ပြိုင်ဘက်ကင်း ယင် ဧကရီ
Vol. 2 Ch. 27
ဆန်းကြယ်အင်ပါယာအဆင့်ထက် သာလွန်သည့် စွမ်းအားကြီးပုဂ္ဂိုလ်များအနေဖြင့် ဝမ်ဖုန်းသည် ထိုအကြောင်းအား တစ်ခါမှ မတွေးခဲ့ဖူးပေ။ အဓိကအင်ပါယာကြီးသုံးခုထဲ၌ရှိသည့် အသန်မာဆုံးသူများသည် ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်များသာ ဖြစ်လေသည်။ ထိုလူများသည် အဓိက အင်ပါယာသုံးခု၏ ဘိုးဘေးများလည်းဖြစ်ကြပေ၏!
တပည့်လေးတစ်ဦးအားကာကွယ်ရန် မည်သို့စေလွှတ်နိုင်ပါမည်နည်း။ ဤမုယွင်ဖေးက ကြီးမြတ်သည့် လေအင်ပါယာ၏ သားတော်တစ်ပါးဖြစ်နေလျှင်ပင် သူ့အား ထိုသို့ဆက်ဆံရန်မှာ မဖြစ်နိုင်ပေ။
ဝမ်ဖုန်း၏ စကားများထွက်လာပြီးသည့်နောက်တွင် မုယွင်ဖေး၏ အမူအရာက ပြောင်းလဲသွားကာ သူ၏ စိတ်က တုန်လှုပ်သွားခဲ့သည်။ မုယွင်ဖေးသည် ဝမ်ဖုန်းက သူပြောသည့်စကားအပေါ်အခြေခံ၍ သူ၏အခြေအနေအား ခန့်မှန်းနိုင်လိမ့်မည်ဟုထင်မထားခဲ့ချေ။
"စီနီယာက ဆန်းကြယ်အင်ပါယာအဆင့် ပုဂ္ဂိုလ်ကြီးတစ်ယောက်ဖြစ်ဖို့ ထိုက်တန်ပါပေတယ်။ တကယ်ကို မခန့်မှန်းနိုင်အောင်ပါပဲ။ ဒီငယ်သားက အဝေးကြီးမှာကျန်နေခဲ့ပါပြီ!"
မုယွင်ဖေးက အပြုံးဖြင့်ပြောခဲ့၏။ ဝမ်ဖုန်းက ခန့်မှန်းပြီးဖြစ််သောကြောင့် သူက ဝေ့ဝိုက်မနေလိုပေ။
"မင်းရဲ့ စိတ်နေစိတ်ထားနဲ့ ကြီးမြတ်တဲ့လေအင်ပါယာရဲ့ မျိုးဆက်သစ်တွေကြားထဲမှာ မင်းက ထိပ်တန်းတည်ရှိမှုတစ်ခုဖြစ်နေမှာစိုးတယ်။ ပြီးတော့ ကြီးမြတ်တဲ့လေဧကရာဇ်က မင်းကို ရတနာတစ်ပါးလို့တောင် မသတ်မှတ်ဘူး"
ဤသည်ကိုကြားတော့ ဝမ်ဖုန်းသည် မုယွင်ဖေးအား လေးလေးနက်နက်စိုက်ကြည့်ခဲ့သည်။
ဝမ်ဖုန်းသည် အဓိကအင်ပါယာကြီးသုံးခုအပြင်ဘက်တွင် ဖြစ်ပျက်နေသည်များကို မသိသော်လည်း အနည်းဆုံးတော့ အဓိကအင်ပါယာကြီးသုံးခုအတွင်း၌ တော်ဝင်မင်းသားအဆင့်ကျင့်ကြံခြင်းရှိသည့် မုယွင်ဖုန်း၏အသက်အရွယ်မျိုးသည် လူတိုင်းအား ချက်ချင်း မျက်နှာချိုသွေးစေရန် လုံလောက်ပေသည်။
"အရိုးသားဆုံးပြောရရင် ဒီငယ်သားက အမှိုက်သာသာပါပဲ။ အပန်းဖြေဖို့ ထွက်လာတဲ့အခါမှာ အခွင့်အရေးတစ်ခုရခဲ့တာကြောင့် ဒီလိုကျင့်ကြံခြင်းအခြေခံရှိခဲ့တာပါ"
ဝမ်ဖုန်း၏ စကားများကို ကြားပြီး မုယွင်ဖုန်း၏ မျက်လုံးတည်း၌ အရိပ်တစ်ခုဖြတ်ပြေးသွားခဲ့ပြီး ပြောခဲ့သည်။
အသံထွက်လာသည့် တစ်ချိန်တည်းမှာပင် မုယွင်ဖုန်းသည် ဝမ်ဖုန်းနှင့်အခြားသူများအား စိုက်ကြည့်ကာ သူ့ခန္ဓာကိုယ်၏ အနက်ရှိုင်းဆုံးနေရာမှ ရှင်းမပြနိုင်သည့် အရှိန်အဝါတစ်ခု တစ်ဟုန်ထိုးထွက်ပေါ်နေခဲ့သည်။
"ဒီလိုထောက်ပံ့ပေးတဲ့ကံကြမ္မာရှိတာ တော်ရုံတန်ရုံကံတရားမဟုတ်ဘူးပဲ။ ငါ့ရဲ့ ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ချင်လား"
ဤသည်ကိုကြားပြီး ဝမ်ဖုန်းသည် အရင်ဆုံးခေါင်းညိမ့်ကာ စကားလမ်းကြောင်းပြောင်းခဲ့သည်။
အမှိုက်တစ်က လေ့ကျင့်ဖို့ အပြင်ထွက်လာတဲ့အခါမှာ အခွင့်အရေးတစ်ခုရပြီး သာမာန်မဟုတ်တဲ့ အောင်မြင်မှုတွေကို တစ်ခဏချင်းရရှိခဲ့တယ်။ ဒါက အဓိကဇာတ်ကောင်ရဲ့ ဇာတ်ကွက်တစ်ခုမဟုတ်လား။ ဒီလိုလူမျိုးကို ရှန်ရှန့်ကျုံဂိုဏ်းဆီ ဆွဲခေါ်ထားရမယ်။
ဝမ်ဖုန်းသည် မုယွင်ဖေးနောက်မှ အခြေအနေကိုပင်စဉ်းစားနိုင်ခံပေသည် : မိုးကောင်းကင်အား ဆန့်ကျင်သည့်အနေအထားဖြင့် ကြီးမြတ်သည့်လေအင်ပါယာသို့ ပြန်လာပြီး သူ့မျက်နှာအားရိုက်ချရန် ဟန်ဆောင်ကာ ယခင်က သူ့အား စော်ကားခဲ့သည့် သူအားလုံးကို နင်းချေမည်ဖြစ်သည်။
"ဘာ?"
ဝမ်ဖုန်း၏ စကားများကိုကြားပြီး မုယွင်ဖေး၏ အမူအရာက တုံ့ဆိုင်းသွားပြီး အံ့အားသင့်စွာပြောခဲ့သည်။
ဝမ်ဖုန်းနှင့်အခြားသူများက သူပြောသည့် ကံကြမ္မာအား ဂရုစိုက်လိမ့်မည်ဟု ထင်ထားပေသည်။ တကယ်တော့ လူ့အမှိုက်တစ်ယောက်ကို တစ်ခဏချင်းမှာ တော်ဝင်မင်းသားအဆင့်ကို တက်လှမ်းလာစေဖို့ အခွင့်အလမ်းဘယ်လောက်များများယူရမှာလဲ။ မည်သည့်ဆန်းကြယ်အင်ပါယာအဆင့်မဆို မနာလိုဖြစ်မည်ကို စိုးရိမ်မိပေသည်။
အစက သူသည် ဝမ်ဖုန်းနှင့် ဆန်းကြယ်အင်ပါယာအဆင့်သုံးယောက်အားသတ်ဖြတ်ရန် အခွင့်အရေးမှ ရရှ်ိထားသည့်ဝှက်ဖဲအားသုံးချင်ခဲ့သည်။ သို့သော်လည်း ဝမ်ဖုန်းနှင့်အခြားသူများက သာမာန်အသိဖြင့် ကစားလိမ့်မည်ဟု ထင်မထားခဲ့ပေ။
တကယ်တော့ ဝမ်ဖုန်းနှင့် အခြားသူများက ဆန်းကြယ်အင်ပါယာအဆင့်များဖြစ်ကြပြီး သူတို့ကသူ့အား မင်းသားတစ်ပါးကဲ့သို့ ဆက်ဆံနေကြဆဲပင်။ ဤသည်က လူအများအား ရယ်စေလိမ့်မလား။
"မင်းကအဲ့ဒီအခွင့်အရေးကို ရခဲ့ပေမယ့်လည်း မင်းရဲ့အရင်အခြေအနေကို စဉ်းစားကြည့်မယ်ဆိုရင် မင်းကို သင်ပေးဖို့ အင်အားကြီးတဲ့ ဆရာတစ်ယောက်မှ မရှိဘူးမလား။ ငါ့ရဲ့ ရှန်ရှန့်ကျုံဂဂိုဏ်းကိုဝင်မယ်ဆိုရင် ဆန်းကြယ်အင်ပါယာအဆင့်တ်ယောက်က မင်းကို တစ်ယောက်ချင်း လမ်းညွှန်ပေးလိမ့်မယ်။ မင်းရဲ့ ပင်ကိုယ်စွမ်းရည်နဲ့ဆိုရင် ဘယ်သူမှဘာမှမပြောရဲတဲ့ ဆန်းကြယ်တဲ့လူတစ်ယောက်ဖြစ်လာမှာ။ အင်ပါယာထဲမှာ ဒီဂိုဏ်းက သေချာဆုံးပဲ!"
ဝမ်ဖုန်းသည် မုယွမ်ဖေးအား ကြည့်ကာ ထပ်ပြောခဲ့သည်။
ဝမ်ဖုန်း၏ စကားများကိုကြားပြီး မုယွင်ဖေးက တကယ် စိတ်လှုပ်ရှားသွားခဲ့သည်။ ကြီးမြတ်သည့်လေအင်ပါယာ၏ မျိုးဆက်သစ်လူငယ်ဖြစ်သည့် သူ၏ အစ်ကိုအကြီးဆုံးပင် ဆန်းကြယ်အင်ပါယာအဆင့် ပုဂ္ဂိုလ်တစ်ယောက်၏ တစ်ယောက်ချင်းလမ်းညွှန်မှုမရန်ိုင်ပေ။ ဤသည်က ဆန်းကြယ်အင်ပါယာအဆင့်မှ တစ်ခါတစ်ရံသင်ကြားပေးခြင်းသာလျှင်ဖြစ်လေသည်။
သို့သော်လည်း မုယွင်ဖေးက စိုးရိမ်ကြောင့်ကြနေဆဲပင်။ သူက ဝမ်ဖုန်း၏ စကားများအား သံသယမရှိပေ။ မုယွင်ဖေးသည် ထိုဆန်းကြယ်အင်ပါယာအဆင့် သုံးယောက်ထံမှ တစ်ဆင့် ရှန်ရှန့်ကျုံဂိုဏ်း၏ စွမ်းအားကို တွေးကြည့်နိုင်ပေသည်။ ရှန်ရှန်ကျုံဂိုဏ်းဟု ခေါ်သည်မှာ ဒဏ္ဍာရီတစ်ခုရှိရန် ဖြစ်နိုင်ပေသည်။ ကမ္ဘာကြီးထဲ၌ ပုန်းကွယ်နေသည့် ရှေးဟောင်းဂိုဏ်းတစ်ခုပင်။
"ကျွန်တော်က ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်မယ်ဆိုရင် ရှန်ရှန့်ကျုံဂိုဏ်းက ပြသနာဖြစ်လိမ့်မယ်။ စီနီယာတို့က တပည့်စုဆောင်းဖို့ သေချာတယ်လား" မုယွင်ဖေးသည် ဝမ်ဖုန်းအား ချက်ချင်းကြည့်ကာ အလေးအနက်မေးခဲ့သည်။
သူ၏ အထိအခိုက်လွယ်သည့် ပုံစံအားအသာထား၍ သူ့အစ်ကိုအကြီးဆုံး၏ နိုင်လိုမင်းထက်ဆက်ဆံတတ်သည့် အမူအရာဖြင့် သူက ထိုကဲ့သို့ အခွင့်အရေးရခဲ့သည်ကို သိသွားခဲ့ပါက အားကောင်းသည့်သူတစ်ယောက်အားစေလွှတ်ကာ သူ့အားသတ်ပေလိမ့်မည်။ ဤရှန်ရှန့်ကျုံဂိုဏ်းက သူ့ကြောင့် မုချ ဒုက္ခရောက်ပေလိမ့်မည်။
မုယွင်ဖေးသည် ဝမ်ဖုန်းနှင့်အခြားသူများအပေါ်တွင် အကောင်းမြင်နေဆဲဖြစ်ကာ သူ့အတွက်ကြောင့်နှင့် ထိုဂိုဏ်းအား အန္တရာယ်ထဲသို့ ဆွဲမခေါ်ချင်ပေ။
ထိုဂိုဏ်းလေးမျှနှင့် အင်ပါယာအား မယှဉ်နိုင်ပေ။ ဤရှန်ရှန့်ကျုံဂိုဏ်းက ပုန်းကွယ်နေသည့် ဒဏ္ဍာရီလာရှေးဟောင်းဂိုဏ်းတစ်ခုဖြစ်လျှင်ပင် မတူချေ။
"ဒီဂိုဏ်းမှာဆိုရင် ဘယ်ပြသနာကမှ ပြသနာမဟုတ်ဘူး။ ဒီဂိုဏ်းရဲ့ စကားတွေက ကမ္ဘာကြီးကို အဆုံးအဖြတ်ပေးနိုင်တယ်!"
မုယွင်ဖေး၏ စကားများကို ကြားသည့်အခါ၌ ဝမ်ဖုန်းသည် လက်နှစ်ဖက်ကိုနောက်ပစ်ကာ ညင်သာစွာ ပြောဆိုခဲ့သည်။
အသံကပေါ့ပါးနေသော်ငြား ထိုစကားများသည် မုယွင်ဖေး၏ နားထဲ၌ မိုးကြိုးပစ်သကဲ့သို့ ပေါက်ကွဲလာခဲ့သည်။ အထူးသဖြင့် ထိုအခိုက်အတန့်တွင် ဝမ်ဖုန်း၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်ခဲ့သည့် ဖြုံလောက်သည့် အရှိန်အဝါက မုယွင်ဖေးအား ပို၍ပင် တုန်လှုပ်စေခဲ့လေသည်။
အကယ်၍ တခြားတစ်ယောက်ကပြောခဲ့သည်ဆိုပါက သူက သေချာပေါက် လှောင်ပြောင်ကာ ရှုံ့ချပေလိမ့်မည်။ သို့သော်လည်း အကြောင်းအရင်းတစ်ချို့က ဝမ်ဖုန်းဖြစ်ပေသည်။ သူ့၌ ဝမ်ဖုန်းပြောသည့်အရာက မှန်ကန်သည်ဟူသည့် ခံစားချက်တစ်ခုက အမြဲရှိလေသည်။
"ဖြစ်နိုင်တာက ဒါက င့ါရဲ့ အခွင့်အရေးပဲ!"
မုယွင်ဖေးသည် လက်နောက်ပစ်ကာရပ်နေသည့် ဝမ်ဖုန်းအားကြည့်ရင်း သူ့၏မျက်လုံးများက တောက်ပလာခဲ့သည်။
ထို့အပြင် မုယွင်ဖေးသည် သေချာသည့် မျက်နှာထားဖြင့် ဝမ်ဖုန်းအား ကြည့်ကာ အလေးအနက်ပြောခဲ့သည် :
"စီနီယာ ၊ ဒီအငယ်က ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ဖို့ ဆန္ဒရှ်ိပါတယ်!"
"သိပ်ကောင်းတယ် ၊ အခုကနေစပြီး မင်းက ငါ့ရဲ့ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အပြင်စည်းတပည့်ပဲ။ မင်းရဲ့အထက်မှာ ဂိုဏ်းတူအစ်ကို တစ် ၊ ဂိုဏ်းတူ အစ်မ နှစ် နဲ့ ဂိုဏ်းတူအစ်ကို သုံး ရှိတယ်!"
မုယွင်ဖေး၏ စကားကိုကြားပြီး ဝမ်ဖုန်းသည် ကျေနပ်စွာ ခေါင်ညိမ့်ပြီး အလေးအနက်ပြောခဲ့သည်။
"ဒင် ၊ ဇာတ်ဆောင်ကံတရားရှိတဲ့ တပည့်တစ်ယောက်ကို စုဆောင်းနိုင်ခဲ့တဲ့အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ် ပြီးတော့ လက်ခံရရှိတဲ့ ဆုတွေကတော့ : ဂိုဏ်းရမှတ် 50,000 ၊ ကျပန်းဆင့်ခေါ်ခွင့်နှစ်ကြိမ်!"
သူ၏ ခေါင်းထဲမှ ထွက်ပေါ်လာသည့် အေးစက်သည့် အသံက ဝမ်ဖုန်းအားတုန်လှုပ်စေခဲ့ပြီး အလွန်စိတ်လှုပ်ရှားစေခဲ့သည်။ သူသည် မုယွင်ဖေးက တကယ်ကို ဇာတ်ဆောင်ကံတရားရှိပြီး သူ့ထံမှ ဆန်းကြယ်အင်ပါယာအဆင့် ပြန်လည်ဝင်စားခြင်း လီဟေး ထက် ပို၍ မြင့်မားသည့် ဆုလာဒ်ကို ရရှိမည်ဟု ထင်မထားခဲ့ပေ။
သူ့ရဲ့ကြိုးစားမှုက အလဟဿမဖြစ်ဘူးပဲ!
သူစုဆောင်းထားသည့် ကျပန်းဆင့်ခေါ်ခွင့်သုံးခု အား ကြည့်နေရုံဖြင့် ဝမ်ဖုန်း၏ မျက်နှာက ခါးသက်လာခဲ့သည်။ ဂိုဏ်း၏အဆင့်ကြောင့် သူက အများဆုံးမှ နောက်ထပ် အားကြီးသည့် သူတစ်ယောက်ကိုသာ ဆင့်ခေါ်နိုင်ပေသည်။ ယခုတွင် သူ၏ ရှန်ရှန့်ကျုံဂိုဏ်း၏ တပည့်များ၌ မဟာနတ်ဆိုးရွှမ်ရှအပါအဝင် ငါးယောက်သာလျှင်ရှိပြီး ဂိုဏ်းအား ဒုတိယအဆင့်သို့ မြှင့်တင်ရန် ငါးယောက်လိုနေဆဲပင်။
ဝမ်ဖုန်းသည် ခေါင်းခါကာ အချိန်တစ်ခုအထိ တပည့်စုဆောင်းရေးပြသနာကို မစဉ်းစားတော့ပေ။ ထို့နောက် သူ့နောက်၌ရှိသည့် မဟာနတ်ဆိုးရွှမ်ရှအားပြောခဲ့သည်။
"ရွှမ်ရှ သူတို့အားလုံးကို ဒီဂိုဏ်းဆီ သွားခေါ်ခဲ့!"
"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်!
မဟာနတ်ဆိုးရွှမ်ရှသည် လျင်မြန်စွာပြန်ဖြေပြီး ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
ဝမ်ဖုန်းအနေဖြင့် သူသည် ယောင်ယွဲ့နှင့် မုယွင်ဖေးတို့အား ဂိုဏ်းချုပ်ခန်းမအပြင်သို့ ခေါ်လာခဲ့၏။ ဝမ်ဖုန်းသည် ရှန်ရှန့်ကျုံဂိုဏ်းက အလုံအလောက်အင်အားမကြီးသေးသည့်အချိန်၌ ပြင်ပဂိုဏ်း၌နေရန်စီစဉ်ထားခဲ့သည်။
ကမ္ဘာငယ်လေးထဲရှိ ဂိုဏ်းဌာနချုပ်သည် ကောင်းမွန်သော်လည်း ချီစွမ်းအင်ပါဝင်မှုက နည်းပါးကာ တပည့်များ၏ ကျင့်ကြံခြင်းအတွက် မကိုက်ညီပေ။ ချီစွမ်းအင်သွေးကြောအား ဖမ်းယူပြီးသည့်နောက်မှ ကမ္ဘာငယ်လေးထဲရှိ ဂိုဏ်ဌာနချုပ်က တဖြည်းဖြည်းချင်းပြောင်းလဲလာပေလိမ့်မည်။
"စနစ် ၊ ကျပန်းဆင့်ခေါ်ခွင့်ကို သုံးမယ်!"
ဂိုဏ်းချုပ်ခန်းမအပြင်ဘက်သို့ ထွက်လာသည့်အခါ၌ ဝမ်ဖုန်းသည် အလဟဿမနေခဲ့ပေ။ သူက နောက်ဆုံး အကြီးအကဲအား ဆင့်ခေါ်ခဲ့လေသည်။
"ဒင် ၊ ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ ကျူးယုယန် ၊ ယင် ကို ဆင့်ခေါ်ပြီးတဲ့နောက်မှာ စွမ်းရည်ဇယားကိုစစ်ဆေးမလား"
သူ၏စိတ်ထဲမှ အသံထွက်လာသည့်အခါ၌ ဝမ်ဖုန်း၏အမူအရာက အေးခဲသွားခဲ့သည်။ အစက သူသည် ဒီတစ်ခေါက်တွင် ဓားဧကရာဇ် ရှဲ့ရှောင်ဖုန်းအား ဆင့်ခေါ်မိလိမ့်မည်ဟု ခန့်မှန်းထားခဲ့သည်။ သို့သော် ယင် ဧကရီ ကျူးယုယန် အား ဆင့်ခေါ်မိလိမ့်မည်ဟု ထင်မထားခဲ့ချေ!
ဝမ်ဖုန်းက ကျူးယုယန်ကို ဘယ်လိုလုပ်မသိဘဲနေမှာလဲ? နတ်ဆိုးဂိုဏ်းရဲ့ နံပါတ် ၁ ၊ နတ်ဆိုးဂိုဏ်း ဆရာသခင် ရှစ်ယောက်၏ ခေါင်းဆောင်။ အကယ်၍ သူမက ကောင်းကင်နတ်ဆိုးကျင့်စဉ် 18 ဆင့်အား မကျင့်ကြံနိုင်ရန် နတ်ဆိုးဧကရာဇ် ရှီကျစ်ရွှယ်ထံမှ လှည့်စားမခံခဲ့ရပါက သူမ၏ ခွန်အားက နက်နဲနေပေလိမ့်မည်!
"စစ်ဆေးမယ်!"
စဉ်းစားပြီးသည့်နောက်တွင် ဝမ်ဖုန်းက တုံ့ဆိုင်းခြင်းမရှိခေါင်းညိမ့်ခဲ့သည်။
"ဒင် ၊ ဧကရီ ကျူးယုယန် ရဲ့ စွမ်းရည်ဇယားက အောက်ပါအတိုင်းပါ:
နာမည် : ကျူးယုယန်
ကျင့်ကြံခြင်း : ဆန်းကြယ်အင်ပါယာ အလယ်အလတ်အဆင့်
ထူးခြားစွမ်းရည် ၊ ကောင်းကင်နတ်ဆိုးကျင့်စဉ် ၊ ကျောက်စိမ်းနှင့် ကျောက်တုံး လောင်ကျွမ်းခြင်း
ရွှယ်ပိုင် : ယင်ဟို ဓား!"
ကျူးယုယန်၏ စွမ်းရည်ဇယားအားကြည့်ပြီး ဝမ်ဖုန်းသည် စိတ်ကျေနပ်စွာခေါင်းညိမ့်ခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ဧကရီ ယင် သည် ယန်ရှီစန်းလောက် ထိတ်လန့်စရာမကောင်းသော်လည်း သူမသည်လည်း အလွန်အစွမ်းထက်ပေသည်။
ယင် ဧကရီ ၊ ကျူးယုယန်အား ဆင့်ခေါ်ပြီးသည့်အခါ၌ ဝမ်ဖုန်းနှင့် အခြားသူများသည်လည်း ဂိုဏ်းချုပ်ခန်းမမှ ထွက်လာခဲ့ကြသည်။ ဝမ်ဖုန်းနှင့် အခြားသူများ ရောက်လာသည့် အခါ၌ ချီမိန်ချွေရွှယ် နှင့် အခြားသူများက ခန်းမထဲ၌ ရောက်နေပြီး စောင့်နေကြလေသည်။
ရှန်ရှန့်ကျုံဂိုဏ်း၏ အကြီးအကဲသုံးယောက်ဖြစ်သည့် ချီမိန်ချွေရွှယ် ၊ ယဲ့ကူချန် ၊ ယန်ရှီစန်းတို့က အကြီးအကဲထိုင်ခုံ၌ ထိုင်နေသည့်အခါတွင် မဟာနတ်ဆိုးရွှမ်ရှသည် သူတို့၏ အောက်၌ ထိုင်နေခဲ့သည်။ လင်းဖေးဝူနှင့် အခြားတပည့်များက ခန်းမထဲ၌ ထိုင်နေခဲ့ကြသည်။
"ဂိုဏ်းချုပ် ကို အရိုအသေပေးပါတယ်!"
သူတို့သည် ဝမ်ဖုန်းအားတွေ့သည့်အခါ၌ လူတိုင်းက ထကာ အရိုအသေပေးခဲ့ကြသည်။ ယန်ရှီစန်း နှင့် အခြား မာနကြီးသည့် ဓားလူသားများပင် ပါလေသည်။
"အဲ့လောက် ယဉ်ကျေးမနေပါနဲ့!"
ဝမ်ဖုန်းသည် လက်ကိုဝှေ့ယမ်းကာ အလေးမထားစွာပြောပြီး ဂိုဏ်းချုပ်ထိုင်ခုံ၌ ထိုင်ခဲ့သည်။
"ဒါက ရှန်ရှန့်ကျုံဂိုဏ်းရဲ့ တပည့်အသစ်ပဲ!"
ဝမ်ဖုန်းသည် မုယွင်ဖေးအား ပြကာ ကျယ်လောင်စွာအော်ပြောခဲ့သည်!
"ယွင်ဖေးက အကြီးအကဲတွေကို နှုတ်ဆက်ပါတယ်!" မုယွင်ဖေးသည် ယဲ့ကူချန် နှင့် အခြားသူများအား တစ်ချက်ကြည့်ခဲ့ပြီး သူ၏ နှလုံးအိမ်က တုန်လှုပ်ကာ အလျင်အမြန်အရိုအသေပေးခဲ့ပြီး ယဲ့ကူချန် နှင့် အခြားသူများအား မော်မကြည့်ဝံ့ခဲ့ချေ။ သူ၏ တော်ဝင်မင်းသားအဆင့်ဖြင့် သူသည် ပို၍ နက်ရှိုင်းစွာ နားလည်နိုင်ပေသည်။ ယဲ့ကူချန် နှင့် အခြားသူများအပေါ်၌ရှိသည့် ကြောက်ရွံ့ဖွယ် ဓားအာရုံက သူတို့သုံးယောက်အား ပြိုင်ဘက်ကင်းထက်ရှသည့် ဓားသုံးလက်ဟု ထင်ရစေကာ လူအများအား သူတို့ကို တိုက်ရိုက်မကြည့်ဝံ့စေခဲ့ပေ!
မုယွင်ဖေး၏ အပြုအမူကိုကြည့်ပြီး ယဲ့ကူချန် နှင့် အခြားသူများက အနည်းငယ်ခေါင်းညိမ့်ခဲ့ကြသည်။
မုယွင်ဖေးက ယဲ့ကူချန် နှင့် အခြားသူများအား နှုတ်ဆက်ပြီးသည့်အခါ၌ ဝမ်ဖုန်းသည် မတွေ့တာကြာပြီဖြစ်သည့် လီချင်းအားကြည့်ခဲ့သည်။ ဝမ်ဖုန်းသည် သိသိသာသာဝ်ိတ်ကျလာခဲ့သည့် လီချင်းအားတွေ့သည့် အခါ၌ ကျေနပ်စွာခေါင်းညိမ့်ခဲ့လေသည်။
လီချင်းက သေမျိုးသာဖြစ်နေဆဲဖြစ်သော်လည်း သူ၏ ရုပ်ခန္ဓာက သိသိသာသာသန်မာလာခဲ့ပြီး လီချင်း၏ ခန္ဓာကိုယ်အတွင်း၌ တဖြည်းဖြည်းချင်းနိုးထနေသည့် နက်နဲပြီး စွမ်းအားကြီးသည့် အားတစ်ခုကို ခံစားနိုင်ပေသည်။
ဤသည်က လီချင်း၏ ပြိုင်ဘက်ကင်းရုပ်ခန္ဓာဖြစ်မည်ဟု သိထားလေသည်။ လက်းဖေးဝူထံမှ အဆက်မပြတ် အရိုက်ခံရပြီးသည့် နောက်တွင် ၎င်းက အသက်ဝင်ရန် ယိမ်းယိုင်လာပြီးဖြစ်သည်။
ဝမ်ဖုန်း၏ အကြည့်အား သတိထားမိသည့်အခါ၌ လီချင်းဟ မျက်နှာသည် အလိုမကျမှုဖြင့် ပြည့်နှက်လာပြီး စိတ်ဆိုးနေသည့် ချွေးမတစ်ယောက်ကဲ့သို့ ကြည့်နေခဲ့သည်။
ဝမ်ဖုန်းသည် လီချင်း၏ မကျေနပ်သည့်အကြည့်အား လျစ်လျူရှုခဲ့သည်။ သူက တစ်ခုခုပြောတော့မည့် အချိန်၌ သူသည် လေဟာနယ်အတွင်းရှိ တုန်လှုပ်မှုတစ်ခုအား ချက်ချင်းသတိထားမိပြီး မော့ကြည့်ခဲ့သည်။ ချီမိန်ချွေရွှယ် နှင့် အခြားသူများသည်လည်း သူတို့၏ ခန္ဓာကိုယ်မှ စူးရှမှုများထွက်ပေါ်လာခဲ့သည်။
ဟမ်!
လေထုထဲမှ ကျက်သရေရှိကာ ဆွဲဆောင်မှုရှိသည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်!