ထုံယွမ် နတ်ဆိုး မျောက်ဝံ
Vol. 3 Ch. 41
ရှေးဟောင်းနတ်ဘုရားနယ်မြေသို့ ခြေချပြီးသည့်နောက်ပိုင်းတွင် ဝမ်ဖုန်းသည် သူ၏ တစ်ကိုယ်လုံးက နစ်မြုပ်သွားသည်ဟု ခံစားခဲ့ရပြီး အပြင်ဘက်ကမ္ဘာထက် အဆပေါင်းများစွာ ပိုအားကောင်းသည့် ကမ္ဘာ့ဆွဲအားသည် သူ့အား ရုတ်တရက် ဖိနှိပ်ထားခဲ့သည်။ သူက ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေလင့်ကစား ထိုကဲ့သို့ ဆွဲအားကို တောင့်ခံဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ တစ်ခဏတော့ ဝမ်ဖုန်းသည် အနည်းငယ် မသက်မသာဖြစ်နေခဲ့သည်။
သူ့နောက်၌ရှိသည့် လင်းဖေးဝူ ၊ မုယွင်ဖေး ၊ အခြားသူများနှင့် လီထျန်းရှင်းတို့သည် အလွန်ကို မသက်မသာဖြစ်နေကြသည်။ လီထျန်းရှင်းသည် ထျန်းရှင်းဂိုဏ်း၏ ထိပ်တန်းတပည့်တစ်ယောက်ဖြစ်လင့်ကစား သူမသည် ဤ ရှေးဟောင်းနတ်ဘုရားနယ်မြေသို့ အတွေ့အကြုံယူရန်အတွက် လာခဲ့ပြီး သူမသည်လည်းအဆင့်နိမ့်သူဖြစ်သည်!
ဤနေရာ၌ မထူးမခြားရှိနေဆဲဖြစ်သူမှာ လီဟေးဖြစ်သည်။ ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်၏ ပြန်လည်ဝင်စားခြင်းဖြစ်သည့် လီဟေးသည် မမြင်ဖူးသည့် မြင်ကွင်းရယ်လို့ မရှိပေ။ ဤသည်မှာ ဆွဲအား အဆအနည်းငယ်သာဖြစ်ပြီး မည်သို့အသားမကျဘဲနေနိုင်ပါမည်လဲ။ အဆပေါင်းရာချီပြင်းထန်လျှင်ပင် သူက မြင်ဖူးပေ၏!
သို့သော်လည်း လီဟေးသည် မသက်သာပေ။ သူ၏မျက်နှာထက်တွင် သိက္ခာရှိသည့် မျက်နှာထားရှိနေခဲ့သည်။ ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ယောက်၏ ပြန်လည်ဝင်စားခံ့ခဲ့ရသည့် သူသည် ဤရှေးဟောင်းနတ်ဘုရားနယ်မြေ၏ သာမာန်ထက် ထူးကဲမှုများကို ဝမ်ဖုန်းထက်ပို၍ ခံစားနိုင်ပေသည်။ ဤရှေးဟောင်းနတ်ဘုရားနယ်မြေသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ရှေးဟောင်းနယ်မြေတစ်ခုလုံးသည် နိုင်ထက်စီးနင်းပြုမူလိုသည့် အရိပ်အယောင်ဖျော့ဖျော့ဖြင့် ဖုံးလွှမ်းထားသည်ကို ခံစားခဲ့ရသည်။
ဤနိုင်ထက်စီးနင်းပြုမူလိုမှုက မပြင်းထန်သော်လည်း ဝိဉာဉ်အဆင့်ဖြစ်နေလျှင်ပင် ၎င်းအားမတားဆီးနိုင်ပေ။ သို့သော်လည်း ထိုနိုင်ထက်စီးနင်းပြုမူလိုခြင်းထဲ၌ ပါဝင်သည့် ရှေးကျသည့် မြင့်မြတ်မှုသည် ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် ပြန်လည်ဝင်စားသည့် လီဟေး၏ စိတ်နှလုံးကို တုန်လှုပ်စေခဲ့၏!
ထို့အပြင် ရှေးဟောင်းနယ်မြေထဲသို့ လျောက်လှမ်းလာသည်နှင့်အမျှ ပြင်းထန်လာသည့်ဖိအားကို ပို၍ခံစားရလေဖြစ်သည်။
ဝမ်ဖုန်းသည် လီဟေး၏ မူမမှန်မှုကို မသိခဲ့ပေ။ သူသည် လူအုပ်အား ဆန်းကြယ်နယ်မြေဆီသို့ ရှေ့မှ ဦးဆောင်လာခဲ့သည်။ ဝမ်ဖုန်းသည် ရှေးဟောင်းနယ်မြေသို့ တစ်ခါမှမရောက်ဖူးသော်လည်း ဤရှေးဟောင်းအမိန့်တော်၌ လမ်းညွှန်ချက်များရှိပေသည်။
တစ်နာရီခန့်လမ်းလျောက်ပြီးသည့်နောက်တွင် ဝမ်ဖုန်းတို့သည်လည်း နတ်ဆိုးများအားချိပ်ပိတ်ထားသည့် နေရာသို့ ရောက်လာခဲ့ကြသည်။ သူတို့၏ရှေ့၌ ပေါ်လာခဲ့သည့်အရာမှာ ကျယ်ပြောကာ အဆုံးအစမဲ့သည့် တောအုပ်တစ်ခုဖြစ်သည်။ အပြင်ဘက်ကမ္ဘာရှိ သစ်တောများနှင့် သစ်ပင်များ စိမ်းလန်းစိုပြည်လှပေသည်။ သို့သော်လည်း ထိုသစ်ပင်များက ကွာခြားပေ၏!
ထိုသစ်ပင်များသည် ပိန်းပိတ်အောင်နက်မှောင်နေပြီး ပို၍ဆန်းကြယ်သည့်အရာမှာ ထိုသစ်ပင်များက ဇောက်ထိုးမိုးမျှော်ဖြစ်နေကြခြင်းပင်။ အမြစ်များက လေထဲ၌ ရှိနေကြပြီး အကိုင်းအခက်များနှင့် သစ်ရွက်များအား ရှေးဟောင်းနယ်မြေ၏ မြေကြီးအတွင်း၌ စိုက်ထားကြသည်။
ထိုကဲ့သို့ ထူးဆန်းလှသည့် သစ်တောအုပ်ကိုမြင်ပြီး ဝမ်ဖုန်းက တီးတိုးပြောခဲ့သည် : "သတိထားကြ ငါ့ရဲ့ဘေးကနေ ထွက်မသွားကြနဲ့!"
ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် တစ်ယောက်ဖြစ်သည့် ဝမ်ဖုန်းသည် ဤထူးဆန်းသည့် သစ်တောထံမှ ပျံ့နှံ့နေသည့် ခန့်မှန်း၍မရအောင် ဆန်းကြယ်သည့် အငွေ့အသက်ကို ခံစားနိုင်ပေသည်။ ဤအရှိန်အဝါသည် သူ့အား ဒူးတုန်စေပြီး သူ၏သတိအား လုံးဝမလျော့ချရဲခဲ့ပေ!
ဝမ်ဖုန်း၏ စကားများကိုကြားပြီး လင်းဖေးဝူ နှင့်အခြားသူတို့၏အမူအရာများသည်လည်း လေးနက်လာခဲ့ပြီး သူတို့၏ခန္ဓာကိုယ်များမှ စွမ်းအားများ တိတ်တဆိတ်ထွက်ပေါ်လာခဲ့ပြီး သတိကြီးကြီးဖြင့် ဝမ်ဖုန်းအားဝန်းရံထားခဲ့ကြသည်။
ထို့နောက်တွင် ဝမ်ဖုန်းတို့သည် တုံ့ဆိုင်းမနေဘဲ ထူးဆန်းသည့်တောအုပ်အတွင်းသို့ တစ်ခါတည်းဝင်ရောက်ခဲ့ကြသည်။ ဤတောအုပ်က မူမမှန်ဟု ခံစားရသော်လည်း ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် ဖြစ်သည့် ဝမ်ဖုန်းက မကြောက်ရွံ့ချေ။
တောအုပ်တစ်ခုလုံး၌ တခြားဘာမှမရှိပေ။ ကျောက်တုံးတစ်တုံးပင်မရှိချေ။ ထူးဆန်းသည့် သစ်ပင်များသာ တိတ်တိဆိတ်ရှိနေကြသော်လည်း သူက တောအုပ်အတွင်းသို့ ခြေချလိုက်သည့်အခါ၌ ဝမ်ဖုန်းသည် မူမမှန်သည့် အရာတစ်ခုအားခံစားခဲ့ရသည်။
တောအုပ်အတွင်းသို့ ခြေချပြီးသွားသည့် နောက်တွင် ကောင်းကင်နှင့်မြေကြီးကြား၌ရှိသည့် ချီစွမ်းအင်က ပို၍ သက်ဝင်လာသည်ဟု ထင်ခဲ့ရသည်။ အသက်ရှူချိန်အနည်းငယ်မျှဖြင့် ဝမ်ဖုန်းသည် သူ၏ပုံမှန် တစ်နာရီစာလေ့ကျင့်ချိန်၌ စုပ်ယူသည့် ချီစွမ်းအင်ထက် ပို၍များသည့် ချီစွမ်းအင်ကို စုပ်ယူခဲ့သည်ဟု ခံစားခဲ့ရပြီး မျက်မှောင်ကြုတ်ခဲ့သည်။
အကြောင်းပြချက်များအရ ရှေးဟောင်းနယ်မြေသည် ထိုသို့သက်ဝင်နေသည့် ချီစွမ်းအင်များရှိမနေသင့်ပေ။ ၎င်းသည် ပြင်ပကမ္ဘာ၌ရှိသည့် လှိုဏ်ဂူတစ်လုံးကဲ့သို့သာဖြစ်လေသည်။
ဒီရှေးဟောင်းနယ်မြေမှာ ဘာလျှို့ဝှက်ချက်တွေများဖွက်ထားတာလဲ?
ဝမ်ဖုန်း၏ အနောက်မှလိုက်လာသည့် လင်းဖေးဝူတို့သည်လည်း ထိတ်လန့်သွားကြပြီး ကျေနပ်ပျော်ရွှင်သည့် အကြည့်ဖြင့် သူတို့၏ ပတ်ပတ်လည်၌ရှိသည့် ချီစွမ်းအင်များအား လောဘတကြီးစုပ်ယူခဲ့ကြသည်။
"ဝေါင်း!"
လင်းဖေးဝူနှင့် အခြားသူများ ယစ်မူးနေသည့်အခိုက်တွင် ရုတ်တရက် သူတို့၏ရှေ့မှ ကျယ်လောင်သည့် ဟိန်းသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ လေဟာနယ်အတွင်း၌ အသံလှိုင်းများဖြစ်ပေါ်လာသည်ဟု ထင်ရပြီး လင်းဖေးဝူနှင့် အခြားသူများအား ထိတ်လန့်သွားစေခဲ့သည်။ သူတို့၏ နားများက အူသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးက တောင့်တင်းသွားကြသည်။
ဤအခိုက်အတန့်၌ မြေကြီးအောက်မှ ဟိန်းသံသည် ဝမ်ဖုန်းနှင့်အခြားသူများအား အနည်းငယ်တုန်လှုပ်သွားစေခဲ့သည်။ မြေကြီးအား ရိုက်ခတ်နေသည့် သစ်ရွက်များ၏ အသံသည် သားရဲတစ်ကောင်၏ ကျယ်လောင်သည့် ဟိန်းသံနှင့် ရောစပ်သွားကာ စိတ်သန္တာန်အား တုန်လှုပ်စေခဲ့သည်။
ဝမ်ဖုန်းသည် အနည်းငယ်မျက်မှောင်ကြုတ်ကာ သူ၏ မျက်လုံးများက အရှေ့သို့ တစိုက်မတ်မတ်ကြည့်နေခဲ့သည်။ သူသည် ချဉ်းကပ်လာနေသည့် တော်ဝင်မင်းသားအထွတ်အထိပ်အဆင့်၏ အားပြင်းသည့် အသက်ရှုသံကို ခံစားခဲ့ရသည်။
"အဲ့ဒါက တော်ဝင်မင်းသားအထွတ်အထိပ်အဆင့်ရှိတဲ့ ဆန်းကြယ်သားရဲတစ်ကောင်ဖြစ်မယ်။ ဘယ်သူသွားမလဲ"
ဝမ်ဖုန်းသည် ကိုယ်တိုင်တိုက်ခိုက်ရန် မရည်ရွယ်ဘဲ လင်းဖေးဝူနှင့်အခြားသူများဘက်သို့လှည့်ကာ ညင်သာစွာမေးခဲ့သည်။
နားကွဲမတတ် ဟိန်းဟောက်သံမှတစ်ဆင့် ဝမ်ဖုန်းသည် ၎င်း၏အော်သံက အပြင်ဘက်ကမ္ဘာ၌ရှိသည့် သာမာန်မကောင်းဆိုးဝါးများနှင့် ကွာခြားသည်ကို ခံစားနိုင်ခဲ့သည်။ အသိဉာဏ်နည်းနည်းမှမရှိသည့် အရိုင်းအစိုင်းအော်သံတစ်သံဖြစ်သည်။
၎င်းက တော်ဝင်မင်းသားအထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသည့် ဆန်းကြယ်သားရဲတစ်ကောင်ဖြစ်သော်ငြား သူ့ဂိုဏ်း၏တပည့်အားလုံးက သာမာန်ထက်ထူးခြားလေသည်။ ထို့ကြောင့် ဝမ်ဖုန်းသည် သူတို့အား စမ်းကြည့်ခွင့်ပေးရန် ရည်ရွယ်ထားခဲ့သည်။
အကယ်၍ သူက ကိစ္စတိုင်း၌ ကိုယ်တိုင်တိုက်ခိုက်ရန် လိုအပ်နေခဲ့ပါက လင်းဖေးဝူ နှင့် အခြားသူများအား အတွေ့အကြုံမရစေရုံသာမက သူက ဂိုဏ်းချုပ် တစ်ယောက်ဖြစ်သည်ဟုလည်း ပေါ်လာပေလိမ့်မည်။
ခုနကမှ ရှန်ရှန့်ကျုံဂိုဏ်းအတွင်းသို့ ဝင်လာခြံသည့် လီထျန်းရှင်းသည် ဝမ်ဖုန်း၏ စကားများကို ကြားသည့်အခါ၌ သူမ၏ လှပသည့်မျက်နှာလေးက တောင့်တင်းသွားကာ ဝမ်ဖုန်းအား ဗလာကျင်းစွာဖြင့် စိုက်ကြည့်ခဲ့သည်။
ဒါက တော်ဝင်မင်းသားအထွတ်အထိပ်အဆင့်လေ။ ဂိုဏ်းချုပ်က အစ်ကိုတွေ ၊ အစ်မတွေကို မစိုးရိမ်ဘူးလား?
လက်ရှိတွင် ယောင်ရီအင်ပါယာတစ်ခုလုံး၌ လီထျန်းရှင်းသိထားပြီး နားလည်ထားသည့် မည်သူမဆို အလွန်အရည်အချင်းရှိပေသည်။ သူတို့သည်ပင် တော်ဝင်မင်းသားအထွတ်အထိပ်အဆင့် ဆန်းကြယ်သားရဲအား ကိုင်ကွယ်နိုင်မည်မဟုတ်ဟု စိုးရိမ်မိပေသည်။
တကယ်တော့ ရှေးဟောင်းနယ်မြေ၌ ရှိသည့် နတ်ဆိုးသားရဲများသည် အပြင်ဘက်ကမ္ဘာ၌ရှိသည့် သားရဲများနှင့် မတူပေ။ အပြင်ဘက်ကမ္ဘာ၌ရှိသည့် သားရဲများသည် လက်ခံမလား ငြင်းဆိုမလားဆိုသည်ကို ချင့်ချိန်ပြီး ကြောက်ရွံ့ကြလေသည်။ သို့သော်လည်း ဤသားရဲက လုံးဝ ခံစားချက်မရှိပေ။ ရက်စက်မှုသာလျှင်ရှိ၏။ သေသည့်အထိ ခုခံနိုင်ပြီး ကြောက်ရွံ့မှုဆိုသည်ကို လုံးဝမသိချေ!
"ကျွန်တော်သွားမယ်!" မုယွင်ဖေးသည် ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးလာခဲ့ပြီး သူ၏တစ်ကိုယ်လုံးက ကြိုးစားရန်စိတ်အားထက်သန်နေပြီး သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သည့် တိုက်ခိုက်လိုစိတ်များ ထွက်ပေါ်နေခဲ့သည်။
အကယ်၍ သူက ရှန်ရှန့်ကျုံဂိုဏ်းသို့ မဝင်ရသေးပါက တော်ဝင်မင်းသားအထွတ်အထိပ်အဆင့် သားရဲအား သေချာပေါက် တိုက်ခိုက်ရဲမည်မဟုတ်ပေ။ သို့သော်လည်း ယခုတွင်မူ မုယွင်ဖေးသည် သူ၏ခွန်အားကို အင်မတန် ယုံကြည်မှုရှိနေပြီဖြစ်သည်။
တော်ဝင်မင်းသား အလယ်အလတ်အဆင့်သို့ ချိုးဖျက်ထားသည့် သူ၏ ကျင့်ကြံခြင်းကြောင့်သာမဟုတ်ဘဲ ထိုရက်များအတွင်း သူ၏ဆရာ ချီမိန်ချွေရွှယ်၏ လမ်းညွှန်မှုအောက်၌ သူ၏ ဓားစွမ်းရည်က များစွာတိုးတက်လာခဲ့ပြီး သူ၏လက်ရှိ ဓားစွမ်းရည်သည် အရင်က သူကိုယ်တိုင်အား အလွယ်လေး ချေမှုန်းနိုင်နေပြီဖြစ်သောကြောင့်လည်းဖြစ်သည်။
ထို့ကြောင့် မုယွင်ဖေးသည် လွန်ခဲ့သည့်ရက်အနည်းငယ်က သူ၏ တိုးတက်လာမှုအား ဂိုဏ်းချုပ်ကို မြင်စေရန် အရင်ဆုံးပြောခဲ့ခြင်းဖြစ်သည်။
ဝမ်ဖုန်းသည် ခေါင်းညိမ့်လိုက်ပြီး သူ၏ မျက်လုံးများက အနည်းငယ်ကျဉ်းမြောင်းသွားခဲ့သည်။ ထိုဆယ်ရက်အတွင်း ချီမိန်ချွေရွှယ်၏ လမ်းညွှန်မှုက မုယွင်ဖေးအား မည်မျှတိုးတက်စေခဲ့သလဲဆိုသည်ကို ဝမ်ဖုန်းသည်လည်း သိချင်ပေသည်။
တစ်ခြားတစ်ဖက်တွင် လီထျန်းရှင်းသည် သူမ၏ လှပသည့် မျက်လုံးလေးများကို လှန်လိုက်ပြီး သူမ၏ ဆွဲဆောင်မှုရှိသည့် မျက်နှာတွင် ပြောစရာစကားမဲ့သည့်အရိပ်အယောင်တစ်ခုဖြတ်ပြေးသွားခဲ့သည်။
ဒါက တော်ဝင်မင်းသားအထွတ်အထိပ်အဆင့် သားရဲတစ်ကောင်လေ။
ဂိုဏ်းချုပ်နဲ့ စီနီယာ အစ်ကို မု ရဲ့ မျက်လုံးထဲမှာ သာမာန်သားရဲပေါက်လေးတစ်ကောင်နဲ့တူနေတာလား?
စိတ်ရှိတိုင်းအနိုင်ကျင့်နိုင်မှာတဲ့လား?
"ဝုန်း ! ဝုန်း!"
ဤအခိုက်အတန့်၌ ဟိန်းသံ၏ ပိုင်ရှင်သည် သူ၏ အသွင်အပြင်ကို ထုတ်ဖော်လာခဲ့သည်။ ကြီးမားသည့် ကိုယ်ထည်ကြီးက အလင်းရောင်ကို ပိတ်ပင်ထားခဲ့ပြီး ဝမ်ဖုန်းနှင့်အခြားသူများရှိသည့် နေရာအား အချည်းနှီးဖြစ်စေခဲ့ပြီး ကြီးမားသည့် အရိပ်တစ်ခုထွက်ပေါ်လာခဲ့သည်။
ဝမ်ဖုန်းနှင့်အခြားသူများသည် သူတို့အပေါ်၌ ခံစားချက်နည်းနည်းတောင်မရှိဘဲ သတ်ဖြတ်ချင်သည့် အကြည့်ကိုပင် ခံစားခဲ့ရသည်။ သူတို့က မော့ကြည့်လိုက်သည့်အခါ၌ ချက်ချင်းပင် သားရဲကြီးနှင့် မျက်နှာချင်းဆိုင်ခဲ့ကြရသည်။
၎င်းသည် မြင့်မားကာ ကြမ်းကြုတ်ပြီး ခန္ဓာကိုယ်ပေါ်၌ သံမဏိအပ်များကဲ့သို့ နက်မှောင်ထူထဲသည့် အမွှေးများနှင့် မျောက်ဝံတစ်ကောင်ဖြစ်ပြီး ၎င်းသည်အေးစက်သည့် အရိပ်အယောင်ရှိသည်ဟုထင်ရပြီး ခန္ဓာကိုယ်က ထူထဲပြီး ကြီးမားကာ ကြွက်သားများက သံမဏိကဲ့သို့ပင်။ ၎င်း၏ကိုယ်ထဲ၌ ရှိသည့် ပေါက်ကွဲစေတတ်သည့် စွမ်းအားကို ခံစားရပေသည်!
ဤတိမ်တိုက်များကို ထိုးဖောက်ဝင်ရောက်နိုင်သည့်သဖွယ် မျောက်ကြီးသည် နတ်ဆိုးစွမ်းအင်များ ကူးစက်ခံထားရခြင်းဖြစ်သည်။၎င်း၌ ရှေးဒဏ္ဍာရီလာ ထုံယွမ်မျောက်ဝံသားရဲ၏ သွေးမျိုးဆက်ရှိသည်။ သို့သော်လည်း ကံမကောင်းစွာဖြင့် ၎င်းသည် အခုအချိန်၌ အသိဉာဏ်လုံးဝမရှိသည့် ဆန်းကြယ်သားရဲတစ်ကောင်အဖြစ်သို့ ပြောင်းလဲခံခဲ့ရသည်။
ဝုန်း!
တစ်ခဏချင်းမှာပင် ရိုင်းစိုင်းကြမ်းကြုတ်သည့် ကောင်းကင်နှင့်ထိစပ်နေသည့် မျောက်ဝံနတ်ဆိုးထံမှ အကြင်နာတရားကင်းမဲ့စွာ ကြီးမားသည့် လက်သီးချက်ထွက်ပေါ်လာခဲ့သည်။ ဤနေရာ၌ရှိသည့် လေထုပေါက်ကွဲသွားသည့်အသံထွက်ပေါ်လာခဲ့ပြီး စွမ်းအားလှိုင်းများက လေထုထဲသို့ ပျံ့နှံ့သွားခဲ့သည်။
"ကောင်းတယ် လာစမ်း!"
ထုံယွမ်နတ်ဆိုးမျောက်ဝံထံမှ လက်သီးချက်နှင့် ရင်ဆိုင်ရာတွင် မုယွင်ဖေးသည် ကြောက်ရွံ့ခြင်းအလျဉ်းမရှိဘဲ ဟက်ဟက်ပက်ပက်ပြုံးကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက တိုက်ခိုက်လိုစိတ်ဖြင့် ပြည့်နှက်လာခဲ့ပြီး သူ၏လက်ထဲ၌ ဓားတစ်ချောင်းပေါ်လာခဲ့သည်။
သူ၏မျက်နှာက အေးစက်သွားပြီး သူ၏ ခန္ဓာကိုယ်တွင်းမှ စွမ်းအားသည် အပြင်းအထန် ပွင့်အံထွက်လာခဲ့ပြီး သူ၏ လက်က ရုတ်တရက် အနည်းငယ်တုန်ရီလာခဲ့ပြီး အံ့မခန်းအေးစက်သည့် ဓားအလင်းနှင့် ကြမ်းကြုတ်သည့်ဓားဆန္ဒက သူ၏ ကိုယ်တွင်း၌ ထွက်ပေါ်လာခဲ့သည်။
ထိုအချိန်၌ လင်းဖေးဝူ နှင့် လီထျန်းရှင်း တို့၏ မျက်လုံးထဲ၌ မုယွင်ဖေးသည် ပြိုင်ဘက်ကင်းဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွားသည်ဟုထင်ရကာ ခန္ဓာကိုယ်တစ်ခုလုံးက အဆုံးအစမဲ့ စူးရှမှုဖြင့်တောက်ပနေခဲ့သည်။
သို့သော်လည်း ပြိုင်ဘက်ကင်းဓားပညာအချို့အား ကောင်းချီးရထားသည့် ဝမ်ဖုန်းသည် ညင်သာစွာခေါင်းခါခဲ့သည်။ မုယွင်ဖေးသည် ထိုအချိန်၌ အလွန်စွမ်းအားကြီးသည်ဟုထင်ရသော်လည်း ဝမ်ဖုန်း၏ အမြင်၌ ချို့ယွင်းချက်များစွာရှိနေပေသည်။
လျင်မြန်မှုက လိုအပ်နေဆဲပင်! ဝမ်ဖုန်းသည် စိတ်အတွင်းမှ သက်ပြင်းချခဲ့၏။
ဝမ်ဖုန်းသည် ဤကမ္ဘာသို့ရောက်လာခဲ့ပြီး သူ၏ ကျင့်ကြံခြင်းက ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်သို့ ရောက်နေခဲ့သော်လည်း အမှန်တကယ်တော့ တိုက်ပွဲအနည်းငယ်အား ကြုံတွေ့ခဲ့ဖူးပေသည်။
သို့သော်လည်း တိုက်ခိုက်ခြင်းအတွက် ဝမ်ဖုန်း၌ ကိုယ်ပိုင်ချမှတ်ထားသည့် နည်းလမ်းများရှိနေဆဲဖြစ်သည်။သူက အတင်းအကျပ်မလုပ်နိုင်ပါက အတင်းအကျပ်လုပ်မည်မဟုတ်ပေ။ အကယ်၍ ပြသနာတစ်ခုက ဓားတစ်ချောင်းဖြင့် ဖြေရှင်း၍ရနိုင်ပါက ဓားတစ်ချောင်းဖြင့် ဖြေရှင်းပေမည်။
ချီမိန်ချွေရွှယ်နဲ့ အခြားသူတွေက ဘယ်တိုက်ပွဲကို သေသေသပ်သပ်မတိုက်ခိုက်ခဲ့လို့လဲ?
မုယွင်ဖေးသည် သူ၏ဂိုဏ်းချုပ်ကသူ့အား တိတ်ဆိတ်အပြစ်တင်နေသည်ကို မသိခဲ့ပေ။ ထိုအချိန်၌ သူ၏ စိတ်တစ်ခုလုံးက ထုံယွမ် နတ်ဆိုး မျောက်ဝံထံ၌သာ အာရုံစိုက်ထားခဲ့သည်။ ကြီးမားသည့် လက်သီးက သူ့အားထိုးမိတော့မည့်အချိန်၌ သူ့ခြေထောက်ကချက်ချင်းရွေ့လျားသွားပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက သူ့နောက်မှ အရိပ်ကဲ့သို့ လိုက်ပါလာခဲ့ပြီး ထုံယွမ်နတ်ဆိုးမျောက်ဝံ၏ ဘေး၌ပေါ်လာခဲ့သည်!
ထို့နောက် သူ့လက်ထဲမှ ဓားရှည်ဖြင့် ထိုးခဲ့သည်။ ဓားရှည်ပေါ်တွင် ကြောက်မက်ဖွယ်ရာ အေးစက်သည့်အလင်းတစ်ခုထွက်ပေါ်လာခဲ့သည်။ ဓားတစ်ချောင်းလုံးအား ပြင်းထန်သည့် ဓားရောင်ဖြင့် လွှမ်းခြုံထားခဲ့သည်။ ချွန်ထက်သည့် ဓားသွားသည် လေဟာနယ်အား သေးငယ်သည့် အက်ကွဲကြောင်းများဖြစ်ပေါ်စေခဲ့သည်။
ဝုန်း!
မုယွင်ဖေးသည် လျင်မြန်စွာတုံ့ပြန်ကာ ချက်ချင်းပြန်လည်တိုက်ခိုက်ခဲ့သော်လည်း မိုးထိနေသည့် မျောက်ဝံနတ်ဆိုးသည် အလျော့မပေးတတ်သူမဟုတ်ပေ။ ၎င်း၌ အသိဉာဏ်မရှိဟုဆိုသော်လည်း တိုက်ခိုက်မည်မဟုတ်ဟု မဆိုလိုပေ။ ၎င်း၏ တိုက်ခိုက်ခြင်း ဗီဇက သာမန်မကောင်းဆိုးဝါးများထက်ပင် ပို၍ အားကောင်းပေသည်။
မုယွင်ဖေး၏ ဓားရှည်က ထုံယွမ်နတ်ဆိုးမျောက်ဝံ၏ အလွန်အင်မတန်မာကျောသည့် လက်သည်းများအား တားဆီးလိုက်သည်ကို မြင်ခဲ့ရသည်။ သူ၏ လက်ဖဝါးက ဓားရှည်ဖြင့် ခုတ်ပိုင်းခံထားရဆဲဖြစ်သော်လည်း ဤဒဏ်ရာက အသိဉာဏ်မရှိသည့်သူတစ်ယောက်အတွက် ကိစ္စကြီးမဟုတ်ပေ။ ထုံယွမ်နတ်ဆိုးမျောက်ဝံအတွက် ဘာမှမဟုတ်ချေ။
"ဝေါင်း!"
ထိုသို့ဆိုလျှင်ပင် ဤသည်က ထုံယွမ်နတ်ဆိုးမျောက်ဝံအား ဒေါသထွက်စေခဲ့ပြီး ၎င်း၏ မျက်လုံးများက သွေးနီရောင်လွှမ်းလာခဲ့ပြီး ကောင်းကင်သို့ အော်ဟစ်ခဲ့သည်!