← Chapters

ညီလာခံ ဖွင့်ပြီ

Vol. 3 Ch. 37

ညီလာခံ ဖွင့်ပြီ

Vol. 3 Ch. 37

သုံးရက်တာက လျင်မြန်စွာကုန်ဆုံးသွားခဲ့သည်။

ရှန်လင်မြို့၏ မြေကွက်လပ်တစ်ခုပေါ်၌ လူများထူထပ်စွာရှိနေသည်။ ဂိုဏ်းအားလုံးက ရှန်လင်မြို့၏ မြေကွက်လပ်ပေါ်တွင် စောင့်ဆိုင်းနေကြ၏။ အကျယ်ဝန်းဆုံးနေရာမှာ မြေကွက်လပ်ပေါ်၌ တည်ဆောက်ထားသည့် မြင့်မားသည့် စင်မြင့်သာဖြစ်လေ၏!

ဤအခိုက်အတန့်တွင် မြင့်မားသည့်စင်မြင့်‌ပေါ်တွင် ယောင်ရီအင်ပါယာ၏ အင်အားကြီးဂိုဏ်းများစွာရှိနေပြီး ဝမ်ဖုန်းနှင့် အခြားသူများသည်လည်း စာရင်းတွင်ရှိကြပေသည်။ မူလက ရှန်ရှန့်ကျုံဂိုဏ်းသည် မြင့်မားသည့် စင်မြင့်ပေါ်တွင် နေရာတစ်ခုရယူရန် အရည်အချင်းမပြည့်မှီခဲ့ပေ။ သို့သော်လည်း ထိုနေ့တွင် ဝမ်ဖုန်းသည် အံ့အားသင့်သွားခဲ့ရသည်။ ပွဲပြီးသည့်နောက်တွင် ရှန်ရှန့်ကျုံဂိုဏ်းက ယာယီထည့်ထားခြင်းခံခဲ့ရပေသည်။

အကြီးအကဲ ချင်းရှန်နှင့် အကြီးအကဲ ကျူးချင်း က ဝမ်ဖုန်းတို့ဘေး၌ ထိုင်နေကြသည်။ ချင်းယွမ်စံအိမ်က ညီလာခံ၌ မပါဝင်သော်လည်း ချင်းယွမ်စံအိမ်၏ အဆင့်အတန်းကြောင့် တော်ဝင်မိသားစုက ချင်းယွမ်စံအိမ်အား အခမ်းအနားကိုလာရောက်ကြည့်ရှုရန်အတွက် ဖိတ်ကြားပေမည်!

"အကြီးအကဲ ချင်းရှန် ၊ ဒီနတ်ဆိုးချိပ်ပိတ်ခြင်း ညီလာခံကို ဘယ်သူက တာဝန်ယူမှာလဲ?" ဝမ်ဖုန်းသည် လူအုပ်ကြီးအား တစ်ချက်ကြည့်ပြီး တိုးတိုးမေးခဲ့သည်။

"ဒီတစ်ခေါက် တော်ဝင် စစ်သူကြီး ချန်းလီ က လက်ခံကျင်းပမယ်လို့ ပြောတယ်!" အကြီးအကဲ ချင်းရှန်း၏ မျက်လုံးများက တောက်ပသွားကာပြောခဲ့သည်။

"အဲ့တာက ဘယ်သူလဲ?"

"တော်ဝင်စစ်သူကြီး ချန်းလီကို အင်ပါယာရဲ့ စစ်နတ်ဘုရားလို့သိကြတယ်။ သူ့ရဲ့ ကျင့်ကြံခြင်းက ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်ကိုရောက်နေပြီ။ သူက ယောင်ရီ အင်ပါယာတစ်ခုလုံးစစ်တပ်ကို ဦးဆောင်ထားတာ"

ဤသည်ကိုကြားပြီး ဝမ်ဖုန်းက ထိတ်လန့်သွားခဲ့သည်။ သို့သော်လည်း ယောင်ရီအင်ပါယာ၏ မဟာ‌ဧကရာဇ်က ဤနတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံအား ထိုမျှ အရေးပါ အလေးထားလိမ့်မည်ဟု ထင်မထားခဲ့ချေ။ ၎င်းအားတာဝန်ယူဖို့ရာအတွက် ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်တစ်ယောက်ကို စေလွှတ်ခဲ့ပေ၏။

ဤအကြောင်းအားတွေးရင်းဖြင့် ဝမ်ဖုန်းသည် သူ့နောက်၌ရှိသည့် မဟာနတ်ဆိုး ရွှမ်ရှအား ကူကယ်ရာမဲ့စွာဖြင့် တစ်ချက်ကြည့်ခဲ့သည်။ ထိုအခိုက်အတန့်၌ မဟာနတ်ဆိုးရွှမ်ရှ၏ မျက်နှာတွင် လှောင်ပြောင်ရိပ်တစ်ခုရှ်ိနေခဲ့၏။

သူက ချပ်စည်းကို ချိုးဖျက်လာမှာကို အဲ့တစ်ယောက်က တကယ်ကြောက်နေတာပဲ။

ဝုန်း!

ဤအခိုက်အတန့်၌ ရှန်လင်မြို့၏ ကောင်းကင်ယံထက်၌ လူအများအား ထိတ်လန့်စေသည့် ပေါက်ကွဲသံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ အသံလာရာအား ကြည့်လိုက်သည့်အခါ၌ ကောင်းကင်ယံအထက်၌ ကြီးမားသည့် အရာကြီးတစ်ကောင်အား တွေ့ခဲ့ရသည်။ ၎င်းသည် တိမ်များကို ဖုံးအုပ်ကာ နေရောင်အား ပိတ်ဆို့ထားပြီး မြို့အား အမှောင်ဖုံးသွားစေခဲ့သည်။

ဤသည်မှာ ဧရာမပျံသန်းလှေကြီးတစ်ခုဖြစ်ပြီး ဝမ်ဖုန်းသုံးခဲ့သည့် တစ်ခုနှင့် တူညီပြီး ၎င်းသည်လည်း နဂါး‌ခေါင်းနှင့် ပျံသန်းလှေတစ်စင်းဖြစ်သည်။ သို့သော်လည်း ဝမ်ဖုန်း၌ရှိသည်က ခမ်းနားသည့် အသွင်အပြင်သာဖြစ်ပြီး ဤတစ်ခုက အစစ်အမှန်ပျံသန်းလှေတစ်စင်းဖြစ်သည်။

ပျံသန်းလှေတစ်ခုလုံးက နဂါးတစ်ကောင်သဏ္ဌာန်ရှိပြီး ကောင်းကင်ယံ၌ ပျံဝဲနေသည့် နဂါးတစ်ကောင်နှင့် တူကာ လှေပေါ်တွင် တကယ့်နဂါးတစ်ကောင်ကဲ့သို့ အကြေးခွံများပင်ရှိလေသည်။

ဤပျံသန်းလှေရောက်လာသည်နှင့်တစ်ပြိုင်နက် ကျယ်ပြန့်သည့် အကျပ်ကိုင်မှုတစ်ခုက မြေကွက်လပ်တစ်ခုလုံးသို့ ပျံ့နှံ့သွားကာ ရှိနေသည့် သူတိုင်းအား ကြောင်အသွားစေခဲ့ပြီး သူတို့၏ မျက်လုံးထဲ၌ ထိတ်လန့်သည့်အကြည့်တစ်ခုဖြစ်ပေါ်လာခဲ့သည်။

မြင့်မားစွာမျှော်လင့်ထားသည့် အခိုက်အတန့်၌ ပျံသန်းလှေကြီးထဲမှ လူရိပ်အနည်းငယ်က တဖျပ်ဖျပ်လက်သွားခဲ့ပြီး ကောင်ကင်ယံ၌ ရပ်နေခဲ့ကြသည်။

ဦးဆောင်လာသည့် သူမှာ တစ်ကိုယ်လုံးအား ကြောက်ဖက်ဖွယ်သတ်ဖြတ်ခြင်း အရှိန်အဝါဖြင့်လွှမ်းခြုံထားသည့် အနီရောင် သံချပ်ကာနှင့် ထွားကျိုင်းသန်မာသည့် သူတစ်ယောက်ဖြစ်ပြီး အကြည့်တစ်ချက်ဖြင့်ပင် လူအများအား အလောင်းတောင်နှင့် သွေးပင်လယ်အား မြင်လိုက်ရသကဲ့သို့ ထိတ်လန့်သွားစေခဲ့သည်။

ထိုလူ၏ ဘေးတွင် ကျောက်စိမ်းနဂါးဝတ်ရုံအားဝတ်ဆင်ထားပြီး တစ်ကိုယ်လုံး၌ မြင့်မြတ်သည့် အရှိန်အဝါဖြင့်ပြည့်နှက်နေသည့် ချောမောခန့်ညားသည့် လူငယ်တစ်ယောက်ရှိသည်။

သူတို့နောက်တွင် တစ်ယောက်ချင်းစီ၌ အားကောင်းသည့် သတ်ဖြတ်ခြင်း အရှိန်အဝါဖြင့် ပြည့်နှက်‌ေနသည့် သံချပ်ကာဝတ်ဆင်ထားသည့် အစောင့်တစ်ဖွဲ့ဖြစ်သည်။

"မင်းသားကို နှုတ်ဆက်ပါတယ်။ စစ်သူကြီး ချန်းလီကို နှုတ်ဆက်ပါတယ်!"

စင်မြင့်ပေါ်၌ရှိသည့် အင်အားကြီးဂိုဏ်းများစွာသည် ထိုနှစ်ယောက်အားမြင်သည့် အခါ၌ သူတို့သည် တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ရပ်ကာ အရိုအသေပေးပြီး ကျယ်လောင်စွာပြောခဲ့ကြသည်။

ဤအခိုက်အတန့်၌ ထိုဂိုဏ်းကြီးများ၏ ဂိုဏ်းချုပ်များသည် အလွန်အမင်း နှိမ့်ချနေခဲ့ကြသည်။ ထိုနေရာ၌ ချင်းယွမ်စံအိမ်မှ အကြီးအကဲ နှစ်ယောက်နှင့် ဝမ်ဖုန်းတို့သာ တည်ငြိမ်ပြီးရင်း တည်ငြိမ်နေခဲ့ကြသည်။

"အဲ့လောက် ယဉ်ကျေးနေဖို့မလိုပါဘူး!"

ညင်သာသည့် အသံသည် မြေကွက်လပ်တစ်ခုလုံး၌ ဟိန်းထွက်လာခဲ့သည်။ စကားပြောလိုက်သည့် သူက ကျောက်စိမ်းနဂါးဝတ်စုံအားဝတ်ဆင်ထားသည့် လူငယ်လေးဖြစ်သည်။ ဤလူငယ်လေးသည် ယောင်ရီအင်ပါယာ၏ အိမ်ရှေ့စံမင်းသား ယုဖေး ဖြစ်သည်။

ထို့နောက်အင်အားကြီးဂိုဏ်းများစွာ၏ ကြိုဆိုမှုအောက်၌ ယုဖေးနှင့် စစ်သူကြီး ချန်းလီ တို့သည် စင်မြင့်ပေါ်ရှိ အမြင့်ဆုံးပုလ္လင်ပေါ်သို့တက်လှမ်း‌ခဲ့ကြပြီး ဘေးချင်းကပ်ထိုင်ခဲ့ကြသည်။

ခမ်းနားထည်ဝါသည့် ကျောက်စိမ်းဝတ်စုံနှင့် ယုဖေး အားကြည့်ရင်း ဝမ်ဖုန်း၏မျက်လုံးများက အနည်းငယ်တောက်ပလာခဲ့သည်။ သို့သော်လည်း ဤတော်ဝင်မင်းသားက တော်ဝင်မင်းသားနှောင်းပိုင်းအဆင့် ကျင့်ကြံခြင်း၌ ရောက်ရှိနေမည်ဟု ထင်မထားခဲ့ပေ။

ထိုသုံးရက်တာအတောအတွင်း၌ ဝမ်ဖုန်းသည် ယောင်ရီအင်ပါယာအတွင်းရှိ အဓိကဂိုဏ်းများစွာထဲမှ ထိပ်တန်းဂိုဏ်းအားလုံးနီးပါး၏ မောက်မာမှုများကိုလည်း မြင်တွေ့ခဲ့ရသည်။

ထိုဂိုဏ်းကြီးများက ယောင်ရီအင်ပါယာ၏ အရိပ်အောက်၌ အမြဲတမ်းနေထိုင်ခဲ့ကြသည်ဆိုမှာ ယုတ္တိမတန်ပေ။ လူငယ်မျိုးဆက်များကြက ကွာဟချက်ကို မြင်နိုင်ပေသည်။

"ဒီတစ်ခေါက် နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံရဲ့စည်းမျဉ်းတွေက အရမ်းရိုးရှင်းပါတယ်။ ဘာကန့်သတ်ချက်မှမရှိပါဘူး။ သုံးရက်အတွင်းမှာ မကောင်းဆိုးဝါးတွေကိုအများဆုံးသတ်နိုင်တဲ့သူက အနိုင်ရမယ်!"

ထိုင်ပြီးတဲ့နောက်တွင် ယုဖေး၏ ဘေး၌ထိုင်နေသည့် ချန်းလီက တုန့်ဆိုင်းမနေခဲ့ဘဲ လူအုပ်ကြီးအား တစ်ချက်ကြည့်ပြီး ကျယ်လောင်စွာပြောခဲ့သည်။ သူ၏စကားများက ခေါင်းလောင်းသံကဲ့သို့ ရှန်လင်စင်မြင့်တစ်ခုလုံးအား အုတ်အော်သောင်းနင်းဖြစ်စေခဲ့သည်။

"ဟက်!"

"ဒီစည်းမျဉ်းက ဒီနတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံက သွေးချောင်းစီးမယ့်အချိန်မဟုတ်ဘူးလား"

"ဟုတ်တယ် နတ်ဆိုးချိပ်ပိတ်ခြင်း အဆင့်ဇယားမှာ ထိပ်ဆုံးနေရာကို ပြိုင်ဖို့အတွက် အဲ့ဒီလူငယ်တွေက ကြိုးစားရမှာပဲ။ သူတို့တွေ့ကြတာနဲ့ သေရေး‌ရှင်ရေးအခြေအနေဖြစ်လာမှာ"

"လူငယ်တွေကို တမင်တကာ လိုက်ပြီး သတ်တဲ့ သူတွေတောင်ရှိနေဦးမယ်"

ချန်းလီ၏ စကားများကို နားထောင်ပြီး မြေကွက်လပ်၌ရှိသည့် ကျင့်ကြံသူများစွာသာ အုတ်အုတ်ကျက်ကျက်ဖြစ်ခဲ့ကြသည်မဟုတ်ဘဲ စင်မြင့်ပေါ်ရှိ အဓိက စွမ်းအားကြီးပုဂ္ဂိုလ်များစွာလည်း မျက်မှောင်ကြုတ်ခဲ့ကြသည်။

စည်းမျဉ်းကအမှန်တကယ်ကို ရိုးရှင်းပေသည်။ သို့သော်လည်း စည်းမျဉ်းကပိုပြီးရိုးရှင်းလေ ပိုပြီး ရက်‌စက်ပေသည်။

"နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံမှာပါဝင်ယှဉ်ပြိုင်မယ့် တပည့်တွေကို နတ်ဆိုးချိပ်ပိတ်ခြင်း အမိန့်ကို လက်ခံဖို့ စင်မြင့်ပေါ်ကို တက်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်!" စစ်သူကြီး ချန်းလီသည် လူအများ၏ အပြင်းအထန်ဝေဖန်မှုအား လျစ်လျူရှုကာ ကျယ်လောင်စွာပြောခဲ့သည်။

ချန်းလီ၏ အသံထွက်လာသည့်အခါ၌ သူ့အနောက်မှ သံချပ်ကာဝတ်ထားသည့် အောင့်တစ်ချို့ ထွက်လာခဲ့ပြီး တစ်ယောက်ချင်းဆီက မဟူရာရောင်အမိန့်ပြားများအပြည့်ပါသည့် သေတ္တာတစ်လုံးအား သယ်ဆောင်ကာ စင်မြင့်ပေါ်သို့ တက်လာခဲ့သည်။

"နတ်ဆိုးချိပ်ပိတ်ခြင်းအမိန့်နဲ့ဆိုရင် မကောင်းဆိုးဝါးတစ်ကောင်ကို သတ်နိုင်သရွေ့ နတ်ဆိုးချိပ်ပိတ်ခြင်း အမိန့်က မကောင်းဆိုးဝါးရဲ့ ထွက်သက်ကို အလိုအလျောက် စုပ်ယူပြီး အမှတ်တွေအဖြစ်ပြောင်းလဲပေးလိမ့်မယ်။ အမှတ်တွေရဲ့ အဆင့်က မကောင်းဆိုးဝါးတွေရဲ့ ကျင့်ကြံခြင်းကို မူတည်တယ်။ ကျင့်ကြံခြင်းပိုမြင့်လေ အမှတ်ပိုရလေဖြစ်ပြီး အပြည်အလှန်အားဖြင့် ကျင့်ကြံခြင်းနိမ့်ရင် အမှတ်ပိုနည်းမယ်"

"တစ်ချိန်တည်းမှာပဲ နတ်ဆိုးချိပ်ပိတ်ခြင်းအမိန့်ပြားကို လုယူလို့ရတယ်။ ဒီတစ်ခေါက် ကျုပ်တို့က အမှတ်တွေကိုပဲ ကြည့်မှာ။ အမှတ်အများဆုံးသူက နတ်ဆိုးချပ်ပိတ်ခြင်း ဇယားမှာ ခေါင်းဆောင်ဖြစ်ပြီး နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံရဲ့ အောင်နိုင်သူပဲ!"

စစ်သူကြီး ချန်းလီသည် မြေကွက်လပ်၌ရှိသည့် စွမ်းအားကြီးပုဂ္ဂိုလ်များအား တစ်ချက်ကြည့်ကာပြောခဲ့သည်။

စစ်သူကြီး ချန်းလီ၏ စကားများထွက်လာသည့်အခါ၌ ထိပ်တန်းပါရမီရှင်များ၏ မျက်လုံးထဲ၌ တိုက်ခိုက်လိုသည့် အရိပ်အယောင်များ တောက်ပလာသည့်အချိန်၌ ကျင့်ကြံခြင်းက အနည်းငယ်မလုံလောက်သည့် သူများ၏ မျက်လုံးထဲ၌ ကြောက်ရွံ့မှုအရိပ်အယောင်များ ရှိနေခဲ့သည်။

နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံ၌ မည်သည့် ကန့်သတ်ချက်မှမရှိပေ။ လုယူရန်သာဖြစ်ပြီး လူသတ်ရန်မဟုတ်ပေ။

ရှိနေကြသည့် အင်အကြီးဂိုဏ်းများအနေဖြင့် သူတို့၏ မျက်နှာများက အလွန်ကြည့်ရဆိုးကာ သူတို့၏မျက်လုံးထဲ၌ သုန်မှုန်သည့် အကြည့်တစ်ခုရှိနေခဲ့သည်။ ဒီတစ်ခေါက်တွင် ထိုအင်အားကြီးဂိုဏ်းများသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ သူတို့၏ ဂိုဏ်းအတွင်း၌ ပျံ့နှံ့နေသည့် ကောလဟလများအား မနေနိုင်စွာ စဉ်းစားမိခဲ့ကြသည်။

အရှင်မင်းမြတ်က သူတို့အား ဆန့်ကျင်တိုက်ခိုက်ရန် အမှန်တကယ်ဖြစ်နိုင်ချေရှိသည်ဟု ထင်ရပေသည်။ ထိုသို့မဟုတ်ပါက ထိုမျှရက်စက်သည့် နတ်ဆိုးချိပ်ပိတ်ခြင်း ညီလာခံကို အဘယ်ကြောင့် ကျင်းပလိမ့်မည်နည်း?

အတိတ်အခါက နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံ၌ လုယက်ခြင်းသာဖြစ်ပြီး လူများ၏ အသက်အန္တရာယ်ကို အနာတရမဖြစ်စေရန်ဟူသည့် စည်းမျဉ်းများသာရှိပြီး ဒီတစ်ခေါက်က လူငယ်မျိုးဆက် နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံဖြစ်သည်ကို သိထားရပေမည်။

အဓိကဂိုဏ်းကြီးတိုင်းအတွက် ထိပ်တန်းပါရမီရှင်များသည် ဂိုဏ်း၏ အနာဂါတ်ထောက်တိုင်များဖြစ်ကြပြီး တစ်ယောက်အားဆုံးရှုံးရခြင်းသည် ဂိုဏ်းတစ်ခုလုံးအား အထိနာစေရန် လုံလောက်ပေသည်။

ဒီတစ်‌ကြိမ် နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံ၌ သူတို့ဂိုဏ်း၏ လူငယ်မျိုးဆက်များ၏ ခွန်အားကို အလွန် ယုံကြည်လျှင်ပင် ဂိုဏ်း၏ လူငယ်မျိုးဆက်များက အသက်ရှင်လိမ့်မည်ဟု အာမမခံနိုင်ပေ။

"ဟုတ်ပါတယ်။ တကယ်လို့ မင်းတို့ရဲ့ ကိုယ်ပိုင်ခွန်အားကို အလုံအလောက်ယုံကြည်မှုမရှိဘူးဆိုရင် မပါဝင်ဖို့ ရွေးချယ်နိုင်တယ်!" စစ်သူကြီး ချန်းလီ က ထပ်မံ၍ အော်ပြောခဲ့သည်။

သို့သော်လည်း စစ်သူကြီး ချန်းလီ၏ အသံထွက်လာသည့်အခါ၌ အနည်းငယ်ကြောက်လန့်နေဆဲဖြစ်သည့် လူငယ်မျိုးဆက်များသည် သေချာလာပုံပေါ်ကာ ပါဝင်ယှဉ်ပြိုင်ခြင်းအား အခိုင်အမာယုံကြည်ခဲ့ကြသည်။ လူငယ်မျိုးဆက်တစ်ယောက်အနေဖြင့် ဘယ်လိုလုပ် တိုက်ခိုက်လိုစိတ်မရှိဘဲနေမှာလဲ။ နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံက အန္တရာယ်များသော်ငြား အခွင့်အရေးတစ်ခုလည်း ဖြစ်ပေသည်။

"တကယ်လို့ ပါဝင်ယှဉ်ပြိုင်ဖို့ သေချာတယ်ဆိုရင် နတ်ဆိုးချိပ်ပိတ်ခြင်း အမိန့်ပြားကို လက်ခံဖို့ စင်မြင့်ပေါ်ကို လာခဲ့ပါ!"

စစ်သူကြီး ချန်းလီ ၏အသံထွက်လာသည့်အခါ၌ မရေမတွက်နိုင်သည့် ပါရမီရှင်များသည် နတ်ဆိုးချိပ်ပိတ်ခြင်းအမိန့်ပြားအား လက်ခံရန်အလို့ငှာ စင်မြင့်ထက်သို့ တစ်ခဏချင်းအလျင်စလိုရောက်လာခဲ့ကြသည်။ ဝမ်ဖုန်းသည်လည်း မုယွင်ဖေးနှင့် အခြားသူများအား နတ်ဆိုးချိပ်ပိတ်ခြင်းအမိန့်ပြားကို သွားရောက်လက်ခံရန် တောင်းဆိုခဲ့သည်။

ဒီတစ်ကြိမ်တွင် ဝမ်ဖုန်းသည်လည်း နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံ၌ ပါဝင်ယှဉ်ပြိုင်ရန် တက်ရောက်ပေသည်။ တကယ်တော့ သူ၏ အသက်က နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံ၌ပါဝင်ရန် ကိုက်ညီပေသည်။ အရေးအကြီးဆုံးအရာမှာ ထိုရက်စက်သည့် စည်းမျဉ်းများအောက်၌ သူ၏တပည့်များက သာမာန်ထက်ထူးခြားသော်လည်း ဝမ်ဖုန်းက အနည်းငယ်စိုးရိမ်နေဆဲပင်။

ထို့အပြင် သူသည် ထောင့်တစ်ချို့အား တူးဖော်နိုင်မလားဆိုသည်ကို သိရရန်အတွက် ဤအခွင့်အရေးကို ရယူလိုပေသည်။

ချီမိန်ချွေရွှယ်နှင့်အခြားသူများအနေဖြင့် သူတို့၏အသက်က နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံ၏စည်းမျဉ်းများနှင့် မသင့်လျော်တော့‌သည့်အတွက် မပါဝင်နိုင်ဘဲ အပြင်ဘက်၌သာ နေခဲ့ရပေသည်။

အချိန်တစ်ခုကြာပြီးသည့်နောက်တွင် နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံ၌ပါဝင်ရန် ဆုံးဖြတ်ထားသည့် ပါရမီရှင်များအားလုံးသည် နတ်ဆိုးချိပ်ပိတ်ခြင်းအမိန့်ပြားအား လက်ခံခဲ့ကြပြီး မြေကွက်လပ်၌ တစ်ယောက်ပြီးတစ်ယောက် တိတ်ဆိတ်စွာရပ်နေကာ နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံဖွင့်လှစ်ခြင်းကို စောင့်နေခဲ့ကြသည်။

ဤသည်ကိုတွေ့ပြီး စစ်သူကြီး ချန်းလီသည် အင်ပါယာ၏ အိမ်ရှေ့စံမင်းသားဖြစ်သည့် ယုဖေးအား လှည့်ကြည့်ခဲ့သည်။ သူက နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံ၏ တာဝန်ရှိပုဂ္ဂိုလ်ဖြစ်သော်ငြားလည်း မင်းသား၏ အဆင့်အတန်းက မြင့်မြတ်သည့်အတွက် မျက်နှာသာပေးရဆဲဖြစ်သည်။

စစ်သူကြီး ချန်းလီ၏ အကြည့်အား သတိပြုမိသည့် ယုဖေးက ပေါ့ပေါ့ပါးပါးခေါင်းညိမ့်ပြခဲ့သည်။

"နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံဖွင့်လှစ်ခြင်းကို ကြေညာမှာဖြစ်ပြီး လူတိုင်းက တော်ဝင်စစ်သည်တွေရဲ့ ဦးဆောင်မှုအောက်မှာ နတ်ဆိုးချိပ်ပိတ်ခြင်းနယ်မြေရှိရာနေရာကို သွားကြပါမယ်!"

ယုဖေး၏အချက်ပြမှုကို ရရှိပြီးနောက်တွင် စစ်သူကြီး ချန်းလီ၏ မျက်လုံးက တောက်ပသွားခဲ့ပြီး ကျယ်လောင်စွာအော်ဟစ်ကာ ကျယ်လောင်သည့် အော်ဟစ်သံက မြေကွက်လပ်အနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် တော်ဝင်စစ်သည်များက ရုတ်တရက်လှုပ်ရှားခဲ့ကြသည်။ နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံ၌ ပါဝင်ကြသည့် လူငယ်မျိုးဆက်များစွာသည် လျစ်လျူမရှုဝံ့ကြဘဲ နောက်မှ အလျင်စလိုလိုက်လာခဲ့ကြသည်။

တစ်ခဏကြာပြီးနောက်တွင် မူလက ပြည့်ကျပ်နေသည့် မြေကွက်လပ်က ဗလာကျင်းသွားခဲ့သည်။ ဤသည်ကိုကြည့်ပြီး ဝမ်ဖုန်းသည် ချီမိန်ချွေရွှယ် နှင့် အခြားသူများအား ရှန်လင်မြို့ထဲ၌နေခိုင်းရန် တွန့်ဆုတ်မနေခဲ့ဘဲ မုယွင်ဖေးနှင့် ကျန်သုံးယောက်အား ခေါ်ဆောင်ကာ နတ်ဘုရားများ၏ ရှေးဟောင်းနယ်မြေသို့ ‌သွားခဲ့ကြသည်။

ဝမ်ဖုန်းနှင့် အခြားသူများ ထွက်သွားပြီး မကြာခင်မှာပင် အင်ပါယာ၏ အိမ်ရှေ့စံမင်းသားသည်လည်း နတ်ဘုရားများ၏ရှေးဟောင်းနယ်မြေသို့ သွားခဲ့လေသည်။ သူ့ဘေး၌ လီထျန်းရှင်း အပါအဝင် တပည့်ကြီးများစွာရှိလေသည်။

"အကြီးအကဲ ၊ ဂိုဏ်းချုပ် ဝမ် ဒါက...?" အကြီးအကဲ ကျူးချင်းသည် ဝမ်ဖုန်းနှင် အခြားသူများ ထွက်သွားသည်ကို မြင်သည့်အခါ၌ ချက်ချင်းပင် နားမလည်နိုင်သည့် အကြည့်ဖြင့် စိတ်ရှုပ်ထွေးစွာမေးခဲ့သည်။

အကြီးအကဲ ကျူးချင်း၏ မျက်လုံးထဲ၌ ဝမ်ဖုန်းအား ဂိုဏ်းချုပ်တစ်ယောက်အဖြစ် သတ်မှတ်ခံထားရပေသည်။ သူက ငယ်ရွယ်ပုံပေါ်သော်လည်း ကြည့်ကောင်းသည့် မကောင်းဆိုးဝါးအိုကြီးတစ်ကောင်ဖြစ်နေမည်ကို စိုးရိမ်မိပေသည်။ ထိုကဲ့သို့ အခြေအနေအောက်၌ သူကနောက်မှလိုက်ခြင်းက ဘာအသုံးဝင်မည်နည်း။

အင်ပါယာက အသက်စစ်မေးမှုအား တမင်တကာမလုပ်ခဲ့သော််လည်း လုံလောက်သည့် ခွန်အားမရှိဘဲ တမင်တကာဝင်သွားခဲ့ပါက သေခြင်းအားဖိတ်ခေါ်နေခြင်းဆိုသည်မှာ သံသယဖြစ်ဖွယ်မရှိချေ။ အကယ်၍ ခွန်အားက လုံလောက်ပြီး အသက်ကကျော်နေပါက အဆင့်မရရှိရန်မှာ ကောင်းသည့်အရာတစ်ခုမဟုတ်ပေ။ အဆင့်သတ်မှတ်ချက်ရခဲ့သည်နှင့်ချက်ချင်း အင်ပါယာက စေ့စေ့စပ်စပ်စုံစမ်းစစ်ဆေးရပေမည်။

စေ့စေ့စပ်စပ်စုံစမ်းခြင်းက မှန်ကန်သည်နှင့်တစ်ပြိုင်နက် အဆုံးသတ်က သေဆုံးခြင်းတစ်ခုသာရှိပေသည်။ ထို့ကြောင့် နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံ၌ပါဝင်ရန် လိုအပ်ချက်များနှင့် မကိုက်ညီသည့် မည်သူမဆို တရားမဝင်ပါဝင်ရဲသည့်သူ မရှိသလောက်ပင်။

"သူကဂိုဏ်းရဲ့ တပည့်တွေကို နတ်ဘုရားရှေးဟောင်းနယ်မြေကို ပို့ဖို့ ကြိုးစားနေတာဖြစ်လောက်တယ်" အကြီးအကဲ ချင်းရှန်းသည်လည်း နားမလည်နိုင်စွာခေါင်းခါပြီး ခန့်မှန်းခဲ့သည်။

အကြီးအကဲ ချင်းရှန်း၏ အတွေးများက အကြီးအကဲ ချင်းကျူး နှင့်တူညီပေသည်။ သူတို့နှစ်‌ေယာက်လုံးသည် ဝမ်ဖုန်းအား ကြည့်ကောင်းပြီး အရည်အချင်းရှိသည့် မကောင်းဆိုးဝါးအိုကြီးတစ်ယောက်ဟု ယုံကြည်ထားကြလေသည်။ နောက်ဆုံးတော့ ဒီအချိန်၌ ဂိုဏ်းကြီးများနှင့် မျိုးဆက်သစ်များဖြစ်နေပါစေ ဂိုဏ်းအား ဂိုဏ်းချုပ်ဖြစ်ရန် အရည်အချင်းမရှိကြချေ...? ?

All Chapters