← Chapters

မဟာချွမ် အင်ပါယာ

Vol. 33 Ch. 482

မဟာချွမ် အင်ပါယာ

Vol. 33 Ch. 482

“အဖေ.. ဒီတိုင်းပဲ ဘေးကနေ ထိုင်ကြည့်နေတော့မှာလား”

ကျိယောင်ရွှယ်က အဟာကျိုးဧကရာဇ်ကို အပြစ်တင်သလို ကြည့်လိုက်၏။

“ပထမတစ်ချက်.. ဆူဇီမိုက ကျမရဲ့ အသက်သခင်ကျေးဇူးရှင်ပဲ.. အရင်တုန်းကဟာတွေကို ခဏထားလိုက်ဦး.. ဒီတစ်ခေါက် ရှေးဟောင်းတိုက်ပွဲမြေမှာ သူ့ကြောင့်သာ မဟုတ်ရင် ကျမက ကျွင်းဟောက်နဲ့ အခြားသူတွေလက်ထဲမှာ အကြိမ်ကြိမ်သေသွားလောက်ပြီ”

“ဒုတိယတစ်ချက်.. သူက မဟာကျိုးရဲ့ နံပါတ်တစ်နတ်ပန်းပဲဆရာပဲ.. သူ့ရဲ့အကန့်အသတ်မဲ့ ပါရမီနဲ့ဆို သူက နောက်အနာဂတ်မှာ မဟာနတ်ပန်းပဲဆရာတစ်ယောက် ဖြစ်လာမှာပဲ”

“တတိယအချက်က ပိုတောင် အရေးပါသေးတယ်.. သူက နဝမမြောက် မရီးဒါန်ကို ဖွင့်ပြီး ဒဏ္ဍာရီလာ အန္တိမအခြေတည်အဆင့်ကို ရောက်နေပြီ.. အဲ့ဒါက သမိုင်းတစ်လျှောက်မှာ လူသားဧကရာဇ်ပြီးရင် ဒုတိယမြောက်ပုဂ္ဂိုလ်ပဲ.. သူ့လို ပါရမီရှင်တစ်ယောက်က မဟာကျိုးရဲ့ စိတ်ဝင်စားမှုကို ရရှိဖို့ မထိုက်တန်ဘူးတဲ့လား”

ကျိယောင်ရွှယ်က တစ်ချိန်လုံးတိတ်ဆိတ်နေသောဧကရာဇ်ကို အချက်သုံးချက်ဖြင့် ထိုးနှက်လိုက်၏။

တစ်ကယ်တော့ နောက်ဆုံးအချက်က ဧကရာဇ်၏စိတ်ကို အလှုပ်ခတ်စေဆုံး ဖြစ်လေသည်။

သူသာ အန္တိမအခြေတည်အဆင့်တစ်ယောက်ကို သူ့လက်အောက်သို့ သွတ်သွင်းနိုင်ခဲ့လျှင် မဟာကျိုးအင်ပါယာက နောင်တစ်ချိန်မှာ အခြားအင်ပါယာသုံးခုစလုံးကို နှိမ်နင်း၍ ထျန်ဟွမ်မြောက်ပိုင်းဒေသကြီးတစ်ခုလုံးကို သိမ်းပိုက်စိုးမိုးနိုင်တာမျိုး ဖြစ်လာနိုင်လေသည်။

သို့သော်လည်း သွေးကျီးကန်းနန်းတော်သခင်သည် ကမ္ဘာဦးမျိုးနွယ်ကိုးစုမှ စုန်းမျိုးနွယ်ဝင်တစ်ယောက် ဖြစ်နေလေသည်။

သူသာ ဤကိစ္စမှာ မှားယွင်းကိုင်တွယ်မိလျှင် ထျန်ဟွမ်မြောက်ပိုင်းဒေသကြီးကို စိုးမိုးအုပ်ချုပ်နိုင်ဖို့နေနေသာ၊ မဟာကျိုးအင်ပါယာတစ်ခုလုံးက အပျက်အစီးပုံဘဝသို့ပင် ကျရောက်သွားနိုင်လေသည်။

လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းကျော်က မဟာချွမ်အင်ပါယာဟုခေါ်သော ကြီးမားသည့်ပိုင်နက်နယ်မြေကြီးတစ်ခုက ဤကုန်းမြေပေါ်မှာ တည်ရှိခဲ့ဖူးလေသည်။

မဟာချွမ်အင်ပါယာက လက်ရှိမဟာကျိုးအင်ပါယာထက် များစွာပို၍ စွမ်းအားကြီးမားပြီး ပို၍လည်း ကျယ်ဝန်းလေသည်။

မဟာချွမ်အင်ပါယာ၏ ပိုင်နက်နယ်မြေထဲမှာ ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ ထိပ်သီးဂိုဏ်းကြီးများပင် တည်ရှိခဲ့လေသည်။ ဗုဒ္ဓကျောင်းတော်များထဲမှာ နှစ်ကျောင်းက မဟာချွမ်အင်ပါယာမှာ တည်ရှိခဲ့ဖူး၏။

မဟာချွမ်အင်ပါယာမှာ ဗုဒ္ဓတာအိုက ကျက်သရေထွန်းတောက်ခဲ့လေသည်။

သို့သော်လည်း ကံဆိုးမိုးမှောင်ကျ၍ ကပ်ဆိုးတစ်ခုက ရောက်ရှိလာခဲ့၏။

ညတွင်းချင်းပင် မဟာကျိုးအင်ပါယာက အစိတ်စိတ်အမွှာမွှာ ပြိုကွဲ၍ မြို့တော်တစ်ခုလုံးက အပျက်အစီးပုံဘဝသို့ ပြောင်းလဲသွားခဲ့၏။

ထို့ကြောင့်ပင်.. ထျန်ဟွမ်မြောက်ပိုင်းဒေသကြီးတစ်ခုလုံးက ဝရုန်းသုန်းကားဖြစ်၍ နေရာတိုင်းမှာ စစ်မီးတောက်ခဲ့၏။ အသက်ပေါင်း သန်းချီ၍ သေကြေပျက်စီးခဲ့ရပြီး အလောင်းများက နေရာတိုင်းမှာ ပြန့်ကျဲနေခဲ့၏။

ထိုအချိန်မှစ၍ မဟာချွမ်အင်ပါယာက လေနှင့်အတူ ပျောက်ကွယ်သွားခဲ့လေသည်။

နေရာတစ်ခုလုံးက ခေါင်းဆောင်မဲ့၍ လူတစ်လူငါတစ်မင်း ဖြစ်လာခဲ့၏။

ထို့နောက် မဟာပြည်နယ်ခွဲလေးခုက နေရာပေါင်းများစွာကို ပြန်လည်စုစည်း၍ လျှင်မြန်စွာ မြင့်တက်လာခဲ့ပြီး မဟာကျိုး၊ မဟာရှန်၊ မဟာရှနှင့် မဟာယွီဟူ၍ ယနေ့ထျန်ဟွမ်မြောက်ပိုင်းဒေသ၏ အင်ပါယာလေးခု ဖြစ်လာခဲ့လေသည်။

တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် မဟာချွမ်အင်ပါယာ၏ ပျက်စီးမှုကနေ ယနေ့အင်ပါယာလေးခုက တည်ထောင်ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်လေသည်။

ထိုကပ်ဆိုးကို ဖြစ်ပေါ်လာစေခဲ့သူမှာ ကမ္ဘာဦးမျိုးနွယ်ကိုးစုထဲမှတစ်စု ဖြစ်လေသည်။

မဟာကျိုးအင်ပါယာ၏ မိသားစုဘိုးဘေးက ရှင်သန်နေထိုင်လာခဲ့သည်မှာ နှစ်တစ်သောင်းကျော်ခဲ့ပြီဖြစ်ပြီး မဟာအင်ပါယာတစ်ခု၏ ဖျက်ဆီးခံရမှုကို ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ခဲ့၏။ ထိုသို့ဖြင့် ကမ္ဘာဦးမျိုးနွယ်ကိုးစု၏ ကြောက်စရာကောင်းမှုက သူ့စိတ်ထဲမှာ စွဲထင်နေခဲ့လေသည်။

ဓမ္မဝိသေသပညာရှင်.. တာအိုအရှင်တစ်ပါးအနေနှင့် သူက ရှေ့ထွက်လာပြီး မူလနတ္ထိအဆင့်မှာရှိသော သွေးကျီးကန်းနန်းတော်သခင်ကို လှဲချဖို့က မိသားစုဘိုးဘေးအတွက် အခက်အခဲ မရှိပေ။

သို့သော်လည်း သူက စုန်းမျိုးနွယ်မှ စွမ်းပကားကြီးမားသည့် မျိုးနွယ်စုခေါင်းဆောင်ကြီးများ၏ အမျက်ဒေါသကို နှိုးဆွမိသွားပါက...

မဟာကျိုးအင်ပါယာဆယ်ခုရှိလျှင်တောင်.. သူတို့အားလုံးက ဖျက်ဆီးခံရပေလိမ့်မည်။

တိုက်ပွဲက ပို၍ပို၍ ပြင်းထန်လာပြီး ဆန်းကြယ်တောင်ထွတ်က အကောင်းဘက်မှာ ရှိမနေပေ။ ဆူဇီမိုတစ်ယောက်တည်းက အခြေအနေတစ်ခုလုံးကို မထိန်းချုပ်နိုင်ပေ။

သူက ဘယ်လောက်ပင် သန်မာပါစေ.. နိုးထဝိညာဉ်အဆင့်တိုက်ပွဲကွင်းပြင်ကိုတောင် ဝင်ရောက်မစွက်ဖက်နိုင်သည့်အတွက် ဆန်းကြယ်တောင်ထွတ်၏ ကံကြမ္မာကို သူက ဘယ်လိုများ ဆုံးဖြတ်ပေးနိုင်ပါ့မလဲ။

ကျိယောင်ရွှယ်က စိတ်ရှုပ်ထွေး သောကများလာ၏။ သူ့အဖေက တိတ်ဆိတ်မြဲတိတ်ဆိတ်နေသည်ကို တွေ့သောအခါ သူမက မနေနိုင်တော့ဘဲ ပြောလိုက်၏။

“အဖေ.. ဘာတွေကို တုံ့ဆိုင်းနေသေးတာလဲ.. အဖေဘာသာ ဆုံးဖြတ်ချက် မချနိုင်ဘူးဆိုရင်လဲ မဟာကျိုးဘိုးဘေးဆီသို့ သတင်းပေးပို့ပြီး အကြံဉာဏ်တောင်းကြည့်ပါလား”

ဧကရာဇ်က သတိပြန်ဝင်လာပြီး ခေါင်းခါကာ တည်ငြိမ်စွာ ပြောလိုက်၏။

“မိသားစုဘိုးဘေးက ဒီကိစ္စကို လုံးဝ သဘောတူမှာ မဟုတ်ဘူး”

“အဖေ ကြိုးစားမကြည့်သေးဘဲနဲ့ ဘယ်လိုလုပ် သိနိုင်မှာလဲ”

သူမက မျက်တောင်မခတ်ဘဲ သူမ၏ အဖေကို ကြည့်နေလိုက်၏။

ကျိယောင်ရွှယ်၏ ရင်ထဲမှာ ဘယ်လောက်တောင် စိုးရိမ်ပူပန်၍ သောကများနေသည်ကို ဧကရာဇ်သည် ရှင်းလင်းစွာ မြင်နိုင်၏။ ထိုသို့ဆိုလျှင်တောင် သူမက သူမကိုသူမ အကောင်းဆုံးထိန်းချုပ်၍ သူမ၏ စကားများထဲမှာ အတိုက်အခံပြုလုပ်ခြင်း မပါရအောင် ကြိုးစားနေ၏။

သူသည် စိတ်ထဲကနေ ကြိတ်ပြီး သက်ပြင်းချလိုက်၏။

တစ်ကယ်ဆို လူငယ်မျိုးဆက်တွေကြားမှာ သူနှင့်တူပြီး ဧကရာဇ်ဖြစ်လာဖို့ အလားအလာရှိသည့် မင်းသားများစွာ မရှိပေ။ သူ၏ ဤသမီးတစ်ယောက်သာလျှင် ရှိ၏။

သို့သော်လည်း ကျိယောင်ရွှယ်က အမျိုးသမီးတစ်ယောက် ဖြစ်နေသည့်အတွက် သူ၏ အမွေအနှစ်ကို မရယူနိုင်ပေ။

“ဆူဇီမိုက အန္တိမအခြေတည်အဆင့်ကို ရောက်အောင် ကျင့်ကြံနိုင်ပြီး ဒုတိယလူသားဧကရာဇ်ဖြစ်လာတဲ့အတွက် သူက အံ့မခန်း ပြိုင်စံရှားတစ်ယောက်ဆိုတာ ငါဝန်ခံပါတယ်.. သူ့ရဲ့ အနာဂတ်အောင်မြင်မှုတွေက မှန်းဆလို့တောင် မရနိုင်ဘူး.. ဒါပေမယ့်လဲ...”

ဧကရာဇ်က ခေါင်းစဉ်ပြောင်း၍ လေးနက်စွာ ပြောလိုက်၏။

“ဆူဇီမိုက မကြာခင် သေရတော့မှာပဲ.. သူ့မှာ အနာဂတ် မရှိတော့ဘူး.. အဲ့ဒါကြောင့်မို့ အနာဂတ်အလားအလာတွေအကြောင်း ငါတို့ပြောစရာ မလိုတော့ဘူး.. ဒီတစ်ခေါက် ဆန်းကြယ်တောင်ထွတ်ရော ဆူဇီမိုရောက ဒီကပ်ဘေးကနေ ကျော်လွှားနိုင်လိမ့်မယ်လို့ ငါမထင်တော့ဘူး”

ကျိယောင်ရွှယ်က အနည်းငယ် အတွန့်တက်လိုက်၏။

“အဲ့လို ယတိပြတ်တော့ ပြောလို့ ဘယ်ရဦးမလဲ”

ဧကရာဇ်က တင်းမာစွာနှင့် ပြန်ပြောလိုက်၏။

“တစ်ကယ်လို့.. ဆူဇီမိုသာ ဒီကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင်..."

သူသည် ဆက်မပြောတော့ဘဲ ကျိယောင်ရွှယ်ကို အဓိပ္ပါယ်ပါပါ မော့ကြည့်လိုက်၏။

ထိုအချိန်၌ သူ့စိတ်ထဲမှာ ဆုံးဖြတ်ချက်တစ်ခု ချပြီးလေပြီ။

ဆူဇီမိုသာ ဤကပ်ဘေးကနေ ရှင်သန်နိုင်ခဲ့လျှင် သူသည် ဖြစ်လာမည့် အကျိုးဆက်များကို လုံးဝဂရုမစိုက်တော့ဘဲ ကျိယောင်ရွှယ်ကို သရဖူ လွှဲပေးပေမည်။

. . .

တောအုပ်ဘက်ခြမ်းတွင်..

“အဲ့မှာ ဘာအခွင့်အရေးမှ မရှိတော့ဘူး”

ဂူရှီက ခေါင်းခါလိုက်၏။

“အဲ့လူက ပေါ်မလာမှတော့ ဆန်းကြယ်တောင်ထွတ်က သွားပြီ”

“ဒေါ်လေးဂူ.. သူ့ကို ကယ်တင်နိုင်မယ့် အခြားနည်းလမ်း မရှိတော့ဘူးလား” နတ်ဆိုးမကျိက မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။

“ငါက နောက်ပိုင်း-နိုးထဝိညာဉ်အဆင့်ပဲ.. ငါဝင်ပါရင်တောင် အလွန်ဆုံး ငါလုပ်ပေးနိုင်တာက နိုးထဝိညာဉ်အဆင့်တိုက်ပွဲကွင်းပြင်ကို တည်ငြိမ်ပေးနိုင်ရုံလောက်ပဲ.. ဒါပေမယ့်လို့ ဟိုတိမ်လွှာပေါ်က ဆန်းကြယ်တောင်ထွတ်ရဲ့ တောကောင်အိုကြီးက သိပ်ကြာကြာတောင့်ခံနိုင်တော့မယ်ပုံ မပေါ်ဘူး”

ဂူရှီက နှမြောတမ်းတစွာ ပြန်ဖြေလိုက်၏။

“သမိုင်းတစ်လျှောက်မှာ ဒုတိယလူအနေနှင့် အန္တိမအခြေတည်အဆင့်ကို ရောက်လာခဲ့တဲ့ ဆူဇီမိုက နောက်ထပ်ကြီးထွားခွင့် မရှိတော့ဘဲနဲ့ သေရတော့မှာ တစ်ကယ်နှမြောဖို့ ကောင်းလိုက်တာ”

နတ်ဆိုးမကျိ၏ မျက်လုံးများက မှိန်ကျသွား၏။

ဂူရှီက သက်ပြင်းချလိုက်၏။

“လွန်ခဲ့တဲ့ နှစ်တစ်သောင်းက ပေါ်ပေါက်ခဲ့တဲ့ ကပ်ဘေးက ကျင့်ကြံရေးလောကမှာ တော်တော် ရိုက်ချက်ပြင်းခဲ့တာပဲ.. ဆန်းကြယ်တောင်ထွတ်အတွက်နဲ့ စုန်းမျိုးနွယ်လို သန်မာတဲ့မျိုးနွယ်တစ်ခုနဲ့ ဘယ်ကျင့်ကြံသူ၊ ဘယ်ဂိုဏ်းကများ ရန်သူဖြစ်ချင်ပါ့မလဲ”

. . .

ဆန်းကြယ်တောင်ထွတ်အောက်ခြေတွင် သွေးများက မြစ်တွေလို စီးဆင်း၍ အလောင်းများက တောင်တွေလို ပုံထပ်လာ၏။

ရွှေအမြုတေတိုက်ပွဲကွင်းပြင်တွင် ဆူဇီမိုက သူ၏ သန်မာသော ကိုယ်ကာယနှင့် ကြောက်စရာကောင်းသော လှုပ်ရှားမှုနည်းစနစ်များကို သုံးကာ အဆက်မပြတ် တိုက်ပွဲဝင်၍ အရေးမနိမ့်ရအောင် စွမ်းဆောင်ထားနိုင်လေသည်။

သို့သော်လည်း နိုးထဝိညာဉ်အဆင့်တိုက်ပွဲကွင်းပြင်မှာ ဆန်းကြယ်တောင်ထွတ်က အပြတ်အသတ် ရှုံးနိမ့်နေလေပြီ။

သူတို့မှာ နိုးထဝိညာဉ်အဆင့် တစ်ရာကျော်ရှိခဲ့သော်လည်း အခုဆို တစ်ဝက်ကျော်လောက်က သေကုန်ကြလေပြီ။ ကျန်နေသေးသော နိုးထဝိညာဉ်များကလည်း ဒဏ်ရာများကိုယ်စီနှင့် အလူးအလဲ ကြိုးစားခုခံနေရ၏။

ဆန်းကြယ်တောင်ထွတ် ချေမှုန်းခံရဖို့က အချိန်တစ်ခုသာ လိုတော့လေသည်။

တိမ်လွှာများထက်ရှိ အင်မော်တယ်ကြိုးကြာအိုကြီး၏ အခြေအနေကလည်း ပိုတောင် ဆိုးရွားနေသေး၏။

အစကတည်းက အင်မော်တယ်ကြိုးကြာအိုကြီးက ရှင်သန်ရမည့်အချိန် သိပ်မကျန်ရှိတော့ပေ။ သူမ၏ ကျင့်ကြံမှုအဆင့်ကို မမြှင့်တင်နိုင်ပါက ဤကပ်ဘေးနှင့် မကြုံတွေ့ရလျှင်တောင် သူမက နောက်ထပ် နှစ်ပေါင်း သုံးလေးဆယ်ထက် ပိုနေရတော့မည် မဟုတ်ပေ။

သူမ၏ အစစ်အမှန်ပုံစံက ပီဖန့်ဖြစ်ပြီး မူလသွေးမျိုးဆက်ကြမ်းကြုတ် ငှက်တစ်ကောင်ဖြစ်သော်လည်း ယခုသူမက အိုနေပြီဖြစ်တာကြောင့် သူမ၏ တိုက်ခိုက်ရည်က ယခင်သူမ၏ အထွတ်အထိပ်မှာ ရှိခဲ့စဉ်ကထက် ထက်ဝက်တောင် မကျန်တော့ပေ။

သူမနှင့် တိုက်ခိုက်နေကြသော မူလနတ္ထိပညာရှင်ငါးယောက်တွင် စုန်းမျိုးနွယ်က တစ်ယောက်တောင် ပါလေသည်။ တိုက်ပွဲ၏ ဤအခြေအနေအရောက်တွင် အင်မော်တယ်ကြိုးကြာအိုကြီးက လမ်းဆုံးခါနီးသို့ ရောက်လာလေပြီ။

ဒဏ်ရာများက တစ်ကိုယ်လုံး ပြည့်နှက်၍ သူမ၏ အကြည့်က မှေးမှိန်လာပြီး သူမ၏ ငှက်မွေးတောင်များက အဆက်မပြတ် ကျွတ်ကျနေ၏။ သူမ၏ ကိုယ်ပေါ်က မီးတောက်များကတောင်မှ စတင်၍ ငြိမ်းသေလာလေပြီ။

သွေးကျီးကန်းနန်းတော်သခင်က သူ၏ အရိုးတောင်ဝှေးကို ဝေ့ရမ်း၍ အလွန်တရာ ဆိုးယုတ်သော သွေးမြားတစ်စင်းကို ပစ်လွှတ်လိုက်၏။

“ဖောက်”

ကြိုးကြာအိုကြီးသည် အချိန်မီ ရှောင်နိုင်ခြင်းမရှိဘဲ သူမ၏ တောင်ပံပေါ်တွင် လက်မောင်းလုံးလောက် နောက်ထပ်သွေးသံရဲရဲအပေါက်ကြီးတစ်ခုက ပေါ်လာ၏။

ထိုဒဏ်ရာမှ တဗျစ်ဗျစ် အသံမြည်၍ ၎င်း၏ ဘေးပတ်လည်ရှိ သူမ၏ အသားများကို တိုက်စားသွားလေသည်။ သွေးများက အိုင်ထွန်းကျ၍ ညှီစို့စို့အသံက ထွက်လာကာ ကြိုးကြာအိုကြီးသည် နာကျင်စွာ ညည်းတွားလိုက်၏။

ထို့နောက်ချက်ချင်းပင် အခြားသော မူလနတ္ထိလေးယောက်၏ တိုက်ခိုက်မှုများက အင်မော်တယ်ကြိုးကြာအိုကြီးပေါ်သို့ တဖွဲ့ဖွဲ့ကျဆင်းလာ၏။

ဖောက်.. ဖောက်..

သူမ၏ ခန္ဓာကိုယ်ပေါ်တွင် နောက်ထပ်ဒဏ်ရာကြီးနှစ်ခုက ပေါ်လာပြီး သွေးများက ပန်းထွက်လာလေသည်။

အင်မော်တယ်ကြိုးကြာအိုကြီး၏ ခန္ဓာကိုယ်က ပေါက်ကွဲလုမတတ် ဖြစ်သွားပြီး သူမ၏ ခြေတစ်ဖက်က သွင်သွင်ကျိုးထွက်သွားလေသည်။ အဲ့ဒါက ဝမ်းနည်းရင်နင့်စရာမြင်ကွင်းဖြစ်ပြီး သူမသည် ယိမ်းထိုး၍ ပြုတ်ကျလုနီးပါး ဖြစ်သွားရ၏။

တည်ထောင်သူသခင် ကွယ်လွန်သွားပြီးကတည်းက ကြိုးကြာအိုကြီးသည် ဆန်းကြယ်တောင်ထွတ်ကို နှစ်ပေါင်းထောင်ချီ၍ ကာကွယ်စောင့်ရှောက်လာခဲ့၏။ နောက်ဆုံးအချိန်ထိတိုင်အောင် သူမသည် လုံးဝအလျှော့မပေးဘဲ သူမ၏ အစွမ်းကုန်ကို ထုတ်ဖော်၍ တိုက်ခိုက်ပေးနေ၏။

ထိုမြင်ကွင်းကို မြင်သောအခါ ဆန်းကြယ်တောင်ထွတ်မှ လူတိုင်း၏ နှလုံးက ကွဲကြေကုန်ကြလေသည်။

“စီနီယာကြိုးကြာ”

ဂိုဏ်းချုပ်လင်းယွမ်က ရင်နင့်စွာ အော်ဟစ်လိုက်၏။

ရလဒ်က ဆုံးဖြတ်ပြီးသွားလေပြီ။ အင်မော်တယ်ကြိုးကြာအိုကြီး ကျဆုံးသွားသည်နှင့် ဆန်းကြယ်တောင်ထွတ်မှ လူတိုင်းသည် စဉ်းတီတုံးပေါ် ရောက်ရှိလာသော ငါးများကဲ့သို့ သတ်ဖြတ်သုတ်သင်ခံရပေတော့မည်။

“ဟဟဟားဟား”

သွေးကျီးကန်းနန်းတော်သခင်က လှောင်ရယ်လိုက်၏။

“တောကောင်အိုကြီး.. ငါ နင့်ကို ပြောပါတယ်.. ဒီနေ့ ဆန်းကြယ်တောင်ထွတ်ကို ငါအမြစ်လှန်တော့မှာလို့.. ဘယ်သက်ရှိမှ မကျန်စေရဘူး”

All Chapters