ထွက်သွားလို့ မရတော့ဘူး
Vol. 33 Ch. 486
တိမ်လွှာများထက်တွင် မူလနတ္ထိငါးယောက်က စတင်တိုက်ခိုက်နေကြချိန် နိုးထဝိညာဉ်တိုက်ပွဲကွင်းပြင်မှာလည်း ဆက်လက်တိုက်ခိုက်နေကြပြီဖြစ်၏။
နှစ်ဖက်စလုံး၏ တိုက်ပွဲအရှိန်အဟုန်က ပြင်းထန်မြင့်တက်လာ၏။
“မင်းတို့ကောင်တွေ.. ဆူဇီမိုကို သွားသတ် သွား.. မြန်မြန်လုပ်နိုင်လေ ကောင်းလေပဲ”
အခြေအနေက မဟန်တော့ဘူးဆိုတာကို နားလည်လိုက်ပြီး သွေးကျီးကန်းဘုရင်က ပေါ့ပေါ့တန်တန် သဘောမထားရဲတော့ဘဲ နိုးထဝိညာဉ်ဆယ်ယောက်ကို အမိန့်ပေးခိုင်းစေလိုက်၏။
နိုးထဝိညာဉ်အရေအတွက်မှာ သွေးကျီးနန်းတော်က အတော်လေး အသာစီးရယူထားလေသည်။
ဆန်းကြယ်တောင်ထွတ်ဘက်တွင် ဂိုဏ်းချုပ်လင်းယွမ်ဦးဆောင်သော နိုးထဝိညာဉ်က နှစ်ဆယ်ကျော်ကျော်လောက်သာ ကျန်ရှိတော့ပြီး သူတို့အားလုံးက ဒဏ်ရာများကိုယ်စီနှင့် မောဟိုက်နေကြပြီဖြစ်၏။ သူတို့သည် ဆက်လက်မတိုက်ခိုက်နိုင်တော့လုနီးပါးပင်။
သွေးကျီးကန်းဘုရင်က သူ၏ အစစ်အမှန်ပုံစံကို ပြောင်းလဲထားပြီး အဲ့ဒါက သွေးနီရောင်မျက်လုံးများနှင့် နက်မှောင်နေသော ကျီးကန်းကြီးတစ်ကောင်ဖြစ်လေသည်။ သူက ကျန်ရှိနေသော နိုးထဝိညာဉ်များကို ဦးဆောင်၍ လင်းယွမ်တို့အဖွဲ့ကို အပြင်းအထန် တိုက်ခိုက်နေကြ၏။
အခြေအနေမှ ရုန်းထွက်နိုင်ခြင်း မရှိဘဲ .. ဆူဇီမိုဆီသို့ နိုးထဝိညာဉ်ဆယ်ယောက် ချီတက်သွားတာကို လင်းယွမ်နှင့် အခြားသူများသည် လှမ်းကြည့်နေရုံသာ တတ်နိုင်ကြလေသည်။
ဆူဇီမိုသည် ရင်ထိတ်သွား၏။
သူက ဘယ်လောက်ပဲ သန်မာပါစေ၊ ဝှက်ဖဲဘယ်လောက်ပဲ ရှိပါစေ.. နိုးထဝိညာဉ်များ၏ စွမ်းအားကိုတော့ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
နိုးထဝိညာဉ်တစ်ယောက်ထံမှ ဓမ္မအတတ်တစ်ခုက ဆူဇီမိုလို အခြေတည်အဆင့်တစ်ယောက်ကို လွယ်လင့်တကူ သတ်ဖြတ်ဖို့ လုံလောက်တာထက်တောင် ပိုနေသေးလေသည်။
နိုးထဝိညာဉ်ဆယ်ယောက်က သူ့ဆီသို့ လာနေချိန်တွင် ဆူဇီမိုက လေထဲမှာ လက်ဟန်ချိတ်စည်းများကို လှုပ်ရှားလိုက်၏။
ကြောက်စရာကောင်းသည့် စွမ်းအင်အတက်အကျများက လေထဲမှာ ပေါ်လာ၏။
နမော်နမဲ့ မလုပ်ရဲဘဲ ဆူဇီမိုသည် သူ၏ စိတ်ဝိညာဉ်တောင်ပံများကို ဖြန့်၍ သုတ္တန်တစ်ခုကို ကြိတ်ပြီး ရွတ်ဆိုနေလိုက်၏။ သူသည် မိစ္ဆာဂိုဏ်းများမှ လျှို့ဝှက်ပညာရပ်တစ်ခုဖြစ်သည့် သွေးစတေးထွက်ပြေးခြင်းကို ထုတ်ဖော်ပြီး အဝေးကို ထွက်ပြေးဖို့ အဆင်သင့်ပြင်ထားလိုက်၏။
သူသည် အခြေအနေကို ရှင်းလင်းစွာ ဖတ်ထားပြီးဖြစ်၏။
အနက်ရောင်ဝတ်လူ၏ ခွန်အားက ကြောက်မက်ဖွယ်ရာကောင်းပြီး အလွန်တရာ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိလေသည်။ သူက သူ့ကိုယ်သူ အချိန်နည်းနည်းကြာ အသက်ရှင်အောင် ထိန်းထားနိုင်ဖို့သာ လိုလေသည်။ မူလနတ္ထိများ၏ တိုက်ပွဲက မကြာခင် ပြီးဆုံးတော့မည်ဖြစ်ပြီး နန်းတော်သခင်က ရှုံးတော့ပေမည်။
ရုတ်တရက်..
ဆူဇီမို၏ ရှေ့တွင် သွယ်လျသည့်ပုံရိပ်တစ်ခုက ပေါ်လာ၏။
“အမ်.. သူပဲ”
ဆူဇီမိုသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
သူ့ရှေ့မှလူက ဇာပိတ်စခြုံထားသည့် ညှို့ငင်ဓါတ်နှင့် အမျိုးသမီး ဖြစ်လေသည်။
“နင်ကတော့ သေချင်နေပြီထင်တယ်”
“မင်းက သက်သက်လာပြီး အသေခံနေတာပဲ”
ပြေးဝင်ချလာသော နိုးထဝိညာဉ်ဆယ်ယောက်က အော်ဟစ်၍ ဓမ္မအတတ်များကို ထုတ်ဖော်လိုက်ကြ၏။
သက်တံရောင်ဝဲဂယက်များနှင့် သင်တုန်းဓါးသွားလို ထက်ရှနေသော ဓါးရှည်များ၊ ကျောက်တိုင်ကြီးများလောက် တုတ်ခိုင်သည့် သတင်းလိုကြည်လင်နေသော လက်ချောင်းများ၊ တောင်တစ်လုံးလောက် လေးလံသည့် ကြောက်စရာကောင်းသော လက်သီးကြီးများ.. စသည်ဖြင့် တဖွဲ့ဖွဲ့ ကျရောက်လာကြ၏။
ဓမ္မအတတ်များက ကောင်းကင်တစ်ခွင် ပြည့်နှက်၍ ဇာပိတ်စခြုံထားသည့် အမျိုးသမီးနှင့် ဆူဇီမိုတို့ နှစ်ယောက်စလုံးအပေါ်သို့ လွှမ်းခြုံကျဆင်းလာလေသည်။
ဇာပိတ်စခြုံထားသည့် အမျိုးသမီး၏ အမူအယာက ပြောင်းလဲသွားခြင်း မရှိဘဲ သူမ၏ မျက်လုံးများက လှောင်ပြောင်လိုရိပ်နှင့် လက်သွား၏။
ရုတ်တရက်..
သူမက တောက်ပစွာ ပြုံးလိုက်ပြီး သူမ၏ မျက်လုံးများမှ ညှို့ငင်ဓါတ်အလင်းက ဝင်းလဲ့ရွှန်းစိုလာ၏။
ဇာပိတ်စခြုံထားသည့် အမျိုးသမီးက သာမန်ပုံစံဟု ထင်ရသော်လည်း သူမ၏ အပြုံးက ကြယ်များနှင့် လကိုပင် မှေးမှိန်သွားစေ၏။ သူမ၏ မျက်လုံးများက ရေမျက်နှာပြင်ကဲ့သို့ တလက်လက်ထနေပြီး လူတိုင်း၏ နှလုံးသားကို တလျှပ်လျှပ်ခုန်သွားစေ၏။
နောက်ခဏမှာပင် ဓမ္မအတတ်များအားလုံးက ပျောက်ကွယ်သွား၏။
ထိုမြင်ကွင်းကိုကြည့်ပြီး အမျိုးသမီး၏ နည်းလမ်းများနှင့် ပတ်သတ်၍ ကျင့်ကြံသူအားလုံးသည် တုန်လှုပ်သွားကြ၏။
ဆူဇီမိုသည် ခဏမျှ စဉ်းစားတွေးတောပြီးနောက် ဇာပိတ်စခြုံထားသည့် အမျိုးသမီး၏ သရုပ်သကန်ကို မှန်းဆမိလာ၏။
ဤအမျိုးသမီးက နတ်ဆိုးမကျိ မဟုတ်သော်လည်း သူမက သေချာပေါက် ထိုမိန်းကလေးနှင့် လေးနက်သည့် ဆက်ဆံရေး ရှိရပေမည်။
ယခု ဤအမျိုးသမီး၏ ကျင့်ကြံမှုအဆင့်နှင့် သတင်းအချက်အလက်အချို့ကို ပေါင်းစပ်ကြည့်သည့်အခါ သူမ၏ သရုပ်သကန်က ပေါ်ပေါက်လုနီးပါး ဖြစ်လာလေပြီ။
အဲ့ဒါက ရတနာ့ကောင်းကင်လေလံအိမ်တော်မှ ဘဏ္ဍာစိုးခေါင်းဆောင် ဂူရှီ ဖြစ်ဖို့ များလေသည်။
ချက်ချင်းပင် အေးစက်စက် အလင်းတန်းဆယ်ခုက နိုးထဝိညာဉ်ဆယ်ယောက်၏ နဖူးများထဲသို့ ပစ်ဝင်သွား၏။
ခဏမျှ ရပ်တန့်ပြီးနောက် နိုးထဝိညာဉ်ဆယ်ယောက်၏ မျက်လုံးများက အရောင်မှိန်ကျသွားပြီး အသက်ဓါတ်ကင်းမဲ့ကာ လေထဲကနေ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျလာ၏။
နိုးထဝိညာဉ်များအနေဖြင့် သူတို့၏ နှလုံးသားက ကွဲကြေသွားလျှင်တောင် သူတို့က သေမှာ မဟုတ်ပေ။
နိုးထဝိညာဉ်များ၏ တစ်ကယ့်အားနည်းချက်က သူတို့၏ အမြုတေဝိညာဉ်ဖြစ်လေသည်။
ဂူရှီ၏ တန်ပြန်တိုက်ခိုက်မှုက နည်းနည်းလေးတောင် ညှာတာမှု မရှိဘဲ သူတို့၏ အမြုတေဝိညာဉ်များကို ချေမွဖျက်ဆီး၍ နေရာမှာတင် တန်းသေသွားစေလေသည်။
ဆူဇီမိုက တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။
သူတို့ဘက်မှ နိုးထဝိညာဉ်ဆယ်ယောက် သေဆုံးသွားသည်ကို မြင်သောအခါ သွေးကျီးကန်းဘုရင်နှင့် အခြားသူများ၏ အလွန်တရာ သုန်မှုန်သွားကြ၏။
“ငါတို့ရဲ့ အရေအတွက်နဲ့ဆို ငါတို့က အခြေတည်အဆင့်ကျင့်ကြံသူလေးတစ်ယောက်ကိုတောင် မသတ်နိုင်ဘူးဆိုတာ ငါမယုံဘူး”
သွေးကျီးကန်းဘုရင်က အံ့ကိုကြိတ်၍ ရက်စက်ကောက်ကျစ်စွာကြည့်ပြီး ကိုယ်တိုင်ဝင်ရောက်တိုက်ခိုက်ဖို့ ပြင်လိုက်၏။
ဇာပိတ်စခြုံထားသည့် အမျိုးသမီးက စကားပြောလိုက်၏။ သူမ၏ အသံက အလွန်တရာ နှစ်လိုဖွယ်ရာကောင်းပြီး ညှို့ငင်ဓါတ်ဖြင့် ပြည့်နေ၏။
“အားလုံးပဲ.. ကျမဆီလာပြီး ရှင်တို့ရဲ့ စွမ်းအင်ကို ဖြုန်းတီးမနေကြပါနဲ့.. ကျမကို ဘယ်သူမှ ကျော်ဖြတ်နိုင်မှာ မဟုတ်လို့လေ”
ပကတိသက်ရှိကန်းလန်နှင့် အခြားသူများ၏ မျက်နှာအမူအယာက မချင့်မရဲနှင့် မကျေမချမ်း ဖြစ်လာကြ၏။
ဆူဇီမိုရဲ့ စွမ်းဆောင်ရည်က ဘယ်လောက်တောင် ကောင်းထားလိုက်ပါသလဲ။ သူက အခြေတည်အဆင့်ပဲ ရှိသေးတာတောင် ပညာရှင်နှစ်ယောက်က ရှေ့ဆင့်နောက်ဆင့် ပေါ်လာပြီး သူ့ကို ကာကွယ်ခုခံပေးလာကြ၏။
ဝုန်း..
ရုတ်တရက် တိမ်လွှာများကြားမှ ကျယ်လောင်သည့်အသံက မြည်ဟည်းလာ၏။
နိုးထဝိညာဉ်များအားလုံးသည် အလိုလို ရပ်တန့်၍ မော့ကြည့်လိုက်ကြ၏။
အစစ်အမှန်မီးစွမ်းအင်ဂိုဏ်း၏ တာအိုသက်ရှိလျောင်ယွမ်နှင့် တောင်ပိုင်းတောင်တန်းဂိုဏ်း၏ တာအိုသက်ရှိလောင်ယန်တို့က တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျလာသည်ကို သူတို့ မြင်လိုက်ကြရ၏။
ရုတ်တရက် တိုက်ပွဲကွင်းပြင်မှာ ဒီရေက ပြောင်းလဲသွားလေပြီ။
အခြေအနေမကောင်းတော့တာကို နားလည်လိုက်ပြီး အချို့လူများသည် လျှပ်တပြက် ဆုံးဖြတ်ချက်ချကာ ဝရုန်းသုန်းကာ တိုက်ပွဲကွင်းပြင်ကနေ နောက်ဆုတ်၍ လှည့်ပြေးကုန်ကြ၏။
နန်းတော်သခင်နှင့် တာအိုသက်ရှိဟန်မင်းတို့သည် အနက်ရောင်ဝတ်လူ၏ သွေးပင်လယ်ကို ခုခံနိုင်နေကြသေးသော်လည်း သူတို့၏ကိုယ်က ယိမ်းထိုး၍ မျက်နှာများက ဖြူလျော့ကာ ညည်းညူနေရ၏။
တာအိုသက်ရှိဟန်မင်းသည် အနက်ရောင်ဝတ်လူ၏ နည်းလမ်းများတွင် မခံစားနိုင်တော့ဘဲ နောက်ဆုံး ဦးညွှတ်၍ တုန်ရီနေသော အသံဖြင့် လှမ်းပြောလိုက်၏။
“ကျေးဇူးပြုပြီး သနားညှာတာ ကျေနပ်ပါတော့ တာအိုရောင်းရင်းရယ်.. ကျုပ်မှားခဲ့တယ်ဆိုတာ ကျုပ်သိပါပြီ.. ကျုပ် အခုပဲ ထွက်သွားပါ့မယ်.. ကျုပ်အသက်ရှင်နေသမျှ ဆန်းကြယ်တောင်ထွတ်ကို ဘယ်တော့မှ ခြေမချတော့ပါဘူး”
ထိုအသံကို ကြားသောအခါ ဆန်းကြယ်တောင်ထွတ်မှ လူတိုင်းသည် စိတ်ခံစားချက်များ မြင့်တက်လာကြပြီး သူတို့ရင်ထဲက မကျေနပ်ချက်များကို ဖြေဖျောက်ဖို့အတွက် ကောင်းကင်ထက်သို့ မော့၍ အော်ဟစ်ကြွေးကြော်ချင်စိတ်များ ပေါက်လာကြ၏။
မူလနတ္ထိပညာရှင်တစ်ယောက်ကပင် သူ့ဘဝတစ်လျှောက်လုံး ဆန်းကြယ်တောင်ထွတ်ကို ခြေမချတော့ပါဘူးဟု ကျိန်ဆို၍ ဦးညွှတ်သွားရသည်ဆိုသော ခံစားချက်က...
ထိုအချိန်မှာပင် တိမ်လွှာများအထက်မှ အနက်ရောင်ဝတ်လူ၏ အသံက တစ်ဖန် ထွက်ပေါ်လာ၏။
“အခုမှတော့ ထွက်သွားချင်လို့ မရတော့ဘူးလေ.. နောက်ကျသွားပြီ”
ဆန်းကြယ်တောင်ထွတ်၏ အထက်မှာရော၊ အောက်မှာရော တိတ်ဆိတ်ငြိမ်သက်သွားကြ၏။
အနက်ရောင်ဝတ်လူ၏ အော်ရာကြောင့် လူတိုင်းသည် တုန်လှုပ်မှင်တက်သွားကြ၏။
သူက အခုချိန် ထွက်သွားချင်တယ်ဆိုရင်တောင် မရတော့ဘူးတဲ့လား။
တာအိုသက်ရှိဟန်မင်းသည် ထိတ်လန့်တုန်လှုပ်သွားပြီး သူ့အသံက တုန်ရီလာ၏။
“ခင်ဗျား.. အဲ့ အဲ့ဒါက ဘာ ဘာအဓိပ္ပါယ်လဲဗျ.. ကျုပ် ကျုပ် တောင်းပန်ပြီးသွားပြီလေ”
သူက စကားများပင် အထစ်ထစ်အငေါ့ငေါ့ ဖြစ်လာ၏။
“အခုမှတော့ ပြောနေလဲ အပိုပဲ.. သေလိုက်တော့”
အနက်ရောင်ဝတ်လူက သူ၏ နဖူးကို လက်ညိုးထိုးလိုက်၏။
ချက်ချင်းပင် အဲ့ဒါက တောက်ပလင်းလက်လာပြီး သွေးပင်လယ်ဝဲကတော့တစ်ခုက ဖြစ်ပေါ်လာ၏။
အနက်ရောင်ဝတ်လူက သွေးပင်လယ်ဝဲကတော့ထဲကနေ ဆေဘာတစ်လက်ကို ဆွဲထုတ်လိုက်၏။ အစတုန်းက အဲ့ဒါက သေးငယ်သော်လည်း မြောက်များလှစွာသော သတ်ဖြတ်လိုစိတ်နှင့်အတူ အဲ့ဒါက ပြန့်ကားလာ၏။
ထိုဓါးသွားပေါ်တွင် သွေးအင်းကွက်များက အတန်းလိုက် ရှိနေ၏။
အနက်ရောင်ဝတ်လူက သူ့လက်ကောက်ဝတ်ကို လှည့်လိုက်သောအခါ သူ့ဆေဘာက တုန်ခါလာ၏။ ချက်ချင်းပင် သွေးအင်းကွက်များက ကြွတက်လာပြီး ဓါးသွားပေါ်မှာ သွေးကြောများအလား ဖြစ်လာကာ သွေးရနံ့က လေထဲမှာ ထုံသင်းလာ၏။
“သူက ဆေဘာသမားပဲလား”
အနက်ရောင်ဝတ်လူက ဆေဘာတစ်လက် ဆွဲထုတ်လိုက်သည်ကို မြင်သောအခါ ဆူဇီမိုသည် ခဏမျှ တောင့်ခဲသွားပြီးနောက် သူ့စိတ်ထဲတွင် အတွေးတစ်ခုက ဖျတ်ကနဲ ပေါ်လာ၏။
အနက်ရောင်ဝတ်လူက ရှေ့သို့ ခြေတစ်လှမ်းတက်ပြီး ခုတ်ပိုင်းချလိုက်၏။ ဆေဘာအလင်းက ဖြာကနဲ လက်သွားပြီး တာအိုသက်ရှိဟန်မင်းကို လွှမ်းခြုံကာ သူ၏ ထွက်လမ်းအားလုံးကို ပိတ်ဆို့သွား၏။
“မင်း အတင့်ရဲမလာနဲ့လေ”
တာအိုသက်ရှိဟန်မင်းက စူးစူးဝါးဝါး အော်ဟစ်၍ သူ့နဖူးကိုတောက်ကာ တလက်လက် တောက်ပနေသော ဓါးပျံတစ်လက်ကို ဆွဲထုတ်လိုက်၏။
တစ်ချိန်တည်းမှာပင် သူသည် သိုလှောင်အိတ်ထဲကနေ ဒိုင်းကာတစ်လက်ကို ဆွဲထုတ်ပြီး သူ၏ ဓမ္မစွမ်းအာကို ထိုးသွင်းကာ အဲ့ဒါကို ပြန့်ကားသွားစေပြီး သူ့ခေါင်းပေါ်မြှောက်၍ ကာလိုက်၏။