← Chapters

ကြောက်စရာကောင်းသည့် ကိုယ်ကာယ

Vol. 33 Ch. 495

ကြောက်စရာကောင်းသည့် ကိုယ်ကာယ

Vol. 33 Ch. 495

သူ့ဘေးပတ်လည်မှာ လှည့်ပတ်နေသော ရှေးခေတ်သားရဲများကို ကြည့်ပြီး ဆူဇီမိုသည် တစ်စုံတစ်ရာကို နားလည်လိုက်၏။

သူ၏ လက်ရှိကျင့်ကြံမှာ သားရဲခုနှစ်ကောင် ပေါ်လာခဲ့ပြီဖြစ်၏။

ပြောရမည်ဆိုလျှင် နောက်ထပ် ငါးကောင်ပေါ်လာဖို့ ရှိသေးလေသည်။

သားရဲ ၁၂ကောင် ပေါ်လာမှသာ အန္တိသားရဲနတ်ဆိုးကျင့်စဉ်က အဆုံးသတ်ပေမည်။

နောက်ထပ် ဘယ်လိုသားရဲတွေ ပေါ်လာဦးမလဲဆိုတာ ဆူဇီမို မသိပေ။

သူ့အတွက် ယင်စိတ်ဝိညာဉ်အပိုင်းက လျှို့ဝှက်နက်နဲနေ၏။

သူ၏ လက်ရှိကျင့်ကြံမှုအဆင့်အရ.. သူအဲ့ဒါကို လုံးဝ နားမလည်နိုင်ပေ။

သူ့ရင်အုပ်တွင်းမှာ သွေးနီရောင်အတွင်းအမြုတေက ဖြည်းဖြည်းချင်း လှည့်ပတ်နေ၏။

ဆူဇီမို၏ မျက်လုံးထဲမှာ ပျော်ရွှင်ဝမ်းမြောက်မှုက တစ်စွန်းတစ်စ ပေါ်လာပြီး သူ့လက်သီးကို ဖွဖွ ဆုပ်ထားလိုက်၏။ သူ့လှုပ်ရှားမှု တစ်ချက်ပြုလုပ်လိုက်တိုင်း သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းမှ တောင်များကို ချေမွနိုင်သော ခွန်အားစွမ်းအားက ပေါ်ထွက်လာသည်ကို သူခံစားမိနေ၏။

ဆူဇီမိုသည် သူ့သိုလှောင်အိတ်ထဲကနေ ထိပ်တန်းအဆင့် ဓါးပျံတစ်လက်ကို ဆွဲထုတ်ပြီး အထဲသို့ စိတ်ဝိညာဉ်ချီကို ထိုးသွင်းလိုက်၏။

ဓါးက အေးစက်စက် စိတ်ဆန္ဒနှင့်အတူ လင်းလက်တောက်ပလာ၏။

ဆူဇီမိုက ဓါးသွားကို သူ့လက်ညိုးဖြင့် ညင်သာစွာ တောက်လိုက်၏။

ဝီ..

ဓါးသွားက တုန်ခါသွား၏။

သူ့အသားနှင့် ထိပ်တန်းအဆင့် ဓါးပျံ ထိခတ်သောအခါ သတ္တုချင်း ထိခတ်သံလို အသံက ထွက်ပေါ်လာ၏။

သူစိတ်ဝိညာဉ်စွမ်းအင်များကို အပြည့်အဝ လှည့်ပတ်လိုက်သောအခါ ဆူဇီမို၏ ဒါန်ထျန်ထဲရှိ စိတ်ဝိညာဉ်ပင်လယ်က တဝုန်းဝုန်းထလာပြီး စိတ်ဝိညာဉ်မရီးဒါန်ကိုးခုက ပေါ်လာ၏။

သူသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်၍ ထိပ်တန်းအဆင့်ဓါးပျံကို သူ့လက်ပေါ်သို့ ပြင်းထန်စွာ ခုတ်ချလိုက်၏။

ချွမ်း..

ဓါးပျံက ပြန်ကန်ထွက်သွား၏။

သူ့လက်က အကောင်းပကတိပင်။

ဆူဇီမိုသည် အင်မော်တယ်ကျင့်ကြံခြင်းမှာ ရွှေအမြုတေအဆင့်ကို မရောက်သေးသော်လည်း သူက ဒဏ္ဍာရီလာ အန္တိမအခြေတည်အဆင့်မှာဖြစ်ပြီး သူ့ခွန်အားအပြည့်က အစောပိုင်း-ရွှေအမြုတေအဆင့်တစ်ယောက်နှင့် နှိုင်းယှဉ်လို့ ရလေသည်။

ယခုအခါ ဓါးပျံက သူ့လက်ပေါ်မှာ ခြစ်ရာတစ်ချက်ကိုတောင် မထင်စေနိုင်ပေ။

ထိုသည်ကိုကြည့်ပြီး အင်မော်တယ်ကြိုးကြာကြီးတောင်မှ တုန်လှုပ်သွား၏။

ထိပ်တန်းအဆင့်ဓါးပျံတစ်လက်က ဆူဇီမို၏ အသားကို မထိုးဖောက်နိုင်ဘူးဆို.. ပကတိစိတ်ဝိညာဉ်လက်နက်တစ်ခုကလည်း သူ၏ အရိုးကို မထိခိုက်နိုင်လောက်ပေ။

ဆူဇီမို၏ ခန္ဓာကိုယ်က ရွှေအမြုတေအဆင့်မှာရှိသော မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်တွေထက်တောင် ပို၍သန်မာနေပြီဆိုတာ အင်မော်တယ်ကြိုးကြာကြီး သေချာပြောနိုင်လေသည်။

ဘာကြောင့်ပြောနိုင်တာလဲဆို သူမကိုယ်တိုင်က မူလသွေးမျိုးဆက်တောကောင်တစ်ကောင် ဖြစ်နေတာကြောင့်ပင်။

ဆူဇီမိုသည် သူ၏ အတွင်းအမြုတေကို အခုမှ ဖွဲ့တည်နိုင်ရုံရှိသေးချိန်မှာပင်.. သူသည် ဤကဲ့သို့ ကြောက်စရာကောင်းသည့် ကိုယ်ကာယကို ပိုင်ဆိုင်နေပြီဖြစ်၏။ သူက ဆက်လက်ကျင့်ကြံပြီး အမြုတေဖွဲ့တည်ခြင်း၏ အကန့်အသတ်ကို ရောက်လာပြီဆိုရင်တော့...

ကြိုးကြာကြီးသည် ဆက်လက် မတွေးတောရသေးပေ။

ဖျောင်း..

ထိုအချိန်မှာပင် ဆူဇီမို၏ လိုဏ်ဂူခန်းဝါထဲမှ ကျွတ်ဆတ်ဆတ် အသံတစ်သံက ထွက်ပေါ်လာ၏။

အင်မော်တယ်ကြိုးကြာကြီးသည် တုန်လှုပ်သွားပြီး သူမ၏ သူငယ်အိမ်က တင်းကျပ်သွား၏။

ဆူဇီမိုသည် သူ့လက်နှစ်ဖက်ထဲမှာ အရောင်မှိန်သွားပြီဖြစ်သော ဓါးကျိုးပိုင်းနှစ်ခုကို ဆုပ်ကိုင်ထား၏။

စောစောက ထိပ်တန်းအဆင့်ဓါးပျံသည် ဆူဇီမို၏ လက်ချည်းသက်သက်ဖြင့် ချိုးဖဲ့ချင်းကို ခံလိုက်ရလေသည်။

“ဒါက...”

အင်မော်တယ်ကြိုးကြာကြီးသည် အနည်းငယ် ကြောင်အသွားပြီး သူမ၏ မျက်လုံးနှစ်ဖက်က ပြူးကျယ်၍ ပါးစပ်အဟောင်းသား ဖြစ်နေ၏။

လိုဏ်ဂူခန်းဝါထဲတွင်..

လက်ထဲက ကျိုးပဲ့သွားသော ဓါးပျံကိုကြည့်ပြီး တျဲ့ယွဲ့က သူ့အား အန္တိမသားရဲနတ်ဆိုးကျင့်စဉ် သင်ကြားပေးခဲ့သည့် အိပ်မက်ဆန်ဆန်ညကို ဆူဇီမိုသည် ပြန်လည် အမှတ်ရသွားပြီး ငေးငိုင်သွား၏။

သူမက ပြောခဲ့ဖူး၏။ သူသည် ပကတိသက်ရှိကန်းလန်ကို လက်စားချေချင်သည်ဆိုလျှင် သတ္တမမြောက်အပိုင်း.. အမြုတေဖွဲ့တည်ခြင်းကို ရောက်ဖို့လိုသည်ဟုပင်။

ယခု သူရောက်လာလေပြီ။

ထိုညကစ၍ ရှစ်နှစ်တာ ကုန်သွားပြီဖြစ်၏။

ဒီအခြေအနေထိ သူရောက်လာပုံက အိပ်မက်ဆန်နေလေသည်။

သူသည် ပင်ယန်းမြို့က ကျင့်ကြံရေးကွင်းမှာ တျဲယွဲ့နှင့်အတူ ကုန်ဆုံးခဲ့းပုံကို ပြန်လည် အမှတ်ရသွားပြီး တဖြည်းဖြည်းနှင့် မိန်းမောသောအခြေအနေသို့ ဝင်ရောက်သွား၏။

“ဇီမို”

ရုတ်တရက်.. လှိုက်ဂူခန်းဝါအတွင်းသို့ အင်မော်တယ်ကြိုးကြာကြီး၏ အသံက ဝင်ရောက်လာ၏။

“စိတ်အာရုံ မပျက်ယွင်းစေနဲ့.. မင်းက အခုမှ အမြုတေ ဖွဲ့တည်ကာစပဲ ရှိသေးတယ်.. မင်းရဲ့ကျင့်ကြံမှုအဆင့်ကို တည်ငြိမ်အောင် ဆက်ပြီး ကျင့်ကြံရဦးမယ်လေ”

ဆူဇီမိုသည် နိုးထလာ၏။

ထိုအချိန်မှသာ သူ၏ အဆင့်ချိုးဖျက်တက်လှမ်းမှုက အတော်လေး ဖရိုဖရဲ ဖြစ်သွားစေခဲ့တာကို သူနားလည်သွား၏။ သူ၏ လိုဏ်ဂူခန်းဝါက ပြိုကျသွားပြီဖြစ်ပြီး ဖုန်မှုန့်များက တထောင်းထောင်းထ၍ အပျက်အစီးအစအနက နေရာတိုင်းမှာ ပြန့်ကျဲနေ၏။

အခြားသောကျင့်ကြံသူများက သတိမထားမိရသည့် အကြောင်းမှာ သူ၏ ပတ်ဝန်းကျင်ကို နက်မှောင်နေသော အကာအရံအလွှာတစ်ခုက ခြားပေးထားသောကြောင့် ဖြစ်လေသည်။

ဆူဇီမိုက ကပျာကယာ ဦးညွှတ်လိုက်၏။

“ကျေးဇူးတင်ပါတယ်.. စီနီယာကြိုးကြာ”

သူ့အသံကိုသူ ပြန်လန့်သွားရ၏။

သူ့အသံက လုံးဝကို ပြောင်းလဲသွားလေပြီ။

သူ့အသံက ခေါင်းလောင်းသံကဲ့သို့ ကျယ်လောင်၍ ကြမ်းတမ်းကာ ဟိန်းထွက်နေပြီး လူတစ်ယောက်၏ စိတ်ကို ကိုင်လှုပ်ဖို့ လုံလောက်လေသည်။

အင်မော်တယ်ကြိုးကြာကြီးက ညင်သာစွာ ပြောလိုက်၏။

“မင်းရဲ့အမြုတေစွမ်းအားကို သဘာဝအတိုင်း ပြန်ဖြစ်တဲ့အထိ ထိန်းချုပ်ဖို့ လိုမယ်နော်.. မဟုတ်ရင် အခြားသူတွေနဲ့ မင်းဘယ်လို ဆက်ဆံမလဲ.. မင်းရဲ့အသံကတောင် သူတို့ကို ကြောက်လန့်သွားဖို့ လုံလောက်နေပြီ”

ဆူဇီမိုသည် ခေါင်းညိတ်ပြပြီး ဆက်လက်အချိန်ဖြုန်းမနေတော့ပေ။ သူ၏ ကြီးမားသည့် ခန္ဓာကိုယ်ကြီးကို ပြန်ကျုံ့ပြီး တင်ပျဉ်ခွေထိုင်ကာ ဆက်လက်ကျင့်ကြံလိုက်၏။

အချိန်ကြာလာသည်နှင့်အမျှ ဆူဇီမို၏ ဘေးပတ်လည်က သားရဲဘုရင် ခုနှစ်ပါး၏ ပုံရိပ်ယောင်များက တဖြည်းဖြည်း မှိန်ဖျော့၍ ပျောက်ကွယ်သွားကြ၏။

သူ၏ ခန္ဓာကိုယ်ကလည်း ကျုံ့လာနေ၏။

သူ့ဘေးပတ်လည်ရှိ သားရဲချီများက သူ့ရင်အုပ်ထဲသို့ အဆက်မပြတ် တိုးဝင်လာနေ၏။

. . .

တစ်ခဏအတွင်း သုံးရက်တာက ကုန်ဆုံးသွား၏။

နံနက်ခင်း ဆည်းဆာချိန်တွင်..

မြူနှင်းများကြားမှ နေရောင်ခြည်က ထိုးဖောက်လာပြီး ကြည်လင်၍ ကြော့ရှင်းသော မျက်နှာပေါ်သို့ ကျရောက်လာ၏။

သူ၏ အနက်ရောင်ဆံပင်များက ရေတံခွန်တစ်ခုကဲ့သို့ ပြန့်ကျဲကျ၍ သူ့ဘာသာသူ ညင်သာစွာ လှုပ်ခါနေ၏။

ရုတ်တရက်..

သူ့မျက်လုံးများကို ဖွင့်လိုက်သောအခါ ဂမ္ဘီရဆန်ဆန် အလင်းနှစ်စက်က တဖျတ်ဖျတ်တလက်လက် တောက်ပလာပြီး နေရောင်ခြည်ထက်ပင် ပိုမိုတောက်ပနေ၏။

သို့သော်လည်း ထိုအလင်းနှစ်စက်က လျှင်မြန်စွာပင် မှိန်ဖျော့သွား၏။

သူ့မျက်လုံးက ပြန်လည်တည်ငြိမ်သွားလေသည်။

သူ့ခန္ဓာကိုယ်က ပုံမှန်အနေအထားသို့ ပြန်ရောက်သွားပြီဖြစ်ပြီး စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ သူ့သိုလှောင်အိတ်ထဲကနေ အစိမ်းရောင်ဝတ်ရုံတစ်ထည်ကို ထုတ်ပြီး ဝတ်ဆင်လိုက်၏။

ထိုလူက အခုမှ သူ၏ အမြုတေကို ဖွဲ့တည်ပြီးစီးသွားသော ဆူဇီမို ဖြစ်လေသည်။

အခုချိန်မှာတော့ သူက သူ၏ အတွင်းအမြုတေစွမ်းအားကို ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းချုပ်တတ်သွားပြီဖြစ်လေသည်။

သူက သူ၏ အတွင်းအမြုတေစွမ်းအားကို ထုတ်မသုံးသေးသရွေ့.. သူ၏ မျိုးဆက်သွေးကို လှည့်ပတ်လျှင်တောင် ဆူဇီမို၏ ခန္ဓာကိုယ်က သိသာထင်ရှားစွာ ပြောင်းလဲမှာ မဟုတ်တော့ပေ။

သူ မသိလိုက်ခင်မှာပင် အင်မော်တယ်ကြိုးကြာကြီး ခင်းကျင်းပေးထားသည့် ပိုင်းခြားထားသော အနက်ရောင်အကာအရံအလွှာက မရှိတော့လေပြီ။

သူ့လိုဏ်ဂူခန်းဝါက အပျက်အစီးပုံဘဝသို့ ပြောင်းလဲသွားပြီဖြစ်ပြီး ဆက်လက်နေထိုင်လို့ မရတော့ပေ။

ဆူဇီမိုသည် ဖြည်းဖြည်းချင်း မြင့်တက်၍ အသံတစ်ချက်မထွက်ဘဲ အပျက်အစီးကို ဖြတ်သန်းကာ အပြင်ဘက်သို့ ထွက်လိုက်၏။

“အမ်”

ရုတ်တရက် ဆူဇီမိုသည် အံ့အားတသင့် ရေရွတ်၍ သွားနေသည်ကို အလိုလို ရပ်တန့်လိုက်၏။

အပျက်အစီးပုံအပြင်ဘက်တွင် မိန်းကလေးတစ်ယောက်က သူမ၏ ဒူးနှစ်ဖက်ကိုပိုက်ပြီး မြေပြင်ပေါ်မှာ ထိုင်နေ၏။ သူမ၏ ပုံစံလေးက အလွန်လက်ရာမြောက်ပြီး သူမ၏ ရွှေရောင်ဆံနွယ်များကတော့ ရှုပ်ပွ၍ ကောက်ကွေးနေ၏။

သူမသည် အချိန်အတော်ကြာသည့်အထိ အနားမယူခဲ့ရဘဲ အလွန်တရာ ပင်ပန်းနွမ်းနယ်နေပုံ ပေါ်လေသည်။ သူမသည် အပျက်အစီးပုံ၏ ဝင်ပေါက်ဘေးရှိ အေးစက်စက် ကျောက်တုံးတစ်တုံးကိုကမှီပြီး အိပ်မောကျနေ၏။

ဆူဇီမိုသည် ခဏမျှ စဉ်းစားတွေးတောပြီးနောက် ဘာဖြစ်ပျက်ခဲ့သည်ကို နားလည်သွား၏။

သူသည် သူ၏ အမြုတေကို ဖွဲ့တည်တုန်းက အတော်ကြီးကြီးမားမား အုန်းအုန်းကျက်ကျက် ဖြစ်သွားပြီး များစွာသော ကျင့်ကြံသူများသည် ထိတ်လန့်သွားခဲ့ကြ၏။ နန်းကြည်က စိုးရိမ်ပူပန်သောကြောင့် ပြန်ထွက်မသွားဘဲ ဝင်ပေါက်ဝမှာနေ၍ စောင့်ကြပ်နေခြင်း ဖြစ်လေသည်။

သူမသည် တစ်ကိုယ်လုံး ညစ်ပေနေပြီး သူမ၏ ချစ်စဖွယ်မျက်နှာလေးက ဖုန်မှုန့်စက်များဖြင့် ပြည့်နေ၏။ သို့သော်လည်း အဲ့ဒါက သူမ၏ လက်ရာမြောက်လှသည့်သွင်ပြင်များကို မဖုံးကွယ်နိုင်ပေ။

All Chapters