← Chapters

အတွင်းအမြုတေဖွဲ့တည်ခြင်း

Vol. 33 Ch. 494

အတွင်းအမြုတေဖွဲ့တည်ခြင်း

Vol. 33 Ch. 494

“ဟမ့်”

ဆန်းကြယ်ပင်မတောင်ထွတ်နောက်ဘက်၌ ကြိုးကြာကြီးသည် တစ်စုံတစ်ရာ ခံစားမိသည့်အတွက် တရားထိုင်ကျင့်ကြံနေရာကနေ နိုးထလာ၏။

လွန်ခဲ့တဲ့ဆယ်ရက်ကျော်က ဆန်းကြယ်တောင်ထွတ်သည် ကပ်ဘေးနှင့်ကြုံတွေ့ခဲ့ရ၍ ကြီးမားစွာ ဆုံးရှုံးခဲ့ရ၏။ အခုအချိန်ထိ များစွာသောကျင့်ကြံသူများသည် ဒဏ်ရာများ ကုသနေဆဲဖြစ်ပြီး အပြည့်အဝ ပြန်သက်သာမလာကြသေးပေ။

ကြိုးကြာကြီးက ကျင့်ကြံနေသည်ဆိုသော်လည်း သူမက ဂိုဏ်းတွင်းရှိ လှုပ်ရှားမှုတိုင်းကို အကဲခတ် အာရုံစိုက်ထား၏။

အခုချိန်၌ သူမသည် ဓမ္မဝိသေသအဆင့်ရောက်နေပြီး သူမ၏ ခွန်အားကလည်း အတော်ကို မြင့်မားတိုးပွားလာခဲ့ပြီဖြစ်၏။ သူမ၏ အမြုတေဝိညာဉ်၏ ကျင့်ကြံမှုကလည်း နက်ရှိုင်းလာခဲ့ပြီဖြစ်၏။

သူမ၏ စိတ်ဝိညာဉ်အသိစိတ်ကို ဖြန့်ကျက်လိုက်သည်နှင့် ကီလိုမီတာထောင်ပေါင်းများစွာထိ ရောက်နိုင်ပြီး သေးငယ်သော လှုပ်ရှားမှုလေးတစ်ခုချင်းစီကိုပင် သူမက သတိထားမိနိုင်လေသည်။

ဆူဇီမိုဘက်ခြမ်းက ထူးခြားသည့်အခြေအနေကို သူမ သတိထားမိနေသည်မှာ ကြာလေပြီ။

“ဘယ်လောက်တောင် သန်မာလိုက်တဲ့အော်ရာလဲ.. သူက အဆင့်ချိုးဖျက်တက်လှမ်းတော့မှာပဲ”

ကြိုးကြာကြီးက တောင်နောက်ဘက်မှာ ရှိနေသော်လည်း သူမ၏ စိတ်ဝိညာဉ်အသိစိတ်က ဆူဇီမို၏ လှိုဏ်ဂူခန်းဝါကို လွှမ်းခြုံထားပြီး အရာရာတိုင်းကို ရှင်းလင်းစွာ မြင်နေရ၏။

အချိန်ကြာလာသည်နှင့်အမျှ ကြိုးကြာကြီး၏ မျက်လုံးထဲမှာ တုန်လှုပ်မှုက နက်ရှိုင်းလာ၏။

“မူလသွေးမျိုးဆက်တောကောင်တစ်ကောင်တောင် သူ့ရဲ့မျိုးဆက်မှတ်ချက်ထဲမှာ ဒီလောက်သန်မာအားကောင်းတဲ့ သားရဲနည်းစနစ်မျိုး ရှိမှာ မဟုတ်ဘူး”

သူမက တီးတိုးရေရွတ်လိုက်၏။

“ဒီကောင်လေးက တစ်ကယ်ကို လျှို့ဝှက်ချက်တွေ များလွန်းတာပဲ”

သူမ၏ အတွေ့အကြုံနှင့်တောင် သူမသည် ထိုလျှို့ဝှက်ချက်များကို မမြင်နိုင်ပေ။

သူမ၏ ကျင့်ကြံမှုအဆင့်နဲ့တောင် သူမ နားမလည်နိုင်သည့်အရာများ သူ့မှာ ရှိနေလေသည်။

သားရဲတွေ ချမှတ်ထားတဲ့ ကျင့်ကြံမှုနည်းစနစ်ကို လူသားတစ်ယောက်အနေနှင့် ဘယ်လိုကျင့်ကြံနိုင်ရတာလဲ။

ဤကမ္ဘာမှာ သားရဲနည်းစနစ်တစ်ခုကို လူသားတစ်ယောက်က ကျင့်ကြံနိုင်တယ်ဆိုတာကိုတောင် ကြိုးကြာကြီးသည် ဘယ်လိုမှ စဉ်းစားကြည့်လို့ မရပေ။ ဒါတင်မကသေးဘဲ သူ့ရဲ့နည်းစနစ်က အရမ်းကို ကြောက်စရာကောင်းနေသေး၏။

အဲ့ဒီမှာ ဖြစ်နိုင်ချေက တစ်ခုသာ ရှိလေသည်။

အဲ့ဒါက အမျိုးမျိုးသော သားရဲကျင့်ကြံမှုနည်းစနစ်များ၏ အနှစ်သာရများကို ထုတ်နုတ်ပေါင်းစည်းထားတာ ဖြစ်ရပေမည်။ သန်မာသော သားရဲနည်းစနစ်များထဲမှ လူသားတစ်ယောက် ကျင့်ကြံဖို့ သင့်တော်သည့် အပိုင်းများကို ထုတ်နုတ်၍ ပညာရှင်တစ်ယောက်က အဲ့ဒါတွေကို အတူတကွ ပေါင်းစပ်၍ နည်းစနစ်တစ်ခု ဖန်တီးခဲ့တာ ဖြစ်ရပေမည်။

သို့သော်လည်း အဲ့ဒါက အလွန်ကြီးမားသည့် စီမံကိန်းကြီးတစ်ခုဖြစ်ပြီး စဉ်းစားလို့တောင် မရလောက်သည့် ကြိုးပမ်းအားထုတ်မှုနှင့် အာရုံစူးစိုက်မှုတို့ကို လိုအပ်လေသည်။

ရှေးဟောင်းခေတ်က ဧကရာဇ်များတောင်မှ အဲ့ဒါကို လုပ်နိုင်လိမ့်မည် မဟုတ်ပေ။

အဲ့ဒါက ဘယ်သူလဲ.. ဘယ်လိုလူကများ ဒီလောက်ထိ စွမ်းအားကြီးမားသည့် နည်းစနစ်တစ်ခုကို ဖန်တီးနိုင်ရတာလဲ။

အလွန်တရာ ကြောက်စရာကောင်းလှသည့် သက်ရှိတစ်ပါးက ဤသားရဲကျင့်ကြံမှုနည်းစနစ်ကို ဆူဇီမိုအား သင်ပေးဖို့အတွက်နှင့် စဉ်းစားကြည့်လို့တောင် မရသည့် ကြိုးပမ်းအားထုတ်မှုများကို ပြုလုပ်ခဲ့တာ ဖြစ်နိုင်မလား။

ကြိုးကြာကြီးသည် အတွေးအာရုံမှာ နစ်မျောသွားမိ၏။

. . .

လိုဏ်ဂူခန်းဝါအတွင်းမှာက ပိန်းပိတ်အောင် မှောင်မည်းနေ၏။

ရုတ်တရက်..

ဆူဇီမိုသည် သူ့မျက်လုံးကို ဖွင့်လိုက်ပြီး အဲ့ဒါကို အရမ်းကို မကောင်းဆိုးဝါးဆန်နေ၏။ ညအမှောင်ထဲမှာ လျှပ်စီးလုံးနှစ်လုံးက ရုတ်တရက် ပေါ်ပေါက်လာသလိုပင်။

ရွှစ်..

သူသည် မတ်တပ်ရပ်လိုက်ပြီး သူ့အသားများက ပြန့်ကားလာ၏။ သူ့အရိုးများကလည်း တဖျောက်ဖျောက်မြည်၍ ရှည်ထွက်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက ကြီးထွားမြင့်မားလာ၏။

အမှောင်ထုထဲမှာ အလွန်ကြီးမားသည့် ရှေးဟောင်းသားရဲကြီးက ကျုံးထလာသည်နှင့် တူလေသည်။

ဘုန်း.. ဘုန်း.. ဘုန်း..

ဆူဇီမို၏ ခန္ဓာကိုယ်က အဆက်မပြတ် ကြီးထွားလာနေပြီး သူ့ဦးခေါင်းက လိုဏ်ဂူခန်းဝါ၏ မျက်နှာကျက်ကို ဖောက်ထွက်တော့လုမတတ် ဖြစ်လာ၏။ နေရာတစ်ခုလုံးက အချိန်မရွေး ပြိုကျတော့မည့်အလား လှုပ်ခါလာလေသည်။

ကျိုးပဲ့သွားသော ကျောက်တုံးကျောက်ခဲများက ဆူဇီမို၏ ဦးခေါင်းပေါ်သို့ ဆက်တိုက်ပြုတ်ကျလာ၏။ သို့သော်လည်း သူကတော့ လုံးဝအဆင်ပြေလေသည်။

ဆူဇီမိုလိုမျိုး တပည့်တစ်ယောက်အတွက် သူ့လိုဏ်ဂူခန်းဝါ၏ အခင်းအကျင်းက ရွှေအမြုတေတစ်ယောက်အတွက် ပြုလုပ်ပေးထားသလိုပင်။

အဲ့ဒါက အတော်လေးကို ကျယ်ဝန်းပြီး မျက်နှာကျက်ကလည်း အတော်လေး မြင့်လေသည်။

ပုံမှန်အားဖြင့် ရွှေအမြုတေများအတွက် လိုဏ်ဂူခန်းဝါက ပေတစ်ရာကျော် မြင့်လေသည်။

ယခုအခါ ဆူဇီမိုသည် လိုဏ်ဂူခန်းဝါ၏ ခေါင်းမိုးကို ဦးခေါင်းဖြင့် ထိုးဖောက်နေပြီဖြစ်၏။ ဆိုလိုသည်မှာ သူ့ခန္ဓာကိုယ်က ပေတစ်ရာအမြင့်ထိ ရောက်လာပြီပင်။

သူ့ခန္ဓာကိုယ်တွင်းသို့ စွမ်းအင်များက အတောမတတ် တလိပ်လိပ်တက်လာပြီး သူ့ရင်အုပ်မှာ စုစည်းလာ၏။

သူ့ခန္ဓာကိုယ်က လျှင်မြန်စွာ ပြန့်ကား၍ သူ့အသားများက စုတ်ပြဲသွားပြီး သွေးမြူများက ထွက်လာ၏။ သူ့အရိုးများက မရပ်မနား တဖျောက်ဖျောက် မြည်၍ သူ၏ အရွတ်ကြီးများက အကန့်အသတ်ကို ရောက်သည့်အထိ ပြန့်ကားရှည်ထွက်လာ၏။

ဆူဇီမိုက တစ်ကိုယ်လုံးက သွေးများဖြင့် ပေကျံနေ၏။

သူ၏ ပြန်လည်သက်သာကောင်းမွန်နိုင်စွမ်းက အရမ်းကို သန်မာအားကောင်းပြီး သူ့ဒဏ်ရာများကို အဆက်မပြတ် ပြုပြင်ကုသပေးနေ၏။

ကုသလိုက်.. ပျက်စီးလိုက်၊ ကုသလိုက် ပျက်စီးလိုက်....

ထိုစက်ဝန်းက ဆက်တိုက်လည်ပတ်နေ၏။

သူ့ခန္ဓာကိုယ်ကနေ ထုတ်ပေးသော အော်ရာက ဆက်တိုက်မြင့်တက်၍ ကြောက်စရာကောင်းလာ၏။

သူ့အသားများက စုတ်ပြဲ၍ ပြန်လည်ပြုပြင်နေသည်မှာ အလွန်တရာကို မခံမရပ်နိုင်အောင်ဖြစ်ပြီး ဆူဇီမိုသည် စဉ်းစားကြည့်လို့တောင် မရသော ညှင်းပန်းနှိပ်စက်မှုကို ခံစားနေရ၏။

အချိန်အတော်ကြာလာပြီး နောက်ဆုံး မအောင့်အည်းနိုင်တော့ဘဲ.. သူသည် ကျောကို ကွေးညွှတ်ကာ ပါးစပ်ကို ဖွင့်ဟ၍ သူ့လည်ချောင်းအနက်ပိုင်းထဲကနေ အလွန်ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။ သူ၏ လည်ပင်ကြောကြီးများက ကြောက်စရာကောင်းလောက်အောင် ဖောင်းကြွထောင်ထလာ၏။

“ဂါး..”

ထိုအသံက နဂါးတစ်ကောင်နှင့် ကျားတစ်ကောင် အော်လိုက်သော အသံနှင့်တူပြီး နေရာတစ်ခုလုံးသို့ ပျံနှံ့သွားကာ လောကကို တုန်လှုပ်သွားစေ၏။

ညအချိန်ဖြစ်၍ ငှက်များနှင့် တောကောင်များက ကျင်လည်ကျက်စားနေကြပြီး အစာအတွက် အမဲလိုက်ကာ သူတို့၏ ဟိန်းဟောက်သံများ၊ အော်ဟစ်သံများကို နေရာတိုင်းမှာ ကြားနေရ၏။

သို့သော်လည်း ဆူဇီမို၏ ဟိန်းဟောက်သံပြီးနောက် တောင်ကြောတစ်ခွင်လုံးက ပကတိ တိတ်ဆိတ်ကျသွား၏။

ကြိုးကြာကြီးသည် သူမ၏ အတွေးအာရုံကနေ နိုးထလာပြီး သူမ၏ ရင်က ထိတ်ကနဲဖြစ်သွား၏။

အင်မော်တယ်ကြိုးကြာကြီး၏ နဖူးက တောက်ပသွားပြီး သူမ၏ စိတ်ဝိညာဉ်အသိစိတ်ကို လျှင်မြန်စွာ ထုတ်လွှတ်၍ နက်မှောင်နေသော အကာအရံအလွှာတစ်ခုကို ဖန်တီးကာ ဆူဇီမို၏ လှိုဏ်ဂူခန်းဝါကို အပြင်ဘက်လောကနှင့် ပိုင်းခြားပစ်လိုက်၏။

ဆူဇီမို၏ သားရဲကျင့်ကြံမှုက ပေါ်ပေါက်ဖို့ မဖြစ်ပေ။

ကျင့်ကြံသူများသည် သားရဲများနှင့် နက်ရှိုင်းအမြစ်တွယ်နေသော အငြိုးအတေးရှိပြီး အဲ့ဒါက ပြောင်းလဲဖို့ ခက်ခဲသော အချက် ဖြစ်လေသည်။

ဆူဇီမိုသည် သားရဲနည်းစနစ် ကျင့်ကြံနေတာကို ဂိုဏ်းမှ အခြားသူများသိလျှင် သူတို့က အဲ့ဒါကို လက်ခံနိုင်မှာ မဟုတ်ပေ။

များစွာသော နိုးထဝိညာဉ်များနှင့် ရွှေအမြုတေများသည် ထိတ်လန့်သွားကြ၏။ အားကောင်းသည့် ရန်သူတစ်ယောက် ရောက်ရှိလာသည်ထင်ပြီး သူတို့၏ ဒဏ်ရာများက အပြည့်အဝ သက်သာပျောက်ကင်းခြင်း မရှိသေးသော်လည်း သူတို့သည် သူတို့၏ လိုဏ်ဂူခန်းဝါများထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြ၏။

လှမ်းမျှော်ကြည့်လိုက်သောအခါ အလင်းအကာအရံအလွှာတစ်ခုကိုသာ လူတိုင်းမြင်လိုက်ရပြီး အထဲတွင် ဘာတွေဖြစ်ပျက်နေသည်ကို သူတို့ မမြင်နိုင်ကြပေ။

“ကဲ မင်းတို့ပြန်ပြီး ဒဏ်ရာတွေသာ ဆက်ကုနေကြ.. ဒီမှာ ဘာမှ မဖြစ်တော့ဘူး”

ကြိုးကြာကြီး၏ အသံက လူတိုင်း၏ နားထဲသို့ ရောက်ရှိသွား၏။

ဆန်းကြယ်တောင်ထွတ်မှ ကျင့်ကြံသူများသည် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ကြပြီး ပြန်လာကြ၏။ သူတို့၏ စိတ်ထဲမှာ အနည်းငယ်တော့ ဇဝေဇဝါ ဖြစ်နေလေသည်။

ထိုဟိန်းဟောက်သံက ကျယ်လောင်ပြီး ရှင်းလင်းနေတာကို လူတိုင်း ကြားခဲ့ရ၏။

နိုးထဝိညာဉ်များတောင်မှ ရင်ထိတ်သွားခဲ့ရ၏။

“ဘယ်လိုသားရဲလဲ မသိဘူး.. အသံက ကြောက်ဖို့ကောင်းလိုက်တာကွာ”

“ငါလဲ မသိဘူး.. ဒါပေမယ့် သူ့နောက်ခံကတော့ မရိုးရှင်းလောက်ဘူး”

“အဲ့ကောင်ကို စီနီယာကြိုးကြာက လှဲသိပ်လိုက်ပြီထင်တယ်”

များစွာသော ကျင့်ကြံသူများသည် တိုးတိုး တိုးတိုးနှင့် အသည်းအသန် ဆွေးနွေးပြီးနောက် လမ်းခွဲလိုက်ကြ၏။

နက်မှောင်နေသော အကာအရံအလင်းလွှာထဲမှာ လိုဏ်ဂူခန်းဝါက ပြိုကျသွားပြီဆိုတာကို သူတို့ မမြင်နိုင်ခဲ့ကြပေ။

တဝုန်းဝုန်းထနေသော ဖုန်မှုန်များထဲတွင် ပေတစ်ရာကျော်မြင့်သော ပုံရိပ်တစ်ခုက မတ်တပ်ရပ်နေ၏။

မသိလိုက်ခင်မှာပင် ဆူဇီမို၏ အဝတ်များက စုတ်ပြဲသွားပြီဖြစ်ပြီး တလက်လက် တောက်ပနေသော ကြွက်သားစိုင်ကြီးများက ပေါ်ထွက်လာ၏။

သူ့ခန္ဓာကိုယ်ပေါ်သို့ မြွေများက တွယ်တက်နေသလို သွေးကြောများက ဖောင်းကြွလာပြီး ကြောက်စရာကောင်းနေ၏။

အဲ့ဒါက ပြီးပြည်စုံသည်ဟု ပြောလို့ရသော ခန္ဓာကိုယ်တစ်ခု ဖြစ်၏။

ထိုခန္ဓာကိုယ်၏ ဘေးပတ်လည်တွင် ကြောက်စရာကောင်းသည့် ပုံရိပ်ယောင်များက ပေါ်လာပြီး ရှေးကျသောအော်ရာများက ဖြာထွက်နေ၏။

အဲ့ဒါကို ကောင်းကင်ဘုံကို ထယ်ထိုးမည့် ကျွဲရိုင်းတစ်ကောင်..

စွမ်းအားကြီးပြီး ငွားငွားစွင့်စွင့် မြင့်မားသည့် ကျောက်ဝက်ဝံ..

လှည့်ပတ်နေသော အနာကွန်ဒါ..

တောရိုင်း မျှော်လင့်ချက်မျောက်ဝံ..

နတ်မျိုးအဆက်နွယ် စစ်မြင်း..

ကြမ်းကြုတ်ရိုင်းစိုင်းသော ငရဲကျား..

လေအဟုန်စီးလာသော တိမ်လွှာကျားသစ်..

ရှေးကျသော သားရဲခုနှစ်ကောင်က ပေါ်လာပြီး သူတို့၏ အစွယ်များ၊ လက်သည်းများကို ကြောက်စရာကောင်းသည့် ပုံစံဖြင့် ဖြဲပြ ဖြီးပြလာ၏။

ဆူဇီမို၏ ရင်အုပ်ထဲမှာ လုံးဝိုင်းသော သွေးလုံးတစ်လုံးက လှည့်ပတ်နေပြီး အဲ့ဒါက အပူဓါတ်နှင့် ကြွယ်ဝသော သားရဲချီကို ထုတ်ပေးနေ၏။ အဲ့ဒါက သားရဲမျိုးနွယ်၏ အတွင်းအမြုတေပင် ဖြစ်လေသည်။

အတွင်းအမြုတေဖွဲ့တည်ခြင်း.. အောင်မြင်သည်။

All Chapters