← Chapters

လက်သည်တရားခံ

Vol. 8 Ch. 125

လက်သည်တရားခံ

Vol. 8 Ch. 125

ဖေဝမ်ယွဲ့ သူမအမေ သူမအား အထင်သေးသည်ကို မုန်း၏။

သူမသည် အလွန်ထူးချွန်ခဲ့သည်။ လွန်ခဲ့သော ရက်အနည်းငယ်က ကုလန်ကျောင်း၌ သူမသည် စဥ်းစားချင့်ချိန်တတ်ပြီး တော်သည်ဟု ဆရာများက ချီးကျူးပြောဆိုခဲ့ကြသည်။ အကယ်၍ သူမ

အမေသာ သူမအား တော်ဝင်ကျောင်းတော်၌ တက်ရစေရန် နည်းလမ်းများ စဥ်းစားပေးခဲ့ပါက ကိုယ်တိုင်ကိုယ်ကျ လုပ်ကာ သူမကိုယ်သူမ ဒုက္ခရောက်စေရန် လိုမည်လား!?

“ ထားလိုက်တော့ အမေ။ ဘာဖြစ်ဖြစ်…ကျောင်းတော်ကို ကျောက်စိမ်းတုံး ယူသွားမယ့်သူက သမီး ဖြစ်မှာမဟုတ်ဘူး၊ အမေ သိဖို့ လိုအပ်တာ အဲ့တာအကုန်ပဲ!” ဖေဝမ်ယွဲ့ စကားပြောပြီးလျှင်ပြီးချင်း အေးစက်စက်မျက်နှာဖြင့် အပြင်ကို တန်းပြီး လမ်းလျှောက်ထွက်သွားခဲ့သည်။

သခင်မလု ဒေါသကြောင့် လဲပြိုကျသွားသော်လည်း မလိုအပ်ပဲ ရေးကြီးခွင်ကျယ် မပြုလုပ်ရဲပေ။

ကျောက်စိမ်းတုံးသည် တစ်ခုတည်းသော ပစ္စည်းမဟုတ်ပေ။ ရှဲ့မိသားစု၏ ကျောက်စိမ်းကို

အသုံးပြုခဲ့သော သူသည် ကျင့်ဝတ်မညီသောနည်းဖြင့် ရခဲ့ခြင်းဖြစ်သည်ဟု မည်သူမျှ မပြောနိုင်ချေ။

သို့သော် အပြင်လူများပင် မသိလျှင် သူတို့၏ မိသားစုဝင်များသည်လည်း အတူတူပင် ဖြစ်မည်လား?

ထိုမိန်းကလေးသာ အမှန်တကယ် တော်ဝင်ကျောင်းတော်အား တက်ခဲ့လျှင် သူမ ရှဲ့မိသားစုမှ အမှန်ပင် ကန်ထုတ်ခံရလိမ့်မည်!

သခင်မလု ထိုအရာတွင် ယုံကြည်ချက်မရှိပေ။ သူမသမီးဖြစ်သူသည် သူမကြိုးပမ်းမှုများ၏ အတိုင်းအတာအား နားမလည်နိုင်ခြင်းကို မြင်ရ၍ သူမ ဆိုးဆိုးရွားရွား ခံစားနေရလေသည်။

ထိုအတွင်း ရှဲ့ချောင်မှာ သူမ “အိမ်စာ”များကို လေးလေးနက်နက် လုပ်နေလေသည်။

ကျိုးလဲ့မှ စာပိုဒ်များမှာ ဘာသာပြန်ရန် ခက်ခဲလေ၏။ ရှီးဖန်မြို့တွင် တိုင်းပြည်အမျိုးမျိုးမှ စီးပွားရေးလုပ်ငန်းရှင်များ ရှိသဖြင့် သူမ ထိုဘာသာစကားကို သင်ယူခဲ့ဖူးသည်။ သူမသည် ထိုနယ်ပယ်တွင် အတော်လေး ရေပန်းစားသဖြင့် သူမအတွက် ဆရာတစ်ယောက် ရှာရသည်မှာ လွယ်ကူလေသည်။

စာအုပ်သည် ကျိုးလဲ့၌ မြင်းများမွေးခြင်း၏ အရည်အချင်းအကြောင်းကို အဓိက ပြောထားခြင်း ဖြစ်သည်။ ထိုအရာမှာ အတော်လေး ကျယ်ပြန့်ပေသည်။

သူမ ဘာသာပြန်နေစဥ်တွင် ခိုတစ်ကောင် ခြံဝင်းထဲ ဆင်းသက်လာလေသည်။

ချွင်းအာ ခိုအား ယူလာပေးချိန်တွင် ရှဲ့ချောင်သည် ၎င်းခြေထောက်တွင် ချည်ထားသော စာတိုလေးအား ဖွင့်လိုက်၏။

သူမ မတတ်နိုင်ပဲ ပျော်ရွှင်ကျေနပ်စွာ ပြုံးနေလေ၏။

သူမ၏ ဆိုင်မှာ အဆင်သင့်ဖြစ်နေလေပြီ။

တည်နေရာသည်လည်း ကောင်းမွန်လေ၏။ အရှေ့ပင်မလမ်းပေါ်တွင် ရှိပြီး မြေဝယ်ရန် ခက်ခဲသော နေရာ၌ ဖြစ်သည်။

အရာရှိများကို စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းမှ တားမြစ်ထားသော်လည်း ထိုအတွက်

အပြစ်ပေးခံရမည် မဟုတ်ပေ။ ထိုအခြင်းအရာမှာ ဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့် စည်းမျဥ်းများမှာ လျော့ရဲသွားလေသည်။

ဥပမာအားဖြင့် ရှဲ့နျိုရှန်းသည် အရာရှိတယောက် ဖြစ်သော်လည်း သူသည် စီးပွားရေးလုပ်ငန်းရှင် မိသားစုမှ အမျိုးသမီးတယောက်ကို လက်ထပ်ခဲ့လေသည်။ သာမန်အခြေအနေများအောက်တွင် ခန်းဝင်ပစ္စည်းများ(သတို့သမီးမှ သတို့သားဘက်သို့) ပေးရမည်မှာ မလွဲဧကန်ဖြစ်သည်။ ခန်းဝင်ပစ္စည်းများ၏ တစ်စိတ်တပိုင်းဖြစ်သော စတိုးဆိုင်အားလည်း စီမံရမည်ဖြစ်၏။

ထိုကိစ္စတွင် စာရင်းသွင်းခြင်း လိုအပ်လေသည်။ အစိုးရသည် ငွေစာရင်း စစ်ဆေးခြင်းတွင် ပိုတင်းကြပ်လာနိုင်သည်။

ဆားနှင့်သံ လုပ်ငန်းများမှာ တားမြစ်ထားခြင်းခံရ

လေသည်။

ရွှေ၊ ငွေ၊ ကျောက်စိမ်းထည်များ၊ အပေါင်ဆိုင်များနှင့် စားသောက်ဆိုင်များက ပိုပြီး အထိမခံဖြစ်လေသည်။ တစ်စုံတစ်ယောက်က ၎င်းတို့အား စီမံမည်ဆိုပါက ဆိုင်၏ “ရာဇဝင်” အား စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးခံရမည်ဖြစ်သည်။ ရိုးရှင်းစွာပြောရလျှင် စံပုံစံအား ကန့်သတ်ထားစဥ်အတွင်း ဆိုင်၏ အရင်းအမြစ်မှာ သန့်ရှင်းနေရပေမည်။

ထိုစဥ် ရှဲ့ချောင် စီမံသောဆိုင်သည် လူများ၏ အသက်မွေးဝမ်းကြောင်းနှင့် မဆက်စပ်သောကြောင့် ဆတ်ဆတ်ထိမခံနိုင်သောအဆင့်မှာ သုညဖြစ်၏။

ဆိုင်ဖွင့်ခြင်းမှာ သင့်လျော်သော စီးပွားရေးဖြစ်သည်။ သူမ၏ အားနည်းသော ကိုယ်ခန္ဓာ

အား ကုသနိုင်ရန် သူမ၏ အရည်အချင်းကိုသာ သူမ အားကိုးရလေသည်။

ရှဲ့ချောင် တစ်နေ့က ချိတ်ပိတ်ထားခဲ့သော ရုပ်ဆိုးဆိုး ပုပ်သိုးသိုး မကောင်းဆိုးဝါးဝိဥာဥ်အား ရုတ်တရက် တွေးမိသွားသည်။ ထိုအရာအား လတ်တလော၌ သူမ၏ ဓမ္မတူရိယာထဲတွင် ချိတ်ပိတ်ထားခြင်းဖြစ်၏။

သူမ၏ အကြီးဆုံးအစ်ကိုသည် ထိုကိစ္စအား ရက်အနည်းငယ်ခန့် စုံစမ်းစစ်ဆေးနေခဲ့သောကြောင့် သူမ အခြားတိုးတက်မှု ရှိမရှိ သိချင်မိသည်။ သူမတွင် ရှိသော သဲလွန်စအားလုံးကို သူမ ထောက်ပံ့ပေးခဲ့ပြီးဖြစ်သည်။ ထိုအခြင်းအရာအား မဖြေရှင်းနိုင်ပါက သူမ ဤကဲ့သို့ မကောင်းဆိုးဝါးဝိဥာဥ် မေ့ကျစ်ဝူကို နှင်ရုံသာရှိလေသည်။ သူမ စုဆောင်းထားသော ကံများမှာ နည်းသော်လည်း ဘာမှမရှိသည်နှင့်စာလျှင်တော့ ပိုကောင်းလေ၏!

မမျှော်လင့်စွာပင် ရှဲ့ဖင်းကန်းသည် နောက်တစ်ရက်နေ့လယ်ခင်းတွင် သူမကို ရှာရန် တော်ဝင်ကျောင်းတော်ကို လာခဲ့သည်။ ထိုအခြင်းအရာမှာ အမှုကိစ္စနှင့် ဆက်စပ်နေ၏။ သူ သူမအား ကြည့်သည့်ပုံစံမှာ ထူးဆန်းနေလေသည်။

“ မင်း တရားခံကို တကယ် သိတာလား?” ရှဲ့ဖင်းကန်းသည် ရှဲ့ချောင်ကို မြင်သည်နှင့် မေးလေ၏။

သူမမျက်လုံးများ ပင့်သွားသည်။ “ အစ်ကိုကြီး တရားခံ မိသွားပြီလား?”

“ မိခါနီးပြီ...” ရှဲ့ဖင်းကန်း၏ ခံစားချက်များ ရှုပ်ထွေးနေသည်။ “ မင်း ငါ့ကို ပြောခဲ့တဲ့ အဲ့ဒီပုံပန်းသွင်ပြင်တွေကို တကယ် ခန့်မှန်းခဲ့တာလား? ငါ အဲ့တာကို မယုံဘူးဆိုရင် ဘယ်လိုလုပ်မလဲ ?”

အဲ့ဒီတုန်းက ရှဲ့ချောင် ဘာပြောခဲ့တာပါလိမ့်?

သူမက မျက်လုံးအောက်တွင် မှဲ့ရှိပြီး ကိုယ်သင်းနံ့ မွှေးသော အသက် ၄၀ သို့မဟုတ် ၅၀အရွယ် ဩဇာတိက္ကမရှိသည့် အမျိုးသမီးကို သူ့အား ရှာခိုင်းခဲ့သည်!

သူ ထိုအမှုကို စုံစမ်းရင်း သဲလွန်စမရှိဖြစ်နေခဲ့သောကြောင့် သူ့ညီမ၏ ညွှန်ကြားချက်များအတိုင်း လိုက်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။

ထိုလူအား တကယ်ကြီး ရှာနိုင်ခဲ့လိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ!

မေ့ကျစ်ဝူသည် အတော်လေး ပွေရှုပ်ခဲ့သည်ပင်။ သူသည် အမျိုးသမီးတစ်ယောက်နှင့် ချိန်းတွေ့ခဲ့

ပြီး အနီးအနားတစ်နေရာသို့ ထိုမိန်းမနှင့်အတူ လျှောက်လှမ်းခဲ့၏။

ထိုအမျိုးသမီး၏ ကိုယ်ပိုင်လက္ခဏာမှာ သူမ၏ ဩဇာတိက္ကမကြောင့် ပြိုင်စံရှားလေသည်။ ထို့ကြောင့် လမ်းပေါ်မှ လူတိုင်းသည် သူမကို မှတ်မိနေခဲ့ကြ၏!

•••••••

All Chapters