← Chapters

ထျန်းရှင်း ရှန်ရှန့်ကျုံဂိုဏ်းကိုဝင်လိုပါတယ်။

Vol. 3 Ch. 38

ထျန်းရှင်း ရှန်ရှန့်ကျုံဂိုဏ်းကိုဝင်လိုပါတယ်။

Vol. 3 Ch. 38

ရှေးဟောင်းနတ်ဘုရားနယ်မြေသည် တစ်စုံတစ်ခုဖြင့် အရှိန်ပြင်းစွာထိမှန်ပြီးနောက် ဖြစ်ပေါ်လာခဲ့သည့် နှိုင်းယှဉ်၍မရ‌နိုင်လောက်အောင်ကြီးမားသည့် ချိုင့်ဝှမ်းလျှို‌ပေါက်ကြီးတစ်ခုကဲ့သို့ဖြစ်သည်။

ဝမ်ဖုန်းနှင့်အခြားသူများသည် ချိုင့်ဝှမ်းကြီးဘေးတွင်ရပ်၍ အဆုံးသတ်ကိုမမြင်ရသည့် လျှိုပေါက်ကြီးကိုကြည့်နေခဲ့သည်။ လောကဓံမှာ မျက်နှာရှေ့တည့်တည့်သို့ ရောက်လာခဲ့လေပြီ။

ဤချိုင့်ဝှမ်းကြီး၏ဝန်းကျင်၌ပင် လေထုအတွင်းမှ ညှိုးငယ်ထိုင်းမှိုင်းစေသော အရှိန်အဝါများ ထွက်ပေါ်နေ၏။ သာမန်ကျင့်ကြံသူများ ဤနေရာသို့ လာရောက်ခဲ့ပါလျှင် သူတို့၏နှလုံးအိမ်ကို ဧရာမကျောက်တုံးကြီး ဖိစီးထားသည်ကဲ့သို့ခံစားရပြီး အလွန် မသက်မသာဖြစ်ရပေလိမ့်မည်။

ဝမ်ဖုန်းစဉ်းစားချင့်ချိန်နေစဉ်တွင် နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံတွင်ပါဝင်မည့် ထိုမောက်မာထောင်လွှားသူများသည် ရှေးဟောင်းနတ်ဘုရားနယ်မြေသို့ခြေချ၍ နတ်ဆိုးချိပ်ပိတ်မြေသို့ ဝင်ရောက်သွားခဲ့ကြလေပြီ။

အချိန်ခဏအတွင်း၌ပင် ထိုကျင့်ကြံသူများမှာ ဝင်ရောက်ပြီးကြကုန်၏။ နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံကို သုံးရက်တိုင် ကျင်းပနိုင်သည်။ ထိုသုံးရက်အတွင်းတွင် တစ်မိနစ်၊ တစ်စက္ကန့်တိုင်းမှာ အနိုင်ရရန် အရေးပါ၏။ ထို့ကြောင့် အချိန်ဖြုန်းမလိုကြပေ။

ချိုင့်ဝှမ်းကြီး၏ဘေးတွင် ရပ်နေသည်မှာ ဝမ်ဖုန်းနှင့် အခြားသူများ၊ ယောင်ရီအင်ပါယာ၏အိမ်ရှေ့စံမင်းသားယုဖေးနှင့် ယုဖေး၏နောက်လိုက်များဖြစ်ကြသော ဂိုဏ်းကြီးများစွာတို့သာ ကျန်ရှိတော့သည်။

“မင်းသား ကျွန်တော်မျိုးတို့ကို ဝင်ခွင့်ပြုပါဦး”

မင်းသားယု‌ေဖး၏‌ေနာက်လိုက်မှ မင်းသားယုဖေးအား ပြောခဲ့သည်။

“ထျန်းရှင်း မင်းဒီတစ်ခေါက် ဒီမင်းသားရဲ့ဘေးကနေ လိုက်ခဲ့လိုက်ပါ”

အိမ်ရှေ့မင်းသားယုဖေးသည် ခေါင်းညိတ်လိုက်ပြီးနောက် သူ၏ဘေးရှိ နတ်သမီးတစ်ပါးကဲ့သို့ပုံရိပ်လေးကိုကြည့်၍ မျက်လုံးများတွင် နူးညံ့ညင်သာမှုတို့ဖြတ်ပြေးသွားလျက် နူးညံ့စွာပြောခဲ့သည်။

“မလိုပါဘူး”

လီထျန်းရှင်းသည် အိမ်ရှေ့မင်းသား၏နူးညံ့သည့်အသံကိုကြားသည်တွင် အရေးမထားဟန်ဖြင့်ပြော၏။

အိမ်ရှေ့မင်းသား၏ နူးညံ့စွာအရေးပေးဆက်ဆံခြင်းကို ခံယူနိုင်ခြင်းသည် အခြားသောမိန်းကလေးများအတွက်မူ ဘိုးဘေးများဆီမှ ကောင်းချီးခံရသည်ကဲ့သို့ ခံစားရနိုင်ပါ၏။ သို့သော် လီထျန်းရှင်းအတွက်သည်တော့ အဆုံးမဲ့စက်ဆုပ်မုန်းတီးသောခံစားချက်သာရှိသည်။

နူးညံ့သိမ်မွ့ဟန်ဖြင့်အိမ်ရှေ့မင်းသားသည် မည်မျှရူးနှမ်းသည်ကို သူမ သိ၏။ အိမ်ရှေ့မင်းသားသည် အပြင်ပန်းတွင် နူးညံ့သိမ်မွေ့သည့်လူကြီးလူကောင်းဖြစ်သော်ငြား အတွင်းစိတ်မှာ မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ညစ်ထေးသည်။ သူမ၏မျက်လုံးများဖြင့် မျက်မြင်မတွေ့ခဲ့ရပါလျှင် သူမကို အမြဲနူးညံ့စွာဆက်ဆံတတ်သည့် အိမ်ရှေ့မင်းသားသည် ရူးနှမ်းသည့်လူတစ်ယောက်ဖြစ်သည်ကို ယုံကြည်နိုင်လိမ့်မည်မဟုတ်ပေ။

ထိုအချိန်မှစ၍ သူမအပေါ် အိမ်ရှေ့မင်းသား၏စိတ်ရင်းအစစ်အမှန်ကို ဖော်ထုတ်ပြသခြင်းကဲ့သို့ အပြုအမူများသည် တကယ်တမ်းတွင် သူမ၏အလှကိုမက်မော၍ သူ၏တဏှာစိတ်ကို ‌ဖြည့်ဆည်းရန်ဖြစ်သည်ကို သိရှိခဲ့ရသည်။

“လီထျန်းရှင်း အိမ်ရှေ့မင်းသားက ဖိတ်ခေါ်နေတာကို ဘယ်လိုတောင် ငြင်းပယ်ရဲတာလဲ”

လီထျန်းရှင်း၏ အရေးမစိုက်ဟန်စကားကို ကြားခဲ့သော်ငြား အိမ်ရှေ့မင်းသားသည် ဘာမျှပြောမလာခဲ့ပါချေ။

အခြားဂိုဏ်းသားများသည်လည်း လီထျန်းရှင်းကို အော်ဟစ်ပြစ်တင်ရန် အသင့်ဖြစ်နေခဲ့လေပြီ။ သို့သော် အိမ်ရှေ့မင်းသားယုဖေးမှ ဟန့်တားလိုက်၏။ အိမ်ရှေ့မင်းသားယုဖေးသည် ဒေါသအနည်းငယ်မျှပင် ထုတ်ဖော်ပြသခြင်းမရှိခဲ့ဘဲ နူးညံ့သည့်အပြုံးလေးဖြင့် ‌ညင်သာစွာပြောခဲ့သည်။

“ဒီတစ်ခေါက် နတ်ဆိုးချိပ်ပိတ်ညီလာခံရဲ့စည်းမျဉ်းတွေက ရက်စက်ကြမ်းကြုတ်တယ်။ ထျန်းရှင်းအနေနဲ့ တဇွတ်ထိုးမလုပ်ဘဲ ကိုယ်‌တော်ရဲ့စကားကို လိုက်နာသင့်တယ်။ ငါကိုယ်တော်ရဲ့ဘေးမှာဆို မင်းအတွက်လုံခြုံတယ်”

“မလိုပါဘူး။ ကျွန်မမှာ အဖွဲ့သားတွရှိပါတယ်”

လီထျန်းရှင်းသည် အရေးမစိုက်ဟန်ဖြင့် ထပ်ပြောခဲ့ပြီးနောက် အိမ်ရှေ့မင်းသားနှင့် အခြားသူများကို လျစ်လျူရှုလျက် ဝမ်ဖုန်းတို့ဆီသို့ ဦးတည်လျှောက်လာခဲ့သည်။

“ဒီမအေး….!”

လီထျန်းရှင်း၏အပြုအမူသည် အခြားသောဂိုဏ်းတပည့်များကို ဒေါသထွက်စေခဲ့လေရာ ဂိုဏ်းတပည့်များမှ အော်ဟစ်ပြစ်တင်တော့မည်တွင် မင်းသားယုဖေးမှ ဟန့်တားခဲ့ပြန်သည်။

မင်းသားယုဖေးသည် လီထျန်းရှင်းလျှောက်သွားသည့်ဘက်ကိုကြည့်လိုက်ရာ ဝမ်ဖုန်းတို့ကိုမြင်တွေ့သွား၏။ မင်းသားယုဖေး၏မျက်လုံးများ မှေးကျဉ်းသွားခဲ့ပြီး တစ်ကိုယ်လုံးမှာ ရှင်းပြ၍မရနိုင်သောခံစားချက်ဖြင့် ကြက်သီးမွေးညင်းများ ထသွားရသည်။ ထို့နောက် စကားမဆိုတော့ဘဲ ရှေးဟောင်းနတ်ဘုရားနယ်မြေသို့ဝင်သွားခဲ့လေသည်။

မင်းသားယုဖေး၏ပြုမူပုံကြောင့် ဂိုဏ်းကြီးများသည် လျစ်လျူမရှုဝံ့စွာ အလျင်အမြန် နောက်မှလိုက်သွားခဲ့ကြသည်။ ဝင်ခါနီးတွင် ဝမ်ဖုန်းတို့အဖွဲ့ကို သေလူများကိုကြည့်နေသည်ကဲ့သို့သော အကြည့်မျိုးဖြင့် ကြည့်သွားခဲ့ကြ၏။

…..

“ဂိုဏ်းချုပ် ကျွန်တော်တို့လည်း ရှေးဟောင်းနတ်ဘုရားနယ်မြေထဲ ဝင်ကြ‌ရအောင်။ နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံက သုံးရက်ပဲကျင်းပမှာ။ အချိန်ခဏလေးအတွင်းမှာ နတ်ဆိုးတွေအကုန်လုံးကို အဲဒီ့ကျင့်ကြံသူတွေ သတ်သွားနိုင်တယ်”

ဝမ်ဖုန်းဘေးရှိ မုယွင်ဖေးသည် တိတ်ဆိတ်စွာရပ်နေသည့်ဝမ်ဖုန်းကိုကြည့်၍ မျက်နှာထက်တွင်လည်း စိတ်လှုပ်ရှားမှုများ အတိုင်းသားပေါ်လွင်နေခဲ့ကာ ဝမ်ဖုန်းအား အလျင်စလိုပြောခဲ့သည်။

ရှေးဟောင်းနတ်ဘုရားနယ်မြေထဲတွင် နတ်ဆိုးမည်မျှရှိသည်ကို သူတို့မသိပါချေ။ ထို့ပြင် ဤတစ်ကြိမ်နတ်ဆိုးချိပ်ပိတ်ညီလာခံ၌ ကျင့်ကြံသူရာချီထောင်ချီ တက်ရာက်ပါဝင်ကြပြီး အားလုံးမှာ စွမ်းအားမြင့်ပုဂ္ဂိုလ်များဖြစ်ကြလေသည်။ သို့ဖြစ်ရာ ထိုရှေးဟောင်းနတ်ဘုရားနယ်မြေထဲတွင် ထိုကျင့်ကြံသူများအတွက်လုံလောက်ရန် နတ်ဆိုးအရေအတွက် မည်မျှထိလိုအပ်လိမ့်မည်နည်း။

လင်းဖေးဝူ၏မျက်နှာလှလှလေးမှာလည်း စိတ်လှုပ်ရှားမှုကြောင့် နီရဲနေခဲ့သည်။ လီဟေးတစ်ဦးတည်းသာလျှင် တည်ငြိမ်အေးဆေးမှုရှိ၏။ နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံဟူသည် ဆန်းကြယ်အင်ပါယာအဆင့်ပြန်လည်ဝင်စားသူဖြစ်သည့် လီဟေးအတွက် သေးငယ်သည့်ဖြစ်ရပ်မြင်ကွင်းနေရာလေးသာဖြစ်သည်။

“ဘာအလျင်လိုစရာရှိလို့လဲ။ နတ်ဆိုးတွေကုန်သွားလည်း အဲဒီ့နတ်ဆိုးတွေကိုဖမ်းထားတဲ့ ထောင်လွှားတဲ့သူတွေကိုဖမ်းဆွဲလိုက်ရင်ရပြီပေါ့။ ဘာလို့နတ်ဆိုးဖမ်းဖို့ကို စိတ်အနှောင့်အယှက် ဖြစ်ခံရမှာလဲ”

ဝမ်ဖုန်း မုယွင်ဖေးကို စိုက်ကြည့်လျက် ကြိမ်းမောင်းလိုက်၏။

ထိုစကားကိုကြားရသည်တွင် မုယွင်ဖေးနှင့်လင်းဖေးဝူတို့၏မျက်လုံးများ ရုတ်ချည်းတောက်ပသွားခဲ့သည်။ ဟုတ်ပါ၏။ ထိုထောင်လွှားနေသည့်ကျင့်ကြံသူများကို ဖမ်းဆွဲနိုင်သည်ပင်။ ဂိုဏ်းချုပ်သည် ဂိုဏ်းချုပ်၏ဂုဏ်ပုဒ်နှင့် ထိုက်တန်လှပေသည်။

“ထျန်းရှင်းဂိုဏ်းရဲ့လီထျန်းရှင်း ဂိုဏ်းချုပ်ဝမ်နဲ့ ကျင့်ကြံသူတွေအားလုံးကို ဂါရဝပြုပါတယ်”

တေးဆိုငှက်ဝါလေး၏ သာယာနာပျော်ဖွယ်သောအသံကဲ့သို့ အသံလေးပေါ်ထွက်လာခဲ့ရာ မုယွင်ဖေးနှင့် အခြားသူများသည် အသံလာရာသို့ အမြန်လှည့်ကြည့်လိုက်ကြ၏။ လှပသည့်ပုံရိပ်လေးကို မြင်လိုက်ရသည်တွင် မုယွင်ဖေးမှာ ပို၍အံ့အားသင့်သွားရတော့သည်။

မုယွင်ဖေးသည် ရှန်ရှန့်ကျုံဂိုဏ်းတွင် ယောင်ယွဲ့ကဲ့သို့ ရေခဲတမျှအေးစက်သည့်အလှလေးနှင့် ဧကရီယင်ကဲ့သို့ ရင့်ကျက်နှစ်လိုဖွယ်အလှတရားတို့ကို မြင်တွေ့ခဲ့ရသော်ငြား လီထျန်းရှင်းကဲ့သို့ အေးဆေးတည်ငြိမ်မှုဖြင့် ကြော့ရှင်းသည့်အလှတရားကိုမူ မတွေ့မြင်ခဲ့ဖူးပါချေ။

ထို့ပြင် လီထျန်းရှင်း၏မျက်နှာအလှတရားသည် ဧကရီယင်ထက်လည်း မနိမ့်ပါးချေ။ ယောင်ယွဲ့သည်တော့ အနည်းငယ်သာလွန်၏။ လင်းဖေးဝူသည် အခြားနေရာများတွင် သာလွန်ကောင်းသာလွန်နိုင်ပါ၏။ သို့သော် ဧကရီယင်၊ လီထျန်းရှင်းတို့နှင့် နှိုင်းယှဉ်ပါလျှင် အနည်းငယ် နိမ့်ပါးလေသည်။

“မိန်းကလေးလီက ဒီဂိုဏ်းချုပ်ဆီ ဘာအကြောင်းကြောင့် လာခဲ့ပါလိမ့်”

ဝမ်ဖုန်းသည် လီထျန်းရှင်း၏ရုပ်ရည်ကြောင့် အံ့အားသင့်သွားခြင်း မရှိခဲ့ပေ။ လီထျန်းရှင်းမှ သူတို့ရှိရာသို့ ဦး‌တည်လျှောက်လာခဲ့သည့်အချိန်မှစ၍ ဝမ်ဖုန်းမှာ လီထျန်းရှင်း၏ရည်ရွယ်ချက်ကို ခန့်မှန်းထားပြီးဖြစ်သည်။ ဝမ်ဖုန်းသည် နတ်ဆိုးချိပ်ပိတ်ညီလာခံကျင်းပရာအရပ်သို့ သွားရောက်ရန် အလျင်မလိုပေ။

လီထျန်းရှင်း၏အလှတရားနှင့် အပြုအမူသဘောထားနှင့်ပတ်သက်၍ ဝမ်ဖုန်း ဘာကိုမျှ မခံစားရပါ။ သူသည် ယောင်ယွဲ့နှင့်ဧကရီယင်ကဲ့သို့ ပြိုင်ဘက်ကင်းအလှလေးနှစ်ဦးကို ‌မြင်တွေ့ရခြင်းဖြင့် ကျင့်သားရနေခဲ့လေပြီ။ သို့ဖြင့် ဝမ်ဖုန်းမှာ အလှလေးများနှင့်ပတ်သက်၍ တစ်နည်းတစ်ဖုံ ခံနိုင်ရည်ရှိသွားခဲ့တော့သည်။

“ထျန်းရှင်း ဂိုဏ်းချုပ်ဝမ်နဲ့ကျင့်ကြံသူတွေနဲ့အတူ နတ်ဆိုးချိပ်ပိတ်ညီလာခံ‌‌ကို ပါဝင်ချင်ပါတယ်”

လီထျန်းရှင်းသည် သူမ၏မျက်လုံးလှလှလေးများဖြင့် ဝမ်ဖုန်းကို ငေးစိုက်ကြည့်လျက် နူးညံ့သိမ်မွေ့စွာပြောခဲ့သည်။

ဝမ်ဖုန်း၏အသက်အရွယ်နှင့် ကျင့်ကြံမှုကိုသိရှိပြီးနောက်တွင် ဝမ်ဖုန်းမှာ နတ်ဆိုးချိပ်ပိတ်မြေကို ဝင်ရောက်နိုင်ခြေရှိကြောင်း လီထျန်းရှင်း သိထား၏။ ဝမ်ဖုန်းမှ ဤရှေးဟောင်းနတ်ဘုရားနယ်မြေတွင် ပေါ်ထွက်လာသည်ကို မြင်တွေ့ရသည်တွင် လီထျန်ရှင်းမှာ သေချာသွားခဲ့သည်။

ထို့ကြောင့် လီထျန်းရှင်းအနေဖြင့် ဤနတ်ဆိုးချိပ်ပိတ်ညီလာခံတွင် ဝမ်ဖုန်း၏နောက်လိုက်ခြင်းမှာ အလုံခြုံဆုံးဖြစ်ပေသည်။ ခြုံငုံကြည့်ပါလျှင်လည်း ဝမ်ဖုန်းသည် ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်ရှိ စွမ်းအားမြင့်ပုဂ္ဂိုလ်ကြီးဖြစ်သည်။ မဟာနတ်ဆိုးကြီးမှ နတ်ဆိုးချိပ်ပိတ်‌မြေကို ချိုးဖောက်ချိန်တွင် ဝမ်ဖုန်းသည် ခံနိုင်ရည်ရှိမည်ဖြစ်၏။

ထို့ပြင် ဝမ်ဖုန်း၏နောက်သို့လိုက်မှသာလျှင် သူမ၏အတွေးများကို နားလည်နိုင်ပေမည်။

သို့သော် လီထျန်းရှင်းသည် မိမိမှာ အလွန်စိတ်လှုပ်ရှားနေခဲ့သည်ကြောင့် ဝမ်ဖုန်းအား သံသယဝင်စေခဲ့မည်ဟု မမျှော်လင့်ထားခဲ့ပါချေ။

“ဒီဂိုဏ်းချုပ်က နတ်ဆိုးချိပ်ပိတ်မြေထဲကိုဝင်မယ်ဆိုတာ မင်းဘယ်လိုသိလဲ”

ဝမ်ဖုန်းသည် မျက်မှောင်ကြုတ်လျက် အသံရင့်မာစွာဖြင့် အော်မေးခဲ့၏။ သူ၏မျက်လုံးများမှာ လီထျန်းရှင်းကို ဖောက်ထွက်လုမတတ် စိုက်ကြည့်နေခဲ့သည်။

ဝမ်ဖုန်းသည် နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံသို့ တက်ရောက်မည့်အကြောင်းကို သူ၏ဂိုဏ်းသားများကိုသာ ပြောပြခဲ့ပြီး အပြင်လူမသိနိုင်ချေ။ ထိုမိန်းကလေးသည် အဘယ်သို့များ သိသွားခဲ့သနည်း။

ဝမ်ဖုန်း၏ရင့်မာသည့်အသံကြောင့် လီထျန်းရှင်းမှာ တုန်ယင်သွားခဲ့ရပြီး သူမ၏မျက်လုံးလှလှလေးများထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများ ထင်ဟပ်သွား၏။

“ထျန်းရှင်းက ဒီနေရာမှာ ဂိုဏ်းချုပ်ဝမ်ကို မြင်တွေ့လိုက်ရတာမလို့ ခန့်မှန်းကြည့်လိုက်ရုံပါ။ ဂိုဏ်းချုပ်ဝမ်ရဲ့ လေ့ကျင့်သင်ကြားမှုကို ခံယူနိုင်ဖို့အထိ ထျန်းရှင်း ကံကောင်းနိုင်မလားလို့ စမ်းသပ်ကြည့်ရုံပါပဲ”

လီထျန်းရှင်းသည် သူမ၏စိတ်တွင်းမှ ကြောက်ရွံ့ထိတ်လန့်မှုကို ဖိနှိပ်၍ပြောခဲ့သည်။

သို့သော်ငြား သူမ၏ကြောက်ရွံ့ထိတ်လန့်နေမှုကို ဝမ်ဖုန်းမှ မြင်တွေ့သိရှိပြီးဖြစ်၍ ဝမ်ဖုန်း၏မျက်နှာထက်တွင် လှောင်ရယ်သည့်အပြုံးတစ်ခု ဖြစ်တည်လာခဲ့ကာ လေးနက်စွာဖြင့်ပြော၏။

“မိန်းကလေးလီက ဒီဂိုဏ်းချုပ်ကို အရူးလုပ်ဖို့လွယ်လွန်းတဲ့သူလို့ တွေးနေတာပဲ။ မိန်းကလေးလီအနေနဲ့ ရည်ရွယ်ချက်အစစ်အမှန်ကို ထုတ်မပြောဘူးဆိုရင် အကြင်နာကင်းမဲ့တယ်ဆိုပြီး ဒီဂိုဏ်းချုပ်ကို အပြစ်မဆိုပါနဲ့”

လီထျန်းရှင်း၏အလှတရားသည် လောက၏အံ့ချီးဖွယ်လေးဖြစ်‌သော်ငြား သူနှင့် သူ၏ရှန်ရှန့်ကျုံဂိုဏ်းတပည့်များအပေါ် မကောင်းသည့်ရည်ရွယ်ချက်ရှိနေပါလျှင် ပန်းတစ်ပွင့်ကိုဖျက်ဆီးရပါလျှင်သော်မှ ဝမ်ဖုန်းသည် ဂရုထားနေမည်မဟုတ်ပေ။

လီထျန်းရှင်းနှင့် အခြားသောပြိုင်ဘက်ကင်းအလှလေးများသည် သူ၏လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းသည့် အပြုအမူသဘောထားကြောင့် သူ့ထံသို့ မထိန်းချုပ်နိုင်စွာ ပစ်ဝင်လာကြသည်ဟု တွေးထင်ယုံကြည်ရသည်အထိ ဝမ်ဖုန်း မတုံးအပါ။

ထို့ပြင် သူနှင့် စစ်ဖန်းခန်းမ၏ရှောင်းချန်ဖုန်းတို့ ပဋိပက္ခဖြစ်ပွားချိန်၌သာ ဝမ်ဖုန်းသည် တစ်ကြိမ်လှုပ်ရှားခဲ့ဖူး၏။ ထိုတစ်ကြိမ်မျှဖြင့် လီထျန်းရှင်းကဲ့သို့အလှလေးသည် သူ့နောက်သို့ လိုက်ပါလိုပါမည်လော။ တကယ်ကို အဓိပ္ပာယ်ရှိမနေပေ။

ဝမ်ဖုန်း တစ်ချက်ကြည့်ရုံမျှဖြင့်ပင် လီထျန်းရှင်းသည် တော်ဝင်မင်းသားအစောပိုင်းအဆင့်ကျင့်ကြံသူဖြစ်ကြောင်းကို သိနိုင်၏။ လီထျန်းရှင်းသည် ပြိုင်ဘက်ကင်းအလှလေးဖြစ်ရုံမျှမက ယောင်ရီအင်ပါယာ၏ ပါရမီရှင်တစ်ဦးဖြစ်သည်မှာ ထင်ရှားသည်။ အခြားသောရည်ရွယ်ချက်မရှိဟူသည်ကို ဝမ်ဖုန်း သေချာပေါက် မယုံကြည်ပါချေ။

ဝမ်ဖုန်း၏ထိုးဖောက်လုမတတ် စူးရဲသည့်မျက်လုံးများကို ရင်ဆိုင်ရသည်တွင် လီထျန်းရှင်းမှာ တစ်ကိုယ်လုံးတုန်ရီလာရသည်။ သူမ၏စိတ်လှုပ်ရှားမှုသည် ကြီးမားသည့်အကျိုးသက်ရောက်မှုဖြစ်စေလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။

“အရူးလေး အဲဒီ့လူက သိနေပြီဆိုမှတော့ ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်တော့လေ။ ဒီလိုဆက်ပြုမူနေတာ မသင့်တော်လှဘူး”

လီထျန်းရှင်း ကြောက်ရွံ့ထိတ်လန့်နေစဉ်တွင် သူမ၏စိတ်ထဲမှ နူးညံ့သိမ်မွေ့သည့်အသံ ပေါ်ထွက်လာခဲ့ပြီး သူမ၏ ကြောက်ရွံ့ထိတ်လန့်နေမှုကို ဖြေဖျောက်‌ေပးခဲ့သည်။

“အမှန်အတိုင်းပြောရရင် ထျန်းရှင်း ရှန်ရှန့်ကျုံဂိုဏ်းကိုဝင်လိုပါတယ်။ ကျေးဇူးပြုပြီး ဂိုဏ်းချုပ် လက်ခံပေးနိုင်ဖို့မျှော်လင့်ပါတယ်”

လီထျန်းရှင်း အံကိုတင်းတင်းကြိတ်၍ ပွင့်လင်းစွာပြောလိုက်၏။

လီထျန်းရှင်း၏စကားကြောင့် မုယွင်ဖေးနှင့် လင်းဖေးဝူတို့မှာ အံ့အားသင့်ကုန်ကြသည်။ လီထျန်းရှင်းကဲ့သို့အလှလေးသည် သူတို့၏ ရှန်ရှန့်ကျုံဂိုဏ်းသို့ ဝင်ရောက်လိုလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ဝမ်ဖုန်းသည်လည်း သံသယ‌များ ပပျောက်မသွားရုံမျှမက ပို၍ပင် သံသယကြီးထွားလာခဲ့လေသည်။ သူ၏မျက်လုံးများမှာ ပို၍စူးရဲလျက် အသံသည်လည်း ပို၍ရင့်သီးတည်ကြည်လာ၏။

“မိန်းကလေးလီက ထျန်းရှင်းဂိုဏ်းလို ထိပ်တန်းဂိုဏ်းကြီးကိုပစ်ပြီး ငါတို့ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ချင်တယ်ပေါ့လေ။ ဒီဂိုဏ်းချုပ်က မင်းကိုခွင့်ပြုမယ်ထင်သလား”

ဝမ်ဖုန်းသည် ဂိုဏ်းများစွာ၏တို့ရှေ့‌ေမှာက်တွင် သူ၏ရှန်ရှန့်ကျုံဂိုဏ်းသည် ရှေးဟောင်းလျှို့ဝှက်ဂိုဏ်းကြီးဖြစ်သည်ဟု ကြွားဝါပြောဆိုခဲ့သော်ငြား ၎င်းမှာ သူတစ်ဦးတည်းဖက်မှ ဖော်ပြချက်ဖြစ်သည်။ ထိုဂိုဏ်းကြီးများ ယုံကြည်ကြသည်မှာ အဘယ်သို့ဖြစ်နိုင်လိမ့်မည်နည်း။ ဝမ်ဖုန်းသည် ထိုဂိုဏ်းကြီးများမှ သူ၏စကားကို ယုံကြည်မည်မဟုတ်ကြောင်း ရှင်းလင်းစွာသိထား၏။ သူ၏စကားများမှာ ထိုဂိုဏ်းများတွင် မျိုးစေ့ပျိုးထားခဲ့ခြင်းသာဖြစ်၏။

သို့ဖြစ်ရာ ထိုကြွားဝါပြောဆိုခဲ့သည့်စကားများကြောင့်နှင့် လီထျန်းရှင်းသည် ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ရောက်လိုပါလိမ့်မည်လော။ ၎င်းမှာ ရယ်စရာတစ်ခုထက် မပိုချေ။

ဝမ်ဖုန်းသည် ရှန်ရှန့်ကျုံဂိုဏ်းသို့ တပည့်များလက်ခံရန် စိတ်အားထက်သန်နေပါသော်ငြား ထိုလူ၏အထုံပါရမီမှာ မည်မျှကောင်းမွန်နေသည်ဖြစ်စေ စိတ်နှလုံးသန့်စင်မှုမရှိသူကိုဖြင့် လက်ခံလိမ့်မည်မဟုတ်ချေ။

“ထျန်းရှင်းဂိုဏ်းလား။ အဲဒီ့ဂိုဏ်းက အကြင်နားတရားမရှိတဲ့ မကောင်းဆိုးဝါးလှောင်အိမ်ကြီးတစ်ခုပါပဲ။ ထျန်းရှင်းက ကြည့်လိုက်ရင် တောက်ပပြီးလှပပုံပေါ်ပါလိမ့်မယ်။ ဒါပေမဲ့ တကယ်တမ်းမှာ ထျန်းရှင်းက ကိုယ့်ကိုယ်ကို မကယ်ဆယ်နိုင်တဲ့အခြေအနေကို ရောက်နေခဲ့ပါပြီ။ အဲ့လိုအကြောင်းတွေကြောင့်သာ မဟုတ်ရင် ထျန်းရှင်းက ကိုယ်ကျိုးအတွက်နဲ့ ကိုယ့်ရဲ့ဂိုဏ်းကိုသစ္စာဖောက်မယ့်လူမျိုး မဟုတ်ပါဘူး”

ဝမ်ဖုန်း၏စကားအဆုံးတွင် လီထျန်းရှင်းသည် စိတ်ပျက်ဝမ်းနည်းစွာဖြင့် ပြောခဲ့သည်။

All Chapters