နတ်ဘုရား၏ တက်ရောက်ခြင်း
Vol. 3 Ch. 29
သူ၏စိတ်ထဲမှ ထွက်လာသည့် အေးစက်စက်အသံက ဝမ်ဖုန်းအား အလွန် ကျေနပ်အားရစေခဲ့သည်။ ၎င်းတို့ထဲမှ အများစုက အကြီးအကဲများ၏ ကျင့်ကြံခြင်းအခြေခံများမှ ကောက်နှုတ်ထားသော်လည်း ယခု ထိုကျင့်ကြံခြင်းအခြေခံများအား လိုအပ်နေပေသည်။
"စနစ် ၊ အရင်ဆုံး ကောင်းကင်နတ်ဆိုးကျင့်စဉ် နဲ့ဒီလူကို ကောင်းချီးပေးပါဦး!"
ကောင်းကင်နတ်ဆိုးဗျူဟာ၏ အနှစ်သာရဖြစ်သည့် ကောင်းကင်နတ်ဆိုးကျင့်စဉ် က အလွန်တရာလျှို့ဝှက်ဆန်းကြယ်ကာ ဝမ်ဖုန်းသည် သဘာဝကျစွာပင် ၎င်းအား လေ့ကျင့်ချင်ပေသည်။
ဝုန်း!
ရုတ်တရက် ဝမ်ဖုန်း၏ ခေါင်းထဲ၌ ပြင်းထန်သည့်မှတ်ဉာဏ်တစ်ခုပေါ်လာခဲ့သည်။ လျှို့ဝှက်ဆန်းကြယ်ပြီး တုနှိုင်းမဲ့သည့် ကောင်းကင် နတ်ဆိုးနိယာမသည် ဝမ်ဖုန်းကိုပင် တွေဝေမိန်းမောစေခဲ့သည်။ ၎င်းသည် ဝမ်ဖုန်းအား ဤကောင်းကင်နတ်ဆိုးနိယာမသည် အမှန်တကယ်ပင် ကောင်းကင်နတ်ဆိုးမဟာဗျူဟာ၏ အနှစ်သာရဟု ခံစားရစေခဲ့သည်။
ယခုတွင် ဝမ်ဖုန်းသည် ဆန်းကြယ်အင်ပါယာအဆင့်ဆရာသခင်တစ်ယောက်ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းတိုးတက်လာသည့်အကြိမ်တိုင်း၌ သူ၏ခွန်အားတိုးမြှင့်လာပြီး သက်တမ်းရှည်လာရုံသာမက သူ့ဝိဉာဉ်၏ ခွန်အားကိုလည်း တိုးလာစေသည်။ ထို့အပြင် သူက နှစ်ဘဝတိုင်နေထိုင်ခဲ့ပြီး သူ့စိတ်ဝိဉာဉ်၏ ခွန်အားက သာမာန်လူများထက် ပို၍သန်မာနေပြီဖြစ်သည်။
လက်ရှိတွင် ဝမ်ဖုန်း၏ စိတ်ဝိဉာဉ်က ဆန်းကြယ်အဓိပတိအဆင့် ဆရာသခင်တစ်ယောက်အား ယှဉ်နိုင်သည်ဟုပင် ဆိုနိုင်ပေသည်။ သို့သော်လည်း မှော်အစွမ်းပျံ့နှံ့မှုအောက်တွင် သူသည် တွေဝေမိန်းမောမှုကို ခံစားနေဆဲဖြစ်သည်။ ဤမှတစ်ဆင့် မှော်ပညာ၏ သော့ချက်က မည်မျှဆန်းကြယ်သလဲဆိုသည်ကို မြင်နိုင်ပေသည်။
တစ်ခဏမျှကြာပြီးနောက်တွင် ဝမ်ဖုန်း၏ အရှိန်အဝါကပြောင်းလဲသွားပြီး တစ်ကိုယ်လုံးက အနည်းငယ် ရက်စက်ပုံပေါ်လာကာ သူ၏ အလွန်တရာချောမောသည့် မျက်နှာက အနည်းငယ်နတ်ဆိုးဆန်လာခဲ့သည်။
"စနစ် ၊ ဒီပိုင်ရှင်ရဲ့ ကျင့်ကြံခြင်းကို ဆန်းကြယ်အဓိပတိအဆင့်ထိ မြင့်တင်ဖို့ လုံလောက်ပြီလား"
ဝမ်ဖုန်းသည် ကောင်းကင်နတ်ဆိုးကျင့်စဉ်အား လက်ခံပြီးနောက် တိတ်တဆိတ်မေးမြန်းခဲ့သည်။
သူ၏ ကျင့်ကြံခြင်းအခြေခံအား ဆန်းကြယ်အဓိပတိအဆင့်သို့ မြှင့်တင်နိုင်သည်နှင့်တစ်ပြိုင်နက် ဝမ်ဖုန်းက လုံးဝအကြောက်အလန့်မရှိဖြစ်လာပေလိမ့်မည်။ အနည်းဆုံးတော့ ထိုကြောက်မက်ဖွယ်ရာ အဓိက အင်ပါယာကြီး သုံးခုအတွင်း၌ သူ၏ ရှန်ရှန့်ကျုံဂိုဏ်းက လေးစားခံရပေလိမ့်မည်!
"ဒင် ၊ ဆန်းကြယ်အဓိပတိ စွမ်းအားကြီးပုဂ္ဂိုလ်အဆင့်က အစကတည်းက နိယာမတွေရဲ့ သဘောတရားတွေ ပါဝင်နေပြီသားပါ။ တကယ်လို့ ပိုင်ရှင်က ဆန်းကြယ်အဓိပတိအဆင့်ကို ရောက်ချင်တယ်ဆိုရင် ဆန်းကြယ်အဓိပတိအဆင့် ကျင့်ကြံခြင်း တစ်ခုတည်းနဲ့ မလုပ်ဆောင်နိုင်ပါဘူး။ ပိုင်ရှင်က ဆန်းကြယ်အဓိပတိအဆင့် စွမ်းအားကြီးပုဂ္ဂိုလ်ကို မဆင့်ခေါ်ဘူးဆိုရင် ဆန်းကြယ်အဓိပတိအဆင့်ရဲ့ ကျင့်ကြံခြင်းအခြေခံကို ကောက်နှုတ်ပြီးမှသာ ပိုင်ရှင်ရဲ့ ကိုယ်ပိုင်ကျင့်ကြံခြင်းကို ဆန်းကြယ်အဓိပတိအဆင့်အထိတိုးမြှင့်နိုင်မယ်"
"ဟုတ်ပါတယ် ၊ ပိုင်ရှင်အတွက် ကောက်နှုတ်ထားတဲ့ ကျင့်ကြံခြင်းကို ကံစမ်းဖို့ လုံလောက်ပါတယ်။ ဒါပေမယ့် အရင်တုန်းက ကျင့်ကြံခြင်းကို မတိုးမြှင့်နိုင်ပါဘူး။ ပိုင်ရှင်ရဲ့ ချီစွမ်းအင် သန့်စင်မှုကိုပဲ တိုးမြှင့်နိုင်ပါတယ်!"
ဝမ်ဖုန်းသည် သူ၏စိတ်အတွင်းမှ အေးစက်စက်အသံကိုကြားပြီး ခေါင်းညိမ့်ခဲ့သည်။ အံ့ဩစရာမရှိပေ။ အကယ်၍ ဆန်းကြယ်အဓိပတိအဆင့်ကို ထိုသို့ တိုးမြှင့်ခဲ့ပါက အင်ပါယာသုံးခုအတွင်း၌ ဆန်းကြယ်အဓိပတိ အထွတ်အထိပ်အဆင့် စွမ်းအားကြီးပုဂ္ဂိုလ်များက ထက်မြက်သည့်ဘက်ခြမ်းတွင်ရှိနေမည်မဟုတ်ပေ။
ထို့အပြင် ဝမ်ဖုန်းသည် စနစ်အား အလွန်အမင်း မှီခိုရန်ဆန္ဒမရှိချေ။ သူလုပ်နိုင်လျှင် အောင်မြင်ပေလိမ့်မည်။ သူမလုပ်နိုင်ပါက အားငယ်နေမည်မဟုတ်ပေ။ သူ့ဘာသူလေ့ကျင့်ကာ တဖြည်းဖြည်းချင်း ပိုမိုခိုင်မာလာစေမည်ဖြစ်သည်။
"စနစ် ၊ ဒါဆို အဲ့ဒီဆွဲဆန့်ထားတဲ့ အခြေခံကျင့်ကြံခြင်းတွေကို မုယွင်ဖေး ၊ လီဟေး နဲ့ လင်းဖေးဝူတို့ကို ဒီဆယ်ရက်အတွင်း မသိမသာတူညီလာစေလိမ့်မယ်" ဝမ်ဖုန်းသည် တစ်ခဏမျှတွေးကာပြောခဲ့သည်။
ယခုတွင် သူ၏ ရှန်ရှန့်ကျုံဂိုဏ်းမှ တပည့်များသည် ကျင့်ကြံခြင်းမြင့်သည့်သူများ ၊ ကျင့်ကြံခြင်းနိမ့်သည့်သူများနှင့် မညီမညာဖြစ်နေကြသည်။ ဒီတစ်ခေါက်တွင် သူသည် မုယွင်ဖေး တို့သုံးဦး၏ ကျင့်ကြံခြင်းအခြေခံများကို တူညီစေရန် ကောက်နှုတ်ထားသည့်ကျင့်ကြံခြင်းအခြေခံများကို အသုံးပြုပြီး သူတို့အား နတ်ဆုံးချိပ်ပိတ်ခြင်း ညီလာခံသို့ တက်ရောက်ရန် ခေါ်သွားချင်ခဲ့သည်။
လီချင်းအတွက်ကတော့ သူ၏ ပြိုင်ဘက်ကင်းခန္ဓာကိုယ် အသက်ဝင်လာစေရန်ကိုသာ အာရုံစိုက်ရပေဦးမည်။ လီချင်း ပြိုင်ဘက်ကင်းခန္ဓာ အပြည့်အဝ အသက်ဝင်လာနိုင်သည်နှင့် တစ်ပြိုင်နက် သူက သေချာပေါက် အမှီလိုက်နိုင်ပေလိမ့်မည်။ သူ၏ ကြောက်မက်ဖွယ်ရာ ပြိုင်ဘက်ကင်ခန္ဓာနှင့်ဆိုပါက လင်းဖေးဝူနှင့်အခြားသူများအား အချိန်တိုလေးအတွက်း၌ ကျော်တက်သွားရန်ပင် ဖြစ်နိုင်ပေသည်။
ထို့နောက် ဝမ်ဖုန်းသည် မဟာနတ်ဆိုးရွှမ်ရှအား ဆင့်ခေါ်ခဲ့သည်။ ယခုတွင် နတ်ဆိုးချိပ်ပိတ်ခြင်း ညီလာခံက နီးကပ်လာပြီဖြစ်ရာ သူက နတ်ဆိုးချိပ်ပိတ်ခြင်း ညီလာခံအကြောင်း ကောင်းကောင်းနားလည်ထားရပေမည်။ ဉပမာအားဖြင့် မဟာနတ်ဆိုးရွှမ်ရှ၏ ချိပ်စည်းရှိသည့်နေရာဖြစ်သည်။
"ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်။ ဂိုဏ်းချုပ်က ဒီတပည့်ကို ရှာနေတယ်ဆိုတာ မသိရပါလား။ ဘာအတွက်များလဲ"
တစ်ခဏမျှကြာပြီးနောက်တွင် မဟာနတ်ဆိုးရွှမ်ရှသည် ဂိုဏ်းချုပ်ခန်းမသို့ ရောက်လာပြီး ဝမ်ဖုန်းအား အရိုအသေပေးကာ မေးခဲ့လေသည်။
ရှန်ရှန့်ကျုံဂိုဏ်း၏ တိုးတက်လာသည့်အင်အားကိုကြည့်ပြီး မဟာနတ်ဆိုးရွှမ်ရှသည်လည်း ဝမ်ဖုန်းအား ပို၍ ပို၍ ထိတ်လန့်လာခဲ့သည်။ ရှန်ရှန့်ကျုံဂိုဏ်းကဲ့သို့ ပုန်းကွယ်နေသည့် ကြောက်ရွံ့ဖွယ် ရှေးဟောင်းဂိုဏ်းတစ်ခုအား ထိန်းချုပ်နိုင်သည့်အတွက် ဝမ်ဖုန်းသည် သူတွေးထားသည်ထက် အဆတစ်ထောင်ပို၍ ကြောက်မက်ဖွယ်ကောင်းပေမည်...
"ယောင်ရီ ဧကရာဇ်က မင်းကို ချိပ်ပိတ်ခဲ့တာ ဘယ်နေရာမှာလဲ" ဝမ်ဖုန်းသည် မဟာနတ်ဆိုးရွှမ်ရှ၏ လေးစားသမှုရှိမှုအတွက် ကျေနပ်စွာခေါင်းညိမ့်ပြီး ညင်သာစွာပြောခဲ့သည်။
"နတ်ဘုရားကျဆုံးတဲ့ ရှေးဟောင်းနယ်မြေ!"
ဝမ်ဖုန်း၏ စကားကို ကြားသည်နှင့် မဟာနတ်ဆိုးရွှမ်ရှ သည် လျစ်လျူမရှုဝံ့ဘဲ သူ၏ အသံအား အနည်းငယ် သိက္ခာရှိသည်ဟု ထင်ရစေရန် အလေးအနက်ပြောခဲ့သည်။
"နတ်ဘုရားကျဆုံးရာရှေးဟောင်းနယ်မြေ? အဲ့နေရာက ဘယ်လိုလဲ?" မဟာနတ်ဆိုးရွှမ်ရှ၏ သိသိသာသာပြောင်းလဲမှုကိုတွေ့ပြီး ဝမ်ဖုန်း၏ မျက်လုံးများက အနည်းငယ်တောက်ပသွားကာ သိချင်စွာဖြင့်မေးခဲ့သည်။
သူ့အရှေ့၌ရှိသည့် မဟာနတ်ဆိုးရွှမ်ရှသည် အလွန်ရိုကျိုးစွာပြုမူနေသော်ငြား ထိုမဟာနတ်ဆိုးရွှမ်ရှသည် လွန်ခဲ့သည့်နှစ်ပေါင်းတစ်ထောင်က မဟာနတ်ဆိုးတစ်ယောက်ဖြစ်ပြီး ယောင်ရီအင်ပါယာ၏ မဟာဧကရာဇ်အား ရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့သူ ဖြစ်သည်ကို သိထားပေသည်။ သူ၏စိတ်ထဲ၌ရှိသည့် မောက်မာမှုက သာမန်လူများယှဉ်နိုင်ရန် အလှမ်းဝေးပေသည်။
ထို့အပြင် နာမည်တစ်ခုဖြင့်ပင် မဟာနတ်ဆိုးရွှမ်ရှကဲ့သို့ မောက်မာသည့်လူများအား ထိုမျှ ဂုဏ်သိက္ခာရှိစေကာ နတ်ဘုရားများကျဆုံးရာရှေးဟောင်းနယ်မြေ၏ ဆန်းကြယ်မှုကို ပြသနေလေသည်။
"နတ်ဘုရားများကျဆုံးရာ ရှေးဟောင်းနယ်မြေက အဓိက အင်ပါယာကြီးသုံးခုဆုံတဲ့နေရာမှာရှိပြီးတော့ စည်းမျဉ်းတွေမရှိတဲ့ နေရာရဲ့ အလယ်ဗဟိုလည်းဖြစ်တယ်။ ပြီးတော့ အင်ပါယာကြီးသုံးခုလုံး လက်လွန်စပယ်မလုပ်ဝံ့တဲ့နေရာလည်းဟုတ်တယ်။ အဓိကအင်ပါယာကြီးသုံးခုက အခုလို တည်ငြိမ်အေးချမ်းနေနိုင်တာ အဲ့ဒီ နတ်ဘုရားကျဆုံးရာရှေးဟောင်းနယ်မြေကြောင့်လို့ ပြောလို့ရတယ်!" မဟာနတ်ဆိုးရွှမ်ရှက အလေးအနက်ပြောခဲ့သည်။
"အိုး ? ဆက်ပြောပါဦး!"
မဟာနတ်ဆိုးရွှမ်ရှ၏ စကားများကိုကြားပြီး ဝမ်ဖုန်းသည် နတ်ဘုများကျဆုံးရာရှေးဟောင်းနယ်မြေအား ပို၍ စိတ်ဝင်စားလာခဲ့ရာ မဟာနတ်ဆိုးရွှမ်ရှအား ဆက်ပြောရန် အမူအရာပြခဲ့သည်။
"အဓိကအင်ပါယာကြီးသုံးခုမတည်ထောင်ခင်ကတည်းက နတ်ဘုရားတွေရဲ့ ရှေးဟောင်းနယ်မြေက ရှိနေပြီးသားပါ။ တကယ်တော့ နတ်ဘုရားများကျဆုံးရာရှေးဟောင်းနယ်မြေဆိုတာက တွင်းကြီးတစ်တွင်းပါပဲ။ နတ်ဘုရားတွေကျဆုံးပြီးမှဖြစ်ပေါ်လာတဲ့ တွင်းကြီးလို့ ပြောလို့ရတယ်"
"နတ်ဘုရားတွေကျဆုံးရာနယ်မြေတစ်ခုလုံးမှာ ပြင်းထန်တဲ့ဖိအားတစ်ခုရှိတယ်။ အဲ့ဒီဖိအားက ကြောက်စရာကောင်းပေမယ့် သေစေတဲ့အထိမဖြစ်နိုင်ဘူး။ အဲ့ဒါကြောင့် အတွေ့အကြုံရဖို့ နတ်ဘုရားများကျဆုံးရာရှေးဟောင်းနယ်မြေကို သွားချင်တဲ့ စွမ်းအားကြီးတဲ့ လူတွေနဲ့ မကောင်းဆိုးဝါးတွေအများကြီးလည်းရှိတယ်။ ဖိအားကို လက်ခံပြီး ကိုယ့်ကိုယ်ကို တိုးတက်လာအောင်လုပ်ဖို့ပဲ!"
"ထပ်ပြောရရင် ရှေးဟောင်းနယ်မြေရဲ့ အနက်ရှိုင်းဆုံးနေရာအထိဝင်ဖူးတဲ့သူတစ်ယေက်မှမရှိဘူး။ အဓိကအင်ပါယာကြီးသုံးခုရဲ့ မဟာဧကရာဇ်တွေတောင်မှ ဝင်ဖို့ သတ္တ်ိမရှိကြဘူး။ နတ်ဘုရားများကျဆုံးရာရှေးဟောင်းနယ်မြေရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ညတိုင်း ညတိုင်းမှော်ဆန်တဲ့အသံရှိတယ်ဆိုတဲ့ ကောလဟာလရှိတယ်။ အဲ့ဒီမှော်ဆန်တဲ့အသံက ဆန်းကြယ်အဓိပတိအဆင့်မှာရှိတဲ့ စွမ်းအားအကြီးဆုံးသူကိုတောင်မှ ငရဲကိုသွားအောင်လုပ်ဖို့ လုံလောက်တယ်!"
ဝမ်ဖုန်း၏ အချက်ပြမှုကို ရရှိပြီးနောက်တွင် မဟာနတ်ဆိုးရွှမ်ရှသည် စကားပြောကောင်းသည့် အပြုအမူဖြင့် ပြောခဲ့ပြီး သူ၏အသံက ခန်းမထဲ၌ ဆက်တိုက်ထွက်ပေါ်နေခဲ့၏!
ဝမ်ဖုန်းသည် မဟာနတ်ဆိုးရွှမ်ရှပြောနေသည့် နတ်ဘုရားများကျဆုံးရာရှေးဟောင်းနယ်မြေအကြောင်းနားထောင်ပြီးသည့်နောက်တွင် ထိုနေရာအကြောင်းအား စိတ်ဝင်စားသထက် စိတ်ဝင်စားလာခဲ့သည်။
ဒဏ္ဍာရီဆိုသည့်အရာက ကောလဟလဖြစ်စေ ၊ ဖြစ်ရပ်မှန်ဖြစ်စေ ရှေးဟောင်းနယ်မြေ၌ နတ်ဘုရားများကျဆုံးသွားခြင်းက မရိုးရှင်းပေ။ ထိုနေရာ၌ ကြီးမားသည့် အခွင့်အလမ်းတစ်ချို့ရှိနိုင်ပေသည်။
"နတ်ဘုရားများကျဆုံးရာရှေးဟောင်းနယ်မြေထဲမှာ အဲ့လိုမျိုးဖိအားရှိတာကို ဘာလို့ အဲ့ဒီနေရာမှာ တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့တာလဲ"
ထို့နောက် ဝမ်ဖုန်းသည် မဟာနတ်ဆိုးရွှမ်ရှအား ကြည့်ပြီး သိချင်စွာမေးခဲ့သည်။
ထိုဖိအားက စွမ်းအားကြီးသည့် ကျင့်ကြံအား ဖျက်ဆီးရန် မတတ်နိုင်ပေ။ သို့သော်လည်း ၎င်းက တိုက်ပွဲဝင်ခွန်အားကိုပါ ထိခိုက်စေမည်ကို စိုးရိမ်မိပေ၏!
"ကြီးမြတ်တဲ့ ယောင်ရီအင်ပါယာရဲ့ ခွေးဧကရာဇ် က နတ်ဘုရားများကျဆုံးရာရှေးဟောင်းနယ်မြေမှာတိုက်ခိုက်မှ တရားမျှတပြီး မင်းလည်း နတ်ဘုရားများကျဆုံးရာရှေးဟောင်းနယ်မြေမှာ သေဆုံးပြီး နတ်ဘုရားတွေနဲ့ အတူမြှုပ်နှံခံရမှာ! လို့ပြောခဲ့တယ်လေ။ ပြီးတော့ အဲ့ဒီအချိန်တုန်းက ကျွန်တော်က စောင့်ရုံပဲစောင့်နေခဲ့တာ။ အပြင်ဘက်ဆုံးအပိုင်းမှာပဲရှိသေးတာ။ ပြီးတော့ ဆန်းကြယ်အဓိပတိ အထွတ်အထိပ်အဆင့်တစ်ယောက်အတွက် ဖိအားက မပြင်းထန်ဘူး!"
ဝမ်ဖုန်း၏မေးခွန်းအားကြားပြီး မဟာနတ်ဆိုးရွှမ်ရှသည် မျက်ထောင့်နီကြီးဖြင့် ဒေါသတကြီးပြောခဲ့သည်။ သူသည် မဟာဧကရာဇ် ယောင်ရီအား အပြင်းအထန် သတ်ပစ်ချင်နေခဲ့ပေသည်။
ဤစကားအားနားထောင်ပြီး ဝမ်ဖုန်းက ထပ်ခါတလဲလဲခေါင်းညိမ့်ကာ : "နတ်ဘုရားများကျဆုံးရာရှေးဟောင်းနယ်မြေရဲ့ ဖိအားက ဘယ်လိုမျိုးလဲ"
မကြာခင်တွင် သူက ရှန်ရှန့်ကျုံဂိုဏ်း၏ တပည့်များအားခေါ်ဆောင်ကာ နတ်ဆိုးချိပ်ပိတ်ခြင်း ညီလာခံသို့ လေ့ကျင်ရန်သွားမည်ဖြစ်ပြီး ထိုနတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံကလည်း နတ်ဘုရားများကျဆုံးရာရှေးဟောင်းနယ်မြေ၌ ကျင်းပြမည်ဖြစ်သည်။ ထို့ကြောင့် သူက ထိုနေရာအကြောင်းအား ပို၍သိထားရန်လိုအပ်သည်မှာ သဘာဝကျပေသည်။ ထို့အပြင် ဝမ်ဖုန်းသည် နတ်ဆိုးချိပ်ပိတ်ခြင်း ညီလာခံအား တက်ရောက်ပြီး ညီလာခံပြီးသည့်အခါ၌ နတ်ဘုရားများကျဆုံးရာရှေးဟောင်းနယ်မြေအတွင်းပိုင်းသို့ သွားရန် စီစဉ်ထားလေသည်။ ထိုနေရာ၌ ကြီးမားသည့် အခွင့်အရေးအချို့ရှိပေမည်!
သူ့၌ စနစ်တစ်ခုရှိပေသည်။ သို့သော်လည်း ဤသည်က တခြားအခွင့်အရေးများအား မလိုအပ်ဟု မဆိုလိုပေ!
"နတ်ဘုရားများကျဆုံးရာရှေးဟောင်းနယ်မြေရဲ့ဖိအားက အားနည်းရာကနေ အားကြီးရာကို ဦးတည်နေတာပါ။ အပြင်ဘက်ကိုသွားလေ ဖိအားက ပိုနည်းလာလေဖြစ်ပြီး တွင်းထဲကိုရောက်လာရင် ဖိအားက ပိုများလာလေပါပဲ!"
"ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်တောင်မှ အချိန်အကြာကြီးစောင့်ပြီးမှ အလယ်ဗဟိုနားကို သွားနိုင်တယ်။ သူတို့က အထဲကိုပိုပြီးသွားမယ်ဆိုရင် ကြောက်မက်ဖွယ်ဖိအားက ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် စွမ်းအားကြီးပုဂ္ဂိုလ်ကိုဖိချေလိုက်ဖို့ လုံလောက်တယ်! သူတို့ရဲ့ ခုခံနိုင်စွမ်းကို ကျော်သွားတာနဲ့ချက်ချင်း အဲ့ဒီဖိအားက ရှေးဟောင်းနယ်မြေထဲကိုကျလာပြီး လူတွေကိုသတ်ပစ်လိုက်နိုင်တယ်!"
မဟာနတ်ဆိုးရွှမ်ရှသည် နတ်ဘုရားများကျဆုံးရာရှေးဟောင်းနယ်မြေ၌ နှစ်တစ်ထောင်ကျော်ချိတ်ပိတ်ခံထားရသည့်အတွက် ထိုနယ်မြေအကြောင်းအများကြီးသိထားဆဲဖြစ်ကြောင်း ရှင်းပြခဲ့လေသည်။
မဟာနတ်ဆိုးရွှမ်ရှ ရှင်းပြသည်ကို နားထောင်ပြီး ဝမ်ဖုန်းကခေါင်းညိမ့်ကာ သူ၏စိတ်ထဲ၌ လေးနက်သည့်ခံစားချက်တစ်ခုရှိနေခဲ့သည်။ သူက နတ်ဘုရားများကျဆုံးရာရှေးဟောင်းနယ်မြေ၏ အတွင်းပိုင်းသို့ သွားချင်သော်လည်း သူတတ်နိုင်သည်ကိုသာလုပ်ဆောင်ရန်ရှိသေးပေသည်။
ထိုစနစ်ဖြင့်သူက ကံတရား၏သားတော်ဟု မထင်ပေ။ အကယ်၍ သူက ပေါက်ကွဲဖို့ရာကံကောင်းခဲ့ပါက ကမ္ဘာတစ်ခုသို့သွားနိုင်ပေမည်။ ဤလျှို့ဝှက်ဆန်းကြယ်ပြီး မသိသည့်နေရာတစ်ခု၌ စနစ်တစ်ခုရှိလျှင်ပင် သူက လူအုပ်ကြထဲက လူအုပ်သာဖြစ်လေသည်။ သူက အဆင်အခြင်မဲ့သည့် လူတစ်ယောက်မဟုတ်ပေ...
လက်လှမ်းမမှီသည့် ကိစ္စ၌ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ခြင်းက အဓိကကျပေသည်။ အခွင့်အရေးက မည်မျှကြီးမားပါစေ အသက်မရှိတော့ပါက အခွင့်အရေးက ဘယ်အသုံးဝင်တော့မှာလဲ။
"မစိုးရိမ်ပါနဲ့ ၊ အချိန်ကိုက်နေသရွေ့ ဒီဂိုဏ်းက မင်းကို လက်စားပြန်ချေဖို့ အခွင့်အရေးပေးမှာပါ!" ထို့နောက် ဝမ်ဖုန်းသည် မဟာနတ်ဆိုးရွှမ်ရှအား ကြည့်ကာ တိုးညှင်းစွာပြောခဲ့သည်။
ဤအချိန်အတောအတွင်း၌ ဝမ်ဖုန်းသည်လည်း မဟာနတ်ဆိုးရွှမ်ရှအကြောင်းကို သိထားလေသည်။ သူက ကောလဟလများကဲ့သို့ ဆိုးယုတ်ခြင်းမရှိသော်လည်း အလွန်စဉ်းစားဆင်ခြင်နိုင်ပေသည်။
ထို့အပြင် ယခုတွင် သူ၏ ရှန်ရှန့်ကျုံဂိုဏ်းနှင့် ယောင်ရီအင်ပါယာ၌ ရှောင်လွှဲမရနိုင်သည့် အမုန်းတရားတစ်ခုရှိနေချေပြီ။ ချန်လင်မြို့စားအား သတ်ခဲ့ခြင်းကြောင့်ဖြစ်စေ ၊ လင်းမိသားစု၏ လျှို့ဝှက်ချက်ကြောင့်ဖြစ်စေ ယောင်ရီအင်ပါယာက သူ့အား လွှတ်ပေးမည်မဟုတ်ပေ။
"ကျေးဇူးအများကြီးတင်ပါတယ် ဂိုဏ်းချုပ်!"
ဝမ်ဖုန်း၏စကားများကို ကြားရပြီး မဟာနတ်ဆိုးရွှမ်ရှ၏ မျက်နှာသည် အလွန်အမင်း ပျော်ရွှင်လာခဲ့ပြီး အလျင်စလိုအရိုအသေပေးကာ သူ့အား ကျေးဇူးတင်ခဲ့လေသည်။
လွန်ခဲ့သည့် နှစ်တစ်ထောင်ကျော်၌ သူသည် တစ်ချိန်လုံး လက်စားချေရန်အကြောင်းကို စဉ်းစားနေခဲ့ပေ၏။ ချိပ်စည်းအား ချိုးဖျက်ရန်စဉ်းစားသည့်အချိန်တွင် မဟာနတ်ဆိုးရွှမ်ရှသည် မဟာ ဧကရာဇ် ယောင်ရီ၏ စွမ်းဆောင်မှုများကိုလည်း စဉ်းစားခဲ့လေသည်။ ထိုအချိန်၌ သူက ဆန်းကြယ်အဓိပတိအထွတ်အထိပ်အဆင့်သို့ ပြန်လည်ရောက်ရှိနိုင်ပါက မဟာနတ်ဆိုးရွှမ်ရှသည် မဟာ ဧကရာဇ် ယောင်ရီအား အနိုင်ယူရန် ယုံကြည်ချက်အများအပြားရှိနေဆဲပင်!
"ဒီကိစ္စမှာ မင်းနောက်ပြန်ဆုတ်လို့ရတယ်! မင်းလည်း နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံကို လိုက်လာလို့ရတယ်။ ဒါပေမယ့် ဖုံးကွယ်ထားရမယ်။ အချိန်အတိုင်းအတာတစ်ခုအထိ မင်းရဲ့ ပုံစံအမှန်ကို ဘယ်သူမှမသိစေနဲ့!" ဝမ်ဖုန်းသည် လက်ကိုဝှေ့ယမ်းကာပြောခဲ့သည်။
မဟာနတ်ဆိုးရွှမ်ရှ၏ ပုံစံအမှန်ပေါ်သွားသည်နှင့်ချက်ချင်း သူက မဟာ ဧကရာဇ် ယောက်ရီ နှင့် ရင်ဆိုင်တိုက်ခိုက်ရပေလိမ့်မည်။ ထိုအချိန်တွင် နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံ၌ ပါဝင်ရန် မဖြစ်နိုင်တော့ပေ။
ဝမ်ဖုန်းသည် နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံ၌ ပါဝင်သည့်အတွက် ရှာဖွေခြင်းဆုလာဒ်အား အလွန် စိတ်ကူးယဉ်နေဆဲဖြစ်ပြီး မတော်မှုအနည်းငယ်ကြောင့် သူ၏ ရှာဖွေခြင်းဆုလာဒ်များ ပျောက်ပျက်သွားမည်ကိုမလိုလားပေ။
တကယ်တော့ မဟာနတ်ဆိုးရွှမ်ရှအား မလိုက်ခဲ့စေခြင်းက ဘေးအကင်းဆုံးဖြစ်သော်ငြညးလည်း မဟာနတ်ဆိုးရွှမ်ရှက နတ်ဘုရားများကျဆုံးရာရှေးဟောင်းနယ်မြေနှင့် ပို၍ အကျွမ်းတဝင်ရှိသည်ဟု ယူဆကာ ဝမ်ဖုန်းက မဟာနတ်ဆိုးရွှမ်ရှအား လိုက်ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
မဟာနတ်ဆိုးရွှမ်ရှအား အနည်းငယ် ဖုံးကွယ်ထားစေပြီး သူ၏ ဖုံးကွယ်မှုပါထပ်ပေါင်းလိုက်ပါက သူ့ရှေ့၌ မဟာ ဧကရာဇ် ယောင်ရီရှိနေလျှင်ပင် မဟာနတ်ဆိုးရွှမ်ရှ၏ ပုံစံအမှန်အား တွေ့နိုင်မည်မဟုတ်ပေ။ ဝမ်ဖုန်းသည် သူ၏လက်ရှိခွန်အားအကြောင်းကို အတော်များများသိထားပေ၏။
သူ၏ ကျင့်ကြံခြင်းအခြေခံက စနစ်မှ ထည့်သွင်းပေးထားခြင်းဖြစ်သော်လည်း သူ၏ အခြေခံက အလွန်ခိုင်မာဆဲဖြစ်ကာ သူ၏ တိုက်ပွဲဝင်ခွန်အားကို သာမန် ဆန်းကြယ်အင်ပါယာအဆင့် စွမ်းအားကြီးပုဂ္ဂိုလ်များက မယှဉ်ပြိုင်နိုင်ပေ။