← Chapters

အရမ်းကို ရဲတင်းနေတာပဲ

Vol. 33 Ch. 488

အရမ်းကို ရဲတင်းနေတာပဲ

Vol. 33 Ch. 488

သွေးကျီးကန်းနန်းတော်သခင်သည် မှုန်နေအောင် ပြေးထွက်သွားလေသည်။

ကျန်ရှိနေသော ကျင့်ကြံသူများသည် ကြောင်အမှင်တက်ကုန်ကြ၏။

ဆန်းကြယ်တောင်ထွတ်က ကပ်ဘေးကျရောက်၍ ချေမှုန်းဖျက်ဆီးခြင်း ခံရတော့မည်ဟု အားလုံးက မှတ်ထင်ထားချိန်တွင် ကျင့်ကြံသူတစ်ယောက်က ပေါ်လာပြီး ရလဒ်ကို ပြောင်းပြန်လှန်ပစ်ခဲ့၏။

သွေးကျီးကန်းနန်းတော်နှင့် အခြားဂိုဏ်းကြီးလေးဂိုဏ်း၏ အားသက်ချက်များက အကုန်ပျောက်ကွယ်သွားလေပြီ။

ဆူဇီမို၏ အကြည့်က တောက်လောင်ပြင်းပြနေပြီး သူက လူအုပ်ကြီးထဲကို ဝေ့ကြည့်လိုက်၏။ သူသည် ပကတိသက်ရှိကန်းလန်ကို လုံးဝရှာမတွေ့တော့ဘဲ ကြိတ်ရယ် လှောင်ရယ်လိုက်၏။

“မင်းက အပြေးတော့ မြန်သားပဲ”

များစွာသော ကျင့်ကြံသူများသည် ဆူညံအော်ဟစ်၍ အဘက်ဘက်သို့ ထွက်ပြေးကုန်ကြ၏။

သွေးကျီးကန်းဘုရင်က တိမ်လွှာများအထက်တွင် ရပ်နေသော ကြောက်စရာကောင်းသည့်သူကို လှမ်းကြည့်လိုက်၏။ သူ့အကြည့်က အငြိုးအတေးများနှင့် ပြည့်နေပြီး နောက်ခဏ၌ လှည့်ထွက်ပြေးလိုက်၏။

ရုတ်တရက်..

“ဟမ့်”

ယန်ပေးချန်က လှည့်လိုက်ပြီး သူ၏ အလွန်တရာ ထက်ရှသော အကြည့်က သွေးကျီးကန်းဘုရင်ပေါ်သို့ ချက်ချင်းကျရောက်သွား၏။

“မင်းကများ ငါ့ကို သတ်ဖြတ်လိုစိတ်နဲ့ ကြည့်ရဲတယ်ပေါ့လေ”

ချက်ချင်းပင် သွေးကျီးကန်းဘုရင်သည် ကျောရိုးတစ်လျှောက် ချမ်းတုန်သွားပြီး သူ့ခြေလက်များက အေးစက်လာ၏။ သူ့ခန္ဓာကိုယ်ထဲရှိ သွေးစီးဆင်းမှုက ရပ်တန့်သွားသည်ဟု ထင်ရလေသည်။

“မင်းက တော်တော်ရဲတင်းနေတာပဲ”

ကျယ်လောင်သည့် အော်သံကြီးက တိမ်လွှာများကြားမှ ဖြတ်သန်းလာပြီး များစွာသော ကျင့်ကြံသူများ၏ နားထဲမှာ ပဲ့တင်ထပ် မြည်ဟည်းသွား၏။

ချက်ချင်းပင် ကြီးမားသည့် ဆေဘာအလင်းကြီးက လေထုကို ဖြတ်သန်း၍ ကောင်းကင်ထက်ကနေ ကျဆင်းလာ၏။

ဝုန်း..

မြေပြင်က တုန်ခါလာပြီး တောင်တန်းများက တုန်ရီသွား၏။

ဆေဘာအလင်းက ထွက်ပြေးနေကြသော လူအုပ်ကြီးထဲသို့ ပစ်ဝင်သွားပြီး သွေးမြူများက နေရာတိုင်းမှာ ပြန့်ကျဲသွား၏။

အခုမှ သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲ၍ စတင်ထွက်ပြေးနေသော သွေးကျီးကန်းဘုရင်၏ ကိုယ်က ယန်ပေးချန်၏ ဆေဘာခုတ်ချက်ဖြင့် ပြတ်သတ်ထွက်သွားပြီး အလောင်းပင် မကျန်ခဲ့တော့ပေ။

အလောင်းများက ကြောက်စရာကောင်းလောက်အောင် ပြန့်ကျဲသွားပြီး မြေပြင်က သွေးများဖြင့် နီစွေးသွားလေသည်။

ထိုခုတ်ချက်ကြောင့် အနည်းဆုံး နိုးထဝိညာဉ်ဆယ်ယောက်ကျော်လောက် သေဆုံးသွားကြ၏။

အဲ့ဒီမှာ သေဆုံးသွားကြသော ရွှေအမြုတေများနှင့် အခြေတည်အဆင့်များက ပိုတောင်များသေးလေသည်။ သူတို့က ဆေဘာအလင်းမှ ရုန်းကန်ထွက်ပေါ်လာသော သတ်ဖြတ်ခြင်းချီများကိုတောင် ခံနိုင်ရည် မရှိကြပေ။

နောက်ဆုံး ယန်ပေးချန်၏ ထိုခုတ်ချက်ပြီးနောက် ဆန်းကြယ်တောင်ထွတ်၏ ကပ်ဘေးစစ်ပွဲက အဆုံးသတ်သွားလေတော့သည်။

ဆန်းကြယ်တောင်ထွတ်မှ ကျင့်ကြံသူများသည် ကပ်ဘေးကနေ ရှင်သန်ဖြတ်ကျော်လာနိုင်ခဲ့ပြီးနောက် စိတ်သက်သာရာ ရသွားကြ၏။

သို့သော် ချက်ချင်းပင် တောင်ခြေမှာ ပြန့်ကျဲနေသော အလောင်းများကို မြင်တွေ့ပြီးနောက် သူတို့သည် ဝမ်းနည်းကြေကွဲသွားကြလေသည်။

သူတို့အားလုံးက သူတို့၏ ဂိုဏ်းသားအဖော်များပင်။

သူတို့သည် ဆန်းကြယ်တောင်ထွတ်မှာ အတူကြီးပြင်း အတူကျင့်ကြံ၍ ဆိုးယုတ်သူများကို နှိမ်နင်းကာ ပြည်သူပြည်သားများကို နှစ်ပေါင်းများစွာ ကြာအောင် အတူရင်ဆိုင်ကာကွယ်ပေးခဲ့ကြ၏။

သို့သော် အခုအခါ သူတို့ထဲမှ အများစုက ဤတိုက်ပွဲမှာ ကျဆုံးကုန်ကြပြီး နောက်ဘယ်တော့မှ ပြန်တွေ့နိုင်ကြတော့မည် မဟုတ်ပေ။

ဒါက မနှိုင်းယှဉ်သာလောက်အောင် ရက်စက်ကြမ်းကြုတ်လှသော ကျင့်ကြံရေးလောကပင် ဖြစ်လေသည်။

အသက်ဓါတ်ပြန်ခေါ်ဆေးလုံးကို စားသုံးပြီးနောက် အင်မော်တယ်ကြိုးကြာအိုကြီး၏ ဒဏ်ရာအများစုက သက်သာပျောက်ကင်းလာပြီး သူမသည် ဘဝသစ်တစ်ခုကို ပြန်လည်ရရှိလာ၏။

သို့သော်လည်း အင်မော်တယ်ကြိုးကြာအိုကြီး၏ မျက်လုံးထဲတွင် ငြီးငွေ့စိတ်ပျက်သော အကြည့်ကို မြင်နိုင်သေးလေသည်။

ဤတိုက်ပွဲက သူမ၏ အသက်ဓါတ်အဆီအနှစ်အားလုံးနီးပါးကို ကုန်ဆုံးသွားစေခဲ့၏။

သူမသာ ရှေ့သို့ ခြေတစ်လှမ်း ဆက်မတိုးနိုင်လျှင် သူမက ဒီနေရာမှာတင် အားလုံးကို နှုတ်ဆက်ရပေတော့မည်။

သူမက ကြမ်းကြုတ်ငှက်၏ ပုံစံမှာပင် ရှိနေပြီး အင်မော်တယ်ကြိုးကြာအိုကြီးက ဆန်းကြယ်တောင်ထွတ်မှာ ခြေတစ်ဖက်တည်းဖြင့် ရပ်ပြီး မျက်လုံးနှစ်ဖက်ကို မှိတ်ကာ ကျင့်ကြံနေ၏။ သူမ၏ ခန္ဓာကိုယ်တွင်းမှ စွမ်းအားတစ်ခုက တဝုန်းဝုန်းမြည်၍ ပေါက်ကွဲထွက်ပေါ်လာ၏။

သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ အရေပြားများက ကွဲအက်၍ သူမ၏ အစိမ်းရောင်ငှက်မွေးတောင်များက ပြာကျသွား၏။ သို့သော်လည်း အားလုံး၏ ရှေ့မှောက်မှာတင် သူမ၏ အရေပြားအသစ်က ပြန်လည်ကြီးထွားလာပြီး အစိမ်းရောင်ငှက်မွေးများကလည်း ပြန်ပေါက်လာကာ တောက်ပရွှန်းစိုသော အရောင်ဖြင့် လက်လက်ထနေ၏။

သူမ၏ ခန္ဓာကိုယ်မှ ငြိမ်းသေသွားသော မီးတောက်များကလည်း မူလအတိုင်း တစ်ဖန်ပြန်ပေါ်လာ၏။

အင်မော်တယ်ကြိုးကြာအိုကြီး၏ အခြေအနေက တဖြည်းဖြည်းနှင့် ပြန်ကောင်းလာနေလေသည်။

ကြိုးကြာလေးက ပျော်ရွှင်စွာ အော်မြည်၍ ခုန်ပေါက်နေ၏။

ဂိုဏ်းချုပ်လင်းယွမ်သည် ဆေးလုံးများကို ပါးစပ်အပြည့်ထည့် မျိုချ၍ သူ၏ ဒဏ်ရာများရရှိနေသော ခန္ဓာကိုယ်ကြီးကို တရွတ်တိုက်ဆွဲ၊ သူ၏ စိတ်ဝိညာဉ်ကို စုစည်း၍ အခြေအနေများကို ထိန်းချုပ်နေ၏။ ပထမဆုံးအနေနှင့် သူသည် တိုက်ပွဲကွင်းပြင်မှ ကျင့်ကြံသူများကို ဂိုဏ်းထဲသို့ ပြန်ဝင်၍ သူတို့၏ ဒဏ်ရာများကို ကုသဖို့ အမိန့်ပေးလိုက်၏။

ထို့နောက် သူသည် တိုက်ပွဲထဲတွင် မပါဝင်သော ချီစုဖွဲ့စစ်သည်တော်များကို ရှေ့ထွက်ပြီး တိုက်ပွဲကွင်းပြင်ကို ရှင်းလင်းဖို့ အမိန့်ပေးလိုက်၏။

သူသည် တိုက်ပွဲတွင် ဒဏ်ရာများ ပြင်းထန်စွာ ရရှိထားသော်လည်း လင်းယွမ်သည် စိုးထိတ်နေခြင်း မရှိဘဲ အခြေအနေကို ဆက်လက်ထိန်းချုပ်ကာ ခေါင်းဆောင်အရည်အချင်းကို ပြသနေ၏။

သူ့ညွှန်ကြားမှုများ ပြီးဆုံးသွားပြီးနောက် ဂိုဏ်းသားများက စည်းစနစ်ကျနစွာ လှုပ်ရှားလိုက်ကြ၏။

“တာအိုရောင်းရင်းတို့.. ကျေးဇူးပြုပြီး ခဏစောင့်ကြပါဦး”

ဇာပိတ်စခြုံထားသည့် အမျိုးသမီးက လှည့်ထွက်တော့မည်ကို မြင်သောအခါ လင်းယွမ်က ချက်ချင်း လှမ်းခေါ်ပြီး အလေးအနက် ဦးညွှတ်၍ ပကတိရိုးသားစွာနှင့် ပြောလိုက်၏။

“ခင်ဗျားရဲ့ ကူညီပေးမှုအတွက် ကျေးဇူးတင်ပါတယ်ဗျာ.. ဆန်းကြယ်တောင်ထွတ်မှာ တစ်ရက်နှစ်ရက်လောက် နေသွားပါဦးလားဗျာ.. ကျုပ်တို့ ဧည့်ဝတ်ကျေပွန်ချင်လို့ပါ”

“မလိုတော့ပါဘူး”

အမျိုးသမီးက ထူးမခြားနား အမူအယာဖြင့် လက်ကာပြလိုက်၏။

အမျိုးသမီး၏ ခိုင်မာပြတ်သားသည် စိတ်သဘောထားကို သိရှိလိုက်ပြီး လင်းယွမ်က အတင်းအကျပ် ဖိအားမပေးတော့ဘဲ လက်သီးဆုပ်လေးစားဟန် ပြလိုက်၏။

“ခင်ဗျားရဲ့ နာမည်နဲ့ ဘယ်ဂိုဏ်းကလဲဆိုတာ သိလို့ရမလားဗျ.. လတ်တလော အခြေအနေကြောင့် ကျုပ်က ဂိုဏ်းကနေ ထွက်ခွာလို့ မရသေးလို့ပါ.. ဒါပေမယ့် ဒီမှာ အခြေအနေတွေ အထိုင်ကျသွားရင် ကျုပ်ကိုယ်တိုင် ခင်းဗျားတို့ဂိုဏ်းကို လာပြီး ကျေးဇူးလာတင်ချင်လို့ပါ”

“ကျေးဇူးတင်ဖို့လဲ မလိုပါဘူး”

အမျိုးသမီးက ခေါင်းခါ၍ ဆူဇီမိုကို လှည့်ကြည့်လိုက်၏။

“ငါစောစောက ရှေ့ထွက်ခဲ့ရတယ်ဆိုတာ တစ်ယောက်ယောက်က မျက်နှာသာ ပြန်ပေးဖို့အတွက် နားပူနားဆာလုပ်နေလို့လေ”

ထိုစကားကိုကြားသောအခါ ဆူဇီမိုသည် ဆက်လက်ပြီး သံသယ မရှိတော့ပေ။

သူမကို နားပူနားဆာလုပ်ခဲ့သူက နတ်ဆိုးမကျိသာ ဖြစ်ရပေမည်။

ချက်ချင်းပင် သူက လှည့်ပတ်ကြည့်လိုက်သော်လည်း နတ်ဆိုးမကျိ၏ အရိပ်အယောင်ကို မမြင်ရပေ။

လင်းယွမ်သည် အမျိုးသမီး၏ အကြည့်နောက်သို့ လိုက်ပါကြည့်ရှုပြီးနောက် ခဏမျှ တောင့်ခဲသွား၏။

“ဇီမိုကြောင့်လား”

ထိုစကားကိုကြားသောအခါ ဆန်းကြယ်တောင်ထွတ်မှ အကြီးအကဲများသည်လည်း အိုးတမ်းအိုးတမ်း ဖြစ်သွားကြ၏။

အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်အတွက် စွမ်းအားကြီးသော နိုးထဝိညာဉ်တစ်ယောက်ကတောင် ရှေ့ထွက်လာပြီး မျက်နှာသာပြန်ပေးရတယ်တဲ့လား။

အမျိုးသမီးက ဆက်ပြောလိုက်၏။

“ရှင်တို့ ကျေးဇူးတင်ချင်တယ်ဆိုလဲ သူ့ကိုသာ တင်လိုက်ကြတော့”

ထိုသို့ပြောပြီးနောက် အမျိုးသမီးက ဆက်လက်ကြန့်ကြာမနေတော့ဘဲ အဝေးသို့ ပျံသန်းသွားလေတော့သည်။

လင်းယွမ်နှင့် အခြားသူများသည် ကမ္ဘာပေါ်မှာ အဖိုးအထိုက်တန်ဆုံးရတနာတစ်ခုကို အခုပဲ ရှာတွေ့လိုက်သည့်အလား ဆူဇီမိုကို ချီးကျူးထောမနာပြုလိုသည့် အကြည့်များဖြင့် ဝိုင်းကြည့်လိုက်ကြ၏။

ထိုအမျိုးသမီး၏ မှတ်ချက် မရှိခဲ့လျှင်တောင် ဆူဇီမိုသည် ဤတိုက်ပွဲမှာ မဟာအကျိုးတော်ဆောင်ခဲ့ပြီးဖြစ်၏။

ဒါ့အပြင် သူက အန္တိမအခြေတည်အဆင့်တစ်ယောက်လည်း ဖြစ်နေသေး၏။

အဲ့ဒါက သမိုင်းမှာ လူသားဧကရာဇ်ပြီးလျှင် ထိုအောင်မြင်မှု ရရှိသည် ဒုတိယမြောက်လူ ဖြစ်လေသည်။

သူသည် အခြေတည်အဆင့်မှာပင် ကြောက်စရာကောင်းသော အလားအလာများနှင့် တိုက်ခိုက်ရည်စွမ်းအားကို ပိုင်ဆိုင်ထားပြီး ရွှေအမြုတေများကိုပင် သတ်ဖြတ်နိုင်နေပြီဖြစ်၏။ သူ၏ အနာဂတ်အောင်မြင်များက သေချာပေါက် တိမ်လွှာများထက်က လူထက် အောက်ကျလိမ့်မည် မဟုတ်ပေ။

တစ်ကယ်တော့ တိုက်ပွဲ၏ အလှည့်အပြောင်းနှင့် သူတို့အောင်နိုင်ရသည့် အဓိကသော့ချက်က မိစ္ဆာဂိုဏ်းများ၏ အဆူရာ ဖြစ်နေဆဲဖြစ်၏။

သည့်အရင်က ဆန်းကြယ်တောင်ထွတ်မှ လူတိုင်းသည် မိစ္ဆာဂိုဏ်းများမှ လူများအပေါ် ပြင်းထန်သည့် အမုန်းတရားများ ရှိခဲ့ကြ၏။

သို့သော် အခုအခါမှာတော့ လူတိုင်းသည် မိစ္ဆာဂိုဏ်းများပေါ် သူတို့၏ အမြင်က ပြောင်းလဲလာခဲ့ပြီဖြစ်၏။ အနည်းဆုံးတော့ ယန်ပေးချန်အပေါ်မှာ ဖြစ်လေသည်။

သူက ဂိုဏ်းကို သစ္စာဖောက်ခဲ့သည်ဖြစ်စေ၊ ဆိုးယုတ်သည့် မိစ္ဆာတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်ဖြစ်စေ ကိစ္စမရှိတော့ပေ။ ဆန်းကြယ်တောင်ထွတ်က သူ့ထံ အသက်အကြွေးတင်သွားခဲ့သည်မှာ ငြင်းဆန်လို့ မရတော့ပေ။

လင်းယွမ်က ရှေ့ထွက်ပြီး ကျေးဇူးတင်ကြောင်း ပြောချင်မိ၏။

သို့သော်လည်း ယန်ပေးချန်က တိမ်လွှာများအထက် ပေထောင်ချီမှာ ရှိနေပြီး လင်းယွမ်သည် သူ၏ ကျင့်ကြံမှုအဆင့်အရ ထိုအမြင့်သို့ မတက်ရောက်နိုင်ပေ။

ယန်ပေးချန်သည် လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး အေးစက်စက် အမူအယာဖြင့် ရှိနေ၏။

ဘိုးဘေးအကြီးအကဲတစ်ယောက်က ခေါင်းခါပြီး ပြောလိုက်၏။

“ထားလိုက်တော့ မင်းက သူ့ဆီရောက်အောင် သွားနိုင်ရင်တောင် အဲ့လူရဲ့ အေးတိအေးစက်နဲ့ မာနကြီးတဲ့ပုံအရဆို သူက မင်းကို အဖက်တောင်လုပ်မှာ မဟုတ်ဘူး”

“ဟုတ်တယ်.. ဘာပဲဖြစ်ဖြစ် ငါတို့အားလုံးက သူနဲ့ယှဉ်ရင် တစ်ဆင့်ငယ်တဲ့မျိုးဆက်ပဲ.. စီနီယာကြိုးကြာပဲ သူနဲ့ စကားပြောဖို့ အဆင့်မီကောင်းမီလိမ့်မယ်” နောက်ထပ်ဘိုးဘေးအကြီးအကဲတစ်ယောက်က ထပ်ပြောလိုက်၏။

လင်းယွမ်က ခေါင်းညိတ်လိုက်လေသည်။

ထိုအချိန်မှာပင် အစက တိမ်လွှာများထက်မှာ ရှိနေသော ယန်ပေးချန်က ရုတ်တရက် ဆင်းချလာ၏။

ချက်ချင်းပင် သူက လူတိုင်း၏ ရှေ့သို့ ရောက်ချလာပြီး ဆူဇီမိုကိုကြည့်ကာ မှင်သေသေနှင့် ပြောလိုက်၏။

“ဆူဇီမို.. ငါ့နောက် လိုက်ခဲ့”

ထိုသို့ပြောပြီးသည်နှင့် သူသည် ဆန်းကြယ်တောင်ထွတ်၏ မိုးကြိုးထစ်ချုုန်းတောင်ကြားရှိရာဘက်သို့ လှည့်ထွက်သွားလေသည်။

ဆန်းကြယ်တောင်ထွတ်မှ လူတိုင်း တုန်လှုပ်သွားကြ၏။

စောစောက စကားပြောလိုက်သော ဘိုးဘေးအကြီးအကဲသည် သူ့လျှာသူ ကိုက်မိမတတ်ဖြစ်သွားပြီး မျက်လုံးပြူးသွား၏။

သူတို့နှစ်ယောက်က ... တစ်ယောက်ကိုတစ်ယောက် သိနေကြတာလား။

All Chapters