← Chapters

မျောက်စိတ်ကို ချိုးနှိမ်၍ မြူးထူးနေသောမြင်းကို ငြိမ်သက်စေခြင်း

Vol. 33 Ch. 493

မျောက်စိတ်ကို ချိုးနှိမ်၍ မြူးထူးနေသောမြင်းကို ငြိမ်သက်စေခြင်း

Vol. 33 Ch. 493

အင်မော်တယ်ကြိုးကြာအိုကြီးက သက်လတ်ပိုင်းရွယ် ချောမောလှပသော အမျိုးသမီးတစ်ယောက်အသွင်သို့ ပြန်လည်ပြောင်းလဲလိုက်၏။ သူမ၏ အသားအရေက အနီရောင်အနည်းငယ်သန်း၍ အသက်သုံးဆယ်စွန်းစွန်းအရွယ်လောက် ဖြစ်လေသည်။

သူမ၏ လက်တစ်ဖက်ကို သာမန်ပုံစံအတိုင်း ဝေ့ရမ်းလိုက်သောအခါ သူမ၏ ဝတ်ရုံစက ရှည်ထွက်လာပြီး ဆူဇီမိုကို ရစ်ပတ်၍ သူမရှေ့သို့ ချက်ချင်း ဆွဲခေါ်လိုက်၏။

“ဂုဏ်ယူပါတယ်.. စီနီယာ”

အင်မော်တယ်ကြိုးကြာကြီးက အဆင့်ချိုးဖျက်တက်လှမ်း၍ သူမ၏ ဘဝသက်တမ်းကို တိုးမြှင်နိုင်ခဲ့သည်ကို မြင်သောအခါ ဆူဇီမိုသည် အမှန်တစ်ကယ်ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်မိလေသည်။

ဓမ္မဝိသေသအဆင့်ပညာရှင်တစ်ယောက် ထပ်တိုးလာခြင်းနှင့်အတူ.. မဟာကျိုးနယ်မြေအတွင်းရှိ ခြေသလုံးအိမ်တိုင် ကျင့်ကြံသူများသည် ဆန်းကြယ်တောင်ထွတ်သို့ သေချာပေါက် ဝင်ရောက်လာကြမည်ဖြစ်ပြီး အနာဂတ်မှာ ဆန်းကြယ်တောင်ထွတ်က တိုးတက်မြင့်မားလာမည်မှာ မလွဲဧကန်ပင်။

“ငါက မင်းကို ကျေးဇူးတင်ရမှာပဲ”

ကြိုးကြာကြီးက ပြုံး၍ ဆန်းကြယ်တောင်ထွတ်အပြင်ဘက် တောအုပ်တွင်းတစ်နေရာသို့ လှမ်းကြည့်လိုက်၏။

“မိစ္ဆာဂိုဏ်းက တစ်စုံတစ်ယောက်က ချန်လေးကို အချိန်မီရောက်လာဖို့ သတင်းပေးခဲ့တယ်လေ.. ငါထင်တာတော့ သူက မင်းနဲ့ ပတ်သတ်နေပုံပဲ”

ဆူဇီမိုက ဆိတ်ဆိတ်နေ၏။

“မိစ္ဆာဂိုဏ်းတွေအပေါ် ငါက အမြင်စောင်းတာ မရှိပါဘူး.. အဲ့ကို တစ်ချက်သွားကြည့်လိုက်.. တစ်ယောက်ယောက်က မင်းကို စောင့်နေတာ တော်တော်ကြာနေပြီ” ကြိုးကြာကြီးက တောတွင်းတစ်နေရာသို့ လက်ညိုးထိုးပြီး ပြုံးနေလိုက်၏။

“ကောင်းပါပြီဗျ”

ဆူဇီမိုက ပြန်ပြုံးပြပြီး သူ့စိတ်ဝိညာဉ်တောင်ပံများကို ဖြန့်ကာ တောအုပ်ထဲသို့ ပျံသန်းသွားလိုက်၏။

တောအုပ်ထဲတွင် ပန်းရောင်ဝတ်မိန်းကလေးတစ်ယောက်က အနက်ရောင်ဆံကေသာများကို ဖြန့်ချထားပြီး မတ်တပ်ရပ်နေ၏။ သူမ၏ ဝတ်စုံရှည်က သူမ၏ ကောက်ကြောင်းများနှင့် ကွက်တိကျ၍ ထင်းနေစေ၏။

မိန်းကလေးသည် မျက်နှာပေါ်က မျက်နှာဖုံးကို ဖယ်ထားပြီးပြီဖြစ်ပြီး သူမသည် ပြစ်မျိုးမှဲ့မထင်သော အပြုံးနှင့် သူလာရာဘက်သို့ လှမ်းကြည့်နေ၏။

“ကျေးဇူးတင်ပါတယ်”

ဆူဇီမိုက ရောက်လာပြီးနောက် အတန်ကြာသည့်အထိ အသံတိတ်နေရာမှ နောက်ဆုံး စကားတစ်ခွန်း ပြောလိုက်၏။

“ခွိ”

နတ်ဆိုးမကျိက တစ်ချက်ရယ်လိုက်၏။

သူမ၏ မျက်လုံးများကို ပုတ်ခတ်၍ ညင်သာစွာ လှည့်ပတ်ကာ ဆူဇီမိုထံသို့ ရွှတ်နောက်နောက်ပုံစံနှင့် တိုးကပ်လာ၏။

မွှေးသော သင်းရနံ့က ဆွတ်ပျံ့လာ၏။

သူတို့၏ ပါးချင်းက အလွန်တရာ နီးကပ်သွားပြီးမှ နတ်ဆိုးမကျိက နူးညံ့စွာ အသက်ရှူရင်း မေးလိုက်၏။

“ရှင်က ကျမကို ဘယ်လိုမျိုး ကျေးဇူးတင်မှာလဲ”

ထိုသို့ပြောရင်း သူမ၏ ချယ်ရီနှုတ်ခမ်းလေးကို စိတ်မကျေနပ်သည့်ပုံစံနှင့် ကိုက်၍ ဆူဇီမိုကို မျှော်လင့်စောင့်စားစွာနှင့် ကြည့်လိုက်၏။

သူက မျက်လွှာချ၍ ဘုန်းတော်ကြီးတစ်ပါးကဲ့သို့ တည်ငြိမ်နေ၏။ သူသည် သူမ၏ အကြည့်နှင့် မဆုံရဲဘဲ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိ၏။

နှစ်ဝက်လောက် မတွေ့ရပြီးသည့်နောက်.. နတ်ဆိုးမကျိ၏ ညှို့ငင်ဖမ်းစားသည့် နည်းစနစ်များက ပိုလို့တောင် ကြောက်ဖို့ကောင်းလာ၏။

ဆူဇီမိုက ရေရွတ်လိုက်မိ၏။

“သူလဲ လူသားဧကရာဇ်နန်းတော်ကနေ အကျိုးအမြတ် အတော်လေး ရရှိခဲ့ပုံပဲ”

“ဟုတ်ပါပြီ ကျမ ရှင့်ကို ထပ်ပြီး မစတော့ပါဘူး”

နတ်ဆိုးမကျိက ပုံမှန်အတိုင်း ပြန်နေ၍ ဟက်ကနဲ တစ်ချက်ရယ်ကာ စိတ်အေးလက်အေးလေသံနှင့် ပြောလိုက်၏။

“ရှင်လဲ ကျမအသက်ကို ကယ်ပေးခဲ့တာပဲ.. ကျေးဇူးတင်စရာ မလိုပါဘူး”

ဆူဇီမိုသည် စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချလိုက်၏။

ခဏမျှ တိတ်နေပြီးနောက် နတ်ဆိုးမကျိက တိုးတိုးပြောလိုက်၏။

“ရှေးဟောင်းတိုက်ပွဲမြေမှာတုန်းက ရှင်ရန်စခဲ့တဲ့ လူတွေက နဲတာမဟုတ်ဘူးလေ.. မိစ္ဆာဂိုဏ်းထဲကို စီနီယာအဆူရာနဲ့ အတူတူ ဘာလို့ လိုက်မသွားတာလဲ.. သူ့ပုံစံက အေးတိအေးစက်နဲ့ ဆက်နွယ်ပတ်သတ်မှုတွေကို သိပ်ပြီး ဂရုမစိုက်ပေမယ့်လို့ ရှင့်ကို သူဆက်ဆံတဲ့ပုံစံကတော့ တော်တော်လေး အထူးတလည်ဖြစ်တာ ကျမ ပြောနိုင်တယ်”

ဆူဇီမိုက ခေါင်းခါပြလိုက်မိ၏။

နတ်ဆိုးမကျိက ဆက်ပြောလေသည်။

“ဥပစာရှေးဟောင်းတိုက်ပွဲမြေက ဖွင့်ဖို့ နောက်ထပ် နှစ်၂၀ပဲ လိုတော့တယ်.. ဆန်းကြယ်တောင်ထွတ်က ဥပစာရှေးဟောင်းတိုက်ပွဲမြေထဲကို ဝင်ဖို့ အဟန့်အတားကို ဖွင့်ပေးနိုင်မှာ မဟုတ်ဘူး.. အဲ့အချိန်ကျရင် ကျမကို လာရှာဖို့ မမေ့နဲ့သိလား.. ကျမ ရှင့်ကို ခေါ်သွားပေးမယ်”

“ငါတို့ အဲ့ဒါကို နောက်မှ ထပ်ဆွေးနွေးကြတာပေါ့.. ဘာပဲဖြစ်ဖြစ် နှစ် ၂၀တောင် လိုသေးတာပဲ.. လောစရာ မလိုသေးပါဘူး”

“အဲ့ဒါဆို.. ကျမ ပြန်တော့မယ်”

“အင်း”

ဆူဇီမိုက သူမကို သိပ်ပြီး ဖက်လဲတကင်း မရှိတာကို မြင်ပြီး နတ်ဆိုးမကျိသည် စိတ်ထဲမှာ မချင့်မရဲဖြစ်လာ၍ ကျွဲမြီးတိုသွားသောပုံစံနှင့် ညင်သာစွာ နှာတစ်ချက်မှုတ်လိုက်၏။

သူမက လှည့်ထွက်ရုံရှိသေးသည်.. မရဲတရဲဖြင့် သူ့အသံက ထွက်လာ၏။

“စင်ကြယ်အပျိုစင်ဂိုဏ်းရဲ့ ထောက်တိုင်ဆိုတာ ဘာအဓိပ္ပါယ်လဲ”

နတ်ဆိုးမကျိက ဆူဇီမိုကို ကျောပေးထားပြီး သူမ၏ မျက်နှာက ရှက်သွေးဖြာသွား၏။ သူမသည် အဲ့ဒါကို လျှင်မြန်စွာ ဖုံးကွယ်၍ ပြုံးစစနှင့် လှည့်ကြည့်လိုက်၏။

“အဲ့ဒါက ဘာအဓိပ္ပါယ်လို့ ရှင်ထင်လဲ”

“ငါ မသိဘူးလေ” ဆူဇီမိုက ခေါင်းခါလိုက်၏။

နတ်ဆိုးမကျိက ပြုံးလိုက်၏။

“ထောက်တိုင်တွေက ကျင့်ကြံဖို့အတွက် သုံးရတာပေါ့”

နတ်ဆိုးမကျိက သေချာစွာ အသေးစိတ် ရှင်းမပြချင်သည်ကို တွေ့လိုက်ရသည့်အတွက် ဆူဇီမိုက ထပ်ပြီး မေးမနေတော့ပေ။

“ကျမ သွားတော့မယ်”

သူမက ဆူဇီမိုကို ကျောပေးပြီး လက်ပြလိုက်၏။

“နောက်တစ်ခါကျမှ ကျမ ရှင့်ကို ထပ်စရဦးမယ်”

ထွက်ခွာသွားသော နတ်ဆိုးမကျိ၏ ကျောပြင်ကို ငေးကြည့်ရင်း ဆူဇီမိုသည် အသက်ပြင်းပြင်းတစ်ချက်ရှူကာ ဆန်းကြယ်တောင်ထွတ်ဘက်သို့ လှည့်ပြန်လာခဲ့တော့၏။

ဆူဇီမိုသည် တံခါးပိတ်ကျင့်ကြံဖို့ ရည်ရွယ်ထား၏။

သူ၏ အင်မော်တယ်ကျင့်ကြံမှုရော၊ သားရဲကျင့်ကြံမှုမှာပါ သူ၏ အမြုတေများကို ဖွဲ့တည်နိုင်ဖို့ ကြိုးစားရပေမည်။

. . .

ညအချိန်..

ဆန်းကြယ်တောင်ထွတ်၏ လိုဏ်ဂူခန်းဝါတစ်ခု၌..

ဆူဇီမိုသည် တင်ပျဉ်ခွေထိုင်၍ သူ့မျက်လုံးများကို မှိတ်ထား၏။

သူသည် အဲ့ဒီနေရာမှာ ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ မလှုပ်မယှက် ထိုင်နေသည်မှာ တစ်နေလုံး ရှိနေလေပြီ။

အမြုတေဖွဲ့တည်ခြင်းအပိုင်း၏ ပထမဆုံးစာကြောင်းမှာ စကားလုံး အနည်းငယ်သာ ရှိလေသည်။

မျောက်စိတ်ကို တည်ငြိမ်စေ၊ မြူးထူးနေသောမြင်းကို ထိန်းချုပ်ပြီး နဂါးနှင့်ကျားတို့ကို နှိမ်နင်းပါ..

အဲ့ဒါသည် အမြုတေဖွဲ့တည်ခြင်းအတွက် ပထမဆုံးနှင့် အရေးအကြီးဆုံးအဆင့် ဖြစ်လေသည်။

လှုပ်ရှားတက်ကြွနေသောစိတ်က မျောက်တစ်ကောင်နှင့်တူပြီး တည်ငြိမ်စေဖို့ ခဲယဉ်းလေသည်။

စိတ်ခံစားချက် အတက်အကျများက မြူးထူးနေသော မြင်းနှင့်တူပြီး ကစုန်ပေါက်ကာ လျှောက်ပြေးနေလေသည်။

အရာအားလုံးက ဆက်စပ်နေ၏။

တရားထိုင်၍ ဈာန်ဝင်စားသွားပြီးနောက် အန္တိမသားရဲနတ်ဆိုးကျင့်စဉ်မှ ပထမဆုံးအပိုင်းခြောက်ပိုင်းက သူ့စိတ်အာရုံထဲတွင် အနှေးပြကွက်ဖြင့် လည်ပတ်လာ၏။

ခန္ဓာမီးဆေးကြံ့ခိုင်ခြင်း၊ အရွတ်အသွင်ပြောင်းခြင်း၊ အရိုးများသန်မာစေခြင်း၊ ခြင်ဆီသန့်စင်ခြင်း၊ အင်္ဂါသန့်စင်ခြင်း ထို့နောက် ဒွာရရှင်းလင်းခြင်း...

အမြုတေဖွဲ့တည်ခြင်းအပိုင်းတွင် ကောက်နုတ်ချက်တစ်ခုရှိ၏။

“အင်္ဂါငါးခု၏ ချီများကို ကျင့်ကြံပြီး အလင်းခုနှစ်ဖော်ကို ဝါးမျိုပါ”

အလင်းခုနှစ်ဖော်က ဒွာရခုနှစ်ခုကို ရည်ညွှန်းလေသည်။

တဖြည်းဖြည်းနှင့် ညပေါင်းများစွာက ကုန်ဆုံးလာခဲ့၏။

လိုဏ်ဂူခန်းဝါအတွင်းမှာ ဆူဇီမို၏ ပတ်လည်ကို သားရဲချီများက သိပ်သည်း ရစ်သိုင်းနေပြီး သူ၏ ဒွာရခုနှစ်ခုက ဂမ္ဘီရဆန်ဆန်ရောင်ခြည်များနှင့် တောက်ပနေ၏။

သူ၏ အရေ၊ အသား၊ အရွတ်၊ အရိုး၊ ခြင်ဆီ၊ အင်္ဂါနှင့် ဒွာရခုနှစ်ခုတို့က အဆက်မပြတ် လှည့်ပတ်၍ ပကတိကောင်းကင်ဘုံစက်ဝန်းတစ်ခုကို ဖြစ်ပေါ်လာစေ၏။

တဖြည်းဖြည်းနှင့် သူ၏ ခန္ဓာကိုယ်အပြင်ဘက်ရှိ သားရဲချီများက သူ့ရင်အုပ်အလည်တည့်တည့်မှာ စတင်၍ စုဆုံလာကြ၏။

ချီစုဖွဲ့အဆင့်နှင့် အခြေတည်အဆင့်ကို ဖြတ်ကျော်ပြီးနောက် ကျင့်ကြံသူများသည် အမြုတေဖွဲ့တည်ခြင်းသို့ ဝင်ရောက်သည့်အခါ သူတို့၏ ရွှေအမြုတေကို ချက်အောက်တစ်လက်မအကွာမှာ ဖန်တီးကြပေလိမ့်မည်။

သို့သော် အခုအခါ ဆူဇီမိုသည် သားရဲကျင့်ကြံခြင်းတွင် သူ၏ အတွင်းအမြုတေကို ဖွဲ့တည်သော နေရာက အတော်လေး ကွဲပြားလေသည်။

အဲ့ဒါက သူ့ရင်အုပ်၏ အလည်တည့်တည့် သူ့နှလုံးအနီးမှာ ဖြစ်လေသည်။

သားရဲဖြစ်စေ၊ လူသားဖြစ်စေ.. အမြုတေဖွဲ့တည်ခြင်းက အရမ်းကို အရမ်းကြီးပြီး သေရေးရှင်ရေး အခြေအနေ ဖြစ်လေသည်။

သူတို့ ကျရှုံးခဲ့လျှင် အရာရာတိုင်းက အဆုံးသတ်သွားပေလိမ့်မည်။

ဆူဇီမိုသည် မလှုပ်မယှက်နေပြီး သူ၏ အနက်ရောင်ဆံပင်များက လေမတိုက်ဘဲ ယိမ်းထိုးနေ၏။ ရှေးကျသော သားရဲများက သူ့ဘေးပတ်လည်မှာ အတွဲလိုက် ပေါ်လာပြီး သူတို့၏ အစွယ်များနှင့် လက်သည်းများကို ကြောက်မက်ဖွယ်ရာပုံစံ ဒေါမာန်ပြင်းပြင်းနှင့် လှစ်ဟပြ၍ သူတို့၏ မျက်လုံးများက အနီရောင်အလင်းဖြင့် လက်လက်ထနေ၏။

ထိုရှေးကျသော သားရဲများက ခဏမျှ ရပ်တန့်သွားပြီးနောက် ဆူဇီမို၏ ရင်အုပ်ထဲကနေ ဖြစ်ပေါ်လာသော သွေးနီရောင်ဝဲဂယက်က သူတို့ကို အထဲသို့ စုပ်ယူသွင်းလိုက်၏။

ဆူဇီမို၏ အော်ရာက တဖြည်းဖြည်းနှင့် ကြောက်စရာကောင်းလာလေသည်။

သွေးနီရောင်ဝဲဂယက်၏ လွှမ်းခြုံမှုအောက်တွင် ဆူဇီမို၏ ခန္ဓာကိုယ်က မီးဆေးကြံ့ခိုင်ပြီး နောက်တစ်ဆင့်သို့ ပြောင်းလဲလာနေ၏။

သူ့အသားများက ပြန့်ကားလာပြီး သူ့အရိုးများနှင့် သွေးကြောများမှ သတ္တုများ တီးခတ်သံကဲ့သို့ မြည်ဟည်းလာ၏။

ပြင်းထန်စွာ လှုပ်ခါ၍ သူ၏ အရွတ်များမှလည်း အသံဗလံများက ထွက်ပေါ်နေပြီး အဲ့ဒါက တုန်လှုပ်ချောက်ချားဖွယ်ရာကောင်းလေသည်။

All Chapters