ကျွန်မ ဂရုမစိုက်ဘူး!
Vol. 8 Ch. 124
ဖေဝမ်ယွဲ့အား ဝမ်းနည်းစေမိသောကြောင့် သခင်မလု အပြစ်ရှိသလို ခံစားနေရလေသည်။
“ အမေ သမီးကို သံသယဝင်နေတာ မဟုတ်ဘူး။ ဒီအိမ်မှာ သမီး ဘယ်သူ့ကိုပဲ စိတ်အနှောင့်အယှက်ပေးပါစေ သမီးကို ကာကွယ်ပေးနိုင်တယ်ဆိုတာ သိစေချင်ရုံပဲ၊ ဒါပေမယ့် ရှဲ့ဖင်းကန်းကလွဲလို့ပေါ့။ အမေတောင် သူ့ကို ကြောက်ရတယ်။ သူ့ကြည့်ရတာ ရုန့်ရင်းကြမ်းတမ်းပြီး မဆင်မခြင်လုပ်တတ်တဲ့ပုံ ဆိုပေမယ့် လက်တွေ့မှာ သူက
သမီး ဦးလေးရှဲ့ထက် ပိုပြီး ဉာဏ်အမြော်အမြင်ရှိတယ်။ သူက ရာဇဝတ်မှုဌာနခွဲမှာ လုပ်ပြီးတော့ အမှုကိစ္စတွေ အများကြီး စုံစမ်းစစ်ဆေးခဲ့ပြီးပြီ။ သမီးသာ တကယ် အမှားတစ်ခုလုပ်ခဲ့တယ်ဆိုရင် သမီးသူ့ကို လှည့်စားလို့မရမှာပဲ အမေစိုးရိမ်မိတာ!” သခင်မလု ချက်ချင်း ရှင်းပြလိုက်၏။
ဖေဝမ်ယွဲ့ သူမခေါင်းကို အသာလေးငုံ့ကိုင်းထားသည်။
“ သမီး မလုပ်ခဲ့ဘူး” ဖေဝမ်ယွဲ့မှာ လက်မလျှော့ပေ။ “ တော်ဝင်ကျောင်းတော်ကို ဝင်နိုင်ဖို့ သူတို့ရဲ့ လှူဒါန်းမှုနဲ့ အဲ့ဒီကျောက်စိမ်းတုံးလေးကို ဘယ်သူက လိုမှာတဲ့လဲ? သမီးမှာ ကိုယ်ပိုင်နည်းလမ်းရှိတာပဲ၊ ခိုး-ခိုးဖို့ မလိုဘူး_”
“ ဘာပြောလိုက်တယ်!?” သခင်မလု ဆွံ့အသွားလေသည်။
“ သမီးမှာ သမီးရဲ့ ကိုယ်ပိုင်နည်းလမ်း ရှိတယ်လို့ ပြောနေတာ” ဖေဝမ်ယွဲ့ ထပ်ပြောလိုက်သည်။
သူမ ထိုသို့ ပြောသော်လည်း သခင်မလု ပို၍ သံသယရှိလာသည်။
သူမသမီး ဤနေရာသို့ ရောက်သည်မှာ မည်မျှကြာပြီမလို့ သူမတွင် မည်သို့သော နည်းလမ်းမျိုး ရှိနိုင်မည်နည်း?
“ အမေ သမီး ကုလန်ကျောင်းက လူတစ်ချို့နဲ့ သိလာတယ်။ အဲဒီမိန်းကလေးတွေထဲက တစ်ယောက်ရဲ့ ဦးလေးက အဆင့်သုံး အရာရှိတဲ့။ အကယ်ဒမီကျောင်းကို သမီး တကယ် တက်ချင်တယ်ဆိုရင် သူက သူ့ဦးလေးကို သမီးအတွက် ထောက်ခံစာ ရေးပေးခိုင်းလို့ရတယ်လို့ ပြော
တယ်။ အမေ သမီး ပိုက်ဆံပေးဖို့မလိုဘူး! သမီးက ရှဲ့မိသားစုဝင် မဟုတ်ရင်တောင် သမီးလည်း တက်လို့ရတယ်” ဖေဝမ်ယွဲ့၏ မျက်လုံးများသည် သူမ၏ စိတ်လှုပ်ရှားမှုများနှင့် မျှော်လင့်စောင့်စားမှုများအား သစ္စာဖောက်နေလေသည်။
သို့သော်လည်း သခင်မလုသည် ထိုသို့ ပြောသည်ကိုကြားပြီး မူးနောက်သွားလေသည်။
အဆင့်သုံး အရာရှိဆိုသည်မှာ သူမ ခင်ပွန်းထက်ပင် ပိုမြင့်သော ရာထူးဖြစ်၏။
“ အဲ့အရာရှိသာ တစ်ယောက်ယောက်ကို ထောက်ခံပေးနိုင်တယ်ဆိုရင် နင်ပြောတဲ့ အဲ့မိန်းကလေးလို သူ့အမျိုးကိုရော ဘာလို့ မထောက်ခံပေးတာလဲ?” သခင်မလု အချက်တစ်ချက်အား ဖမ်းမိသွား၏။
ဖေဝမ်ယွဲ့မျက်နှာ ဖျော့တော့သွားလေသည်။ “ သမီး သူငယ်ချင်းက တော်ဝင်ကျောင်းတော်ကို မတက်ချင်ဘူး။ အဲဒါကြောင့် သူ သမီးကို စာပေးလို့ရနိုင်မယ်လို့ ထင်တာဖြစ်မယ်_”
“ နင်…အလဲအလှယ်အနေနဲ့ ကျောက်စိမ်းကို သုံးခဲ့တာလား!?” သခင်မလု ရုတ်တရက် အခြားဖြစ်နိုင်ချေအား စဥ်းစားမိသွားသည်။ “ အဲ့ကျောက်စိမ်းကို တော်ဝင်ကျောင်းတော်က ဘယ်သူ့ကိုမဆို ဆရာအဖြစ်လုပ်ခိုင်းဖို့ အသုံးချလို့ရခဲ့ဖူးတယ်လို့ ဖင်းကန်းက ပြောတယ်။ မရေမတွက်နိုင်တဲ့ လူတွေအများကြီးက အဲ့တာကို လိုချင်နေကြတာ။ ငါ့ကို ပြောစမ်း။ နင် တော်ဝင်ကျောင်းတော်မှာ နေရာတစ်ခုရပြီး နောက်လိုက်တစ်ယောက်ဖြစ်လာဖို့ သူနဲ့ ကျောက်စိမ်းကို အလဲအလှယ် လုပ်ခဲ့တာလား!?”
ဖေဝမ်ယွဲ့ အံကြိတ်လိုက်ရင်း “ သမီး မလုပ်ခဲ့ဘူး”
သခင်မလု ရုတ်ခြည်းပင် လက်ကိုမြှောက်ကာ သူမအား ရိုက်ရန် ရွယ်လိုက်သည်။ သို့သော် သူမသမီး၏ အလျှော့မပေးသော မျက်နှာအား မြင်လိုက်ရသောအခါ သူမ မလုပ်နိုင်တော့ပေ။ သူမ စိတ်ဆိုးလွန်း၍ သူမ ပစ္စည်းများကို ခွဲပစ်ချင်နေသည်။
“ နင် တော်တော် အဆင်အခြင်မဲ့တာပဲ!” သခင်မလု ကြောက်လန့်နေ၏။ “ နင် တော်ဝင်ကျောင်းတော်ကို တက်ချင်တာ ငါသိတယ်။ ဒါပေမယ့် ကုလန်ကျောင်းကလည်း ကမ္ဘာပေါ်မှာ ထိပ်တန်းကျောင်း ၃ခုထဲက တစ်ခုပဲ။ နင် ဘာလို့ အဲ့လို လုပ်ရတာလဲ!? နင့် အစီအစဥ်တွေက ပိရိနေတယ် ထင်လား? အဲ့ကောင်မလေးကများ မတော်တဆ တစ်ခုခု ပြောထွက်သွားရင် ဘယ်လိုဖြစ်သွားမလဲ!? ရှဲ့မိသားစုကတော့ နင့် ဂုဏ်သိက္ခာကို ဆယ်ဖို့ အကောင်းဆုံး ကြိုးစားမှာပဲ။ ဒါပေမယ့် သူတို့ သိသွားရင် ရှဲ့မိသားစုရဲ့ ဆွေစဥ်မျိုးဆက်ပြ
စာအုပ်မှာ နင်ပါလိမ့်ဦးမယ်လို့ ထင်နေလား!?”
သခင်မလု သူမ၏ အင်အားများကို ဖြုန်းတီးခဲ့ရ၏။ သူမ ရှဲ့နျိုရှန်းအား ဖျောင်းဖျပြီး ဖြစ်ကာ သူသည် တဖြည်းဖြည်း ပို၍ သက်ညှာလာလေ၏။
ရှဲ့ဖင်းကန်းသည် သတိကြီးသောသူ ဖြစ်၏။ သူသည် သူမသမီး၏ နာမည်အား မျိုးဆက်စာအုပ်ထဲသို့ မထည့်ချင်ပေ။ မည်သို့ပင်ဖြစ်စေ မိသားစုမှာ အချိန်တစ်ခုခန့် သင့်မြတ်စွာ နေကြသမျှနှင့် တစ်ဦးနှင့်တစ်ဦး ပိုရင်းနှီးကျွမ်းဝင်သွားပြီးလျှင် မျိုးဆက်စာအုပ်အတွင်း ဖေဝမ်ယွဲ့ နာမည် ထည့်ရန် ပိုလွယ်ကူသွားပေမည်!
မမျှော်လင့်ထားစွာပင် ယခု သူမ သမီးမှ ထိုကိစ္စမျိုးအား လုပ်လိုက်ပြီဆိုပါက…
ခိုင်မာသည့် သက်သေမရှိလျှင်ပင် အသေးငယ်ဆုံးသော သံသယရှိနေပါက ရှဲ့ဖင်းကန်းသည် သူမသမီးအား မိသားစုထဲ ပေးဝင်ရန် ဆန္ဒရှိပါမည်လား?
“ ဒါဆိုလည်း ထားလိုက်တော့! သမီး ဂရုမစိုက်ဘူး!” ဖေဝမ်ယွဲ့ ဒေါသတကြီးအံကြိတ်ပြောလိုက်သည်။
“ အဆင်အခြင်မဲ့လိုက်တာ!” သခင်မလု ဖေဝမ်ယွဲ့အား လက်ညှိုးထိုးလိုက်သည်။ “ နင် ငါ့ကို သေအောင် လုပ်နေတာပဲ! ရှဲ့မိသားစုက အရာရှိတွေကြားမှာ ကောင်းကောင်း သဘောကျခံရတာမဟုတ်ပေမယ့် စီးပွားရေးလုပ်ငန်းရှင် မိသားစုတွေထက်တော့ အင်အားပိုကြီးတယ်! ရှဲ့နျိုရှန်းက နင့်ကို မိသားစုလို ဆက်ဆံချင်နေသ၍ နင် အရာရှိတစ်ယောက်ရဲ့ ကျော်စောမှုနဲ့ မိသားစုရဲ့ တရားဝင်သမီး ဖြစ်လာမှာ။ အဲ့လိုဖြစ်လာရင် နင်
အရာရှိတစ်ယောက်ယောက်ရဲ့ မိသားစုက ယောက်ျားတစ်ယောက်ကို လက်ထပ်နိုင်မှာပဲလေ!”
အဓိကအားဖြင့် လူများမှာ ယခင်က လူရိုင်းများကို သတ်ခဲ့ဖူးသည့် ရှဲ့နျိုရှန်းနှင့် ရှဲ့ဖင်းကန်းအား ကြောက်ကြသောကြောင့် ရှဲ့မိသားစုဝင်များအား အောင်သွယ်ပေးရန်မှာ ခက်ခဲလေသည်။ အချို့လူများသည်တော့ ၎င်းတို့တွင် စံနှုန်းနိမ့်တစ်ခု ရှိနေသ၍ ကျန်မိသားစု၏ ကလေးများအား လက်ထပ်ချင်ကြသေးသည်လေ!
သူတို့ အရာရှိတစ်ယောက်ယောက်ကို လက်မထပ်ခဲ့လျှင်တောင် အလားအလာရှိသော ထူးချွန်သည့် ပညာတတ်တစ်ယောက်ကိုတော့ လက်ထပ်သင့်သည် မဟုတ်လား?
စီးပွားရေးလုပ်ငန်းရှင်မိသားစုမှ အမျိုးသမီး
အတွက်တော့ ဤသည်မှာ ကိစ္စ မဟုတ်ချေ။ အရာရှိတစ်ယောက်ကို လက်ထပ်နိုင်ရန် သူမသည် ကိုယ်လုပ်တော်ဖြစ်လာခြင်း သို့မဟုတ် မုဆိုးဖိုတစ်ယောက်အား လက်ထပ်ခြင်းသာ လုပ်နိုင်လေသည်။ ၎င်းတို့ထဲမှ ဘယ်နှစ်ယောက်လောက်က ပင်မ ပထမဇနီး ဖြစ်လာနိုင်မှာလဲ?
••••••••