အဟန့်အတား
Vol. 8 Ch. 123
ရှဲ့ဖင်းဟွိုက် အကူအညီမဲ့သလို ခံစားနေရလေသည်။
သူ တစ်နေကုန် သစ်ပင်ထက်တွင် တွဲလောင်းချိတ်ခံထားရသည်။ သူ့ခန္ဓာကိုယ်မှာ အလွန် တောင့်တင်းနေပြီး နေရသည်မှာ အဆင်မပြေချေ။
ထိုစဥ် သူ့အစ်ကိုအကြီးဆုံးသည် လက်ထဲတွင် ကြာပွတ်တစ်ချောင်း ကိုင်ထားလေသည်။ သူ့အား ကြည့်ရသည်မှာ အချိန်မရွေးပင် သူ့ကို ကြာပွတ်နှင့် ရိုက်တော့မည့်ပုံ ဖြစ်သည်။ ထိုအခြင်းအရာသည် အလွန် စိတ်မကောင်းဖြစ်စရာပင်!
ရှဲ့ဖင်းဟွိုက်၏ အသံမှာ ကျည်ဆံကိုက်ထားရသကဲ့သို့ စကားပြောလိုက်ချိန်တွင် အနည်းငယ် အက်ရှရှဖြစ်နေလေသည်။ “ အစ်ကိုကြီး ကျွန်တော် ပျောက်သွားတာမဟုတ်ဘူးလို့ အစ်ကိုကြီးကို အကြိမ်ပေါင်းများစွာ ပြောပြီးပြီလေ! တစ်ယောက်ယောက် ခိုးသွားတာလို့!”
ဖေဝမ်ယွဲ့ ကြောက်လန့်ကာ ဇက်ပုသွားလေသည်။ “ အစ်ကိုကြီး ဒါ ကျောက်စိမ်းတုံးလေးတစ်ခုပါပဲ…ကျွန်မတို့ မောင်လေးကို ဘယ်လိုလုပ်ပြီး ဒီလို လုပ်နိုင်ရတာလဲ_”
“ ညီမဖေကများ အစ်မအကြီးဆုံးကနေ ဖင်းဟွိုက်ကို ပေးခဲ့တဲ့ ကျောက်စိမ်းကို မြင်ခဲ့မိလို့လား?” ရှဲ့ဖင်းကန်း၏ အသံမှာ ထိတ်လန့်စရာပင်။
သခင်မလု ဒူးချောင်လာ၏။
အထူးသဖြင့် ကြာပွတ်ကိုင်ထားသော ရှဲ့ဖင်းကန်းကို မြင်လျှင် သူမ ကြောက်လန့်လာ၏။ လွန်ခဲ့သော နှစ်အနည်းငယ်က ရှဲ့ဖင်းကန်းကို သစ္စာဖောက်ခဲ့သည့် အစေခံတစ်ယောက်အား သူမ သတိရသွားခဲ့သည်။ ရှဲ့ဖင်းကန်းသည် သူ့အား သေသည်အထိ ရိုက်နှက်ခဲ့ပေသည်။ ထိုလူ့အားသတ်ခဲ့သည့် ထိုအချိန်က ရှဲ့ဖင်းကန်းသည် အသက် ၁၇ နှစ်သာ ရှိသေး၏။
“ ဟင့်-ဟင့်အင်း” ဖေဝမ်ယွဲ့ ချက်ချင်းပင် ခေါင်းခါလိုက်သည်။
သခင်မလု နှလုံးခုန်မြန်လာပြီး နှုတ်ခမ်းထောင့်စွန်းများ ခြောက်သွေ့သွားသည်။ သူမ ဖေဝမ်ယွဲ့ လက်ကို ကိုင်လိုက်ကာ “ သူမက ဘယ်-ဘယ်လိုလုပ်မြင်မှာလဲ? ဖင်းဟွိုက်က ကောင်လေးတစ်ယောက်လေ။ ယွဲ့အာ သူ့အခန်းထဲသွားတာ မ
ဖြစ်နိုင်တာပဲ…”
ရှဲ့ဖင်းကန်း သခင်မလုအား တင်းမာသောအမူအရာဖြင့် ဖြတ်ခနဲ တစ်ချက်ကြည့်လိုက်သည်။
သူ့သားအကြီးဆုံး စိတ်ဆိုးနေသည်အား ရှဲ့နျိုရှန်း သိသောကြောင့် သူ ဝင်မစွက်ဖက်ရဲပေ။ သူသည် ငကြောက်တစ်ယောက်ကဲ့သို့သာ ဘေးတွင် ရပ်နေခဲ့၏။
“ သူ မလုပ်ခဲ့တာ ကောင်းတာပေါ့ ” ရှဲ့ဖင်းကန်းသည် ကြာပွတ်ကို ကိုင်မြောက်ကာ အေးစက်စက်ရှိနေဆဲပင် ဖြစ်သည်။ “ ဘယ်သူမှ မမြင်ဘူးဆိုတော့ ဒါဆို ထိန်းသိမ်းတဲ့နေရာမှာ မဆင်မခြင်နမော်နမဲ့လုပ်ခဲ့တဲ့ ရှဲ့ဖင်းဟွိုက်ပဲမှားတာပေါ့။ ကျွန်တော် မေးသင့်တာ အားလုံး မေးပြီးပေမယ့် ဘာသဲလွန်စမှ ရှိမနေတုန်းပဲ။ ဘာပဲ
ဖြစ်ဖြစ် ဒီအတွက် တစ်ယောက်ယောက်က တာဝန်ယူရလိမ့်မယ်။ အဖေနဲ့အမေက ယူမှာ မဟုတ်ဘူးဆိုတော့ သူ့ဘာသာပဲ တာဝန်ယူရလိမ့်မယ်”
ရှဲ့ဖင်းကန်းပြောပြီးသည်နှင့်ပင် နားပေါက်ထွက်လောက်သော အသံတစ်ခု ပဲ့တင်ထပ်သွားလေ၏။ သူ အမှန်ပင် ရှဲ့ဖင်းဟွိုက် ခြေထောက်အား ကြာပွတ်နှင့် ရိုက်လိုက်လေသည်!
ထိုအချိန်တွင် ရှဲ့ဖင်းဟွိုက်မှာ ညည်းညူကာ နာကျင်မှုကြောင့် အော်ဟစ်နေလေသည်။
“ ကျွန်တော့်ကို သတ်ဖို့ ကြိုးစားနေတာလား အစ်ကိုကြီး? ကျွန်တော် တကယ် အပြစ်ကင်းပါတယ်ဆို!” ရှဲ့ဖင်းဟွိုက် မအီမသာခံစားနေရ၏။ သူ့ခြေထောက်မှ ပြင်းထန်သော နာကျင်မှုသည်သာလျှင် သူ ယခု ခံစားနိုင်သည့် တစ်ခုတည်း
သော အရာဖြစ်သည်။
ရှဲ့နျိုရှန်း၏ မျက်ခွံများ တွန့်သွားလေသည်။ သူ တာဝန်မယူချင်ပါ။ သူတို့ ရန်ဖြစ်ကြလျှင်ပင် သူသည် သူ့သားအား ရှုံးမည် မဟုတ်ပါလား? သူ့အငယ်ဆုံးသားလေး…သူ နာကျင်မှုကို သည်းခံသင့်သည်။ သူ နာကျင်မှုအား သည်းမခံနိုင်လျှင် ယောက်ျားတစ်ယောက် ဖြစ်လာမည်မဟုတ်ပေ၊ လုံးဝပင်?
ရှဲ့ဖင်းကန်းမှ ရှဲ့ဖင်းဟွိုက်အား အရူးတစ်ယောက်ကဲ့သို့ ကြာပွတ်ဖြင့် ဆယ်ကြိမ်ကျော် ရိုက်နေသည်ကို မိသားစုဝင်များ စောင့်ကြည့်နေကြလေ၏။
သူ ရိုက်ပြီးသွားသော် တစ်စုံတစ်ယောက်အား ရှဲ့ဖင်းဟွိုက်ကို လွှတ်ပေးရန် ခိုင်းစေလိုက်သည်။ ခြံဝင်းတစ်ခုလုံးမှာ ကြက်မွှေးတစ်ချောင်း ကျသံအား ကြားရလောက်သည်အထိ အလွန်
တိတ်ဆိတ်သွားလေသည်။
“ နောင်တရအောင် မနက်ဖြန်ကျရင်လည်း ဒီမှာ တွဲလောင်းချိတ်ခံရမယ်” ရှဲ့ဖင်းကန်းသည် လုံးဝ သနားညှာတာမှု မပြပေ။ သူသည် သူ၏ သေမျိုးရန်သူအား ရင်ဆိုင်နေသကဲ့သို့ ရှဲ့ဖင်းဟွိုက်အား သင်ခန်းစာ သင်ပေးနေသည်မှာ လူများကို ကြက်သီးဖြန်းဖြန်း ထစေ၏။
တစ်စုံတစ်ယောက်မှ ရှဲ့ဖင်းဟွိုက်အား ကုသရန်အတွက် အိမ်သို့ ပြန်ခေါ်သွားခဲ့သည်။
ထို့နောက် လူတိုင်း ထွက်ခွာသွားကြ၏။
သခင်မလု ဖေဝမ်ယွဲ့အား အိမ်သို့ ပြန်ဆွဲခေါ်သွားကာ ဝင်ရောက်ပြီးလျှင်ပြီးချင်း တံခါးပိတ်လိုက်သည်။ အစေခံမလေးသည် အပြင်တွင် သတိကြီး
စွာ စောင့်ကြပ်နေလေသည်။
ဖေဝမ်ယွဲ့ တစ်ကိုယ်လုံး အေးစက်နေပေ၏။ “ အစ်ကိုကြီးက သူ့ကို ဘယ်-ဘယ်လိုလုပ် တကယ်ကြီး ရိုက်နိုင်ရတာလဲ? သူ ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ_”
“ ဘာလုပ်ရမလဲ? သူ သည်းခံရမယ့် ပြစ်ဒဏ်ပေါ့! အဲ့အကောင်မှာ ထိန်းချုပ်မှုမရှိဘူး။ ဖင်းဟွိုက်ကို အသာထား၊ သူ့အဖေဖြစ်နေမယ်ဆိုရင်တောင် ဆိုးရွားတဲ့ အမှားတစ်ခုလုပ်ခဲ့ရင် သူ့ကိုလည်း ရိုက်ရဲလောက်တယ် ” သခင်မလု မျက်နှာမှာ ဖျော့တော့နေလေသည်။ “ ပြီးတော့ သူ ဖင်းဟွိုက်ကို ရိုက်ရုံပဲလို့ ထင်လား? အဲဒါ အဟန့်အတားတစ်ခုသက်သက်ပဲ!”
ဖေဝမ်ယွဲ့ ထိုစကားအားကြားပြီး တုန်လှုပ်သွားကာ မော့ကြည့်လိုက်၏။ “ အမေ ဘာကိုဆိုလိုတာ
လဲ?!”
“ ငါ ဘာကိုဆိုလိုတာလဲ? သူက လုံးဝ နင့်ကို သံသယဝင်နေတာ! နင့်ကို ဖင်းဟွိုက် အပြစ်ပေးခံနေရတာကို ကြည့်ခိုင်းခဲ့တာ၊ အဲ့တာကို နင် လုပ်ခဲ့သည်ဖြစ်စေ၊ မလုပ်ခဲ့သည်ဖြစ်စေ နောက်ဆို တူညီတဲ့ အမှားမျိုး ထပ်မလုပ်ရဲတော့ဘူးလေ!” သခင်မလု ချက်ချင်း ပြောလိုက်သည်။
ဖေဝမ်ယွဲ့ တုန်လှုပ်နေရင်း ချက်ချင်း သူမ လက်သီးကို ဆုပ်လိုက်သည်။
“ ယွဲ့အာ! အမေ့ကိုပြော၊ သမီးလား…လုပ်ခဲ့တဲ့သူက?” သခင်မလု မေးလိုက်သည်။
ဖေဝမ်ယွဲ့ တုန်ယင်နေ၏။ သူမ တော်တော်လေး သောကရောက်သလို ခံစားနေရသည်။ “ အမေ
သမီးကို နန်းမြို့တော် ခေါ်လာတာ သူခိုးလို့ စွပ်စွဲဖို့ အတွက်လား? ဘာလို့များ သမီးကို ဒီလို ပြောနိုင်ရတာလဲ!?”
••••••