← Chapters

ဓားတစ်ချောင်းက ကမ္ဘာကြီးကို တုန်လှုပ်စေတယ်

Vol. 3 Ch. 33

ဓားတစ်ချောင်းက ကမ္ဘာကြီးကို တုန်လှုပ်စေတယ်

Vol. 3 Ch. 33

ချင်းယွမ်စံအိမ်တစ်ခုလုံးတွင် စုစုပေါင်း အထပ် ခုနှစ်ထပ်ရှိသည်။ ရှန်လင်မြို့သို့လာကြသည့် စွမ်းအားကြီးဂိုဏ်းအားလုံးက ပဉ္စမထပ်တွင်ရှိပြီး ထျန်းရှင်းဂိုဏ်းသည်လည်း သဘာဝကျစွာပင်ချင်းယွမ်စံအိမ်၏ ပဉ္စမထပ်၌ရှိလေသည်။

"ဟေး ၊ ဒီကောင်လေးက တကယ်မသေချင်ရှာဘူးပဲ။ သူက ချင်းယွမ်စံအိမ်မှာ စစ်ဖန့်ခန်းမကိုရန်စလိုက်တာပဲ။ အကြီးအကဲ ကွေ့ရှုန်း ထွက်လာတာနဲ့ ဒီကောင်လေးသေမှာ!"

တာအိုဝတ်ရုံအားဝတ်ဆင်ထားသည့် လှပသည့် အမျိုးသမီးသည် ခေါင်းခါပြီး နှာခေါင်းရှုံ့ကာပြောခဲ့သည်။ သူမ၏ မျက်လုံးထဲ၌ အမြင်ကပ်စရာကောင်းပေသည်။

မောက်မာမှုနှင့် အထက်စီးဆန်မှုက ပစ်မှတ်အပေါ်တွင်လည်း မူတည်ပေသည်။ အဓိကအင်‌ပါယာကြီး သုံးခု၌ အင်အားကြီးဂိုဏ်းများစွာသည် ချင်းယွမ်စံအိမ်၌ ဘာမှမလုပ်ဝံ့ကြချေ။ ဤကလေးက တကယ်ကို ကျားမကြောက်သည့် နွားပေါက်ဖြစ်သည်။ သို့သော်လည်း သူ၏ လုပ်ဆောင်ချက်က သူ့အသက်ကို ဆုံးရှူံးစေပေသည်!

တာအိုဝတ်စုံနှင့် လှပသည့်အမျိုးသမီး၏ အထင်အမြင်သေး ရှုံ့ချမှုများနှင့် နှိုင်းယှဉ်ပါက သူ့ဘေးတွင်ရှိသည့် လီထျန်းရှင်း၏ လှပသည့် မျက်လုံးများ၌ မျှော်လင့်ချက်အရိပ်အယောင်များ တဖိတ်ဖိတ်တောက်နေခဲ့သည်။ ဝမ်ဖုန်း၏ သတ္တိနှင့် သူ့အနောက်၌ရှိသည့် လျှို့ဝှက်ဆန်းကြယ်မှုက လီထျန်းရှင်းအား ဆွဲဆောင်နေခဲ့သည်။ ဖြစ်နိုင်သည်မှာ...

ပဉ္စမထပ်၌ အခြားအဓိကဂိုဏ်းများ၏ စွမ်းအားကြီးပုဂ္ဂိုလ်များသည်လည်း လှောင်ပြောင်ကာ မထီမဲ့မြင်ပြုလျက် ဝမ်ဖုန်း၏ ကံကြမ္မာအား မျှော်လင့်ထားပြီးသားဖြစ်လေသည်။

.............

"အိုး ? ဒါဆို မင်းစမ်းကြည့်သင့်တယ်!"

အကြီးအကဲ ကွေ့ရှုန်း၏ အေးတိအေးစက်လေသံကိုကြားသော်လည်း ဝမ်ဖုန်းက လုံးဝ တွန့်ဆုတ်မှုမရှိဘဲ အပြုံးတစ်ပွင့်ဖြင့် တည်ငြိမ်နေဆဲဖြစ်ပြီး အလေးမထားဟန်ဖြင့်ပြောခဲ့သည်။

"မင်းကသေချင်နေတာပဲ!"

ဝမ်ဖုန်း၏ ရန်စမှုသည် ဆန်းကြယ်အင်ပါယာအဆင့်ဖြစ်သည့် စစ်ဖန့်ခန်းမ၏ အကြီးအကဲ ကွေ့ရှုန်းအား လွန်စွာဒေါသထွက်စေခဲ့၏။ သူသည် ဝမ်ဖုန်းအားမျက်ထောင့်‌နီကြီးဖြင့် စိုက်ကြည့်ကာ သူ၏ ခန္ဓာကိုယ်မီ ထုတ်လွှတ်နေသည့် အစွမ်းက ပို၍ ပြင်းထန်လာပေသည်။ ခန်းမထဲ၌ အလွန်တရာလေးလံလှသည့် ဖိအားတစ်ခုရှိနေခဲ့သည်။

သို့သော်ငြားလည်း အကြီးအကဲ ကွေ့ရှုန်းသည် ဒေါသအချောင်းချောင်းထွက်နေသော်လည်း ဘာမှမလုပ်ဝံ့ချေ။ အကယ်၍ သာမာန်နေရာတစ်ခု၌သာဆိုပါက သူသည် ဝမ်ဖုန်းအား သေသည်အထိရိုက်နှက်ပေလိမ့်မည်။

"ဂုဏ်သရေရှိလူကြီးမင်း က ကျွန်မရဲ့ ချင်းယွမ်စံအိမ်က စည်းမျဉ်းတွေကို မသိလို့လားရှင့်"

ထိုအချိန်၌ ခန်းမထဲတွင် နူးညံ့သိမ်မွေ့ပြီး ရည်မွန်သည့် အသံတစ်ခုထွက်ပေါ်လာခဲ့သည်။ ထိုအသံသည် လူတိုင်းအား ရုတ်တရက် စိတ်လှုပ်‌ရှားစေခဲ့ပြီး ထိုအသံအားကြားသည့်အခါ၌ မော့ကြည့်ခဲ့ကြသည်။ ဝမ်ဖုန်းပင်လျှင် မော့ကြည့်ခဲ့သည်။

သိမ်မွေ့ကာရည်မွန်သည့် အသံသည် လူအများအား နွေ‌ဦးလေပြည်ကဲ့သို့ ခံစားရစေပြီး အသံကြားရုံဖြင့် အသံပိုင်ရှင်အား တွေ့မြင်ချင်စေရန် ဖြစ်စေခဲ့သည်။

လူတိုင်း၏ အကြည့်အောက်၌ ပါးလွှာသည့်အဖြူရောင်စကပ်ကို ဝတ်ဆင်ထားပြီး ဖန်ဖိနပ်ကိုစီးထားသည့် အမျိုးသမီးတစ်ဦးသည် ခန်းမအနောက်မှ ဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။

ဤအမျိုးသမီးပေါ်လာသည်နှင့်တစ်ပြိုင်နက် သူမသည် ဧကရီ ယင် ကဲ့သို့ လူတိုင်းအာရုံကို ဖမ်းစားသွားခဲ့သည်။ ရုပ်ရည်သွင်ပြင်၌ ဤအမျိုးသမီးသည် ဧကရီ ယင် နှင့် တန်းတူဖြစ်ပြီး ကွာခြားချက်မှာ သူတို့၏ ပင်ကိုယ်စိတ်ရင်းဖြစ်သည်။

ဧကရီယင် က ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိသည်ဆိုပါက ဤအမျိုးသမီးက ကျက်သရေရှိပြီး မြင့်မြတ်လေသည်။

"ဒါ အကြီးအကဲ ကျူးချင်းပဲ။ ငါ အကြီးအကဲ ကျူးချင်း ကိုမြင်ဖူးတယ်!"

ထိုအမျိုးသမီးအားတွေ့သည့်အခါ၌ အကြီးအကဲ ကွေ့ရှုံးသည် ဝမ်ဖုန်းထံ၌ရှိသည့် သူ၏ ဒေါသကို ဖိနှိပ်ကာ ထိုအမျိုးသမီးအား အရိုအသေပေးပြီး ယဉ်ယဉ်ကျေးကျေးပြောခဲ့သည်။

"အကြီးအကဲ ကျူးချင်း ကိုတောင် ထိတ်လန့်စေမယ်လို့ ထင်မထားခဲ့ပါဘူး!"

"ဟုတ်တယ် ၊ အကြီးအကဲ ကျူးချင်းက ရှန်လင်မြို့က ချင်းယွမ််စံအိမ်ရဲ့ တာဝန်ရှိပုဂ္ဂိုလ်တစ်ယောက်ပဲ။ သူကလည်း ဆန်းကြယ်အင်ပါယာအဆင့်ဆရာသခင်တစ်ယောက်ဖြစ်ပြီး အကြီးအကဲ ကျူးချင်းက အထိတ်တလန့်ဖြစ်ခဲ့ရတယ်။ အဲ့ကောင်လေးရဲ့ ကံတရားက သိသာနေပြီပဲ!"

"ပြိုင်ဘက်ကင်းအလှလေးနှစ်ယောက်ကို တစ်နေ့တည်းမှာ တွေ့ရမယ်လို့ ထင်မထားခဲ့ဘူး။ ဒီတစ်ခေါက်ခရီးစဉ်က တကယ်တန်တာပဲ!"

"မဆိုးပါဘူး! ဒါပေမယ့် ကျုပ်က အဲ့ကောင်လေး ဘာဖြစ်မလဲဆိုတာပဲ ကြည့်ချင်တာ!"

အကြီးအကဲ ကျူးချင်း ၏ အသံထွက်လာသည့်အခါ၌ ခန်းမအတွင်းရှိ ကျင့်ကြံသူများစွာသည်လည်း တိုးတိုး တိတ်တိတ် ဆွေးနွေးနေကြသည်။

"ဒီနေ့ မိန်းကလေးနဲ့တွေ့ရတာက ဒီဂိုဏ်းအတွက် ဂုဏ်ယူဖို့လုံလောက်ပါတယ်။ ကျုပ်ကအပြစ်ပြုမိပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ!"

ဝမ်ဖုန်းက အနည်းငယ်ပြုံးပြခဲ့သည်။

"သေစမ်း၊ ဒီကောင်က အရူးပဲ။ အကြီးအကဲ ကျူးချင်းကို ရန်စရဲတယ်လား"

"တကယ်လို့ ငါသာ ခုနက ခန်းမထဲမှာမရှိခဲ့ဘူးဆိုရင် ဒီလူကို လူကြီးလူကောင်းတစ်ယောက်လို့ ထင်မိမှာစိုးရိမ်မိတယ်!"

"ဟုတ်တယ်မို့လား။ ဒါက အရမ်းရီရတာပဲ။ မင်းရဲ့လက်ရှိအခြေအနေကိုတောင်မကြည့်ဘဲ ဒူးမထောက်ဘဲ ခွင့်လွှတ်မှုတောင်းခံနေတာ။ ဘယ်လိုလုပ်ပြီး အကြီးအကဲ ကျူးချင်းကို ကိုယ်ထိလက်ရောက် စော်ကားဝံ့တာလဲ"

ဝမ်ဖုန်းထံမှ အသံထွက်လာသည့် အခါ၌ ခန်းမအတွင်းရှိ ကျင့်ကြံသူများသည် မင်သက်သွားကြပြီး ဝမ်ဖုန်းအား အလွန်အံ့ဩစွာဖြင့် ကြည့်ခဲ့ကြသည်။ သူတို့ဘဝ၌ ပထမဆုံးအကြိမ် ထိုကဲ့သို့ သေရမှာမကြောက်သည့်သူအား တွေ့ဖူးခြင်းဖြစ်သည်။

အဓိကအင်ပါယာကြီး သုံးခု၏ နယ်နမိတ်အတွင်း၌ ချင်ကျူး အား ဘယ်သူကမသိဘဲနေမှာလဲ။ ဒါပေမယ့် ဘယ်သူက အကြီးအကဲ ကျူးချင်း ကို ရန်စရဲမှာလဲ။ အကြီးအကဲ ကျူးချင် ၏ အလှတရား ၊ မြင့်မြတ်သည့် စိတ်နေသဘောထားဖြင့် တခြားအင်အားစုများ၌ ရှိပါက မရေမတွက်နိုင်သည့် သူများက လိုက်လံပိုးပန်းနေမည်မှာ အချိန်အတော်ကြာပေလိမ့်မည်။

သို့သော်လည်း ယခုအချိန်တိုင်အောင် ကျောထောက်နောက်ခံရှိသည့်လူငယ်တစ်ယောက်က ဒီနေရာသို့ ရေုက်လာခဲ့လျှင်ပင် ပရောပရည်လုပ်သည့် စကားတစ်ခွန်းမျှပင် မပြောဝံ့ပေ။ ဘာကြောင့်လဲဆိုပါက သူက ချင်ယွမ်စံအိမ်အား ကြောက်ရွံ့ရသောကြောင့်ပင်။

ဝမ်ဖုန်းက ထိုမျှ မိုက်မဲပြီးပြီး ပြောရဲ‌ဆိုရဲကာ အကြီးအကဲ ကျူးချင်းအား စော်ကားဝံ့လိမ့်မည်ဟု မည်သူကထင်လိမ့်မလဲ။

တစ်ဖက်၌ ရှိသည့် အကြီးအကဲ ကွေ့ရှုန်က လှောင်ပြောင်ကာ ဝမ်ဖုန်းအား သေလူတစ်ယောက်ကဲ့သို့ ကြည့်နေခဲ့သည်။ သူက ဤချင်းယွမ်စံအိမ်၌ သူ၏ အကူအညီမပါဘဲ သေဆုံးသွားမည်ဟု ထင်ရပေသည်။

အမှန်အတိုင်းပြောရမည်ဆိုပါက ဆန်းကြယ်အင်ပါယာအဆင့်ဖြစ်သည့် အကြီးအကဲ ကွေ့ရှုန်၏ အသိပညာဗဟုသုတဖြင့်ပင် ဝမ်ဖုန်းကဲ့သို့ သေခြင်းတရားအား အနူးအညွှတ်တောင်းဆိုနေသည့် သူမျိုးကို တစ်ခါမှမြင်ဖူးခဲ့ပေ။

"လူကြီးမင်း က အရမ်း သတ္တိကောင်းတာပဲ!"

အံ့အားသင့်စွာပင် ဝမ်ဖုန်း၏ နှောင့်ယှက်ခြင်းနှင့် ရင်ဆိုင်ရာ၌ စိတ်ဆိုးရမည့်အစား အကြီးအကဲ ကျူးချင်းက နူးညံ့စွာရယ်မောခဲ့လေသည်။

"အဲ့လောက်ကြီးမဟုတ်ပါဘူး။ နည်းနည်းပဲပိုတာပါ!" ဝမ်ဖုန်းသည် ပြုံး၍ နူးညံ့စွာပြောခဲ့သည်။

"လူကြီးမင်း က ကျွန်မရဲ့ ချင်းယွမ်စံအိမ်ထဲမှာ တိုက်ခိုက်ခဲ့ပြီး ချင်းယွမ်စံအိမ်ရဲ့ စည်းမျဉ်းတွေကို ချိုးဖျက်ခဲ့တယ်။ ဘာတွေလုပ်နေတာပါလဲ" ဤသည်ကိုကြားပြီး အကြီးအကဲ ကျူးချင်းသည် ဝမ်ဖုန်းအား လှပသည့်မျက်လုံးတစ်စုံဖြင့် မယုတ်မလွန်စိုက်ကြည့်ပြီး ညင်သာစွာပြောခဲ့သည်။

ထိုအခ်ိုက်အတန့်၌ အကြီးအကဲ ကျူးချင်း၏ စကားများက နူးညံ့နေဆဲဖြစါသေည်လည်း အားကောင်းသည့် အထက်စီးဆန်မှု တစ်ခုရောယှက်နေခဲ့ပေသည်။

လာနေပြီ!

ဒီကောင်လေး သေရမယ့် အချိန်ရောက်ပြီ!

အကြီးအကဲ ကျူးချင်း၏ အသံထွက်လာသည့်အခါ၌ ရှိနေသည့် လူအားလုံး၏ မျက်နှာများက ရုတ်ချည်းပြောင်းလဲသွားခဲ့ပြီး ဝမ်ဖုန်း၏ ဝမ်းနည်းဖွယ်အဆုံးသတ်ကို မျှော်လင့်နေကြပေသည်။

ထိုအခိုက်အတန့်တွင် မည်သူမှမလုပ်ရဲသည့် အရာအား လုပ်ဆောင်ခဲ့ပြီး သူတို့ထဲမှ အများစုက အကြီးအကဲ ကျူးချင်းနှင့် စကားပြောရန်အဆင့်မမှီသည့်အတွက်ကြောင့် ရှိနေသည့် သူအားလုံး၏ 99% သည် ဝမ်ဖုန်းသေမည်ဟု မျှော်လင့်ခဲ့ကြပြီး သူတို့ထဲမှ လူအများစုသည် အကြီးအကဲ ကျူးချင်း အား စကားပြောရန် အရည်အချင်းမပြည့်မှီသည့် သူများဖြစ်ကြပေသည်။ ဝမ်ဖုန်းက ချင်းယွမ် စံအိမ်၏ စည်းမျဉ်းများကို ချိုးဖောက်ခြင်းအား အမှီသဟဲပြုပြီး အကြီးအကဲ ကျူးချင်းအား စကားပြောခြင်းသည် ထိုကဲ့သို့သူများအား သေခြင်းတရားကသာ ညီမျှအောင်လုပ်ပေးနိုင်ပေလိမ့်မည်။

"ဒီလူက ချင်းယွမ်စံအိမ်ကို စိတ်အနှောင့်အယှက် မရည်ရွယ်ပါဘူး။ ဒါပေမယ့် လူ‌တွေက ကျုပ်ကို မစော်ကားရင် ကျုပ်ကလည်း သူများကို မစော်ကားပါဘူး။ ဘယ်နေရာမှရှိနေ ရှိနေ ဒီလူကို စော်ကားရဲတယ်ဆိုရင် သေကိုသေရမှာပဲ! အခု ဒီလူက မသေသေးဘူး။ အဲ့တာကို ဆက်ပြီး ထိန်းသိမ်းရမယ်"

အကြီးအကဲ ကျူးချင်း၏ စကားများကို နားထောင်ပြီးသည်နှင့် ဝမ်ဖုန်းသည် မျက်လုံးကို အနည်းငယ်မှေးကာ အကြီးအကဲ ကျူးချင်းအား ကြောက်ရွံ့မှုမရှိဘဲ တိုက်ရိုက်ကြည့်ပြီး အလေးမထားဟန်ဖြင့် ပြောခဲ့သည်။ တည်ငြိမ်သည့် အပြုအမူနှင့် အထက်စီးဆန်သည့် စကားလုံးများက လူတိုင်းအား အံ့အားသင့်စေခဲ့သည်။

"သတ္တိကောင်းလိုက်တာ! စစ်ဖန့်ခန်းမရဲ့ သခင်လေးကို တိုက်ခိုက်ရုံသာမကဘဲ ချင်းယွမ်စံအိမ်မှာလည်း အသံကျယ်ကျယ်ပြောရဲတယ်!"

ဝမ်ဖုန်း၏ အသံထွက်လာသည့်အခါ၌ အကြီးအကဲ ကျူးချင်းသည် ဘာတစ်ခွန်းမှမပြောခဲ့ပေ။ သို့သော်လည်း တစ်ဖက်တွင်ရှိသည့် အကြီးအကဲ ကွေ့ရှုံးက ဒေါသထွက်လာကာ သည်းမခံနိုင်တော့ပေ။

ရုတ်တရက် အကြီးအကဲ ကွေ့ရှုန်ထံမှ ဆန်းကြယ်အင်ပါယာအဆင့်၏ ကြီးမြတ်သည့် စွမ်းအားပေါက်ကွဲလာခဲ့ပြီး သူ၏ ကြီးမားသည့် လက်ဖဝါးမှ မငြိမ်သက်သည့် စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ဤမငြိမ်သက်သည့် စွမ်းအား၏ လွှမ်းမိုးမှုအောက်၌ ပုံပျက်သွားသည့် လေထုအား သာမာန်မျက်စိဖြင့်ပင် မြင်နိုင်ပေသည်!

အကြီးအကဲ ကွေ့ရှုန်သည် ချက်ချင်း မတိုက်ခိုက်ခဲ့ပေ။ သူက အကြီးအကဲ ကျူးချင်း အား တစ်ချက်ကြည့်လိုက်ပြီး အကြီးအကဲကျူးချင်းက ငြင်းဆန်ခြင်းမရှိသည်ကို မြင်သည့်အခါ၌ အလွန်ပျော်ရွှင်သွားခဲ့ပြီး သူ၏ စိတ်ထဲ၌ မည်သည့် သိက္ခာစောင့်ထိန်းမှုမှ မရှိတော့ပေ။

သူ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ လှုပ်ရှားသွားခဲ့ပြီး တစ္ဆေတစ်ကောင်ကဲ့သို့လွှားခနဲ ခုန်ထွက်သွားခဲ့သည်။ အံ့ဩဖွယ်ရာ စွမ်းအား လွှမ်းမိုးမှုတစ်ခုက သူ၏ လက်ဖဝါး၌ တဖျပ်ဖျပ်တောက်ပလာခဲ့ပြီး ဝမ်ဖုန်းအား ပြင်းပြင်းထန်ထန် လှမ်းဆွဲယူခဲ့သည်။ ပြင်းထန်သည့် လက်ဖဝါးမှ လေထုက ခန်းမအတွင်း၌ရှိသည့် အားကြီးသည့်လူများ၏ အမူအရာများအား ထိတ်လန့်တကြားပြောင်းလဲစေခဲ့သည်။

ထိုအခိုက်အတန့်၌ လူတိုင်းသည် အသက်ပင်မရှူဘဲ မမှတ်မသုန်စိုက်ကြည့်နေခဲ့ကြသည်။

တခြားတစ်ဖက်တွင် ကုသရန်အတွက် စစ်ဖန့်ခန်းမ၏ အကြီးအကဲများ ဝန်းရံခံထားရသည့် ရှောက်ချန်ဖုန့်သည် ဝမ်ဖုန်းအား စိုက်ကြည့်နေပြီး သူ၏ မျက်နှာထက်တွင် လုပ်ပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။ အကြီးအကဲ ကွေ့ရှုံး ၏ တိုက်ခိုက်မှုဖြင့်ဆိုပါက သူသည် ဝမ်ဖုန်း၏ ကံကြမ္မာအား ကြိုမြင်ယောင်ထားပြီးသားဖြစ်သည်...

သူ၏စိတ်ထဲ၌ မကောင်းသည့် အတွေးပင်ရှိနေပေသည်။ သူသည် ဝမ်ဖုန်းသေသည်အား ကြည့်ချင်ရုံသာမက ဝမ်ဖုန်း၏ ဘေးမှ အမျိုးသမီးကိုလည်း လူမဆန်သည့် ညှင်းပမ်းနှိပ်စက်မှုကို ခံစား‌ရစေချင်ပေသည်။ ထိုမှသာ သူ၏ ရင်ထဲရှိ မကျေနပ်မှုက သက်သာနိုင်ပေမည်။

သူ၏ စစ်ဖန့်ခန်းမ၏ သခင်လေးဟူသည့် ဂုဏ်ဒြပ်က ပထမဆုံးအကြိမ် လူထုရှေ့၌ မျက်နှာပျက်သွားခဲ့ပြီး ဤအမုန်းတရားက ဝမ်ဖုန်းသာမသေခဲ့ပါက ဖယ်ရှားရန် ခဲယဉ်းပေလိမ့်မည်။

ကွေ့ရှုန်ကတိုက်ခိုက်ပြီးနောက်တွင် အကြီးအကဲ ကျူးချင်း၏ လှပသည့် မျက်လုံးတစ်စုံသည်လည်း ဝမ်ဖုန်းအား စိုက်ကြည့်နေခဲ့သည်။ သူမပေါ်လာကတည်းက ဝမ်ဖုန်း၏ သာမာန်ထက်ထူးခြားသည့် သတ္တိနှင့် ဟန်အမူအရာက အကြီးအကဲ ကျူးချင်းအား ဝမ်ဖုန်းကို ထိုလူက မရိုးရှင်းဟု အလေးအနက်ခံစားရစေခဲ့သည်။

ထို့ကြောင့် အကြီးအကဲ ကွေ့ရှုန်းက တိုက်ခိုက်ခဲ့သည့် အခါ၌ သူမက မတားခဲ့ခြင်းဖြစ်သည်။ သူမသည် အကြီးအကဲ ကွေ့ရှုံးအား အသုံးချကာ ဝမ်ဖုန်း၏ စစ်မှန်သည့် အသေးစိတ် အချက်များ ကို သိချင်ခဲ့ပြီး ဝမ်ဖုန်းက အမှန်တကယ် အထောက်အပံ့ရှိသည်လား ကြွားဝါခြင်းသက်သက်လားဆိုသည်ကို သိချင်ခဲ့ပေသည်။

သူမ၏ ချင်းယွမ်စံအိမ်၌ တိုက်ခိုက်၍ မရဟူသည့် စည်းမျဉ်းများရှ်ိသည်။ သို့သော်လည်း ကမ္ဘာကြီးထဲ၌ စည်းမျဉ်းများက အမှန်တကယ်ရှိပါသလား? အစစ်အမှန်စွမ်းအားကြီးပုဂ္ဂိုလ်များ၏ မျက်လုံးထဲ၌ စည်းမျဉ်းများဆိုသည်မှာ ပျက်လုံးများသာဖြစ်လေသည်။

ထိုအင်ပါယာကြီးသုံးခု၌ သူမ၏ ချင်းယွမ်စံအိမ်၏ စည်းမျဉ်းများကို သက်ဝင်စွာ ချိုးဖျက်နိုင်သည့် တည်ရှိမှုမရှ်ိပေ။

ဝုန်း!

ထိတ်လန့်ဖွယ်ရာ အသံတစ်ခုကဲ့သို့ တုန်ခါသံတစ်ခုသည် လူတိုင်း၏ နားထဲ၌ထွက်ပေါ်လာခဲ့သည်။ လက်ရှိတွင် ဓားပညာအားလေ့ကျင့်ထားသာ့် ကျင့်ကြံသူများရှိကြပြီး သူတို့၏ စိတ်ဝိဉာဉ်များက တုန်လှုပ်သွားခဲ့ကြသည်။ သူတို့၏ လက်ထဲ၌ရှိသည့် ဓားများက အရူးအမှုးတုန်ခါလာခဲ့ကြသည်။

သူတို့အား ထိုကဲ့သို့ မူမမှန်မှုအားဖြစ်စေခဲ့သည့် အရာကို မြင်ချင်သည့်အခါ၌ မျက်စိကျိန်းဖွယ်အလင်းတန်းတစ်ခုက ဖြတ်ကျော်သွားခဲ့ပြီး ထိုအလင်းတန်းကြောင့် သူတို့သည် မရည်ရွယ်ဘဲ မျက်လုံးမှိတ်ခဲ့ကြရသည်။

"ဘာကြီးလဲ!"

မျက်စိမှိတ်လိုက်သည့်အခါ၌ ခန်းမထဲ၌ ကျယ်လောင်သည့် အော်ဟစ်သံတစ်ခုထွက်လာခဲ့ပြီး ထိုကျင့်ကြံသူများအား တုန်လှုပ်စေခဲ့သည်။ သူတို့သည် မျက်လုံးများကို အလျင်အမြန်ပြန်ဖွင့်ခဲ့ကြပြီး အသံလာရာကို ကြည့်ခဲ့ကြသည်။

သူတို့သည် ခန်းမအတွင်းရှိ မြင်ကွင်းအားမြင်သည့်အခါ၌ ထိတ်လန့်ပြီး ကြောင်အကာ သူတို့၏ စိတ်များက ဗလာကျင်းသွားခဲ့ကြသည်။

ဒီတစ်ကြိမ်၌ ချင်းယွမ်စံအိမ်၏ခန်းမတစ်ခုလုံးက အထူးတလည်တိတ်ဆိတ်သွားခဲ့ပြီး လူတိုင်းက အသက်ကိုပင် ခက်ခက်ခဲခဲရှူနေကြရသည်။ ကျင့်ကြံသူတိုင်းသည် အလွန်အမင်းထိတ်လန့်မှုကြောင့် မရည်ရွယ်ဘဲ အသက်အောင့်ထားခဲ့ကြပြီး အသက်ရပင်မရှုဝံ့ကြချေ။

အကြီးအကဲ ကျူးချင်းပင် တုန်လှုပ်သွားခဲ့ပြီး သူမ၏ လှပသည့် မျက်နှာထက်တွင် ထိတ်လန့်သည့် အကြည့်တစ်ခုရှ်ိနေခဲ့သည်။ သူမသည် မရေမတွက်နိုင်သည့် အဆုံးသတ်များကို စဉ်းစားထားခဲ့သော်လည်း ထိုကဲ့သို့ ရလာဒ်ဖြစ်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ!

ချင်းယွမ်စံအိမ်၏ ပဉ္စမထပ်၌ ‌ရှိနေသည့် ဂိုဏ်းကြီးများ၏ဂိုဏ်းချုပ်များသည်လည်း တစ်ယောက်ပြီးတစ်ယောက် ထရပ်ကာ သူတို့၏ မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်မှုများရှိနေခဲ့ပြီး သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးက မရည်ရွယ်ဘဲ တုန်ရီနေခဲ့သည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ခန်းမထဲ၌ ထျန်းရှင်းဂိုဏ်း၏ တာအိုဝတ်ရုံအားဝတ်ဆင်ထားသည့် လှပသည့် အမျိုးသမီးသည် အံ့အားသင့်စွာအော်ဟစ်ခဲ့သည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်နေကာ မောက်မာသည့် ကောင်လေးအား ‌ငုံ့ကြည့်ကာ သူ့ဘေးမှာဘယ်လိုလုပ် ဒီလောက်ကြောက်စရာကောင်းတဲ့လူတစ်ယောက်ရှိနေနိုင်မှာလဲ?

တစ်ဖက်တွင်မူ လီထျန်းရှင်း၏ မျက်လုံးထဲ၌ ချက်ချင်းပင် တောက်ပလာခဲ့ပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်လာကာ မျှော်လင့်ချက်တစ်ခုအား မြင်လိုက်ရသည့် စိတ်လှုပ်ရှားခြင်းမျိုးလား...?

All Chapters