← Chapters

သနားစရာအရာ

Vol. 8 Ch. 122

သနားစရာအရာ

Vol. 8 Ch. 122

မုန့်ကျိဖန် မည်မျှပင် စိတ်မပါစေကာမူ သူ အိမ်ရှေ့စံ၏ အမိန့်အား နာခံရုံသာ တတ်နိုင်လေသည်။

ရှဲ့ချောင် ပွဲအား မလှုပ်မယှက် စောင့်ကြည့်နေခဲ့သည်။ ထိုအရာမှာ သူမအဖို့ အတော်လေး စိတ်ဝင်စားစရာကောင်းပေသည်။ သူမသည် မုန့်ကျိဖန် ထိုကဲ့သို့ ဆက်ဆံခံရသင့်သည်ဟု ယူဆပေ၏။

အိမ်ရှေ့စံမင်းသားသည် မသန်စွမ်းသော်လည်း ဤနှစ်များတွင် သူ၏ နေရာရာထူးအား ထိန်းသိမ်းထားနိုင်ဆဲပင်။ သူ၏ တော်ဝင်အထောက်အထားနှင့်ဆိုလျှင် မည်သူမဆို၏ ဆရာ ဖြစ်နိုင်ပေသည်။ မုန့်ကျိဖန် မည်သည်အား လုပ်လုပ် အရေးမကြီးပေ။ သူ(မုန့်ကျိဖန်)သည် သူ့အပေါ်မှ အမြတ်ထုတ်နိုင်မည် မဟုတ်ချေ။

ထို့အပြင် သူသည် ကောင်လေးတစ်ယောက်သာ ဖြစ်သည်။ သူသည် အိမ်ရှေ့စံလုပ်ခဲ့သလို ယောက်ျားတစ်ယောက်ပုံစံနှင့်လည်း မတူပေ။

အိမ်ရှေ့စံမတိုင်ခင် ဆူဆူညံညံလုပ်ခဲ့သော မုန့်ကျိဖန်၏ ပုံစံမှာ… နို့သောက်နေသော ကလေးတစ်ယောက်သည် လူကြီးတစ်ယောက်ဆီမှ ပိုက်ဆံအား တောင်းနေခြင်းနှင့် တူနေလေသည်။ အတော်လေး ကလေးဆန်ပေသည်။

ယခု မုန့်ကျိဖန် မြင်းများအား သန့်ရှင်းရေး မလုပ်နိုင်ပေ။

ကံကောင်းထောက်မစွာပင် အချိန်များကုန်လွန်သွားပြီးနောက် သူ၏ ပြစ်ဒဏ်မှာ ပြီးလုနီးပါး ဖြစ်နေပြီဖြစ်သည်။ ထို့အပြင် တခြားသူများသည် ထိုနေရာတွင် ရှိနေကြသေးကာ ရှဲ့ချောင်နှင့်အတူ အလုပ်လုပ်ချင်နေကြလေ၏။ ထို့ကြောင့်

သူမ၏ အိမ်အလုပ်များမှာ အချိန်မကြာလိုက်ပဲ ပြီးစီးသွားခဲ့သည်။

ကြီးကြပ်ရေးမှူးမှ သူတို့အား မတိုင်မီက တစ်ကြိမ် စစ်ဆေးသွားလေသည်။

ရှဲ့ချောင် တာဝန်အား ကိုင်တွယ်ချိန်၌ ကြီးကြပ်ရေးမှူးသည် သူမအားကြည့်ရင်း အလွန်တရာ ရှုပ်ထွေးသော အမူအရာမှာ သူ့မျက်ဝန်းထဲတွင် ရှိနေခဲ့သည်။

မုန့်ကျိဖန်သည် အမျိုးသမီးငယ်နှစ်ယောက်အား အနိုင်ကျင့်လိမ့်မည်ဟူသော ထင်မြင်ချက်အောက်တွင် သူ တစ်ချိန်လုံး ရှိနေခဲ့သည်။ ဘယ်တုန်းကမျှ သူ မတွေးခဲ့ဖူးသည်မှာ…

အစမှ အဆုံးတိုင် မုန့်ကျိဖန်သည် ရှဲ့ချောင်၏

တောက်တိုမယ်ရကောင်လေး ဖြစ်မည်ကိုပင်! ယခင်က ထိုကိစ္စမျိုး မဖြစ်ဖူးပေ။

သူ အခြား အမျိုးသမီးငယ်အား ကြည့်လိုက်သောအခါ ရှုပ်ယှက်ခတ်နေလေ၏။ သူမသည် အကြိမ်များစွာ ချော်လဲနေခဲ့ပြီး ယခု မြင်းများထံ မချဥ်းကပ်ရဲတော့ချေ။

“ မင်း မြင်းဇောင်းမှာ အလုပ်လုပ်ချင်လား? နေ့လယ်ကျ လာခဲ့ပါ့လား။ မင်းလုပ်ရမှာက မြင်းနည်းနည်းကို တစ်ကြိမ်လောက် လမ်းပတ်လျှောက်ပေးရုံပဲ။ တစ်နေ့ကို ငွေပဲစေ့ ၁၀ ခု ပေးမယ်” ကြီးကြပ်ရေးမှူးမှာ ရှဲ့ချောင် လှည့်ထွက်မသွားမီ သူမအား နေခိုင်းရန် ကြိုးစားကြည့်ရုံမှတစ်ပါး မတတ်နိုင်ပေ။

ရှဲ့ချောင် ကြက်သေသေသွားခဲ့သည်။ “ မြင်းတွေကို လမ်းလျှောက်ပေးရမယ်?”

“ ဟုတ်တယ်၊ အရိုင်းစိတ်ဝင်နေတဲ့ မြင်းနည်းနည်း ရှိတယ်။ သူတို့က နေ့တိုင်း လမ်းလျှောက်ပေးဖို့ လိုတယ်။ မင်းလုပ်နိုင်ရင် ငါမင်းကို လက်လွှဲပေးမယ်” ကြီးကြပ်ရေးမှူးက ချက်ချင်း ထပ်ဖြည့်ပြောလိုက်လေသည်။

တစ်နေ့ကို ငွေပဲစေ့ ၁၀ ခု…တစ်လဆိုလျှင် ၃၀၀ ဖြစ်မည်။

အလှူလိုအပ်ချက်မှာ တစ်လလျှင် ၅၀၀ ဖြစ်လေသည်။ စာအုပ်အချို့ မိတ္တူကူးပြီးလျှင် သူမ ရည်မှန်းချက်ကို မရရှိနိုင်ပေဘူးလား!?

ကောင်းကင်ထက်မှ ကျလာသော ကံကောင်းခြင်းပင်!

ရှဲ့ချောင်၏ မျက်လုံးများ တောက်ပသွား၏။ “ သေချာတာပေါ့။ ကျွန်မ လုပ်မယ်”

ကြီးကြပ်ရေးမှူး စိတ်သက်သာရာ ရသွားသည်။ ထိုမြင်းများအား ဂရုစိုက်ရန်မှာ ခက်ခဲသော်လည်း ၎င်းတို့သည် ပိုကောင်းသော မျိုးစိတ်ဖြစ်လေ၏။ တစ်ယောက်ယောက်က ၎င်းတို့အား လမ်းလျှောက်ပေးချိန်တွင် ပုံမှန်အားဖြင့် မတော်တဆများ ဖြစ်လေ့ရှိသည်။ ရှဲ့ချောင်မှ ထိုကိစ္စအား ကိုင်တွယ်လိုက်မည်ဆိုလျှင် ပြီးပြည့်စုံသွားမည် ဖြစ်လေသည်။

ရှဲ့ချောင် အပျော်လွန်နေစဥ်တွင် လေ့ကျင့်ရေးကွင်းကို လူများ ဝိုင်းနေခဲ့လေသည်။ အိမ်ရှေ့စံမင်းသားအတွက် မုန့်ကျိဖန် မြင်းအားကိုင်ကာ လမ်းလျှောက်ပေးနေခြင်းအား ကြည့်နေကြခြင်းဖြစ်လေ၏။

သူသည် ဖြည်းဖြည်းနှင့်မြန်မြန် တစ်လှည့်စီ လျှောက်ပေးနေသည်။ တစ်ခါတစ်ရံတွင် လမ်းလျှောက်လိုက် ပြေးလိုက် လုပ်၏။ သူ ပင်ပန်းနွမ်းနယ်မှုကြောင့် ချွေးထွက်နေလေသည်။ လေ့ကျင့်ကွင်းမှာ ကြီးမား၏။ အခေါက် ၁၀၀ လုပ်ပြီးချိန်၌… သူ မော၍ သေနိုင်ပေသည်။

အိမ်ရှေ့စံသည် မြင်းကျောကုန်းပေါ်တွင် ထိုင်နေရင်း အပန်းဖြေနေပုံ ရလေသည်။ သူ၏ အေးစက်စက် မျက်နှာမှာ လျှို့ဝှက်စွာဖြင့် လွန်စွာ ကြောက်မက်ဖွယ်ကောင်းလေသည်။

ထို မုန့်ကျိဖန်က မည်သူနည်း …

သူသည် ဆင့်ပွားမိသားစုမှ လေးယောက်မြောက် အင်ပါယာမင်းသား၏ ညီအစ်ကိုဝမ်းကွဲ ဖြစ်သည်ပင်။ ကျောင်းတော်တွင် မည်သူမျှ သူ့အား စိတ်

အနှောင့်အယှက် မပေးရဲပေ။ သို့သော် ဤအချိန်၌ အိမ်ရှေ့စံသည် သူ့အား နှိပ်စက်နေလေ၏…

သနားစရာအရာပင်!

ရှဲ့ချောင် သူမ အလုပ်များပြီးသော် ထွက်သွားခဲ့သည်။ ကျောင်းတော်မှ အခြေအနေအား သူမ သတိမပြုမိခဲ့ပေ။

သူမ စာအုပ်အား ကူးရေးရန် အိမ်သို့ ပြန်လာရသည်။ သူမ၏ အချိန်များမှာ အဖိုးတန်လေ၏။

ရှားယာ့ယွင်တစ်ယောက်သာ မြင်းဇောင်းတွင် ကျန်ခဲ့လေသည်။

ရှဲ့ချောင် ထွက်သွားပြီးနောက် ကောင်းကင်သည် မှောင်လာခဲ့သည်။ ရှားယာ့ယွင် လဲပြိုကျပြီး မြေပြင်ပေါ် ထိုင်ချလိုက်သည်။ သူမ စတင်၍ ငိုတော့သည်။

သူမသည် မြင်းကို သန့်ရှင်းရေးလုပ်ပေးနေခြင်းဖြစ်သောကြောင့် မြင်းဘေးတွင် လဲကျသွားသည်။

မြင်းသည် ဒေါသကြောင့် ရုတ်တရက် ခြေဆောင့်နင်းလိုက်သည်။ ထို့နောက် ၎င်းသည် တင်ပါးအား လှည့်ကာရွှေ့လိုက်ပြီး…လတ်လတ်ဆတ်ဆတ် မြင်းချီးတစ်ပုံ ထွက်ကျလာကာ ရှားယာ့ယွင် ခေါင်းပေါ်သို့ တိုက်ရိုက် ဆင်းသက်လာခဲ့သည်။ ခပ်နွေးနွေးဖြစ်သွားမှုက သူမအား ရူးသွပ်သွားစေတော့သည်!

“ အားးးး! ”

စူးစူးဝါးဝါးအော်သံက မြင်းဇောင်းတစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး ချက်ချင်းပင် ရှားယာ့ယွင် ကမန်းကတမ်း ပြေးထွက်သွားလေသည်။

ကြီးကြပ်ရေးမှူးပင် သူမအား မတားလိုက်နိုင်ပေ…

ကံမကောင်းစွာပင် ရှဲ့ချောင်မှာ ထိုအခြင်းအရာအား မမြင်လိုက်ပါချေ။ အကယ်၍ သူမ မြင်ခဲ့ပါက…သူမသည် ဝမ်းဗိုက်အား ဖိကိုင်ကာ တစ်နာရီခန့်ကြာအောင် ရယ်နေမည်ပင်!

…

ထိုအချိန်၌ ရှဲ့ချောင်သည် စာအုပ်အား လေးနက်မှုအလုံးစုံဖြင့် ကူးနေလေသည်။ ရှဲ့အိမ်တော်ရှိ

လေထုမှာ အတော်လေး လေးလံနေပေသည်။

သူမ ပင်မခြံဝင်းသို့ မသွားခဲ့ပေ။ သို့သော် ထိုနေရာတွင် လူများ စုဝေးနေလေ၏။

ဖေဝမ်ယွဲ့ ကျောင်းမှ ပြန်ရောက်လာကာ သူမ အခေါ်ခံလိုက်ရ၏။ သူမသည် ရှဲ့ဖင်းဟွိုက်အား တွဲလောင်းဆွဲချိတ်ထားသော သစ်ပင်အောက်တွင် ရပ်နေခဲ့၏။

ရှဲ့ဖင်းကန်း သူ၏ဖခင် အပါအဝင် လူတိုင်းအား တစ်ချက်ကြည့်လိုက်သည်။ သူသည် တင်းမာကာ အေးစက်နေသည့် မျက်နှာဖြင့် ပြောလိုက်သည်။ “ ရှဲ့ဖင်းဟွိုက် ငါ မင်းကို အခွင့်အရေးတစ်ခု ထပ်ပေးမယ်။ ကျောက်စိမ်းတုံးကို ဘယ်မှာ ထားခဲ့တာလဲ!?”

•••••••••

All Chapters