လင်မြို့စား၏ မိမိကိုယ်ကိုယုံကြည်မှုသည်လည်း တစ်ဟုန်ထိုးမြင့်တက်လာခဲ့လျက် လက်ထဲတွင် ခမ်းနားလှစွာသောချီစွမ်းအင်များကို စုဝေးလိုက်သည်။ ကြီးမားသည့်စွမ်းအင်အတက်အကျကြောင့် ပတ်ဝန်းကျင်လေဟာပြင်သည် သာမန်မျက်လုံးဖြင့် မြင်တွေ့နိုင်သည်အထိ ပုံပျက်ရှုပ်ထွေးသွားခဲ့သည်။ ထိုအခိုက်အတန့်တွင် ချန်လင်မြို့စားသည် လက်သီးနှစ်ချက်ကို ဆောင့်တွန်းပစ်လွှတ်လိုက်၏။

ဘုန်း!

လက်သီးနှစ်ချက်သည် မဟာနတ်ဆိုးရွှမ်ရှ၏ စွမ်းအင်လမ်းကြောင်းရှည်နှင့် အပြင်းအထန်တိုက်သွားခဲ့လျက် ဖီလာဆန့်ကျင်သည့်ပေါက်ကွဲမှုကြီးသည် အထက်ကောင်းကင်နှင့် မြေအောက်ကမ္ဘာ‌တိုင် မြည်ဟီးသွားခဲ့သည်။ ပေါက်ကွဲသံကြီးနှင့်အတူ ပြိုင်ဘက်ကင်းစွာသော ကြောက်မက်ဖွယ်စွမ်းအင်များသည် အရပ်လေးမျက်နှာသို့ ဖြာထွက်သွားခဲ့ပြီး အနီးဝန်းကျင်ရှိ သစ်ပင်များကိုထိမှန်ကြကုန်သည်။ ‌သစ်ပင်များ အစိတ်စိတ်အမွှာမွှာ ကွဲကြေပြတ်တောက်ကုန်ကြလျက် လေထုမှာ လွှစာမှုန့်များ၊ မီးခိုးလုံးများ ပြည့်နှက်လွှမ်းခြုံသွား၏။ မြေပြင်တစ်ခုလုံးမှာလည်း ချောက်ကမ်းပါးနက်ကြီးကဲ့သို့ ကွဲအက်သွားခဲ့သည်။

ထိုမျှသာမက ထိုကြောက်မက်ဖွယ်စွမ်းအင်များသည် ရှန်ရှန့်ကျုံဂိုဏ်းတည်ရှိရာ တောင်ကြားကိုပင် လွှမ်းခြုံဝင်ရောက်သွားခဲ့သည်။ သို့သော် ရှန်ရှန့်ကျုံဂိုဏ်းကို ထူးခြားနက်နဲသောစွမ်းအင်ဖြင့် ကာကွယ်ထားခဲ့သည်ကြောင့် ထိခိုက်မှု အလျဉ်းမရှိခဲ့ပေ။

ထိုစွမ်းအင်သည် အကွာအဝေးတစ်ခုတွင်ရှိနေသည့် အကြီးအကဲလင်ရှိရာ မြေပြင်ကိုပါ ကွဲကြေသွားစေခဲ့လျက် အကြီးအကဲလင်ကိုပါ လွင့်စင်ထွက်သွားစေခဲ့သည်။ အကြီးအကဲလင်သည် ကြောက်ရွံ့ထိတ်လန့်‌‌လွန်း၍ ဒဏ်ရာရထားသည့်ခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲလျက် ‌အဝေးသို့သွား၍ ပုန်းခိုနေခဲ့သည်။

နောက်တစ်ကြိမ်ထိမှန်ခဲ့ပါလျှင် မိမိမှာ လူသေကောင်အဖြစ် ချက်ချင်းတောင့်ခဲသွားရလိမ့်မည်ကို စိုးရွံ့မိပါ၏။

အဟွတ်!

အချိန်အတော်ကြာမြင့်ပြီးနောက်တွင်မှ ကြောက်မက်ဖွယ်စွမ်းအင်များ ဖြေးဖြေးချင်း ပျောက်ကွယ်လာခဲ့သည်။ သို့မှသာ ချန်လင်မြို့စားနှင့်အခြားသူများ၊ မဟာနတ်ဆိုးရွှမ်ရှ၏ပုံရိပ်တို့ကို မြင်တွေ့နိုင်တော့သည်။

ချန်လင်မြို့စား၏နှုတ်ခမ်းထောင့်တွင် သွေးများစီးကျနေခဲ့ပြီး မျက်နှာမှာဖြူဖျော့နေသည်။ သူ့နောက်ရှိ ချန်လင်စစ်တပ်သည်တော့ တစ်ကိုယ်လုံးတုန်ယင်လျက် ပို၍ပင် ဖြူဖျော့နေကြလေသည်။

မဟာနတ်ဆိုးရွှမ်ရှ၏ကိုယ်တွင် ဒဏ်ရာမတွေ့ရသော်ငြား သံတုတ်ရှည်ကိုင်ထားသည့်လက်သည်တော့ အနည်းငယ်တုန်ယင်နေပေသည်။

မဟာနတ်ဆိုးရွှမ်ရှသည် ချန်လင်မြို့စားနှင့်အခြားသူများကို အနိုင်မတိုက်နိုင်သည်မဟုတ်ပါ။ မဟာနတ်ဆိုးရွှမ်ရှသည် သူ၏စွမ်းအင်အလုံးစုံကို မဖောက်ခွဲဝံ့ခြင်းဖြစ်သည်။ အထူးသဖြင့် ဤသံတုတ်ရှည်ကိုထုတ်ယူခဲ့ပြီး သူ၏စွမ်းအင်အလုံးစုံကို ဖောက်ခွဲလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ရန်သူဟောင်းကြီးမှ မလွဲဧကန် သတိထားမိသွားမည်ဖြစ်သည်။

ခုနက မဟာနတ်ဆိုးရွှမ်ရှ ထုတ်လွှတ်လိုက်သည့်ရိုက်ချက်သည် တော်ဝင်မင်းသားအထွတ်အထိပ်အဆင့်ရှိ သူ၏အမှန်တကယ်စွမ်းအင်၏ တစ်ဝက်ခန့်သာဖြစ်၏။

ချန်လင်မြို့စားကို ချန်လင်စစ်တပ်မှ စွမ်းအင်ထောက်ပံ့မှုမရှိပါလျှင် မဟာနတ်ဆိုးရွှမ်ရှ၏ ထိုရိုက်ချက်သည် ချန်လင်မြို့စားကို သေချာပေါက် အသက်နုတ်ယူနိုင်မည်ဖြစ်သည်။ သို့သော် စစ်သည်တော်၅၀၀၏ ချီစွမ်းအင်အပြည့်အဝထောက်ပံ့ခြင်းကြောင့် ချန်လင်မြို့စားသည် မဟာနတ်ဆိုးရွှမ်ရှ၏ရိုက်ချက်ကို ပခုံးချင်းယှဉ်‌၍ရင်ဆိုင်နိုင်ခဲ့သည်။

“ နှောက်ဆုတ်လိုက်! ဒီအကြီးအကဲ တိုက်ခိုက်လိုက်မယ်!”

ရန်သူဟောင်းကြီးကို သတိထားမိစေမည့်အကြောင်းနှင့် ဝမ်ဖုန်း၏ညွှန်ကြားချက်ကို ပြည့်မြောက်အောင်လုပ်ဆောင်ရမည့်အကြောင်းကို မဟာနတ်ဆိုးရွှမ်ရှ တွေးတောနေစဉ်တွင် အေးစက်သော်ငြား နှစ်လိုဖွယ်‌သောအသံတစ်ခုကို ကြားလိုက်ရ၏။

မဟာနတ်ဆိုးရွှမ်ရှ နောက်လှည့်ကြည့်လိုက်သည်တွင် လှပ‌သည့်အမျိုးသမီးကို မြင်တွေ့လိုက်ရရာ နှလုံးအိမ်ခုန်လှုပ်သွား၏။

မဟာနတ်ဆိုးရွှမ်ရှသည် အမြန်ခေါင်းငြိမ့်လျက် သံတုတ်‌ရှည်ကို ပြန်လည်ရုပ်သိမ်း၍ နောက်ဆုတ်ခဲ့သည်။ ဤတစ်ကြိမ်တိုက်ကွက်တွင် ချန်လင်မြို့စားနှင့်အခြားသူများ သေချာပေါက် သေဆုံးမည်ပင်။

တစ်ပြိုင်နက်တည်းပင် ယောင်ယွဲ့၏စွဲမက်ဖွယ်ခန္ဓာကိုယ်သည် လှုပ်ရှားမှုတစ်ခုပြီးနောက် လေဟာပြင်တွင် ရပ်နေခဲ့သည်။ သူမ၏လှပသောမျက်ဝန်းများတွင် အေးစက်သော အရိုးထိတိုင်ထိုးဖောက်နိုင်သည့်အကြည့်များရှိသည်။ သူမ၏ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသောအငွေ့အသက်များ လွှမ်းခြုံထွက်ပေါ်နေသည်မှာ ဤကမ္ဘာလောကရှိ အမျိုးသားများအားလုံးကို ကျရှုံးသွားစေရန်လုံလောက်‌ေပသည်။

All Chapters